菜單

မူလစာမျက်နှာ သတင်းအချက်အလက် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ လွတ်လပ်မှန်ကန်တဲ့လူ့အခွင့်အရေး ကယ်တင်ရှင်ပြန်ကြွလာပြီ ဧဝံဂေလိတရားတော် ကောင်းကင်နိုင်ငံတော်သီချင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ အမှန်တရားကို ဖေါ်ထုတ်ခြင်း နိုင်ငံတော် ချီးမွမ်းခြင်း တေးဂီတ

Friday, November 30, 2018

အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် | ဘုရားသခင်၏ ပြောဆိုသံ | အခန်း ၃၉

စကြဝဠာ, သမ္မာတရား, ဓမ္မသီချင်းများ,

သင်၏ မျက်စိတို့အား ဖွင့်ပြီး ကြည့်လျှင်၊ ငါ၏ ကြီးမြတ်သောတန်ခိုးကို နေရာတိုင်း ၌ သင် မြင်နိုင်မည်။ ငါသည် နေရာတိုင်း ၌ရှိကြောင်း သင်သည် သေချာ နိုင်သည်။ ငါ၏ ကြီးမြတ်သော တန်ခိုးသည် စကြဝဠာ တစ်ပြင်လုံး ၌ ပျံ့နှံ့လျက်ရှိသည်။ ငါဆိုခဲ့သော နှုတ်ကပတ်တော် အလုံးစုံတို့သည် ရာသီဥတုပူနွေးမှု၊ ဥတုရာသီ ပြောင်းလဲဖောက်ပြန်ခြင်း၊ လူတို့၏ မူမမှန်ခြင်းများ၊ လူမှုဆက်ဆံရေး ကစဉ့်ကလျားဖြစ်ခြင်း နှင့်၊ လူတို့ နှလုံးသားများ၏ လိမ်ညာလှည့်ဖြား မှုများ အပေါ်တွင် အမှန်ဖြစ်လာခဲ့ပြီးဖြစ်သည်။ နေသည် ဖြူလာပြီး၊ လသည် နီရဲလျက်၊ အရာအားလုံးသည် ကစဉ့်ကလျား ဖြစ်လျက်ရှိ သည်။ သင်တို့သည် ယခုတိုင် ထိုအရာများကို မမြင် နိုင် သေး သလော။

ဘုရားသခင်၏ ကြီးမြတ်သော တန်ခိုး သည် ဤနေရာတွင် ထုတ်ဖော် ပြသသည်။ နှစ်ပေါင်းများစွာ လူတို့ အမီလိုက်ခဲ့သော၊ အနန္တတန်ခိုးရှင် ဘုရားသခင်၊ သူသည် မှန်ကန်သော တစ် ဆူတည်း သောဘုရား ဖြစ်သည်ကို သံသယ ရှိစရာ မလိုပေ။ မည်သူသည် ပထမဦးဆုံး စကားပြောပြီးနောက် အရာများလိုက်၍ ဖြစ်ပွား စေနိုင် သနည်း။ ကျွန်ုပ်တို့ ၏ အနန္တတန်ခိုးရှင် ဘုရားသခင် တစ် ပါးတည်းသာ ဖြစ်သည်။ သူပြောပြီးလျှင်ပြောပြီးခြင်း သမ္မာတရား သည် ချက်ချင်း ဖြစ်ပေါ်လာသည်။ သူသည် မှန်ကန်သော ဘုရားသခင် ဖြစ်ကြောင်း သင် အဘယ့်ကြောင့်မပြော နိုင်သနည်း။

Thursday, November 29, 2018

ခရစ်ယာန်ဘာသာ ရုပ်ရှင် (ကောင်းကင်နိုင်ငံတော်သည် မည်သည့်အရပ်၌ - ကျိန်းသေတည်ရှိသနည်း)

ကိုယ်တော့်ကိုယုံကြည်သူများ၏ အကြီးဆုံးဆန္ဒမှာ ကိုယ်တော်ပြန်ကြွလာခြင်းအားကြိုဆိုရန်၊ကောင်းကင်ဘုံသို့ ခေါ်ဆောင်ခံရရန် နှင့် ကိုယ်တော့်၏ ကတိတော်နှင့်ယှဉ်သော ကောင်းချီးမင်္ဂလာများကိုခံစားရရှိရန်ဖြစ်သည်။ ယုံကြည်သူအများစုသည် ကိုယ်တော်ပြန်ကြွလာသောအခါ ကိုယ်တော်သည် သူတို့အား အာကာသထဲသို့ ချီဆောင်၍ ကိုယ်တော်နှင့်တွေ့ဆုံစေရမည်ဟု ယူဆထားကြသည်။ သို့သော် ယေရုရှလင်မြို့သစ်သည် ကောင်းကင်ဘုံမှ ဆင်းသက်လိမ့်မည်ဟုသမ္မာကျမ်းစာထဲ၌ဆိုထားသည်။ “ဘုရားသခင်၏တဲတော်သည်လူတို့တွင်ရှိ၏” “လောကီနိုင်ငံသည် ငါတို့အရှင်၏နိုင်ငံဖြစ်လေပြီ၊ထိုအရှင်၏ ခရစ်တော်နိုင်ငံဖြစ်လေပြီ”ဟူ၍ဖြစ်သည်။ ထို့ကြောင့် ကောင်းကင်နိုင်ငံတော်သည် ကောင်းကင်ထက်မှာလော၊မြေကြီးပေါ်မှာလော။ ကိုယ်တော်သည် သူပြန်ကြွလာသောအခါ သူတော်စင်အပေါင်းကို ကောင်းကင်နိုင်ငံတော်ဆီသို့ မည်သို့ခေါ်ဆောင်သွားလိမ့်မည်နည်း။


မြင်ကွင်းများ Myanmar Gospel Song 2018 (ရိုးသားသူတစ်ဦး ဖြစ်ရန် ဤသို့ ဝမ်းမြောက်ခြင်း) A Cappella

ဘုရားသခင်, ကောင်းကင်နိုင်ငံတော်, သမ္မာတရား, ဓမ္မသီချင်းများ

Wednesday, November 28, 2018

အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် | ဘုရားသခင်၏ ပြောဆိုသံ | သင်တို့၏ လုပ်ဆောင်ချက်တို့ကို သင်တို့ ပြန်စဉ်းစားသင့်သည်

သမ္မာတရား, ဘုရားသခင်, အသက်, ဘုရားသခင်၏ နှုတ်ကပတ်တော်

သင်တို့ဘဝတွင် လုပ်ရပ်များနှင့် လုပ်ဆောင်ချက်များကို အကဲခတ် ချင့်ချိန်ကြည့်ပါက သင်တို့ အားလုံးကို ထောက်မကာ အားဖြည့်ပေးမည့် နှုတ်ကပတ်တစ်ပိုဒ်ကို နေ့စဉ်လိုအပ်သည်။ အကြောင်းမှာ သင်တို့သည် ချို့တဲ့လွန်းနေပြီး၊ သင်တို့၏ ရယူနိုင်သော အသိဉာဏ်နှင့် စွမ်းရည်တို့သည်လည်း အလွန်ပင် အားနည်းလှသောကြောင့် ဖြစ်သည်။ သင်တို့၏ နေ့စဉ်ဘဝများတွင် သင်တို့သည် သမ္မာတရား သို့မဟုတ် ကောင်းသော ဆင်ခြင်တုံတရားမရှိသည့် ပတ်ဝန်းကျင်နှင့် အသိုင်းအဝိုင်းတွင် နေထိုင်နေကြသည်။ သင်တို့တွင် ဖြစ်တည်ခြင်း၏ အဓိကမတည်မှု ကင်းမဲ့ပြီး ငါ သို့မဟုတ် သမ္မာတရားကို သိရှိနိုင်စေမည့် အခြေခံအုတ်မြစ်လည်း မရှိပေ။ သင်တို့၏ ယုံကြည်ခြင်းသည် မရေရာသော စိတ်ချယုံကြည်မှု သို့မဟုတ် ဘာသာရေးဆိုင်ရာ ဓလေ့ထုံးတမ်းတို့အပေါ် တည်ဆောက်ရုံမျှသာ တည်ဆောက်ထားပြီး အသိပညာမှာလည်း အယူဝါဒအပေါ်တွင်သာ လုံးဝအခြေခံထားသည်။ နေ့စဉ်နေ့တိုင်း ငါသည် သင်တို့၏ လှုပ်ရှားမှုများကို ကြည့်ရှုနေပြီး သင်တို့၏ ရည်ရွယ်ချက်များနှင့် ဆိုးယုတ်သော အသီးအပွင့်များကို စစ်ဆေးနေသည်။ ဘယ်သောအခါမျှ ရွေ့လျားခြင်း မရှိသော ငါ၏ ယဇ်ပလ္လင်ထက်တွင် မိမိနှလုံးသားနှင့် စိတ်ဝိညာဉ်ကို စစ်မှန်စွာ တင်ထားသော သူတစ်ဦး တစ်ယောက်ကိုမျှ ငါမတွေ့ဖူးသေး။ သို့ကြောင့် ထိုသို့သော လူသားမျိုးနွယ်အတွက် ငါဖော်ပြလိုသော နှုတ်ကပတ်တော် အားလုံးကို အလဟဿ ဖွင့်ချရန် ဆန္ဒမရှိ။ ငါ၏နှလုံးထဲတွင် မပြီးမြောက်သေးသော ငါ၏အမှုများကို ပြီးစီးစေရန်နှင့် ကယ်တင်ရန်ကျန်နေသေးသော လူသားမျိုးနွယ်တို့အတွက် ကယ်တင်ခြင်းကို ယူဆောင်လာ ပေးရန်သာ စီမံနေသည်။ မည်သို့ပင်ဆိုစေကာမူ ငါ့နောက်လိုက်သူများ အားလုံးကို ငါ၏ ကယ်တင်ခြင်းနှင့် လူသားတို့အပေါ်တွင် ငါ့နှုတ်ကပတ်တော်မှ နှင်းအပ်ထားသည့် သမ္မာတရားတို့အား ရရှိစေလိုသည်။ တစ်နေ့ သင်၏မျက်လုံးများ မှိတ်သွားသောအခါ မွှေးရနံ့သင်းပျံ့နေသောလေနှင့် အသက်ရေစီးနေသော စမ်းချောင်းများ ရှိသည့် နိုင်ငံတော်ကို တွေ့ရစေလိုပြီး၊ မှောင်မိုက်သော တိမ်တိုက်များက မိုးကောင်းကင်ကို ဖုံးအုပ်ထားပြီး ငိုယိုအော်ဟစ်သံများ မည်သည့်အခါမျှ မဆိတ်သုန်းသည့် ညိုမှိုင်းအေးစက်နေသော ကမ္ဘာကို ငါသင်တို့အား မတွေ့စေလိုပါ။

Tuesday, November 27, 2018

အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် | ဘုရားသခင်၏ စကားတော် | သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၄)

ဘုရားသခင်, အသက်, သမ္မာတရား, အသင်းတော်,

စုံလင်အောင် ပြုလုပ်ပေးခြင်း ခံရသည်ဟူသည်မှာ မည်သည့် အဓိပ္ပါယ်နည်း။ သိမ်းပိုက်ခြင်း ခံရသည်ဟူသည်မှာ မည်သည့် အဓိပ္ပါယ်နည်း။ သိမ်းပိုက်ခြင်း ခံရဖို့အတွက် လူတစ်ယောက်သည် မည်သို့သော စံချိန်စံနှုန်းများနှင့် ပြည့်မီနေဖို့ လိုသနည်း။ စုံလင်အောင် ပြုလုပ်ပေးခြင်း ခံရဖို့အတွက် လူတစ်ယောက်သည် မည်သို့သော စံချိန်စံနှုန်းများနှင့် ပြည့်မီနေဖို့ လိုသနည်း။ သိမ်းပိုက်ခြင်းနှင့် စုံလင်စေခြင်း အလုပ်၏ ရည်ရွယ်ချက်မှာ လူ၌ အလုပ်လုပ်ဖို့အတွက် ဖြစ်သည်။ လူကို မူလသဏ္ဌာန်နှင့် ပြန်တူနိုင်စေရန် အတွက်၊ ယိုယွင်းပျက်စီးပြီး စာတန်နှင့်တူသော စိတ်သဘောထားထံမှသာမက စာတန်၏ လွှမ်းမိုးမှုမှ လူလွတ်မြောက်နိုင်စေဖို့အတွက် ဖြစ်သည်။ လူ၌ အလုပ်လုပ်သည့် ဖြစ်စဉ်တွင် ဤသိမ်းပိုက်ခြင်းသည် အစပိုင်းတွင် လုပ်ဆောင်သော အလုပ်ဖြစ်သည်။ ဆိုလိုသည်မှာ ယင်းသည် အလုပ်၏ ပထမဦးဆုံး အဆင့် ဖြစ်သည်။ စုံလင်စေခြင်းသည် ဒုတိယအဆင့် သို့မဟုတ် အပြီသတ်သည့်အလုပ် ဖြစ်သည်။ လူသားတိုင်းသည် သိမ်းပိုက်ခြင်းခံရမည်။ မခံလျှင် ဘုရားသခင်ကို သိကျွမ်းနိုင်မည် မဟုတ်ပေ။ ဘုရားသခင် ရှိသည်ကိုလည်း သိမည် မဟုတ်၊ တစ်နည်းအားဖြင့် လူသည် ဘုရားသခင်ကို အသိအမှတ်ပြုနိုင်စွမ်း ရှိမည်မဟုတ်ပေ။ လူတစ်ယောက်သည် ဘုရားသခင်ကို အသိအမှတ်မပြုလျှင် သူ့ကို ဘုရားသခင်က စုံလင်အောင်လုပ်ပေးဖို့ ဖြစ်နိုင်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုသို့ စုံလင်အောင် ပြုလုပ်ပေးသည်ကို ခံနိုင်ဖို့အတွက် သူသည် စံမီမည် မဟုတ်သောကြောင့် ဖြစ်သည်။ သင်သည် ဘုရားသခင်ကို အသိအမှတ်ပင် မပြုလျှင် ဘုရားသခင်ကို မည်သို့ သိကျွမ်းနိုင်မည်နည်း။ ဘုရားသခင်ကို မည်သို့ ကြိုးစားရှာဖွေနိုင် မည်နည်း။ သင်သည် သူ၏ အကြောင်းကိုလည်း သက်သေခံနိုင်မည် မဟုတ်ပေ၊ သူ့အား ကျေနပ်စေရန် ယုံကြည်ခြင်းရှိဖို့ ဆိုလျှင် သာ၍ပင် မဖြစ်နိုင်ပေ။ ထို့ကြောင့် စုံလင်အောင် ပြုလုပ်ပေးသည်ကို ခံလိုသောသူ မည်သူမဆို လုပ်ဆောင်ရမည့် ပထမဦးဆုံးအလုပ်မှာ သိမ်းပိုက်ခြင်းခံဖို့ ဖြစ်သည်။ ယင်းသည် ပထမဦးဆုံး လုပ်ဖို့လိုသည့် အရာဖြစ်သည်။ သို့သော် သိမ်းပိုက်ခြင်းဖြစ်စေ၊ စုံလင်အောင် ပြုလုပ်ခြင်းဖြစ်စေ အလုပ်တစ်ခုစီတိုင်း၏ ပန်းတိုင်သည် လူ၌ အလုပ်လုပ်ပြီး လူကို ပြောင်းလဲဖို့ ဖြစ်သည်။ ထိုအလုပ်တစ်ခုစီတိုင်းသည် လူကို စီမံခန့်ခွဲသည့် အလုပ်၌ ပါသောအရာ ဖြစ်သည်။ အဆိုပါအဆင့် နှစ်ဆင့်သည် လူတစ်ယောက်ကို ပြည့်စုံသော သူအဖြစ် ပြောင်းလဲရန် လိုအပ်သော အဆင့်နှစ်ဆင့်ဖြစ်သည်။ မည်သည့် အဆင့်ကိုမျှ ကျော်၍ မရပါ။ မှန်ပါသည်၊ "သိမ်းပိုက်ခြင်း ခံရသည်"ဟူသည့် စကားသည် ကြားရသည်မှာ နားဝင်ချိုလှသော စကား မဟုတ်ပါ။ သို့သော် လက်တွေ့တွင် တစ်စုံတစ်ယောက်ကို သိမ်းပိုက်သည့် နည်းလမ်းသည် သူ့ကို ပြောင်းလဲသည့် နည်းလမ်းဖြစ်သည်။ သိမ်းပိုက်ခြင်းခံရပြီးနောက် သင်သည် သင်၏ ယိုယွင်းပျက်စီးသော စိတ်သဘောထားကို စွန့်ပစ်ပြီး ဖြစ်ချင်မှ ဖြစ်ပေမည်။ သို့သော် ထိုအချိန်၌ သင့်မှာ ထိုစိတ်သဘောထား ရှိကြောင်းကို သင်သိနေပြီး ဖြစ်နေလိမ့်မည်။ သိမ်းပိုက်ခြင်း အလုပ်အားဖြင့် သင်သည် သင်၏ နိမ့်ကျသော လူ့သဘောသဘာဝနှင့် သင်၏ မနာခံမှုများစွာကို သိလာပြီး ဖြစ်လိမ့်မည်။ သင်သည် ထိုအရာများကို သိမ်းပိုက်ခြင်း အလုပ်၏ တိုတောင်းသော အချိန်ကာလအတွင်းတွင် စွန့်ပစ်နိုင်စွမ်း၊ ပြောင်းလဲနိုင်စွမ်း ရှိမည် မဟုတ်သော်လည်း ထိုအရာများကို သင်သိလာလိမ့်မည်။ ထိုသို့သိလာခြင်းသည် သင်၏စုံလင်မှုအတွက် လိုအပ်သော အခြေခံအုတ်မြစ်ကို ချထားခြင်း ဖြစ်သည်။ သိမ်းပိုက် အောင်မြင်ခြင်းနှင့် စုံလင်အောင် ပြုလုပ်ပေးခြင်း စသည့် အလုပ်နှစ်ခုစလုံးသည် လူကို ပြောင်းလဲဖို့အတွက် လုပ်ဆောင်သော အရာများ ဖြစ်သည်။ နှစ်ခုစလုံးသည် လူ၌ရှိသော ယိုယွင်းပျက်စီးပြီး စာတန်နှင့်တူသော စိတ်သဘောထားကို ဖယ်ရှားဖို့အတွက် လုပ်သောအလုပ်များ ဖြစ်သည်။ လူက မိမိကိုယ်ကို ဘုရားသခင်အား အပြည့်အဝ ပေးဆပ်နိုင်ဖို့အတွက် ဖြစ်သည်။ သိမ်းပိုက်ခြင်းခံခြင်းသည် လူ၏ စိတ်သဘောထားကို ပြောင်းလဲရာတွင် ပထမဦးဆုံးအဆင့် ဖြစ်သည်၊ လူက မိမိကိုယ်ကို ဘုရားသခင်အား အပြည့်အဝ ပေးဆပ်ရာတွင် ပထမဦးဆုံး လုပ်ဆောင်သောအဆင့်လည်း ဖြစ်ပြီး၊ စုံလင်အောင် ပြုလုပ်ပေးခြင်းထက် အဆင့်လျော့သော အဆင့် ဖြစ်သည်။ သိမ်းပိုက်ခြင်းခံရသည့် လူတစ်ယောက်၏ အသက်တာ၌ စိတ်သဘောထား ပြောင်းလဲမှုများကို စုံလင်အောင် ပြုလုပ်ပေးခြင်း ခံရပြီးဖြစ်သည့် လူတစ်ယောက်၏ အသက်တာ၌ စိတ်သဘောထား ပြောင်းလဲမှုနှင့် ယှဉ်လျှင် ပြောင်းလဲခြင်း အလွန်နည်းသည်။ သိမ်းပိုက်ခြင်းခံရခြင်းနှင့် စုံလင်အောင် ပြုလုပ်ပေးခြင်း ခံရခြင်းသည် သဘောတရားအရ တစ်ခုနှင့်တစ်ခု မတူပေ။ အဘယ်ကြောင့်ဆိုသော် ၄င်းတို့သည် မတူညီသည့် အလုပ်အဆင့်နှစ်မျိုး ဖြစ်သောကြောင့်၊ ၄င်းတို့၌ လူတို့အတွက် သီးခြား စံသတ်မှတ်ချက်များ ရှိသောကြောင့် ဖြစ်သည်။ သိမ်းပိုက်ခံရဖို့အတွက် လူတို့၌ ရှိရမည့် စံသတ်မှတ်ချက် များသည် ပိုနိမ့်ပြီး စုံလင်အောင် ပြုလုပ်ပေးခြင်း ခံရဖို့အတွက် လူတို့၌ ရှိရမည့် စံသတ်မှတ်ချက်များမှာမူ ပိုမြင့်သည်။ စုံလင်အောင် ပြုလုပ်ပေးခြင်း ခံရပြီးဖြစ်သည့် လူများသည် ဖြောင့်မတ်သောသူများ ဖြစ်သည်။ သန့်ရှင်း စင်ကြယ်စေပြီးသော သူများ ဖြစ်သည်။ သူတို့သည် လူသားမျိုးနွယ်ကို စီမံခန့်ခွဲသည့် အလုပ်၏ မြင်ရသော ရလဒ်များ သို့မဟုတ် နောက်ဆုံး ထုတ်ကုန်များ ဖြစ်သည်။ သူတို့သည် စုံလင်သော လူသားများ မဟုတ်သော်လည်း အဓိပ္ပါယ်ရှိသော အသက်တာကို ရှင်သန်နိုင်ရန် ကြိုးစားနေသူများ ဖြစ်သည်။ သိမ်းပိုက်ခြင်းခံရသည့် သူများမှာမူ ဘုရားသခင်ရှိသည်ဟု နှုတ်နှင့်သာ အသိအမှတ်ပြုကြသည်။ ဘုရားသခင် ကိုယ်တိုင် လူ့ဇာတိခံယူပြီး ဖြစ်သည်၊ နှုတ်ကပတ်တော် သည် လူဇာတိ၌ ပေါ်လာသည်၊ ဘုရားသခင်သည် တရားစီရင်သည့် အလုပ်နှင့် ပြစ်တင်ဆုံးမသည့် အလုပ်ကို လုပ်ရန် လောကသို့ လာပြီးဖြစ်သည်ဟု သူတို့က အသိအမှတ်ပြုကြသည်။ ဘုရားသခင်၏ တရားစီရင်မှုနှင့် ဆုံးမပြစ်တင်မှု၊ ဘုရားသခင်၏ ထိုးနှက်မှုနှင့် စစ်ဆေးမှုတို့အားလုံးသည် လူအတွက် အကျိုးရှိသော အရာများ ဖြစ်သည်ဟုလည်း သူတို့က အသိအမှတ်ပြုကြသည်။ ဆိုလိုသည်မှာ သူတို့သည် ယခုမှ လူနှင့် စတင်၍ တူလာကြသူများဖြစ်သည်။ သူတို့သည် ဘဝနှင့် ပတ်သတ်၍ အနည်းအကျဉ်း နားလည်သော်လည်း မှုန်ဝါးဝါး ဖြစ်နေကြသေးသည်။ တစ်နည်းအားဖြင့်ဆိုသော် သူတို့သည် ယခုမှ လူ့သဘောသဘာဝကို စတင်ပိုင်ဆိုင် လာကြသူများ ဖြစ်သည်။ ထိုသို့ဖြစ်ခြင်းသည် သိမ်းပိုက်ခြင်းခံရခြင်း၏ ရလဒ်များ ဖြစ်သည်။ လူတို့သည် စုံလင်အောင် ပြုလုပ်ပေးခြင်းခံရမည့် လမ်းပေါ်သို့ စတင်လျှောက်လှမ်း သောအခါ သူတို့၏ စိတ်သဘောထား အဟောင်းသည် ပြောင်းလဲနိုင်သည်။ ထို့အပြင် သူတို့၏ အသက်တာသည် ဆက်လက်ကြီးထွားလာပြီး သမ္မာတရားသို့ တဖြည်းဖြည်း သာ၍နက်ရှိုင်းစွာ ဝင်ရောက် တတ်ကြသည်။ သူတို့သည် လောကကို စက်ဆုပ်ရွံရှာနိုင်စွမ်း ရှိကြသည်၊ သမ္မာတရားနောက်သို့ မလိုက်သောသူ အားလုံးကိုလည်း စက်ဆုပ်ရွံရှာနိုင်စွမ်း ရှိကြသည်။ သူတို့သည် အထူးသဖြင့် သူတို့ကိုယ်သူတို့ စက်ဆုပ် ရွံရှာကြသည်။ ထို့အပြင် သူတို့သည် သူတို့ကိုယ်သူတို့ ရှင်းရှင်းလင်းလင်း သိကြသည်။ သမ္မာတရားအတိုင်း အသက်ရှင်လိုစိတ် ရှိကြသည်။ သမ္မာတရား နောက်သို့လိုက်ခြင်းကိုလည်း သူတို့၏ ပန်းတိုင်အဖြစ် သတ်မှတ်ကြသည်။ သူတို့သည် သူတို့၏ ကိုယ်ပိုင် ဦးနှောက်ထဲမှ ထွက်လာသော အတွေးများထဲ၌ အသက်ရှင်လိုစိတ် မရှိကြ။ ကိုယ့်ကိုယ်ကို ဖြောင့်မတ်သည်ဟု လူက သတ်မှတ်ခြင်း၊ လူ၏ မောက်မာခြင်းနှင့် ကိုယ့်ကိုယ်ကို အလွန်အမင်း ဘဝင်မြင့်ခြင်းတို့ကို သူတို့သည် စက်ဆုပ်ရွံရှာကြသည်။ သူတို့ စကားပြောသည့်အခါ အလွန်သင့်တင့် လျောက်ပတ်စွာ ပြောတတ်ကြသည်။ အရေးကိစ္စများကို ထိုးထွင်းနားလည်နိုင်သောဉာဏ်၊ ဉာဏ်ပညာတို့ဖြင့် ကိုင်တွယ်တတ်ကြသည်။ ဘုရားသခင်ကို သစ္စာရှိပြီး နာခံကြသူများလည်း ဖြစ်သည်။ သူတို့သည် ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်မှုကို တစ်ကြိမ် ကြုံတွေ့ ခံစားရလျှင် မလှုပ်မယှက် တုံပြန်သူများ မဖြစ်လာတတ်ကြ၊ သို့မဟုတ် အားနည်းသူများလည်း ဖြစ်မလာတတ်ကြဘဲ၊ ဘုရားသခင်ထံမှ ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်မှုအတွက် ကျေးဇူးတင်တတ်ကြသည်။ သူတို့သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်မှု မပါဘဲ မလုပ်ဆောင်နိုင်ဟု ယုံကြည်ကြသည်။ ဘုရားသခင်၏ ကာကွယ်မှုကို သူတို့သည် ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်မှုမှ ရရှိနိုင်ကြသည်။ သူတို့သည် ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်ခြင်းကို ပေးသည့် ယုံကြည်ခြင်းကို ရဖို့ မကြိုးစားပေ၊ သူတို့၏ ဆာလောင်မှုကို ဖြေသိမ့်ဖို့အတွက် ပေါင်မုန့်ကို ရှာသည့် ယုံကြည်ခြင်းမျိုးကိုလည်း ရဖို့မကြိုးစားပေ။ ဇာတိပကတိနှင့်ဆိုင်သော ယာယီသာယာမှုများ နောက်သို့လည်း မလိုက်ကြပေ။ စုံလင်အောင် ပြုလုပ်ပေးခြင်း ခံရပြီးဖြစ်သော သူများ၌ ထိုသို့သော အမူအကျင့်များ ရှိကြသည်။ လူတို့သည် သိမ်းပိုက်ခြင်းကို ခံရပြီးနောက်တွင် ဘုရားသခင်ရှိကြောင်းကို အသိအမှတ် ပြုတတ်ကြသည်။ သို့သော်လည်း ဘုရားသခင်ရှိကြောင်းကို အသိအမှတ်ပြုခြင်းသည် မည်သို့သော အပြုအမူများနှင့် ဒွန်တွဲနေပါစေ၊ ထိုအပြုအမူများသည် သူတို့၌ အကန့်အသတ်ဖြင့် ရှိလေ့ရှိသည်။ ဧကန်အမှန်အားဖြင့် လူ့ဇာတိတွင် ပေါ်လာသော နှုတ်ကပတ်တော်ဆိုသည်မှာ မည်သည့် အဓိပ္ပါယ်ကို ရည်ညွှန်းသနည်း။ လူ့ဇာတိခံယူခြင်း၏ အဓိပ္ပါယ်မှာ အဘယ်နည်း။ လူဇာတိခံယူထားသော ဘုရားသခင်သည် မည်သည့်အရာများကို လုပ်ဆောင်ခဲ့ပြီး ဖြစ်သနည်း။ သူ့အလုပ်၏ ပန်းတိုင်နှင့် ရည်ရွယ်ချက်မှာ မည်သည့်အရာ ဖြစ်သနည်း။ သူ၏ အလုပ်များစွာကို ကြုံတွေ့ခံစားရပြီးနောက်၊ ဇာတိပကတိထဲတွင် လုပ်ဆောင်ခဲ့သော သူ၏ လုပ်ရပ်များစွာကို ကြုံတွေ့ခံစားရပြီးနောက် သင်သည် မည်သည့်အရာကို ရရှိခဲ့သနည်း။ ဤအရာများအားလုံးကို သင်နားလည်ပြီးမှသာ သင်သည် သိမ်းပိုက်ခြင်းခံရသော လူတစ်ဦး ဖြစ်လိမ့်မည်။ ဘုရားသခင် ရှိသည်ကို သင်အသိအမှတ်ပြုကြောင်းသာ သင်က ပြောပြီး သင်စွန့်လွှတ်သင့်သည့် အရာကို မစွန့်လွှတ်လျှင်၊ သင်စွန့်လွှတ်သင့်သည့် ဇာတိပကတိနှင့်ဆိုင်သော သာယာမှုများကို မစွန့်လွှတ်လျှင်၊ သင်အမြဲတပ်မက်နေသည့် ဇာတိပကတိနှင့်ဆိုင်သော ဇိမ်ခံစရာများကို ဆက်လက် တပ်မက်နေလျှင်၊ ညီအစ်ကို မောင်နှမများအပေါ်၌ ထားရှိသော အကျိုးအကြောင်းအမှန် အပေါ် အခြေမခံသော သင်၏ အစွဲအလမ်းများကို မစွန့်လွှတ်နိုင်လျှင်၊ သင်လုပ်ရမည့် ရိုးရှင်းသော ကျင့်ဆောင်မှုများကို တာဝန်ကျေအောင် လုပ်နိုင်စွမ်းမရှိလျှင်၊ ထိုအရာများကို မလုပ်နိုင်ခြင်းက သင်သည် သိမ်းပိုက်ခြင်း မခံရသေးကြောင်းကို သက်သေပြနေသည်။ ထိုသို့ဖြစ်နေလျှင် သင်နားလည်သော အရာမြောက်များစွာ ရှိသော်လည်း မည်သည့် အတွက်မှ အကျိုးရှိမည် မဟုတ်ပေ။ သိမ်းပိုက်ခြင်း ခံပြီးပြီ ဖြစ်သောသူများသည် အစပျိုးပြောင်းလဲမှုအချို့ ရှိထားပြီးသူများ၊ အစပျိုးဝင်ရောက်မှုကို လုပ်ဆောင်ပြီး သူများ ဖြစ်သည်။ ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုကို ကြုံတွေ့ခံစားရသောကြောင့် သူတို့၌ ဘုရားသခင်နှင့် ပတ်သက်သော အစပျိုးအသိပညာနှင့် သမ္မာတရားနှင့် ပတ်သက်သော အစပျိုးနားလည်မှု ရှိကြသည်။ သာ၍နက်နဲသော၊ သာ၍ အသေးစိတ်သော အမှန်တရား တော်တော်များများနှင့်ပတ်သက်လျှင် သင်သည် ယင်းတို့၏ လက်တွေ့ သဘောထဲသို့ အပြည့်အဝ ဝင်ရောက်နိုင်စွမ်း မရှိသော်လည်း၊ သင်၏ လက်တွေ့ အသက်တာ၌ အခြေခံ ဖြစ်သော အမှန်တရား တော်တော်များများကို သင်သည် လက်တွေ့ ကျင့်သုံးနိုင်စွမ်း ရှိသည်။ ထိုအမှန်တရားများမှာ ဇာတိပကတိနှင့်ဆိုင်သော သာယာမှုများ သို့မဟုတ် သင်၏ကိုယ်ပိုင် အဆင့်အတန်းနှင့် သက်ဆိုင်သော အကြောင်းအရာများ ကဲ့သို့သော အမှန်တရားများ ဖြစ်သည်။ မှန်ပါသည်၊ ဤအရာများ အားလုံးသည် သိမ်းပိုက် အောင်မြင်ခြင်းအဆင့်ကို ဖြတ်သန်း သွားနေသူများ လုပ်ဆောင်ပြီးဖြစ်သော အရာများဖြစ်သည်။ သိမ်းပိုက်ခြင်း ခံရပြီးဖြစ်သော သူတို့၏ အသက်တာ၌ စိတ်သဘောထား ပြောင်းလဲမှု အချို့ကိုလည်း မြင်နိုင်သည်။ ဥပမာအားဖြင့် သူတို့၏ အဝတ်အစား၊ သပ်သပ်ရပ်ရပ် နေတတ်သည့် အကျင့်နှင့် သူတို့၏အသက်တာ စသည့်အရာများသည် ပြောင်းလဲနိုင်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် ပတ်သက်သော သူတို့၏ အမြင်သည် ပြောင်းလဲသည်။ သူတို့ ကြိုးစားရှာဖွေနေသည့် အရာကိုလည်း ရှင်းရှင်းလင်းလင်း သိကြသည်။ သူတို့၏ ရည်မှန်းချက်များ လည်း မြင့်လာသည်။ သိမ်းပိုက်ခြင်း ခံနေရသည့် အချိန်ကာလ အတောအတွင်းတွင် သူတို့၏ အသက်တာ၌ စိတ်သဘောထားလည်း အလိုက်သင့် ပြောင်းလဲနိုင်သည်။ သူတို့ လုံးလုံး မပြောင်းလဲကြခြင်းကား မဟုတ်ပေ။ သူတို့၏ ပြောင်းလဲမှုသည် အပေါ်ယံသာ ဖြစ်ပြီး အစပိုင်းတွင်သာ ပြောင်းလဲခြင်း ဖြစ်ကာ စုံလင်အောင် ပြုလုပ်ခြင်း ခံပြီးနောက် တစ်စုံတစ်ယောက်၏ အသက်တာ၌ မြင်ရမည်ဖြစ်သည့် ကြိုးစားရှာဖွေနေသည့် အရာ ပြောင်းလဲသွားခြင်း၊ စိတ်သဘောထား ပြောင်းလဲခြင်းတို့နှင့် ယှဉ်လျှင် ၄င်းတို့၏ ပြောင်းလဲမှုသည် အလွန်နည်းလှခြင်းသာ ဖြစ်သည်။ သိမ်းပိုက်ခြင်းခံနေရသည့် အချိန်ကာလ အတောအတွင်းတွင် လူတစ်ယောက်၏ စိတ်သဘောထားသည် လုံးဝ မပြောင်းလဲဘဲနေလျှင်၊ သမ္မာတရားကိုလည်း အနည်းငယ်မျှပင် မရလျှင် ထိုသို့သောသူသည် စွန့်ပစ်ပစ္စည်းတစ်ခုသာ ဖြစ်လာပြီး လုံးလုံးလျားလျား အသုံးမဝင်ပေ။ သိမ်းပိုက်ခြင်း မခံရသေးသော သူများသည် စုံလင်အောင် ပြုလုပ်ပေးခြင်း မခံနိုင်ပေ။ လူတစ်ယောက်သည် သိမ်းပိုက်ခြင်း ခံရဖို့သာ ကြိုးစားနေလျှင် သိမ်းပိုက်ခြင်း အလုပ်ကို ခံနေသည့် အတောအတွင်းတွင် သူ့စိတ်သဘောထားမှာ အလိုက်သင့် ပြောင်းလဲမှုအချို့ကို ပြလျှင်ပင် သူ့အား စုံလင်အောင် အပြည့်အဝ မလုပ်နိုင်ပေ။ နောက်ဆုံး၌ အစပိုင်းတွင် သူရရှိခဲ့သည့် အမှန်တရားများကိုလည်း သူဆုံးရှုံးလိမ့်မည်။ သိမ်းပိုက်ခြင်းခံပြီးသူ၏ စိတ်သဘောထား ပြောင်းလဲမှု ပမာဏနှင့် စုံလင်အောင် ပြုလုပ်ခြင်း ခံပြီးသူ၏ စိတ်သဘောထား ပြောင်းလဲမှု ပမာဏသည် အလွန့်အလွန်ပင် ကွာခြားသည်။ သို့သော်လည်း သိမ်းပိုက်ခြင်း ခံရခြင်းသည် ပြောင်းလဲမှု၏ ပထမအဆင့် ဖြစ်သည်၊ အခြေခံ အုတ်မြစ်လည်း ဖြစ်သည်။ ထိုသို့သော အစပျိုးပြောင်းလဲမှု မရှိခြင်းက လူတစ်ယောက်သည် ဘုရားသခင်ကို အမှန်တကယ်ပင် လုံးလုံးလျားလျား မသိကြောင်းကို ပြသည့် သက်သေဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုသို့သော အသိသည် တရားစီရင်မှုမှ ရရှိသော အသိဖြစ်ပြီး ထိုတရားစီရင်မှုသည် သိမ်းပိုက်ခြင်း အလုပ်၌ အရေးပါသောအရာ ဖြစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် စုံလင်အောင် ပြုလုပ်ပေးခြင်း ခံပြီးသူတိုင်းသည် သိမ်းပိုက်ခြင်းအဆင့်ကို ဖြတ်သန်းပြီးသူများ ဖြစ်သည်။ ထိုသို့ မဖြတ်သန်းလျှင် သူတို့သည် မည်သည့် နည်းနှင့်မျှ စုံလင်အောင် ပြုလုပ်ပေးခြင်း ခံရပြီး ဖြစ်မည် မဟုတ်ပေ။

Monday, November 26, 2018

ခရစ်ယာန် အတွေ့အကြုံ ဓမ္မတေး (ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ကျွန်ုပ်တို့အား နီးစေပြီ) Myanmar Subtitles


ခရစ်ယာန် အတွေ့အကြုံ ဓမ္မတေး
ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ကျွန်ုပ်တို့အား နီးစေပြီ
မရေမတွက်နိုင်သော ပင်လယ်များနှင့် တောင်များ ခြားပါစေ၊
ကျွန်ုပ်တို့အကြားတွင် နယ်နိမိတ်များ မရှိ၊
အသားအရောင် ကွဲပြားပါစေ မတူညီသော ဘာသာစကားကို ပြောပါစေ
ကျွန်ုပ်တို့သည် လူမျိုးတော် တစ်မျိုးတည်း ဖြစ်ကြပါသည်။
အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်သည်
ကျွန်ုပ်တို့အား ခေါ်တော်မူခြင်းကြောင့်၊
ကျွန်ုပ်တို့သည် ဘုရားသခင်၏ ပလ္လင်တော်
ရှေ့သို့ ချီးမြှောက်ခြင်းကို ခံရပါပြီ။
မရေမတွက်နိုင်သော ပင်လယ်များနှင့် တောင်များ ခြားပါစေ၊
ကျွန်ုပ်တို့အကြားတွင် နယ်နိမိတ်များ မရှိ၊
အသားအရောင် ကွဲပြားပါစေ မတူညီသော ဘာသာစကားကို ပြောပါစေ
ကျွန်ုပ်တို့သည် လူမျိုးတော် တစ်မျိုးတည်း ဖြစ်ကြပါသည်။

Sunday, November 25, 2018

ဘုရားသခင်၏ အသံတော် | ဘုရားသခင်၏ စီမံခန့်ခွဲမှုအထဲ၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည်

အသင့်တော်, ယေရှု, သမ္မာကျမ်းစာ, ကောင်းကင်နိုင်ငံတော်,
ဘုရားသခင်၏ စီမံခန့်ခွဲမှုသည် လူသားနှင့် လုံးဝသက်ဆိုင်ခြင်းမရှိဟု လူတို့ထင်မြင်ကြသဖြင့် ဘုရားသခင်၏ စီမံခန့်ခွဲမှုသည် ထူးဆန်းသည်ဟု လူတိုင်းက ထင်မြင်ယူဆကြသည်။ ဤစီမံခန့်ခွဲမှုသည် ဘုရားသခင် တစ်ဦးတည်း၏အလုပ်၊ ဘုရားသခင်၏ ကိုယ်ပိုင်လုပ်ငန်းဟု ယူဆသဖြင့် လူသားတို့သည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအပေါ် စိတ်မဝင်စားပါ။ ဤနည်းအားဖြင့် လူသားတို့၏ကယ်တင်ခြင်းမှာ မရေမရာ၊ မပြတ်မသား ဖြစ်လာကာ ယခုတွင် အဓိပ္ပာယ်ကင်းမဲ့သော လေလုံးထွားခြင်းသာ ဖြစ်နေပါတော့သည်။ လူသားသည် ရွေးနုတ်ကယ်တင်ခံရကာ သာယာလှပသော ခရီးလမ်းဆုံးပန်းတိုင်သို့ ဝင်ရောက်ရေးအတွက် ဘုရားသခင်နောက်သို့ လိုက်သော်လည်း ဘုရားသခင်သည် ၎င်း၏အမှုတော်အား မည်သို့ထမ်းဆောင်သည်ကို လူသားသည် လုံးဝ စိတ်မဝင်စားပါ။ လူသားသည် ဘုရားသခင်ဆောင်ရွက်ရန် စီစဉ်ထားသည့်အရာနှင့် ကယ်တင်ခြင်းရရှိရန် ၎င်းပါဝင်ရမည့် အခန်းကဏ္ဍကို ဂရုမစိုက်ပါ။ မည်မျှဝမ်းနည်းစရာ ကောင်းလိုက်ပါသနည်း။ လူသား၏ကယ်တင်ခြင်းသည် ဘုရားသခင်၏စီမံခန့်ခွဲမှုမှ ကင်းကွာ၍မရပါ။ ဘုရားသခင်၏ အစီအစဉ်မှ ကွဲကွာရန် ပို၍ပင် မဖြစ်နိုင်ပါ။ သို့သော်လည်း လူသားသည် ဘုရားသခင်၏စီမံခန့်ခွဲမှုကို အရေးကြီးသည်ဟု မထင်ပါ။ ထို့ကြောင့် ဘုရားသခင်ထံမှ ပို၍ဝေးကွာလာသည်။ အကျိုးဆက်အနေဖြင့် တိုးပွားလာသော လူအများအပြားသည် ဖန်ဆင်းခြင်း၊ ဘုရားသခင်ကိုယုံကြည်ခြင်း၊ ဘုရားသခင်ကိုကိုးကွယ်ခြင်းစသည်ဖြင့် လူသား၏ကယ်တင်ခြင်းနှင့် အနီးကပ်ဆက်စပ်နေသည့် အရာများကိုမသိဘဲ ဘုရားသခင်နောက်တော်သို့ လိုက်ပါသူများ ဖြစ်လာနေကြသည်။ ဤသို့ဖြစ်ပါက ယခုအချိန်တွင် ဘုရားသခင်နောက်တော်သို့ လိုက်ပါသူ တစ်ဦးစီသည် ဘုရားသခင်နောက်လိုက်ခြင်းနှင့် သူ့ကိုယုံကြည်ခြင်း၏ အရေးပါပုံကို ရှင်းလင်းစွာ သိရှိနိုင်ရန် ငါတို့သည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအကြောင်း ပြောရပါမည်။ ကောင်းချီးမင်္ဂလာများ ခံစားရန်၊ ကပ်ဘေးမှ ရှောင်ရှားရန် သို့မဟုတ် အောင်မြင်ရန်အတွက်သာ ဘုရားသခင်၏နောက်တော်သို့ လိုက်မည့်အစား ၎င်းတို့ လျှောက်လှမ်းရမည့် လမ်းကိုလည်း ၎င်းတို့ ပိုမိုတိကျစွာ ရွေးချယ်နိုင်ပါမည်။

Saturday, November 24, 2018

အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် | ဘုရားသခင်၏ စကားတော် | ဘုရားသခင်ကို ယုံကြည်သော သင်သည် သမ္မာတရားအတွက် အသက်ရှင်သင့်သည်

သမ္မာတရား, ယေရှု, ဆုတောင်း, ယုံကြည်ခြင်း, အသက်,

လူသားအားလုံး၌ တည်ရှိနေသော ဘုံပြဿနာသည် သမ္မာတရားကို သဘောပေါက် နားလည်ပါလျက်နှင့် လက်တွေ့ပိုင်း အသက်တာတွင် မကျင့်သုံးနိုင်ခြင်း ဖြစ်သည်။ အကြောင်းရင်း တစ်ခုမှာ လူသည် အဖိုးအခပေးရန် ဆန္ဒမရှိခြင်းဖြစ်၍ အခြားအကြောင်းရင်းမှာ လူ၏ ထိုးထွင်းသိမြင်နိုင်စွမ်းသည် အလွန်ပင် မလုံမလောက် ဖြစ်နေသောကြောင့် ဖြစ်၏၊ လူသည် လက်တွေ့ဘဝတွင် ရှိနေသည့် အခက်အခဲများစွာကို ကျော်လွန်၍ မြင်နိုင်စွမ်းမရှိ ဆီလျော်အောင် အဘယ်သို့ ကျင့်သုံးအသက်ရှင်ရမည်ကိုလည်း မသိချေ။ လူတွင် အတွေ့အကြုံ အလွန်နည်းခြင်း၊ အစွမ်းအစနည်းခြင်းနှင့် သမ္မာတရားကို နားလည်နိုင်စွမ်း အကန့်အသတ်ရှိသဖြင့် ဘဝမှာ ရင်ဆိုင်ရသည့် အခက်အခဲများကို ဖြေရှင်းရန် မတတ်နိုင်ပေ။ ဘုရားသခင်ကို ယုံကြည်ခြင်းအရာမှာ နှုတ်ဖျား အပြောမျှသာဖြစ်ပြီး မိမိ၏ နေ့စဉ်အသက်တာတွင်မူ ဘုရားသခင်ကို ဖိတ်ခေါ်ခြင်း မပြုနိုင်ချေ။ တစ်နည်းဆိုရလျှင်၊ ဘုရားသခင်က ဘုရားသခင်ဖြစ်ပြီး၊ ဘဝက ဘဝဖြစ်ကာ၊ မိမိအသက်တာတွင် ဘုရားသခင်နှင့် ပတ်သက်ဆက်နွယ်မှုမရှိသော အရာမျိုးဖြစ်သည်။ ထိုအရာသည် လူသားအားလုံး ယုံကြည်နေကြသည့်အရာ ဖြစ်၏။ ဘုရားသခင်ကို ထိုသို့ ယုံကြည်ခြင်းမျိုးသည် လူကို လက်တွေ့ဘဝတွင် သူ့အားဖြင့် အဘယ်အကျိုးမျှ ရှိစေမည်မဟုတ်၊ စုံလင်စေမည်လည်း မဟုတ်ပေ။ အမှန်မှာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် မပြည့်စုံသောကြောင့် မဟုတ်ဘဲ၊ သူ၏နှုတ်ကပတ်တော်ကို ခံယူရန် လူ၏ စွမ်းဆောင်နိုင်မှုသည် သာမန်ရိုးရိုးအားဖြင့် မလုံလောက်သောကြောင့် ဖြစ်ပေသည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များအတိုင်း အဘယ်သူမျှနီးပါး မလုပ်နိုင်ဟုဆိုနိုင်၏။ တိတိကျကျဆိုရလျှင်၊ သူတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ မိမိတို့၏ ရည်ရွယ်ချက်များ၊ ဘာသာရေး ထင်မြင်ယူဆချက်များ၊ ဓလေ့ထုံးစံများနှင့်အညီ တည်ဆောက်သည်။ လူအနည်းငယ်ကသာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ခံယူခြင်းနှင့် သူ့အလိုနှင့်အညီ စတင်အသက်ရှင်ခြင်း တည်းဟူသော ပြောင်းလဲခြင်းသို့ လျှောက်လှမ်းသည်။ အမှန်ဆိုလျှင် သူတို့သည် မိမိတို့ ယုံကြည်ခြင်း အမှားများကို မရမနေစွဲကိုင်ကြ၏။ လူသည် ဘုရားသခင်ကို ယုံကြည်လာသည့် အချိန်တွင် ဘာသာရေးဓလေ့ ထုံးတမ်းစဉ်လာ စည်းမျဉ်း စည်းကမ်းများကို အခြေခံပြီး သူ၏ ကိုယ်ပိုင် ဘဝဒဿနများအပေါ် လုံးလုံးလျားလျား အခြေခံကာ အခြားသူများနှင့် အပြန်အလှန် ဆက်ဆံနေထိုင်သည်။ ဤသည်မှာ လူဆယ်ဦးတွင် ကိုးဦး၌ ဖြစ်လေ့ရှိသော အရာပင်ဖြစ်သည်။ လူအနည်းငယ်သာလျှင် ဘုရားသခင်ကို ယုံကြည်ပြီးခါစ နောက်ပိုင်းတွင် အခြားသော အကြံအစည်ကို ဖန်တီးပြီး ပုံစံအသစ်သို့ ကူးပြောင်းကြသည်။ မည်သူကမျှ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သမ္မာတရားအဖြစ် မထင်မမှတ်၊ လက်တွေ့ မကျင့်သုံးကြပါ။

Friday, November 23, 2018

ခရစ်ယာန်ဘာသာ ရုပ်ရှင် (ကိုယ်ပိုင်မူ ၃ ခုသုံးအသင်းတော် ဟာ ကျွန်ုပ်၏အရိပ်အာဝါသဖြစ်တယ်)


တစ်ခါတုန်းက ညဥ့်နက်ချိန်ခါမှာ တရုတ်ကွန်မြူနစ်အစိုးရဟာ ဒေသတစ်ခုမှာရှိတဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ဝင် ခရစ်ယာန်များစွာကို ဖမ်းဆီးခဲ့ပါတယ်။ ဒီကိစ္စကြောင့် ပြည်တွင်းမငြိမ်သက်မှုကြီး ဖြစ်ပွားခဲ့တယ်။ အဲဒါကြောင့် ကိုယ်ပိုင်မူ၃ ခုသုံး အသင်းတော်ဝင်များကြား ညှိနှိုင်းဆွေးနွေးမှုများရှိလာတယ်။ လူအချို့က တရုတ်ကွန်မြူနစ်အစိုးရရဲ့ ရက်စက်တဲ့ နှိမ်နှင်းခြင်းနဲ့ နှိပ်စက်မှုတွေကို အရှေ့အရပ်က လျှပ်ပြက်ခြင်းက ခံစားခဲ့ရတယ်လို့ ယုံကြည်နေကြပါတယ်။ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို ယုံကြည်ခြင်းဟာ အန္တရာယ်များပြီး ကိုယ်ပိုင်မူ ၃ ခုသုံးအသင်းတော်ကို ယုံကြည်ခြင်းက ဘေးအကင်းဆုံးဖြစ်တယ်။ အခက်အခဲမရှိ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်နိုင်မယ်လို့ ယုံကြည်ကြတယ်။ တခြားလူတွေက အရှေ့အရပ်မှလျှပ်ပြက်ခြင်းဟာ အမှန်ကန်ဆုံးလမ်းစဉ်လို့ ယုံကြည်ကြပေမယ့် ရင်ဆိုင်ရမယ့် ဖမ်းဆီးနှိပ်စက်ခြင်းက ပြင်းထန်လွန်းတယ်။

ယုံကြည်မယ်ဆိုရင်လည်း သိုသိုသိပ်သိပ်နဲ့ ယုံကြည်ရင် ကောင်းမယ်လို့ သူတို့တွေးခဲ့ကြတယ်၊ တရုတ်ကွန်မြူနစ်ပါတီ ပြိုလဲတာနဲ့ တပြိုင်နက် အနန္တတန်ခိုးရှင်ဘုရားသခင်ကို သူတို့ ပွင့်ပွင့်လင်းလင်း ယုံကြည်လို့ရပြီ။ အရှေ့အရပ်မှလျှပ်ပြက်ခြင်းကို လူအများလေ့လာခဲ့ရာ အရှေ့အရပ်မှလျှပ်ပြက်ခြင်းအသင်းတော်ဝင်တွေဟာ နှုတ်ကပတ်တော်ကို ပျံ့နှံ့စေပြီး သေခြင်းရှင်ခြင်းဂရုမထားပဲ သခင့်ကိုသက်သေခံကြတဲ့အပြင် ဘုရားသခင်ရဲ့ ချီးမွမ်းခြင်းကို ခံရသူများဖြစ်တယ်လို့ ယုံကြည်ကြတယ်။ ကိုယ်ပိုင်မူ ၃ ခုသုံးအသင်းတော်မှာ ပုန်းခိုနေသူတွေဟာ သူရဲဘောကြောင်သူတွေဖြစ်ပြီး ဘဝတစ်လျှောက် ရည်မှန်းချက်မရှိဖြတ်သန်းရင်း ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ဖို့ မထိုက်တန်သူတွေလို့ ယူဆကြတယ်။ ပြင်းပြင်းထန်ထန်ဆွေးနွေးပြီးတဲ့နောက် ဘယ်လိုလူက ဘုရားသခင်ရဲ့ ချီးမွမ်းမှုကို ခံရမလား၊ ကြောက်ရွံ့တတ်သူက ကောင်းကင်နိုင်ငံတော်ထဲ ဝင်ရောက်ခွင့်ရနိုင်မလား ဆိုတာတွေကို လူတိုင်းသိကြမလား။

 အကြံပြုစာများဖတ်ရှုလေ့လာရန်:

ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့သည့်အချိန်သည် ဘုရားသခင်မှ ကောင်းကင်နှင့်မြေကြီး အသစ်တစ်ဖန်ပြန်၍ပြုလုပ်ပြီးချိန် ဖြစ်မည်
ယေရှု, သမ္မာကျမ်းစာ, ဒုတိယ အကြိမ် ပြန်ကြွလာခြင်း, တရားစီရင်သောနေ့များ, ကောင်းကင်နိုင်ငံတော်


Thursday, November 22, 2018

ဘုရားသခင်၏ ပြောဆိုသံ | အမျက်ဒေါသကျရောက်မည့်နေ့ကို ဇာတိပကတိဖြစ်သောသူ အဘယ်သူမှ လွတ်မြောက်နိုင်မည် မဟုတ်ပါ

ယေရှု, ဆုတောင်, အသက်, ဘုရားသခင်,  နောက်ဆုံးသောကာလ

သင်တို့ကိုယ်တိုင် အသက်ရှင်ကျန်ရစ်ရန်၊ ငါ့လုပ်ငန်းဆောင်တာများလည်း ချောမွေ့စွာ အခြေအနေတိုးတက်လာရန်၊ တိုင်းနိုင်ငံအသီးသီးရှိ လူများထံသို့ ငါ့စကား၊ ငါ့အာဏာ၊ ဘုန်းအာနုဘော်နှင့် တရားစီရင်ခြင်းအကြောင်း ဖော်ပြရင်း စကြဝဠာတစ်ခွင်လုံး ငါအစပြုသည့်အလုပ်များကို ပိုမိုပြည့်စုံစွာနှင့် ပိုမိုသင့်တော်အောင် ဆက်လက် လုပ်ဆောင်ရန် ယနေ့တွင် သင်တို့ကို သတိပေးလိုက်ပါသည်။ သင်တို့အကြား ငါလုပ်ဆောင်သော အလုပ်သည် စကြဝဠာတစ်ခွင် လုပ်ဆောင်သော ငါ့အမှုများ၏ အစဖြစ်သည်။ ယခုအချိန်သည် နောက်ဆုံးသောကာလ ဖြစ်သော်လည်း "နောက်ဆုံးသော ကာလ" သည် ခေတ်ကာလတစ်ခု၏ အမည်သာ ဖြစ်သည်ကို သိရှိပါ။ ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ်ကဲ့သို့ ထိုအရာသည် ခေတ်ကာလတစ်ခုကို ရည်ညွှန်းထားခြင်းဖြစ်ပြီး၊ အနည်းငယ်သော နောက်ဆုံးနှစ် သို့မဟုတ် လများကို ညွှန်းဆိုထားခြင်းထက် ခေတ်ကာလတစ်ခုလုံးကို ညွှန်းဆိုထားခြင်း ဖြစ်သည်။ သို့သော်လည်း နောက်ဆုံးသော ကာလသည် ပညတ်တော်ခေတ်၊ ကဇူးတော်ခေတ်တို့ကဲ့သို့ လုံးဝမဟုတ်ပါ။ နောက်ဆုံးသောကာလ၏ လုပ်ငန်းကို ဣသရေလပြည်တွင် မလုပ်ဆောင်ဘဲ တစ်ပါးအမျိုးသားများ အကြားတွင် လုပ်ဆောင်သည်။ စကြဝဠာတစ်ခွင်ရှိ ငါ့ဘုန်းတန်ခိုးသည် အာကာသတစ်ခုလုံး ပြည့်နှံ့စေဖို့အလို့ငှာ ထိုအလုပ်သည် ဣသရေလ၏ ပြင်ပရှိ တိုင်းနိုင်ငံများနှင့် လူမျိုးများမှ လူတို့ကို ငါ့ပလ္လင်ရှေ့တွင် သိမ်းပိုက်အောင်မြင်မှု ဖြစ်ပေသည်။ ထိုသို့ဖြစ်ရခြင်းမှာ ပိုမိုကြီးမားသော ဘုန်းတန်ခိုးကိုရရှိဖို့အလို့ငှာ၊ ကမ္ဘာပေါ်ရှိ သက်ရှိအားလုံးသည် တိုင်းနိုင်ငံတိုင်းသို့ ငါ့ဘုန်းတန်ခိုးကို လက်ဆင့်ကမ်းနိုင်ဖို့ အလို့ငှာ၊ ကမ္ဘာပေါ်၌ ငါရယူသည့် ဘုန်းတန်ခိုးအားလုံးကို မျိုးဆက်အားလုံး၊ သက်ရှိအားလုံး မြင်တွေ့နိုင်ဖို့ရန်ဖြစ်သည်။ နောက်ဆုံးသောကာလတွင် ငါလုပ်ဆောင်သော အလုပ်သည် သိမ်းပိုက်ခြင်းလုပ်ငန်းဖြစ်သည်။ ထိုအရာသည် ကမ္ဘာပေါ်ရှိ လူသားများ အားလုံး၏အသက်ကို လမ်းပြခြင်း မဟုတ်ဘဲ ကမ္ဘာပေါ်၌ လူသားမျိုးနွယ်၏ မဆုံးနိုင်သော နှစ်ထောင်ချီကြာ ဒုက္ခခံစားရခြင်း၏ အဆုံးသတ်ဖြစ်ပါသည်။ အကျိုးဆက်အနေဖြင့် နောက်ဆုံးသောကာလ၏အလုပ်သည် နှစ်ထောင်ပေါင်း အချို့မျှကြာသော ဣသရေလပြည်တွင် အလုပ်လုပ်ခြင်းနှင့် မတူညီနိုင်သကဲ့သို့၊ ယုဒပြည်တွင် နှစ်ပေါင်းအချို့မျှသာ လုပ်ဆောင်ပြီးမှ ဘုရားသခင် ဒုတိယအကြိမ် လူ့ဇာတိမခံယူမီအထိ နှစ်ပေါင်းနှစ်ထောင် ဆက်တည်မြဲခဲ့သည့် အလုပ်နှင့်လည်း တူညီမှု မရှိနိုင်ပေ။ နောက်ဆုံးသောကာလ၏ လူတို့သည် ရွေးနုတ်သောသူ လူ့ဇာတိ၌ ပြန်လည် ပေါ်ထွန်းလာသည်ကိုသာ တွေ့ကြုံကြရပြီး ဘုရားသခင် ကိုယ်တိုင်၏ စကားတော်နှင့် အလုပ်ကို လက်ခံရရှိ ကြသည်။ နောက်ဆုံးသောကာလ အချိန်မကုန်ဆုံးမီ နှစ်ပေါင်း နှစ်ထောင် ကြာလိမ့်မည် မဟုတ်ပါ။ အချိန်သည် တိုတောင်းမည်ဖြစ်ကာ ယုဒပြည်၌ ကျေးဇူးတော်ခေတ်အတွင်း ယေရှု လုပ်ဆောင်ခဲ့သကဲ့သို့ ဖြစ်လာလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် နောက်ဆုံးသောကာလသည် ခေတ်ကာလတစ်ခုလုံး၏ အဆုံးသတ် ဖြစ်သောကြောင့် ဖြစ်သည်။ ထိုကာလသည် ဘုရားသခင်၏ နှစ်ပေါင်းခြောက်ထောင်ကြာ စီမံခန့်ခွဲမှု အစီအစဉ်အဆုံးသတ်နှင့် ပြီးမြောက်ခြင်း ဖြစ်ကာ လူသားမျိုးနွယ် ဒုက္ခခံစားရခြင်း အသက်တာ ခရီးလမ်း၏ အဆုံးသတ်လည်း ဖြစ်ပါသည်။ ၎င်းတို့သည် လူသားမျိုးနွယ် တစ်ရပ်လုံးကို ခေတ်ကာလသစ်ထဲသို့ ယူဆောင်သွားခြင်း မရှိဘဲ လူသားမျိုးနွယ်၏ အသက်တာကိုလည်း ဆက်လက်အသက်ရှင်ဖို့ ခွင့်ပြုမထားပါ။ ထိုအရာသည် လူသား၏ ဖြစ်တည်မှု သို့မဟုတ် ငါ၏ စီမံခန့်ခွဲမှု အစီအစဉ်အတွက် အဓိပ္ပာယ်မရှိပါ။ လူသားမျိုးနွယ်သည် ဤကဲ့သို့သာ ဆက်လက် အသက်ရှင်သန်နေမည်ဆိုပါက အနှေးနှင့်အမြန် ဆိုသလို သူတို့သည် စာတန်၏ လုံးလုံးလျားလျား ဝါးမြိုခြင်းကို ခံရပြီး၊ ငါပိုင်ဆိုင်သော ဝိညာဉ်များသည်ပင် အဆုံး၌ စာတန်လက်ထဲတွင် အဆုံးရှုံးခံရလိမ့်မည်။ ငါ့လုပ်ငန်းသည် နှစ်ပေါင်း ခြောက်ထောင် ကြာညောင်းပြီး၊ လူသားမျိုးနွယ် တစ်ရပ်လုံးကို စာတန်၏ ထိန်းချုပ်ခြင်းသည်လည်း နှစ်ပေါင်း ခြောက်ထောင်ထက် မကြာအောင် ငါကတိပြုပါသည်။ ထို့ကြောင့် ယခုအချိန်စေ့ပြီဖြစ်သည်။ ငါသည် ဆက်လက် လုပ်ဆောင်မည် မဟုတ်သကဲ့သို့ ထပ်၍ နှောင့်နှေးစေတော့မည် မဟုတ်။ နောက်ဆုံးသောကာလ အတောအတွင်း စာတန်ကို နှိမ်နင်းပြီး၊ ငါ၏ဘုန်းတန်ခိုးအားလုံးကို ပြန်လည်သိမ်းပိုက်ကာ ဘေးဒုက္ခရောက်နေသော ဝိညာဉ်အားလုံး ဒုက္ခဘေးမှ လွတ်မြောက်အောင် ကမ္ဘာပေါ်ရှိ ငါနှင့် သက်ဆိုင်သော ဝိညာဉ်အားလုံးကို ပြန်လည် သိမ်းယူပြီး၊ ကမ္ဘာပေါ်ရှိ ငါ့အလုပ် တစ်ခုလုံးကို အဆုံးသတ်စေမည်ဖြစ်သည်။ ဤနေ့မှစ၍ ကမ္ဘာပေါ်တွင် ငါသည် ဘယ်တော့မှ လူ့ဇာတိခံယူမည် မဟုတ်တော့ပါ၊ အရာခပ်သိမ်းကို ထိန်းချုပ်သည့် ငါ၏ဝိညာဉ်ကို ကမ္ဘာပေါ်တွင် ဘယ်တော့မှ လုပ်စေမည်မဟုတ်တော့ပါ။ ကမ္ဘာပေါ်တွင် တစ်ခုသာ လုပ်ဆောင်တော့မည် ဖြစ်သည်။ လူသားမျိုးနွယ်ကို အသစ်ပြုပြင်မည်၊ ထိုလူသားမျိုးနွယ်သည် သန့်ရှင်းစင်ကြယ်ပြီး၊ ထိုသူတို့သည် ကမ္ဘာပေါ်ရှိ ငါ၏ သစ္စာရှိသောမြို့ ဖြစ်လိမ့်မည်။ တစ်လောကလုံးကို ငါသည် အမြစ်ဖြတ် သုတ်သင်ပယ်ရှင်းမည် မဟုတ်ကြောင်းနှင့် လူသားမျိုးနွယ် တစ်ရပ်လုံးကို အမြစ်ဖြတ် သုတ်သင်ပယ်ရှင်းမည် မဟုတ်ကြောင်း သိရှိပါ။ ကျန်ရှိသော သုံးပုံတစ်ပုံကို ငါထိန်းသိမ်းမည်။ ငါ့ကိုချစ်ပြီး ငါက လုံးလုံးလျားလျား သိမ်းပိုက်ထားသော သုံးပုံတစ်ပုံကို ကမ္ဘာပေါ်တွင် မျိုးပွား၊ တိုးပွားစေကာ ကမ္ဘာကြီး၏ ချမ်းသာကြွယ်ဝမှုနှင့် ပေါများစွာသော သိုး၊ ဆိတ်များဖြင့် အာဟာရ ဖြည့်တင်းပေးရင်း ပညတ်တော် အောက်တွင် အသက်ရှင်သော ဣသရေလလူမျိုးများ ကဲ့သို့ဖြစ်စေမည်။ ဤလူသားမျိုးနွယ်သည် ငါနှင့်အတူ ထာဝရ ကျန်ရစ်နေပြီး၊ စက်ဆုပ်ရွံရှာဖွယ်သော ယခုလူသားမျိုးနွယ် ကဲ့သို့မဟုတ်၊ ငါ၏ ရယူခြင်းကို ခံခဲ့ပြီးသော သူအားလုံး၏ အစုအဝေးဖြစ်သည့် လူသားမျိုးနွယ်ပင် ဖြစ်သည်။ ထိုကဲ့သို့သော လူသားမျိုးနွယ်သည် စာတန်ကို ငါအောင်နိုင်ပြီးနောက် ကမ္ဘာပေါ်တွင် တည်ရှိသည့် တစ်ခုတည်းသော လူသားမျိုးနွယ် ဖြစ်လိမ့်မည်ဖြစ်ပြီး၊ စာတန်၏ဝိုင်းရံထားခြင်း၊ နှောင့်ယှက်ခြင်း၊ ဖျက်ဆီးခြင်း ခံရတော့မည် မဟုတ်ပါ။ ထိုလူသားမျိုးနွယ်သည် ယနေ့တွင် ငါသိမ်းပိုက်ပြီးသောသူများ၊ ငါ၏ကတိကို ရရှိပြီးသော သူများဖြစ်ကြသည်။ ထို့ကြောင့် နောက်ဆုံးသောကာလ အတောအတွင်း သိမ်းပိုက်ခြင်းခံရသော လူသားမျိုးနွယ်သည် လွတ်ငြိမ်းခွင့်ရသော သူများဖြစ်ကြပြီး၊ ငါ၏ ထာဝရ ကောင်းချီးမင်္ဂလာများကို ရရှိခံစားကြလိမ့်မည်။ ထိုအရာသည်သာ စာတန်အပေါ် ငါ့အောင်နိုင်ခြင်းကို ပြသသည့် တစ်ခုတည်းသော သက်သေအထောက်အထား ဖြစ်လိမ့်မည်ဖြစ်ပြီး၊ စာတန်နှင့် ငါ၏တိုက်ပွဲမှ တစ်ခုတည်းသော လက်ရပစ္စည်းများ ဖြစ်လာမည်။ စစ်ပွဲ၏ ဤလက်ရပစ္စည်းများသည် စာတန် အုပ်စိုးခြင်းမှ ငါကယ်တင်ပြီး၊ နှစ်ပေါင်းခြောက်ထောင်ကြာ ငါ့စီမံခန့်ခွဲမှု အစီအစဉ်၏ တစ်ခုတည်းသော အသီးအပွင့်နှင့် မြင်တွေ့နိုင်သော ရလဒ်တို့ဖြစ်သည်။ သူတို့သည် တိုင်းနိုင်ငံခပ်သိမ်း၊ ဂိုဏ်းဂဏ ခပ်သိမ်း၊ နေရာခပ်သိမ်းနှင့် စကြဝဠာတစ်ခွင်ရှိ တိုင်းပြည်ခပ်သိမ်းမှ ရောက်ရှိလာကြခြင်းဖြစ်သည်။ သူတို့သည် အမျိုးမျိုးသော မျိုးနွယ်စု၊ အမျိုးမျိုးသော ဘာသာစကား၊ အမျိုးမျိုးသော ရိုးရာနှင့် အသားအရောင်ရှိသောသူများ ဖြစ်ကြပြီး၊ ကမ္ဘာတစ်ဝှမ်း ဂိုဏ်းဂဏခပ်သိမ်း၊ တိုင်းနိုင်ငံခပ်သိမ်း၊ ကမ္ဘာ့နေရာ အစွန်ဆုံးအထိတိုင် ပျံ့နှံ့ကြသည်။ နောက်ဆုံး၌ သူတို့သည် စာတန်၏ အင်အားစုများ လက်လှမ်းမမီနိုင်သော လူသားအစုအဝေးတစ်ခု၊ ပြီးပြည့်စုံသော လူသားမျိုးနွယ် တစ်ခုကို ဖွဲ့စည်းရန် အတူတကွ ရောက်လာကြလိမ့်မည်။ လူသားမျိုးနွယ်စုထဲမှ ငါ၏ သိမ်းပိုက်ခြင်း၊ ကယ်တင်ခြင်းကို မခံရသော လူသားများသည် ပင်လယ်နက်ထဲတွင် တိတ်တဆိတ် နှစ်မြုပ်သွားမည်ဖြစ်ကာ ငါ၏ လောင်မြိုက်နေသည့် မီးတောက်ထဲတွင် ထာဝရကာလတိုင် လောင်ကျွမ်းခြင်းကို ခံရကြလိမ့်မည်ဖြစ်သည်။ သိုးသငယ်၏ အသားကိုစား၊ သိုးသငယ်၏ အသွေးကိုသောက်ကာ သူတို့၏ တံခါးထုပ်များကို သိုးသငယ်၏ အသွေးဖြင့် အမှတ်အသားပြုလုပ်သော ဣသရေလလူမျိုးများကို ချန်ရစ်လျက် အဲဂုတ္တုပြည်၏ သားဦးနှင့် ကျွဲနွားတိရစ္ဆာန်များကို ငါသည် အမြစ်ဖြတ် သုတ်သင်ခဲ့ သကဲ့သို့ အလွန့်အလွန် ညစ်ညမ်းသော လူသားမျိုးနွယ်၊ ဤလူဟောင်းများကို ငါအမြစ်ဖြတ် သုတ်သင်ပယ်ရှင်းမည်။ ငါသိမ်းပိုက်ထားပြီးသည့် ငါ့မိသားစုဝင်များဖြစ်ကြသော လူများသည် သိုးသငယ်ဖြစ်သည့် ငါ့အသားကိုစား၊ ငါ၏ အသွေးကို သောက်သောသူများ ဖြစ်ကြပြီး၊ ငါရွေးနုတ်ပြီးသောသူများ၊ ငါ့ကိုကိုးကွယ်သောသူများ မဟုတ်ကြသလော။ ထိုလူတို့သည် ငါ့ဘုန်းတန်ခိုးနှင့်အတူ အစဉ်အမြဲရှိသောသူ မဟုတ်ကြသလော။ သိုးသငယ်ဖြစ်သည့် ငါ၏အသား မပါသော ထိုသူများသည် ပင်လယ်နက်ထဲသို့ တိတ်တဆိတ် နှစ်မြုပ်သွားပြီးသောသူများ မဟုတ်ကြသလော။ ယနေ့တွင် သူတို့သည် ငါ့ကိုပုန်ကန်ကြပြီ၊ ယနေ့ ငါ့စကားများသည် ဣသရေလသားများ၊ မြေးများထံပြောခဲ့သည့် ယေဟောဝါ စကားကဲ့သို့ ဖြစ်သည်။ သို့သော်လည်း သင်တို့၏ နှလုံးသားများအတွင်းရှိ မာကျောမှုက ငါ့အမျက်ဒေါသကို သိုလှောင်ထားပြီး သင်တို့၏ ကိုယ်ခန္ဓာအပေါ် ဘေးဒုက္ခ ပိုမိုယူဆောင်လာလျက်၊ သင်တို့၏ အပြစ်များအတွက် တရားစီရင်မှု ပိုမို ယူဆောင်လာကာ သင်တို့၏ မဖြောင့်မတ်ခြင်းကြောင့် အမျက်ဒေါသ ပိုမိုတိုးပွားစေသည်။ ယနေ့တွင် ငါ့ကို ထိုကဲ့သို့ ဆက်ဆံလျှင် အမျက်ဒေါသနေ့တွင် အဘယ်သူသည် လွတ်မြောက်နိုင်မည်နည်း။ ငါ၏ ပြစ်တင်ဆုံးမခြင်း မျက်စိအောက်မှ အဘယ်သို့သော ဖြောင့်မတ်သူသည် လွတ်မြောက်နိုင်မည်နည်း။ အနန္တတန်ခိုးရှင် ငါ့လက်တော်မှ အဘယ်သူ၏ အပြစ်များသည် လွတ်မြောက်နိုင်သနည်း။ အနန္တတန်ခိုးရှင် ငါ့တရားစီရင်ခြင်းကို အဘယ်သူ၏ အာဏာ ဖီဆန်ခြင်းက လွတ်မြောက်နိုင်သနည်း။ ငါ ယေဟောဝါသည် တစ်ပါးအမျိုးသား မိသားစုမှ ဆင်းသက်လာသော သင်တို့ကို ပြောနေသည်။ ငါသင်တို့ကို မိန့်ဆိုသည့်စကားမှာ ကျေးဇူးတော်ခေတ်၊ ပညတ်တော်ခေတ်တို့ကို ကျော်လွန်သော်လည်း သင်တို့သည် အဲဂုတ္တုလူမျိုးများထက် မာကျောကြသည်။ ငါသည် ငြိမ်သက်စွာ အလုပ်လုပ်စဉ် ငါ၏ အမျက်ဒေါသကို သင်တို့ သိုထားပြီ မဟုတ်လော။ အနန္တတန်ခိုးရှင် ငါ့နေ့ရက်မှ အနာတရမဖြစ်ဘဲ သင်တို့သည် အဘယ်သို့ လွတ်မြောက် နိုင်မည်နည်း။

Wednesday, November 21, 2018

ခရစ်ယာန် ဓမ္မသီချင်း (ကိုယ်ကျင့်တရားပျက်စီးသောလူသားများ လူ့ဇာတိခံဘုရားသခင်ရဲ့ကယ်တင်ခြင်း လိုအပ်)


I
ဘုရားအမှုတော်၏ ရည်ရွယ်ချက်မှာ စာတန်၏ဝိညာဉ်လည်းမဟုတ်၊
အသွေးအသားနဲ့ဆိုင်သော အို အရာလည်းမဟုတ်၊
လူသားသာဖြစ်သောကြောင့် အို…ဘုရားလူ့အဖြစ်ခံယူခဲ့သည်
လူ့အသွေးအသားကို စာတန်ဖျက်စီးခဲ့ပြီး၊
လူသည် ဘုရားအမှုတော်၏ ရည်ရွယ်ချက် ဖြစ်လာခဲ့သည်
အို… ဘုရားကယ်တင်သောသူသည် လူသာလျှင်ဖြစ်သည်
လူသည် အနိစ္စသဘော၊ အသွေးအသားသာဖြစ်ပြီး
ထိုလူကို ဘုရားတစ်ပါးတည်းသာ ကယ်တင်နိုင်သည်…
ဘုရားသည် လူ့ခန္ဓာနှင့် လူ့ဖြစ်တည်မှုအားလုံး ခံယူခဲ့ရ
အမှုတော်ဆောင်ရွက်ဖို့ရန်၊ အကောင်းဆုံးရလဒ်ရရှိဖို့ရန်
လူသည် အပြစ်ကို မလွန်မြောက်နိုင်သော
ဇာတိအသွေးအသားဖြစ်သောကြောင့်
ဘုရားလူ့ဖြစ်ခံယူရသည်၊
ဘုရား လူ့အဖြစ်ခံယူရသည် အကြောင်းမူကား လူသည်
အသွေးအသား၏နှောင်ဖွဲ့ခြင်းမှ
ကိုယ်တိုင် မလွတ်မြောက်နိုင်သော အသွေးအသားဖြစ်သည်

Tuesday, November 20, 2018

ဘုရားသခင်၏ အသံတော် | ဘုရားသခင်၏ လုပ်ဆောင်မှုအဆင့်များအပေါ်

သမ္မာတရား, ဘုရားသခင်၏ နှုတ်ကပတ်တော်, ဘုရားသခင်ကို သိခြင်း, ရိုသေ ကိုင်းရှိုင်းခြင်း, စီရင်ခြင်းအလုပ်

အပြင်ပန်းမှကြည့်လျှင် လက်ရှိအဆင့်၌ ဘုရားသခင်၏ လုပ်ဆောင်မှုအဆင့်ဆင့်တို့ ပြီးစီး သွားပြီဟုမြင်စရာရှိသည်။ ထို့အပြင် လူသားတို့သည်လည်းတရားစီရင်မှု၊ ပြစ်တင်ဆုံးမမှု၊ ရိုက်နှက် ခံရမှု နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုစစ်ဆေးမှုတို့အားလုပ်ဆောင်ပြီး၊ တွေ့ကြုံပြီး ဟု ထင်စရာရှိသည်။ ၄င်းအပြင် ကိုယ်တော်အားဝတ်ပြုသူတို့၏ ယုံကြည်မှု အားစမ်းသပ်မှု များကိုလည်းကောင်း၊ ပြစ်တင်ဆုံးမမှုအကြိမ်များစွာအား စစ်ဆေးမှုကိုလည်းကောင်း၊ သေဆုံးမှုဖြင့် စမ်းသပ်ခြင်းကိုလည်းကောင်း၊ ဆုံးရှုံးမှုများကြုံတွေ့ရစဉ် စစ်ဆေးမှု များကိုလည်းကောင်း၊ ကိုယ်တော်အပေါ်[က] မေတ္တာရှိမှုနှင့်ပတ်သက်၍ စစ်ဆေးမှုများကို လည်းကောင်း တွေ့ကြုံပြီးပြီဟုထင်စရာရှိသည်။ လူတို့သည် အဆင့်တိုင်းအဆင့်တိုင်း၌ ဒုက္ခကြီးငယ် ကြုံတွေ့သော်ငြားလည်း ဘုရားသခင်၏ အလိုတော်ကို သဘောပေါက် နားမလည်ကြသေးပေ။ ကိုယ်တော်အား ဝတ်ပြုသူတို့၏ ယုံကြည်မှုအားကို စမ်းသပ်မှုများနည်းတူ လူသားတို့မှ ထိုကဲ့သို့ ဝတ်ပြုခြင်းမှရရှိမှု၊ နားလည်မှု၊ ၄င်းတို့မှ ဘုရားသခင်ရလိုသည့်အကျိုး စသည်တို့ကိုလူသားတို့ သဲသဲကွဲကွဲမသိရှိကြ သေးပေ။ ဘုရားသခင်၏ အမှုတော်လုပ်ဆောင်မှုတွင် လက်ရှိအမြန်နှုန်းအား လူသားတို့ အမှီလိုက်နိုင်ခြင်း လုံးဝမရှိကြသေးပုံရသည်။ ဤမှ မြင်သာနိုင်သည်မှာကိုယ်တော်၏ အမှုအဆင့်ဆင့်များကို လူသား တို့အားပထမဦးစွာ ပြသနေသည်။ တဖန် အမှုတော်အဆင့်တခုခုကို လူသားတို့ စဉ်းစားနိုင်လောက်သည့် အခြေအနေ တခုအထိလုပ်စရာမလိုအပ်ကြောင်းမြင်နိုင်သည်။ သို့သော် ကိုယ်တော်သည် ပြဿနာတခုကို ရှင်းပြရန် ကြိုးစားနေခြင်းပင်ဖြစ်သည်။ ဘုရားသခင်က လူတစ်ဦးတစ်ယောက်ကို စုံလင်စေရန်နှင့် ကိုယ်တော်အား အမှန်တကယ် ရရှိစေရန်အတွက် အထက်၌ ဖော်ပြခဲ့သော အမှုတို့ကို ကိုယ်တော် ဆောင်ရွက်ရမည်ဖြစ် သည်။ ဤအမှု ပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ လူသားတစုအား စုံလင်ခြင်းသို့ရောက်ရန် မည်သည့် အဆင့်များကိုကိုယ်တော်ဆောင်ရွက်ရမည်ကို ၄င်းတို့မြင်သိ စေလို၍ ဖြစ်သည်။ ထို့ကြောင့် အပြင်ပန်းမှကြည့်လျင် ကိုယ်တော်၏ အမှုအဆင့်များအားလုံး အပြီးတိုင် ဆောင်ရွက်ပြီးပြီ။ သို့သော် အနှစ်သာရအားဖြင့် လူသားတို့၏ စုံလင်ခြင်းသို့ရောက်ရန် တရားဝင် စတင်ခြင်းသာဖြစ်သည်။ ဤအရာကိုလူသားတို့ ရှင်းရှင်းလင်းလင်း မြင်သင့်ပေသည်။ အမှု၏ အဆင့်များပြီးဆုံးသည်မှာ ကိုယ်တော်၏ အမှုတစ်ခုလုံး ပြီးဆုံးခြင်းမဟုတ်ပါ။ သို့သော် လူသားတို့အသိ၌ ယုံကြည်နေသည်မှာကိုယ်တော်၏ အမှုဆောင်ရွက်မှုအဆင့်များအား လူသားတို့ကိုဖော်ပြပြီးဖြစ် သည်ဟုပင် ယုံကြည်နေသည်။ ထို့အပြင် ကိုယ်တော်၏ အမှုလည်းပြီးဆုံး ပြီဖြစ်ကြောင်းစိုးစဉ်းမျှ သံသယမဖြစ်ကြပေ။ ထိုသို့ အရာများကို အမြင်ရှိခြင်းသည် လုံးဝမှားယွင်းသည်။ ဘုရားသခင်၏ အမှုသည် လူတို့၏ ယုံကြည် အယူအဆနှင့် မကိုက်ညီပေ၊ လူတို့၏ ယုံကြည်မှုကို အလှည့်အပြောင်းတိုင်းတွင် တန်ပြန်တုံ့ပြန်နေမှုသာ ဖြစ်သည်။ အထူးသဖြင့် ကိုယ်တော်၏ အမှုအဆင့်များသည် လူတို့၏ ယုံကြည် အယူအဆနှင့်မကိုက်ညီပေ။ ဤသည်ကပင် ကိုယ်တော်၏ ဉာဏ်ပညာကိုပြခြင်းပင် ဖြစ်ချေသည်။ လူတို့၏ ယုံကြည်မှုသည် အလှည့်အပြောင်းတိုင်းတွင် တွေဝေဖောက်ပြန်တတ်သော သဘောရှိတတ်ကြောင်းနှင့် ထို့အပြင် လူသားတို့ တွေးတောစဉ်းစား နိုင်သည့်အရာအလုံးစုံမှာ ကိုယ်တော်မှ ပြန်လည်တိုက်ခိုက်တုံ့ပြန်လိုမှုသာ ဖြစ်ကြောင်း ယင်းမှမှ မြင်နိုင်သည်။ ၎င်းသည်တကယ့် လက်တွေ့အတွေ့အကြုံမှလာသောအသိအမြင်ဖြစ်သည်။ ဘုရားသခင်က အလွန်အလျင်အမြန် လုပ်ဆောင်သည်ဟု လူတို့ကထင်ကြသည်။ သူတို့သည် နားလည်မှုတစ်ခုမျှမရှိမှီ၊ အမြင်မရှင်းဘဲ စိတ်ရှုပ်ထွေးနေစဉ်တွင် လူတို့မသိလိုက်ဘဲ ဘုရားသခင်၏ အမှုတော်က ပြီးဆုံးသွားသည်ဟု သူတို့ထင်ကြသည်။ ကိုယ်တော်၏အမှုအဆင့်တစ်ခုစီမှာ ဤနည်းလမ်းအတိုင်း ဖြစ်သည်။ ကိုယ်တော်သည် လူသားတို့အား ကျီစယ်နေကြသည်ဟု အများစုကထင်ကြသည်။ သို့သော် ကိုယ်တော်၏ အမှုနောက်ကွယ်မှ သူလုပ်ဆောင်နေသည့် ရည်ရွယ်ချက်မှာမူ ထိုသို့မဟုတ်ချေ ကိုယ်တော်၏ ဆောင်ရွက်သော နည်းမှာပထမရေဘုယျအဆင့်မှစ၍ နောက်အသေးစိတ် ထိုမှတဆင့် ယင်းအသေးစိတ် ကို အလုံးစုံစစ်ဆေးတော်မူပြီး အဖန်ဖန်ပြန်ဆင်ခြင်ခြင်းဖြစ်သည်။ ယင်းသည် လူသားတို့ကို အငိုက်မိသွား စေခြင်းဖြစ်သည်၊ လူသားအားလုံးတို့သည် ကိုယ်တော်အားလှည့် စားလိုကြ၏။ ထိုသို့ လှည့်စားခြင်းမှ အောင်မြင်ကျော်လွှားပြီး ကိုယ်တော်အား ကျေနပ်စေနိုင်မည့်အချက် ကိုရမည်ဟု ထင်မြင်ကြ၏။ သို့သော်အမှန်စင်စစ်၌ ဤကဲ့သို့လှည့်စားခြင်းဖြင့် အောင်မြင်သွားရန် လုံ့လစိုက်ခြင်း များကို ကိုယ်တော်အနေနှင့်မည်သို့ ကျေနပ်နိုင်ပါမည်နည်း။ ဘုရားသခင်ကလူသားတို့အားအငိုက်ဖမ်း၍ သတိမထားမိလိုက်စဉ်မှာပင် အကြီးမြတ်ဆုံးသော ရလဒ်များရရန် နှင့် ကိုယ်တော်၏ ဉာဏ်ပညာကို ကောင်းကောင်း သိပြီးကိုယ်တော်၏ ဖြောင့်မတ်တည်ကြည်မှု တန်ခိုးအာနုဘော်တို့နှင့် ထိုးနှက်၍မရနိုင်သော ကိုယ်တော်၏ စိတ်သဘောကို ပို၍နားလည်စေရန် ဤနည်းလမ်းအားဖြင့် လုပ်ဆောင် တော်မူသည်။

Monday, November 19, 2018

ဘုရားသခင်၏ တရားစီရင်မှုနှင့် ဝေဖန်ပြစ်တင်မှုအကြား၌ ဘုရားသခင်ကို မြင်ခြင်း



ထာဝရအသက်, ခရစ်တော်, ယေရှု, ဘုရားသခင်, ဆုတောင်း,

သခင်ယေရှုခရစ်၏ သန်းရာပေါင်းများစွာသော အခြားနောက်လိုက်များ ကဲ့သို့ပင် ကျွန်ုပ်တို့သည် ကျမ်းစာထဲမှ ဥပဒေသများနှင့် ပညတ်ချက်များကို နာခံပြီး အသက်ရှင်သည်၊ သခင်ယေရှုခရစ်ထံမှလာသော များစွာသော ကျေးဇူးတော်၌ မွေ့လျော်ကြသည်၊ အတူတကွ စုဝေးပြီး ဆုတောင်းကြ၊ ချီးမွမ်းကြသည်၊ သခင်ယေရှုခရစ်၏ နာမ၌ အစေခံကြသည်။ ထိုအရာများ အားလုံးကို ကျွန်ုပ်တို့သည် သခင့်၏ စောင့်ရှောက်မှုနှင့် ကာကွယ်မှု အောက်၌ နေပြီး လုပ်ဆောင်ကြသည်။ ကျွန်ုပ်တို့သည် အားနည်းသလို ခံစားရသော အချိန်များရှိပြီး အားကြီးသလို ခံစားရသော အချိန်များလည်း ရှိသည်။ ကျွန်ုပ်တို့၏ အပြုအမူများ အားလုံးသည် သခင်၏ သွန်သင်မှုများနှင့် အညီ ဖြစ်သည်ဟု ကျွန်ုပ်တို့ ယုံကြည်ကြသည်။ ကျွန်ုပ်တို့သည် ကောင်ကင်နိုင်ငံ၌ရှိသောအဖ၏ အလိုကို နာခံလိုက်လျှောက်ကြသည်ဟု ထုတ်မပြောသော်လည်း ကိုယ့်ကိုယ်ကို ထိုသို့လုပ်နေသည်ဟု ယုံကြည်ကြသည်။ သခင်ယေရှု ပြန်လာမည့် အချိန်ကို ကျွန်ုပ်တို့ တောင့်တကြငည်၊ သခင်ယေရှု ဘုန်းနှင့်တကွ ရောက်လာမည်ကိုလည်း တောင့်တသည်၊ လောက၌ ကျွန်ုပ်တို့၏ အသက် အဆုံးသတ်မည့်အချိန်ကိုလည်း တောင့်တသည့်အပြင်၊ နိုင်ငံတော် ပေါ်ထွန်းဖို့ကိုလည်း တောင့်တသည်၊ ဗျာဒိတ်ကျမ်း၌ ကြိုတင်ဟောထားသည့် အရာတိုင်းကိုလည်း ကျွန်ုပ်တို့ တောင့်တကြငည်။ သခင်ရောက်လာသည်၊ ဘေးအန္တရာယ်ကို ခေါ်ဆောင်လာသည်၊ ကောင်းသောသူများကို ဆုချီးမြှင့်ပြီး မတရားသောသူများကို ဒဏ်ပေးသည်၊ သူ့နောက်သို့ လိုက်ပြီး သူ့ကို တွေ့ဆုံဖို့အတွက် သူပြန်လာတာကို ကြိုဆိုသောသူအားလုံးကို အထက်သို့ ဆောင်ယူသည်။ ထိုအကြောင်းကို ကျွန်ုပ်တို့ စဉ်းစားတိုင်း ကိုယ့်ကိုယ်ကို မထိန်းနိုင်ဘဲ စိတ်လှုပ်ရှားကြသည်။ ကျွန်ုပ်တို့သည် နောက်ဆုံးသော ကာလ၌ မွေးဖွားလာသူများ ဖြစ်သောကြောင့် ဘုရားသခင်ကို ကျေးဇူးတင်သည်၊ သခင် ပြန်လာတာကို မြင်တွေ့ခွင့်ရသည့် ကံကောင်းသူများ ဖြစ်သောကြောင့် ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။ ကျွန်ုပ်တို့သည် ဖိနှိပ်မှုကို ခံစားခဲ့ရသော်လည်း "အတိုင်းထက်အလွန် ကြီးမြတ်လေးလံသော နိစ္စထာဝရ ဘုန်းအသရေ"ကို ရရှိဖို့အတွက် ခံရခြင်း ဖြစ်သည်။ ထိုသို့ ခံရခြင်းသည် ကောင်းကြီးမင်္ဂလာတစ်ပါးပင် ဖြစ်သည်။ သခင်ပေးသည့် ထိုသို့သော တောင့်တမှုနှင့် ကျေးဇူးတော်ကြောင့် ကျွန်ုပ်တို့သည် မကြာခဏဆိုသလို တည်ကြည်လေးနက်စွာနှင့် ဆုတောင်းကြသည်၊ အကြိမ်သာ၍များများ တစုတစည်းတည်း ဖြစ်လာကြသည်။ နောက်နှစ်လည်း ဖြစ်ချင် ဖြစ်မည်၊ မနက်ဖြန်လည်း ဖြစ်ချင်ဖြစ်မည်၊ ဒါမှမဟုတ် သိပ်မကြာခင်မှာတောင် ဖြစ်ချင်ဖြစ်မည်၊ လူ မျှော်လင့်မထားသော အချိန်၌ သခင်သည် ရုတ်တရက် ရောက်လာလိမ့်မည်၊ သူ့ကို အာရုံစိုက်ပြီး စောင့်မျှော်နေသော လူတစ်စု အကြား၌ ပေါ်လာလိမ့်မည်။ သခင်ကိုယ်ထင်ပြသည်ကို မြင်ရသော ပထမဦးဆုံး လူအုပ်ဖြစ်စေရန်နှင့် ချီဆောင်ခြင်း ခံရမည့် သူများထဲမှ တစ်ဦး ဖြစ်စေရန်အတွက် ကျွန်ုပ်တို့အားလုံးသည် နောက်ကျ ကျန်ခဲ့လိုခြင်း မရှိဘဲ အချင်းချင်း တစ်ယောက်နှင့် တစ်ယောက် ပြိုင်နေကြသည်။ ဒီနေ့ရောက်လာဖို့အတွက် ကျွန်ုပ်တို့သည် ပေးဆပ်ရမည့်အရာကို အမှုမထားဘဲ အရာအားလုံးကို ပေးဆပ်ခဲ့ပြီးဖြစ်သည်။ တချို့က သူတို့၏ အလုပ်တွေကို စွန့်လွှတ်ခဲ့သည်၊ တချို့က သူတို့၏ မိသားစုများကို စွန့်လွှတ်ခဲ့ကြသည်၊ တချို့က သူတို့၏ အိမ်ထောင်ကို စွန့်လွှတ်ခဲ့ကြသည်၊ တချို့ဆိုလျှင် သူတို့ စုဆောင်းထားသမျှ အားလုံးကိုပင် ပေးလှူခဲ့ကြသည်။ ကိုယ်ကျိုးမငဲ့သော ဆက်ကပ်အပ်နှံမှုမျိုးပါတကား။ ထိုသို့သော ရိုးသားမှုနှင့် သစ္စာရှိမှုသည် အတိတ် ခေတ်အဆက်ဆက်က သူတော်စင်များထင်ပင် သာလွန်သောကြောင့် ဖြစ်မည်။ သခင်သည် သူ၏ ကျေးဇူးတော်အား သူပြချင်သည့် သူကို ပြသည်၊ သူ၏ ဂရုဏာအားလည်း သူထားချင်သောသူ အပေါ်၌ ထားသည်၊ ကျွန်ုပ်တို့၏ ဆက်ကပ်အပ်နှံမှုနှင့် ဘုရားသခင်အဖို့ အသုံးခံမှုကို သူ့မျက်စိများက မြင်ပြီးဖြစ်သည်ဟု ကျွန်ုပ်တို့ ယုံကြည်သည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ နှလုံးသားထဲမှလာသော ဆုတောင်းချက်များသည်လည်း သခင်ယေရှု၏ နားသို့ ရောက်ပြီးဖြစ်သည်၊ ကျွန်ုပ်တို့၏ ဆက်ကပ်အပ်နှံမှုအတွက် သခင်ယေရှုသည် ကျွန်ုပ်တို့ကို ဆုချလိမ့်မည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။ ထို့အပြင် ကမ္ဘာကြီးကို မဖန်ဆင်းမီ ကတည်းကပင် ဘုရားသခင်သည် ကျွန်ုပ်တို့အား သူ့ကျေးဇူးတော်ကို ပြခဲ့သည်။ ဘုရားသခင်ထံမှလာသော ကောင်းကြီးမင်္ဂလာနှင့် ကတိများကို ကျွန်ုပ်တို့ထံမှ မည်သူကမျှ ယူသွားမည် မဟုတ်။ ကျွန်ုပ်တို့အားလုံးသည် အနာဂတ်အတွက် အစီအစဉ်ဆွဲနေကြသည်၊ ကျွန်ုပ်တို့၏ ဆက်ကပ်အပ်နှံမှုနှင့် ဘုရားသခင်အဖို့ အသုံးခံမှုသည် အထက်သို့ ချီဆောင်ခြင်းခံရပြီး သခင်နှင့် တွေ့ဖို့ ညှိနှိုင်းရန် အသုံးပြုနိုင်သော အရာများဖြစ်ကြောင်းကို အသိအမှတ်မပြုဘဲ နေနေကြသည်။ ထို့အပြင် နည်းနည်းလေးမျှပင် မတွန့်ဆုတ်ဘဲ ကျွန်ုပ်တို့သည် အနာဂတ် ပလ္လင်ပေါ်၌ ကိုယ့်ကိုယ်ကို ထားကြသည်၊ နိုင်ငံများအားလုံးနှင့် လူအားလုံး အထက်၌နေကြသည် (သို့) ရှင်ဘုရင်များအဖြစ် စိုးစံကြသည်။ ထိုအရာများအားလုံးကို အလိုလိုရသောအရာများ၊ ကျွန်ုပ်တို့ ရဖို့ မျှော်လင့်သင့်သည့် အရာများအဖြစ် သဘောထားကြသည်။

Sunday, November 18, 2018

ဘုရားသခင်၏ ပြောဆိုသံ | မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်နှင့် ရန်ဘက်ပြုခြင်းဖြစ်သည်

 သမ္မာတရား, ယုံကြည်ခြင်း, အသက်, အသင်းတော်, ဘုရားသခင်၏ အသံတော်
နှစ်ထောင်ပေါင်းများစွာ ဖောက်ပြန်ပျက်စီးခဲ့ပြီးနောက် လူသားသည် ထုံတေထိုင်းမှိုင်းလာကာ၊ လူသား၏ ဘုရားသခင်ကို တော်လှန်ပုန်ကန်မှုသည် သမိုင်းစာအုပ်များတွင် မှတ်တမ်းတင်ရသည့် အတိုင်းအတာအထိ ကျယ်ပြောရုံမက လူကိုယ်တိုင် မိမိ၏ပုန်ကန်သည့် အမူအကျင့်ကို ကုန်စင်အောင် ဖော်ပြနိုင်စွမ်း မရှိသည့်အထိ ဘုရားသခင်ကို အတိုက်အခံပြုသော နတ်ဆိုးဖြစ်လာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် လူသားသည် စာတန်၏ အကြီးအကျယ် ယိုယွင်းဖျက်ဆီးခြင်းကို ခံခဲ့ရပြီး စာတန်၏ လမ်းလွဲသွားစေခြင်းကို ခံခဲ့ရသည့် အတွက် သူသည် ဘယ်ကိုဦးတည်သွားရမည်ကို မသိပေ။ ယနေ့တိုင် လူသားသည် ဘုရားသခင်ကို သစ္စာဖောက်လျက်ရှိသည်။ လူသားသည် ဘုရားသခင်ကို တွေ့မြင်သောအခါ သူ့ကို သစ္စာဖောက်သည်။ ဘုရားသခင်ကို မမြင်မတွေ့နိုင်သော အခါတွင်လည်း သူ့ကို သစ္စာဖောက်သည်။ ဘုရားသခင်၏ ကျိန်ဆိုခြင်းနှင့် အမျက်တော်ကို မျက်မြင်တွေ့ခဲ့ရသော်လည်း ဘုရားသခင်ကို သစ္စာဖောက်ကြသော သူများပင် ရှိသေးသည်။ ထိုကြောင့် လူ့အသိဉာဏ်သည် နဂိုအသုံးဝင်မှု ပျောက်ဆုံးကာ လူ့အသိစိတ်သည်လည်း နဂိုအသုံးဝင်မှု ပျောက်ဆုံးလေပြီဟု ငါဆိုသည်။ ငါကြည့်မျှော်သော လူသားသည် လူအရေခြုံထားသော သားရဲ၊ အဆိပ်ပြင်းသော မြွေဖြစ်သည်။ ငါ့မျက်စိရှေ့တွင် သနားဖွယ်ဖြစ်အောင် မည်မျှကြိုးစားသော်လည်း ငါသည် သူ့ကို မည်သည့်အခါမျှ သနားမည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် လူသားသည် အဖြူနှင့်အမဲကြားရှိ ခြားနားချက်ကို နားလည်ခြင်းမရှိ၊ သမ္မာတရားနှင့် သမ္မာတရား မဟုတ်ခြင်းကြားရှိ ခြားနားချက်ကို နားလည်ခြင်း မရှိသောကြောင့် ဖြစ်သည်။ လူသားသည် အသိဉာဏ် ထုံထိုင်းလှသော်လည်း ကောင်းကြီးမင်္ဂလာများကို ရရှိရန် တောင့်တဆဲရှိသည်။ သူ၏ လူ့သဘောသဘာဝသည် အလွန်သိက္ခာမဲ့လျက်ပင် သူသည် ရှင်ဘုရင်၏ အချုပ်အခြာအာဏာကို ပိုင်ဆိုင်ရန် ဆန္ဒပြုဆဲရှိသည်။ ထိုကဲ့သို့သော အသိဉာဏ်ဖြင့် သူသည် မည်သူတို့၏ ရှင်ဘုရင် ဖြစ်နိုင်မည်နည်း။ ထိုသို့သော လူ့သဘောသဘာဝဖြင့် ရာဇပလ္လင်ပေါ်တွင် မည်သို့တက်ထိုင်အံ့နည်း။ လူသားသည် အကယ်စင်စစ်ပင် အရှက်မရှိပါတကား။ စိတ်ပျက်ဖွယ်ကောင်းသော စိတ်ကြီးဝင်နေသူ ဖြစ်သည်။ သင်တို့ အထဲတွင် ကောင်းချီးမင်္ဂလာများကို ရယူလိုသူများသည် ကြည့်မှန်ယူ၍ အကျည်းတန်သော မိမိ၏ ရုပ်သွင်ကို ရှုစားကြရန် ငါတိုက်တွန်းသည်။ သင့်တွင် ရှင်ဘုရင်ဖြစ်ထိုက်သော ဥပဓိရုပ် ရှိသလော။ ကောင်းကြီးမင်္ဂလာများကို ခံစားထိုက်သူ၏ မျက်နှာမျိုးကို ပိုင်ဆိုင်ခြင်းရှိသလော။ သင်၏ စိတ်သဘောထားထဲ၌ ပြောင်းလဲခြင်း စိုးစဉ်းမျှပင် မရှိသည့်အပြင် မည်သည့် သမ္မာတရားကိုမျှလည်း လက်တွေ့ကျင့်သုံးခြင်း မရှိသော်လည်း သင်သည် အံ့မခန်းဖွယ် မနက်ဖြန်ကို မျှော်နေသေးသလော။ သင်သည် မိမိကိုယ်ကိုမိမိ လှည့်ဖြားလေပြီ။ ဤမျှညစ်ညမ်းသောမြေတွင် မွေးဖွားလာသောလူသားသည် လူ့အဖွဲ့အစည်း၏ ပြင်းထန်စွာ ထိခိုက်ဖျက်ဆီးခြင်းကို ခံခဲ့ရပြီးဖြစ်သည်။ လူသားသည် ပဒေသရာဇ်စနစ်ဆိုင်ရာ ကိုယ်ကျင့်တရားများ၏ လွှမ်းမိုးခြင်း ခံရကာ "အဆင့်မြင့်ပညာသင်ကျောင်းများ"တွင် သင်ယူခဲ့ကြသည်။ ခေတ်နောက်ကျသော စဉ်းစားတွေးတောခြင်း၊ ပျက်စီးယိုယွင်းသော စာရိတ္တ၊ လူ့ဘဝကို တန်ဖိုးမထားခြင်း၊ စက်ဆုပ်ဖွယ် အတွေးအခေါ်၊ လုံးဝဥဿုံ တန်ဖိုးမရှိသော တည်ရှိခြင်း၊ စာရိတ္တပျက်ပြားသော အသက်ရှင်ပုံနှင့် ဓလေ့စရိုက်များ၊ စသည်တို့ အားလုံးသည် လူ့နှလုံးသားအတွင်းသို့ ချဉ်းနင်းဝင်ရောက်ကာ လူသား၏ အသိစိတ်ကို ပြင်းထန်စွာ တိုက်ခိုက်၍ အားလျော့စေခဲ့သည်။ အကျိုးဆက်မှာ လူသားသည် ဘုရားသခင်နှင့် ဝေးသည်ထက် ဝေးသွားသည့်အပြင် သူ့ကို ဆန့်ကျင်မှု ပိုမိုဆိုးရွားလာသည်။ လူ့စိတ်သဘောထားသည် တစ်နေ့ပြီးတစ်နေ့ ပိုမိုဆိုးယုတ်လာကာ ဘုရားသခင်အတွက် မည်သည့်အရာကိုမဆို လိုလိုချင်ချင် စွန့်လွှတ်လိုသည့်သူနှင့် ဘုရားသခင်၏ စကားကို လိုလိုချင်ချင် နာခံလိုစိတ်ရှိသူ တစ်ဦးတစ်လေမျှ မရှိသည့်အပြင် ဘုရားသခင်၏ အသွင်သဏ္ဌာန်ကို လိုလိုချင်ချင် ရှာဖွေလိုသော ဆန္ဒရှိသူလည်း တစ်ဦးတစ်လေမျှ မရှိပေ။ ထိုသို့ပြုမည့်အစား လူသားသည် စာတန်၏ အုပ်စိုးမှုအောက်တွင် ပျော်ပါးကာ မည်သည့်အရာကိုမှ လုပ်ဆောင်ခြင်းမရှိပဲ၊ ရွှံ့နွံတောထဲ၌ ဇာတိပကတိ၏ ပျက်ဆီးယိုယွင်းခြင်းထံ မိမိကိုယ်ကို လုံးလုံးမြှုပ်နှံထားသည်။ အမှောင်ထုတွင် ကျင်လည်ကြသော လူသားတို့သည် သမ္မာတရားကို ကြားသောအခါပင် လက်တွေ့ကျင့်သုံးရန် စိတ်မကူးကြပေ။ ဘုရားသခင်၏ အသွင်သဏ္ဌာန်ကို ဖူးမြင်ခဲ့ရလျက် ဘုရားသခင်ကို ရှာဖွေလိုသည့် ဆန္ဒပြင်းပြမှုလည်း မဖြစ်ပေါ်ကြပေ။ ထိုမျှလောက် အကျင့်ပျက်ပြီးသော လူသားမျိုးနွယ်သည် ကယ်တင်ခြင်းရယူရန် မည်သို့ဖြစ်နိုင်မည်နည်း။ ထိုမျှ ကိုယ်ကျင့်တရား နိမ့်ကျသော လူသားမျိုးနွယ်သည် အလင်းအောက်တွင် မည်သို့နေနိုင်မည်နည်း။

Saturday, November 17, 2018

နှုတ်ကပတ်တော် ဓမ္မသီချင်း | ဘုရားသခင် လူသားကို ကယ်တင် လို့သူလုံး၀ ကယ်တင်မယ်

ဆုတောင်း, သမ္မာတရား, ဓမ္မသီချင်းများ, ဧဝံဂေလိတရားတော်, ကျေးဇူးတော်



အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် | နှုတ်ကပတ်တော် ဓမ္မသီချင်း | ဘုရားသခင် လူသားကို ကယ်တင် လို့သူလုံး၀ ကယ်တင်မယ်

I
ဘုရား လူသားကို ဖန်ဆင်းလို့ သူ ဦးဆောင်လမ်းပြကာ
လူတွေကို ကယ်တင်လို့ သူ့ကို လုံးဝကယ်တင် ရရှိမယ်
ဘုရား ဦးဆောင်လို့ လူသားတို့ပန်းတိုင်မှန်ကို တာဝန်သူခံလိမ့်မယ်
ဘုရားကပဲ လူကို ဖန်ဆင်း၊ စီမံ လို့
လူသားတို့ဘဝရှေ့ရေးနှင့်ကံကြမ္မာကို တာဝန်သူခံလိမ့်မယ်
ဒါ ဖန်ဆင်းရှင်ဆောင်ရွက်သော အမှုသာ
လူသားမျိုးနွယ်၏ အလားအလာကို ဖယ်ရှားရင်
အောင်မြင်ခြင်း ရနိုင်သော်လည်း
အဆုံးသတ်မှာ ဘုရားပြင်ဆင်တဲ့ ပန်းတိုင်
အမှန် လူသားတွေ ရောက်ရမယ်အမှန်
ဘုရားက လူကိုလုပ်တဲ့အတွက် လူမှာ ပန်းတိုင်တစ်ခုရှိတယ်။
ဒါကြောင့် လူ့ကံကြမ္မာ စိတ်ချရ

Friday, November 16, 2018

အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် | ဘုရားသခင်၏ စကားတော် | လူ့ဇာတိခံယူခြင်း၏ နက်နဲသောအရာ (၄)

ဘုရားသခင်, သမ္မာတရား, သမ္မာကျမ်းစာ, နောက်ဆုံးသောကာလ

သင်တို့သည် သမ္မာကျမ်းစာ၏ အတွင်းရေးဇာတ်လမ်းနှင့် တီထွင်ဖန်တီးမှုကို သိသင့်သည်။ ဤအသိတရားကို ဘုရားသခင်၏ အလုပ်သစ်ကို လက်မခံသေးသူများ မဆုပ်ကိုင်နိုင်ပေ။ သူတို့မသိကြ။ ဤအကြောင်းအရာ ကိစ္စရပ်များကို သူတို့အား ရှင်းပြပါက သမ္မာကျမ်းစာနှင့် ပတ်သက်၍ သင်နှင့်အတူ ခရေစေ့တွင်းကျ လိုက်မည်မဟုတ်ပေ။ သူတို့သည် ပရောဖက်ပြုထားချက်များကို အစဉ်အမြဲ လေ့လာဆန်းစစ် ကြသည်။ ဤပြောဆိုချက် ဖြစ်ပြီးသွားပြီလား၊ ထိုပြောဆိုချက် ဖြစ်ပြီးသွားပြီလား။ သူတို့၏ ဧဝံဂေလိတရားကို လက်ခံမှုသည် သမ္မာကျမ်းစာနှင့်အညီ ဖြစ်သည်။ သူတို့သည် ဧဝံဂေလိတရားကို သမ္မာကျမ်းစာအရ ဟောပြော ကြသည်။ သူတို့သည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိရန် သမ္မာကျမ်းစာ၏ စကားလုံးများအပေါ် မှီခိုကြသည်။ သမ္မာကျမ်းစာမရှိဘဲ သူတို့သည် ဘုရားသခင်ကို ယုံကြည်လိမ့်မည် မဟုတ်။ ယင်းသည် သူတို့ အသက်ရှင် နေထိုင်သော ပုံစံဖြစ်ပြီး သမ္မာကျမ်းစာကို လေ့လာဆန်းစစ်သည့် ပုံစံလည်း ဖြစ်သည်။ သူတို့ သမ္မာကျမ်းစာကို နောက်တစ်ကြိမ် လေ့လာဆန်းစစ်ပြီး သင့်ကို ရှင်းပြချက်များပေးရန် တောင်းဆိုသည့်အခါ သင်က "ပထမဆုံး အနေနှင့်၊ စာတစ်ကြောင်းချင်းကို အဓိပ္ပာယ် မဖွင့်ပဲထားကြစို့။ ထိုအစား သန့်ရှင်းသော ဝိညာဉ်တော် မည်ကဲ့သို့ အလုပ်လုပ်သနည်း ဆိုသည်ကို ကြည့်ကြစို့၊ ကျွန်ုပ်တို့လျှောက်သော လမ်းကြောင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နှင့် တစ်သားတည်းကျခြင်း ရှိ၊ မရှိကို  သမ္မာတရားနှင့် တိုက်ဆိုင်နှိုင်းယှဥ် ကြည့်ကြစို့၊  ပြီးလျှင် ထိုကဲ့သို့သော လမ်းကြောင်းသည် မှန်ကန်ခြင်း ရှိ၊ မရှိဆိုသည်ကို စစ်ဆေးရန် သန့်ရှင်းသော ဝိညာဉ်တော် ၏ အလုပ်အား အသုံးပြုကြစို့။ ဤပြောဆိုချက်သည် သို့မဟုတ် ထိုပြောဆိုချက်သည် ပြည့်စုံခဲ့ပြီဆိုသည့် အတွက်မူ ကျွန်ုပ်တို့ လူသားတို့သည် ဝင်ရောက်မစွက်ဖက်ပဲ နေကြပါစို့။ ယင်းအစား သန့်ရှင်းသော ဝိညာဉ်တော် ၏ အလုပ်နှင့် ယနေ့မျက်မှောက်တွင် ဘုရားသခင် လုပ်ဆောင်နေသော နောက်ဆုံး အလုပ်တို့ကို ပြောသည်မှာ ကျွန်ုပ်တို့အတွက် ပိုကောင်းပေသည်။ သမ္မာကျမ်းစာကို ပရောဖက်များ ပြောကြားသော ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ထိုအချိန်က ဘုရားသခင် အသုံးပြုသော လူများက ရေးသားထားသော စကားလုံးများနှင့် ဖွဲ့စည်းထားသည်။ ထိုစကားလုံးများကို ဘုရားသခင် ကိုယ်နှိုက်ကသာလျှင် ရှင်းပြနိုင်သည်၊ ထိုစကားလုံးများ၏ အဓိပ္ပာယ်များကို သန့်ရှင်းသော ဝိညာဉ်တော်ကသာလျှင် သိစေနိုင်ပြီး ဘုရားသခင် ကိုယ်တော်ကိုယ်တိုင်မှ သာလျှင် တံဆိပ်ခုနှစ်ချက်ကို ချိုးဖျက်နိုင်ပြီး စာစောင်ကို ဖွင့်တော်မူနိုင်သည်။ သင်သည် ဘုရားသခင် မဟုတ် သကဲ့သို့ ကျွန်ုပ်သည်လည်း မဟုတ်သောကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မည်သူကဆန္ဒရှိသလို ရှင်းပြဝံ့သနည်း။ ထိုစကားလုံးများကို သင်ရှင်းပြရဲပါသလား။ ဤနေရာတွင် ပရောဖက်များဖြစ်သော ယေရမိ၊ ယောဟန်နှင့် ဧလိယ တို့ရှိလျှင်ပင် သူတို့သည် သိုးသငယ် မဟုတ်သဖြင့် သူတို့သည်လည်း ဝံ့ရဲကြမည်မဟုတ်။ သိုးသငယ်သည်သာလျှင် တံဆိပ်ခုနှစ်ချက်ကို ချိုးဖျက်နိုင်ပြီး စာစောင်ကို ဖွင့်နိုင်သည်ဖြစ်ရာ ကိုယ်တော်၏ နှုတ်ကပတ်တော်များကို အခြားသူမည်သူမျှ ရှင်းမပြနိုင်ပေ။ ကျွန်ုပ်သည် ဘုရားသခင်၏ နာမတော်ကို မလုယူရဲသကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုလည်း သာ၍လျှင် ရှင်းပြမရဲပေ။ ကျွန်ုပ်သည် ဘုရားသခင်အား နာခံသူ တစ်ဦးသာ ဖြစ်နိုင်သည်။ သင်က ဘုရားသခင်လား။ ဘုရားသခင် ဖန်ဆင်းတော်မူသော မည်သည့်အရာမျှ စာစောင်ကို မဖွင့်ရဲ သကဲ့သို့ ထိုစကားလုံးများကိုလည်း ရှင်းမပြရဲရာ ကျွန်ုပ်သည်လည်း ရှင်းမပြရဲပါ။ သင်သည်လည်း ရှင်းပြရန် မကြိုးစားသင့်ပါ။ ကျွန်ုပ်တို့ မည်သူမျ ရှင်းပြမည်မဟုတ်ပါ။ ကျွန်ုပ်တို့ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်အကြောင်း ပြောကြပါစို့၊ ဤသည်မှာ လူသား လုပ်နိုင်သော အလုပ် ဖြစ်သည်။ ကျွန်ုပ်သည် ယေဟောဝါနှင့် ယေရှု အလုပ်ကို အနည်းငယ်သာ သိသည်။ သို့ရာတွင် ကျွန်ုပ်သည် ယင်းအလုပ်တွင် ပုဂ္ဂလိက အတွေ့အကြုံမရှိသဖြင့် ကျွန်ုပ်သည် ယင်းကို အနည်းငယ်မျှသာ ပြောနိုင်သည်။ ထိုအချိန်က ဟေရှာယ သို့မဟုတ် ယေရှု ပြောခဲ့သော စကားလုံးများ၏ အဓိပ္ပာယ်ကို ကျွန်ုပ်သည် ရှင်းလင်းချက် လုပ်မည်မဟုတ်ပါ။ ကျွန်ုပ်သည် သမ္မာကျမ်းစာကို မလေ့လာဘဲ ဘုရားသခင်၏ မျက်မှောက် အလုပ်နောက်ကို လိုက်သည်။ သင်သည် အမှန်တကယ်အားဖြင့် သမ္မာကျမ်းစာကို စာစောင်ငယ်အဖြစ် မှတ်ယူသော်လည်း ယင်းကို သိုးသငယ်ကသာ ဖွင့်နိုင်မည်ဆိုသည်မှာ မမှန်သလော။ သိုးသငယ်မှ လွဲလျှင် မည်သူက လုပ်နိုင်သေးသနည်း။ သင်သည် သိုးသငယ်မဟုတ်ပါ၊ ကျွန်ုပ်သည်လည်း ဘုရားသခင် ကိုယ်တော်ကိုယ်တိုင်အဖြစ် ပြောဆိုရန် ပို၍ပင် မဝံ့ရဲသောကြောင့် သမ္မာကျမ်းစာကို သုံးသပ်ခြင်း သို့မဟုတ် လေ့လာဆန်းစစ်ခြင်း မလုပ်ကြပါစို့။ ဘုရားသခင် ကိုယ်တော်တိုင် လုပ်ဆောင်ထားသည့် လက်ရှိအလုပ်ဖြစ်သည့် သန့်ရှင်းသော ဝိညာဉ်တော် လုပ်ဆောင်ထား ပြီးသော အလုပ်ကို ဆွေးနွေးသည်က ပို၍ကောင်းသည်။ ဘုရားသခင် အလုပ်၏ အခြေခံဥပဒေသနှင့် အခြင်း အရာများကို ကြည့်ရှုကြပါစို့၊ ထို့နောက် ယင်းတို့ကို စစ်ဆေးခြင်းဖြင့် ယနေ့ ကျွန်ုပ်တို့ လျှောက်လှမ်းသော လမ်းသည် မှန်ကန််ခြင်း ရှိ၊ မရှိကို ကြည့်ကြပါစို့။ ဤအရာကို စံချိန်စံညွှန်းအဖြစ် ထားပြီး ချိန်ညှိကြစို့" ဟု ပြောဆိုနိုင်သည်။ အကယ်၍ သင်တို့သည် ဧဝံဂေလိတရားကို ဟောပြောကြပါလျှင်၊ အထူးသဖြင့် ဘာသာရေး အသိုင်းအဝိုင်းတွင် ရှိသူတို့ထံ ဟောပြောပါလျှင် သင်တို့သည် သမ္မာကျမ်းစာကို နားလည်ရမည်ဖြစ်ပြီး ယင်း၏ အတွင်းကျသော ဇာတ်လမ်း၏ နက်နဲချက်များကို ကျွမ်းကျင်ပိုင်နိုင် နေရမည်။ သို့မဟုတ်ပါက သင်တို့သည် ဧဝံဂေလိ တရားကို ဟောပြောနိုင်စွမ်းရှိမည် မဟုတ်ပေ။ သင်သည် ပိုမိုကျယ်ပြန့်သော ရုပ်ပုံလွှာကို အတွင်း ကျကျ ရရှိခဲ့သည့် အခါတွင် သမ္မာကျမ်းစာ၏ အသက်မရှိသော စကားလုံးများကို လေ့လာဆန်းစစ်ခြင်း မပြုပါနှင့်၊ ဘုရားသခင်၏ အလုပ်နှင့် အသက်၏ သမ္မာတရားကိုသာ ပြောကြားပါ၊ ထိုသို့ဆိုလျှင် သင်သည် မှန်ကန်သော စိတ်နှလုံးနှင့် ရှာဖွေသူတို့ကို ရရှိလိမ့်မည်။

Thursday, November 15, 2018

ဧဝံဂေလိရုပ်ရှင် (ဒီလောက်သာယာလိုက်တဲ့ အသံ) The Word and Voice of the Returned Lord Jesus


ဒေါင်ကျင်ရှင်းဟာ တရုတ်ပြည်က အိမ်တွင်းအသင်းတော်တစ်ခုက တရားဟောဆရာမတစ်ဦးဖြစ်ပါတယ်။ ဘုရားသခင်ကိုနှစ်ပေါင်း ၃ဝလောက်ယုံကြည်ခဲ့ပြီး သမ္မာတရားကိုချစ်မြတ်နိုးတဲ့အတွက် ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို မကြာခဏဖတ်ပြီး နှုတ်ကပတ်တော်တွေရဲ့လမ်းညွှန်မှုကိုခံယူပါတယ်။ စိတ်အားထက်သန်စွာနဲ့ ဘုရားသခင်အတွက် ကိုယ့်ကိုကိုယ် အသုံးတော်ခံခဲ့ပါတယ်။ တရားဟောတဲ့အတွက်ကြောင့် တရုတ်ပြည်ကွန်မြူနစ်အစိုးရ ရဲတွေရဲ့ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး ရက်စက်မှုတွေ နှိပ်စက်မှုတွေကြံ့ကြံ့ခံရင်ဆိုင်ခဲ့ရတဲ့ ထောင်ကိုအပို့ခံလိုက်ရပါတယ်။ လူမဆန်တဲ့အကျဉ်းသားဘဝ ၇ နှစ်တာမှာ သူ့ကိုကြံ့ကြံ့ခံနိုင်အောင်လမ်းညွှန်ခဲ့တာကတော့ သခင့်ရဲ့နှုတ်ကပတ်တော်တွေပါပဲ။ ထောင်ကလွတ်လာတဲ့နောက်တော့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်တဲ့ ချန်ကွမ်ဟာ သူ့ကိုတွေ့ဖို့ရောက်လာခဲ့ပြီး အနန္တတန်ခိုးရှင်ဘုရားရဲ့နှုတ်ကပတ်တော်တွေကိုဖတ်ပြခဲ့ပြီး နောက်ဆုံးသောကာလမှာ ဘုရားသခင်ဟာ ပေါ်ထွန်းခဲ့ပြီဖြစ်ပြီး အမှုပြုနေတဲ့အကြောင်း သက်သေခံခဲ့ပါတယ်။ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ဆိုတဲ့စာအုပ်မိတ္တူကိုလည်းပေးခဲ့ပါတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ချို့ကိုဖတ်ပြီးတဲ့နောက်မှာတော့ ဒေါင်ကျင်ရှင်းဟာ အဲဒီနှုတ်ကပတ်တော်တွေက အာဏာနဲ့ပြည့်စုံပြီး ဘုရားသခင်ဆီကလာတဲ့ နှုတ်ကပတ်တော်တွေဆိုတာ ခံစားလိုက်ရပါတယ်။ သူဟာရှာဖွေလိုစိတ်တွေ တိုးပွားလာပါတယ်။ ဒေါင်ကျင်ရှင်းနဲ့ခင်ပွန်းဖြစ်သူဟာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ဆာလောင်မွတ်သိပ်စွာ အငမ်းမရ ဖတ်ကြည့်ပြီးတဲ့နောက်မှာ အားလုံးဟာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေဖြစ်ပြီး အမှန်တွေချည်းပဲဆိုတာသိလိုက်ရပါတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သူတို့နှစ်ပေါင်းများစွာ စောင့်နေခဲ့ရတဲ့ သခင်ယေရှုပြန်လာတာဖြစ်တယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ဘုရားသခင်ပြန်လာတာကို ပျော်ရွှင်စွာကြိုဆိုနေတုန်းမှာပဲ ရဲမှူးဟာ သူတို့ကို တရားဆွေးနွေးပွဲတွေနဲ့အစည်းအဝေးတွေအပြင် တရားမဟောဖို့အတွက်ကိုပါလာရောက်သတိပေးပါတယ်။ သူတို့အနေနဲ့ အထူးသဖြင့် အရှေ့အရပ်မှ လျှပ်ပြက်ခြင်း အသင်းတော်အကြောင်းဟောပြောသူတွေကို အစီရင်ခံဖို့ သတိပေးခဲ့ပြီး ဒေါင်ကျင်ရှင်းကို စိုးရိမ်စေခဲ့ပါတယ်။ အဲဒါပြီးတဲ့နောက် ဒေါင်ကျင်ရှင်းဟာ ညီအစ်ကိုမောင်နှမတွေကို နောက်ဆုံးသောကာလမှာ ဘုရားသခင်ရဲ့လုပ်ဆောင်မှုတွေကိုကြည့်ဖို့ ဦးဆောင်နေတယ်လို့ သူတို့သင်းအုပ်ဆရာက သိတာနဲ့တပြိုင်နက် ကြားဝင်နှောင့်ယှက်ပြီး တားမြစ်ပိတ်ပင်ပါတော့တယ်။ စာတန်နတ်ဆိုးရဲ့အင်အားစုတွေဖြစ်တဲ့ စိတ်ရှုပ်ထွေးမှုတွေနဲ့ဖရိုဖရဲဖြစ်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပြီး ဒေါင်ကျင်ရှင်းဟာ ဆုတောင်းခြင်း၊ ရှာဖွေခြင်း၊ မိတ်သဟာယပြုခြင်းတို့အားဖြင့် ဘာသာရေးလောကရဲ့ သင်းအုပ်ဆရာတွေ အကြီးအကဲတွေရဲ့ သရုပ်အမှန်ကို ရှင်းရှင်းလင်းလင်း တွေ့နိုင်ခဲ့တယ်။ သူနောက်မဆုတ်ဘဲ ညီအစ်ကို မောင်နှမတွေကို လမ်းမှန်ကို စူးစမ်းရှာဖွေဖို့ ဆက်လက်ဦးဆောင်ပြီး အနန္တတန်ခိုးရှင်ဘုရားသခင်၏အသင်းတော်က လူတွေကို မိတ်သဟာယပြုပေးဖို့နဲ့ နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားရဲ့ အမှုတော်တွေကို သက်သေခံပေးဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အနန္တတန်ခိုးရှင်ဘုရားသခင်မြွက်ဆိုတဲ့ စကားတွေဟာ တကယ်ပဲ ဘုရားသခင်ရဲ့ အသံတော်ဖြစ်ပြီး သူဟာ ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းပဲဖြစ်တယ်ဆိုတာ အယောက်တိုင်း အသိအမှတ်ပြုမိကြပါတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေဟာ ဘယ်လောက်လှပလိုက်တဲ့ အသံလဲဆိုပြီး အားလုံးက နက်ရှိုင်းစွာ ခံစားကြရတယ်။

Wednesday, November 14, 2018

အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် | ဘုရားသခင်၏ စကားတော် | အခန်း ၅

ဘုရားသခင်၏ နှုတ်ကပတ်တော်, အသက်, သက်သေခံချက်, ဘုရားသခင်ကို သိခြင်း, တရားစီရင်သောနေ့များ
ဘုရားသခင်သည် လူသားတို့အား ရှင်းပြရန်ခက်ခဲသည့် တောင်းဆိုမှုများကို ပြုသည့်အခါနှင့် သူ၏ နှုတ်ကပတ်တော်တို့သည် လူတို့၏ စိတ်နှလုံးအတွင်းသို့ တိုက်ရိုက်ထိခတ်ပြီး လူတို့သည် ၎င်းတို့၏ ရိုးဖြောင့်သော နှလုံးသားများကို သူဝမ်းမြောက်ရန်အတွက် ဆက်ကပ်အပ်နှံသည့်အခါတို့တွင် ဘုရားသခင်သည် လူတို့အား စဉ်းစားချင့်ချိန်ရန်၊ ဆုံးဖြတ်ချက်ချရန်နှင့် လက်တွေ့ကျင့်သုံးရန်တို့အတွက် လမ်းကြောင်းတစ်ခုရှာရန် အခွင့်ပေးသည်။ ဤနည်းအားဖြင့် သူ၏ လူဖြစ်သူအားလုံးတို့သည် ဆုံးဖြတ်ချက်ခိုင်မာစွာဖြင့် လက်သီးကို ကျစ်ကျစ်ဆုပ်ထားလျက် သူတို့၏ ဖြစ်တည်မှုအလုံးစုံကို ဘုရားသခင်ထံ နောက်တစ်ကြိမ် ဆက်ကပ်အပ်နှံကြလိမ့်မည်။ အချို့တို့သည် မိမိကိုယ်ကိုလှုံ့ဆော်ပြီး အလုပ်လုပ်ရန် ပြင်ဆင်စဉ် အစီအစဉ်တစ်ခုရေးဆွဲကာ နေ့စဉ်လုပ်ငန်းစဉ်ကို စီစဉ်ကောင်း စီစဉ်ထားကြလိမ့်မည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်ကို ဂုဏ်ကျက်သရေတိုးစေရန်နှင့် အမြန်အပြီးသတ်ရန်အတွက် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်ထဲသို့ သူတို့၏ စွမ်းအားတစ်စိတ်တစ်ပိုင်းကို မြုပ်နှံထားကြသည်။ ထို့အပြင် လူတို့သည် ၎င်းတို့၏ ဝေယျာဝစ္စများကို လုပ်စဉ်၊ စကားပြောစဉ်နှင့် အလုပ်လုပ်စဉ် ဤအရာများကို ၎င်းတို့၏စိတ်များတွင် အနီးကပ်စွဲကိုင်ထားလျက် ဤစိတ်ပိုင်းဆိုင်ရာ အနေအထားတွင် ပိတ်မိနေစဉ်၊ ဘုရားသခင်သည် ဤအရာကို လျင်မြန်စွာတုံ့ပြန်လျက် စတင်၍ ထပ်မံပြောဆိုလေ၏။ “ငါ့ဝိညာဉ်က အသံပြုသည့်အချိန်တွင် ငါ၏ စိတ်သဘောထား အလုံးစုံကို ဖော်ပြလေသည်။ ယင်းအကြောင်းကို ရှင်းရှင်းလင်းလင်း သင်တို့ နားလည်ပါသလော။” လူသည် စိတ်ပိုင်းဖြတ်မှုခိုင်မာလေလေ ဘုရားသခင်၏ အလိုကို နားလည်လိုစိတ် ပြင်းပြလေလေဖြစ်ပြီး ဘုရားသခင်မှ သူ့အား တောင်းဆိုမှုများ ပြုလုပ်ပါရန် တောင့်တလေလေ ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် အသင့်အနေအထား၌ဆုပ်ကိုင်ခဲ့သည်မှာ ကြာပြီဖြစ်သော၊ သူ၏နှုတ်ကပတ်တော်တို့ကို လူတို့၏ဖြစ်တည်မှု၏ အတွင်းကျဆုံးသော နက်နဲမှုအထိပေးရန်၊ ဤအခွင့်အရေးကိုယူလျက် လူတို့အား ၎င်းတို့လိုလားသည့်အရာကို ပေးလိမ့်မည်။ ဤနှုတ်ကပတ်တော်များသည် အနည်းငယ် ပြင်းထန်ပုံ သို့မဟုတ် ခပ်ပြတ်ပြတ်ဖြစ်ပုံ ထင်ရသော်လည်း ယင်းတို့မှာ လူသားအတွက် နှိုင်းယှဉ်၍မရနိုင်လောက်အောင် ချိုသာပါသည်။ ချက်ချင်းပင် လူသားသည် ကောင်းကင်ဘုံတွင် ရှိနေသည့်အလား သို့မဟုတ် ပြင်ပကမ္ဘာမှ အရေးကိစ္စများသည် လူသားတို့ကို ထိခိုက်ခြင်း မရှိတော့သည့် စိတ်ကူးယဉ် ပရဒိသုဘုံသဖွယ်ဖြစ်သော အခြားသောနယ်ပယ်သို့ ပို့ခံလိုက်ရသည့်အလား ဝမ်းမြောက်မှုနှင့်အတူ စိတ်နှလုံးပွင့်လန်းလာသည်။ လူသားတို့သည် ယခင်က အပြင်ပန်းမှပြောဆိုခြင်းနှင့် အပြင်ပန်းမှပြုမူလုပ်ဆောင်ခြင်းတို့ လုပ်လေ့ရှိ၍ မှန်မှန်ကန်ကန်အခြေချနိုင််ခြင်း မရှိသကဲ့သို့ မဖြစ်စေတော့ရန်၊ နောက်ဆုံးဖြစ်လာနိုင်ဖွယ် ဤအခြေအနေကို တဖြည်းဖြည်း ရှောင်တိမ်းနိုင်ရန်၊ တို့အပြင် လူတို့၏နှလုံးသားများတွင်ရှိသည့် ဆန္ဒပြီးပြည့်စုံခဲ့သည့်အခါ၊ ထို့အပြင် ပြင်းပြသောစိတ်အားထက်သန်မှုဖြင့် အလုပ်သို့သွားရန် ၎င်းတို့ပြင်ဆင်သည့်အခါ၊ ဘုရားသခင်သည် သူ၏ပြောဆိုပုံကို ထိုသူတို့၏ စိတ်ပိုင်းဆိုင်ရာအနေအထားနှင့် ဆီလျော်အောင်ပြုလုပ်၍၊ မချုပ်တည်းဘဲ အကျဉ်းနည်းဖြင့် သူတို့၏ စိတ်နှလုံးအတွင်းရှိ စိတ်ဇောဟုန်နှင့် ဘာသာရေးဆိုင်ရာ ဟိတ်ဟန်များအားလုံး မှားယွင်းနေကြောင်းကိုလည်း သက်သေသာဓကပြသသည်။ “ဤအရာ၌ရှိသော အရေးပါမှုကို သင်တို့ အမှန်တကယ် သိမြင်ပြီးပါပြီလော။” ဟုဘုရားသခင် ပြောခဲ့ပြီးသည့်အတိုင်း လူတစ်ဦးသည် တစ်စုံတစ်ခုကို စိတ်ပိုင်းမဖြတ်ခင်ဖြစ်စေ၊ စိတ်ပိုင်းဖြတ်ပြီးဖြစ်စေ ဘုရားသခင်၏ အမှုများ သို့မဟုတ် နှုတ်ကပတ်တော်များအားဖြင့် ဘုရားသခင်အကြောင်း သိခြင်းအရာ၌ လွန်စွာအလေးအနက်မထားဘဲ “ဘုရားသခင်အတွက် ငါဘာလုပ်ပေးနိုင်သလဲ။ ဒါအဓိကအချက်ပဲ။” ဟူသော မေးခွန်းကိုသာ တွေးဆနေလေသည်။ ထို့ကြောင့် ဘုရားသခင်က “ငါ့ရှေ့တွင် သင်တို့ကိုယ်သင်တို့ ငါ၏လူများဟု ခေါ်ဆိုဝံ့ပါသလော- သင်တို့တွင် အရှက်တရား အလျှင်းမရှိ၊ ဆင်ခြင်တုံတရားသာ၍ မရှိ။” ဟုပြောခြင်း ဖြစ်လေသည်။ ဤစကားများကို ဘုရားသခင် ပြောလိုက်သည်နှင့် တပြိုင်နက် လူအများသည် ချက်ချင်း သတိပြုမိကြပြီး ဘုရားသခင်၏ အမျက်ဒေါသကို ဒုတိယအကြိမ် ဆွမိမည်ကို ကြောက်ရွံ့စွာဖြင့် ဓာတ်လိုက်မိသကဲ့သို့ သူတို့သည် သူတို့၏လက်များကို လုံခြုံရာရင်ဘတ်ဆီသို့ အမြန်ရုတ်လိုက်ကြသည်။ ယင်းသာမက ဘုရားသခင်က “ဤသို့သောသူတို့သည် ငါ့အိမ်မှ အနှေးနှင့်အမြန် နှင်ထုတ်ခံရပေလိမ့်မည်။ သင်သည် ငါ၏ သက်သေဖြစ်ခဲ့ပြီ ဟူသောအတွေးဖြင့် ငါ့အား သင်မလှည့်ဖြားနှင့်။” ဟုလည်း ပြောခဲ့သည်။ ဤသို့သောစကားများကို ကြားသည့်အခါ လူတို့သည် ခြင်္သေ့တစ်ကောင်ကို မြင်တွေ့လိုက်ရသကဲ့သို့ ပို၍ပင် ကြောက်ရွံ့ကြသည်။ သူတို့သည် စိတ်နှလုံးထဲ၌ ကောင်းစွာ သိကြသည်။ တစ် ဘက်တွင် သူတို့သည် ခြင်္သေ့ အစားမခံရဖို့အရေး ပူပန်နေကြပြီး အခြားတဘက်တွင် မည်သည့်နေရာသို့ ရှောင်လွှဲသွားရမည်ကိုလည်း မသိဖြစ်နေသည်။ ဤအခိုက်အတန့်တွင် လူ့စိတ်နှလုံးထဲရှိ အစီအစဉ်များသည် သဲလွန်စမကျန်ဘဲ လုံးဝ ပျောက်ကွယ်သွားလေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် ငါသည် လူသား၏ ရှက်ဖွယ်ရာ သွင်ပြင်တိုင်းကို မြင်နိုင်သလိုလို ခံစားရသည်။ ကောလိပ်ကျောင်း ဝင်ခွင့်စာမေးပွဲ ကျရှုံးသူတစ်ဦးကဲ့သို့ ခေါင်းငိုက်စိုက်ကျပြီး မလုံမလဲပုံစံဖြင့် သူ၏ မြင့်မြင့်မားမားထားရှိခဲ့သော အကြိုက်တကာ့အကြိုက်ဆုံးများ၊ ပျော်ရွှင်ဖွယ်မိသားစု၊ တောက်ပသော အနာဂတ် စသည်တို့သည် ၂၀ဝ၀ ခုနှစ် ခေတ်မီပြောင်းလဲတိုးတက်မှု လေးခုနှင့်အတူ သိပ္ပံရုပ်ရှင်တခုထဲမှ စိတ်ကူးယဉ်ပြကွက်တစ်ခုကဲ့သို့ ဖြစ်စေလျက် အားလုံး အဓိပ္ပါယ်ကင်းမဲ့သောပြောဆိုချက်များ ဖြစ်ကုန်လေသည်။ ဤသည်မှာ လူတို့အား ၎င်းတို့၏ မတုန်မလှုပ်ခြင်းထဲမှ ဘုရားသခင် ၎င်းတို့အတွက် သတ်မှတ်ပေးထားသော နေရာတွင် မတ်တတ်ရပ်ရေးအတွက်၊ မတုန်မလှုပ်ခြင်းကို တက်ကြွသည့်အရာများနှင့် လဲလှယ်ရန် ဖြစ်သည်။ အထူးအရေးကြီးသည်မှာ လူသားများသည် သူတို့၏ ဤဘွဲ့သညာ ဆုံးရှုံးရမည်ကို အလွန်ကြောက်ရွံ့ သောကြောင့် သူတို့သည် မြတ်နိုးလှစွာသော ဘဝအတွက် မိမိတို့၏ ရုံးအမှတ်တံဆိပ်များကို တစ်စုံတစ်ဦးက သူတို့ထံမှ လုယူသွားမည်ကို စိုးရိမ်လျက် ဖက်တွယ်ထားကြသည်။ လူသားများတွင် ဤစိတ်နှလုံးမျိုး ရှိသည့်အခါ ဘုရားသခင်သည် သူတို့ မတုန်မလှုပ်ဖြစ်လိမ့်မည်ဟု မစိုးရိမ်ပေ၊ ထို့ကြောင့် သူ၏ တရားစီရင်မှုနှုတ်ကပတ်တော်များကို စစ်ကြောမှုနှုတ်ကပတ်တော်များသို့ ပြောင်းလဲလိုက်သည်။ ဘုရားသခင်သည် လူတို့အသက်ရှူမှားရာမှ ပုံမှန်ပြန်ဖြစ်စေရန် အခွင့်ပေးသည်သာမက ယခင်က ထိုသူတို့၌ရှိခဲ့သော ရည်မှန်းချက်များကို ရယူခွင့်ပေးကာ မသင့်လျော်သည့် အရာကို ပြုပြင်မွမ်းမံနိုင်မည့်အကြောင်း နောင်တွင် ကိုးကားစရာအဖြစ် ရွေးဖယ်ခွင့်ပေးထားသည်။ ယင်းသည် ဘုရားသခင်က သူ၏အမှုကို မစတင်ရသေးသောကြောင့်ဖြစ်သည်။ ယင်းသည် ကံမကောင်းမှုကြီးထဲမှ ကံကောင်းမှုတစ်ခု ဖြစ်သည့်အပြင် ထိုသူတို့ကို မဝေဖန်မရှုတ်ချပါ။ သို့အတွက်ကြောင့် ငါ၏ ကိုးကွယ်ဆည်းကပ်မှုအလုံးစုံကို သူ့အား ဆက်လက်အပ်နှံခွင့်ပေးလော့။

Tuesday, November 13, 2018

ခရစ်ယာန်ဘာသာ ရုပ်ရှင် (ခရစ်တော်၏ပလ္လင်တော်ရှေ့၌ စီရင်ခြင်းအမှုတော်နှင့် - ထာဝရအသက်ဆိုင်ရာ သက်သေခံဒေသနာများ)


အနန္တတန်ခိုးရှင်ဘုရားသည် သမ္မတရားကိုဖွင့်ဆိုခြင်းအားဖြင့် ဘုရားသခင်၏အိမ်တော်၌စတင်လျက် စီရင်ခြင်းအမှုတော်များကို အစပြုဆောင်ရွက်ထားသည်။ ပလ္လင်ဖြူရှေ့ တရားစီရင်ခြင်းမတိုင်မီ အတိတ်နိမိတ်များကိုလည်း စတင်ဖွင့်ပြခဲ့သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့်အပြစ်ပေးဆုံးမခြင်းကို မည်သို့တွေ့ကြုံနိုင်မည်နည်း။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့်အပြစ်ပေးဆုံးမခြင်းတို့နှင့် အကျွမ်းဝင်ပြီးသောအခါ မည်သို့စင်ကြယ်၍ အသက်တာပြောင်းလဲခြင်းရမည်နည်း။ ဘုရားသခင်၏မှန်သော အသိပညာကို မည်သို့ လေ့လာသိရှိနိုင်မည်နည်း။

 

မိတ်ဆွေက သီချင်းနားထောင်ခြင်းကို နှစ်သက်တာ ဖြစ်နိုင်ပါတ Myanmar Gospel Song (ဘုရား၏စကားသည် ထာဝရအမှန်တရား) Myanmar Lyrics

Monday, November 12, 2018

Myanmar New Gospel Song (လူသည်နားထောင်လိုက်လျှောက်ဖို့ ဘုရားရဲ့ တစ်ခုတည်းသော ဆန္ဒ)

Feeling after watching: According to God’s requirement, Noah built the ark and brought the animals into the ark. Because of listening to and obeying God’s requirement, he gained God’s blessing that his family of eight was kept in the flood and was able to continue the human race. But those who didn’t listen to or believe God’s words, they were finally punished by God. From here, we can see that God’s righteous disposition is unoffendable. The hymn God’s Only Wish Is for Man to Listen and Obey allows us to know what kind of people will gain God’s blessings



ဝေါ…… ဟာလေလုယာ …

လွန်ခဲ့သော နှစ်ပေါင်းများစွာ ကမ္ဘာကို

ဘုရားသခင် ဖန်ဆင်းပြီးကတည်းက

ကမ်ဘာမြေပေါ် မရေနိုင်အောင် အမှုများစွာကို ပြုပြီးပြီ

လူတွေရဲ့ အဆိုးဆုံးငြင်းပယ်မှုကို ခံစားခဲ့

ပျက်ရယ်ပြုခြင်းများစွာ တွေ့ကြုံခဲ့

ကမ်ဘာမြေပေါ် ဘုရားကြွလာတာကို ဘယ်သူမှ မကြိုဆိုဘူး

နှစ် ထောင်ချီခက်ခဲမှုများ သူခံစားခဲ့

လူသားများရဲ့အကျင့်ဆိုးတွေ သူ့အသည်းကို ဟပ်သပ်ကွဲစေပြီ

လူတွေပုန်ကန်မှု ထပ်ပြီး သူ ဂရုမစိုက်နိုင်တော့ပြီ

သူတို့ကို ပြောင်းလဲပြီး သန့်ရှင်းစေဖို့သာ သူ ကြံစည်

တစ်ခုတည်းသော ဘုရားရဲ့ဆန္ဒဟာ

သူတို့နားထောင် လိုက်လျှောက်ဖို့…

သူ့အသွေးအသားရှေ့မှောက်မှာ အရှက်ရပြီးသူ့ကို မငြင်းပယ်ဖို့

လူတိုင်းအတွက် သူ့ရဲ့ဆန္ဒဟာ ယနေ့ သူ တည်ရှိကြောင်း

လူတိုင်း ရိုရိုးလေး ယုံကြည်ဖို့

ဟူး… ဟူး… ဟာလေလုယာ…

ဘုရားသည် အသွေးအသား၌ ပြက်ရယ်ပြုခြင်း ခံစားပြီ

ထုတ်ပယ်ခြင်း၊ ကားတိုင်တင်ခြင်းတို့ကိုလည်းပဲ

လူ့လောကရဲ့အဆိုးဆုံးတွေကိုလည်း သည်းခံနေ

ကောင်းကင်ဘုံအဘလည်း မကြည့်ရက်ဘူး

မျက်နှာတော်လွဲကာ မျက်စိပိတ်ထား

သူချစ်တဲ့သား ပြန်လာမယ့်အချိန် စောင့်မျှော်နေ

နှစ် ထောင်ချီခက်ခဲမှုများ သူခံစားခဲ့

လူသားများရဲ့အကျင့်ဆိုးတွေ သူ့အသည်းကို ဟပ်သပ်ကွဲစေပြီ

လူတွေရဲ့ပုန်ကန်မှု ထပ်ပြီး သူ ဂရုမစိုက်နိုင်တော့ပြီ

သူတို့ကို ပြောင်းလဲပြီး သန့်ရှင်းစေဖို့သာ သူ ကြံစည်

တစ်ခုတည်းသော ဘုရားရဲ့ဆန္ဒဟာ သူတို့ နားထောင်လိုက်လျှောက်ဖို့

သူ့အသွေးအသားရှေ့မှောက်မှာ အရှက်ရပြီး သူ့ကို မငြင်းပယ်ဖို့

လူတိုင်းအတွက် သူ့ရဲ့ဆန္ဒဟာ ယနေ့ သူတည်ရှိကြောင်း

လူတိုင်း ရိုရိုးလေးယုံကြည်ဖို့