ဘုရားသခင်အတွက်သက်သေခံပြီး အဆင်းနီသော နဂါးကြီးကို အရှက်ရစေရန်အတွက် သင့်မှာ နိယာမတစ်ခုနှင့် အခြေအနေတစ်ခုရှိရမည်။ ထိုအရာမှာ သင့်စိတ်နှလုံးထဲ၌ ဘုရားသခင်ကိုချစ်၍ နှုတ်ကပတ်တော်ထဲသို့ ဝင်ရောက်ရမည် ဖြစ်သည်။ အကယ်၍ သင်သည် နှုတ်ကပတ်တော်ထဲသို့ မဝင်ရောက်ပါက စာတန်ကို အရှက်ရစေနိုင်မည် မဟုတ်ပေ။ သင့်အသက်တာကြီးထွားခြင်းအားဖြင့် သင်သည် အဆင်းနီသော နဂါးကြီးကို ငြင်းပယ်စွန့်ပစ်၍ လုံးဝအရှက်ရစေသော အခါမှသာလျှင် အဆင်းနီသော နဂါးကြီး အမှန်တကယ် အရှက်ကွဲလိမ့်မည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုပိုမို လက်တွေ့ကျင့်သုံးရန် လိုလားလေလေ ဘုရားသခင်ကို သင်ချစ်၍ အဆင်းနီသော နဂါးကြီးကို သင်ရွံ့မုန်းကြောင်း သက်သေမှာ ကြီးမားလေလေဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်နာခံလေလေ သမ္မာတရားကို သင်ဆာငတ်တောင့်တကြောင်း သက်သေကြီးမားလေလေဖြစ်သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို မဆာငတ် မတောင့်တသောသူများသည် အသက်မရှိ သူများဖြစ်ကြသည်။ ထိုသူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ ပြင်ပတွင်ရှိနေကြသူများ ဖြစ်ကြပြီး ဘာသာတရားနှင့် သက်ဆိုင်သူများ ဖြစ်ကြသည်။ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ခြင်းအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ပိုမိုနက်နဲစွာ သိနားလည်ကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော် ကို သင်မဆာငတ် မတောင့်တပါက ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စစ်မှန်စွာ သင်မစားသောက်နိုင်ဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်မသိပါက သင်သည် ဘုရားသခင်အတွက်သက်သေခံရန် သို့မဟုတ် ဘုရားသခင်ကို စိတ်ကျေနပ်စေရန် နည်းလမ်း မရှိပါချေ။
အနန္တတန်ခိုးရှင် ဘုရားသခင်ကပြောသည်၊ "ျွန်ုပ်တို့သည် ဘုရားသခင်၏အလို၊ ဘုရားသခင် ပြောသောစကားနှင့် ဘုရားသခင်၏ အသံကို ရှာဖွေရပါမည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ အသစ်သော စကားများရှိသော နေရာ၌ ဘုရားသခင်၏အသံ ရှိပြီး ဘုရားသခင်၏ ခြေရာများရှိသောနေရာ၌လည်း ဘုရားသခင်၏ လုပ်ဆောင်မှုများ ရှိသောကြောင့်ဖြစ်သည်။ ဘုရားသခင်ကို ဖော်ပြသောနေရာ၌ ဘုရားသခင် ထင်ရှားဖော်ပြပြီး ထိုနေရာသည် လမ်းခရီး၊ သမ္မာတရားနှင့် အသက်လည်းရှိသည့်နေရာ ဖြစ်သည်။"
Thursday, January 31, 2019
Wednesday, January 30, 2019
ခရစ်ယာန်ဘာသာ ရုပ်ရှင် (ဘာသာရေးဖာရိရှဲတို့၏ အနှစ်သာရကို မည်သို့ ချင့်ချိန်ရမည့် နည်းလမ်း) ရုပ်ရှင်ဇာတ်လမ်းတိုများ
2019 Myanmar Gospel Movie Clip 1 (ဘာသာရေးဖာရိရှဲတို့၏ အနှစ်သာရကို မည်သို့ ချင့်ချိန်ရမည့် နည်းလမ်း)
သင်းအုပ်ဆရာများ နှင့် ဘာသာရေးလောကမှ အကြီးအကဲများ သည် အသင်းတော်များ တွင် ဘုရားသခင်အား အစေခံသော သူများ ဖြစ်ကြသည်။ သူတို့သည် ကျမ်းစာ ကို မကြာခဏ ဖတ်ပြီး၊ ယုံကြည်သူများ အား တရားဟောကြား ကာ၊ ၎င်းတို့အတွက်ဆုတောင်းပြီး၊ ၎င်းတို့အား အကြင်နာ မေတ္တာပြကြသော်လည်း၊ အဘယ့်ကြောင့် ကျွနု်ပ်တို့သည် ထိုသူတို့အား သူတော်ကောင်းယောင်ဆောင်သော ဖာရိရှဲများ ဟုပြောကြသနည်း။ အထူးသဖြင့် သခင် ပြန်လာခြင်း အပေါ် ချဉ်းကပ်ပုံနှင့်စပ်ဆိုင်၍ သူတို့သည် မရှာဖွေပဲ မည်သည့်အရာကိုမျှ မဆန်းစစ်ရုံသာမက၊ ဆန့်ကျင်ဖက်အား ဖြင့်၊ ရိုင်းစိုင်းစွာ အာခံကာ အနန္တတန်ခိုးရှင် ဘုရားသခင် ၏ အမှုတော်ကို ရှုတ်ချကြသည်။ ဤအရာသည် အဘယ့်ကြောင့် ဖြစ်ရသနည်း။
Tuesday, January 29, 2019
ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်
အစအဦး၌ ဘုရားသခင်သည် အနားယူလျက် ရှိနေခဲ့သည်။ ထိုအချိန်က ကမ္ဘာမြေကြီးပေါ်တွင် လူသားများ သို့မဟုတ် အခြားမည်သည့်အရာမျှ မရှိခဲ့ပေ၊ ထို့ပြင် ဘုရားသခင်သည် မည်သည့်အလုပ်ကိုမျှ မလုပ်ဘဲ ရှိနေခဲ့သည်။ ဘုရားသခင်သည် သူ၏စီမံခန့်ခွဲမှုအလုပ်ကို လူသားတည်ရှိလာပြီး လူသားဖောက်ပြန်ပျက်စီးလာခဲ့ချိန်မှသာ စတင်ခဲ့သည်။ ထိုအချိန်မှစ၍ ဘုရားသခင်သည် မည်သည့်အခါမျှ အနားမယူတော့ဘဲ လူသားများအကြားတွင် သူကိုယ်တိုင် စတင်၍ အလုပ်များနေခဲ့သည်။ လူသား၏ ဖောက်ပြန်ပျက်စီးမှုကြောင့် ဘုရားသခင်သည် အနားမယူတော့ခြင်းဖြစ်ပြီး၊ ကောင်းကင်တမန်မင်း၏ ပုန်ကန်မှုကြောင့်လည်း ဘုရားသခင်သည် အနားမယူတော့ခြင်း ဖြစ်သည်။ အကယ်၍ ဘုရားသခင်သည် စာတန်ကို နှိမ်နင်းပြီး ဖျက်ဆီးခြင်းခံရသည့် လူသားကို မကယ်တင်ပါက ဘုရားသခင်သည် အနားယူခြင်းထဲသို့ မည်သည့်အခါမျှ နောက်တစ်ကြိမ် ဝင်ရောက်နိုင်မည်မဟုတ်ပေ။ လူသားသည် အနားယူခြင်း ကင်းမဲ့သကဲ့သို့ ဘုရားသခင်သည်လည်း အလားတူပင်ဖြစ်သည်။ ဘုရားသခင်သည် အနားယူခြင်းထဲသို့ နောက်တစ်ကြိမ် ဝင်ရောက်သည့်အခါ လူသားသည်လည်း အနားယူခြင်းထဲသို့ ဝင်ရောက်လိမ့်မည်။ အနားယူနေသည့် အသက်တာတွင် စစ်ပွဲမရှိ၊ ညစ်ညမ်းမှုမရှိ၊ မဆုတ်မနစ်သော မဖြောင့်မတ်မှုတို့ မရှိချေ။ စာတန်၏ နှောင့်ယှက်ခြင်း (ဤနေရာတွင် "စာတန်" သည် ရန်လိုသော အင်အားစုများကိုရည်ညွှန်းသည်)၊ စာတန်၏ ဖောက်ပြန်ပျက်စီးခြင်းသာမက ဘုရားသခင်ကို ဆန့်ကျင်သော အင်အားစုတစ်ခုခု၏ ကျူးကျော်ခြင်းတစ်ခုမျှ မရှိကြောင်းဆိုလိုသည်။ အရာအားလုံးသည် ကိုယ့်အမျိုးအစားနောက်ကိုယ်လိုက်ကြပြီး ဖန်ဆင်းခြင်း၏သခင်ကို ကိုးကွယ်ကြသည်။ ကောင်းကင်နှင့်မြေကြီးသည် အကြွင်းမဲ့ ငြိမ်သက်အေးချမ်းလျက်ရှိသည်။ ယင်းမှာ လူသားတို့၏ အနားယူခြင်းနှင့်ပြည့်သော အသက်တာဖြစ်သည်။ ဘုရားသခင်သည် အနားယူခြင်းထဲသို့ ဝင်ရောက်သည့်အခါ မဖြောင့်မတ်မှုသည် ကမ္ဘာမြေကြီးပေါ်တွင် ဆက်လက်တည်ရှိမည်မဟုတ်ဘဲ ရန်လိုသော အင်အားစုတို့၏ ကျူးကျော်မှုလည်း ရှိတော့မည်မဟုတ်ချေ။ လူသားတို့သည်လည်း နယ်ပယ်သစ်သို့ ဝင်ရောက်ကြလိမ့်မည်။ သူတို့သည် စာတန်၏ ဖျက်ဆီးခြင်းခံထားရသော လူသားများ ဖြစ်ကြတော့မည်မဟုတ်ဘဲ စာတန်၏ ဖျက်ဆီးခြင်းခံရပြီးနောက် ကယ်တင်ခြင်းခံရသော လူသားများ ဖြစ်ကြလိမ့်မည်။ လူသားတို့ အနားယူသောရက်သည် ဘုရားသခင်၏ အနားယူသောရက်လည်း ဖြစ်သည်။ လူသား၏ အနားယူခြင်းထဲသို့ ဝင်ရောက်နိုင်စွမ်းမရှိခြင်းကြောင့် ဘုရားသခင်သည် သူ၏အနားယူခြင်းကို ဆုံးရှုံးခဲ့သည်။ သူသည် မူလကတည်းက အနားမယူနိုင်ခဲ့ခြင်းမျိုး မဟုတ်ပေ။ အနားယူခြင်းထဲသို့ ဝင်ရောက်မှုဆိုသည်မှာ အလုံးစုံသော အရာတို့ ရပ်တန့်သွားခြင်း သို့မဟုတ် အလုံးစုံသော အရာတို့ ဖွံ့ဖြိုးမှု မရှိတော့ခြင်းကို မဆိုလိုသကဲ့သို့ ဘုရားသခင်က အလုပ်လုပ်မှု ရပ်တန့်သွားခြင်း သို့မဟုတ် လူသားများ အသက်ရှင်မှု မရှိတော့ခြင်းကိုလည်း မဆိုလိုပေ။ အနားယူခြင်းထဲသို့ ဝင်ရောက်သည့် လက္ခဏာမှာ ဤသို့ဖြစ်သည်၊ စာတန်သည် ဖျက်ဆီးခြင်းခံခဲ့ရသည်၊ စာတန်၏ မကောင်းမှုပြုခြင်းတွင် ၎င်းနှင့် ပါဝင်ကြသော ထိုကောက်ကျစ်စဉ်းလဲသူများသည် အပြစ်ဒဏ်ပေးခြင်းခံရကာ ဖယ်ရှားခံခဲ့ရသည်၊ ဘုရားသခင်ကို ရန်လိုသည့် အင်အားစုအားလုံးသည် တည်ရှိခြင်း မရှိကြတော့။ အနားယူခြင်းထဲသို့ ဘုရားသခင်ဝင်ရောက်ခြင်း ဆိုသည်မှာ လူသားများအား ကယ်တင်ခြင်းအမှုကို သူမလုပ်ဆောင်တော့ခြင်းကို ဆိုလိုသည်။ အနားယူခြင်းထဲသို့ လူသားတို့ ဝင်ရောက်ခြင်းဆိုသည်မှာ လူသားအားလုံးတို့သည် ဘုရားသခင်၏အလင်းအတွင်းနှင့် သူ၏ကောင်းချီးမင်္ဂလာအောက်တွင် နေထိုင်ခြင်းကို ဆိုလိုသည်။ စာတန်၏ ဖျက်ဆီးခြင်းတို့ ရှိတော့မည်မဟုတ်သကဲ့သို့ မဖြောင့်မတ်သော အရာများလည်း ဖြစ်ပေါ်တော့မည်မဟုတ်ချေ။ လူသားတို့သည် ကမ္ဘာမြေကြီးပေါ်တွင် ပုံမှန်နေထိုင်ကြလိမ့်မည်ဖြစ်ပြီး၊ သူတို့သည် ဘုရားသခင်၏ စောင့်ရှောက်မှုအောက်တွင် နေထိုင်ကြလိမ့်မည်။ ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်သည့်အခါ လူသားတို့သည် ကယ်တင်ခြင်းခံရပြီးဖြစ်ပြီး စာတန်သည်လည်း ဖျက်ဆီးခြင်းခံရပြီး ဖြစ်ကာ လူသားတို့အကြား ဘုရားသခင်၏အမှု လုံးဝဥဿုံပြီးဆုံးသွားပြီဟု အဓိပ္ပာယ်ရလိမ့်မည်။ ဘုရားသခင်သည် လူတို့အကြားတွင် အလုပ်ဆက်လုပ်တော့မည် မဟုတ်ဘဲ၊ လူသားတို့သည်လည်း စာတန်၏ အုပ်စိုးမှုအောက်တွင် နေထိုင်ကြတော့မည်မဟုတ်ပေ။ သို့ဖြစ်ရာ ဘုရားသခင်သည် ဆက်လက်အလုပ်မများတော့ဘဲ လူသားသည်လည်း ဟိုဟိုသည်သည် ပြေးလွှားလှုပ်ရှားတော့မည် မဟုတ်ပေ။ ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ တစ်ပြိုင်နက် ဝင်ရောက်ကြလိမ့်မည်။ ဘုရားသခင်သည် သူ၏မူလအနေအထားသို့ ပြန်သွားလိမ့်မည်ဖြစ်ပြီး လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်စီတိုင်းသည်လည်း မိမိတို့၏ သက်ဆိုင်ရာနေရာများသို့ ပြန်သွားကြလိမ့်မည်။ ယင်းတို့မှာ ဘုရားသခင်၏ စီမံခန့်ခွဲမှုတစ်ခုလုံး ပြီးဆုံးပြီးသည့်နောက်တွင် ဘုရားသခင်နှင့် လူသားတို့အနေဖြင့် အသီးသီး နေထိုင်သွားကြမည့် ခရီးပန်းတိုင်များဖြစ်သည်။ ဘုရားသခင်၌ ဘုရားသခင်၏ ခရီးပန်းတိုင်ရှိပြီး လူသား၌ လူသား၏ ခရီးပန်းတိုင်ရှိသည်။ အနားယူနေစဉ်အတွင်း ဘုရားသခင်သည် ကမ္ဘာမြေပေါ်မှ လူသားအားလုံးတို့၏ အသက်တာကို ဆက်လက်လမ်းပြမည် ဖြစ်သည်။ ဘုရားသခင်၏ အလင်းအတွင်းရှိနေစဉ် လူသားသည် ကောင်းကင်ဘုံရှိ တစ်ဆူတည်းသော စစ်မှန်သည့် ဘုရားသခင်ကို ကိုးကွယ်လိမ့်မည်။ ဘုရားသခင်သည် လူသားများအကြားတွင် ဆက်လက်နေထိုင်တော့မည်မဟုတ်ဘဲ လူသားသည်လည်း ဘုရားသခင်၏ ခရီးပန်းတိုင်တွင် ဘုရားသခင်နှင့်အတူ နေထိုင်နိုင်မည်မဟုတ်ပေ။ ဘုရားသခင်နှင့် လူသားတို့သည် နယ်ပယ်တစ်ခုထဲတွင် အတူတကွ မနေနိုင်ချေ။ ယင်းအစား နှစ်ဦးစလုံး၌ မိမိတို့၏ သက်ဆိုင်ရာ ကိုယ်ပိုင်နေထိုင်ပုံနည်းဟန်များ ရှိကြသည်။ ဘုရားသခင်သည် လူသားအားလုံးကို လမ်းပြသောသူဖြစ်သော်လည်း လူသားအားလုံးတို့မှာမူ ဘုရားသခင့်စီမံခန့်ခွဲမှုအလုပ်၏ ပုံဆောင်ခဲဖြစ်သည်။ ဦးဆောင်ခြင်းခံရသည်မှာ လူသားဖြစ်သည်၊ အနှစ်သာရအားဖြင့် လူသားသည် ဘုရားသခင်နှင့် မတူပေ။ အနားယူခြင်း၏ အဓိပ္ပာယ်မှာ တစ်ဦးတစ်ယောက်၏ မူလနေရာသို့ ပြန်သွားခြင်းဖြစ်သည်။ သို့ဖြစ်ရာ ဘုရားသခင်က အနားယူခြင်းထဲသို့ ဝင်ရောက်သည့်အခါ၊ ယင်းမှာ ဘုရားသခင်သည် မိမိ၏မူလနေရာသို့ ပြန်သွားခြင်းကို ဆိုလိုသည်။ ဘုရားသခင်သည် ကမ္ဘာမြေကြီးပေါ်တွင် ဆက်လက်နေထိုင်တော့မည်မဟုတ်၊ သို့မဟုတ် လူသားတို့အကြားရှိနေစဉ် လူသားတို့၏ ပျော်ရွှင်မှုနှင့် နာကျင်မှုများကို ဝေမျှခံစားတော့မည် မဟုတ်ပေ။ လူသားသည် အနားယူခြင်းထဲသို့ ဝင်ရောက်သည်ဆိုခြင်းမှာ လူသားသည် စစ်မှန်သည့် ဖန်ဆင်းခြင်းတစ်ခုဖြစ်လာခြင်းကို ဆိုလိုသည်၊ လူသားတို့သည် ဘုရားသခင်ကို ကမ္ဘာမြေပေါ်မှ ကိုးကွယ်ကြလိမ့်မည်ဖြစ်ပြီး ပုံမှန်လူသားအသက်တာများ ရှိကြလိမ့်မည်။ လူတို့သည် ဘုရားသခင်ကို နာမခံခြင်း သို့မဟုတ် ဘုရားသခင်ကို ဆန့်ကျင်ခြင်းတို့ ရှိတော့မည် မဟုတ်ပေ။ သူတို့သည် အာဒံနှင့် ဧဝတို့၏ မူလဘဝသို့ ပြန်သွားကြလိမ့်မည်။ ယင်းတို့မှာ အနားယူခြင်းထဲသို့ ဝင်ရောက်ပြီးနောက်တွင် ဘုရားသခင်နှင့် လူသားတို့၏ သက်ဆိုင်ရာ ဘဝများနှင့် ခရီးပန်းတိုင်များ ဖြစ်ကြသည်။ ဘုရားသခင်နှင့် စာတန်တို့အကြား စစ်ပွဲတွင် စာတန်၏ ရှုံးနိမ့်မှုမှာ မလွဲမရှောင်သာသည့် လားရာပင်ဖြစ်သည်။ ဤနည်းအားဖြင့် သူ၏စီမံခန့်ခွဲမှုအလုပ် ပြီးပြည့်စုံပြီးနောက် ဘုရားသခင်သည် အနားယူခြင်းထဲသို့ ဝင်ရောက်ခြင်း၊ လူသား၏ ပြည့်စုံသော ကယ်တင်ခြင်းနှင့် အနားယူခြင်းထဲသို့ ဝင်ရောက်ခြင်းတို့သည်လည်း အလားတူပင် ရှောင်လွဲ၍မရသော လားရာများဖြစ်သည်။ လူသား၏ အနားယူရာအရပ်မှာ ကမ္ဘာမြေကြီးဖြစ်ပြီး၊ ဘုရားသခင်၏ အနားယူရာအရပ်မှာ ကောင်းကင်ဘုံဖြစ်သည်။ လူသားသည် အနားယူလျက် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်စဉ်၊ သူသည်ကမ္ဘာမြေပေါ်တွင် နေထိုင်လိမ့်မည်ဖြစ်ကာ၊ ဘုရားသခင်သည် အနားယူလျက် ကျန်ရှိနေသော လူသားတစ်စိတ်တစ်ပိုင်းကို ဦးဆောင်နေစဉ်၊ သူသည်မြေကြီးပေါ်မှ မဟုတ်ဘဲ ကောင်းကင်ဘုံမှ ထိုသူတို့ကို ဦးဆောင်လိမ့်မည်။ ဘုရားသခင်သည် ဝိညာဉ်အဖြစ် ဆက်လက်ရှိလိမ့်မည်ဖြစ်ပြီး လူသားသည် အသွေးအသားဖြင့် ဆက်လက်ရှိနေလိမ့်မည်။ ဘုရားသခင်နှင့် လူသားတို့ နှစ်ဦးနှစ်ဖက်လုံး၌ သူတို့၏ မတူညီသော သက်ဆိုင်ရာ အနားယူခြင်းနည်းဟန်များ ရှိကြလိမ့်မည်။ ဘုရားသခင် အနားယူနေစဉ် သူသည် လူသားများအကြား လာရောက်၍ ကိုယ်ထင်ပြလိမ့်မည်၊ လူသားအနားယူနေစဉ် လူသားသည် ကောင်းကင်ဘုံသို့ လည်ပတ်ရန်နှင့် ကောင်းကင်ဘုံရှိ အသက်တာကို စံစားရန် ဘုရားသခင်၏ ဦးဆောင်မှုကို ခံရမည်။ ဘုရားသခင်နှင့် လူသားတို့သည် အနားယူခြင်းထဲသို့ ဝင်ရောက်ပြီးသည့်အခါ၊ စာတန်သည် ဆက်လက်တည်ရှိနေတော့မည်မဟုတ်ဘဲ စာတန်ကဲ့သို့ပင် ကောက်ကျစ်စဉ်းလဲသော ထိုလူတို့သည်လည်း ဆက်လက်တည်ရှိတော့မည်မဟုတ်ပေ။ ဘုရားသခင်နှင့် လူသားတို့သည် အနားယူခြင်းထဲသို့ မဝင်ရောက်မီတွင် ကမ္ဘာမြေကြီးပေါ်တွင် ဘုရားသခင်ကို တစ်ချိန်က နှိပ်စက်ညှဉ်းပန်းခဲ့ကြသည့် ကောက်ကျစ်စဉ်းလဲသော ထိုလူပုဂ္ဂိုလ်များတို့နှင့် ဘုရားသခင်ကို မနာခံသော ကမ္ဘာမြေကြီးပေါ်ရှိ ရန်သူတို့သည် ဖျက်ဆီးခံကြရပြီး ဖြစ်လိမ့်မည်။ သူတို့သည် နောက်ဆုံးသောကာလ၏ ကြီးမားသည့် ဘေးအန္တရာယ်တို့၏ ဖျက်ဆီးခြင်းကို ခံကြရပြီးဖြစ်လိမ့်မည်။ ကောက်ကျစ်စဉ်းလဲသော ထိုပုဂ္ဂိုလ်များ လုံးဝဖျက်ဆီးခံရပြီးသည့်နောက်တွင် ကမ္ဘာမြေကြီးသည် စာတန်၏ နှောင့်ယှက်ခြင်းကို မည်သည့်အခါမျှ ထပ်မံကြုံရတော့မည်မဟုတ်ပေ။ လူသားသည် ပြီးပြည့်စုံသော ကယ်တင်ခြင်းကို ရရှိလိမ့်မည်ဖြစ်ပြီး ထိုအခါမှသာလျှင် ဘုရားသခင်၏အမှုသည် အလုံးစုံပြီးဆုံးသွားလိမ့်မည်။ ယင်းတို့မှာ အနားယူခြင်းထဲသို့ ဝင်ရောက်ရန်အတွက် ဘုရားသခင်နှင့် လူသားတို့အနေဖြင့် မရှိမဖြစ်ရှိထားရမည့် လိုအပ်ချက်များ ဖြစ်ကြသည်။
Monday, January 28, 2019
ရုပ်ရှင်ဇာတ်လမ်းတိုများ (နောက်ဆုံးသောကာလ ဘုရားသခင်၏ စီရင်ခြင်းအမှုတော်နှင့်သခင်ယေရှု၏အမှုတော် မည်သို့ကွာခြားသနည်း)
မိတ်ဆွေက သီချင်းနားထောင်ခြင်းကို နှစ်သက်တာ ဖြစ်နိုင်ပါတ ဓမ္မသီချင်းများ
Sunday, January 27, 2019
အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် | ဘုရားသခင်၏ စကားတော် | အခန်း ၂၀
သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုသည် လျင်မြန်စွာ ပွားများလာပြီး လုံးဝသစ်လွင်သော နယ်ပယ်တစ်ခုဆီသို့ သင်တို့ကို ခေါ်ဆောင်လာကာ ထိုအရာသည်လည်း သင်တို့ရှေ့မှောက်သို့ နိုင်ငံတော်အသက်၏ လက်တွေ့အရှိတရား ပေါ်ထွန်းလာခြင်းဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်ပြောသော နှုတ်ကပတ်တော်များသည် သင်တို့၏နှလုံးသားအတွင်း နက်နဲသိမ်မွေ့မှုကို တိုက်ရိုက် ဖွင့်ပြခဲ့ပြီး အကျိုးဆက်အားဖြင့် ပုံရိပ်တစ်ခုပြီးတစ်ခု သင်တို့ရှေ့မှာ ပေါ်ထွန်းလာသည်။ ဖြောင့်မတ်ခြင်းတရားကို ဆာလောင်သော၊ ငတ်မွတ်သောသူများအားလုံး၊ နာခံရန်ဆန္ဒရှိသူများအားလုံးတို့သည် ဇိအုန်တောင်တွင် ဧကန်မုချ ကျန်ရှိနေလိမ့်မည်ဖြစ်ပြီး အသစ်သော ယေရုရှလင်မြို့၌ နေရလိမ့်မည်။ ထိုသူတို့သည် ငါနှင့်အတူ ဘုန်းတန်ခိုးနှင့် ဂုဏ်အသရေကို ဧကန်မုချ ရရှိမည်ဖြစ်ပြီး ငါနှင့်အတူတကွ လှပတင့်တယ်သော ကောင်းချီးမင်္ဂလာများကို ဝေငှလိမ့်မည်။ သင်တို့၏ ဝိညာဉ်မျက်စိများ မပွင့်သေးသောကြောင့် ဝိညာဉ်လောက၌ရှိသော လျှို့ဝှက်နက်နဲသည့်အရာများကို သင်တို့မမြင်ရသေးပေ။ အရာအားလုံးတို့သည် လွန်စွာအံ့ဩဘွယ်ကောင်းပြီး လူတို့တစ်ခါမျှ မစဉ်းစားဘူးသည့် နိမိတ်လက္ခဏာနှင့် အံ့ဩဘွယ်ရာများသည် တဖြည်းဖြည်း ဖြစ်ပေါ်လာလိမ့်မည်။ စကြဝဠာ၏ အစွန်းများနှင့် တိုင်းနိုင်ငံ အသီးသီး၊ လူမျိုးအသီးသီးမှ လူအားလုံးတို့၏ မျက်စိဖြင့် ကိုယ်တိုင်မြင်တွေ့နိုင်ကာ ထိုနေရာ၌ပင် ဘုရားသခင်၏ ဘုန်းအာနုဘော်၊ ဖြောင့်မတ်မှုနှင့် အနန္တတန်ခိုးကြီးမားမှုများ တည်နေကြောင်း မြင်တွေ့စိမ့်သောငှာ အနန္တတန်ခိုးရှင် ဘုရားသခင်သည် သူ၏ အကြီးမြတ်ဆုံးသော တန်ခိုးမျာကို ပြသလိမ့်မည်။ ထိုနေ့ရက်သည် သာ၍နီးကပ်လာပြီဖြစ်သည်။ ယခုအချိန်သည် အလွန်အမင်း အရေးပါသော ကာလတစ်ခုဖြစ်သည်။ သင်နောက်ဆုတ်မည်လော သို့မဟုတ် နောက်ဆုံးသော နေ့ရက်တိုင်အောင် လုံး၀နောက်မလှည့်ဘဲ မြဲမြံစွာဆက်လက်လုပ်ဆောင်မည်လော။ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်ကိစ္စရပ်၊ သို့မဟုတ် မည်သည့်အမှုအရာကိုမျှ မကြည့်နှင့်။ လောကကြီး၊ သို့မဟုတ် သင်၏ခင်ပွန်း၊ သင်၏ကလေးများ သို့မဟုတ် သင်၏အသက်တာနှင့်ပတ်သက်၍ ဒွိဟဖြစ်စေသောအရာများကို မကြည့်နှင့်။ ငါ၏ချစ်ခြင်းမေတ္တာနှင့် ကရုဏာများကိုသာ ကြည့်လော့။ သင်တို့ကို ရယူရန် ငါပေးဆပ်ခဲ့သော အရာများ၊ ငါ၏ ဖြစ်ခြင်းတို့ကိုသာကြည့်လော့။ ထိုအရာများသည် လုံလောက်သောခွန်အားကို ထောက်မပေးလိမ့်မည်။
Saturday, January 26, 2019
ခရစ်ယာန်ဘာသာ ရုပ်ရှင် (ဧဝံဂေလိတရား သယ်ဆောင်လာသော တမန်)
New Myanmar Gospel Movie (ဧဝံဂေလိတရား သယ်ဆောင်လာသော တမန်) | Preach the Everlasting Gospel in the Last Days
အကြံပြုစာများဖတ်ရှုလေ့လာရန်: သမ္မာကျမ်းစာနှင့် ပတ်သက်ပြီး တင်ပြချက် (၄)
Friday, January 25, 2019
ဘုရားသခင်၏ အသံတော် |ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေး မည်ကဲ့သို့ရှိသနည်း။
ဘုရားသခင်ကို ယုံကြည်ရာတွင် သင်သည် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးရှိမှုကိစ္စကို အနည်းဆုံး ဖြေရှင်းရမည်။ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးမရှိပါက ဘုရားသခင်ကို ယုံကြည်ခြင်း၏ အရေးပါမှု ပျောက်ဆုံးသည်။ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေး တည်ဆောက်ခြင်းသည် ဘုရားသခင်၏ ရှေ့မှောက်တွင် သင်၏ စိတ်နှလုံးကို ငြိမ်သက်ခြင်းအားဖြင့် အလုံးစုံရရှိခြင်းဖြစ်သည်။ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေး ဆိုသည်မှာ ဘုရားသခင်၏ မည်သည့်အမှုကိုမဆို သံသယဝင်ခြင်းမျိုး သို့မဟုတ် ငြင်းပယ်မှုတို့ မရှိနိုင်ဘဲ ယင်းကို ဆက်ကပ်ခြင်း ဖြစ်သည်သာမက ဘုရားသခင်၏ ရှေ့မှောက်တွင် မှန်ကန်သော ရည်မှန်းချက်များ ရှိခြင်း၊ သင့်ကိုသင် မစဉ်းစားခြင်း၊ သင်မည်သည့်အရာပင် ပြုနေသည်ဖြစ်စေ ဘုရားသခင်၏ မိသားစု အကျိုးစီးပွားများကို အရေးအကြီးဆုံးအဖြစ် အစဉ်အမြဲထားခြင်း၊ ဘုရားသခင်၏ စောင့်ကြည့်မှုကို လက်ခံခြင်းနှင့် ဘုရားသခင်၏ အစီအမံများကို လိုက်နာခြင်းတို့ဖြစ်သည်။ သင်မည်သည့်အရာကို လုပ်သည်ဖြစ်စေ ဘုရားသခင်၏ ရှေ့မှောက်တွင် သင်၏ စိတ်နှလုံးကို ငြိမ်သက်စွာထားနိုင်သည်။ ဘုရားသခင်၏ အလိုတော်ကို သင်နားမလည်သည့်တိုင်အောင် သင်၏တာဝန်နှင့် ဝတ္တရားများကို သင်စွမ်းဆောင်နိုင်သမျှ အကောင်းဆုံး ဖြည့်ဆည်းပေးနေရမည်။ ဘုရားသခင်၏ အလိုတော်ကို သင့်အား ပြသခြင်းကို စောင့်စားရန် အချိန်နှောင်းလွန်းခြင်းမရှိသောကြောင့် ယင်းကို လက်တွေ့ လုပ်ဆောင်ရမည်။ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်ဖြစ်လာသည့်နောက်တွင် သင်သည် အခြားသူများနှင့်လည်း ပုံမှန်ဆက်ဆံရေး ရရှိလာလိမ့်မည်။ အရာခပ်သိမ်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြေပြုပြီး တည်ဆောက်ထားသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းအားဖြင့်၊ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ လက်တွေ့လုပ်ဆောင်လျက် သင်၏အမြင်ကို မှန်ကန်စွာထားကာ ဘုရားသခင်ကို ဆန့်ကျင်သော သို့မဟုတ် အသင်းတော်ကို နှောင့်ယှက်သော အရာများကို မလုပ်ဆောင်နှင့်။ ညီအစ်ကို မောင်နှမများ၏ ဘဝအသက်တာများအတွက် အကျိုးမရှိသော အရာများကို မလုပ်နှင့်၊ အခြားသူများအတွက် အကျိုးမရှိသော အရာများကို မပြောနှင့်။ ရှက်ဖွက်ကောင်းသော အရာများကို မလုပ်နှင့်။ အရာရာကို မျှမျှတတနှင့် ဂုဏ်သိက္ခာရှိစွာ လုပ်ဆောင်ပြီး ဘုရားသခင်၏ ရှေ့မှောက်တွင် ယင်းတို့ကို တင့်တယ်စေလော့။ တစ်ခါတစ်ရံတွင် လူ့ဇာတိသည် အားနည်းတတ်သော်လည်း၊ သင်သည် ဘုရားသခင်၏ မိသားစု အကျိုးဖြစ်ထွန်းစေရေးကို အရေးအကြီးဆုံးအရာအဖြစ် အလေးထားနိုင်ကာ သင်၏ ကိုယ်ပိုင်အကျိုးစီးပွားကို မမျှော်ကိုးဘဲ ဖြောင့်မတ်ခြင်းတရားကို လုပ်ဆောင်နိုင်၏။ ဤနည်းလမ်းအတိုင်း သင်လက်တွေ့လုပ်ဆောင်နိုင်ပါက ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် ပုံမှန်ဖြစ်လိမ့်မည်။
Thursday, January 24, 2019
ဘုရားသခင်၏ နှုတ်ကပတ်တော် (ဘုရားသခင်သည် လူသားအားလုံး၏ ကံကြမ္မာကို ထိန်းချုပ်ထား၏)
အနန္တတန်ခိုးရှင်ဘုရားက ပြောသည် "ဘုရားသခင်သည် ဤကမ်ဘာကြီးကို ဖန်ဆင်းတော်မူခဲ့သည်၊ ဘုရားသခင်သည် ဤလူသားသတ္တဝါကို ဖန်ဆင်းတော်မူခဲ့သည်၊ ထို့အပြင် ကိုယ်တော်သည် ရှေးဂရိယဉ်ကျေးမှုနှင့် လူသားယဉ်ကျေးမှုတို့၏ ဗိသုကာလည်း ဖြစ်ခဲ့ပါသည်။ ဘုရားသခင်သည်သာ ဤလူသားများကို နှစ်သိမ့်မှုပေးပြီး ဘုရားသခင်သည်သာ ဤလူသားများကို နေ့ရောညပါ စောင့်ရှောက်လျက်ရှိပါသည်။ လူသားများ၏ ဖွံ့ဖြိုးမှုနှင့် အဆင့်ဆင့် တိုးတက်လာမှုဖြစ်စဉ်သည် ဘုရားသခင်၏ အချုပ်အခြာ အာဏာတော်မှ ခွဲထုတ်၍မရနိုင်သည့်အပြင် လူသားများ၏ သမိုင်းဖြစ်စဉ်နှင့် နောင်အနာဂတ်သည်လည်း ဘုရားသခင်၏ အကြံအစည်တော်များမှ ခွဲခြား၍ မရနိုင်ပါ။ သင်သည် ခရစ်ယာန်စစ်စစ်တစ်ဦး ဖြစ်ပါက မည်သည့်တိုင်းနိုင်ငံမဆို၏ တိုးတက်ခြင်းနှင့် ကျဆုံးခြင်းတို့မှာ ဘုရားသခင်၏ အကြံအစည်တော်များအရ ဖြစ်ကြောင်းကို သင် အသေအချာ ယုံကြည်ပါလိမ့်မည်။ ဘုရားသခင် တစ်ပါးတည်းသာလျှင် တိုင်းနိုင်ငံတို့၏ ကံကြမ္မာကိုသိပြီး ဘုရားသခင်သည်သာ ဤလူသားတို့၏ ဦးတည်ရာလမ်းကြောင်းကို ထိန်းချုပ်ထားသည်။ အကယ်၍ လူသားတို့က ကံကြမ္မာကောင်းကို ပိုင်ဆိုင်လိုလျှင်၊ တိုင်းနိုင်ငံတစ်ခုက ကံကြမ္မာကောင်းကို ပိုင်ဆိုင်လိုလျှင်၊ လူသားများသည် ဘုရားသခင်ရှေ့တွင် ပျပ်ဝပ်ကိုးကွယ်လျက် နောင်တတရားဖြင့် အပြစ်များကို ဝန်ချတောင်းပန်ရမည် သို့မဟုတ်ပါက လူသားများ၏ ကံကြမ္မာနှင့် ခရီးပန်းတိုင်မှာ ကပ်ဘေးထဲ၌ မလွှဲမရှောင်သာ လမ်းဆုံးလိမ့်မည် ဖြစ်ပေသည်။"
အသိပညာမျာ: အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် - နိုင်ငံတော်၏ ဧဝံဂေလိသတင်း
Wednesday, January 23, 2019
ဘုရားသခင့်နှုတ်ကပတ်တော် အမှု၏ အရေးပါမှု
ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ -
နိုင်ငံတော်ခေတ်တွင် ဘုရားသခင်သည် ခေတ်သစ်တစ်ခုကို အစပျိုးရန်၊ သူအလုပ် လုပ်သည့် နည်းလမ်းများကို ပြောင်းလဲရန်နှင့် ခေတ်တစ်ခေတ်လုံးအတွက် အလုပ်လုပ်ရန် သူ၏ နှုတ်ကပတ်တော်ကို အသုံးပြုသည်။ ဤသည်မှာ နှုတ်ကပတ်တော်ခေတ်၌ ဘုရားသခင် အလုပ်လုပ်ရာတွင် အသုံးပြုသည့် နိယာမဖြစ်သည်။ လူ့ဇာတိ၌ ပေါ်လာသော နှုတ်ကပတ်တော်ဖြစ်သည့် ဘုရားသခင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် ချီးမွမ်းအံ့သြဖွယ် ကောင်းသောအရာကို အမှန်တကယ် မြင်နိုင်စွမ်းရှိစေလျက် ရှုထောင့်အမျိုးမျိုးမှ စကားပြောရန်အလို့ငှာ လူဇာတိကိုခံယူခဲ့သည်။ လူကို သိမ်းပိုက်ရန်၊ စုံလင်စေရန်၊ သုတ်သင်ဖယ်ရှားရန်အတွက် သူချမှတ်ထားသည့် ရည်မှန်းချက်ပန်းတိုင်များ ပိုမိုကောင်းမွန်စွာ ထမြောက်အောင်မြင်စေရန်အလို့ငှာ ထိုသို့သောအလုပ်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ နှုတ်ကပတ်တော်ခေတ်၌ အလုပ်လုပ်ရန် နှုတ်ကပတ်တော်ကို အသုံးပြုရခြင်း၏ စစ်မှန်သော အဓိပ္ပာယ်ဖြစ်သည်။ နှုတ်ကပတ်တော်အားဖြင့် လူသည် ဘုရားသခင်၏အလုပ်၊ ဘုရားသခင်၏ စိတ်သဘောထား၊ လူ၏ အနှစ်သာရနှင့် လူသည် မည်သည့်အရာထဲ ဝင်ရောက်သင့်သည်တို့ကို သိလာသည်။ နှုတ်ကပတ်တော်ခေတ်၌ ဘုရားသခင်လုပ်ရန် ဆန္ဒရှိသော အလုပ်အားလုံးကို ဘုရားသခင်သည် နှုတ်ကပတ်တော်အားဖြင့် အထမြောက်စေခဲ့သည်။ နှုတ်ကပတ်တော်အားဖြင့် လူကို ထုတ်ဖော်ခဲ့သည်၊ သုတ်သင်ဖယ်ရှားခဲ့သည်၊ စမ်းသပ်ခဲ့သည်။ လူသည် နှုတ်ကပတ်တော်ကို မြင်ခဲ့ပြီးဖြစ်သည်၊ ကြားခဲ့ပြီးဖြစ်သည်၊ နှုတ်ကပတ်တော် တည်ရှိကြောင်း သိလာခဲ့သည်။ ရလဒ်အနေနှင့် လူက ဘုရားသခင် တည်ရှိကြောင်းကို ယုံသည်၊ ဘုရားသခင်၏ အနန္တတန်ခိုးနှင့် ဉာဏ်ပညာကို ယုံသည်၊ ဘုရားသခင်၏ နှလုံးသားထဲရှိ လူအပေါ်ထားသောမေတ္တာနှင့် လူကို ကယ်တင်လိုသည့် ဆန္ဒကိုလည်း ယုံသည်။ "နှုတ်ကပတ်တော်"ဟူသည့် စကားလုံးသည် ရိုးရိုး သာမန်စကားလုံးတစ်လုံးသာ ဖြစ်သော်လည်း ဘုရားသခင်၏ နှုတ်တော်ထွက်စကားသည် လူဇာတိကိုခံယူပြီး စကြဝဠာ တစ်ခုလုံးကို လှုပ်ခါစေခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် လူ၏နှလုံးသား၊ လူ၏ အယူအဆ၊ စိတ်သဘောထား အဟောင်းနှင့် တစ်လောကလုံး၏ အသွင်ဟောင်းကို အသွင်သဏ္ဌာန်ပြောင်းလဲစေသည်။ ခေတ်အဆက်ဆက်၌ ယနေ့၏ ဘုရားသခင်သာလျှင် ထိုသို့ အလုပ်လုပ်ပြီး သူသာလျှင် လူကို စကားပြော၍ ကယ်တင်သည်။ ထိုအချိန်မှစ၍ လူသည် နှုတ်ကပတ်တော်၏ ဦးဆောင်လမ်းပြမှုအောက်တွင် နှုတ်ကပတ်တော်၏ ထိန်းကျောင်းမှုနှင့် ပံ့ပိုးကူညီမှုတို့ကို ခံယူပြီးအသက်ရှင်သည်။ သူတို့သည် နှုတ်ကပတ်တော်၏ ကမ္ဘာ၌ အသက်ရှင်ကြသည်၊ ဘုရားသခင် နှုတ်ကပတ်တော်၏ ကျိန်ခြင်းများ၊ ကောင်းချီးမင်္ဂလာများ အတွင်း၌ အသက်ရှင်ကြသည်။ ထိုအပြင် နှုတ်ကပတ်တော်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုအောက်တွင် အသက်ရှင်ကြသည်။ ဤနှုတ်ကပတ်တော်များနှင့် အလုပ်သည် လူ၏ ကယ်တင်ခြင်းအကျိုးအတွက်၊ ဘုရားသခင်၏အလို ထမြောက်အောင်မြင်စေဖို့အတွက်၊ ဖန်ဆင်းခြင်းအဟောင်း လောက၏ မူလသွင်ပြင်ကို ပြောင်းလဲဖို့အတွက် ဖြစ်သည်။ ဘုရားသခင်သည် လောကကို နှုတ်ကပတ်တော်ဖြင့် ဖန်ဆင်းခဲ့သည်၊ စကြဝဠာအနှံ့တွင် လူတို့ကို နှုတ်ကပတ်တော်ဖြင့် ဦးဆောင်ခဲ့ပြီး နှုတ်ကပတ်တော်နှင့်ပင် လူတို့ကို သိမ်းပိုက်၍ ကယ်တင်ခဲ့သည်။ နောက်ဆုံးတွင် ဘုရားသခင်သည် အိုဟောင်းသော လောကတစ်ခုလုံးကို အဆုံးသတ်ရန် နှုတ်ကပတ်တော်ကို အသုံးပြုမည် ဖြစ်သည်။ ထို့နောက်တွင်မှ ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်သည် လုံးလုံးလျားလျား ပြီးမြောက်မည် ဖြစ်သည်။ နိုင်ငံတော်ခေတ် တစ်လျှောက်လုံးတွင် ဘုရားသခင်သည် သူ့အလုပ်ကို လုပ်ရန်နှင့် သူ့အလုပ်မှ အကျိုးကျေးဇူးများကိုရရှိရန် နှုတ်ကပတ်တော်ကို အသုံးပြုသည်။ သူသည် အံ့ဖွယ်အရာများကို လုပ်ဆောင်ခြင်းမရှိသကဲ့သို့ နိမိတ်လက္ခဏာများကိုလည်း ပြသခြင်းမရှိပါ။ သူ့အလုပ်ကို နှုတ်ကပတ်တော်အားဖြင့်သာ လုပ်သည်။ နှုတ်ကပတ်တော်ကြောင့် လူသည် အာဟာရကို ရရှိပြီး ထောက်ပံ့ကူညီမှုကို ရရှိသည်။ နှုတ်ကပတ်တော်ကြောင့် လူသည် အသိပညာနှင့် စစ်မှန်သောအတွေ့အကြုံကို ရရှိသည်။
နိုင်ငံတော်ခေတ်တွင် ဘုရားသခင်သည် ခေတ်သစ်တစ်ခုကို အစပျိုးရန်၊ သူအလုပ် လုပ်သည့် နည်းလမ်းများကို ပြောင်းလဲရန်နှင့် ခေတ်တစ်ခေတ်လုံးအတွက် အလုပ်လုပ်ရန် သူ၏ နှုတ်ကပတ်တော်ကို အသုံးပြုသည်။ ဤသည်မှာ နှုတ်ကပတ်တော်ခေတ်၌ ဘုရားသခင် အလုပ်လုပ်ရာတွင် အသုံးပြုသည့် နိယာမဖြစ်သည်။ လူ့ဇာတိ၌ ပေါ်လာသော နှုတ်ကပတ်တော်ဖြစ်သည့် ဘုရားသခင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် ချီးမွမ်းအံ့သြဖွယ် ကောင်းသောအရာကို အမှန်တကယ် မြင်နိုင်စွမ်းရှိစေလျက် ရှုထောင့်အမျိုးမျိုးမှ စကားပြောရန်အလို့ငှာ လူဇာတိကိုခံယူခဲ့သည်။ လူကို သိမ်းပိုက်ရန်၊ စုံလင်စေရန်၊ သုတ်သင်ဖယ်ရှားရန်အတွက် သူချမှတ်ထားသည့် ရည်မှန်းချက်ပန်းတိုင်များ ပိုမိုကောင်းမွန်စွာ ထမြောက်အောင်မြင်စေရန်အလို့ငှာ ထိုသို့သောအလုပ်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ နှုတ်ကပတ်တော်ခေတ်၌ အလုပ်လုပ်ရန် နှုတ်ကပတ်တော်ကို အသုံးပြုရခြင်း၏ စစ်မှန်သော အဓိပ္ပာယ်ဖြစ်သည်။ နှုတ်ကပတ်တော်အားဖြင့် လူသည် ဘုရားသခင်၏အလုပ်၊ ဘုရားသခင်၏ စိတ်သဘောထား၊ လူ၏ အနှစ်သာရနှင့် လူသည် မည်သည့်အရာထဲ ဝင်ရောက်သင့်သည်တို့ကို သိလာသည်။ နှုတ်ကပတ်တော်ခေတ်၌ ဘုရားသခင်လုပ်ရန် ဆန္ဒရှိသော အလုပ်အားလုံးကို ဘုရားသခင်သည် နှုတ်ကပတ်တော်အားဖြင့် အထမြောက်စေခဲ့သည်။ နှုတ်ကပတ်တော်အားဖြင့် လူကို ထုတ်ဖော်ခဲ့သည်၊ သုတ်သင်ဖယ်ရှားခဲ့သည်၊ စမ်းသပ်ခဲ့သည်။ လူသည် နှုတ်ကပတ်တော်ကို မြင်ခဲ့ပြီးဖြစ်သည်၊ ကြားခဲ့ပြီးဖြစ်သည်၊ နှုတ်ကပတ်တော် တည်ရှိကြောင်း သိလာခဲ့သည်။ ရလဒ်အနေနှင့် လူက ဘုရားသခင် တည်ရှိကြောင်းကို ယုံသည်၊ ဘုရားသခင်၏ အနန္တတန်ခိုးနှင့် ဉာဏ်ပညာကို ယုံသည်၊ ဘုရားသခင်၏ နှလုံးသားထဲရှိ လူအပေါ်ထားသောမေတ္တာနှင့် လူကို ကယ်တင်လိုသည့် ဆန္ဒကိုလည်း ယုံသည်။ "နှုတ်ကပတ်တော်"ဟူသည့် စကားလုံးသည် ရိုးရိုး သာမန်စကားလုံးတစ်လုံးသာ ဖြစ်သော်လည်း ဘုရားသခင်၏ နှုတ်တော်ထွက်စကားသည် လူဇာတိကိုခံယူပြီး စကြဝဠာ တစ်ခုလုံးကို လှုပ်ခါစေခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် လူ၏နှလုံးသား၊ လူ၏ အယူအဆ၊ စိတ်သဘောထား အဟောင်းနှင့် တစ်လောကလုံး၏ အသွင်ဟောင်းကို အသွင်သဏ္ဌာန်ပြောင်းလဲစေသည်။ ခေတ်အဆက်ဆက်၌ ယနေ့၏ ဘုရားသခင်သာလျှင် ထိုသို့ အလုပ်လုပ်ပြီး သူသာလျှင် လူကို စကားပြော၍ ကယ်တင်သည်။ ထိုအချိန်မှစ၍ လူသည် နှုတ်ကပတ်တော်၏ ဦးဆောင်လမ်းပြမှုအောက်တွင် နှုတ်ကပတ်တော်၏ ထိန်းကျောင်းမှုနှင့် ပံ့ပိုးကူညီမှုတို့ကို ခံယူပြီးအသက်ရှင်သည်။ သူတို့သည် နှုတ်ကပတ်တော်၏ ကမ္ဘာ၌ အသက်ရှင်ကြသည်၊ ဘုရားသခင် နှုတ်ကပတ်တော်၏ ကျိန်ခြင်းများ၊ ကောင်းချီးမင်္ဂလာများ အတွင်း၌ အသက်ရှင်ကြသည်။ ထိုအပြင် နှုတ်ကပတ်တော်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုအောက်တွင် အသက်ရှင်ကြသည်။ ဤနှုတ်ကပတ်တော်များနှင့် အလုပ်သည် လူ၏ ကယ်တင်ခြင်းအကျိုးအတွက်၊ ဘုရားသခင်၏အလို ထမြောက်အောင်မြင်စေဖို့အတွက်၊ ဖန်ဆင်းခြင်းအဟောင်း လောက၏ မူလသွင်ပြင်ကို ပြောင်းလဲဖို့အတွက် ဖြစ်သည်။ ဘုရားသခင်သည် လောကကို နှုတ်ကပတ်တော်ဖြင့် ဖန်ဆင်းခဲ့သည်၊ စကြဝဠာအနှံ့တွင် လူတို့ကို နှုတ်ကပတ်တော်ဖြင့် ဦးဆောင်ခဲ့ပြီး နှုတ်ကပတ်တော်နှင့်ပင် လူတို့ကို သိမ်းပိုက်၍ ကယ်တင်ခဲ့သည်။ နောက်ဆုံးတွင် ဘုရားသခင်သည် အိုဟောင်းသော လောကတစ်ခုလုံးကို အဆုံးသတ်ရန် နှုတ်ကပတ်တော်ကို အသုံးပြုမည် ဖြစ်သည်။ ထို့နောက်တွင်မှ ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်သည် လုံးလုံးလျားလျား ပြီးမြောက်မည် ဖြစ်သည်။ နိုင်ငံတော်ခေတ် တစ်လျှောက်လုံးတွင် ဘုရားသခင်သည် သူ့အလုပ်ကို လုပ်ရန်နှင့် သူ့အလုပ်မှ အကျိုးကျေးဇူးများကိုရရှိရန် နှုတ်ကပတ်တော်ကို အသုံးပြုသည်။ သူသည် အံ့ဖွယ်အရာများကို လုပ်ဆောင်ခြင်းမရှိသကဲ့သို့ နိမိတ်လက္ခဏာများကိုလည်း ပြသခြင်းမရှိပါ။ သူ့အလုပ်ကို နှုတ်ကပတ်တော်အားဖြင့်သာ လုပ်သည်။ နှုတ်ကပတ်တော်ကြောင့် လူသည် အာဟာရကို ရရှိပြီး ထောက်ပံ့ကူညီမှုကို ရရှိသည်။ နှုတ်ကပတ်တော်ကြောင့် လူသည် အသိပညာနှင့် စစ်မှန်သောအတွေ့အကြုံကို ရရှိသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည်" မှ
Tuesday, January 22, 2019
ဧဝံဂေလိရုပ်ရှင် (ပြန်လာခဲ့သူ ဘယ်သူပါလဲ)
ကင်မ်ယောင်ရို့ခ်ဟာ ကိုရီးယားဘာသာရေးအသိုက်အ၀န်းထဲက ဘာသာရေးကိုင်းရှိုင်းတဲ့ သင်းအုပ်ဆရာတစ်ယောက်ပါ။ သမ္မာတရားကို ငတ်မွတ်သူတစ်ယောက်ဖြစ်တဲ့ သူဟာ သခင်ယေရှုရဲ့ဒုတိယအကြိမ်ကြွလာခြင်းကို မျှော်လင့်ခဲ့ပါတယ်။၂၀၁၃ ခုနှစ် တစ်ရက်မှာတော့၊ သူဟာ ချိုဆန်အီလ်ဘိုသတင်းစာမှာ အနန္တတန်ခိုးရှင်ဘုရားရဲ့နှုတ်ကပတ်တော်တွေကို အမှတ်မထင် ဖတ်လိုက်ရတယ်။ ဩဇာအာဏာနဲ့ တန်ခိုးတော်ပြည့်၀လွန်းနေတဲ့ အဲဒီနှုတ်ကပတ်တော်တွေဟာ သူ့အပေါ်ကို ချက်ချင်းသက်ရောက်မှုရှိခဲ့ပြီး၊ သူ့ရင်ကို ကိုင်လှုပ်ခဲ့ပါတယ်။ အနန္တတန်ခိုးရှင်ဘုရားဟာ ပြန်ကြွလာတဲ့ သခင်ယေရှုပဲလား၊ သူ အချိန်အကြာကြီး စောင့်မျှော်ခဲ့တဲ့ ကယ်တင်ရှင်ပဲလားဆိုတာ သေချာစေဖို့အတွက်၊ သူဟာ အနန္တတန်ခိုးရှင်ဘုရားရဲ့နှုတ်ကပတ်တော်တွေနဲ့ အမှုတော်ကို စတင်ရှာဖွေ ဆန်းစစ်ခဲ့ပါတယ်။ ဒီလိုနဲ့ သူ့ရင်ထဲက သံသယတွေ တစ်ခုပြီးတစ်ခု ပြေလည်သွားတဲ့အခါမှာတော့၊ ကင်မ်ယောင်ရို့ခ်ဟာ ၀မ်းမြောက် စိတ်လှုပ်ရှားလွန်းတာကြောင့်၊ မြေပေါ်မှာ ၀ပ်စင်းလုနီးနီး ဖြစ်ခဲ့ရတယ်။ အနန္တတန်ခိုးရှင်ဘုရားဟာ နောက်ဆုံးသောကာလအတွက် သခင်ယေရှုရဲ့ဒုတိယအကြိမ်ပြန်လာခြင်း ဖြစ်နေလို့ပါပဲ။ ကိုယ်တော်ဟာ လူတွေကြားကို တိတ်တဆိတ်ရောက်ရှိနေပြီဖြစ်ပြီး၊ တရားစီရင်ခြင်းအမှုတော်ကို ဘုရားသခင်ရဲ့အိမ်တော်ကနေ စတင်ဆောင်ရွက်နေတာလည်း ကြာခဲ့ပါပြီ။
အကြံပြုစာများဖတ်ရှုလေ့လာရန်: သမ္မာကျမ်းစာနှင့် ပတ်သက်ပြီး တင်ပြချက် (၄)
Monday, January 21, 2019
အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်ခြင်းဖြင့်သာ ကယ်တင်ခြင်းသို့ ရောက်နိုင်သည်
ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ -
ယေရှုက ဤလူ့လောကသို့ လာသောအခါ သူသည် ပညတ်တော်ခေတ်ကို အဆုံးသတ်ပြီး ကျေးဇူးတော်ခေတ်သို့ ရောက်စေခဲ့သည်။ နောက်ဆုံးသော ကာလတွင် ဘုရားသခင်သည် နောက်တစ်ကြိမ် လူ့ဇာတိအဖြစ်ကို ခံယူပြီး ဤတစ်ကြိမ် လူ့ဇာတိအဖြစ် ကြွလာချိန်တွင် ကျေးဇူးတော်ခေတ်ကို ချုပ်ငြိမ်းစေကာ နိုင်ငံတော်ခေတ်သို့ ရောက်စေမည်။ ဘုရားသခင်၏ လူ့ဇာတိအဖြစ် ဒုတိယအကြိမ် ကြွလာခြင်းကို လက်ခံသောသူ အပေါင်းတို့သည် နိုင်ငံတော်ခေတ်သို့ ဦးဆောင်ခေါ်ယူသွားခြင်းကို ခံယူရမည် ဖြစ်ပြီး ဘုရားသခင်၏ ဦးဆောင်မှုကို ကိုယ်တိုင်ကိုယ်ကျ လက်ခံနိုင်လိမ့်မည်။ ယေရှုသည် လူသားတို့ အကြားတွင် အလုပ်များစွာ လုပ်ခဲ့သော်လည်း သူသည် လူသားမျိုးနွယ် အားလုံးအတွက် ရွေးနုတ်ကယ်တင်ခြင်းကိုသာ ပြီးမြောက်စေခဲ့ပြီး လူသားတို့၏ အပြစ်ဖြေရာယဇ် ဖြစ်ခဲ့သည်။ သို့သော် လူသားတို့၏ ယိုယွင်းပျက်စီးသော စိတ်သဘောထားကို ပယ်ရှင်းမပေးခဲ့ပါ။ စာတန်၏ လွှမ်းမိုးမှုမှ လူသားများကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုကို အပြစ်ဖြေရာယဇ်အဖြစ် လူသားတို့၏ အပြစ်များကို ယူဆောင်သွားရန် လိုအပ်သည်သာမက စာတန် ယိုယွင်းဖျက်ဆီးခဲ့သော လူသားတို့၏ စိတ်သဘောထားကို လုံးဝပယ်ရှင်းရန် ဘုရားသခင်၏ ပိုကြီးမြတ်သော အမှုလည်း လိုအပ်သည်။ ထို့ကြောင့် လူသားတို့သည် မိမိတို့အပြစ်ကို ခွင့်လွှတ်ခြင်း ခံရပြီးနောက် ဘုရားသခင်သည် လူသားတို့ကို ခေတ်သစ်တစ်ခုဆီသို့ ဦးဆောင်ခေါ်သွားရန် လူ့ဇာတိအဖြစ် ပြန် ကြွလာခဲ့ပြီး ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအလုပ်ကို စတင်ခဲ့ကာ ထိုအလုပ်သည် လူသားတို့အား ပိုမိုကြီးမြတ်သော နယ်ပယ်တစ်ခုဆီသို့ ဆောင်ကြဉ်းခဲ့သည်။ သူ၏ အုပ်စိုးမှုကို နာခံသူအားလုံးသည် ပိုမြင့်သော သမ္မာတရားနှင့် ပိုကြီးမြတ်သော ကောင်းချီးများကို ခံစားရလိမ့်မည်။ သူတို့သည် အလင်းတွင် အမှန်တကယ် နေထိုင်ရမည်ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကိုလည်း ရလိမ့်မည်။
…
… ဤတစ်ကြိမ် ဘုရားသခင် လူ့ဇာတိ ခံယူသောအခါ၊ သူ၏ အမှုမှာ အဓိကအားဖြင့် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှ သူ၏ စိတ်နေသဘောထားကို ဖော်ပြရန်ဖြစ်သည်။ ယင်းကို အခြေခံအုတ်မြစ်အဖြစ် အသုံးပြုပြီး သမ္မာတရားကို လူတို့ထံသို့ ပိုမိုဆောင်ကြဉ်းပေးပြီး လက်တွေ့ကျင့်ဆောင်ရန် နည်းလမ်းများ ပိုမိုပြသပေးသည်၊ ဤသို့ဖြင့် လူသားကို သိမ်းပိုက်ရန်နှင့် လူသား၏ ယိုယွင်းပျက်စီးသော စိတ်သဘောထားမှ ကယ်တင်ရန် သူ၏ ရည်မှန်းချက်တို့ကို ဖြစ်မြောက်စေပါသည်။ ဤသည်မှာ နိုင်ငံတော်ခေတ်တွင် ဘုရားသခင့်အမှု၏ နောက်ခံအကြောင်းရင်းများ ဖြစ်ပါသည်။
ယေရှုက ဤလူ့လောကသို့ လာသောအခါ သူသည် ပညတ်တော်ခေတ်ကို အဆုံးသတ်ပြီး ကျေးဇူးတော်ခေတ်သို့ ရောက်စေခဲ့သည်။ နောက်ဆုံးသော ကာလတွင် ဘုရားသခင်သည် နောက်တစ်ကြိမ် လူ့ဇာတိအဖြစ်ကို ခံယူပြီး ဤတစ်ကြိမ် လူ့ဇာတိအဖြစ် ကြွလာချိန်တွင် ကျေးဇူးတော်ခေတ်ကို ချုပ်ငြိမ်းစေကာ နိုင်ငံတော်ခေတ်သို့ ရောက်စေမည်။ ဘုရားသခင်၏ လူ့ဇာတိအဖြစ် ဒုတိယအကြိမ် ကြွလာခြင်းကို လက်ခံသောသူ အပေါင်းတို့သည် နိုင်ငံတော်ခေတ်သို့ ဦးဆောင်ခေါ်ယူသွားခြင်းကို ခံယူရမည် ဖြစ်ပြီး ဘုရားသခင်၏ ဦးဆောင်မှုကို ကိုယ်တိုင်ကိုယ်ကျ လက်ခံနိုင်လိမ့်မည်။ ယေရှုသည် လူသားတို့ အကြားတွင် အလုပ်များစွာ လုပ်ခဲ့သော်လည်း သူသည် လူသားမျိုးနွယ် အားလုံးအတွက် ရွေးနုတ်ကယ်တင်ခြင်းကိုသာ ပြီးမြောက်စေခဲ့ပြီး လူသားတို့၏ အပြစ်ဖြေရာယဇ် ဖြစ်ခဲ့သည်။ သို့သော် လူသားတို့၏ ယိုယွင်းပျက်စီးသော စိတ်သဘောထားကို ပယ်ရှင်းမပေးခဲ့ပါ။ စာတန်၏ လွှမ်းမိုးမှုမှ လူသားများကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုကို အပြစ်ဖြေရာယဇ်အဖြစ် လူသားတို့၏ အပြစ်များကို ယူဆောင်သွားရန် လိုအပ်သည်သာမက စာတန် ယိုယွင်းဖျက်ဆီးခဲ့သော လူသားတို့၏ စိတ်သဘောထားကို လုံးဝပယ်ရှင်းရန် ဘုရားသခင်၏ ပိုကြီးမြတ်သော အမှုလည်း လိုအပ်သည်။ ထို့ကြောင့် လူသားတို့သည် မိမိတို့အပြစ်ကို ခွင့်လွှတ်ခြင်း ခံရပြီးနောက် ဘုရားသခင်သည် လူသားတို့ကို ခေတ်သစ်တစ်ခုဆီသို့ ဦးဆောင်ခေါ်သွားရန် လူ့ဇာတိအဖြစ် ပြန် ကြွလာခဲ့ပြီး ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအလုပ်ကို စတင်ခဲ့ကာ ထိုအလုပ်သည် လူသားတို့အား ပိုမိုကြီးမြတ်သော နယ်ပယ်တစ်ခုဆီသို့ ဆောင်ကြဉ်းခဲ့သည်။ သူ၏ အုပ်စိုးမှုကို နာခံသူအားလုံးသည် ပိုမြင့်သော သမ္မာတရားနှင့် ပိုကြီးမြတ်သော ကောင်းချီးများကို ခံစားရလိမ့်မည်။ သူတို့သည် အလင်းတွင် အမှန်တကယ် နေထိုင်ရမည်ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကိုလည်း ရလိမ့်မည်။
…
… ဤတစ်ကြိမ် ဘုရားသခင် လူ့ဇာတိ ခံယူသောအခါ၊ သူ၏ အမှုမှာ အဓိကအားဖြင့် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှ သူ၏ စိတ်နေသဘောထားကို ဖော်ပြရန်ဖြစ်သည်။ ယင်းကို အခြေခံအုတ်မြစ်အဖြစ် အသုံးပြုပြီး သမ္မာတရားကို လူတို့ထံသို့ ပိုမိုဆောင်ကြဉ်းပေးပြီး လက်တွေ့ကျင့်ဆောင်ရန် နည်းလမ်းများ ပိုမိုပြသပေးသည်၊ ဤသို့ဖြင့် လူသားကို သိမ်းပိုက်ရန်နှင့် လူသား၏ ယိုယွင်းပျက်စီးသော စိတ်သဘောထားမှ ကယ်တင်ရန် သူ၏ ရည်မှန်းချက်တို့ကို ဖြစ်မြောက်စေပါသည်။ ဤသည်မှာ နိုင်ငံတော်ခေတ်တွင် ဘုရားသခင့်အမှု၏ နောက်ခံအကြောင်းရင်းများ ဖြစ်ပါသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ဥယျောဇဉ် မှ
Sunday, January 20, 2019
Myanmar Gospel Choir Song | ကောင်းကင်နိုင်ငံတော်သီချင်း (၂) ဘုရားသခင် လာရောက်စိုးစံပြီ | (Burmese Subtitles)
Myanmar Gospel Choir Song | ကောင်းကင်နိုင်ငံတော်သီချင်း (၂) ဘုရားသခင် လာရောက်စိုးစံပြီ | (Burmese Subtitles)
လှပတဲ့ဒီလိုချိန်၊ ရင်ခုန်စရာအချိန်လေးမှာ
မိုးကောင်းကင်ထက်နဲ့ မိုးကောင်းကင်အောက် အကုန် ချီးမွမ်း
ဒီ့အတွက် စိတ်မလူပ်ရှားသူရှိမလား
ဒီ့အတွက် မဝမ်းမြောက်သူရှိမလား
ဒီအခိုက်တန့် မငိုကြွေးသူရှိမလား
ဒီအခိုက်တန့် မငိုကြွေးသူရှိမလား
ရေ…
ကောင်းကင်ဟာ အရင်လိုမဟုတ်
ဘုရားနိုင်ငံတော်ရဲ့ကောင်းကင်ဖြစ်ပြီ
မြေကြီးဟာ အရင်မြေကြီးမဟုတ်
သန့်ရှင်းသော မြေကြီးဖြစ်ပြီ
သည်းထန်တဲ့မိုး လာရောက်အပြီး
ညစ်ညမ်းသောကမ္ဘာကြီး လုံးဝအသွင်ပြောင်းလဲ
သည်းထန်တဲ့မိုး လာရောက်အပြီး
ညစ်ညမ်းသောကမ္ဘာကြီး လုံးဝအသွင်ပြောင်းလဲ
Saturday, January 19, 2019
ဘုရားသခင်၏ စိတ်အလိုတော် | စုံလင်ခြင်းကိုရယူနိုင်ရန် ဘုရားသခင်၏ အလိုတော်ကို သတိပြုကြလော့။
သင်သည်ဘုရားသခင်၏အလိုတော်ကို သတိပြုလေလေ၊ သင့်ထံတွင် ဝန်ထုပ်ဝန်ပိုး များလေ၊ သင့်ထံတွင် ဝန်ထုပ်ဝန်ပိုး ပိုများလေ သင့်အတွေ့အကြုံကြွယ်ဝလာလေဖြစ်သည်။ ဘုရားသခင်၏ အလိုတော် ကိုသင်သတိပြုမိချိန်တွင်၊ ဘုရားသခင်သည်သင့်ထံသို့ ဤဝန်ထုပ်ကိုပေးကာ၊ သူယုံကြည်စိတ်ချအပ်နှံထားသည့်အရာများနှင့်ပတ်သတ်၍ သင့်ကို ဉာဏ်အလင်းပေး ပါလိမ့်မည်။ ဘုရားသခင်သည်သင့်ကိုဤဝန်ထုပ်ကိုပေးပြီးသည့်နောက်တွင်၊ သင်သည် ဘုရားသခင်၏နှုတ်ကပတ် တော်များကိုစားသောက်နေစဉ်တွင် ဤရှုထောင့်၏သမ္မာတရားများကို စိတ်ဝင်စားမှုရှိပါလိမ့်မည်။ အကယ်၍သင့်ထံတွင် ညီအစ်ကို မောင်နှမများ၏ဘဝ အခြေအနေများနှင့်သက်ဆိုင်သော ဝန်ထုပ်တစ်ခုရှိပါက၊ ဤဝန်ထုပ် သည် ဘုရားသခင်မှ သင့်ကိုယုံကြည်၍အပ်နှံထားသောဝန်ထုပ်ဖြစ်ပြီး၊ သင့်နေ့စဉ် ဆုတောင်းချက်များတွင် ဤဝန်ထုပ်ကိုအမြဲတမ်းသယ်ဆောင်ပါလိမ့်မည်။ ဘုရားသခင် လုပ်ဆောင်သောအရာမှာ သင့်ကိုယုံကြည်၍အပ်နှံခြင်းဖြစ်ပြီး၊ ဘုရားသခင်လုပ်စေလိုသော အရာကို သင်သည် လုပ်ဆောင်ရန်ဆန္ဒရှိပါက၊ ယင်းသည် ဘုရားသခင်၏ဝန်ထုပ်ကို သင့်ကိုယ်ပိုင်ဝန်ထုပ်အဖြစ် သယ်ဆောင်ခြင်းဟုအဓိပ္ပါယ်ရပါသည်။ ဤနေရာ၌ သင်၏ ဘုရားသခင့်နှုတ်ကပတ်တော် များကိုစားသောက်ခြင်းက ဤရှုထောင့်များထဲမှ ပြဿနာများအပေါ်တွင် ဦးတည်လိမ့်မည်ဖြစ်ပြီး၊ ဤပြဿနာများကိုငါဘယ်လို ဖြေရှင်းမည်နည်းဟု သင်စဉ်းစားလိမ့်မည်။ ငါ့ညီအစ်ကိုမောင်နှမများကို သူတို့၏စိတ်ဝိညာဉ် ပျော်ရွှင်မှုရစေရန် လွှတ်မြောက်ခွင့်ငါမည်သို့ပေးမည်နည်း။ သင်သည်မိဿဟာရဖွဲ့နေစဉ်တွင် ဤပြဿနာများ ဖြေရှင်းခြင်းကို အာရုံစိုက်လိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်နေစဉ်၊ ဤပြဿနာများနှင့် ပတ်သတ်သော နှုတ်ကပတ် တော်များအား မှီဝဲစားသောက်ခြင်း ကိုသင်အာရုံစိုက်လိမ့်မည်။ ဤဝန်ထုပ်ကို သယ်ဆောင်နေစဉ်တွင် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ကိုစားသောက်နေလိမ့်မည်။ ဘုရားသခင်သင့်အပေါ် ထားသောလိုလားချက်များကို သင်နားလည်လိမ့်မည်။ ဤနေရာတွင် လျှောက်လှမ်းရန် လမ်းကြောင်းနှင့် ပတ်သတ်၍ သင်ပို၍ရှင်းလင်းလာလိမ့်မည်။ ယင်းသည် သင့်ဝန်ထုပ်မှ ယူဆောင်လာသော သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်ဖွင့်ပေးခြင်းနှင့် အလင်းပေးခြင်းဖြစ်ပြီး ယင်းသည် ဘုရားသခင်မှ သင့်ကိုလမ်းညွှန်မှုပေးခြင်းဖြစ်သည်။ ငါသည်အဘယ်ကြောင့်ဤသို့ဆို သနည်း။ အကယ်၍ သင့်တွင် ဝန်ထုပ်ဝန်ပိုးမရှိပါက ဘုရားသခင်၏နှုတ်ကပတ်တော် များကို စားသောက်နေစဉ်တွင် သတိမှုမိမည်မဟုတ်ပေ။ ဝန်ထုပ်ကိုသယ်ဆောင်ကာ ဘုရားသခင်၏နှုတ်ကပတ်များကို စားသောက်နေစဉ်တွင် ဘုရားသခင့် နှုတ်ကပတ်တော်များ၏ အနှစ်သာရကိုဖမ်းဆုပ်ပြီး၊ သင့်လမ်းကြောင်း ကိုရှာဖွေကာ၊ ဘုရားသခင့်အလိုတော်ကိုသတိပြုမပါလိမ့်မည်။ ထို့ကြောင့် သင်၏ဆုတောင်းခြင်းများထဲတွင်ဘုရားသခင်အား သင့်အပေါ်တွင်ဝန်ထုပ်များပို၍ချပေးရန် တောင်းဆိုသင့်သည်။ သို့မှသာ ဘုရားသခင်သည် သင့်ကို ပို၍ကြီးမားသောအရာများ အပ်နှံနိုင်မည်ဖြစ်ပြီး၊ သင်သည်လည်း ရှေ့ဆက် လိုက်လျှောက်ရန်လမ်းကြောင်းတစ်ခုကို ရှာဖွေနိုင်မှုပိုအားကောင်းလာကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းတွင် သင်သည် ပို၍အကျိုး ထိရောက်မှုရှိ လာမည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များ၏အနှစ်သာရများကို နားလည်နိုင်ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ စိတ်ထိတွေ့မှုကို ပို၍လက်ခံနိုင်ပါလိမ့်မည်။
Friday, January 18, 2019
Myanmar Christian Movie (ပြန်လာခဲ့သူ ဘယ်သူပါလဲ) စစ်မှန်တဲ့ခရစ်တော်နဲ့ ခရစ်တော်အတုအယောင်တွေကြား ဘယ်လိုခွဲခြားမှာလဲ (၁)
ကျွန်ုပ်တို့ဟာ အခုဆိုရင် နောက်ဆုံးသောကာလရဲ့နှောင်းပိုင်းအချိန်မှာ ရောက်နေကြပါတယ်။ သမ္မာကျမ်းထဲက သခင် ပြန်လာခြင်းအကြောင်း ပရောဖက်ပြုချက်တွေကလည်း အခုဆို အားလုံး ပြည့်စုံနေပါပြီ။ နောက်ဆုံးသောကာလမှာ ခရစ်တော်အတုအယောင်တွေ ရှိလာလိမ့်မယ်လို့ သမ္မာကျမ်းက ဟောကိန်းထုတ်တာကြောင့်၊ လူတော်တော်များများဟာ အိမ်တံခါးတွေကိုပိတ်ပြီး၊ ရှောင်ဖယ်ကြပါတယ်။ သခင် ပြန်ကြွနေပြီလို့ တစ်ယောက်ယောက်က သက်သေခံတာကို ကြားရရင်တောင်၊ သူတို့ဟာ ရှာဖွေမဆန်းစစ်ကြပါဘူး။ ဒါ့အပြင် လူ့ဇာတိခံပြီး ပြန်ကြွနေတဲ့ သခင်ဟာ အတုအယောင်၊ လှည့်စားတာပဲဖြစ်တယ်ဆိုပြီး ယုံကြည်ကြတယ်။ ကျွန်ုပ်တို့ဟာ ဘုရားသခင်ရဲ့အသံတော်ကို ကြားပြီး၊ သခင် ပြန်လာခြင်းကို ဝမ်းမြောက်စွာ ကြိုဆိုတဲ့ ပညာဉာဏ်ရှိတဲ့ကညာပျိုတွေအဖြစ် ဘယ်လိုနေကြမှာလဲ။ ဒီရုပ်ရှင်ဇာတ်လမ်းတိုဟာ စစ်မှန်တဲ့ခရစ်တော်နဲ့ ခရစ်တော်အတုအယောင်တွေကြား ခွဲခြားခြင်းနဲ့ဆိုင်တဲ့ သမ္မာတရားရဲ့လက္ခဏာသွင်ပြင်ကို နားလည်စေပါလိမ့်မယ်။ ဒါမှလည်း သင်တို့အနေနဲ့ သခင်ယေရှုရဲ့ပြန်လာခြင်းကို ကြိုဆိုနိုင်လာကြမှာပါ။
အကြံပြုစာများဖတ်ရှုလေ့လာရန်:
သမ္မာကျမ်းစာနှင့် ပတ်သက်ပြီး တင်ပြချက် (၄)
Thursday, January 17, 2019
ဘုရားသခင့်အမှု၏ အဆင့်သုံးဆင့်ချင်းစီ၏အသီးသီးကြားရှိ ဆက်နွယ်မှု
ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ -
ယေဟောဝါ၏ အလုပ်မှစ၍ ယေရှု၏ အလုပ်တိုင်အောင်နှင့် ယေရှု၏ အလုပ်မှစ၍ ယခုလက်ရှိအဆင့်ထိ၊ ဤအဆင့်သုံးဆင့်သည် ဘုရားသခင် စီမံခန့်ခွဲမှု အစမှအဆုံးကို အဆက်မပြတ် အကျုံးဝင်စေသည်။ ယင်းတို့အားလုံးသည် ဝိညာဉ်တော် တစ်ပါးတည်း၏ လုပ်ဆောင်မှုပင်ဖြစ်သည်။ ကမ္ဘာကြီးကို စတင်ဖန်ဆင်းကတည်းက၊ ဘုရားသခင်သည် လူသားကို စီမံခန့်ခွဲလျက် ရှိနေသည်။ သူသည် အစနှင့် အဆုံးဖြစ်သည်၊ သူသည် အဦးဆုံးသော သူနှင့် နောက်ဆုံးသောသူလည်း ဖြစ်သည့်အပြင်၊ သူသည် ခေတ်တစ်ခုကို အစပြုခဲ့သူဖြစ်ပြီး၊ ခေတ်ကို အဆုံးသတ်သူလည်း ဖြစ်သည်။ မတူညီသည့် ခေတ်များနှင့် မတူညီသည့် နေရာများမှ အလုပ်အဆင့် သုံးဆင့်သည် ဝိညာဉ်တော် တစ်ပါးတည်း၏ အလုပ်ဖြစ်သည်မှာ မှားယွင်းဖွယ်မရှိပေ။ ဤအဆင့်သုံးဆင့်ကို ခွဲခြားသူအပေါင်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်ရန် ရပ်တည်သူများပင်ဖြစ်သည်။ ပထမအဆင့်မှ ယနေ့တိုင် လုပ်ကိုင်သည့် အလုပ်များအားလုံးသည် တစ်ပါးတည်းသော ဘုရားသခင်၏အလုပ်၊ တစ်ပါးတည်းသော ဝိညာဉ်တော်၏ အလုပ်ဖြစ်ကြောင်း နားလည်ရန် ယခုတွင် သင်၌ တာဝန်ရှိသည်။ ဤအရာနှင့် ပတ်သက်၍ သံသယ မရှိနိုင်ပါ။
ယေဟောဝါ၏ အလုပ်မှစ၍ ယေရှု၏ အလုပ်တိုင်အောင်နှင့် ယေရှု၏ အလုပ်မှစ၍ ယခုလက်ရှိအဆင့်ထိ၊ ဤအဆင့်သုံးဆင့်သည် ဘုရားသခင် စီမံခန့်ခွဲမှု အစမှအဆုံးကို အဆက်မပြတ် အကျုံးဝင်စေသည်။ ယင်းတို့အားလုံးသည် ဝိညာဉ်တော် တစ်ပါးတည်း၏ လုပ်ဆောင်မှုပင်ဖြစ်သည်။ ကမ္ဘာကြီးကို စတင်ဖန်ဆင်းကတည်းက၊ ဘုရားသခင်သည် လူသားကို စီမံခန့်ခွဲလျက် ရှိနေသည်။ သူသည် အစနှင့် အဆုံးဖြစ်သည်၊ သူသည် အဦးဆုံးသော သူနှင့် နောက်ဆုံးသောသူလည်း ဖြစ်သည့်အပြင်၊ သူသည် ခေတ်တစ်ခုကို အစပြုခဲ့သူဖြစ်ပြီး၊ ခေတ်ကို အဆုံးသတ်သူလည်း ဖြစ်သည်။ မတူညီသည့် ခေတ်များနှင့် မတူညီသည့် နေရာများမှ အလုပ်အဆင့် သုံးဆင့်သည် ဝိညာဉ်တော် တစ်ပါးတည်း၏ အလုပ်ဖြစ်သည်မှာ မှားယွင်းဖွယ်မရှိပေ။ ဤအဆင့်သုံးဆင့်ကို ခွဲခြားသူအပေါင်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်ရန် ရပ်တည်သူများပင်ဖြစ်သည်။ ပထမအဆင့်မှ ယနေ့တိုင် လုပ်ကိုင်သည့် အလုပ်များအားလုံးသည် တစ်ပါးတည်းသော ဘုရားသခင်၏အလုပ်၊ တစ်ပါးတည်းသော ဝိညာဉ်တော်၏ အလုပ်ဖြစ်ကြောင်း နားလည်ရန် ယခုတွင် သင်၌ တာဝန်ရှိသည်။ ဤအရာနှင့် ပတ်သက်၍ သံသယ မရှိနိုင်ပါ။
Wednesday, January 16, 2019
ခရစ်ယာန်သီချင်း (အရာအားလုံး ဘုရား၏လက်ထဲမှာ) | Praise the Authority and Great Power of God
Impression after watching: All things in the universe, including man were created by God, so the fate of all mankind is under the sovereignty of God. Since man is corrupted by Satan, God’s been doing work to save man, and each and every step is based on the previous step. In the last days, God has come to disclose the mysteries we didn’t know about the work of God in the past, and also bring us the way to the kingdom of heaven. This is God’s unique authority that every word spoken by God will be fulfilled. Just like God says, “What I have said must be counted, what is counted must be completed, and this cannot be changed by anyone.”
Myanmar Gospel Song (အရာအားလုံး ဘုရား၏လက်ထဲမှာ) | Praise the Authority and Great Power of God
I
တစ်ချိန်ကဘုရားသခင် က ဒီလိုပြောခဲ့တယ်
ဘုရားသခင်ပြောသမျှသည် အတည်ဖြစ်ပြီး၊ ဖြစ်လာလိမ့်မယ်။
ဘယ်သူမှ ပြောင်းလဲလို့မရပါ။
ပြောခဲ့တဲ့စကားဖြစ်ဖြစ် နောင်ပြောမဲ့စကားဖြစ်ဖြစ်
လူတွေ မြင်တွေ ့နိုင်ရန် ပြောသမျှ ဖြစ်လာလိမ့်မည်
ဒါဟာ ဘုရားရဲ့နုတ်ကပတ်တော်နဲ့
အမှုတော်လုပ်ဆောင်ချက်ရဲ့ သဘောတရားပါ…
စကြဝဠာ မှာရှိသမျှ အားလုံး ဘုရားသခင် သတ်မှတ်ပိုင်းခြားထား
ဘုရားသခင် လက်ထဲမှာ မရှိတဲ့အရာ ဘာများရှိလိမ့်မလဲ
ဘုရားပြောသမျှ ဖြစ်လာမှာပဲ
သခင့် အလိုတော်ကို ဘယ်သူ များ ပြောင်းနိုင်မလဲ … ဟိုး…
ဒါဆိုရင် ဤကမ္ဘာကိုပြုထားသော ဘုရားရဲ့ပဋိဉာဉ် ကြောင့်လား
ကိုယ်တော်စီစဉ်ရာပြုသမျှတိုင်း ဘယ်သူမှဟန့်တားမရနိုင်
ဘုရားသခင်ဟာ အမြဲအလုပ်လုပ်နေ သည်
အရာရာအားလုံး ဘုရားသခင့်လက်ထဲမှာရှိ သည်…
Tuesday, January 15, 2019
အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် | ဘုရားသခင်၏ ပြောဆိုသံ | အခန်း ၁၈
Monday, January 14, 2019
ခရစ်ယာန်ဘာသာ ရုပ်ရှင် | ဇာတ်လမ်းတို (၁) ခြေချင်းများကိုစွန့်ပစ်ပြီး သမ္မာတရားလမ်းကို လေ့လာပါ
အကြီးအကဲလီကတော့ ဘာသာရေးသင်းအုပ်ဆရာတွေရဲ့စကားတွေကို မျက်စိမှိတ်ယုံနေခဲ့ပြီး ဘုရားသခင်ရဲ့နှုတ်ကပတ်တော်နဲ့ အမှုတော်တွေဟာ သမ္မာကျမ်းစာထဲမှာ အားလုံးမှတ်တမ်းတင်ထားတယ်၊ သမ္မာကျမ်းစာအပြင်ကအရာတွေဟာ ဘုရားသခင်ရဲ့အမှုတော်နဲ့ နှုတ်ကပတ်တော်မဖြစ်နိုင်ဘူးလို့ တွေးထင်ခဲ့တယ်။ လီဟာ သမ္မာကျမ်းစာကိုဖက်တွယ်နေဖို့ပဲလိုတယ်၊ သခင်ပြန်ကြွလာတဲ့အခါ၊ ကောင်းကင်နိုင်ငံတော်ကို ချီဆောင်ခြင်းခံရမယ်လို့ သူတွေးထင်ခဲ့တယ်။ အဲဒါကြောင့်၊ နောက်ဆုံးသောကာလထဲက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့အမှုတော်တွေကို လီထည့်မစဉ်းစားခဲ့ဘူး။ ဆွေးနွေးပွဲတစ်ခုမှာ၊ အကြီးအကဲလီဟာ သူ့လုပ်ဖော်ဆောင်ဘက် အကြီးအကဲအင်(မ်)က အရှေ့အရပ်မှ လျှပ်ပြက်ခြင်းအကြောင်းကို လေ့လာနေတာ တစ်နှစ်ကျော်လောက်ရှိပြီလို့ သိလိုက်ရတယ်။ အကြီးအကဲအင်(မ်)နဲ့ မိတ်သဟာရဖွဲ့ပြီးရင်းနဲ့ အကြီးအကဲလီဟာ ဘာသာရေးသင်းအုပ်ဆရာတွေရဲ့ ခြေချင်းခတ်ခြင်း၊ ထောင်ချောက်ဆင်ခြင်းတွေခံနေခဲ့ရတယ်ဆိုတဲ့ သနားစရာကောင်းတဲ့အမှန်တရားကို နားလည်လိုက်ရတယ်။ နောက်ဆုံးမှာတော့ အကြီးအကဲလီဟာ ခြေချင်းတွေကိုချိုးဖျက်နိုင်ခဲ့ပြီး သူ့ရဲ့ကျန်တဲ့လုပ်ဖော်ဆောင်ဘက်တွေကိုအရှေ့အရပ်မှ လျှပ်ပြက်ခြင်းအကြောင်းကို အတူတကွရှာဖွေဖို့၊ လေ့လာဖို့ ဦးဆောင်နိုင်ခဲ့ပါတယ်။
အကြံပြုစာများဖတ်ရှုလေ့လာရန်: ခရစ်တော်၏ဂုဏ်ဒြပ်မှာ ကောင်းကင်ဘုံ၌ ရှိတော်မူသော အဖဘုရားသခင်၏ အလိုတော်ကိုဆောင်ခြင်း ဖြစ်သည်
Sunday, January 13, 2019
ဘုရားသခင်၏ အသံတော် | ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ်
လူသား၏ အလုပ်မည်မျှသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ဖြစ်၍ မည်မျှသည် လူသား၏ အတွေ့အကြုံဖြစ်သနည်း။ ယခုတွင်ပင် သင်သည် ဤမေးခွန်းများကို နားမလည်သေးဟု ပြောနိုင်သည်။ အကြောင်းရင်းမှာ လူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်လုပ်သော နိယာမများကို နားမလည် သောကြောင့်သာဖြစ်သည်။ ငါပြောသော လူသား၏အလုပ် ဆိုသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ရှိသောသူ သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော်က အသုံးပြုခြင်း ခံရသောသူတို့၏ အလုပ်ကို ရည်ညွှန်းခြင်းသာဖြစ်သည်။ လူသားတို့၏ အလိုဆန္ဒမှ အခြေခံလာသောအလုပ်ကို ငါဆိုလိုခြင်းမဟုတ်ဘဲ သန့်ရှင်းသောဝိညာဉ်တော် အလုပ်၏ နယ်ပယ်အတွင်း၌ရှိသော တမန်တော်များ၊ လုပ်သားများ သို့မဟုတ် သာမန်ညီအစ်ကို မောင်နှမများ၏ အလုပ်ကို ရည်ညွှန်းခြင်းဖြစ်သည်။ ဤနေရာတွင် လူသား၏ အလုပ်သည် လူ့ဇာတိခံယူသော ဘုရားသခင်၏အလုပ်ကို မရည်ညွှန်းဘဲ လူတို့အပေါ် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နယ်ပယ်နှင့် အလုပ်နိယာမများကို ရည်ညွှန်းခြင်းဖြစ်သည်။ ဤနိယာမများသည် သန့်ရှင်းသော ဝိညာဉ်တော်အလုပ်၏ နိယာမများနှင့် နယ်ပယ်တို့ဖြစ်နေလင့်ကစား ထိုအရာများသည် လူ့ဇာတိခံယူသော ဘုရားသခင်အလုပ်၏ နိယာမများနှင့် နယ်ပယ်တို့နှင့် တူညီမှုမရှိပေ။ လူသား၏ အလုပ်တွင် လူသား၏ အနှစ်သာရနှင့် နိယာမများရှိပြီး၊ ဘုရားသခင်၏ အလုပ်တွင် ဘုရားသခင်၏ အနှစ်သာရနှင့် နိယာမများ ရှိသည်။
Saturday, January 12, 2019
ရုပ်ရွင္ဇာတ္လမ်းတိုမ်ာ ၅ (နောက္ဆုံးသောကာလမွာ ဘုရားသခင်ရဲ့စီရင္မှုဟာ အျပစ်ပျေးခင်းလော ကယ္တင်ျခင်းလော)
Myanmar Christian Movie | ရုပ်ရွင္ဇာတ္လမ်းတိုမ်ာ ၅ (နောက္ဆုံးသောကာလမွာ ဘုရားသခင်ရဲ့စီရင္မှုဟာ အျပစ်ပျေးခင်းလော ကယ္တင်ျခင်းလော)
လူတစ်ချို့ဟာဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကိုဖတ်ပြီး လူသားတွေကိုတရားစီရင်ခြင်း ၊ရှုတ်ချခြင်းနဲ့ ကျိန်ခြင်းအမင်္ဂလာသင့်စေခြင်းနဲ့ပက်သက်တဲ့ ပြင်းထန်ကြမ်းတမ်းတဲ့အရာတစ်ချို့ရှိတယ်ထင်ကြတယ်။ သူတို့က လူတွေကို ဘုရားသခင်က တရားစီရင်ပြီး ကျိန်ခြင်းအမင်္ဂလာ သင့်စေမယ်ဆိုရင် သူတို့ဟာ ရှုတ်ချခံရပြီးအပြစ်ပေးခံရတာပဲမဟုတ်လားလို့ထင်ကြပါတယ်။ ဒီလို တရားစီရင်ခြင်းမျိုးက လူတွေကို သန့်စင်စေပြီး ကယ်တင်ဖို့ဖြစ်တယ်လို့ ဘယ်လိုပြောလို့ရပါမလဲ။ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေမှာ"ဘုရားသခင် ကျိန်ဆိုသည့်အရာမှာ လူသား၏ နာခံမှုမရှိခြင်းကို ဖြစ်ပြီး၊ သူစီရင်သည့်အရာမှာ လူသား၏အပြစ် ဖြစ်သည်။" လို့ မိန့်ဆိုထားပါတယ် "နှုတ်ကပတ်တော်ကို ပြင်းပြင်းထန်ထန် ထုတ်ဖော်ပြောဆိုမှုများသည် သင့်ကို မှန်သောလမ်းသို့ ဦးဆောင်လမ်းပြရန်အတွက်သာ ဖြစ်သည်။" (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) မှ ဘယ်အရာဟာ နောက်ဆုံးသောကာလမှာ ဘုရားသခင်ရဲ့စီရင်မှုကိုနားလည်ဖို့ အသင့်တော်ဆုံးနည်းလမ်းဖြစ်မလဲ။
ဆက်သွယ်မှုများ ဧဝံဂေလိ စာအုပ်
Friday, January 11, 2019
ဘုရားသခင်၏ စိတ်အလိုတော် | လူသား၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း
လူသားသည် ယနေ့အမှုနှင့်အနာဂတ်အမှုတို့ကို အနည်းအကျဉ်းသာနားလည်၏။ သို့ရာတွင် သူသည် လူသားမျိုးနွယ်ဝင်ရောက်မည့် ခရီးပန်းတိုင်ကို နားမလည်ပါ။ သတ္တဝါတစ်ဦးအနေဖြင့် လူသားသည် သတ္တဝါတစ်ဦး၏တာဝန်ကို ထမ်းဆောင်သင့်သည်၊ ဘုရားသခင်လုပ်သမျှနောက်သို့ လူသားလိုက်ရမည်ဖြစ်ကာ၊ သင်တို့သည် ငါပြောသည့်နည်းအတိုင်း ဆက်လက်ဆောင်ရွက်ရမည်။ သင်သည် သင်ကိုယ်တိုင်အတွက် အစီအစဉ်များလုပ်ရန် နည်းလမ်းလုံးဝမရှိသည့်အပြင် သင့်ကိုယ်သင် ထိန်းချုပ်နိုင်စွမ်းလည်း မရှိပေ။ အရာခပ်သိမ်းကို ဘုရားသခင်၏ကရုဏာထံ အပ်နှံရမည်ဖြစ်လျက်၊ အရာခပ်သိမ်းသည် သူ့လက်များ၏ ချုပ်ကိုင်ခြင်းကို ခံရ၏။ ဘုရားသခင်၏အမှုသည် လူသားကို အချိန်မကျမီ ရလဒ်တစ်ခု၊ အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်တစ်ခုပေး၍ ဘုရားသခင်သည် ဤသည်ကို အသုံးပြုလျက် လူသားကိုသွေးဆောင်ကာ သူ့နောက်သို့ လိုက်စေပါက၊ သူသည် လူသားနှင့် အပေးအယူတစ်ရပ် လုပ်ပါက၊ ဤသည်မှာ သိမ်းပိုက်ခြင်းလည်းမဟုတ် လူသား၏ဘဝအပေါ် အမှုဆောင်ရန်လည်း မဟုတ်ပေ။ ဘုရားသခင်သည် လူသားကို ချုပ်ကိုင်၍ လူသား၏နှလုံးသားကို ရယူရန် ၎င်းရလဒ်ကို အသုံးပြုမည်ဆိုပါက ထိုသို့ပြုခြင်းဖြင့် သူသည် လူသားကို စုံလင်နေစေခြင်းလည်းမဟုတ်၊ လူသားကို ရရှိနိုင်မည်လည်းမဟုတ်ပေ။ ထိုသို့ဖြစ်မည့်အစား ခရီးပန်းတိုင်ကို သူ့ကိုချုပ်ကိုင်ရန် အသုံးပြုနေခြင်းဖြစ်လိမ့်မည်။ လူသားသည် အနာဂတ်ရလဒ်၊ နောက်ဆုံး ခရီးပန်းတိုင်နှင့် မျှော်လင့်ရန်ကောင်းသောအရာတစ်ခုခု ရှိမရှိတို့ထက် ပို၍ဂရုပြုသည့်အရာ မရှိပေ။ သိမ်းပိုက်သည့်အမှု ဆောင်ရွက်နေစဉ် လူသားကို လှပသည့်မျှော်လင့်ချက်တစ်ရပ် ပေးခဲ့၍ လူသားကို သိမ်းပိုက်ခြင်းမပြုမီ သူ့ကို လိုက်လျှောက်ရမည့် သင့်တော်သော ခရီးပန်းတိုင်တစ်ခု ပေးခဲ့လျှင်၊ လူသားအပေါ်သိမ်းပိုက်ခြင်းသည် ၎င်း၏သက်ရောက်မှုကို မရသည်သာမက သိမ်းပိုက်ခြင်းအမှု၏ သက်ရောက်မှုမှာလည်း လွှမ်းမိုးခံရမည်ဖြစ်သည်။ ဆိုလိုသည်မှာ လူသား၏ကံကြမ္မာနှင့် အလားအလာများကို ယူပစ်လိုက်ကာ၊ လူသား၏ ပုန်ကန်သော စိတ်သဘောထားကို တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့အားဖြင့် သိမ်းပိုက်ခြင်းအမှုသည် ၎င်း၏သက်ရောက်မှုကို ရရှိသည်။ လူသားနှင့် သဘောတူညီချက်တစ်ရပ် လုပ်ဆောင်ခြင်းဖြင့်၊ ဆိုလိုသည်မှာ လူသားကို ကောင်းချီးမင်္ဂလာများနှင့် ကျေးဇူးတော်များပေးခြင်းဖြင့်၊ ရရှိသည်မဟုတ်ပေ။ သို့သော် လူသား၏ လွတ်လပ်မှုကို လုံးဝဖယ်ရှား၍ သူ၏အလားအလာများကို ပပျောက်စေခြင်းအားဖြင့် ၎င်း၏သစ္စာရှိမှုကို ဖော်ထုတ်ခြင်းဖြင့် ရရှိသည်။ ဤသည်မှာ သိမ်းပိုက်ခြင်းအမှု၏ အနှစ်သာရဖြစ်သည်။ အစအဦး၌ လူသားကို လှပသောမျှော်လင့်ချက်ပေးခဲ့၍ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအမှုတို့ကို ၎င်းနောက်မှ ပြုလုပ်ပါက၊ လူသားသည် ၎င်းတွင်မျှော်လင့်ချက်များ ရှိသည်ဟူသောအခြေခံဖြင့် ဤပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို လက်ခံမည်ဖြစ်ပြီး၊ အဆုံးတွင် ဖန်ဆင်းထားသော သက်ရှိသတ္တဝါအားလုံး၏ ဖန်ဆင်းရှင်အပေါ် အကန့်အသတ်မရှိသော နာခံမှုနှင့် ကိုးကွယ်မှုတို့ကို ရရှိခဲ့လိမ့်မည် မဟုတ်ပေ။ မျက်ကန်းတောတိုး၊ အသိဉာဏ်မဲ့သည့် နာခံမှုသာလျှင် ရှိမည်ဖြစ်သည်။ သို့မဟုတ်ပါက လူသားသည် ဘုရားသခင်အပေါ် အသိတရားကင်းမဲ့သည့် တောင်းဆိုမှုများ ပြုလုပ်မည် ဖြစ်သောကြောင့် လူသား၏နှလုံးသားကို အပြည့်အဝ သိမ်းပိုက်ရန်မှာ ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ အကျိုးသက်ရောက်မှုအနေဖြင့်၊ ထိုကဲ့သို့သော သိမ်းပိုက်ခြင်းအမှုသည် လူသားကို ရရှိနိုင်စွမ်းရှိမည် မဟုတ်ပေ။ ထို့အပြင် ဘုရားသခင်အပေါ် သက်သေခံနိုင်စွမ်းလည်း ရှိမည်မဟုတ်ပေ။ ထိုကဲ့သို့သော သက်ရှိသတ္တဝါတို့သည် ၎င်းတို့၏တာဝန်များကို ထမ်းဆောင်နိုင်စွမ်း မရှိဘဲ ဘုရားသခင်နှင့် သဘောတူညီချက်များ ရယူရန်သာ လုပ်ဆောင်မည်ဖြစ်သည်။ ဤသည်မှာ သိမ်းပိုက်ခြင်းမဟုတ်ဘဲ သနားခြင်းကရုဏာနှင့် ကောင်းချီးမင်္ဂလာတို့သာဖြစ်လိမ့်မည်။ လူသားအတွက် အကြီးမားဆုံးသော ပြဿနာမှာ သူသည် သူ၏ကံကြမ္မာနှင့် အလားအလာများမှလွဲ၍ မည်သည့်အရာကိုမျှ တွေးတောစဉ်းစားမှု မရှိခြင်းနှင့် ၎င်းတို့ကို မြတ်နိုးကိုးကွယ်ခြင်းတို့ ဖြစ်သည်။ လူသားသည် သူ၏ကံကြမ္မာနှင့် အလားအလာအတွက် ဘုရားသခင်နောက်လိုက်၏။ ဘုရားသခင်ကိုချစ်၍ သူ့ကို ယုံကြည်ကိုးကွယ်ခြင်း မဟုတ်ပေ။ ထို့ကြောင့်၊ လူသားကိုသိမ်းပိုက်ရာတွင် လူသား၏အတ္တဆန်မှု၊ လောဘနှင့် ဘုရားသခင်ကို ကိုးကွယ်ရာတွင် အဟန့်အတားအဖြစ်ဆုံး အရာအားလုံးကို ဖယ်ရှားရမည်ဖြစ်သည်။ ထိုသို့ပြုခြင်းဖြင့် လူသားကိုသိမ်းပိုက်ခြင်း၏ သက်ရောက်မှုများကို ရလိမ့်မည်။ ရလဒ်အနေဖြင့်၊ လူသားအပေါ် အစောဆုံးသိမ်းပိုက်မှုတွင် ထိန်းမနိုင်သိမ်းမရ ရည်မှန်းချက်များနှင့် လူသား၏အဆိုးရွားဆုံးသော အားနည်းချက်တို့ကို ဦးစွာကင်းစင်အောင်ပြုလုပ်ရန် လိုအပ်၍ ဤနည်းအားဖြင့် ဘုရားသခင်အပေါ် လူသား၏ချစ်ခြင်းမေတ္တာကို ဖော်ထုတ်ပြသ၍ လူ့ဘဝအကြောင်း ၎င်း၏အသိကို ပြောင်းလဲရန်၊ ဘုရားသခင်အပေါ် ၎င်း၏အမြင်နှင့် ၎င်း၏ဖြစ်တည်မှု၏ အဓိပ္ပာယ်တို့ကို ပြောင်းလဲရန် လိုအပ်သည်။ ဤနည်းအားဖြင့် ဘုရားသခင်အပေါ်လူသား၏ချစ်ခြင်းမေတ္တာသည် သန့်စင်သွား၏။ ဆိုလိုသည်မှာ၊ လူသား၏နှလုံးသားသည် သိမ်းပိုက်ခံရ၏။ သို့ရာတွင် သက်ရှိသတ္တဝါအားလုံးအပေါ် သူ၏သဘောထားတွင် ဘုရားသခင်သည် သိမ်းပိုက်ခြင်းသက်သက်အတွက်သာ သိမ်းပိုက်သည်မဟုတ်ဘဲ သူ၏ဘုန်းတော်အတွက်နှင့် ရှေးဦးဆုံး လူသား၏နဂိုမူလပုံစံကို ပြန်လည်ရယူရန်အတွက် သိမ်းပိုက်ခြင်းဖြစ်၏။ သူသည် သိမ်းပိုက်ခြင်းသက်သက် အတွက်သာ သိမ်းပိုက်ပါက သိမ်းပိုက်ခြင်းအမှု၏ အရေးပါပုံမှာ ပျောက်ဆုံးသွားပေလိမ့်မည်။ ဆိုလိုသည်မှာ လူသားကိုသိမ်းပိုက်ပြီးနောက် ဘုရားသခင်သည် လူသားကို စွန့်လွှတ်၍ ၎င်း၏သေခြင်း၊ ရှင်ခြင်းကို လုံးဝဂရုမစိုက်ပါက၊ ဤသည်မှာ လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း ဖြစ်လိမ့်မည် မဟုတ်ပေ။ လူသားကို သိမ်းပိုက်ခြင်းသည်လည်း သူ၏ကယ်တင်ခြင်းအတွက် ဖြစ်လိမ့်မည် မဟုတ်ပေ။ လူသား၏ သိမ်းပိုက်မှုနောက်ပိုင်းတွင် သူ့ကိုရရှိခြင်းနှင့် အဆုံးတွင် အံ့ဩဖွယ်ရာ ခရီးပန်းတိုင်၌ သူရောက်ရှိခြင်းသည်သာလျှင် ကယ်တင်ခြင်းအမှု၏ အချက်အချာတွင်ရှိကာ၊ ဤသည်သာလျှင် လူသား၏ကယ်တင်ခြင်း ရည်မှန်းချက်ကို ရရှိနိုင်မည်ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုလျှင် လှပသည့်ခရီးပန်းတိုင်တွင် လူသားရောက်ရှိခြင်းနှင့် နားနေခြင်းသို့ သူ၏ ဝင်ရောက်ခြင်းသည်သာလျှင် သက်ရှိသတ္တဝါအားလုံး ပိုင်ဆိုင်သင့်သည့် အလားအလာများနှင့် ဖန်ဆင်းရှင်မှ ဆောင်ရွက်သင့်သည့် အမှုဖြစ်၏။ အကယ်၍လူသားမှ ဤအမှုကို ဆောင်ရွက်ရမည်ဆိုပါက၊ အကန့်အသတ်များလွန်းပါမည်၊ လူသားကို အဆင့်တစ်ဆင့်အထိ ခေါ်ဆောင်သွားနိုင်သော်လည်း လူသားကို ထာဝရ ခရီးပန်းတိုင်သို့ ခေါ်ဆောင်လာနိုင်မည် မဟုတ်ပေ။ လူသားသည် လူသား၏ကံကြမ္မာကို ဆုံးဖြတ်နိုင်စွမ်း မရှိပေ။ ထို့အပြင် သူသည် လူသား၏ အလားအလာများနှင့် အနာဂတ် ခရီးပန်းတိုင်ကိုလည်း ဆုံးဖြတ်နိုင်စွမ်းမရှိပေ။ သို့ရာတွင် ဘုရားသခင်က ဆောင်ရွက်သည့်အမှုသည် ကွဲပြားခြားနား၏။ သူသည် လူသားကိုဖန်ဆင်းခဲ့သဖြင့် လူသားကို သူလမ်းပြ၏။ သူသည် လူသားကိုကယ်တင်သဖြင့် လူသားကို သေချာစွာကယ်တင်၍ လုံးဝရယူလိမ့်မည်။ သူသည် လူသားကိုလမ်းပြသဖြင့် လူသားကို သင့်လျော်သည့် ခရီးပန်းတိုင်သို့ ခေါ်ဆောင်လိမ့်မည်။ ထို့အပြင် သူသည် လူသားကိုဖန်ဆင်းခဲ့၍ စီမံခန့်ခွဲသဖြင့် လူသား၏ကံကြမ္မာနှင့် အလားအလာများအတွက် တာဝန်ယူရမည် ဖြစ်သည်။ ဤသည်မှာ ဖန်ဆင်းရှင်မှ ဆောင်ရွက်သည့်အမှုဖြစ်သည်။ လူသားကို သူ၏အလားအလာများမှ ကင်းစင်စေခြင်းအားဖြင့် သိမ်းပိုက်ခြင်းအမှုကို ဖြစ်မြောက်စေသော်လည်း အဆုံးတွင် လူသားကို ၎င်းအတွက် ဘုရားသခင်ကပြင်ဆင်ထားသည့် သင့်တော်သောခရီးပန်းတိုင်အတွင်းသို့ ခေါ်ဆောင်လာရမည်ဖြစ်သည်။ အတိအကျအားဖြင့် ဘုရားသခင်သည် လူသားအပေါ် အမှုဆောင်သည့်အတွက် လူသားတွင် ခရီးပန်းတိုင်ရှိ၍ ၎င်း၏ကံကြမ္မာသည် စိတ်ချရမည်အကြောင်းဖြစ်၏။ ဤနေရာတွင် ရည်ညွှန်းသည့် သင့်တော်သောခရီးပန်းတိုင်သည် အတိတ်ကသန့်စင်လိုက်သော လူသား၏ မျှော်လင့်ချက်များနှင့် အလားအလာများ မဟုတ်ပါ။ ၎င်းတို့နှစ်ခုမှာ ကွဲပြားခြားနားကြ၏။ လူသားမျှော်လင့်၍ လိုက်စားသည့် အရာများသည် ဇာတိပကတိ၏ လွန်ကဲသော အလိုဆန္ဒများကိုလိုက်စားမှုအပေါ် တမ်းတခြင်းများဖြစ်ကာ လူသားနှင့်ထိုက်တန်သော ခရီးပန်းတိုင်မဟုတ်ပေ။ ထိုအတောအတွင်း လူသားအတွက် ဘုရားသခင်က ပြင်ဆင်ထားသည့်အရာများမှာ လူသားကို သန့်စင်စေပြီးနောက် လူသားနှင့်ထိုက်တန်သည့် ကောင်းချီးမင်္ဂလာများနှင့် ကတိများဖြစ်၏။ ၎င်းတို့မှာ ဘုရားသခင်က ကမ္ဘာလောကကို ဖန်ဆင်းပြီးနောက် လူသားအတွက် ပြင်ဆင်ထားခဲ့သည့်အရာများဖြစ်၍ လူသား၏ ရွေးချယ်ချက်၊ စိတ်ကူးစိတ်သန်းများ၊ စိတ်ကူးယဉ်မှုများ သို့မဟုတ် ဇာတိပကတိတို့ဖြင့် စွန်းထင်းခြင်း မရှိပေ။ ဤခရီးပန်းတိုင်မှာ သီးခြားပုဂ္ဂိုလ် တစ်ဦးတစ်ယောက်အတွက် ပြင်ဆင်ထားခြင်းမဟုတ်ဘဲ လူသားမျိုးနွယ်တစ်ရပ်လုံး နားခိုရာအရပ်ဖြစ်၏။ ထို့ကြောင့် ဤခရီးပန်းတိုင်သည် လူသားမျိုးနွယ်အတွက် အသင့်တော်ဆုံး ခရီးပန်းတိုင်ဖြစ်၏။
Thursday, January 10, 2019
Myanmar Gospel Movie Trailer | (မှန်ကန်သော ကိုးကွယ်ခြင်း၏ နက်နဲသောအရာ - နောက်ဆက်တွဲဇာတ်လမ်း)
Feeling after watching: The elder Lin Bo’en learned that the Lord Jesus has become flesh to do the work of judgment, which made him confused, as he always thought the Lord should come with the cloud. After seeking for a period of time, could he put aside his imaginations and notions, and accept the truth that the Lord will become flesh when He comes again? The Mystery of Godliness: The Sequel, share with you, please watch!
လင်ပိုအန်းဟာ သခင့်ကို ဆယ်စုနှစ်များစွာ ယုံကြည်လာခဲ့တဲ့ တရားဟောဆရာကြီး တစ်ယောက်ဖြစ်ပါတယ်။ သူဟာ နောက်ဆုံးသောကာလရဲ့ခရစ်တော်ဖြစ်တဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ကို လက်ခံပြီးကတည်းက၊ အန္တိခရစ်တွေဖြစ်ကြတဲ့ သင်းအုပ်တွေ၊ အကြီးအကဲတွေက သူ့ကို ဘာသာရေးအသိုင်းအဝိုင်းကနေ ဖယ်ကြဉ်၊ နှင်ထုတ်ခဲ့ကြတယ်။ လင်ပိုအန်းဟာ တိုက်ခိုက်တာတွေ၊ ပြစ်ဒဏ်ချခံရတာတွေ၊ အမှုဆင်ခံရတာတွေ ကြုံပေမယ့်၊ ကြောက်ရွံ့ပြီး နောက်မဆုတ်ခဲ့ပါဘူး။ သူ့ယုံကြည်စိတ်က ပိုပြီးခိုင်မာလာတဲ့အပြင်၊ ဘာသာရေးလောကရဲ့သင်းအုပ်တွေ၊ အကြီးအကဲတွေဟာ သူတော်ကောင်းယောင် ဆောင်နေကြတယ်ဆိုတာကို နောက်ဆုံးမှာ နားလည်လာခဲ့တယ်။ တစ်ချိန်တည်းမှာပဲ ခရစ်တော်ကသာ သမ္မာတရား၊ လမ်းခရီးနဲ့ အသက်ဖြစ်တယ်၊ ခရစ်တော်ကသာ လူတွေကို ကယ်တင်နိုင်၊ သန့်စင်နိုင်၊ စုံလင်စေနိုင်တယ်ဆိုတာတွေကို သိလာခဲ့တယ်။ ဒါတွေကြောင့် သူ့အနေနဲ့ ဘုရားသခင်အတွက် စစ်မှန်တဲ့သက်သေခံသူတစ်ယောက် ဖြစ်လာနိုင်ဖို့အတွက်၊ ခရစ်တော်နောက်လိုက်ဖို့၊ သက်သေခံဖို့၊ သမ္မာတရားကိုရှာရာမှာ အစွမ်းကုန်ကြိုးစားဖို့နဲ့ သူ့စိတ်သဘောထားကို ပြောင်းလဲအောင် ကြိုးစားဖို့အတွက်ပဲ စိတ်ပိုင်းဖြတ်လိုက်တယ်။ တရုတ်ကွန်မြူနစ်ပါတီအစိုးရက လင်ပိုအန်းဟာ ထောင်က လွတ်လာပြီး မပြောင်းလဲသေးတာတွေ၊ သူ့ယုံကြည်မှုကို နည်းနည်းမှ မစွန့်လွှတ်ထားတဲ့အပြင်၊ အရှေ့အရပ်မှလျှပ်ပြက်ခြင်းကိုတောင် ယုံကြည်လာတာတွေ၊ နေရာအနှံ့သွားပြီး သခင်ယေရှု ပြန်လာပြီဖြစ်ကြောင်း၊ သူဟာ အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်ကြောင်း သက်သေခံတာတွေကို တွေ့ရှိလာကြတယ်။ ဒါကြောင့် စီစီပီအစိုးရက သူ့ကို အလိုရှိသူအဖြစ် သတ်မှတ်ပြီး၊ နေရာအနှံ့ လိုက်ဖမ်းခဲ့ကြတယ်။ လင်ပိုအန်းဟာ သူ့မိသားစုကိုလည်း စွန့်ခွာခဲ့ရပါတယ်။ သူက ရောက်တဲ့နေရာတိုင်းမှာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ အမှုတော်ကို သက်သေခံခဲ့တာကြောင့်၊ စစ်မှန်ပြီး စိတ်နှလုံးကောင်းရှိတဲ့ ယုံကြည်သူတော်တော်များများကို ဘုရားသခင်ဆီ လမ်းပြနိုင်ခဲ့ပါတယ်။ ယခု ဗီဒီယိုဟာ လင်ပိုအန်းတစ်ယောက် ဧဝံဂေလိတရား ဖြန့်ဝေတာတွေ၊ ဘုရားသခင်အတွက် သက်သေခံတာတွေအကြောင်း ဖြစ်ရပ်မှန်ဇာတ်လမ်း ဖြစ်ပါတယ်။
Wednesday, January 9, 2019
ဘုရားသခင်၏ စကားတော် | “နှစ်တစ်ထောင်နိုင်ငံတော် ရောက်ရှိလာခဲ့ပြီ” အကြောင်း အကျဉ်းချုပ်ဆွေးနွေးချက်
နှစ်တစ်ထောင်နိုင်ငံတော်၏ ရူပါရုံကို သင်မည်သို့မြင်သနည်း။ အချို့လူများသည် ဤအကြောင်းကို များစွာ စဉ်းစားကြပြီး၊ နှစ်တစ်ထောင်နိုင်ငံတော်သည် ကမ္ဘာပေါ်တွင် နှစ်တစ်ထောင်တည်မည်ဟု ပြောဆိုကြသည်။ ထိုသို့ဆိုလျှင် ပိုမိုအသက်ကြီးသော အသင်းသားများအနေဖြင့် အိမ်ထောင်မပြုရသေးလျှင် ၎င်းတို့ အိမ်ထောင်ပြုရမည်လော။ ငါ့မိသားစုတွင် ငွေမရှိသောကြောင့် ငွေစရှာရမည်လော။ နှစ်တစ်ထောင်နိုင်ငံတော်ဟူသည်မှာ အဘယ်နည်း။ သင်သိသလော။ လူတို့သည် အသိခေါက်ခက် အဝင်နက်ကြသောကြောင့် ဒုက္ခများစွာကို ရင်ဆိုင်ကြရသည်။ စင်စစ်တွင်မူ နှစ်တစ်ထောင်နိုင်ငံတော်သည် တရားဝင်မရောက်ရှိသေးပေ။ လူတို့ကို စုံလင်အောင်ပြုသည့် အဆင့်အတောအတွင်း နှစ်တစ်ထောင်နိုင်ငံတော်သည် အပျံသင်စငှက်ငယ်မျှသာဖြစ်သည်။ ဘုရားသခင်မှ ပြောကြားထားသော နှစ်တစ်ထောင်နိုင်ငံတော် အချိန်သို့ ရောက်လျှင်၊ လူသားသည် စုံလင်အောင်ပြုခံရပြီးဖြစ်နေပေမည်။ လူတို့သည် သန့်ရှင်းသူများကဲ့သို့ဖြစ်ကာ သိနိမ်ပြည်တွင် မြဲမြံစွာ ရပ်တည်မည်ဟု ယခင်က ပြောခဲ့သည်။ လူတို့သည် စုံလင်အောင်ပြုခံရပြီး- ဘုရားသခင်မှ ပြောကြားထားသော သန့်ရှင်းသူများဖြစ်လာမှသာလျှင်- နှစ်တစ်ထောင်နိုင်ငံတော် ရောက်ရှိလာပြီးဖြစ်မည်။ ဘုရားသခင်မှ လူသားများကို စုံလင်အောင်ပြုရာတွင်၊ ၎င်းတို့ကို သန့်စင်စေကာ၊ ၎င်းတို့ ပိုမိုစင်ကြယ်သည်နှင့်အမျှ ဘုရားသခင်မှ ၎င်းတို့ကို ပိုမိုစုံလင်စေသည်ဖြစ်သည်။ မစင်ကြယ်မှု၊ တော်လှန်မှု၊ ဆန့်ကျင်မှုနှင့် သင့်ထဲမှဇာတိပကတိ၏အရာများကို ထုတ်ပစ်လိုက်သောအခါ၊ သင်သည် သန့်စင်ခံလိုက်ရသောအခါတွင်၊ သင်သည် ဘုရားသခင်၏ ချစ်မြတ်နိုးခြင်းကို ခံရလိမ့်မည်။ (တစ်နည်းဆိုသော်၊ သင်သည် သန့်ရှင်းသူဖြစ်သွားပေမည်။) သင်သည် ဘုရားသခင်အားဖြင့် စုံလင်အောင်ပြုခြင်း ခံရပြီး၊ သန့်ရှင်းသူဖြစ်လာသောအခါ၊ သင်သည် နှစ်တစ်ထောင်နိုင်ငံတော်ထဲ ရှိနေပေမည်။ ယခုကား နိုင်ငံတော်ခေတ် ဖြစ်သည်။ နှစ်တစ်ထောင်နိုင်ငံတော်ခေတ်တွင်၊ လူတို့သည် အသက်ရှင်ရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မှီခိုအားကိုးကြမည်ဖြစ်ပြီး၊ တိုင်းနိုင်ငံအားလုံးသည် ဘုရားသခင်၏ အမည်နာမတော်အောက်သို့ လာကြကာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ဖို့ရန် အားလုံးလာကြလိမ့်မည်။ ထိုအချိန်တွင် လူအချို့က တယ်လီဖုန်းဖြင့် ခေါ်ဆိုကြမည်၊ လူအချို့က ဖက်စ်ပို့ကြလိမ့်မည်...၊ ထိုသူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရယူနိုင်ရန်၊ နည်းလမ်းပေါင်းစုံကို သုံးကြမည်ဖြစ်ပြီး၊ သင်တို့သည်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်များအောက်သို့ လာလိမ့်မည်။ ဤအခြင်းအရာ အားလုံးသည် လူအားလုံး စုံလင်ခြင်းအဖြစ်သို့ ရောက်ပြီးနောက်တွင် ဖြစ်ပေါ်သည့်အရာများဖြစ်သည်။ ယနေ့အခါတွင် လူတို့သည် နှုတ်ကပတ်တော်များမှ တဆင့် စုံလင်စေခြင်း၊ စစ်ဆေးခြင်း၊ ဉာဏ်အလင်းရစေခြင်းနှင့် လမ်းပြခြင်းများခံရသည်။ ဤသည်မှာ နိုင်ငံတော်ခေတ်ဖြစ်သည်။ လူတို့သည် စုံလင်စေရန်ပြုလုပ်ခံရသော အဆင့်ဖြစ်ပြီး၊ ၎င်းသည် နှစ်တစ်ထောင်နိုင်ငံတော်ခေတ်နှင့် ဆက်နွှယ်မှုမရှိပေ။ နှစ်တစ်ထောင်နိုင်ငံတော်ခေတ် အတွင်းတွင် လူများသည် စုံလင်အောင်ပြုခံရပြီးဖြစ်ကာ၊ ၎င်းတို့အတွင်းရှိ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် သန့်စင်ခံရပြီးဖြစ်ပေမည်။ ထိုအချိန်တွင် ဘုရားသခင်က ပြောကြားသော နှုတ်ကပတ်တော်များသည် လူသားများကို တစ်ဆင့်ပြီးတစ်ဆင့်လမ်းပြကာ၊ ဖန်ဆင်းခြင်းအချိန်မှ ယနေ့အချိန်ထိ ဘုရားသခင်၏ လုပ်ဆောင်ချက်များ၏ နက်နဲရာများ အားလုံးကို ထုတ်ဖော်ပြပြီး သူ့နှုတ်ကပတ်တော်များသည် နေ့ရက်တိုင်း၊ ခေတ်ကာလတိုင်းတွင်ရှိသော ဘုရားသခင်၏လုပ်ရပ်များကို ပြောပြခြင်း၊ ၎င်းတို့ကို အတွင်းထဲ၌ မည်သို့လမ်းပြပုံ၊ ဝိညာဉ်လောက၌ သူပြုသည့် အမှုနှင့် ဝိညာဉ်လောကရှိ အင်အားများအကြောင်းတို့ကို ပြောပြပေမည်။ ထိုအချိန်တွင်မှပင် နှုတ်ကပတ်တော်ခေတ် ဧကန်အမှန် ဖြစ်ပေမည်။ ယခုမူကား အပျံသင်စငှက်ငယ် အခြေအနေ၌သာ ရှိသည်။ လူသားများသည် စုံလင်စေခြင်းနှင့် သန့်စင်စေခြင်း မခံရလျှင်၊ ကမ္ဘာမြေပေါ်တွင် နှစ်တစ်ထောင်ကြာအောင် နေနိုင်စွမ်းမည်မဟုတ်ဘဲ၊ ၎င်းတို့၏ဇာတိခန္ဓာသည် မလွဲမသွေ ပုတ်သိုးဆွေးမြေ့ပေမည်။ လူသားများသည် အတွင်းထဲတွင် သန့်စင်ခံထားရကာ ၎င်းတို့သည် စာတန်နှင့် ဇာတိပကတိတို့နှင့် မသက်ဆိုင်တော့လျှင်မူ ကမ္ဘာမြေပေါ်တွင် ဆက်လက်အသက်ရှင်ပေမည်။ ဤအဆင့်တွင် သင်သည် အသိခေါက်ခက် အဝင်နက်ဆဲဖြစ်ပြီး၊ သင်တွေ့ကြုံရသမျှမှာ ဘုရားသခင်ကို ချစ်ခြင်းနှင့် ကမ္ဘာပေါ်တွင် သင်နေထိုင်သမျှနေ့ရက်တိုင်းအတွက် သူ့ကို သက်သေခံခြင်းသာ ဖြစ်သည်။
Subscribe to:
Posts (Atom)











