菜單

မူလစာမျက်နှာ သတင်းအချက်အလက် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ လွတ်လပ်မှန်ကန်တဲ့လူ့အခွင့်အရေး ကယ်တင်ရှင်ပြန်ကြွလာပြီ ဧဝံဂေလိတရားတော် ကောင်းကင်နိုင်ငံတော်သီချင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ အမှန်တရားကို ဖေါ်ထုတ်ခြင်း နိုင်ငံတော် ချီးမွမ်းခြင်း တေးဂီတ

Sunday, June 30, 2019

ခရစ်ယာန်သီချင်း | အမှန်တရားကိုလက်ခံသူ ဖြစ်သင့်ပါတယ်



I
အို... ကိုယ့်လမ်းကိုရွေးချယ်ပါ။ အမှန်တရားကို မပယ်ချပါနဲ့
သန့်ရှင်းသောဝိဉာဉ်တော် ကို မစော်ကားပါနဲ့
ပညာမမဲ့နဲ့၊ မမောက်မာနဲ့
သန့်ရှင်းသောဝိဉာဉ်တော်ရဲ့ လမ်းပြမှုကို နာခံပါလေ။
ခရစ်တော်ရဲ့ ပြန်လာခြင်းဟာ အမှန်တရားကို
လက်ခံနိုင်သူအားလုံးအတွက် မြင့်မြတ်တဲ့ ကယ်တင်ခြင်း ပါ။
ခရစ်တော်ရဲ့ပြန်လာခြင်းဟာ
အမှန်တရားကို လက်မခံနိုင်သူအားလုံးအတွက်
အပြစ်စီရင်ခြင်း တစ်ခုပါ။

Saturday, June 29, 2019

ဇာတ်လမ်းတို (၄) ဘုရားသခင်ဟာ လူသားတွေကို ကယ်တင်ဖို့အတွက် ဘာကြောင့် လူ့ဇာတိနှစ်ကြိမ် ခံယူတာလဲ


ကျေးဇူးတော်ခေတ်မှာ လူ့ဇာတိခံဘုရားသခင်ဟာ လူတွေရဲ့အပြစ်တွေကို တာဝန်ခံပြီး၊ လူတွေအပေါ် ရွေးနုတ်ခြင်းအမှု ပြည့်စုံသွားအောင်၊ ကားတိုင်ထက်မှာ အသေခံခဲ့ပါတယ်။ နောက်ဆုံးသောကာလမှာတော့၊ ဘုရားသခင်ဟာ သမ္မာတရားကို ဖော်ပြဖို့နဲ့ လူတွေကို အလုံးစုံ သန့်စင် ကယ်တင်ဖို့အတွက် နောက်တစ်ကြိမ် လူ့ဇာတိခံယူထားပါပြီ။ ဒါဆိုရင် လူတွေအပေါ် ကယ်တင်ခြင်းအမှု ပြုဖို့အတွက် ဘုရားသခင်ဟာ ဘာကြောင့် နှစ်ကြိမ်တိတိ လူ့ဇာတိခံဖို့လိုတာလဲ။ အနန္တတန်ခိုးရှင် ပြောသည် “ပထမဆုံး လူ့ဇာတိခံယူခြင်းသည် ယေရှု၏ ဇာတိခန္ဓာမှ တစ်ဆင့် လူသားကို အပြစ်မှ ရွေးနှုတ်ရန် ဖြစ်သည်၊ ဆိုလိုသည်မှာ သူသည် လက်ဝါးကပ်တိုင်မှ လူကို ကယ်တင်ခဲ့သော်လည်း ယိုယွင်းပျက်စီးနေသော စာတန် စိတ်သဘောထားသည် လူ့အတွင်းတွင် ကျန်ရှိနေဆဲ ဖြစ်သည်။ ဒုတိယ လူ့ဇာတိ ယူခြင်းသည် အပြစ်ဖြေရာ ယဇ်အဖြစ် အစေခံရန် မဟုတ်တော့ဘဲ အပြစ်မှ ရွေးနှုတ်ခံရသူတို့ကို အပြည့်အဝ ကယ်တင်ရန် ဖြစ်သည်။ ယင်းကို လုပ်ဆောင်ခြင်းမှာ ခွင့်လွှတ်ခြင်းခံရသူတို့သည် သူတို့၏ အပြစ်များမှ လွတ်ပြီး အလုံးစုံ သန့်ရှင်းစေရန် ဖြစ်ကာ စိတ်သဘောထား၌ ပြောင်းလဲမှုကို ရရှိစေခြင်းဖြင့် စာတန်၏ အမိုက်အမှောင် လွှမ်းမိုးမှုမှ လွတ်မြောက် ကာ ဘုရားသခင်၏ ပလ္လင်ရှေ့သို့ ပြန်လည် ရောက်ရှိရန် ဖြစ်သည်။ ဤနည်းအားဖြင့်သာ လူသားသည် အလုံးစုံ သန့်ရှင်းစင်ကြယ်စေနိုင်သည်။ ... ဒုတိယ လူ့ဇာတိခံယူခြင်းသည် လူ၏ အပြစ်များကို ဖယ်ရှားရန်နှင့် လူကို အလုံးစုံ သန့်စင်စေရန် လုံလောက်သည်။ သို့ဖြစ်ရာ ဒုတိယ လူ့ဇာတိခံယူခြင်းသည် ဘုရားသခင်၏ ဇာတိခန္ဓာတွင် ရှိသော အလုပ်အားလုံးကို အဆုံးသတ်စေရန် ဖြစ်ပြီး ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း၏ အရေးပါမှုကို ပြည့်စုံ စေလိမ့်မည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏)

ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို တမ်းတနေကြသောသူ တို့အတွက် နှုတ်ကပတ်တော် ဝေငှပေးပါမယ်နော်

ဆုတောင်း | ဆုတောင်းခြင်းအကျင့်နှင့် ပတ်သက်၍

Friday, June 28, 2019

ခရစ်ယာန်သီချင်း | (ဘုရားသခင်၏မေတ္တာကို ကျွန်ုပ်တွေ့ခဲ့ပြီ)


အနန္တတန်ခိုးရှင်ဘုရား၊ ကျွန်ုပ်ကိုချစ်သောသူမှာ ကိုယ်တော်သာဖြစ်သည်။
ညစ်ညူးသောလောကမှ ကျွန်ုပ်အား ရွေးကောက်လေပြီ
ဒါကြောင့် ကျွန်ုပ် ကိုယ်တော့်မျက်မှောက်တော်သို့တိုးဝင်လာပြီ၊ မှန်သည် ကိုယ်တော်မျက်မှောက်တော်သို့တိုးဝင်လာပြီ၊
အသင်းတော်အသက်တာ၌ အသက်ရှင်ရင်း၊ နေ့စဉ် ကိုယ် တော်၏နှုတ်ကပတ်တော်၌ ပျော်မွေ့ရင်းသာ။
ဤမျှကောင်းချီးခံစားရသည်မှာ ကိုယ်တော် ကျွန်ုပ်ကို ယနေ့မြှင့်တင်နေခြင်းပင်။
အနန္တ တန်ခိုးရှင်ဘုရား၊ ကိုယ်တော်၏မေတ္တာကို ကျွန်ုပ်တွေ့ခဲ့ပြီ
ကျွန်ုပ်အလိုချင်ဆုံးမှာ ကိုယ်တော်၏မေတ္တာကို ပြန်ပေးဆပ်ရန်ဖြစ်သည်။
ကျွန်ုပ်အလိုချင်ဆုံးမှာ ကျွန်ုပ်၏တာဝန်ကို ထမ်းရွက်ရန်ဖြစ်သည်
ကိုယ်တော်၏မေတ္တာကို တွေ့မြင်ခဲ့ပြီမို့ကျွန်ုပ်ပြန်ပေးဆပ်ပါမည်
ဒါကို ကျွန်ုပ်အလိုချင်ဆုံးပင်။
အနန္တတန်ခိုးရှင်ဘုရား၊ ကိုယ်တော်သည် အသင်းတော်များကြား လှည့်လည်သည်။
ကိုယ်တော်သည် ကျွန်ုပ်၏ ဖောက်ပြန်သောစိတ်သဘောများကို ဖွင့်ပြခဲ့ပြီ။
ကိုယ်တော် ကျွန်ုပ်တို့ကို ပြုပြင်ဆုံးမသည်၊
မှန်သည် ကိုယ်တော် ကျွန်ုပ်ကို ပြုပြင်ဆုံးမသည်၊ ပုန်ကန်သောစိတ်ထားနှင့် ဆန့်ကျင်မှုများအားလုံးကို၊
ကိုယ်တော်သည် ကျွန်ုပ်တို့ကို စင်ကြယ်စေရန် ကျွန်ုပ်တို့၏ (အတွေးအခေါ်)အယူအဆများအားလုံးကို စီရင်သည်။
အနန္တ တန်ခိုးရှင်ဘုရား၊ ကိုယ်တော်၏မေတ္တာကို ကျွန်ုပ်တွေ့ခဲ့ပြီ
ကျွန်ုပ်အလိုချင်ဆုံးမှာ ကိုယ်တော်၏မေတ္တာကို ပြန်ပေးဆပ်ရန်ဖြစ်သည်
ကျွန်ုပ်အလိုချင်ဆုံးမှာ ကျွန်ုပ်၏တာဝန်ကို ထမ်းရွက် ရန်ဖြစ်သည်
ကိုယ်တော်၏မေတ္တာကို တွေ့မြင်ခဲ့ပြီမို့၊ ကျွန်ုပ်ပြန်ပေးဆပ်ပါမည်
ဒါကို ကျွန်ုပ်အလိုချင်ဆုံးပင်။
အနန္တတန်ခိုးရှင်ဘုရား၊ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ကယ်တင်ခဲ့ပြီ
ကိုယ်တော်သည် ကျွန်ုပ်တို့ကို နေ့စဉ် နှုတ်ကပတ်တော်ဖြင့် ကျွေးမွေး ရေလောင်းပေးသည်။
ကျွန်ုပ်၏ ဆင်းရဲခြင်းများနှင့် ဒုက္ခများကြား၊
ကျွန်ုပ်၏ ဆင်းရဲခြင်းများနှင့် ဒုက္ခများကြား၊ ကိုယ်တော်၏ နှုတ်ကပတ်တော်များသည် ကျွန်ုပ်ဘေးနား အမြဲအတူရှိနေခဲ့သည်။
ကိုယ်တော်၏နှုတ်ကပတ်တော်များ၌ အသက်ရှင်ရင်း၊ ကျွန်ုပ်၏အသက်တာ ကြီးထွားဖွံ့ဖြိုးခဲ့ပြီ
အနန္တ တန်ခိုးရှင်ဘုရား၊ ကိုယ်တော်၏မေတ္တာကို ကျွန်ုပ်တွေ့ခဲ့ပြီ
ကျွန်ုပ်အလိုချင်ဆုံးမှာ ကိုယ်တော်၏မေတ္တာကို ပြန်ပေးဆပ်ရန်ဖြစ်သည်
ကျွန်ုပ်အလိုချင်ဆုံးမှာ ကျွန်ုပ်၏တာဝန်ကို ထမ်းရွက်ရန်ဖြစ် သည်
ကိုယ်တော်၏မေတ္တာကို တွေ့မြင်ခဲ့ပြီမို့၊ ကျွန်ုပ်ပြန်ပေးဆပ်ပါမည်
ဒါကို ကျွန်ုပ်အလိုချင်ဆုံးပင်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ခရစ်ယာန်ရုပ်ရှင်ကိုဝေမျှခြင်း

Myanmar Christian Movieတရုတ်ပြည်မှ ဘာသာရေးဖိစီးနှိပ်စက်မှု ၅ (ကျရှုံးလုဆဲဆဲမှာ ပြန်လည်ရှင်သန်ခြင်း)

Thursday, June 27, 2019

ဘုရားသခင်၏ အသံတော် | လက်တွေ့ကျသော ဘုရားသခင်ဆိုသည်မှာ ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်ကို သင်သိသင့်သည်

ခရစ်တော်၏ ပြောကြားချက်များ, အသက်, ဘုရားသခင်, ဆုတောင်, အသင်းတော်,

လက်တွေ့ကျသော ဘုရားသခင်အကြောင်း သင်ဘာသိသင့်သနည်း။ လက်တွေ့ကျသော ဘုရားသခင်ဆိုသည်မှာ ဝိညာဉ်တော်၊ ပုဂ္ဂိုလ်တော်နှင့် နှုတ်ကပတ်တော်တို့ ပေါင်းစပ်ထားသည့်သူ ဖြစ်သည်။ ဤသည်မှာ လက်တွေ့ကျသော ဘုရားသခင်၏ အနက်အမှန် ဖြစ်သည်။ အကယ်၍ သင်သည် ပုဂ္ဂိုလ်တော်ကိုသာ သိပြီး၊ သူ၏ အလေ့အကျင့်များနှင့် ပင်ကိုအရည်အသွေး တို့ကိုသာ သိပြီး၊ ဝိညာဉ်တော်၏ အလုပ်ကိုမသိလျှင် သို့မဟုတ် လူ့ဇာတိတွင် ဝိညာဉ်တော် အဘယ်အလုပ် လုပ်သည်ကို သင်မသိလျှင်၊ ဝိညာဉ်တော်နှင့် နှုတ်ကပတ်တော်ကိုသာ သင်အာရုံစိုက်ပြီး လက်တွေ့ကျသော ဘုရားသခင်၌ ဘုရားသခင်၏ ဝိညာဉ်တော် အလုပ်လုပ်ခြင်းကို မသိဘဲ ဝိညာဉ်တော် ရှေ့တွင်သာ သင်ဆုတောင်းလျှင် ယင်းမှာ လက်တွေ့ကျသော ဘုရားသခင်ကို သင်မသိကြောင်း သက်သေပင်ဖြစ်ပါသည်။ လက်တွေ့ကျသော ဘုရားသခင်အကြောင်းသိခြင်းတွင် ကိုယ်တော်၏ နှုတ်ကပတ်တော်များကို သိခြင်းနှင့် တွေ့ကြုံခြင်း၊ သန့်ရှင်းသော ဝိညာဉ်တော်အလုပ်၏ စည်းမျဉ်းများနှင့် ဥပဒေသများကို နားလည်ခြင်း၊ လူ့ဇာတိထဲတွင် ဘုရားသခင်၏ ဝိညာဉ်တော် မည်ကဲ့သို့ အလုပ်လုပ်ပုံကို နားလည်ခြင်းတို့ ပါဝင်သည်။ ထို့ကြောင့် ဘုရားသခင်၏ လူ့ဇာတိထဲတွင် ပြုလုပ်သည့် အမှုအရာတိုင်းကို ဝိညာဉ်တော်က စီမံခန့်ခွဲကြောင်းနှင့် ကိုယ်တော်မိန့်တော်မူသော စကားတို့မှာ ဝိညာဉ်တော်၏ တိုက်ရိုက်ဖော်ပြချက် ဖြစ်ကြောင်းတို့ကို သိရမည် ဖြစ်ကြောင်းလည်း ပါဝင်သည်။ ထို့ကြောင့် လက်တွေ့ကျသော ဘုရားသခင်အကြောင်း သင်သိလိုပါက လူ့သဘာဝအားဖြင့်ဖြစ်စေ၊ ဘုရားသခင်၏ သဘောသဘာဝ အားဖြင့်ဖြစ်စေ ဘုရားသခင် မည်သို့ အလုပ်လုပ်သည် ဆိုသည်ကို ရှေးဦးစွာ သင်သိရမည်ဖြစ်ပြီး၊ ထို့ကြောင့်ပင် လူသားများအားလုံး ဆက်ဆံရသည့် ဝိညာဉ်တော်၏ ဖော်ပြချက်များကို ဤအချက်က အလေးထားခြင်း ဖြစ်သည်။

Wednesday, June 26, 2019

ဧဝံဂေလိ ဂီတ | (သန့်ရှင်းခံရသူများသာ အနားယူခြင်းသို့ ဝင်ကြလိမ့်မည်)



အနာဂတ်လူသားမျိုးနွယ်စုသည် အာဒံနဲ့ဧဝမှ ဆင်းသက်ခဲ့သော်လည်း

စာတန်ရဲ့စိုးမိုးမှုအောက်တွင် ဆက်လက်နေထိုင်တော့မည်မဟုတ်

ကယ်တင်ခြင်း၊ သန့်စင်ခြင်းခံရသော လူမျိုးဖြစ်လိမ့်မည်


စီရင်ခြင်းနှင့်အပြစ်ဒဏ်ပေးခြင်းခံရသောသူများဖြစ်ပြီး

သန့်ရှင်းသူများဖြစ်သည်

သူတို့သည် ရှေးလူမျိုးစုနွယ်ဖြစ်သော

အာဒံနှင့်ဧဝတို့နဲ့ ကွာခြားသည်။

သီးခြားလူမျိုးစုသစ်နီးနီးအတိုင်း အလွန်ကွဲပြား

မာရ်နတ် ဖျက်ဆီးခံရသူများထဲမှ ရွေးကောက်ခံရ၍

ဘုရားသခင်၏နောက်ဆုံး စီရင်ခြင်း၌ အခိုင်အမာရပ်တည်ကာ

ဤနောက်ဆုံးကျန်ရှိသောလူအုပ်စုသည်

နောက်ဆုံးတွင် ဘုရားသခင်နဲ့အတူ

အနားယူခြင်းသို့ ဝင်ရောက်နိုင်သည်

ခရစ်ယာန်ကဗီဒီယို | ဇာတ်လမ်းတို (၁) သခင် ပြန်လာတဲ့အခါ၊ လူတွေဆီ ဘယ်လိုပေါ်ထွန်းမှာလဲ


သခင်ယေရှု ထမြောက်တော်မူပြီး၊ ကောင်းကင်ဆီ တက်သွားခဲ့တဲ့နောက်၊ ရာစုနှစ်တွေတစ်လျှောက်လုံးမှာ ကျွန်ုပ်တို့ယုံကြည်သူတွေက ကယ်တင်ရှင်ယေရှုရဲ့ပြန်အလာကို စိတ်အားထက်သန်စွာ တမ်းတခဲ့ကြပါတယ်။ သခင် ပြန်လာတဲ့အခါ၊ ကျွန်ုပ်တို့ဆီကို ပေါ်ထွန်းလာမှာက ထမြောက်ခဲ့တဲ့ယေရှုရဲ့ဝိညာဉ်ခန္ဓာသာ ဖြစ်လိမ့်မယ်လို့ လူအများစုက ယုံကြည်ကြတယ်။ ဒါပေမဲ့ နောက်ဆုံးသောကာလမှာ ဘုရားသခင်ဟာ ဘာကြောင့် လူသားအဖြစ်နဲ့ လူ့ဇာတိခံပြီး ပေါ်ထွန်းနေတာလဲ။ အနန္တတန်ခိုးရှင် ပြောသည် “အကယ်၍ ဘုရားသခင်သည် လူ့ဇာတိမခံယူခဲ့ပါက သူသည် လူအတွက် မမြင်တွေ့နိုင်၊ မထိတွေ့နိုင်သော ဝိညာဉ်တော်အဖြစ် ဆက်လက်ရှိနေမည် ဖြစ်သည်။ လူသည် ဇာတိ ပကတိ ဖန်ဆင်းခံဖြစ်ပြီး လူနှင့် ဘုရားသခင်သည် မတူညီသော လောကများနှင့် သက်ဆိုင်ကြပြီး သဘာဝ အားဖြင့် ခြားနားသည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် လူသား၏ ဇာတိပကတိနှင့် သဟဇာတဖြစ်မှု မရှိပေ၊ ထို့ကြောင့် သူတို့အကြားတွင် မည်သည့် ဆက်ဆံရေးကိုမှ တည်ဆောက်၍ မရနိုင်ပေ ...” “လူ့ဇာတိခံယူခြင်းမှ တစ်ဆင့်သာလျှင် သူသည် သူ၏ နှုတ်ကပတ် တော်များကို အားလုံး၏ နားများ ဆီသို့ ကိုယ်တိုင်ကိုယ်ကျ ပို့ဆောင်နိုင်ခြင်းဖြင့် နားရှိသော လူအားလုံးတို့သည် သူ၏ နှုတ်ကပတ်တော်များကို ကြားနိုင်ပြီး သူ၏ တရားစီရင်ခြင်းအလုပ်ကို နှုတ်ကပတ်တော်အားဖြင့် ရရှိကြ မည်။ ယင်းသည် သူ၏ နှုတ်ကပတ်တော်အားဖြင့် ရရှိသော ရလဒ်ဖြစ်...” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏)

များပြားသောအကြံပြုချက်များ

ဆုတောင်း | ဆုတောင်းခြင်းအကျင့်နှင့် ပတ်သက်၍

Monday, June 24, 2019

ခရစ်ယာန်သီချင်း | ဘုရားသခင်ကို ချစ်သောသူတို့သည် မင်္ဂလာရှိ၏

ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ, ထာဝရအသက်, ဘုရားသခင်, ခရစ်ယာန်ဓမ္မသီချင်း, ဘုရားသခင်၏ချစ်ခြင်း,


I
ဘုရားကိုချစ်သောသူ ဘုရားရဲ့သက်သေခံနိုင်သူ
ဘုရားရဲ့ကောင်းချီးနဲ့ ကတိတော်များရှိ
ဘုရားကိုချစ်သောသူ ဘုရားရဲ့သားသမီး ယုံကြည်သူ
ဘုရားရဲ့ကောင်းချီး မျှဝေခံစားစေ
ထိုသူတို့ထာဝရအသက်ရှင်
ဘုရားအားအမှန်ချစ်သောသူတွေသာ
အဖိုးထိုက်ဆုံးအဓိပ္ပာယ်နဲ့ အသက်ရှင်
ထိုသူတို့သာဘုရား၌ အစစ်အမှန် ယုံကြည်သောသူများဖြစ်၍
ဘုရားအားချစ်သောသူ မင်္ဂလာရှိသောသူ
ဘုရားသခင်ကိုချစ်သူတို့
မြေကြီးစွန်းတိုင်အောင်လွတ်လပ်စွာ အရောက်သွားပြီး
ဘုရားအားချစ်သောသူသည် မင်္ဂလာရှိ၏
ဘုရားသခင်ရဲ့သက်သေအား စကြာဝဠာ အဆုံးထိတိုင် ဝေငှမယ်
ဘုရားအားချစ်သောသူ မင်္ဂလာရှိသောသူ
ဘုရားအမှုတော်အတွက် ဆောင်ရွက်သူတို့်
ရန်ဘက်မရှိ သွားလာနိုင်ကြပြီ
ဘုရားရဲ့လူမျိုးတကာတို့ အားလုံးကိုအုပ်စိုး လောကစိုးစံ
ဘုရားကိုချစ်သောသူ ဘုရားကကောင်းချီးပေး
ထိုသူတို့သည် ဘုရားအလင်း၌ အသက်ရှင်လိမ့်မည်
အဖိုးထိုက်ဆုံးအဓိပ္ပါယ်ရှိဆုံး တို့အသက်ရှင်
ဘုရားကိုချစ်သောသူ မင်္ဂလာရှိသောသူ
ထိုသူတို့ကမ္ဘာအရပ်ရပ်မှ လာကြစုရုံးကြပြီး
ဘာသာစကား အသားရောင်များကွဲလည်း
ဘဝခံယူချက်တူ
ဘုရားကိုချစ်ခြင်းထပ်တူ တူညီသောဘုရားသက်သေ
ဘုရားကိုချစ်သောသူ မင်္ဂလာရှိသောသူ
ဘုရားသခင်ကိုချစ်သူတို့
မြေကြီးစွန်းတိုင်အောင်လွတ်လပ်စွာ အရောက်သွားပြီး
ဘုရားအားချစ်သောသူသည် မင်္ဂလာရှိ၏
ဘုရားသခင်ရဲ့သက်သေအား စကြာဝဠာ အဆုံးထိတိုင် ဝေငှမယ်
ဘုရားအားချစ်သောသူ မင်္ဂလာရှိသောသူ
ဘုရားအားချစ်သောသူ မင်္ဂလာရှိသောသူ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ

များပြားသောအကြံပြုချက်များ

ခရစ်ယာန်ဓမ္မသီချင်း | “ဘုရားရဲ့ချစ်ခြင်းမေတ္တာကို အဘယ်ဖန်ဆင်းခြင်းသတ္တဝါမှ မပိုင်ဆိုင်” ၂၀၁၈ lyrics

Sunday, June 23, 2019

ဘုရားသခင်၏ ပြောဆိုသံ | ဘုရားသခင်နှင့် သူ၏ အမှုကို သိရှိသူတို့သာ ဘုရားသခင်ကို ကျေနပ်စေနိုင်၏

ခရစ်တော်၏ ပြောကြားချက်များ, သမ္မာတရား, ဘုရားသခင်, ခရစ်တော်, ယေရှု,

လူ့ဇာတိခံ ဘုရားသခင်၏ အမှု၌ အစိတ်အပိုင်းနှစ်ခုပါဝင်သည်။ သူလူ့ဇာတိကိုခံယူခဲ့သည့် ပထမအကြိမ်တွင် လူတို့သည် သူ့ကိုမယုံကြည်ခဲ့ကြ၊ မသိရှိခဲ့ကြဘဲ ယေရှုကို လက်ဝါးကပ်တိုင်တွင် သံမှိုစွဲရိုက်နှက်ခဲ့ကြ၏။ ဒုတိယအကြိမ်တွင်လည်း လူတို့ သူ့ကို မယုံကြည်ခဲ့ကြ၊ သာ၍ပင် မသိရှိခဲ့ကြဘဲ တဖန် ခရစ်တော်ကို လက်ဝါးကပ်တိုင်တွင် ရိုက်နှက်ခဲ့ကြပြန်၏။ လူသားသည် ဘုရားသခင်၏ ရန်သူဖြစ်သည် မဟုတ်လော။ လူသားသည် သူ့ကို မသိလျှင် အဘယ်သို့ ဘုရားသခင်၏ အကျွမ်းဝင်သူ ဖြစ်နိုင်မည်နည်း။ သူသည် အဘယ်သို့ ဘုရားသခင်အဖို့ သက်သေခံရန် အရည်အချင်းရှိနိုင်မည်နည်း။ ဘုရားသခင်ကို ချစ်၏၊ ဘုရားသခင်ကို အစေခံ၏၊ ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေ၏ဟူသော ပြောဆိုချက်များအားလုံးတို့သည် လှည့်ဖြားသော မုသားများဖြစ်သည် မဟုတ်လော။ သင်သည် ဤသဘာ၀မကျ၊ လက်တွေ့မကျသောအရာများထံ သင့်ဘဝကို ပေးအပ်မြှုပ်နှံထားလျှင် သင်အချည်းနှီးကြိုးပမ်းအားထုတ်သည် မဟုတ်လော။ ဘုရားသခင် အဘယ်သူဖြစ်သည်ကိုပင်လျှင် သင်မသိချိန် သင်သည် မည်သို့ ဘုရားသခင်၏ အကျွမ်းဝင်သူ ဖြစ်နိုင်မည်နည်း။ ထိုကဲ့သို့ လိုက်စားခြင်းသည် မရေမရာနှင့် စိတ်ကူးသက်သက်ဖြစ်သည် မဟုတ်လော။ လှည့်ဖြားသောအရာ မဟုတ်လော။ လူတစ်ဦးသည် အဘယ်သို့ ဘုရားသခင်၏ အကျွမ်းဝင်သူတစ်ဦး ဖြစ်နိုင်သနည်း။ ဘုရားသခင်၏ အကျွမ်းဝင်သူတစ်ဦးဖြစ်ခြင်း၏ လက်တွေ့ကျသော အရေးပါမှုမှာ မည်သည့်အရာနည်း။ သင်သည် ဘုရားသခင်၏ ဝိညာဉ်၏ အကျွမ်းဝင်သူတစ်ဦး ဖြစ်နိုင်သလော။ ဝိညာဉ်သည် အဘယ်မျှ ကြီးမြတ်ကာ အဆင့်မြင့်သည်ကို သင်မြင်နိုင်သလော။ မမြင်နိုင်သော၊ လက်ဆုပ်လက်ကိုင်ပြ၍မရနိုင်သော ဘုရားသခင်၏ အကျွမ်းဝင်သူဖြစ်ဖို့- ယင်းမှာ စမ်းတဝါး နှင့် စိတ်ကူးသက်သက်ဖြစ်သည်မဟုတ်လော။ ထိုကဲ့သို့ လိုက်စားခြင်း၏ လက်တွေ့ကျသော အရေးပါမှုမှာ မည်သည့်အရာနည်း။ အားလုံးက လှည့်ဖြားသော မုသားများဖြစ်သည် မဟုတ်လော။ သင်လိုက်စားသောအရာမှာ ဘုရားသခင်၏ အကျွမ်းဝင်သူဖြစ်ဖို့ရန်ဖြစ်သည်၊ သို့သော် သင်သည် ဘုရားသခင်ကို မသိသလို၊ မမြင်နိုင်၊ လက်ဆုပ်လက်ကိုင်မပြနိုင်သော၊ သင်၏ကိုယ်ပိုင်ယူဆချက်များအရ ဖြစ် သည့် မတည်မရှိသော "အရာခပ်သိမ်းတို့၏ ဘုရားသခင်ကို" လိုက်စားသည့်အတွက် အမှန်တွင် သင်သည် စာတန်၏ ခိုင်းဖတ်ဖြစ်လေသည်။ မပြတ်မသား ပြောရလျှင်၊ ထိုကဲ့သို့သော "ဘုရားသခင်"တစ်ပါးသည် စာတန်ဖြစ်ပြီး၊ လက်တွေ့ကျကျပြောရလျှင် ၎င်းမှာ သင်ကိုယ်တိုင်ဖြစ်၏။ သင်သည် သင်ကိုယ်တိုင်၏ အကျွမ်းဝင်သူဖြစ်ဖို့ ကြိုးပမ်းလျက်ပင် ဘုရားသခင်၏ အကျွမ်းဝင်သူဖြစ်ဖို့ သင်ကြိုးစားသည်ဟုဆိုသေး၏- ယင်းမှာ ဘုရားသခင်ကို ပြစ်မှားခြင်းမဟုတ်လော။ ထိုကဲ့သို့ လိုက်စားခြင်း၏ တန်ဖိုးမှာ အဘယ်နည်း။ ဘုရားသခင်၏ ဝိညာဉ်သည် ဇာတိပကတိဖြစ်မလာလျှင် ဘုရားသခင်၏ အနှစ်သာရ သည် လူသားအတွက် မမြင်နိုင်၊ ထိတွေ့၍မရသော အသက်၏ ဝိညာဉ်၊ သဏ္ဌာန်မဲ့ပြီး ပုံဆောင်မဲ့၊ ရုပ်ခန္ဓာမဲ့အမျိုးအစား၊ ချဉ်းကပ်၍မရနိုင်၊ နားလည်၍မရနိုင်သော အရာတစ်ခုသာ ဖြစ်သည်။ လူသားသည် ဤကဲ့သို့ အကောင်အထည်မရှိ၊ အံ့သြဖွယ်၊ နားမလည်နိုင်ဖွယ်ဖြစ်သော ဝိညာဉ်တော်၏ အကျွမ်းဝင်သူ အဘယ်သို့ ဖြစ်နိုင်မည်နည်း။ ဤသည်မှာ ရယ်ဖွယ်တစ်ခု မဟုတ်လော။ ထိုသို့ အဓိပ္ပါယ်မရှိသော တွေးခေါ်မျှော်မြင်မှုသည် ယုတ္တိမတန်သလို လက်တွေ့လည်းမကျပေ။ အဖန်ဆင်းခံလူသားသည် ဘုရားသခင်၏ ဝိညာဉ်နှင့် ပင်ကို် အားဖြင့် ကွဲပြားခြားနားသော အမျိုးအစားတစ်ရပ် ဖြစ်သောကြောင့် ၎င်းတို့နှစ်ဦးသည် အဘယ်သို့ အကျွမ်းဝင်နိုင်ကြမည်နည်း။ ဘုရားသခင်၏ ဝိညာဉ်သည် ဇာတိပကတိ၌ ဖြစ်ပေါ်မလာခဲ့လျှင်၊ အကယ်၍ ဘုရားသခင်သည် လူ့ဇာတိမခံဘဲ အဖန်ဆင်းခံတစ်ဦးဖြစ်လာခြင်းအားဖြင့် မိမိကိုယ်ကို မနှိမ့်ချခဲ့ပါလျှင် အဖန်ဆင်းခံလူသားသည် သူ၏ အကျွမ်းဝင်သူတစ်ဦးဖြစ်ဖို့ရန် အရည်အချင်းလည်းမရှိ၊ အစွမ်းအစလည်း ရှိမည်မဟုတ်ပေ၊ ထို့အပြင် ၎င်းတို့ ဝိညာဉ်များ ကောင်းကင်နိုင်ငံထဲသို့ ဝင်ရောက်ပြီးနောက်တွင် ဘုရားသခင်၏ ဝိညာဉ်၏အကျွမ်းဝင်သူများဖြစ်ဖို့ရန် အခွင့်အလမ်းရရှိနိုင်သည့် ဘုရားတရားကိုင်းရှိုင်းသော ယုံကြည်သူများမှအပ၊ လူများစုသည် ဘုရားသခင်၏ ဝိညာဉ်၏ အကျွမ်းဝင်သူများ ဖြစ်လာကြဖို့ရန် တတ်စွမ်းနိုင်ကြလိမ့်မည် မဟုတ်ပါ။ ထို့ပြင် အကယ်၍ လူသားသည် လူ့ဇာတိခံဘုရားသခင်၏ လမ်းညွှန်မှုအောက်မှ ကောင်းကင်ဘုံက ဘုရားသခင်၏ အကျွမ်းဝင်သူဖြစ်လာရန် ဆန္ဒရှိလျှင်၊ သူသည် အံ့အားသင့်ဖွယ်ကောင်းစွာ မိုက်မဲသည့် လူမ ဟုတ်သူ တစ်ဦးဖြစ်သည် မဟုတ်လော။ လူသားသည် မမြင်ရသော ဘုရားသခင်တစ်ပါးအား "သစ္စာရှိမှု"ကို လိုက်စားရုံသာလိုက်စားပြီး မြင်ရသောဘုရားသခင်ကို အနည်းငယ်မျှ အလေးမထားပေ၊ အဘယ်ကြောင့်ဆိုသော် မမြင်ရသောဘုရားကို လိုက်စားရသည်မှာ လွယ်ကူလွန်းလှသည့်အတွက်- လူသားသည် သူနှစ်သက်သည်အတိုင်း ထိုကဲ့သို့ လုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။ သို့သော် မြင်ရသော ဘုရားသခင်ကို လိုက်စားခြင်းမှာ လွယ်ကူလှသည် မဟုတ်ပေ။ မရေမရာ နှင့် စိတ်ကူးသက်သက်ဖြစ်သောအရာတို့သည် လူမှတွေးထင်ကြသည့် အရာအားလုံး ဖြစ်သောကြောင့် မရေရာသော ဘုရားသခင်တစ်ပါးကို ရှာဖွေသောသူသည် ဘုရားသခင်ကို ရရှိဖို့ရန် လုံးဝမတတ်စွမ်းနိုင်ပေ၊ ထို့အပြင် လူသားမှ လည်း ရရှိနိုင်စွမ်း မရှိပေ။ သင်တို့အကြားတွင် ရောက်လာခဲ့သည့် ဘုရားသခင်သည် သင်တို့ လက်လှမ်းမမီနိုင်အောင် အလွန်မြင့်မားပြီး အဆင့်မြင့်သော ဘုရားသခင်ဖြစ်လျှင် သင်တို့သည် မည်သို့ သူ၏အလိုတော်ကို ရှာနိုင်မည်နည်း။ သင်တို့သည် မည်သို့ သူ့ကိုသိကျွမ်းပြီး နားလည်သဘောပေါက်ကြမည်နည်း။ သူသည် သူ၏အမှုကိုသာ လုပ်ဆောင်ပြီး လူသားနှင့် သာမန်အဆက်အသွယ်မရှိလျှင်၊ သို့မဟုတ် သာမန်လူ့သဘာဝကို ပိုင်ဆိုင်ခြင်းမရှိဘဲ သေမျိုးသာသာဖြစ်သောသူတို့ ချဉ်းကပ်မရနိုင်သောသူဖြစ်လျှင်၊ သူသည် သင်တို့အတွက် အလုပ်များစွာပင် လုပ်ခဲ့သော်လည်း သင်တို့သည် သူနှင့်အတူ အဆက်အသွယ်မရှိသလို သူ့ကို မမြင်နိုင်ခဲ့ကြလျှင် သင်တို့သည် သူ့ကို အဘယ်သို့သိနိုင်ကြမည်နည်း။ သာမန်လူ့သဘာဝကို ပိုင်ဆိုင်သော ဤဇာတိပကတိအတွက်သာ မဟုတ်ခဲ့လျှင် လူသားသည် ဘုရားသခင်ကို သိဖို့ နည်းလမ်းရှိလိမ့်မည်မဟုတ်ပေ။ ဘုရားသခင်၏ လူ့ဇာတိခံခြင်းကြောင့်သာ လူသားသည် ဇာတိပကတိ၌ရှိသော ဘုရားသခင်၏ အကျွမ်းဝင်သူဖြစ်ဖို့ရာ အရည်အချင်းရှိခြင်းဖြစ်သည်။ လူသားသည် သူနှင့် အဆက်အသွယ် ရှိ လာသောကြောင့်၊ လူသားသည် သူနှင့်အတူတကွ အသက်ရှင်ပြီး၊ သူ၏အပေါင်းအသင်းအဖြစ် ဆက်ရှိကာ၊ သူ့ကို တဖြည်းဖြည်း သိလာသောကြောင့် လူသားသည် ဘုရားသခင်၏ အကျွမ်းဝင်သူ ဖြစ်လာခြင်းဖြစ်သည်။ ထိုသို့မဟုတ်ခဲ့ပါလျှင်၊ လူသား၏ လိုက်စားမှုသည် အချည်းနှီးဖြစ်လိမ့်မည် မဟုတ်လော။ လူသားက ဘုရားသခင်၏ အကျွမ်းဝင်သူတစ်ဦး ဖြစ်နိုင်သည်မှာ ဘုရားသခင်၏ အမှုကြောင့် အားလုံးမဟုတ်ဘဲ လူ့ဇာတိခံ ဘုရားသခင်၏ လက်တွေ့ကျမှုနှင့် သာမန်ဖြစ်ခြင်းကြောင့်ဟု ဆိုလိုခြင်း ဖြစ်သည်။ လူသားသည် မိမိတာဝန်ကို ထမ်းဆောင်ဖို့ အခွင့်အလမ်းရရှိပြီး စစ်မှန်သောဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရန် အခွင့်အလမ်း ရရှိသည်မှာ ဘုရားသခင်က ဇာတိပကတိ ဖြစ်လာသောကြောင့်သာလျှင် ဖြစ်သည်။ ဤသည်မှာ လက်တွေ့အကျဆုံးနှင့် ဖြစ်နိုင်ခြေအရှိဆုံး သမ္မာတရားဖြစ်သည် မဟုတ်လော။ ယခု သင်သည် ကောင်းကင်ဘုံက ဘုရားသခင်၏ အကျွမ်းဝင်သူဖြစ်ဖို့ ဆန္ဒရှိသေးသလော။ ဘုရားသခင်သည် မိမိကိုယ်ကို တိကျသည့်အဆင့်တစ်ခုဆီ နှိမ့်ချသောအခါမှသာ၊ ဆိုလို သည် မှာ ဘုရားသခင်သည် ဇာတိပကတိ ဖြစ်လာသောအခါမှသာ၊ လူသားသည် သူ၏ အကျွမ်းဝင်သူနှင့် ယုံကြည်စိတ်ချရသူ ဖြစ်နိုင်ပေသည်။ ဘုရားသခင်သည် ဝိညာဉ်နှင့် စပ်ဆိုင်၏- လူသားသည် အဆင့်မြင့်ပြီး ခက်ခဲနက်နဲသော ဤဝိညာဉ်၏ အကျွမ်းဝင်သူဖြစ်ဖို့ အဘယ်သို့ အရည်အချင်း ရှိသနည်း။ ဘုရားသခင်၏ ဝိညာဉ်သည် ဇာတိပကတိထဲသို့ ဆင်းသက်ပြီး လူသားကဲ့သို့ တူညီသော အပြင်ပန်းနှင့်အတူ အဖန်ဆင်းခံတစ်ဦး ဖြစ်လာသည့်အခါမှသာ လူသားသည် သူ၏အလိုတော်ကို နားလည်ပြီး အမှန်တကယ် သူ၏ရယူခြင်းကို ခံရ လိမ့်မည်ဖြစ်သည်။ သူသည် ဇာတိပကတိ၌ ပြောဆိုလုပ်ကိုင်ပြီး၊ လူသား၏ ဝမ်းမြောက်ခြင်းများ၊ ဝမ်းနည်းခြင်းများနှင့် ဒုက္ခဆင်းရဲခြင်းများကို မျှဝေခံစားပေးသည်၊ လူသားနေသည့်ကမ္ဘာတွင်ပင် အသက်ရှင်ပြီး၊ လူသားကို အကာအကွယ်ပေးကာ သူ့ကို လမ်းညွှန်ပေးသည်၊ ဤနည်းအားဖြင့် သူသည် လူသားကို ဆေးကြောကာ သူ၏ကယ်တင်ခြင်းနှင့် ကောင်းချီးမင်္ဂလာတို့ကို ရရှိရန် လူသားကို ခွင့်ပြုလေသည်။ ဤအရာတို့ကို ရရှိခဲ့ပြီး နောက် လူသားသည် ဘုရားသခင်၏အလိုတော်ကို အမှန်တကယ် နားလည်သဘောပေါက်ပြီး၊ ထိုအခါမှသာ သူသည် ဘုရားသခင်၏ အကျွမ်းဝင်သူတစ်ဦး ဖြစ်နိုင်ပေသည်။ ဤအရာသည်သာ လက်တွေ့ကျသောအရာဖြစ်သည်။ အကယ်၍ ဘုရားသခင်သည် လူသားအဖို့ မမြင်နိုင်၊ မထိတွေ့နိုင်လျှင်၊ လူသားသည် သူ၏ အကျွမ်းဝင်သူ အဘယ်သို့ ဖြစ်နိုင်မည်နည်း။ ဤသည်မှာ အနှစ်မဲ့သောအယူဝါဒ မဟုတ်လော။

Saturday, June 22, 2019

ခရစ်ယာန်ကဗီဒီယို | (ကျွန်ုပ်တို့ ကယ်တင်ခြင်းရလျှင် ကောင်းကင်နိုင်ငံထဲသို့ ဝင်ရောက်နိုင်ပါသလား)


ဇန်မုသည် အိမ်အသင်းတော်တစ်ခုတွင် ဆရာတစ်ပါးဖြစ်ပြီး၊ "ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှါ စိတ်နှလုံးဖြင့် ယုံကြည်ရ၏။ ကယ်တင်ခြင်းသို့ ရောက်ခြင်းငှါ နှုတ်ဖြင့် ဝန်ခံရ၏။" (ရောမ ၁၀:၁၀) ကို သူ ယုံကြည်လေသည်။ သူက သခင်ယေရှု၌ သူယုံကြည်သောကြောင့် ဖြောင့်မတ်သောသူဟု အမည်တွင်ပြီးဖြစ်သည်၊ ကတယ်ခြင်းကို သူရရှိနှင့်ပြီးဖြစ်ကာ သခင် ပြန်ကြွလာသောအခါ ကောင်းကင်နိုင်ငံထဲသို့ သူ တိုက်ရိုက်ချီဆောင်ခံရမည်ဟု ထင်မြင်လေသည်။ တစ်နေ့တွင်၊ အခြားဒေသများတွင် သာသနာပြုသည့်အလုပ်မှ သူ၏သမီး အိမ်ပြန်လာပြီး သူ နှစ်များစွာ ကိုင်စွဲခဲ့သည့် အမြင်နှင့် ပတ်သက်၍ သူ့ကို သံသယဖြစ်စေလေသည်။ ထို့နောက်၊ မိသားစုဝင် သုံးဦးသည် ကယ်တင်ခြင်းရရှိခြင်းက လူတစ်ယောက်ကို ကောင်းကင်နိုင်ငံထဲ ဝင်ခွင့်ပေးနိုင် မပေးနိုင်၊ ကောင်းကင်နိုင်ငံထဲသို့ မည်ကဲ့သို့သော လူအမျိးအစားများ ဝင်ရောက်နိုင်သည် နှင့် ပတ်သက်သော အကြောင်းအရာများအကြောင်း အကြိတ်အနယ် စကားစစ်ထိုးပွဲတစ်ခု စတင်ကြလေသည်.......

အကြံပြုစာမျာ:

Myanmar Christian Movieတရုတ်ပြည်မှ ဘာသာရေးဖိစီးနှိပ်စက်မှု ၅ (ကျရှုံးလုဆဲဆဲမှာ ပြန်လည်ရှင်သန်ခြင်း)

Friday, June 21, 2019

ဇာတ်လမ်းတို (၄) ဘုရားသခင်ဟာ လူသားတွေကို ကယ်တင်ဖို့အတွက် ဘာကြောင့် လူ့ဇာတိနှစ်ကြိမ် ခံယူတာလဲ


ကျေးဇူးတော်ခေတ်မှာ လူ့ဇာတိခံဘုရားသခင်ဟာ လူတွေရဲ့အပြစ်တွေကို တာဝန်ခံပြီး၊ လူတွေအပေါ် ရွေးနုတ်ခြင်းအမှု ပြည့်စုံသွားအောင်၊ ကားတိုင်ထက်မှာ အသေခံခဲ့ပါတယ်။ နောက်ဆုံးသောကာလမှာတော့၊ ဘုရားသခင်ဟာ သမ္မာတရားကို ဖော်ပြဖို့နဲ့ လူတွေကို အလုံးစုံ သန့်စင် ကယ်တင်ဖို့အတွက် နောက်တစ်ကြိမ် လူ့ဇာတိခံယူထားပါပြီ။ ဒါဆိုရင် လူတွေအပေါ် ကယ်တင်ခြင်းအမှု ပြုဖို့အတွက် ဘုရားသခင်ဟာ ဘာကြောင့် နှစ်ကြိမ်တိတိ လူ့ဇာတိခံဖို့လိုတာလဲ။ အနန္တတန်ခိုးရှင် ပြောသည် “ပထမဆုံး လူ့ဇာတိခံယူခြင်းသည် ယေရှု၏ ဇာတိခန္ဓာမှ တစ်ဆင့် လူသားကို အပြစ်မှ ရွေးနှုတ်ရန် ဖြစ်သည်၊ ဆိုလိုသည်မှာ သူသည် လက်ဝါးကပ်တိုင်မှ လူကို ကယ်တင်ခဲ့သော်လည်း ယိုယွင်းပျက်စီးနေသော စာတန် စိတ်သဘောထားသည် လူ့အတွင်းတွင် ကျန်ရှိနေဆဲ ဖြစ်သည်။ ဒုတိယ လူ့ဇာတိ ယူခြင်းသည် အပြစ်ဖြေရာ ယဇ်အဖြစ် အစေခံရန် မဟုတ်တော့ဘဲ အပြစ်မှ ရွေးနှုတ်ခံရသူတို့ကို အပြည့်အဝ ကယ်တင်ရန် ဖြစ်သည်။ ယင်းကို လုပ်ဆောင်ခြင်းမှာ ခွင့်လွှတ်ခြင်းခံရသူတို့သည် သူတို့၏ အပြစ်များမှ လွတ်ပြီး အလုံးစုံ သန့်ရှင်းစေရန် ဖြစ်ကာ စိတ်သဘောထား၌ ပြောင်းလဲမှုကို ရရှိစေခြင်းဖြင့် စာတန်၏ အမိုက်အမှောင် လွှမ်းမိုးမှုမှ လွတ်မြောက် ကာ ဘုရားသခင်၏ ပလ္လင်ရှေ့သို့ ပြန်လည် ရောက်ရှိရန် ဖြစ်သည်။ ဤနည်းအားဖြင့်သာ လူသားသည် အလုံးစုံ သန့်ရှင်းစင်ကြယ်စေနိုင်သည်။ ... ဒုတိယ လူ့ဇာတိခံယူခြင်းသည် လူ၏ အပြစ်များကို ဖယ်ရှားရန်နှင့် လူကို အလုံးစုံ သန့်စင်စေရန် လုံလောက်သည်။ သို့ဖြစ်ရာ ဒုတိယ လူ့ဇာတိခံယူခြင်းသည် ဘုရားသခင်၏ ဇာတိခန္ဓာတွင် ရှိသော အလုပ်အားလုံးကို အဆုံးသတ်စေရန် ဖြစ်ပြီး ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း၏ အရေးပါမှုကို ပြည့်စုံ စေလိမ့်မည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏)

အကြံပြုခရစ်ယာန်ဓမ္မသီချင်း

ခရစ်ယာန်ဓမ္မသီချင်း | “ဘုရားရဲ့ချစ်ခြင်းမေတ္တာကို အဘယ်ဖန်ဆင်းခြင်းသတ္တဝါမှ မပိုင်ဆိုင်” ၂၀၁၈ lyrics

Thursday, June 20, 2019

ခရစ်ယာန်သီချင်း | (နောက်ဆုံးသောကာလ၌ စီရင်ခြင်းသည် ခေတ်ကို အဆုံးသတ်စေမည်)



နောက်ဆုံးသောကာလသည် ကျေးဇူးတော်ခေတ်၊

ပညတ်တော်ခေတ်တို့နှင့် အလွန်ကွဲပြားခြားနား။

နောက်ဆုံးသောကာလ၏ အမှုတော်ကို အစ္စရေးပြည်မှာ မပြု၊

တပါးအမျိုးသားတို့တွင် ဆောင်ရွက်

ဤအမှုအရာသည် ဘုရား ပလ္လင် တော်ရှေ့တွင်

လူမျိုးအပေါင်းတို့ အုပ်စိုးခြင်းဖြစ်သည်

ဘုရားရဲ့ဘုန်းတော်သည် စကြာဝဠာတစ်ခုလုံးကို ပြည့်လျှံလိမ့်မည်

ထိုဘုန်းတော်ကို လူမျိုးတကာတို့ထံ

ခေတ်အဆက်ဆက် ကြေညာဟောပြောလိမ့်မည်

ဘုရားသခင် မြေကြီးပေါ်မှာ ရရှိထားသော ဘုန်းအသရေကို

သက်ရှိအပေါင်းတို့သည် မြင်ရလိမ့်မည်

Wednesday, June 19, 2019

ဘုရားသခင်၏ အသံတော် | ဘုရားသခင်သည် လူသားများအကြား၌ ကြီးမားသည့် အမှုအား ဆောင်ရွက်ခဲ့သည်ကို သင်သိပါသလား


ခရစ်တော်၏ ပြောကြားချက်များ သမ္မာတရား ယေရှု ဘုရားသခင် ခရစ်တော်

ခေတ်ဟောင်းကုန်လွန်သွား၍ ခေတ်သစ်ကို ရောက်ရှိလာခဲ့ပြီ။ တစ်နှစ်ပြီး တစ်နှစ်၊ တစ်နေ့ပြီး တစ်နေ့၊ ဘုရားသခင်သည် များပြားလှသည့် အမှုကို ဆောင်ရွက်ခဲ့သည်။ သူသည် ကမ္ဘာကြီးထဲသို့ ကြွဆင်းလာခဲ့ပြီးသည့်နောက်မှာ ခွဲခွာသွားခဲ့သည်။ ယင်းသံသရာမှာ မျိုးဆက်များစွာအထိကို ဆက်ပြီးဖြစ်ပျက်နေခဲ့သည်။ ယနေ့တွင် ဘုရားသခင်သည် သူ့အနေနှင့် ဆောင်ရွက်ရမည့်အမှု၊ ပြီးဆုံးအောင် လုပ်ဆောင်ရဦးမည့်အမှုကို ဆက်ပြီးဆောင်ရွက်နေသည်၊ သူသည် ယနေ့အတွက် အနားယူဖို့ လိုပါသေးသည်။ ဖန်ဆင်းမှုကာလမှနေပြီး ယနေ့အထိ၊ ဘုရားသခင်သည် များပြားလှသည့် အမှုကို ဆောင်ရွက်ပြီးခဲ့ပြီ၊ သို့သော် ဘုရားသခင်က ယနေ့တွင် ဆောင်ရွက်နေသည့် အမှုသည် ယခင်ကထက် ပို၍များပြားနေပြီး အတိုင်းအတာမှာ ပို၍ပင် ကြီးမားသည်ကို သင်သိသလော။ သို့ဖြစ်၍ ဘုရားသခင်သည် လူသားများအကြား၌ ကြီးမားသည့်အမှုကို ဆောင်ရွက်ခဲ့သည်ဟု ငါပြောနေခြင်းပင်ဖြစ်သည်။ ဘုရားသခင့်အမှု၏ အချက်တိုင်းမှာ လူသားများနှင့် ပတ်သက်ဆက်နွှယ်နေသည့်အတွက် သူ့အမှုအားလုံးတို့သည်၊ လူသားအတွက်ပင်ဖြစ်စေ၊ ဘုရားသခင်အတွက်ပင်ဖြစ်စေ၊ အလွန်အရေးကြီးသည်။

Tuesday, June 18, 2019

ခရစ်ယာန်ကဗီဒီယို | (စကားစမြည်ပြောဆိုခြင်း − "ငါးဖမ်း"သွားရန်အစီအစ) မြန်မာ အပြန်အလှန်


ကျိုးကျိယုန်သည် ဧဝံဂေလိတရားကိုဝေမျှသည့်အတွက် တရုတ်ကူမြူနစ်ပါတီရဲဌာနမှ ဖမ်းဆီးခြင်းခံရသည့် ခရစ်ယာန်ဘာသာဝင်တစ်ဉီးဖြစ်သည်။ လဝက်နီးပါးခန့် ရက်စက်စွာညှင်းပန်းနှိပ်စက်ခြင်းခံရပြီးနောက်၊ ၎င်းတို့၏ စစ်ကြောမေးမြန်းမှုများမှ ၊ မည့်သည့်ရလဒ်မျှ မရရှိခဲ့သောအခါ ၊ တရုတ်ကူမြူနစ်ပါတီအစိုးရက သူ့အားရုတ်တရက်လွှတ်ပေးလိုက်သည်။ ထိုနေရာဆိုးမှ ထွက်ခွာရသည်ကို ကျိုးကျိယုန် တိတ်တဆိတ် ဝမ်းမြောက်နေခဲ့သည်။ သို့သော်လည်း၊ သူ၏ ညီအစ်ကို ညီအစ်များနှင့်တွေ့ဆုံရန် အသင့်ပြင်ဆင်နေစဉ် အခိုက်မှာပင် ၊ ထူးဆန်းသောအဖြစ်အပျက် တစ်ခုပြီးတစ်ခုဖြစ်လာခဲ့သည်… နောက်ဆုံးတစ်နေ့၌၊ သူ့အားရဲဌာနမှ ထပ်မံဖမ်းဆီးခဲ့သည့်အခါမှသာ၊ အဖြစ်မှန်ကို အပြည့်အစုံ သိရှိသွားတော့သည်။ ထိုကာလအတောအတွင်း တရုတ်ကူမြူနစ်ပါတီရဲဌာနက၊ ငါးကြီးတစ်ကောင်ကို ဖမ်းရန်အတွက် ၊ သူ့အားငါးစာအဖြစ်သုံး၍ ငါးမျှားတံရှည်ဖြင့် တစ်ချိန်လုံးမျှားခေါ်ခဲ့ခြင်းဖြစ်သည်။ တရုတ်ကူမြူနစ်ပါတီ၏ ဘုရားသခင်ကို ဆန့်ကျင်တွန်းလှန်သည့် ဆိုးယုတ်သော သဘောသဘာဝကို ကျိုးကျိယုန်သည် ထောင်သုံးနှစ်စီရင်ချက်ကျခဲ့ခြင်းဖြင့် ပိုမိုနက်နဲစွာသဘောပေါက်သွားခဲ့သည့်အပြင်၊ ၎င်းတို့အား လွန်စွာမုန်းတီးစပြုလာခဲ့သည်။ သမ္မာတရားကိုဆာလောင်မွတ်သိပ်လျက် အလင်းရောင်ကိုပို၍ပင် တမ်းတလာခဲ့ပြီး၊ ရှေ့လမ်းခရီးတွင် အခက်အခဲမည်မျှရှိစေကာမူ ၊ ဘုရားသခင်နောက်သို့လမ်းဆုံးတိုင်လိုက်သွားမည်ဟု စိတ်ပိုင်းဖြတ်ခဲ့သည်။

အကြံပြုစာမျာ: ဆုတောင်ခြင်းအကျင့်နှင့် ပတ်သက်၍

ဇာတ်လမ်းတို (၂) လူ့ဇာတိခံ ဘုရားသခင်ကို ဘယ်လိုနားလည်ကြမလဲ


နောက်ဆုံးသောကာလမှာ၊ ဘုရားသခင်ဟာ လူတွေကို ကယ်တင်ဖို့အတွက် အမှုတော်ပြုဖို့ လူ့ဇာတိခံယူလိုက်ပါပြီ။ ဒါပေမဲ့ ကျွန်ုပ်တို့က လူ့ဇာတိခံခြင်းသမ္မာတရားကို နားမလည်တာကြောင့်၊ လူ့ဇာတိခံ ဘုရားသခင်ကို ပုံမှန်လူတစ်ယောက်လိုပဲ သဘောထားကြတယ်။ ဘုရားသခင်ရဲ့အသံတော်ကို အသိအမှတ်မပြုနိုင်ကြသလို၊ သခင့်ကို ဘယ်လိုကြိုဆိုရမလဲဆိုတာကိုလည်း ပိုလို့တောင် မသိကြဘူး။ ဘုရားသခင်ကို အာခံရှုတ်ချဖို့အတွက် ဘာသာရေးလောကနဲ့ ကြီးစိုးနေတဲ့ ဩဇာတွေနောက် လိုက်နိုင်တဲ့အဆင့်မျိုးအထိတောင် ရောက်နေကြပါပြီ။ ဘုရားသခင်က သခင်ယေရှုအဖြစ် လူ့ဇာတိခံပြီး ကျေးဇူးတော်ခေတ်ရဲ့အမှုတော်ကို ပြုခဲ့ချိန်တုန်းက အခြေအနေမျိုးနဲ့ မကွာခြားတော့ပါဘူး။ ဒါကြောင့် လူ့ဇာတိခံခြင်းသမ္မာတရားကို နားလည်ခြင်းဆိုတာ ဘုရားသခင်ကို သိနားလည်ခြင်းမှာ သော့ချက်ဖြစ်တယ်လို့ ယူဆရပါတယ်။ ဒါဆိုရင် လူ့ဇာတိခံခြင်းဆိုတာ အတိအကျပြောရရင် ဘာလဲ။ လူ့ဇာတိခံခြင်းရဲ့အနှစ်သာရက ဘာလဲ။

များပြားသောအကြံပြုချက်များ

ပရောဖက်ပြုသခင်ယေရှုပြန်ကြွလာခြင်းနှင့် ပတ်သက်သည့် သမ္မာကျမ်းစာထဲမှ ပရောဖက်ပြုခြင်း ၅ခုတို့သည် ပြည့်စုံပြီ

Monday, June 17, 2019

ခရစ်ယာန်ဓမ္မသီချင်း | သခင် ယေရှုကို အတုယူကြစေ

အသက်, သမ္မာတရား, ခရစ်တော်, ဆုတောင်း, ယေရှုသခင်,

ခရစ်ယာန်ဓမ္မသီချင်း | သခင် ယေရှုကို အတုယူကြစေ

ယေရှုသည် ဘုရား၏အလိုတော်ကို ပြည့်စုံစေ ခဲ့၊
လူသားအားလုံးရွေးနှုတ်ကယ်တင်ခြင်းကို ပြည့်စုံစေခဲ့၊
ဘုရား၏ ဆန္ဒကိုစောင့်ရှောက်နိုင်သဖြင့်၊
တစ်ကိုယ်ခေါင်းဆန်သော ရည်ရွယ်ချက်၊စီမံမှုမရှိ
ဘုရားရဲ့အစီအမံကို သူ အဓိကဗဟိုမှာထား
ကောင်းကင်အဖဘုရားထံ သူဆုတောင်းခဲ့
ကောင်းကင်ဘုံအဖဘုရားရဲ့အလိုတော်ကို
ရှာဖွေ၍ သူ အမြဲဆုတောင်း
သင်သည် ယေရှုကဲ့သို့ ဘုရားကို အလုံးစုံပုံအပ်ပြီး
ဇာတိစရိုက်ကို ကျောခိုင်းပါက
ဘုရားသည်သူ့ကိုအစေခံနိုင်ရန်
သင့်အားအရေးကြီးသောတာဝန်များ ပေးအပ်လိမ့်မည်

အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် | အသက်တာ အတွေ့အကြုံ ဆောင်းပါး | အလည်လွန်သည့် နှလုံးသားတစ်ခု အိမ်ပြန်လာသည်

အသက်, သမ္မာတရား, ခရစ်တော်, သခင်ယေရှု, ဆုတောင်း,

နိုဗို ဖိလစ်ပိုင်

ကျွန်တော့်နာမည်က နိုဗိုဖြစ်ပြီး၊ ကျွန်တော်က ဖိလစ်ပိုင်ကပါ။ ကျွန်တော်ငယ်စဉ်ကတည်းက ကျွန်တော့်အမေ၏ ဘုရားသခင်ကို ယုံကြည်မှုအတိုင်း နောက်လိုက်ခဲ့ပြီး၊ အသင်းတော်မှာ ဒေသနာတော်များအား ကျွန်တော့် မောင်နှမ များနှင့် သွားနားထောင်ခဲ့သည်။ ကျွန်တော့်က သခင့်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့သော်လည်း၊ မည်သည့်ပြောင်းလဲမှုကိုမျှ ကြုံရခဲ့ခြင်းမရှိပဲနှင့်၊ မယုံကြည်သူတစ်ယောက်နှင့် တူသည်ဟု ခံစားခဲ့ရပါသည်။ကျွန်တော့်နှလုံးသားတွင်း၌ ငွေမည်သို့ပိုရှာရမည့်အကြောင်း၊ ကျွန်တော့် နေ့ရက်များကို သက်တောင့်သက်သာဖြင့် မည်သို့ကုန်လွန်စေမည့်အကြောင်းနှင့် ကောင်းမွန်သည့် ဘဝတစ်ခုကို မည်သို့ပျော်မွေ့မည့် အကြောင်းတို့ကိုသာ အဆက်မပြတ် စဉ်းစားနေခဲ့သည်။ ထို့ထက်ပိုပြီးလျှင်၊ ကျွန်တော့် မိတ်ဆွေများနှင့် တစ်ချိန်လုံး အပြင်ထွက် သောက်စားပြီး၊ ငွေအနည်းငယ် အပိုအလျှံရှိသည်နှင့် လောင်းကစားသွားလုပ်ပါတော့သည်။ ဤအရာများကို လုပ်ဆောင်ခြင်းသည် သခင့်အလိုတော်နှင့် ဆန့်ကျင်နေကြောင်းကို ကျွန်တော် သိခဲ့သော်လည်း၊ ကျွန်တော်က သခင့်ကို မကြာခဏ ဆုတောင်းပြီး၊ ကျွန်တော့် အပြစ်များအတွက် ဝန်ခံခဲ့သည့်အပြင်၊ ထိုနေ့မှစပြီး ထိုအကျင့်ဆိုးများကို စွန့်လွှတ်ကာ၊ လုံးဝ အပြစ်အကျူးလွန်တော့မည့် အကြောင်းကို ကိုယ်တော့်ထံတွင် ပြတ်သားစွာ စိတ်ပိုင်းဖြတ်ခဲ့ပါသည်။ သို့သော်လည်း ကျွန်တော့် မိတ်ဆွေများ၏ မြှောက်ပင့်ခယမှုနှင့် ဆွဲဆောင်မှုတို့ဖြင့် ကျွန်တော်သည် ကိုယ့်ကိုကိုယ် တကယ်ကို ထိန်းချုပ်နိုင်ခြင်းမရှိခဲ့ပါ။ ထို့အပြင် ကျွန်တော်သည် ပို၍ပို၍ အကျင့်ပျက်သောသူ ဖြစ်လာကာ၊ ကျွန်တော့် နှလုံးသားသည် ဘုရားသခင်နှင့် ဝေးသည်ထက်ဝေးလာခဲ့သည်မှာ၊ ကျွန်တော့် ဆုတောင်းချက်များတွင် ရိုးသားမှု လုံးဝ မရှိတော့ပါ။ သီတင်းပတ်တိုင်း ကျွန်တော်က ရိုးရှင်းသော ဆုတောင်းခြင်းများကို ပြီးစလွယ် ဆိုခဲ့သည်။ သခင်ပြန်ကြွလာသည့်အချိန်တွင် ကိုယ်တော်က လူတစ်ယောက်ချင်းစီကို သူတို့၏ လုပ်ရပ်များနှင့် အမူအကျင့်များပေါ်တွင် အခြေခံပြီး သူတို့ ကောင်းကင်ဘုံသို့ တက်မည် သို့မဟုတ် ငရဲသို့ဆင်းမည်ကို တရားစီရင်မည် ဖြစ်ကြောင်း သိခဲ့သည်နှင့်အညီ တစ်ခါတစ်ရံတွင် ကျွန်တော်က အမှန်တကယ် စိတ်ပျက်မှုကို ခံစားခဲ့ရသည်။ ကျွန်တော်သည် ကိုယ်ကျင့်တရားပျက်လွန်းသောကြောင့် ဘုရားသခင်က ကျွန်တော့်ကို ထပ်မံခွင့်လွှတ်မည်မဟုတ်ဟုလည်း ခံစားခဲ့ရသည်။ နောက်ပိုင်းတွင် ကျွန်တော် အိမ်ထောင်ပြုပြီး၊ သားသမီးများ ရရှိလာခဲ့သည့်အပြင်၊ ကျွန်တော်တွေးသမျှမှာ ကျွန်တော့်ဇနီးနှင့် ကျွန်တော့် သားသမီးများအကြောင်းသာ ဖြစ်ခဲ့သည်။ ကျွန်တော်၏ ယုံကြည်မှုကို ကျွန်တော် မေ့ထားလိုက်သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ကျွန်တော့် သားသမီးများအတွက် ပိုမိုကောင်းမွန်သည့် အနာဂတ်တစ်ခု ထောက်ပံ့ပေးရန် နှင့် ချမ်းသာလာရန် ကျွန်တော့် ဆန္ဒကို ပြည့်မြောက်စေရန်၊ ကျွန်တော်က နိုင်ငံခြားသို့သွားရောက်ရန် ဆုံးဖြတ်ခဲ့သည်မှာ ကျွန်တော် ထိုင်ဝမ်သို့ ရောက်ရှိလာခြင်း အကြောင်းအရင်းပင် ဖြစ်ပါသည်။ အလုပ်တစ်ခုရရှိပြီးသော်လည်း ကျွန်တော်သည် ဘဝနေထိုင်မှုပုံစံ အပြောင်းအလဲများ မပြုလုပ်ခဲ့သေးပါ။ ကျွန်တော့် အားလပ်ချိန်တွင် ကျွန်တော်သည် သောက်စားရန် နှင့် ကာရာအိုကေ သီဆိုရန်အတွက် လုပ်ဖော်ကိုင်ဖက်များဖြင့် သွားလေ့ရှိပြီး၊ မြူးထူးပျော်ရွှင်သည့် ဘဝတစ်ခုဖြင့် အသက်ရှင်နေထိုင်နေခဲ့သည်။ ကျွန်တော်သည် ဘုရားသခင်ကို ကျွန်တော်၏ ယုံကြည်ခြင်းအား ချောင်ထိုးပြီးမေ့ထားလိုက်သည်မှာ ကြာခဲ့ပြီဖြစ်သည်။

Sunday, June 16, 2019

ဘုရားသခင်၏ နှုတ်ကပတ်တော် (အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည်) အပိုင်း နှစ်



အနန္တတန်ခိုးရှင်ဘုရားသခင်ပြောသည်- "နောက်ဆုံးသောကာလတွင် ဘုရားသခင်သည် လူသားကို စုံလင်စေရန်အတွက် နှုတ်ကပတ်တော်ကို အဓိကအားဖြင့် အသုံးပြုနေသည်။ ဘုရားသခင်သည် လူသားကို ဖိနှိပ်ဖို့အတွက် သို့မဟုတ် လူသားလက်ခံအောင် လုပ်ဖို့အတွက် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို အသုံးမပြုပေ။ ထိုသို့ လုပ်ဆောင်ခြင်းသည် ဘုရားသခင်၏ တန်ခိုးကို မထင်ရှားစေနိုင်ပါ။ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကိုသာ ဘုရားသခင်ပြနေလျှင် ဘုရားသခင်၏ လက်တွေ့ အရှိသဘောကို ပြဖို့ခက်မည်ဖြစ်ပြီး ထိုသို့ခက်သောကြောင့် လူသားကို စုံလင်အောင် ပြုလုပ်ပေးဖို့ ဖြစ်နိုင်မည် မဟုတ်ပေ။ ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများအားဖြင့် လူသားကို စုံလင်အောင် မလုပ်ပေးပါ။ လူသားကို ရေလောင်းပေးရန်နှင့် ထိန်းကျောင်းရန်အတွက် ဘုရားသခင်သည် နှုတ်ကပတ်တော်ကို အသုံးပြုသည်။ နှုတ်ကပတ်တော်ကို အသုံးပြုပြီးနောက် လူသားက ဘုရားသခင်ကို အပြည့်အဝ နာခံနိုင်အောင်၊ ဘုရားသခင်ကို သိသောအသိ ပြည့်စုံအောင် လုပ်ပေးသည်။ ဘုရားသခင်လုပ်သည့် အလုပ်နှင့် ဘုရားသခင် ပြောသည့် နှုတ်ကပတ်တော်များ၏ ရည်ရွယ်ချက်သည် ထိုသို့ လုပ်ဆောင်ဖို့ဖြစ်သည်။ ဘုရားသခင်သည် လူသားကို စုံလင်အောင် ပြုလုပ်ပေးဖို့အတွက် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို အသုံးပြုသည့် နည်းလမ်းကို မသုံးပါ၊ လူသားကို စုံလင်အောင် ပြုလုပ်ပေးဖို့အတွက် သူပြောသည့် နှုတ်ကပတ်တော်များနှင့် အလုပ်လုပ်နည်း မျိုးစုံကို အသုံးပြုသည်။ စစ်ဆေးသည့် အလုပ်ဖြစ်စေ၊ ဆုံးမသည့် အလုပ်ဖြစ်စေ၊ ပြုပြင်သည့် အလုပ်ဖြစ်စေ၊ နှုတ်ကပတ်တော်များပြောသည့် အလုပ်ဖြစ်စေ၊ ဘုရားသခင်သည် ရှုထောင့်အမျိုးမျိုးမှ ပြောဆိုပြီး လူသားကို စုံလင်အောင်၊ ဘုရားသခင်၏ အလုပ်၊ ဉာဏ်ပညာနှင့် အထူးတလည် ကောင်းမြတ်မှုကို သိသောအသိ လူသား၌ ပိုများလာအောင် ပြုလုပ်ပေးသည်။ နောက်ဆုံးသောကာလ၌ ဘုရားသခင်သည် ခေတ်ကို အဆုံးသတ်ပြီး လူသားကို ပြည့်စုံစေသောအခါ လူသားသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မျှော်လင့်ဖို့အတွက် အရည်အချင်း ပြည့်မီနေလိမ့်မည်။ … နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ဘုရားသခင် ပြသည့်အချိန်သည် လူသားကို အပြစ်ပေးသည့်အချိန်၊ ခေတ်ပြောင်းလဲသည့် အချိန်၊ ခေတ်အဆုံးသတ်သည့် အချိန်ဖြစ်သည်။ ဘုရားသခင်၏ အလုပ်ကို ပုံမှန်လုပ်ဆောင်နေသော အချိန်၌ သူသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မပြပါ။"

များပြားသောအကြံပြုချက်များ

ဆုတောင်းခြင်းအကျင့်နှင့် ပတ်သက်၍