ရောင်ရွမ်၊ အမေရိက
၁၉၈၂ ခုနှစ် နိုဝင်ဘာလတွင် ကျွန်မတို့ တစ်မိသားစုလုံးက အမေရိကနိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်ခဲ့သည်။ ကျွန်မ အဖိုးမျိုးဆက် ကတည်းက ကျွန်မတို့အားလုံး သခင့်၌ ယုံကြည်မှုရှိခဲ့သောကြောင့်၊ အမေရိကနိုင်ငံသို့ ကျွန်မတို့ရောက်ပြီး မကြာမီမှာပင် နယူးယောက် တရုတ်တန်းတွင် တရုတ်အသင်းတော်တစ်ခုကို ရှာတွေ့ခဲ့သည့်အတွက် ကျွန်မတို့ ပွဲတော်တက်ရောက်နိုင်ခဲ့ကြသည်။ ကျွန်မတို့ ပွဲတော်တစ်ခုမျှ မပျက်ကွက်ဘူးသလို၊ အထူးသဖြင့် ကျွန်မ အမေနှင့် ညီမတို့က ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာနှင့် ကွယ်ကာမှုတို့ကို ရှာဖွေဖို့ အလို့ငှာ သူတို့ အချိန်ရသည့်အခါတိုင်း ကျမ်းစာဖတ်ရှုခြင်းတွင် အလွန် ကျွမ်းကျင်ကြသည်။ ဘုန်းတော်ကြီးက “သခင်ကြွလာတဲ့အချိန်မှာ၊ သူက လူတွေကို လူပုံအလယ်မှာ တရားစီရင်ပြီး၊ သူတို့အမျိုးအစား အလိုက် ခွဲခြားမှာ ဖြစ်တယ်။ အမှန်တကယ် နောင်တရ၊ ဝန်ခံပြီး၊ သူတို့ ယုံကြည်မှုကို လက်တွေ့လုပ်ဆောင်သူတွေက ကောင်းကင်ဘုံကို သွားနိုင်မယ်။ ကြီးလေးတဲ့ အပြစ်တွေ မကျူးလွန်ဘဲ အသေးစား အပြစ်တွေကျူးလွန်သူတွေက ပြိတ္တာဘုံမှာ ညှဉ်းပန်းနှိပ်စက်ခံရလိမ့် မယ်၊ ဒါပေမဲ့ သူတို့က ကယ်တင်ခံရနိုင်ပြီး ကောင်းကင်ဘုံကို တက်နိုင် ဦးမယ်။ ဘုရားသခင်ကို မယုံကြည်တဲ့သူ ဒါမှမဟုတ် အရမ်း ကြီးလေးတဲ့ အပြစ်ကိုကျူးလွန်သူတွေက ငရဲမှာ အပြစ်ဒဏ်ခံရ လိမ့်မယ်” ဟု မကြာခဏ ပြောလေ့ရှိသည်။ ဤစကားများက ကျွန်မ၏ စိတ်နှလုံးထဲတွင် နက်ရှိုင်းသည့် ခံစားမှုတစ်ခု ကျန်ရစ်စေခဲ့သည်မှာ ၎င်းတို့ကို ကျွန်မစိတ်နှလုံးထဲတွင် တံဆိပ်ခတ်ခဲ့သည့်အလား ဖြစ် သည်။ ထိုစကားများက ကျွန်မကို ဘုရားသခင်အား စိတ်ပါလက်ပါ ယုံကြည်ဖို့ စေ့ဆော်ခဲ့ပြီး၊ ကျွန်မ မည်မျှ အလုပ်ရှုပ်ပါစေ၊ ကျွန်မ ပွဲတော်တက်ဖို့ တစ်ခါမျှ မပျက်ကွက်ခဲ့ပါ။







