Myanmar Subtitle movie (ကိုယ်ပိုင်မူ ၃ ခုသုံးအသင်းတော်ဟာ ကျွန်ုပ်၏အရိပ်အာဝါသဖြစ်တယ်)
တစ်ခါတုန်းက ညဉ့်နက်ချိန်ခါမှာ တရုတ်ကွန်မြူနစ်အစိုးရဟာ ဒေသတစ်ခုမှာရှိတဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ဝင် ခရစ်ယာန်များစွာကို ဖမ်းဆီးခဲ့ပါတယ်။ ဒီကိစ္စကြောင့် ပြည်တွင်းမငြိမ်သက်မှုကြီး ဖြစ်ပွားခဲ့တယ်။ အဲဒါကြောင့် ကိုယ်ပိုင်မူ၃ ခုသုံး အသင်းတော်ဝင်များကြား ညှိနှိုင်းဆွေးနွေးမှုများရှိလာတယ်။ လူအချို့က တရုတ်ကွန်မြူနစ်အစိုးရရဲ့ ရက်စက်တဲ့ နှိမ်နှင်းခြင်းနဲ့ နှိပ်စက်မှုတွေကို အရှေ့အရပ်က လျှပ်ပြက်ခြင်းက ခံစားခဲ့ရတယ်လို့ ယုံကြည်နေကြပါတယ်။ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို ယုံကြည်ခြင်းဟာ အန္တရာယ်များပြီး ကိုယ်ပိုင်မူ ၃ ခုသုံးအသင်းတော်ကို ယုံကြည်ခြင်းက ဘေးအကင်းဆုံးဖြစ်တယ်။ အခက်အခဲမရှိ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်နိုင်မယ်လို့ ယုံကြည်ကြတယ်။ တခြားလူတွေက အရှေ့အရပ်မှလျှပ်ပြက်ခြင်းဟာ အမှန်ကန်ဆုံးလမ်းစဉ်လို့ ယုံကြည်ကြပေမယ့် ရင်ဆိုင်ရမယ့် ဖမ်းဆီးနှိပ်စက်ခြင်းက ပြင်းထန်လွန်းတယ်။







