菜單

မူလစာမျက်နှာ သတင်းအချက်အလက် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ လွတ်လပ်မှန်ကန်တဲ့လူ့အခွင့်အရေး ကယ်တင်ရှင်ပြန်ကြွလာပြီ ဧဝံဂေလိတရားတော် ကောင်းကင်နိုင်ငံတော်သီချင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ အမှန်တရားကို ဖေါ်ထုတ်ခြင်း နိုင်ငံတော် ချီးမွမ်းခြင်း တေးဂီတ
Showing posts with label သခင်ယေရှု. Show all posts
Showing posts with label သခင်ယေရှု. Show all posts

Wednesday, January 15, 2020

Myanmar Gospel Skit (အမှန်ဆိုတာ အမှား မဟုတ်နိုင်ပါ) How to Discern the True Christ and False Christs


သခင်ယေရှုက “ငါသည် အလျင်အမြန် လာမည်” (ဗျာဒိတ် ၂၂:၁၂) ဟုဆိုခဲ့သည်။ နောက်ဆုံးသောကာလသည် သခင်၏ ပြန်လာခြင်းကို လက်ခံဖို့ရန် အရေးကြီးဆုံးသော အချိန်ဖြစ်သည်။ ဘာသာရေးဂိုဏ်းခွဲမှ ယုံကြည်သူ ကျန်းဟောင်အန်းသည် ဇနီးဖြစ်သူက သခင် ပြန်ကြွနေပြီဟူ၍ သက်သေခံသည်ကို ကြားရသောအခါ၊ သူက ရှာဖွေစူးစမ်းချင်သည်။ သို့ရာတွင် သူ၏ အသင်းတော်မှ သင်းအုပ်ဖြစ်သူက သူ့အား ဟန့်တားရန် အကြိမ်ကြိမ် ကြိုးစားလေသည်။ “အကြောင်းမူကား၊ ခရစ်တော်၏အယောင်ကို ဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍ ရွေးချယ်သောသူတို့ကိုပင် လှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက်အောင် ကြီးစွာသော နိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကို ပြကြလိမ့်မည်။” (မဿဲ ၂၄:၂၄) ဟူသော သမ္မာကျမ်းစာပိုဒ်ကို ဟောပြော၍၊ သခင် ပြန်လာခြင်းအကြောင်း ဟောပြောသူတိုင်းသည် အတုအယောင်ဖြစ်သည်ဟု ပြောဆိုသောကြောင့်၊ ကျန်းဟောင်အန်းအား စိတ်ရှုပ်ထွေးစေခဲ့သည်။ သူ့ဇနီး၏ မိတ်သဟာယမှတစ်ဆင့်၊ ခရစ်တော်အစစ်အမှန်နှင့် ခရစ်တော်အတုအယောင်တို့ကို ခွဲခြားခြင်းနှင့်ဆိုင်သော သမ္မာတရား၏ လက္ခဏာသွင်ပြင်တို့ကို သူ နားလည်နိုင်လာပြီး၊ နောက်ဆုံးတွင် စိတ်ရှုပ်ထွေးမှုမှ သူ့ကိုယ်သူ ရုန်းထွက်လေသည်။ ယခု ဟာသပြဇာတ်တို ‘အမှန်ဆိုတာ အမှား မဟုတ်နိုင်ပါ’ ကို ကျေးဇူးပြု၍ ခံစားကြည့်ကြပါ။

ဓမ္မသီချင်းဝေငှမည်

ခရစ်ယာန်ဘုရားသီချင်း | ကိုယ်ကျင့်တရားပျက်စီးသောလူသားများ လူ့ဇာတိခံဘုရားသခင်ရဲ့ကယ်တင်ခြင်း လိုအပ်

Wednesday, November 20, 2019

Myanmar Subtitle movie (တံခါးကိုခေါက်နေခြင်း) Wise Virgins Meet the Return of the Lord


Myanmar Subtitle movie  (တံခါးကိုခေါက်နေခြင်း) Wise Virgins Meet the Return of the Lord

လွန်ခဲ့တဲ့နှစ်နှစ်ထောင်ခန့်က သခင်ယေရှုဟာ ယခုလို ပရောဖက်ပြုခဲ့ပါတယ်။ "သန်းခေါင်ယံ၌ ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြေွးကြော်လျှင်" (ရှင်မဿဲခရစ်ဝင် ၂၅:၆)။ "နား​ထောင်​လော့။ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်” (ဗျာဒိတ်ကျမ်း ၃:၂၀)။ လွန်ခဲ့တဲ့နှစ်နှစ်ထောင်လုံးလုံးမှာ ကိုယ်တော်ရှင်ကို ယုံကြည်သူတွေဟာ ကိုယ်တော်ရှင် တံခါးလာခေါက်မှာကို ဂရုတစိုက်နဲ့ စောင့်မျှော်ခဲ့ကြပါတယ်။ ဒါကြောင့် ကိုယ်တော်ရှင် ပြန်ကြွလာတဲ့အခါ လူသားရဲ့တံခါးကို ဘယ်လိုခေါက်မှာတဲ့လဲ။ နောက်ဆုံးသောကာလမှာ သခင်ယေရှုဟာ လူ့ဇာတိခံ အနန္တတန်ခိုးရှင်ဘုရားသခင်အဖြစ် ပြန်လည်ကြွရောက်နေပြီဖြစ်ပြီး၊ နောက်ဆုံးသောကာလရဲ့တရားစီရင်ခြင်းအမှုကို ဆောင်ရွက်နေတယ်လို့ လူတချို့က သက်သေခံထားကြတယ်။ ဒီသတင်းဟာ ဘာသာရေးလောကတစ်ခုလုံးကို တုန်လှုပ်သွားခဲ့တာပါ။ ယခု ဇာတ်လမ်းရဲ့ဇာတ်ကောင်ဖြစ်တဲ့ ယန်အိုက်ကွမ်းဟာ ကိုယ်တော်ရှင်ကို ဆယ်စုနှစ်ပေါင်းများစွာ ယုံကြည်ခဲ့သူဖြစ်ကာ၊ တရားဟောပြောခြင်းအလုပ်တွေကို အမြဲတစေတက်ကြွစွာပါဝင်ပြီး၊ ကိုယ်တော်ရှင် ပြန်ကြွလာခြင်းကို ကြိုဆိုဖို့စောင့်မျှော်နေခဲ့သူပါ။ တစ်နေ့မှာတော့ သူမရဲ့အိမ်တံခါးကို လူနှစ်ယောက်က တံခါးလာခေါက်ပြီး၊ သခင်ယေရှု ပြန်ကြွလာပြီဖြစ်ကြောင်း ပြောပြတဲ့အပြင်၊ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ယန်အိုက်ကွမ်းနဲ့ သူ့ခင်ပွန်းအတွက် ဝေမျှပါတယ်။ သူတို့ဇနီးမောင်နှံဟာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကြောင့် တော်တော့်ကို စိတ်လှုပ်ရှားသွားခဲ့ရတယ်။ ဒါပေမယ့်လည်း သင်းအုပ်ဆရာ၊ သင်းထောက်တွေရဲ့ယုတ္တိအမှားတွေ၊ လှည့်ဖြားမှုတွေနဲ့ ချုပ်ချယ်မှုတွေကို ခံထားရတဲ့ ယန်အိုက်ကွမ်းဟာ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ရဲ့သက်သေခံသူတွေကို သူမရဲ့အိမ်ကနေ နှင်ထုတ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သက်သေခံသူတွေဟာ ယန်အိုက်ကွမ်းတို့အိမ်တံခါးကို ကြိမ်ဖန်များစွာလာခေါက်ကြပြီး၊ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ဖတ်ပြရင်း၊ နောက်ဆုံးသောကာလ ဘုရားသခင်ရဲ့အမှုတော်ကို သက်သေခံတယ်။ ဒီအချိန်အတွင်းမှာလည်း သင်းအုပ်ဆရာက ယန်အိုက်ကွမ်းကို အကြိမ်ကြိမ်နှောင့်ယှက်တားဆီးခဲ့တဲ့အတွက် သူမဟာ ဆက်ပြီးဝေခွဲမရဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ကြားလိုက်ရတဲ့အတွက် သမ္မာတရားကို သိရှိနားလည်လာပြီး၊ သင်းအုပ်ဆရာနဲ့သင်းထောက်တွေ ဖြန့်ဝေထားတဲ့ ယုတ္တိအမှားတွေ၊ ကောလာဟာလတွေအပေါ် ချင့်ချိန်နိုင်စွမ်း ရှိလာခဲ့တယ်။ နောက်ဆုံးသောကာလ ကိုယ်တော်ရှင် ပြန်ကြွတဲ့အခါ လူတွေရဲ့တံခါးကို ဘယ်လိုခေါက်မယ်ဆိုတာနဲ့ ကိုယ်တော်ရှင်ကို ဘယ်လိုကြိုဆိုသင့်တယ်ဆိုတာကိုလည်း သူမဟာ နောက်ဆုံးမှာ နားလည်သွားခဲ့တယ်။ ဒီလိုရှုပ်ထွေးမှုတွေ ကင်းစင်သွားတဲ့အခါမှာတော့ ယန်အိုက်ကွမ်းဟာ ဘုရားရဲ့အသံတော်ကို နောက်ဆုံးမှာ ကြားနိုင်ခဲ့ပြီး၊ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှု ပြန်ကြွလာခြင်း အမှန်တကယ်ဖြစ်မှန်း အသိအမှတ်ပြုနိုင်ခဲ့ပါတယ်။

များပြားသောအကြံပြုချက်များ

ဘုရားသခင်၏ ခြေရာကို ရှာဖွေလေ့လာခြင်း- အရှေ့အရပ်မှ လျှပ်ပြက်ခြင်း

Saturday, November 16, 2019

Myanmar movie 2019 (ပြန်လာခဲ့သူ ဘယ်သူပါလဲ) Christ of the Last Days Has Come


Myanmar movie 2019 (ပြန်လာခဲ့သူ ဘယ်သူပါလဲ) Christ of the Last Days Has Come

ကင်မ်ယောင်ရို့ခ်ဟာ ကိုရီးယားဘာသာရေးအသိုက်အဝန်းထဲက ဘာသာရေးကိုင်းရှိုင်းတဲ့ သင်းအုပ်ဆရာတစ်ယောက်ပါ။ သမ္မာတရားကို ငတ်မွတ်သူတစ်ယောက်ဖြစ်တဲ့ သူဟာ သခင်ယေရှုရဲ့ဒုတိယအကြိမ်ကြွလာခြင်းကို မျှော်လင့်ခဲ့ပါတယ်။၂၀၁၃ ခုနှစ် တစ်ရက်မှာတော့၊ သူဟာ ချိုဆန်အီလ်ဘိုသတင်းစာမှာ အနန္တတန်ခိုးရှင်ဘုရားရဲ့နှုတ်ကပတ်တော်တွေကို အမှတ်မထင် ဖတ်လိုက်ရတယ်။ ဩဇာအာဏာနဲ့ တန်ခိုးတော်ပြည့်ဝလွန်းနေတဲ့ အဲဒီနှုတ်ကပတ်တော်တွေဟာ သူ့အပေါ်ကို ချက်ချင်းသက်ရောက်မှုရှိခဲ့ပြီး၊ သူ့ရင်ကို ကိုင်လှုပ်ခဲ့ပါတယ်။ အနန္တတန်ခိုးရှင်ဘုရားဟာ ပြန်ကြွလာတဲ့ သခင်ယေရှုပဲလား၊ သူ အချိန်အကြာကြီး စောင့်မျှော်ခဲ့တဲ့ ကယ်တင်ရှင်ပဲလားဆိုတာ သေချာစေဖို့အတွက်၊ သူဟာ အနန္တတန်ခိုးရှင်ဘုရားရဲ့နှုတ်ကပတ်တော်တွေနဲ့ အမှုတော်ကို စတင်ရှာဖွေ ဆန်းစစ်ခဲ့ပါတယ်။ ဒီလိုနဲ့ သူ့ရင်ထဲက သံသယတွေ တစ်ခုပြီးတစ်ခု ပြေလည်သွားတဲ့အခါမှာတော့၊ ကင်မ်ယောင်ရို့ခ်ဟာ ဝမ်းမြောက် စိတ်လှုပ်ရှားလွန်းတာကြောင့်၊ မြေပေါ်မှာ ဝပ်စင်းလုနီးနီး ဖြစ်ခဲ့ရတယ်။ အနန္တတန်ခိုးရှင်ဘုရားဟာ နောက်ဆုံးသောကာလအတွက် သခင်ယေရှုရဲ့ဒုတိယအကြိမ်ပြန်လာခြင်း ဖြစ်နေလို့ပါပဲ။ ကိုယ်တော်ဟာ လူတွေကြားကို တိတ်တဆိတ်ရောက်ရှိနေပြီဖြစ်ပြီး၊ တရားစီရင်ခြင်းအမှုတော်ကို ဘုရားသခင်ရဲ့အိမ်တော်ကနေ စတင်ဆောင်ရွက်နေတာလည်း ကြာခဲ့ပါပြီ။

များပြားသောအကြံပြုချက်များ

အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်- ဘုရားသခင်၏ တဲတော် လူတို့အကြားမှာရှိနေခြင်း

Wednesday, November 13, 2019

Myanmar movie Clip (ကိုယ်တော်ရှင် ကြွချီလာခြင်းကိုကြိုဆိုရာမှာ အလွယ်တကူအလုပ်တတ်ဆုံးအမှားတွေက ဘာတွေလဲ)


Myanmar movie Clip (ကိုယ်တော်ရှင် ကြွချီလာခြင်းကိုကြိုဆိုရာမှာ အလွယ်တကူအလုပ်တတ်ဆုံးအမှားတွေက ဘာတွေလဲ)

သင်းအုပ်ဆရာနဲ့သင်းထောက်လူကြီးတွေ ပြောကြတဲ့ "ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေ၊ အမှုတော်တွေအားလုံးဟာ သမ္မာကျမ်းစာထဲမှာပဲရှိတယ်။ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်မှန်သမျှက သမ္မာကျမ်းစာပြင်ပမှာ ပေါ်ပေါက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး" ဆိုတာကို ဘာသာရေးအသိုင်းအဝိုင်းက ယုံကြည်သူအများအပြားဟာ ယုံကြည်ကြပါတယ်။ ဒါပေမဲ့ ဒီလိုပြောဆိုချက်ဟာ သမ္မာကျမ်းစာကို အခြေခံတာလား။ သခင်ယေရှုက ဒီလိုစကားတွေကို ပြောခဲ့လို့လား။ ဗျာဒိတ်ကျမ်းထဲမှာတော့ ဒါကို ကြိမ်ဖန်များစွာ ပရောဖက်ပြုခဲ့ပါတယ်။ "ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူမည်သည်ကား ကြားပါစေ"။ ကိုယ်တော်ရှင်ရဲ့နှုတ်ကပတ်တော်တွေဟာ သိပ်ကိုရှင်းလင်းစွာ ဖွင့်ဆိုပြထားတာပါ။ နောက်ဆုံးသောကာလမှာ ကိုယ်တော်ရှင် ပြန်ကြွတဲ့အခါ၊ သူက ထပ်မံမိန့်ဆိုလိမ့်မယ်။ ကိုယ်တော်ရှင် ကြွလာခြင်းကိုကြိုဆိုတဲ့ကိစ္စမှာတော့ သမ္မာကျမ်းစာကနေ ကင်းကွာခြင်းမရှိဘဲ၊ အသင်းတော်တွေကို ဝိညာဉ်တော်က မိန့်ဆိုတဲ့အရာကိုလည်း မရှာဖွေဘူးဆိုရင်၊ ကျွနု်ပ်တို့ဟာ ကိုယ်တော်ရှင် ကြွလာခြင်းကို ကြိုဆိုနိုင်မှာတဲ့လား။

အကြံပြုစာမျာ:

Myanmar Music Video | “ကောင်းကင်နိုင်ငံတော်သီချင်း- ဘုရားသခင်ရဲ့နိုင်ငံတော် မြေကြီးပေါ် ရောက်လာ”

Friday, October 25, 2019

【Live】Myanmar Gospel Movie 2019 (မျှော်လင့်တောင့်တခြင်း) | How Are the Promises of Lord Jesus Fulfilled?

My understanding: The Lord Jesus says, “I go to prepare a place for you. And if I go and prepare a place for you, I will come again, and receive you to myself; that where I am, there you may be also” (John 14:2-3). The Lord Jesus shall be back after preparing the place for us. I always am waiting for the arrival of the day, thinking that the Lord goes from the earth to the heaven, the place prepared by the Lord should be in heaven. But after watching this movie, I come to know the good destination God prepares for us is on earth, also is the kingdom established by God when incarnating amongst mankind, through which we who are conquered and purified by the word of God can enjoy the life of the kingdom, without the disturbing of Satan, living in harmony with between people and living the blessings of God. So I wanna share it with brothers and sisters who are longing for the return of the Lord. Please watch the movie “Yearning”

 

လွန်ခဲ့သည့် အနှစ်နှစ်ထောင်တွင်၊ သခင်ယေရှုက သူ၏ နောက်လိုက်များကို ကတိပြုခဲ့သည်၊ ""သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှါ ငါသွားရ၏။ ငါသည် သွား၍ သင်တို့ နေစရာအရပ်ကို ပြင်ဆင်ပြီးမှ တဖန်လာပြန်၍၊ ငါရှိရာအရပ်၌ သင်တို့ရှိစေခြင်းငှါ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်"" (ယော ၁၄:၂-၃)။ ဤအရာကြောင့်၊ ယုံကြည်သူ မျိုးဆက်များသည် သခင့်ကတိတော် ပြည့်စုံခြင်းအတွက် စွဲလမ်းစွာ မျှော်လင့်ပြီးဆုတောင်းကြသည်။ ပြီးလျှင် သခင် ကြွလာသည့်အခါ၊ သူတို့သည် သခင့်ကို ဆုံတွေ့ရန်နှင့် ကောင်းကင်နိုင်ငံထဲသို့ ဝင်ရောက်ရန်အတွက်၊ ကောင်းကင်ဘုံသို့ ချီဆောင်ခံရကြရန်အလို့ငှာ မျှော်လင့်ပြီး၊ ဆုတောင်း ကြလေသည်။

Tuesday, October 22, 2019

【Live】New Myanmar Gospel Movie | စာတန်ရဲ့ လှည့်စားမှုများကို ထွင်းဖောက်မြင်ခြင်းနှင့် သခင်ယေရှု ပြန်ကြွလာခြင်းကို ကြိုဆိုခြင်း

Understanding: Thinking back to when the Lord Jesus appeared and performed His work, the chief priests, scribes and Pharisees in the temple all were familiar with the Bible, but they used it to condemn the work of the Lord, spread rumors to deceive the believers, which caused many believers to listen to their words, eventually, they nailed the Lord Jesus to the cross and were forsaken by the Lord. Now, Almighty God of the last days appears and performs the work of saving the whole of men, which is undergoing the opposition, condemnation and slanders of the CCP and pastors and elders of religions, not only did they not accept the work of Almighty God, but they also still spread the rumors and prevent believers from investigating His work of the last days. If we believe the word of pastors and elders like the earliest Jewish believers, whether or not we will be forsaken by the Lord like them? If so, it may fulfill the Bible, "My people are destroyed for lack of knowledge." "but fools die for want of wisdom." (Proverbs 10:21). Regarding the return of the Lord in the last days, we shall not listen to the rumors and lies of the CCP, we shall not be deceived by the pastors and elders, but become a wise virgin and pay more attention to the voice of God so that we can greet the Lord. Just like the Lord Jesus says, "My sheep hear My voice, and I know them and they follow Me." (John 10:27). Please stay tuned to this show, which will show us how to listen to the voice of God.

 

ယခုသည် နောက်ဆုံးသော ကာလ၏ နှောင်းပိုင်းကာလ ဖြစ်ပြီး၊ သခင်၏ ကြွရောက်ခြင်းကို ကြိုဆိုခြင်းအတွက် အဓိကအချိန်တစ်ခု ဖြစ်သည်။ သခင် ပြန်ကြွလာနှင့်ပြီးဖြစ်တယ်၊ ပြီးတော့ အမှုတော်အသစ်ကို လုပ်ဆောင်ဖို့ နှုတ်ကပတ်တော်တွေကို ပြောဆိုပြီလို့ တစ်ယောက်ယောက်က သက်သေခံတဲ့အခါ၊ ဒါပေမယ့် အဲဒါကို လူများစွာက မရှာဖွေရဲသလို မလေ့လာမဆန်းစစ်ဝံ့ကြဘူး။ ဘာလို့လဲဆိုတော့ သူတို့က ကောလဟလအမျိုးမျိုးနဲ့ အတွေးမှားတွေအားဖြင့် လှည့်ဖြားခံရပြီဖြစ်လို့ပါပဲ။ ဒါက ကောလဟလတွေကို ယုံကြတဲ့အတွက် ဂျူးလူမျိုးများစွာက သခင့်ရဲ့  ခြေရာတွေနောက် မလိုက်နိုင်ခဲ့ကြဘဲ နောက်ဆုံးမှာ ကယ်တင်ခြင်းဆုံးရှုံးရတဲ့ အတိတ်က အဖြစ်အပျက်နဲ့ ဆင်တူပါတယ် ဒါကြောင့်၊ သခင့်ရဲ့ ပြန်ကြွလာခြင်းကို ကြိုဆိုခြင်းနဲ့ ပတ်သက်လာတဲ့အခါ၊ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ နှုတ်ကပတ်တော်တွေနဲ့ အမှုတော်ကို နှိမ့်ချစွာ ရှာဖွေပြီး မလေ့လာ မဆန်းစစ်ဘဲ၊ အဲဒီအစား ကောလဟလတွေနဲ့  အလိမ်အညာတွေကို ရူးမိုက်စွာ ယုံကြည်ရင်၊ စာတန်အားဖြင့် ကျွန်ုပ်တို့ လှည့်ဖြားခံရပြီး ထိန်းချုပ်ခံရရုံသာ ရှိမှာဖြစ်သလို၊ နောက်ဆုံးမှာ ကယ်တင်ခံရဖို့နဲ့ ကောင်းကင်နိုင်ငံတော်ထဲ ဝင်ရောက်ဖို့ အခွင့်အရေးကို ဆုံးရှုံးနိုင်ပါတယ်။ ဒါက ကျမ်းစာထဲက နှုတ်ကပတ်တော်တွေကို ပြည့်စုံစေပါတယ်၊ “မိုက်သောသူတို့မူကား၊ ဥာဏ်မ ရှိသောကြောင့် သေကြလိမ့် မည်။” (သုတ္တံ ၁၀:၂၁) ဒီအစီအစဉ်က သင့်ကို စာတန်ရဲ့ လှည့်စားမှုတွေကို ထွင်းဖောက်မြင်တွေ့ဖို့၊ ပညာရှိ သတို့သမီးဖြစ်ပြီး သခင်ယေရှုရဲ့ ပြန်ကြွလာခြင်းကို ကြိုဆိုဖို့ ကူညီပါလိမ့်မယ်။ ကျေးဇူးပြုပြီး ကြည့်ရှုလျက် နှစ်သက်ခံစားလိုက်ပါ။

များပြားသောအကြံပြုချက်များ

အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်- ဘုရားသခင်၏ တဲတော် လူတို့အကြားမှာရှိနေခြင်း

Friday, October 18, 2019

【Live】New Myanmar Gospel Movie (ကျော့ကွင်းကို ထိုးဖောက်ကျော်လွန်ခြင်း) ကိုယ်တော်နှင့်အတူ ပွဲသဘင်သို့ ဝင်ရောက်ခြင်း

ကြည့်ပြီးနောက် အတွေ့အကြုံ လွန်ခဲ့သောနှစ်၂ဝဝဝက သခင်ယေရှုဖာရိရှဲနှင့်ကျမ်းပြုဆရာများကို အမင်္ဂလာကျရောက်လိမ့်မည်ဟုဆုံးမခဲ့သည်။သူတို့သည်မိမိ၏ဂုဏ်ပကာသနကိုမက်မော၍မိမိအယူအဆဖြင့်ယေရှု၏လုပ်ဆောင်ချက်များကိုမလေ့လာပဲကောလဟာလများဖြန့်၍ယုံကြည်သူများကိုသွေးဆောင်ဖြားယောင်းခဲ့သည်။သူတို့သည်သင်ကြားခဲ့သောကျမ်းစာဗဟုသုတများနှင့်ရရှိထားသောအာဏာဖြင့်ယုံကြည်သူများကိုတင်းတင်းဆုတ်ကိုင်ထားသည်။နောက်ဆုံးတွင်ခွဲခြားနိုင်မှုမရှိသောယုံကြည်သူများသည်၎င်းတို့နှင့်အတူယေရှုကိုကောက်ချက်ချ၍ငြင်းပယ်ခဲ့ကြသည်။နောက်ဆုံးကာလ၌သခင်ယေရှုပြန်ကြွလာပြီ၊သမိုင်းအဖြစ်အပျက်များနောက်တစ်ကြိမ်ဖြစ်ပားပြန်သည်။ညီအကိုမောင်နှမတချို့သည်ယေရှုပြန်ကြွလာသည်ကိုကြားသောအခါလေ့လာကြရာ၊ဘုရားကျောင်း၏ဆရာများ၊သက်ကြီးအဘများကဘုရားကိုယုံကြည်ခြင်းသည်ကျမ်းစာကိုယုံကြည်ခြင်းဖြစ်ပြီးကျမ်းစာနှင့်မဝေးကွာသင့်ဟုထင်မြင်ကြသည်။ဤထင်မြင်ချက်များသည်ညီအကိုမောင်နှမများကိုလမ်းလွဲရောက်စေသလော?သူတို့သည်ဆရာနဓင့်သက်ကြီးအဘများ၏ကွန်ယက်မှမည်သို့ထိုးဖောက်၍ကိုယ်တော်ကြွလာခြင်းကိုကြိုဆိုမိကြသနည်း?

 

လွန်ခဲ့သော နှစ်ပေါင်း ၂ဝဝဝ တွင်၊ သခင်ခရစ်တော်သည် ရွေးနှုတ်ခြင်း အမှုတော်အားလုပ်ဆောင် နေချိန် ၌၊ သူသည် ရိုင်းစိုင်းသော အသေရေဖျက်ခြင်း နှင့် ဂျူးဘာသာရေး အသိုင်းအဝိုင်းများ၏ ပြစ်တင်ဝေဖန် ရှုတ်ချခြင်းကို ခံစားခဲ့ရသည်။ ဂျူးဘာသာရေး ခေါင်းဆောင်များသည် ရောမအစိုးရနှင့် အတူ တပ်ပေါင်းဖွဲ့ပြီး၊ သူ့အား ကားတိုင် ၌ သံရိုက်စီရင်ခဲ့သည်။ နောက်ဆုံးသော ကာလ၌ အနန္တတန်ခိုးရှင် ဘုရားသခင်၊ သခင်ယေရှုသည် သွေးသားခန္ဓာ ဖြင့်ပြန်လည် ကြွဆင်းလာကာ၊ တရားစီရင်ခြင်းအမှုတော်ကို လုပ်ဆောင်ရန်အတွက် တရုတ်ပြည်သို့ ရောက်ရှိလာခဲ့သည်၊ ဤတစ်ကြိမ်တွင် တရုတ်ကွန်မြူနစ်အစိုးရနှင့် ဘာသာရေး လောက၏ သွေးရူးသွေးတန်း ရှုတ်ချပြစ်တင်ခြင်း၊ ဖိနှိပ်ချုပ်ချယ်ခြင်းနှင့် ဖမ်းဆီးခြင်းတို့အား သူသည် ထပ်မံတွေ့ကြုံ ခံစားရသည်။ ပြန့်နှံ့နေသော ကောလဟလများနှင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပေါ် မှားယွင်းသော အယူအဆများ၊ တရားစီရင်ခြင်းနှင့် အသရေဖျက်မှုများသည် မမြင်နိုင်သော ကျော့ကွင်းကဲ့သို့ မရေမတွက်နိုင်သော ယုံကြည်သူများအား လွမ်းအုပ်ထားပြီး ထိန်းချုပ်ထားလျက်ရှိသည်။ သမိုင်း၏ အဖြစ်ဆိုးမှာ တကျော့ပြန်လည်လာခြင်းဖြစ်ပေသည်...

များပြားသောအကြံပြုချက်များ

Myanmar Subtitle Movies 2019 | ကောင်းကင်နိုင်ငံတော်သားများ

Thursday, October 3, 2019

(၃) ဘုရားသခင်၏ အမှုတော်နှင့် ပေါ်ထွန်းလာခြင်းကြောင့် ဘာသာရေးအသိုင်းအဝိုင်းအတွက် မည်သို့ထူးခြားစေသနည်း


ဘုရားသခင် လူဇာတိခံ၍ အမှုတော်ကို လုပ်ဆောင်ရန် ပေါ်ထွန်းလာသည့်အခါတိုင်း၊ မာရ်နတ်၏ ဆိုးယုတ်သော အင်အားစုတို့က စစ်မှန်သောလမ်းစဉ်ကို ရက်ရက်စက်စက် အာခံရှုတ်ချကြသည်။ ၎င်းအားဖြင့် ဘာသာရေးလောကကို ပိုင်းခြားဖော်ထုတ်ကာ ဝိညာဉ်လောကအတွင်း စစ်ပွဲများဖြစ်ပွားလေတော့သည်။ သခင်ယေရှုမြွက်ဆိုခဲ့သည်မှာ "မြေပေါ်သို့ ငြိမ်သက်ခြင်းကို စေလွှတ်အံ့သောငှါ ငါလာသည်ဟု မထင်ကြနှင့်။ ငြိမ်သက်ခြင်းကို စေလွှတ်အံ့သောငှါ ငါလာသည်မဟုတ်။ ထားကို စေလွှတ်အံ့သောငှါ ငါလာသတည်း" (ရှင်မဿဲခရစ်ဝင် ၁၀:၃၄) ဟုဖြစ်သည်။ ကျေးဇူးတော်ခေတ်တွင် သခင်ယေရှုပေါ်ထွန်းလာပြီး အမှုတော်ကိုလုပ်ဆောင်သည့်အခါ ယုဒဘာသာဝင်တို့သည် အဖွဲ့အစည်းများစွာအဖြစ် ကွဲထွက်သွားခဲ့သည်။ နောက်ဆုံးသောကာလတွင် အနန္တတန်ခိုးရှင်ဘုရားသခင်၏ ပေါ်ထွန်းလာခြင်းနှင့် အမှုတော်တို့ကြောင့် ဘာသာရေးလောကသည် ဂျုံစေ့များနှင့် မြက်ပေါင်းပင်များ၊ သိုးများနှင့် ဆိတ်များ၊ ဉာဏ်ပညာရှိသတို့သမီးများနှင့် မိုက်မဲသောသတို့သမီးများ၊ အစေခံကောင်းများနှင့် အစေခံဆိုးများအပါအဝင် အလုံးစုံသော အမျိုးအစား စုံလင်အောင် ကြီးကျယ်စွာ ဖော်ထုတ်ခြင်းခံရတော့သည်။ ဘုရားသခင်၏ဉာဏ်ပညာနှင့် အံ့ဖွယ်ရာတို့သည် ဉာဏ်မမီလောက်အောင် ခက်ခဲနက်နဲလှသည်။

Tuesday, September 24, 2019

【Live】New Myanmar Christian Film 2019 (စောင့်လို့နေ) ပညာရှိ သတို့သမီး များဟာ သခင်ဘုရားကို ကြိုကြတယ်။


ကြည့်ပြီးနောက် အတွေ့အကြုံ

နိုးကြားစွာစောင့်မျှော်ခြင်းသည် ကျမ်းစာဖတ်၊ဆုတောင်းခြင်းလုပ်ရန်သာ မဟုတ်ပေ။ တစ်စုံတစ်ယောက်မှ ကိုယ်တော်ပြန်ကြွလာပြီဟူသောစကားကို ကြားလျှင် ပညာရှိသောသတို့သမီးကဲ့သို့ ကိုယ်တော်၏အသံ သေချာအလေးထားနားထောင်ရအုံးမည်။ ဤအချက်သည် အလင်းသစ်ဖြစ်သည်။ ယခင်ကကျွန်ုပ်တို့မကြားဖူးခဲ့ပေ။ ကိုယ်တော်ကိုကျေးဇူးတင်ပါသည်။




ရန်ဟိုအန်း သည် တရုတ်နိုင်ငံရှိ နေအိမ်အခြေစိုက် အသင်းတော်တစ်ပါးမှ သင်းအုပ်ဆရာတစ်ဦး ဖြစ်ပါသည်။ သူသည် သခင်ယေရှု မိုးတိမ်ပေါ်မှ ဆင်းကြွလာကာ သူ့အား ကောင်းကင်နိုင်ငံတော်သို့ ခေါ်ဆောင်သွားရန် နိုးကြားစွာ စောင့်ဆိုင်းနေခဲ့ပါသည်။ ဤအတွက် သူသည် သခင်အတွက် လုံ့လဝီရိယဖြင့် အမှုတော်ဆောင်ခဲ့သည်၊ သခင်၏ နာမတော်ကို မြဲမြံစွာ စွဲကိုင်ခဲ့ပြီး မိုးတိမ်ပေါ်မှ ဆင်းသက်လာသည့် သခင်ယေရှု မဟုတ်သည့် မည်သူမဆိုသည် ခရစ်တော် အတုအယောင် ဖြစ်သည်ဟု ယုံကြည်ခဲ့သည်။ ထိုအတွက်ကြောင့် သခင် ဒုတိယအကြိမ် ကြွလာခြင်း သတင်းကို သူ ကြားသောအခါ ထိုအကြောင်းကို စုံစမ်းလေ့လာရန် သူ ငြင်းဆန်ခဲ့သည် … ။ မတုန်မလှုပ်ဘဲ သူ စောင့်ဆိုင်းနေစဉ်တွင် သူ၏ ဝမ်းကွဲဖြစ်သူ လီကျားရင် က သူ့အား သခင်ယေရှု၏ တဖန်ပြန်ကြွလာခြင်းနှင့်ဆိုင်သော ဧဝံဂလိတရားကို ဝေငှ ခဲ့ပါသည်။ အကြိတ်အနယ် ဆွေးနွေးပြီးနောက် ရန်ဟိုအန်း သည် “စောင့်ကြည့်ပြီး စောင့်ဆိုင်းပါ” ဟူသော အဓိပ္ပါယ်အမှန်ကို နောက်ဆုံးတွင် နားလည်ခဲ့ပြီး သူ နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့သော တဖန်ပြန်ကြွလာမည့် သခင်ယေရှုမှာ အနန္တတန်ခိုးရှင်ဘုရားသခင် ဖြစ်ကြောင်း သိမြင်နိုင်ခဲ့သည်။

သခင်ယေရှု, ခရစ်တော်, ဆုတောင်း, ဘုရားသခင်, သက်သေခံချက်များ,

များပြားသောအကြံပြုချက်များ

အနန္တတန်ခိုးရှင် ဘုရားသခင်- မေရှိယ၏ ကြွလာခြင်း

Tuesday, September 17, 2019

【Live】New Myanmar Christian Film 2019 | မှန်ကန်သော ကိုးကွယ်ခြင်း၏ နက်နဲသောအရာ

သိမြင် ခံစားချက်
ချီဆောင်ခြင်းရဲ့တကယ့်ဆိုလိုရင်းက လူဟာ ဘုရားသခင်ရဲ့အမှုတော်သစ်ကို လက်ခံပြီး၊ ဘုရားသခင်ရှေ့တော်မှောက် ရောက်သွားတာမျိုးပါပဲ အာမင်


【Live】New Myanmar Christian Film 2019 |   မှန်ကန်သော ကိုးကွယ်ခြင်း၏ နက်နဲသောအရာ

"ညီအစ်ကိုမောင်နှမတို့ အားလုံးမင်္ဂလာပါ။
ကျမ်းစာမှပြောထားသည်မှာ “မှန်သောကိုးကွယ်ခြင်း၏ နက်နဲသောအရာသည် ကြီးစွာသောအရာဖြစ်သည်ဟု ငြင်းခုံရန်မရှိ။ ဘုရားသခင်သည် ကိုယ်ခန္ဓာ၌ ပေါ်ထွန်းတော်မူပြီ။ ဟုတ်မှန်တော်မူခြင်းအကြောင်းသည် ဝိညာဉ်တော်အား ဖြင့် ထင်ရှားပြီ။ ကောင်းကင်တမန်တို့သည် ကိုယ်တော်ကို ရှုမြင်ရကြပြီ။ တပါးအမျိုးသားတို့သည် သိတင်းတော်ကို ကြားရကြပြီ။ လောကီသားတို့သည် ယုံကြည်ရကြပြီ။ ဘုန်းအသရေနှင့်တကွ အထက်သို့ ဆောင်ယူခြင်းကို ခံတော်မူပြီ။” (တိမောသေ​ဩဝါဒစာ​ပဋ္ဌမစောင် ၃:၁၆)
ဤအခန်းတစ်ခန်းမှ သခင်ယေရှုသည်ခရစ်တော်ဖြစ်သည်၊လူ့ဇာတိခံယူသောဘုရားသခင်ကိုယ်တော်တိုင်ဖြစ်သည်ကို ကျွန်ုပ်တို့မြင်တွေ့နိုင်သည်။ခရစ်ယာန်များတို့သည် သခင်ယေရှု၏နာမတော်အားဖြင့်ဆုတောင်းကြသော်လည်း လူဇာတိခံခြင်း၏သမ္မာတရားကို သိသောသူမှာအလွန်နည်းပါးပါသည်။သခင်ယေရှှုလူ့ဇာတိပြန်ခံယူစဉ်တွင် ကျွန်ုပ်တို့သည်လူ့ဇာတိခံယူခြင်း၏သမ္မာတရားကို နားမလည်ပါက သူ့ကိုဘယ်လိုနဲ့သိမြင်နိုင်ပေါ့မည်နည်း။အမှန်စင်စစ်အားဖြင့်လူ့ဇာတိခံယူခြင်းဆိုသည်မှာအဘယ်နည်း။ဧဝံဂေလိရုပ်ရှင်《မှန်ကန်သော ကိုးကွယ်ခြင်း၏ နက်နဲသောအရာ 》သည် ဤဖက်ပိုင်းဆိုင်ရာသမ္မာတရားများကို နားလည်ရန်ခေါ်ဆောင်မည်ဖြစ်သည်။"

များပြားသောအကြံပြုချက်များ

Monday, September 9, 2019

(မှန်ကန်သော ကိုးကွယ်ခြင်း၏နက်နဲသောအရာ) ဘုရားသခင်ဟာ အမှုတော်အတွက် လူ့ဇာတိခံယူဖို့ မဖြစ်မနေလိုအပ်ခြင်း - ရုပ်ရှင်ကလစ် ၆


အကျင့်ပျက်နေတဲ့လူတွေကို ကယ်တင်ဖို့အတွက် ဘုရားသခင်ကိုယ်တိုင် လူ့ဇာတိခံခြင်းဟာ ပိုပြီးအကျိုးများကြောင်း၊ ဘာကြောင့်ပြောဆိုကြတာလဲ။ ဘုရားသခင် လူ့ဇာတိခံခြင်းရဲ့မရှိမဖြစ်လိုအပ်မှုနဲ့ အဓိကအရေးပါမှုကို ဘယ်လိုမြင်နိုင်ကြမှာလဲ။ အနန္တတန်ခိုးရှင်ဘုရားကတော့ အခုလို မိန့်ဆိုပါတယ်၊ "လူသား၏ အသွေးအသားကို စာတန်မှ ဖျက်ဆီးခဲ့ပြီး၊ အဆုံးစွန်မျက်ကွယ်စေခဲ့ကာ ကြီးစွာအန္တရာယ်ဖြစ်စေခဲ့ပါသည်။ ဘုရားသခင်သည် လူ့ဇာတိထဲ၌ ကိုယ်တိုင်ကိုယ်ကျ အမှုလုပ်ဆောင်ခဲ့ရခြင်း၏ အခြေခံအကျဆုံး အကြောင်းရင်းမှာ သူ့ကယ်တင်ခြင်းခံရာ ဝတ္ထုသည် အသွေးအသားရှိသော လူသားဖြစ်သောကြောင့်နှင့် စာတန်သည် လူ့အသွေးအသားကို အသုံးပြုကာ ဘုရားသခင်၏ အမှုတော်ကို နှောင့်ယှက်သောကြောင့်ဖြစ်သည်။စာတန်နှင့် တိုက်ပွဲသည် အမှန်စင်စစ် လူသားကို သိမ်းပိုက်သည့် အမှုဖြစ်ပြီး၊ တစ်ချိန်တည်းတွင် လူသားသည် ဘုရားသခင်၏ ကယ်တင်ခြင်းခံရာ ဝတ္ထုလည်းဖြစ်သည်။ ဤနည်းအားဖြင့် လူ့ဇာတိခံယူထားသော ဘုရားသခင်၏ အမှုတော်သည် မုချလိုအပ်သော အရာဖြစ်သည်။ စာတန်သည် လူ့အသွေးအသားကို ဖျက်ဆီးကာ လူသားသည် စာတန်၏ ပြယုဂ်တစ်ခု ဖြစ်လာပြီး ဘုရားသခင်က အနိုင်ယူရမည့် ဝတ္ထုတစ်ခု ဖြစ်လာသည်။ ဤနည်းဖြင့် စာတန်နှင့် တိုက်ပွဲဝင်သည့် အမှုတော်နှင့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်း၏ အမှုတော်သည် ကမ္ဘာကြီးပေါ်တွင် ဖြစ်ပွားကာ စာတန်နှင့် တိုက်ပွဲဝင်ရန်အတွက် ဘုရားသခင်သည် လူသားတစ်ဦး ဖြစ်လာရခြင်းဖြစ်သည်။ ဤသည်မှာ အဆုံးစွန် လက်တွေ့ကျမှု၏ အမှုတော်ပင်တည်း။" နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ

ကယ်တင်ရှင်ပြန်ကြွလာပြီ, ခရစ်တော်, ရွေးနှုတ်ခြင်း, သခင်ယေရှု, သမ္မာတရား,

များပြားသောအကြံပြုချက်များ

အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်၏ မူလအစနှင့် ဖွံ့ဖြိုးတိုးတက်ပုံ

Friday, September 6, 2019

Myanmar Christian Movie Trailer (ဒီလောက်သာယာလိုက်တဲ့ အသံ) The Word of the Holy Spirit


ဒေါင်ကျင်ရှင်းဟာ တရုတ်ပြည်က အိမ်တွင်းအသင်းတော်တစ်ခုက တရားဟောဆရာမတစ်ဦးဖြစ်ပါတယ်။ ဘုရားသခင်ကိုနှစ်ပေါင်း ၃ဝလောက်ယုံကြည်ခဲ့ပြီး သမ္မာတရားကိုချစ်မြတ်နိုးတဲ့အတွက် ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို မကြာခဏဖတ်ပြီး နှုတ်ကပတ်တော်တွေရဲ့လမ်းညွှန်မှုကိုခံယူပါတယ်။ စိတ်အားထက်သန်စွာနဲ့ ဘုရားသခင်အတွက် ကိုယ့်ကိုကိုယ် အသုံးတော်ခံခဲ့ပါတယ်။ တရားဟောတဲ့အတွက်ကြောင့် တရုတ်ပြည်ကွန်မြူနစ်အစိုးရ ရဲတွေရဲ့ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး ရက်စက်မှုတွေ နှိပ်စက်မှုတွေကြံ့ကြံ့ခံရင်ဆိုင်ခဲ့ရတဲ့ ထောင်ကိုအပို့ခံလိုက်ရပါတယ်။ လူမဆန်တဲ့အကျဉ်းသားဘဝ ၇ နှစ်တာမှာ သူ့ကိုကြံ့ကြံ့ခံနိုင်အောင်လမ်းညွှန်ခဲ့တာကတော့ သခင့်ရဲ့နှုတ်ကပတ်တော်တွေပါပဲ။ ထောင်ကလွတ်လာတဲ့နောက်တော့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်တဲ့ ချန်ကွမ်ဟာ သူ့ကိုတွေ့ဖို့ရောက်လာခဲ့ပြီး အနန္တတန်ခိုးရှင်ဘုရားရဲ့နှုတ်ကပတ်တော်တွေကိုဖတ်ပြခဲ့ပြီး နောက်ဆုံးသောကာလမှာ ဘုရားသခင်ဟာ ပေါ်ထွန်းခဲ့ပြီဖြစ်ပြီး အမှုပြုနေတဲ့အကြောင်း သက်သေခံခဲ့ပါတယ်။ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ဆိုတဲ့စာအုပ်မိတ္တူကိုလည်းပေးခဲ့ပါတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ချို့ကိုဖတ်ပြီးတဲ့နောက်မှာတော့ ဒေါင်ကျင်ရှင်းဟာ အဲဒီနှုတ်ကပတ်တော်တွေက အာဏာနဲ့ပြည့်စုံပြီး ဘုရားသခင်ဆီကလာတဲ့ နှုတ်ကပတ်တော်တွေဆိုတာ ခံစားလိုက်ရပါတယ်။ သူဟာရှာဖွေလိုစိတ်တွေ တိုးပွားလာပါတယ်။ ဒေါင်ကျင်ရှင်းနဲ့ခင်ပွန်းဖြစ်သူဟာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ဆာလောင်မွတ်သိပ်စွာ အငမ်းမရ ဖတ်ကြည့်ပြီးတဲ့နောက်မှာ အားလုံးဟာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေဖြစ်ပြီး အမှန်တွေချည်းပဲဆိုတာသိလိုက်ရပါတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သူတို့နှစ်ပေါင်းများစွာ စောင့်နေခဲ့ရတဲ့ သခင်ယေရှုပြန်လာတာဖြစ်တယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ဘုရားသခင်ပြန်လာတာကို ပျော်ရွှင်စွာကြိုဆိုနေတုန်းမှာပဲ ရဲမှူးဟာ သူတို့ကို တရားဆွေးနွေးပွဲတွေနဲ့အစည်းအဝေးတွေအပြင် တရားမဟောဖို့အတွက်ကိုပါလာရောက်သတိပေးပါတယ်။ သူတို့အနေနဲ့ အထူးသဖြင့် အရှေ့အရပ်မှ လျှပ်ပြက်ခြင်း အသင်းတော်အကြောင်းဟောပြောသူတွေကို အစီရင်ခံဖို့ သတိပေးခဲ့ပြီး ဒေါင်ကျင်ရှင်းကို စိုးရိမ်စေခဲ့ပါတယ်။ အဲဒါပြီးတဲ့နောက် ဒေါင်ကျင်ရှင်းဟာ ညီအစ်ကိုမောင်နှမတွေကို နောက်ဆုံးသောကာလမှာ ဘုရားသခင်ရဲ့လုပ်ဆောင်မှုတွေကိုကြည့်ဖို့ ဦးဆောင်နေတယ်လို့ သူတို့သင်းအုပ်ဆရာက သိတာနဲ့တပြိုင်နက် ကြားဝင်နှောင့်ယှက်ပြီး တားမြစ်ပိတ်ပင်ပါတော့တယ်။ စာတန်နတ်ဆိုးရဲ့အင်အားစုတွေဖြစ်တဲ့ စိတ်ရှုပ်ထွေးမှုတွေနဲ့ဖရိုဖရဲဖြစ်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပြီး ဒေါင်ကျင်ရှင်းဟာ ဆုတောင်းခြင်း၊ ရှာဖွေခြင်း၊ မိတ်သဟာယပြုခြင်းတို့အားဖြင့် ဘာသာရေးလောကရဲ့ သင်းအုပ်ဆရာတွေ အကြီးအကဲတွေရဲ့ သရုပ်အမှန်ကို ရှင်းရှင်းလင်းလင်း တွေ့နိုင်ခဲ့တယ်။ သူနောက်မဆုတ်ဘဲ ညီအစ်ကို မောင်နှမတွေကို လမ်းမှန်ကို စူးစမ်းရှာဖွေဖို့ ဆက်လက်ဦးဆောင်ပြီး အနန္တတန်ခိုးရှင်ဘုရားသခင်၏အသင်းတော်က လူတွေကို မိတ်သဟာယပြုပေးဖို့နဲ့ နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားရဲ့ အမှုတော်တွေကို သက်သေခံပေးဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အနန္တတန်ခိုးရှင်ဘုရားသခင်မြွက်ဆိုတဲ့ စကားတွေဟာ တကယ်ပဲ ဘုရားသခင်ရဲ့ အသံတော်ဖြစ်ပြီး သူဟာ ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းပဲဖြစ်တယ်ဆိုတာ အယောက်တိုင်း အသိအမှတ်ပြုမိကြပါတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေဟာ ဘယ်လောက်လှပလိုက်တဲ့ အသံလဲဆိုပြီး အားလုံးက နက်ရှိုင်းစွာ ခံစားကြရတယ်။

တရားဝင် ရုပ်ရှင်နမူနာများ, ဆုတောင်းခြင်း, အသင်းတော်, သခင်ယေရှု, သမ္မာတရား,

များပြားသောအကြံပြုချက်များ

အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်- ဘုရားသခင်၏ တဲတော် လူတို့အကြားမှာရှိနေခြင်း

Monday, September 2, 2019

ဘုရားသခင်၏ စကားတော် | အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)

ခရစ်တော်၏ ပြောကြားချက်များ, အသက်, သမ္မာကျမ်းစာ, သခင်ယေရှု, သမ္မာတရား,

ဘုရားသခင်၏ အခွင့်အာဏာ (၁)

ငါ၏ ယခင် မိတ်သဟာယပြုခြင်းအချို့သည် ဘုရားသခင်၏ အမှု၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်ကိုယ်တော်တိုင်တို့နှင့် ပတ်သက်သည့်အကြောင်းများဖြစ်သည်။ ဤမိတ်သဟာယပြုခြင်းများကို သင်တို့ ကြားနာပြီးသည့်အခါတွင် ဘုရားသခင်၏စိတ်သဘောထားနှင့် ပတ်သက်ပြီး သိမြင်မှု နားလည်မှု ရရှိသည်ဟု ခံစားရသလော။ မည်မျှအထိ နားလည်သည်ကို ပြောနိုင်သလော။ နားလည်သိရှိမှု မည်မျှကြီးမားသနည်း။ ဤမိတ်သဟာယပြုခြင်းများက သင်တို့ကို ဘုရားသခင်အကြောင်း ပိုပြီးနက်နဲစွာ နားလည်သွားစေသလော။ ဤနားလည်သိမြင်ခြင်းက ဘုရားသခင်အကြောင်း အသိပညာအမှန်ဖြစ်သည်ဟု ပြောနိုင်သလော။ ဘုရားသခင်ကို ဤနားလည်သိမြင်ခြင်းက ဘုရားသခင်၏အနှစ်သာရအားလုံး၊ ဘုရားသခင်၏အရာအားလုံးနှင့်ဖြစ်ခြင်းကို သိမြင်မှုဟု ဆိုနိုင်သလော။ မဆိုနိုင်သည်မှာ သိသာသည်။ အဘယ်ကြောင့်ဆိုသော် ဤမိတ်သဟာယပြုခြင်းများသည် ဘုရားသခင်၏ စိတ်သဘောထား၏ တစ်စိတ်တစ်ပိုင်းကို နားလည်ရန်နှင့် သူ၏အရာအားလုံးနှင့်ဖြစ်ခြင်းကို နားလည်ရန် ထောက်ပံ့ခဲ့ခြင်းသာ ဖြစ်သည်။ အကုန်မဟုတ်ပေ၊ သို့မဟုတ် အလုံးစုံမဟုတ်ပေ။ မိတ်သဟာယပြုခြင်းများက သင်တို့ကို တစ်ချိန်က ဘုရားသခင်ပြုလုပ်ခဲ့သော အမှု၏ တစ်စိတ်တစ်ဒေသကို နားလည်စေပြီး ယင်းမှတစ်ဆင့် ဘုရားသခင်၏ စိတ်သဘောထား၊ သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းတို့အပြင် သူပြုလုပ်ခဲ့သည့် အရာအားလုံးနောက်ကွယ်မှ လုပ်ဆောင်ပုံနှင့် ကြံဆပုံတို့ကို သင်ရှုမြင်ရသည်။ သို့ရာတွင် ဤသည်မှာ အရှိအတိုင်း နားလည်ခြင်း အပြောသဘော နားလည်ခြင်းသာဖြစ်ပြီး သင်တို့၏ စိတ်နှလုံးထဲတွင် ဤအရာတို့သည် မည်မျှစစ်မှန်သနည်းဆိုသည်ကို မသေချာဘဲ ရှိနေလိမ့်မည်။ ဤကဲ့သို့သောအရာများအပေါ်တွင် လူများ၏ နားလည်မှုက မှန်ကန်မှုရှိမရှိကို မည်သည့်အရာနှင့် အဓိက သတ်မှတ်ဆုံးဖြတ်သနည်း။ သူတို့၏ အမှန်တကယ် အတွေ့အကြုံများအတွင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် စိတ်သဘောထားကို သူတို့မည်မျှ ဧကန်အမှန် ကြုံတွေ့ရသနည်းဆိုသည်နှင့် ဤအမှန်တကယ် အတွေ့အကြုံများတွင် သူတို့ မည်မျှသိမြင်နိုင်ခဲ့သနည်းဆိုသည့်အပေါ်တွင် သတ်မှတ်ဆုံးဖြတ်သည်။ "နောက်ဆုံး မိတ်သဟာယပြုခြင်းများက ဘုရားသခင်၏စဉ်းစားပုံနှင့် ဘုရားသခင်ပြုလုပ်ခဲ့သည့်အရာများကို နားလည်ရန် အခွင့်ပေးလိမ့်မည်။ ထို့အပြင် ဘုရားသခင်၏ လုပ်ဆောင်ချက် စည်းမျဉ်းများနှင့် လူသားများနှင့် သူ၏အခြေခံပြုမူချက်များအပေါ် ဘုရားသခင်၏ စိတ်သဘောထားကို နားလည်စေသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ စိတ်သဘောထားကို နားလည်လာပြီး ဘုရားသခင်နှင့်ပတ်သက်သည့်အလုံးစုံကို သိလာခဲ့ကြပါသည်။" ဤကဲ့သို့သောစကားမျိုးကို မည်သူပြောဖူးခဲ့သနည်း။ ဤကဲ့သို့ပြောခြင်းသည် မှန်ကန်၏လော။ မမှန်ကန်ဆိုခြင်းမှာ ရှင်းပေသည်။ ဤအရာကို ငါက မည်သည့်အတွက်ကြောင့် မမှန်ကန်ဟု ပြောခြင်းဖြစ်သနည်း။ ဘုရားသခင်၏စိတ်သဘောထား၊ ဘုရားသခင်၏အရာအားလုံးနှင့် ဖြစ်ခြင်းတို့သည် သူပြောဆိုခဲ့သည့် နှုတ်ကပတ်တော်များနှင့် သူလုပ်ဆောင်ခဲ့သည့် အရာများထဲတွင် ဖော်ပြနေသည်။ ဘုရားသခင် ပြောခဲ့သည့် နှုတ်ကပတ်တော်များနှင့် သူလုပ်ဆောင်ခဲ့သည့် အမှုမှတစ်ဆင့် ဘုရားသခင်၏အရာအားလုံးနှင့် ဖြစ်ခြင်းကို လူသားက ရှုမြင်နိုင်သည်၊ သို့ရာတွင် အမှုနှင့် နှုတ်ကပတ်တော်တို့သည် လူသားကို ဘုရားသခင်၏ စိတ်သဘောထား တစ်စိတ်တစ်ပိုင်းနှင့် ဘုရားသခင်၏အရာအားလုံးနှင့် ဖြစ်ခြင်း၏တစ်စိတ်တစ်ပိုင်းတို့ကို နားလည်စေသည်ဟုသာ ပြော၍ရသည်။ အကယ်၍ လူသားသည် ဘုရားသခင်ကို ပိုမိုကြီးမား များပြားစွာနားလည်ရန် ဆန္ဒရှိလျှင် လူသားသည် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့နှင့် အမှုကို ပိုပြီး ကြုံတွေ့ရန် လိုအပ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ သို့မဟုတ် အမှုတို့၏ တစ်စိတ်တစ်ပိုင်းကို ကြုံတွေ့ရသည့်အခါတွင် လူသားသည် ဘုရားသခင်အကြောင်း တစ်စိတ်တစ်ပိုင်းကို နားလည်ခြင်းကိုသာ ရရှိခဲ့သော်လည်း၊ ဤတစ်စိတ်တစ်ပိုင်းနားလည်ခြင်းက ဘုရားသခင်၏ စိတ်သဘောထားအမှန်ကို ကိုယ်စားပြုနိုင်မည်လော။ ဘုရားသခင်၏ အနှစ်သာရကို ကိုယ်စားပြုသလော။ ဘုရားသခင်၏စိတ်သဘောထား ဘုရားသခင်၏ အနှစ်သာရတို့ကို ကိုယ်စားပြုသည်မှာ မှန်ပေ၏။ ယင်းမှာ ယုံမှားဖွယ်ရာမရှိပေ။ အချိန်၊ နေရာ၊ သို့မဟုတ် ဘုရားသခင်က သူ၏အမှုကို မည်သို့ပြုလုပ်သည်၊ သို့မဟုတ် လူသားရှေ့တွင် မည်သည့် အဆင်းသဏ္ဌာန်နှင့် သူပေါ်ထွန်းလာသည်၊ သို့မဟုတ် သူ၏အလိုတော်ကို မည်သို့ ဖော်ပြသည်၊ စသည်တို့နှင့် မသက်ဆိုင်ဘဲ သူဖွင့်ပြ ဖော်ပြခဲ့သည့်အရာအားလုံးသည် ဘုရားသခင် ကိုယ်တော်တိုင်၊ ဘုရားသခင်၏ အနှစ်သာရနှင့် ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့ကို ကိုယ်စားပြုသည်။ ဘုရားသခင်သည် သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းတို့ဖြင့် သူ၏အမှုတော်ကို ဆောင်ရွက်ပြီး သူ၏ စစ်မှန်သည့်ကိုယ်ပိုင်လက္ခဏာဖြင့် ဆောင်ရွက်သည်။ ဤသည်မှာ လုံးဝ မှန်ကန်သည်။ သို့ရာတွင် ယနေ့ခေတ် လူတို့သည် ဘုရား၏ နှုတ်ကပတ်တော်တို့မှ တစ်ဆင့်၊ တရားဟောချက်များ နားထောင်သည့်အခါတွင် သူတို့ကြားရသည့်အရာမှမှတစ်ဆင့် ဘုရားသခင်ကို နားလည်မှုက တစ်စိတ်တစ်ပိုင်းသာရှိသည်။ အတိုင်းအတာတစ်ခုအထိ ဤနားလည်မှုကို အယူအဆဆိုင်ရာ အသိဟုသာ ဆိုနိုင်သည်။ သင်၏ အခြေအနေအမှန်ကို အကြောင်းပြု၍ သင်တို့ တစ်ယောက်ချင်းစီတိုင်းက အမှန်တကယ် တွေ့ကြုံပြီး တစ်စစီသိလာသည်ဆိုလျှင် ယနေ့ သင်၏စိတ်နှလုံးထဲ၌ သင်ကြားခဲ့၊ မြင်ခဲ့၊ သို့မဟုတ် သိမြင်နားလည်ခဲ့သည့် ဘုရားသခင်အကြောင်း နားလည် သိမြင်မှုကိုသာ အတည်ပြုနိုင်သည်။ အကယ်၍ ဤနှုတ်ကတ်တော်များကို သင်တို့နှင့် ငါမိတ်သဟာယမပြုခဲ့လျှင် သင်တို့၏ အတွေ့အကြုံသက်သက်မှတစ်ဆင့် ဘုရားသခင်ကို အမှန်တကယ် သိမြင်ခြင်းကို ရရှိနိုင်မည်လော။ စိတ်မကောင်းပေ။ ထိုကဲ့သို့ ပြုရန်က အလွန်ခက်ခဲလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် မည်သို့ တွေ့ကြုံခံစားရမည်ဆိုသည်ကို သိရန်အတွက် လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို ဦးစွာရရှိရပေမည်။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မည်မျှများစွာ စားသုံးသည်ဖြစ်စေ၊ ယင်းမှာ သူတို့အမှန်တကယ် တွေ့ကြုံခံစားနိုင်သည့် အရေအတွက်သာဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် သူရှေ့တွင်ရှိသည့်လမ်းကို ဦးဆောင်ပြီး လူသားကို သူ၏တွေ့ကြုံခံစားမှုထဲ၌ ညွှန်ပြသည်။ အတိုချုပ်ပြောရလျှင် စစ်မှန်သော အတွေ့အကြုံအချို့ ရှိခဲ့သည့် လူတချို့အတွက် ဤနောက်ပိုင်း မိတ်သဟာယပြုခြင်း အချို့က ဘုရားသခင်အကြောင်း ပိုမိုလက်တွေ့ကျသည့် အသိနှင့်၊ သမ္မာတရားကို ပိုမိုနက်ရှိုင်းစွာ နားလည်ခြင်းတို့ကို ရစေရန် ကူညီပေးလိမ့်မည်။ သို့ရာတွင် စစ်မှန်သည့် အတွေ့အကြုံမရှိသည့် သူများ၊ သို့မဟုတ် ယခုမှစပြီး တွေ့ကြုံခံစားရသူများ သို့မဟုတ် သမ္မာတရားကို စတင်ထိတွေ့စလူများအတွက် ဤသည်မှာ အလွန်ကြီးမားသည့် စမ်းသပ်မှုတစ်ခုဖြစ်သည်။

Friday, August 23, 2019

【Live】 Myanmar Subtitle movie | ယေရှု၏ ဒုတိယတစ်ခေါက် ရောက်လာခြင် | ကပ်ဘေးအတွင်း သတိပေးချက်

ခရစ်တော်, ပေးသနားခြင်း, ဘုရားသခင်, ယုံကြည်ခြင်း, ရုပ်ရှင်, သခင်ယေရှု,

တွေ့အကြုံခံစားချက်
ကျွန်ုပ်တို့လူသားသည် အပြစ်များစွာပြုလုပ်၍ ဘုရားသခင်ကိုမယုံကြည်ပဲ ဘုရားကိုဆန့်ကျင်ငြင်းပယ်ကြသေးသည်။ သို့သော် ဘုရားသခင်မှာမူ ကျွန်ုပ်တို့အပေါ်သနားကရုဏာရှိခြင်း၊ သီးခံခွင့်လွတ်ပေးခြင်းနှင့် ကယ်တင်ခြင်းများ ပေးခဲ့သည်။ ကျွန်ုပ်တို့ကတန်ဖိုးမထားရုံတင်မက နောင်တတရားလည်းမရကြ
သောကြောင့် ဘုရားသခင်စိတ်ဒေါသဖြစ်ရပါသည်။

【Live】 Myanmar Subtitle movie | ယေရှု၏ ဒုတိယတစ်ခေါက် ရောက်လာခြင် | ကပ်ဘေးအတွင်း သတိပေးချက်

မိတ်ဆွေတို့ ကြိုဆိုပါတယ်။ တစ်ခါတုန်းက သခင်ယေရှုက၊ "နောဧလက်ထက်၌ဖြစ်သကဲ့သို့ လူသားလက်ထက်၌ ဖြစ်လိမ့်မည်။ နောဧသည် သင်္ဘောထဲသို့ဝင်၍၊ ရေလွှမ်းမိုးခြင်းဖြစ်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည် နေ့တိုင်အောင် လူများတို့သည် စားသောက်လျက်၊ ထိမ်းမြားစုံဘက်လျက်နေကြ၏" လို့ပရောဖက်ပြုခဲ့ပါတယ် (ရှင်လုကာ ၁၇: ၂၆-၂၇) အခု ကျွန်တော်တို့ဟာ နောက်ဆုံးသော ကာလရဲ့နောက်ဆုံးခေတ်ကို ရောက်ရှိနေကြပါပြီ ကမ္ဘာလောကတစ်ခုလုံးက ပိုပို ဆိုးညစ်ပြီး မှောင်မိုက်လာနေပြီ မကောင်းမှု၊ မုသားတွေနဲ့ အကြမ်းဖက်မှုတွေကို လူသားမျိုးနွယ်က အားပေးကြတယ် ကပ်ဘေးမျိုးစုံက အဆက်မပြတ် ကျဆင်းလာနေတယ်။ ဒါဟာ ဘုရားသခင်ဆီကနေ ကျွန်တော်တို့ကို သတိပေးချက်တစ်ခု မဟုတ်လား ဒီကပ်ဘေးတွေကနေ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို ကျွန်တော်တို့ ဘယ်လိုရှာဖွေသင့်လဲ ပြီးတော့ ဒီကပ်ဘေးတွေကနေ ဘုရားသခင်ရဲ့ ကွယ်ကာမှုကို ဘယ်လိုရနိုင်မလဲ အဖြေတွေကို ဒီအစီအစဉ်ကနေ အတူတူရှာကြပါစို့။

အကြောင်းအရာများကိုကြည့်ရှုရန် ကျေးဇူးပြု၍ ကလစ်နှိပ်ပါ၊ ရလဒ်အများရှိလိပ့်မည်။

ခရစ်တော်၏ဂုဏ်ဒြပ်မှာ ကောင်းကင်ဘုံ၌ ရှိတော်မူသော အဖဘုရားသခင်၏ အလိုတော်ကိုဆောင်ခြင်း ဖြစ်သည်

Tuesday, August 6, 2019

Burmese gospel song 2019 (လူသားကို ကယ်တင်ဖို့ လူ့ဇာတိခံဘုရားသခင် တိတ်ဆိတ်စွာ အမှုတော်ဆောင်ရွက်)


အမှုသစ် ဆောင်ရွက်ဖို့၊ ဒုစရိုက်ထဲမှ ကျွန်ုပ်တို့ကို ကယ်နုတ်ဖို့
ဘုရားသခင် လူ့ဇာတိခံယူလို့ လူတွေကြားမှာ လျှို့ဝှက်နေထိုင်ခဲ့
ဖြေရှင်းချက် ကိုသူဦးထား
သူ ပြင်ဆင်ထားသော အစီအမံအတိုင်း
အမှုကို အဆင့်ဆင့် သူ လုပ်ဆောင်
ပြစ်တင်ရှုတ်ချခြင်း၊ သတိပေးခြင်းနဲ့ နှစ်သိမ့်ခြင်းများ ပြုနေရင်း
နှုတ်ကပတ်တရားများ တစ်နေ့ထက်တစ်နေ့ တိုးပွား
သိမ်မွေ့ ကြင်နာခြင်းမှ ခက်ထန် ထည်ဝါခြင်းသို့
နှုတ်ကပတ်တရားများ ကရုဏာနဲ့ကြောက်ရွံ့မှုကို မွေးမြူပေးနေ
သူ ပြောသမျှ ကျွန်ုပ်တို့၏ အနက်နဲဆုံး လျှို့ဝှက်မှုများကို ဖော်ထုတ်
နှုတ်ကပတ်တရားများ ကျွန်ုပ်အထဲ စူးဝင်နိုင်၍ အရှက်ရစေ
သူ၏သက်စမ်းရေကို အဆုံးမဲ့ ပေးနေ
သူ့ကျေးဇူးကြောင့် ကျွန်ုပ်တို့ ဘုရားသခင်နဲ့ မျက်နှာချင်းဆိုင် နေခွင့်ရ
အမှုသစ် ဆောင်ရွက်ဖို့၊ ဒုစရိုက်ထဲမှ ကျွန်ုပ်တို့ကို ကယ်နုတ်ဖို့
ဘုရားသခင် လူ့ဇာတိခံယူလို့ လူတွေကြားမှာ လျှို့ဝှက်နေထိုင်ခဲ့
ဖြေရှင်းချက် ကိုသူဦးထား
သူ ပြင်ဆင်ထားသော အစီအမံအတိုင်း
အမှုကို အဆင့်ဆင့် သူ လုပ်ဆောင်

Wednesday, June 26, 2019

ခရစ်ယာန်ကဗီဒီယို | ဇာတ်လမ်းတို (၁) သခင် ပြန်လာတဲ့အခါ၊ လူတွေဆီ ဘယ်လိုပေါ်ထွန်းမှာလဲ


သခင်ယေရှု ထမြောက်တော်မူပြီး၊ ကောင်းကင်ဆီ တက်သွားခဲ့တဲ့နောက်၊ ရာစုနှစ်တွေတစ်လျှောက်လုံးမှာ ကျွန်ုပ်တို့ယုံကြည်သူတွေက ကယ်တင်ရှင်ယေရှုရဲ့ပြန်အလာကို စိတ်အားထက်သန်စွာ တမ်းတခဲ့ကြပါတယ်။ သခင် ပြန်လာတဲ့အခါ၊ ကျွန်ုပ်တို့ဆီကို ပေါ်ထွန်းလာမှာက ထမြောက်ခဲ့တဲ့ယေရှုရဲ့ဝိညာဉ်ခန္ဓာသာ ဖြစ်လိမ့်မယ်လို့ လူအများစုက ယုံကြည်ကြတယ်။ ဒါပေမဲ့ နောက်ဆုံးသောကာလမှာ ဘုရားသခင်ဟာ ဘာကြောင့် လူသားအဖြစ်နဲ့ လူ့ဇာတိခံပြီး ပေါ်ထွန်းနေတာလဲ။ အနန္တတန်ခိုးရှင် ပြောသည် “အကယ်၍ ဘုရားသခင်သည် လူ့ဇာတိမခံယူခဲ့ပါက သူသည် လူအတွက် မမြင်တွေ့နိုင်၊ မထိတွေ့နိုင်သော ဝိညာဉ်တော်အဖြစ် ဆက်လက်ရှိနေမည် ဖြစ်သည်။ လူသည် ဇာတိ ပကတိ ဖန်ဆင်းခံဖြစ်ပြီး လူနှင့် ဘုရားသခင်သည် မတူညီသော လောကများနှင့် သက်ဆိုင်ကြပြီး သဘာဝ အားဖြင့် ခြားနားသည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် လူသား၏ ဇာတိပကတိနှင့် သဟဇာတဖြစ်မှု မရှိပေ၊ ထို့ကြောင့် သူတို့အကြားတွင် မည်သည့် ဆက်ဆံရေးကိုမှ တည်ဆောက်၍ မရနိုင်ပေ ...” “လူ့ဇာတိခံယူခြင်းမှ တစ်ဆင့်သာလျှင် သူသည် သူ၏ နှုတ်ကပတ် တော်များကို အားလုံး၏ နားများ ဆီသို့ ကိုယ်တိုင်ကိုယ်ကျ ပို့ဆောင်နိုင်ခြင်းဖြင့် နားရှိသော လူအားလုံးတို့သည် သူ၏ နှုတ်ကပတ်တော်များကို ကြားနိုင်ပြီး သူ၏ တရားစီရင်ခြင်းအလုပ်ကို နှုတ်ကပတ်တော်အားဖြင့် ရရှိကြ မည်။ ယင်းသည် သူ၏ နှုတ်ကပတ်တော်အားဖြင့် ရရှိသော ရလဒ်ဖြစ်...” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏)

များပြားသောအကြံပြုချက်များ

ဆုတောင်း | ဆုတောင်းခြင်းအကျင့်နှင့် ပတ်သက်၍

Monday, June 17, 2019

အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် | အသက်တာ အတွေ့အကြုံ ဆောင်းပါး | အလည်လွန်သည့် နှလုံးသားတစ်ခု အိမ်ပြန်လာသည်

အသက်, သမ္မာတရား, ခရစ်တော်, သခင်ယေရှု, ဆုတောင်း,

နိုဗို ဖိလစ်ပိုင်

ကျွန်တော့်နာမည်က နိုဗိုဖြစ်ပြီး၊ ကျွန်တော်က ဖိလစ်ပိုင်ကပါ။ ကျွန်တော်ငယ်စဉ်ကတည်းက ကျွန်တော့်အမေ၏ ဘုရားသခင်ကို ယုံကြည်မှုအတိုင်း နောက်လိုက်ခဲ့ပြီး၊ အသင်းတော်မှာ ဒေသနာတော်များအား ကျွန်တော့် မောင်နှမ များနှင့် သွားနားထောင်ခဲ့သည်။ ကျွန်တော့်က သခင့်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့သော်လည်း၊ မည်သည့်ပြောင်းလဲမှုကိုမျှ ကြုံရခဲ့ခြင်းမရှိပဲနှင့်၊ မယုံကြည်သူတစ်ယောက်နှင့် တူသည်ဟု ခံစားခဲ့ရပါသည်။ကျွန်တော့်နှလုံးသားတွင်း၌ ငွေမည်သို့ပိုရှာရမည့်အကြောင်း၊ ကျွန်တော့် နေ့ရက်များကို သက်တောင့်သက်သာဖြင့် မည်သို့ကုန်လွန်စေမည့်အကြောင်းနှင့် ကောင်းမွန်သည့် ဘဝတစ်ခုကို မည်သို့ပျော်မွေ့မည့် အကြောင်းတို့ကိုသာ အဆက်မပြတ် စဉ်းစားနေခဲ့သည်။ ထို့ထက်ပိုပြီးလျှင်၊ ကျွန်တော့် မိတ်ဆွေများနှင့် တစ်ချိန်လုံး အပြင်ထွက် သောက်စားပြီး၊ ငွေအနည်းငယ် အပိုအလျှံရှိသည်နှင့် လောင်းကစားသွားလုပ်ပါတော့သည်။ ဤအရာများကို လုပ်ဆောင်ခြင်းသည် သခင့်အလိုတော်နှင့် ဆန့်ကျင်နေကြောင်းကို ကျွန်တော် သိခဲ့သော်လည်း၊ ကျွန်တော်က သခင့်ကို မကြာခဏ ဆုတောင်းပြီး၊ ကျွန်တော့် အပြစ်များအတွက် ဝန်ခံခဲ့သည့်အပြင်၊ ထိုနေ့မှစပြီး ထိုအကျင့်ဆိုးများကို စွန့်လွှတ်ကာ၊ လုံးဝ အပြစ်အကျူးလွန်တော့မည့် အကြောင်းကို ကိုယ်တော့်ထံတွင် ပြတ်သားစွာ စိတ်ပိုင်းဖြတ်ခဲ့ပါသည်။ သို့သော်လည်း ကျွန်တော့် မိတ်ဆွေများ၏ မြှောက်ပင့်ခယမှုနှင့် ဆွဲဆောင်မှုတို့ဖြင့် ကျွန်တော်သည် ကိုယ့်ကိုကိုယ် တကယ်ကို ထိန်းချုပ်နိုင်ခြင်းမရှိခဲ့ပါ။ ထို့အပြင် ကျွန်တော်သည် ပို၍ပို၍ အကျင့်ပျက်သောသူ ဖြစ်လာကာ၊ ကျွန်တော့် နှလုံးသားသည် ဘုရားသခင်နှင့် ဝေးသည်ထက်ဝေးလာခဲ့သည်မှာ၊ ကျွန်တော့် ဆုတောင်းချက်များတွင် ရိုးသားမှု လုံးဝ မရှိတော့ပါ။ သီတင်းပတ်တိုင်း ကျွန်တော်က ရိုးရှင်းသော ဆုတောင်းခြင်းများကို ပြီးစလွယ် ဆိုခဲ့သည်။ သခင်ပြန်ကြွလာသည့်အချိန်တွင် ကိုယ်တော်က လူတစ်ယောက်ချင်းစီကို သူတို့၏ လုပ်ရပ်များနှင့် အမူအကျင့်များပေါ်တွင် အခြေခံပြီး သူတို့ ကောင်းကင်ဘုံသို့ တက်မည် သို့မဟုတ် ငရဲသို့ဆင်းမည်ကို တရားစီရင်မည် ဖြစ်ကြောင်း သိခဲ့သည်နှင့်အညီ တစ်ခါတစ်ရံတွင် ကျွန်တော်က အမှန်တကယ် စိတ်ပျက်မှုကို ခံစားခဲ့ရသည်။ ကျွန်တော်သည် ကိုယ်ကျင့်တရားပျက်လွန်းသောကြောင့် ဘုရားသခင်က ကျွန်တော့်ကို ထပ်မံခွင့်လွှတ်မည်မဟုတ်ဟုလည်း ခံစားခဲ့ရသည်။ နောက်ပိုင်းတွင် ကျွန်တော် အိမ်ထောင်ပြုပြီး၊ သားသမီးများ ရရှိလာခဲ့သည့်အပြင်၊ ကျွန်တော်တွေးသမျှမှာ ကျွန်တော့်ဇနီးနှင့် ကျွန်တော့် သားသမီးများအကြောင်းသာ ဖြစ်ခဲ့သည်။ ကျွန်တော်၏ ယုံကြည်မှုကို ကျွန်တော် မေ့ထားလိုက်သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ကျွန်တော့် သားသမီးများအတွက် ပိုမိုကောင်းမွန်သည့် အနာဂတ်တစ်ခု ထောက်ပံ့ပေးရန် နှင့် ချမ်းသာလာရန် ကျွန်တော့် ဆန္ဒကို ပြည့်မြောက်စေရန်၊ ကျွန်တော်က နိုင်ငံခြားသို့သွားရောက်ရန် ဆုံးဖြတ်ခဲ့သည်မှာ ကျွန်တော် ထိုင်ဝမ်သို့ ရောက်ရှိလာခြင်း အကြောင်းအရင်းပင် ဖြစ်ပါသည်။ အလုပ်တစ်ခုရရှိပြီးသော်လည်း ကျွန်တော်သည် ဘဝနေထိုင်မှုပုံစံ အပြောင်းအလဲများ မပြုလုပ်ခဲ့သေးပါ။ ကျွန်တော့် အားလပ်ချိန်တွင် ကျွန်တော်သည် သောက်စားရန် နှင့် ကာရာအိုကေ သီဆိုရန်အတွက် လုပ်ဖော်ကိုင်ဖက်များဖြင့် သွားလေ့ရှိပြီး၊ မြူးထူးပျော်ရွှင်သည့် ဘဝတစ်ခုဖြင့် အသက်ရှင်နေထိုင်နေခဲ့သည်။ ကျွန်တော်သည် ဘုရားသခင်ကို ကျွန်တော်၏ ယုံကြည်ခြင်းအား ချောင်ထိုးပြီးမေ့ထားလိုက်သည်မှာ ကြာခဲ့ပြီဖြစ်သည်။

Tuesday, June 11, 2019

ဘုရားသခင်၏ ပြောဆိုသံ | လူ့ဇာတိခံယူခြင်းနှစ်ကြိမ်သည် လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်ကို ပြည့်စုံစေသည်

ခရစ်တော်, သခင်ယေရှု, ကျေးဇူးတော်, သမ္မာတရား, ယုံကြည်ခြင်း

ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အမှုအဆင့်အသီးသီးတို့၌ ၎င်းတို့၏ကိုယ်ပိုင် လက်တွေ့ကျသော ရည်ရွယ်ချက်များ ရှိသည်။ ထိုစဉ်အချိန်က ယေရှုကြွလာခဲ့သောအခါ၊ သူသည် အမျိုးသားတစ်ဦး ဖြစ်ခဲ့သည်၊ သို့သော် ယခုတစ်ကြိမ် ဘုရားသခင်ကြွလာသောအခါ သူသည် အမျိုးသမီးတစ်ဦးဖြစ်သည်။ ဤအရာမှ ဘုရားသခင်သည် အမျိုးသားနှင့် အမျိုးသမီးကို သူ၏အမှုအတွက် ဖန်ဆင်းခဲ့သည်ဆိုခြင်းကို သင်မြင်နိုင်သည်၊ ထို့ပြင် သူ့အနေနှင့် ကျားမခွဲခြားခြင်း မရှိပေ။ သူ၏ဝိညာဉ်တော် ကြွလာသည့်အခါတွင် သူ့အနေဖြင့် မည်သည့် ဇာတိခန္ဓာဖြစ်စေ သူ့ကို ကိုယ်စားပြုနိုင်သည့် ဇာတိခန္ဓာကို ယူတင်နိုင်ပေသည်။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ ဘုရားသခင် ခံယူသော ဇာတိခန္ဓာဖြစ်နေသရွေ့ ယင်းသည် ဘုရားသခင်ကို ကိုယ်စားပြုနိုင်သည်။ အကယ်၍ ယေရှုကြွလာခဲ့သည့် အချိန်တွင် သူ့အနေဖြင့် အမျိုးသမီးအသွင်နှင့် ပေါ်လာခဲ့ပါလျှင်၊ တစ်နည်းအားဖြင့် အကယ်၍ သားယောက်ျားမဟုတ်ဘဲ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေတည်သော သမီးမိန်းကလေးဖြစ်ခဲ့လျှင် အမှု၏ထိုအဆင့်သည် ထပ်တူညီစွာ ပြီးပြည့်စုံခဲ့မည်ပင် ဖြစ်သည်။ အကယ်၍ ထိုကဲ့သို့သာ ဖြစ်ခဲ့မည်ဆိုပါက၊ ယခုလက်ရှိ အမှု၏အဆင့်သည် အမျိုးသားအားဖြင့် ပြီးမြောက်ရမည်ဖြစ်ပြီး၊ အမှုသည်လည်း ထပ်တူညီစွာပင် ပြီးမြောက်လာမည် ဖြစ်သည်။ အဆင့်အသီးသီးတွင် လုပ်ဆောင်ခဲ့သော အမှုသည် ရည်ရွယ်ချက် အတူတူပင် ဖြစ်သည်။ မည်သည့်အဆင့်၏ အမှုကမျှ ထပ်ကျော့မပြန်သကဲ့သို့ အခြားအဆင့်တစ်ခုနှင့်လည်း ကွဲပြားဆန့်ကျင်ခြင်း မရှိချေ။ ထိုအချိန်က ယေရှုသည် သူ၏ အမှုကို လုပ်ဆောင်နေသည့် အချိန်တွင် သူ့အား တစ်ပါးတည်းသောသားဟူ၍ ခေါ်ဝေါ်သမုတ်ခြင်းကို ခံခဲ့ရသည်၊ ထို့ပြင် "သား" ဆိုသည့်အရာမှာ အမျိုးသားကို ညွှန်းဆိုနေခြင်းပင် ဖြစ်သည်။ သို့ဖြစ်လျှင် ဤအဆင့်တွင် အဘယ်ကြောင့် တစ်ပါးတည်းသောသားသည် ဖော်ပြခြင်းမခံရသနည်း။ အဘယ်ကြောင့်ဆိုသော် အမှု၏ လိုအပ်မှုများသည် ယခုအခါတွင် ယေရှုကဲ့သို့ မဟုတ်ဘဲ ကျားမပြောင်းလဲရန် လိုအပ်လာသောကြောင့်ဖြစ်သည်။ ဘုရားသခင်အတွက်မူ ကျားမကွဲပြားခြင်း မရှိပေ။ သူသည် သူ၏စိတ်ဆန္ဒရှိသည့်အတိုင်း လုပ်ဆောင်သည်၊ ထို့ပြင် သူ၏အမှုကို လုပ်ဆောင်နေစဉ်တွင် သူ့တွင် မည်သည့် ချုပ်နှောင်ကန့်သတ်ထားမှုမျှ မရှိပေ၊ အထူးသဖြင့် လွတ်လပ်ပေသည်။ မည်သို့ပင်ဖြစ်စေကာမူ လုပ်ဆောင်မှု အဆင့်တိုင်းတို့တွင် ကိုယ်ပိုင်လက်တွေ့ကျသော ရည်ရွယ်ချက်ရှိသည်။ ဘုရားသခင်သည် နှစ်ကြိမ်နှစ်ခါ လူ့ဇာတိခံယူ ခဲ့သည်၊ ထို့ကြောင့် နောက်ဆုံးသောကာလတွင် သူ၏လူ့ဇာတိခံယူခြင်းသည် နောက်ဆုံးအကြိမ်ဖြစ်သည်မှာ ပြောစရာပင် မလိုပေ။ သူသည် သူ၏ဆောင်ရွက်ချက်များကို ထုတ်ဖော်ရန် ကြွလာခဲ့သည်။ အကယ်၍ ဤအဆင့်တွင် သူသည် လူသားတို့ မျက်မြင်တွေ့ရန်အလို့ငှာ အမှုကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ရန်အတွက် လူ့ဇာတိကို မခံယူခဲ့လျှင် လူသားတို့သည် သူတို့၏ အယူအဆများအတိုင်း ဘုရားသခင်သည် လူယောက်ျားသာဖြစ်သည်၊ လူမိန်းမ မဟုတ်ဟူသော အယူအဆကို ထာဝစဉ် လက်ကိုင်ထားမည်သာ ဖြစ်သည်။ ဤအရာများမတိုင်မီတွင် လူသားမျိုးနွယ်အားလုံးသည် ဘုရားသခင်မှာ အမျိုးသားသာလျှင် ဖြစ်ရမည်၊ အမျိုးသမီးကို ဘုရားသခင်ဟု ခေါ်ဆို၍ မရနိုင်ဟူ၍ဖြစ်သည်၊ အကြောင်းမှာ လူသားမျိုးနွယ်အားလုံးသည် ယောက်ျားများမှာ မိန်းမများအပေါ်တွင် အုပ်စိုးရသော အာဏာရှိသည်ဟု မှတ်ယူကြ၍ပင် ဖြစ်သည်။ သူတို့ယုံကြည်ထားသည့် အရာမှာ ယောက်ျားများမှလွဲ၍ မည်သည့်အမျိုးသမီးမျှ အုပ်စိုးခြင်း အခွင့်အာဏာကို မခံယူထိုက်ဟူ၍ဖြစ်သည်။ ထိုမျှမက ယောက်ျားသည် မိန်းမတို့၏ ဦးခေါင်းဖြစ်ပြီး မိန်းမများသည် ယောက်ျားများကို နာခံရမည်ဖြစ်ပြီး သူတို့ထက် သာလွန်နေ၍မရဟူ၍ပင် သူတို့ပြောကြသည်။ လွန်ခဲ့သောအချိန်တုန်းက ယောက်ျားသည် မိန်းမ၏ဦးခေါင်းဖြစ်ရမည်ဟု ပြောခဲ့သောအချိန်တွင် ထိုစကားသည် မြွေ၏လှည့်ဖြားခြင်းကို ခံခဲ့ရသည့် အာဒံနှင့် ဧဝကို တိုက်ရိုက်ပြောခြင်းဖြစ်ပြီး ကမ္ဘာဦးအစက ယေဟောဝါ ဖန်ဆင်းတော်မူခဲ့သည့် လူယောက်ျားနှင့် လူမိန်းမကို ပြောခြင်းမဟုတ်ပေ။ မှန်ပေသည်၊ အမျိုးသားများသည် သူ၏မိသားစုကို ကျွေးမွေးထောက်ပံ့ရသကဲ့သို့ပင် အမျိုးသမီးများသည်လည်း သူတို့၏ အမျိုးသားများကို နာခံ၍ ချစ်ခင်ကြင်နာရမည် ဖြစ်သည်။ ဤအရာတို့မှာ လူသားမျိုးနွယ်က ကမ္ဘာကြီးပေါ်ရှိ သူတို့၏အသက်တာများတွင် လိုက်နာရမည့် ယေဟောဝါမှ ချမှတ်ထားသည့် စီရင်ထုံးဖွဲ့ချက်များနှင့် ဥပဒေသများပင်ဖြစ်သည်။ ယေဟောဝါသည် လူမိန်းမကို "ကိုယ်ခင်ပွန်း အလိုသို့လိုက်၍ သူ၏ အုပ်စိုးခြင်းကိုလည်း ခံရမည်" ဟုပြောသည်။ ထိုကဲ့သို့ပြောဆိုသည်မှာ လူသားမျိုးနွယ်သည် (လူယောက်ျားနှင့် လူမိန်းမနှစ်ဦးလုံးကို ဆိုလိုသည်) ယေဟောဝါ၏ အုပ်စိုးမှုအောက်တွင် ရိုးရှင်းသော အသက်တာဖြင့် အသက်ရှင်ရန်ဖြစ်ပြီး ထိုမှသာလျှင် လူသားမျိုးနွယ်၏ အသက်တာများသည် ပုံစံတစ်ခုအတွင်း ရှိနေမည်ဖြစ်ပြီး သူတို့၏ သင့်လျော်ကောင်းမွန်သည့် အသက်တာမှ ကျဆင်းမသွားမည်ဖြစ်သည်။ ထို့ကြောင့် ယေဟောဝါသည် ယောက်ျားနှင့် မိန်းမတို့ လိုက်လျှောက်လုပ်ဆောင်ရန်အတွက် သင့်လျှော်သည့် စည်းမျဉ်းဥပဒေများကို ချမှတ်ထားပေးသည်၊ သို့သော်လည်း ဤအရာသည် လောကကမ္ဘာပေါ်တွင် အသက်ရှင်နေထိုင်ကြသည့် ဖန်ဆင်းခံသတ္တဝါများအတွက်သာ ဖြစ်ပြီး ဘုရားသခင် ခံယူသော ဇာတိခန္ဓာနှင့် သက်ဆိုင်ခြင်း လုံးဝမရှိချေ။ ဘုရားသခင်သည် သူဖန်ဆင်းထားသော အရာများနှင့် အဘယ်ကဲ့သို့ တစ်တန်းတည်း တူညီနေနိုင်မည်နည်း။ သူ၏နှုတ်ကပတ်တော်များသည် သူဖန်ဆင်းတော်မူခဲ့သည့် ဖန်ဆင်းခံလူသတ္တဝါများ အတွက်သာလျှင် ဖြစ်သည်၊ ထိုအရာများသည် လူသားမျိုးနွယ် ယောက်ျားမိန်းမတို့ကို ဘုရားသခင် ချမှတ်ထားပေးသည့် ဥပဒေသအတိုင်း ရိုးရှင်းစွာ အသက်ရှင်အတွက်ပင် ဖြစ်သည်။ အစအဦး၌ ယေဟောဝါသည် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သောအခါ၊ သူသည် လူနှစ်မျိုးကို ဖန်ဆင်းခဲ့သည်၊ ထိုနှစ်မျိုးမှာ အမျိုးသားနှင့် အမျိုးသမီးပင်ဖြစ်သည်၊ ထို့ကြောင့် သူ၏လူ့ဇာတိခံယူမှုသည်လည်း အမျိုးသား၊ အမျိုးသမီး ဆိုသည့် အသွေးအသားနှစ်မျိုးဖြင့် ကွဲပြားခဲ့သည်။ သူ့အနေဖြင့် သူ၏အမှုကို အာဒံနှင့် ဧဝကိုပြောခဲ့သည့် သူ၏နှုတ်ကပတ်တော်အပေါ်တွင် မူတည်၍ ဆုံးဖြတ်ခြင်းမျိုး မဟုတ်ပေ။ နှစ်ကြိမ်နှစ်ခါ လူ့ဇာတိကိုခံယူခြင်းသည် သူမှ လူသားမျိုးနွယ်ကို ရှေးဦးစွာ ဖန်ဆင်းခဲ့စဉ်အချိန်က သူ၏အတွေးနှင့် လုံးဝ ကိုက်ညီစွာပင် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ထိုအရာမှာ ဘုရားသခင်သည် သူ၏ နှစ်ကြိမ် လူ့ဇာတိခံယူသည့် အမှုကို အမျိုးသားနှင့် အမျိုးသမီးတို့အပေါ် အခြေခံ၍ ထိုသူတို့ ယိုယွင်းဖျက်ဆီးခြင်း မခံရမီ ပြီးပြည့်စုံအောင် လုပ်ခဲ့ခြင်းဖြစ်သည်။ အကယ်၍သာ လူသားမျိုးနွယ်အနေဖြင့် မြွေ၏လှည့်ဖြားခြင်းကို ခံခဲ့ရပြီးသော အာဒံနှင့် ဧဝ ယေဟောဝါပြောခဲ့သည့် နှုတ်ကပတ်တော်များကိုယူ၍ ယင်းတို့ကို ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း အမှုအပေါ်၌ အသုံးချမည်ဆိုလျှင် ယေရှုသည်လည်း သူလုပ်သင့်သည့်အတိုင်း သူ၏ ဇနီးမယားကို ချစ်ရလိမ့်မည် မဟုတ်လော။ ဤနည်းအားဖြင့်ဆိုလျှင် ဘုရားသခင်သည် ဘုရားသခင် ဖြစ်ပါဦးမည်လော။ ထိုကဲ့သို့ဖြစ်သည် ဆိုလျှင်လည်း သူ့အနေဖြင့် သူ၏အမှုကို ပြီးမြောက်အောင် လုပ်ဆောင်၍ ရနိုင်ပါဦးမည်လော။ အကယ်၍သာ ဘုရားသခင်သည် လူမိန်းမအသွင်ဖြင့် လူ့ဇာတိကိုခံယူသည်မှာ မှားယွင်းသည်ဆိုလျှင် လူမိန်းမကို ဖန်ဆင်းတော်မူခဲ့သည့် ဘုရားသခင်သည် မဟာအမှားကြီး မှားသွားပြီလော။ လူသားတို့အနေဖြင့် ဘုရားသခင်သည် လူမိန်းမအသွင်ဖြင့် လူ့ဇာတိကိုခံယူခြင်းသည် မှားယွင်းသည်ဟု ယုံကြည်ထားလျှင် ထိမ်းမြားစုံဖက်ခြင်းကို မပြုခဲ့ဘဲ သူ၏ဇနီးမယားကို ချစ်၍မရနိုင်ခဲ့သော ယေရှုသည်လည်း ယခုလက်ရှိ လူ့ဇာတိခံယူခြင်းကဲ့သို့ပင် မှားယွင်းနေမည် မဟုတ်လော။ သင့်အနေဖြင့် ဧဝအား ယေဟောဝါပြောခဲ့သည့် နှုတ်ကပတ်တော်ကိုယူ၍ လက်ရှိအချိန်တွင်ရှိသည့် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း၏ သမ္မာတရားကို တိုင်းထွာမည်ဆိုလျှင် ကျေးဇူးတော်ကာလတွင် လူ့ဇာတိကို ခံယူခဲ့သည့် သခင်ယေရှုကို ယေဟောဝါသည် အာဒံအား ပြောခဲ့သည့် နှုတ်ကပတ်တော်ကိုယူ၍ စီရင်ဆုံးဖြတ်ရမည်ပင် ဖြစ်သည်။ ထိုအရာနှစ်ခုတို့သည် မတူညီသလော။ သင့်အနေဖြင့် သခင်ယေရှုအား မြွေ၏လှည့်ဖြားမှုကို မခံရသည့် လူယောက်ျားကို အကြောင်းပြု၍ တိုင်းတာသည်ဆိုလျှင် ယနေ့တွင် သင့်အနေဖြင့် လူ့ဇာတိကိုခံယူခြင်း၏ သမ္မာတရားကို မြွေ၏လှည့်ဖြားမှုကို ခံခဲ့ရသည့် လူမိန်းမကို အကြောင်းပြု၍ တိုင်းတာဆုံးဖြတ်ရမည်မဟုတ်။ ထိုသို့လုပ်ဆောင်လျှင် ထိုအရာသည် မျှတမှုရှိမည် မဟုတ်ပေ။ ထိုကဲ့သို့ သင်ဆုံးဖြတ်သည်ဆိုလျှင် သင်သည် ဆင်ခြင်တုံတရား ကင်းမဲ့သွားသော သူသာဖြစ်ကြောင်း သက်သေပြနေပေလိမ့်မည်။ ယေဟောဝါသည် နှစ်ကြိမ်တိုင်တိုင် လူ့ဇာတိကို ခံယူစဉ်တွင် သူ့ဇာတိခန္ဓာ၏ မိန်းမဖြစ်ခြင်း၊ ယောက်ျားဖြစ်ခြင်းတို့သည် မြွေ၏လှည့်ဖြားခြင်းကို မခံရသည့် ယောက်ျား၊ မိန်းမတို့နှင့်သာ သက်ဆိုင်သည်။ ထိုအရာသည် သူ၏ လူ့ဇာတိနှစ်ကြိမ်ခံယူခြင်းနှင့် မြွေ၏ လှည့်ဖြားခြင်းကို မခံရသည့် လူယောက်ျားနှင့် မိန်းမတို့နှင့် သဘောတူညီနေလျက် ရှိကြောင်း ဖော်ပြနေသည်။ ယေရှု၏ လူယောက်ျားဖြစ်ခြင်းသည် မြွေ၏လှည့်ဖြားခြင်းကို ခံခဲ့ရသည့် အာဒံနှင့် တူညီနေသည်ဟု မထင်နှင့်။ ယေရှုနှင့် အာဒံတို့သည် လုံးဝပတ်သက်ခြင်း မရှိသကဲ့သို့ ထိုသူနှစ်ဦးသည် ယောက်ျားများဖြစ်သော်လည်း လုံးဝခြားနားသည့် သဘာဝနှစ်ခုပင်ဖြစ်သည်။ ယေရှု၏ လူယောက်ျားဖြစ်ခြင်းမှာ သူသည် အမျိုးသမီးများအားလုံး၏ ဦးခေါင်းသာမဟုတ်ဘဲ အမျိုးသားများအားလုံး၏ ဦးခေါင်းလည်း ဖြစ်သည် မဟုတ်သည်မှာ သေချာသလော။ သူသည် ယုဒလူမျိုး အားလုံးတို့၏ ရှင်ဘုရင်မဟုတ်လော (အမျိုးသား၊ အမျိုးသမီး အားလုံးအပါအဝင်)။ သူကိုယ်တိုင်ပင် ဘုရားသခင်ဖြစ်တော်မူသည်၊ သူသည် မိန်းမအပေါင်းတို့၏ ဦးခေါင်းသာလျှင်မဟုတ်ဘဲ ယောက်ျားသားများ အားလုံးတို့၏ ဦးခေါင်းလည်းဖြစ်သည်။ သူသည် ဖန်ဆင်းခြင်းခံရသည့် သတ္တဝါများအားလုံးတို့၏ အရှင်သခင် ဖြစ်သကဲ့သို့ ထိုအရာများ အားလုံးတို့၏ ဦးခေါင်းလည်း ဖြစ်သည်။ ယေရှု၏ ယောက်ျားဖြစ်မှုသည် မိန်းမအားလုံးတို့၏ ဦးခေါင်းဖြစ်ခြင်း၏ အမှတ်အသားဖြစ်ကြောင်း သင်အဘယ်ကဲ့သို့ သတ်မှတ်နိုင်သနည်း။ ထိုအရာသည် ဘုရားသခင်ကို ပြစ်မှားခြင်းပင် မဟုတ်ပါလား။ ယေရှုသည် ယိုယွင်းဖျက်ဆီးခြင်း မခံရသည့် လူယောက်ျားတစ်ဦးပင် ဖြစ်သည်။ သူသည် ဘုရားသခင်ဖြစ်သည်၊ သူသည် ခရစ်တော်ဖြစ်ကာ၊ သူသည် အရှင်သခင် ဖြစ်သည်။ ထိုသူသည် မည်ကဲ့သို့သောနည်းဖြင့် ယိုယွင်းဖျက်ဆီးခြင်း ခံရသည့် အာဒံနှင့် တူနိုင်ပါမည်နည်း။ ယေရှုသည် ဘုရားသခင်၏ အသန့်ရှင်းဆုံးသော ဝိညာဉ်တော်မှ ဝတ်ဆင်ထားသည့် ဇာတိခန္ဓာပင်ဖြစ်သည်။ သူသည် အာဒံ၏ လူယောက်ျားဖြစ်မှုကို ပိုင်ဆိုင်ထားသည့် ဘုရားသခင်ဖြစ်သည်ဟု သင့်အနေဖြင့် အဘယ်ကဲ့သို့ ပြောနိုင်မည်နည်း။ ထိုသို့ဆိုပါက၊ ဘုရားသခင်၏ လုပ်ဆောင်မှု အားလုံးသည် မှားယွင်းသွားပြီ မဟုတ်လော။ ယေဟောဝါသည် လှည့်ဖြားခြင်းခံရသည့် အာဒံ၏ ယောက်ျားဖြစ်မှုနှင့် ဖွဲ့စည်းထားသော ယေရှု၏ အထဲသို့ ပေါင်းစပ်နိုင်ခဲ့ပါမည်လား။ လက်ရှိကာလ၏ လူ့ဇာတိခံယူခြင်းသည် ယေရှုနှင့် ယောက်ျားဖြစ်မှု၊ မိန်းမဖြစ်မှု ကွဲပြားသော်လည်း သဘောသဘာဝအရ ယေရှုနှင့် တူညီသည့် လူ့ဇာတိခံယူသော ဘုရားသခင်အမှု၏ အခြားသော သာဓကတစ်ခုပင် မဟုတ်လော။ လူ့ဇာတိခံယူသော ဘုရားသခင်သည် အမျိုးသမီး မဖြစ်နိုင်ပါ၊ အဘယ်ကြောင့်ဆိုသော် မိန်းမသည် မြွေ၏လှည့်ဖြားခြင်းကို ပထမဦးဆုံး ခံရသည့်သူဖြစ်သောကြောင့် ဖြစ်သည်ဟု သင့်အနေဖြင့် ပြောရဲသေးသလော။ မိန်းမသည် မသန့်ရှင်းဆုံးသောအရာနှင့် လူသားမျိုးနွယ်၏ ယိုယွင်းပျက်စီးခြင်း အရင်းအမြစ်ဖြစ်သည့်အတွက် ဘုရားသခင်သည် အမျိုးသမီးအဖြစ် လူ့ဇာတိခံယူရန် လုံးဝမဖြစ်နိုင်ဟု သင်ပြောရဲသေးသလော။ သင့်အနေဖြင့် "မိန်းမတို့သည် ယောက်ျားများကို အမြဲတမ်း နာခံရမည်ဖြစ်ပြီး သူတို့သည် ဘုရားသခင်ကို တိုက်ရိုက်ကိုယ်စားပြုခြင်း သို့မဟုတ် ထင်ရှားဖော်ပြခြင်းမျိုး မည်သည့်အခါမျှ မလုပ်ရ" ဟုဆိုနေခြင်းကို သင်သည် ဆက်လက်၍ ပြောဝံ့သေးသလော။ ယခင်က သင်သည် နားမလည်ဘဲ ရှိနေခဲ့သည်၊ ယခုတွင်မူ သင်သည် ဘုရားသခင်၏ လုပ်ဆောင်မှုများကို ပြစ်မှားမည်လော၊ အထူးသဖြင့် ဘုရားသခင် ခံယူသော ဇာတိပကတိကို ပြစ်မှားမည်လော။ အကယ်၍ သင်သည် ဤအချက်ကို လုံးလုံးလျားလျား ရှင်းလင်းစွာ မမြင်နိုင်ဘဲ ရှိနေမည်ဆိုလျှင် သင်၏လျှာကို ထိန်းချုပ်လျှင် သာ၍ကောင်းပေမည်၊ သို့မဟုတ်ပါက သင်၏ရူးမိုက်မှုနှင့် သင်၏ ဂရုမစိုက်မှုသည် ပြသခြင်းခံရကာ သင်၏ ရုပ်ဆိုးအကျဉ်းတန်မှုသည်လည်း ဖော်ထုတ်ခြင်း ခံရပေလိမ့်မည်။ သင်သည် အရာအားလုံးကို နားလည်နေသည်ဟု သင့်ကိုယ်သင် ထင်မှတ်မထားနှင့်။ ထို့ကြောင့် ငါပြောသည့်အရာမှာ သင်မြင်တွေ့ခဲ့ရသည့် အရာအားလုံးနှင့် သင်တွေ့ကြုံခဲ့ရသည့် အရာများ အားလုံးတို့သည် ငါ့စီမံခန့်ခွဲမှု အစီအစဉ်၏ တစ်ထောင်ပုံ တစ်ပုံကိုမျှ နားလည်နိုင်ရန်အလို့ငှာ သင့်အတွက် လုံလောက်မှုမရှိပေ။ ထို့ကြောင့် သင်သည် အဘယ်ကြောင့် မာန်တက်နေသည့် လုပ်ဆောင်မှုများကို လုပ်ဆောင်နေသနည်း။ သင်၏ အနည်းငယ်မျှသော အရည်အချင်းနှင့် အနည်းဆုံးသော အသိပညာတို့သည် ယေရှုအတွက် သူ၏အမှုတွင် အသုံးပြုရန်မှာ တစ်စက္ကန့်စာခန့်အတွက်မျှ လုံလောက်မှုရှိမည် မဟုတ်ပေ။ သင်၌ အမှန်တကယ်တွင် အတွေ့အကြုံ မည်မျှရှိသနည်း။ သင့်ဘဝတစ်လျှောက်လုံးတွင် သင်မြင်တွေ့ခဲ့ရသည့် အရာများ၊ သင်ကြားခဲ့ရသည့် အရာများအားလုံးနှင့် သင်စဉ်းစားတွေးခေါ်ခဲ့သည့် အရာများသည် တခဏအတွင်း ငါလုပ်ဆောင်သည့် အရာများထက် နည်းနေသေးသည်။ သင့်အနေဖြင့် ဝေဖန်ခြင်းနှင့် အပြစ်ရှာခြင်း မပြုလျှင် အကောင်းဆုံး ဖြစ်မည်။ သင်အနေဖြင့် မည်မျှပင် မာနထောင်လွှားနေပါစေ၊ သင်သည် ပုရွက်ဆိတ်ထက် သေးငယ်သည့် ဖန်ဆင်းခံသတ္တဝါပင် ဖြစ်သည်။ သင်၏ဝမ်းဗိုက်ထဲတွင် ရှိသမျှသော အရာများအားလုံးသည် ပုရွက်ဆိတ်တစ်ကောင်၏ ဗိုက်ထဲတွင် သယ်ထားသည့် အရာထက်ပင် နည်းနေသေးသည်။ အတွေ့အကြုံနှင့် ဝါရင့်ခြင်းကြောင့် သင်သည် လက်ဟန်ခြေဟန်ပါပါနှင့် ကြီးကျယ်သည့် စကားများကို ပြောဆိုနိုင်သည်ဟု ထင်မှတ်မနေနှင့်။ သင်၏ အတွေ့အကြုံနှင့် ဝါရင့်ခြင်းတို့သည် ငါဖွင့်ပြပေးသည့် နှုတ်ကပတ်တော်များ၏ ထုတ်ကုန်ပင်ဖြစ်သည် မဟုတ်လော။ သင်၏ လုပ်ဆောင်မှု ကြိုးစားအားထုတ်မှုတို့ကြောင့် ထိုအရာကို သင်ရရှိသည်ဟု ထင်မှတ်နေသလော။ ယနေ့ သင်သည် ငါလူ့ဇာတိကို ခံယူခဲ့ကြောင်းကို တွေ့မြင်သည်၊ ထိုအရာတစ်ခုတည်းကြောင့်ပင် သင်သည် ထိုကဲ့သို့သော အယူအဆများစွာဖြင့် ပြည့်ဝခဲ့သည်၊ ထိုအရာများမှ သင်သည်မရေတွက်နိုင်သည့် အတွေးအမြင် သဘောထားများကို ရိတ်သိမ်းခဲ့ရသည်။ ငါ၏ လူ့ဇာတိခံယူခြင်းကြောင့်သာ မဟုတ်လျှင် သင့်အနေဖြင့် သာမန်ထက် လွန်ကဲသော အရည်အချင်းများ ရှိနေစေကာမှု၊ သင့်အနေဖြင့် အယူအဆများစွာ ရှိနေမည်မဟုတ်ပေ၊ ထိုအရာများမှ သင်၏အတွေးအမြင်များကို ရရှိလာသည် မဟုတ်လော။ အကယ်၍ ယေရှုသည် လူ့ဇာတိကို ပထမအကြိမ်တွင် မခံယူခဲ့လျှင် သင့်အနေဖြင့် လူ့ဇာတိခံယူခြင်းကို သိပင်သိနိုင်မည်လော။ ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်းကို စီရင်ဆုံးဖြတ်ချက် ချရန်အတွက် ကြိုးစားနေသည့် ရိုင်းစိုင်းသောစိတ်များ သင့်အထဲတွင်ရှိနေခြင်းမှာ ထိုပထမအကြိမ် လူ့ဇာတိခံယူခြင်းမှ သင့်ကို အသိတရားများ ပေးခဲ့သောကြောင့် မဟုတ်လော။ အဘယ်ကြောင့်နှင့် သင်သည် နာခံမှုရှိသော နောက်လိုက် ဖြစ်ရမည့်အစား၊ ထိုအရာများကို လေ့လာဖို့ရန်အတွက် ကြိုးစားနေရသနည်း။ သင့်အနေဖြင့် ဤရေစီးကြောင်းထဲသို့ ဝင်ရောက်လာပြီး လူ့ဇာတိခံယူသော ဘုရားသခင်၏ ရှေ့တော်သို့ လာသောအခါတွင်၊ ထိုအရာများကို လေ့လာနိုင်ဖို့ရန် သူသည်သင့်ကို အခွင့်အရေးများပေးမည်လော။ သင့်အနေဖြင့် သင့်မိသားစု၏ရာဇဝင်များကို လေ့လာသင်ကြားခြင်းသည် သင့်အတွက် ပြဿနာမရှိပါ၊ သို့သော်လည်း သင်အနေဖြင့် ဘုရားသခင်၏ မိသားစုရာဇဝင်ကို လေ့လာရန် ကြိုးစားမည်ဆိုလျှင်၊ ယနေ့ ဘုရားသခင်သည် ထိုအရာများကို လေ့လာရန် သင့်ကို ခွင့်ပြုမည်လော။ သင်သည် မျက်ကန်းနေသည် မဟုတ်လော။ သင့်ကိုယ်သင် အထင်အမြင်သေးမှုများ သင့်ဘာသာသင် ယူဆောင်လာနေသည် မဟုတ်လော။

Friday, May 31, 2019

Myanmar Christian Movie (သေစေနိုင်သည့် မသိမြင်မှု) ရုပ်ရှင်ကြော်ငြာဇာတ်ကား

ဇန်မူအန်သည် အမေရိကန်နိုင်ငံရှိ တရုတ်ခရစ်ယာန်အသင်းတော်တွင် တွဲဖက်လုပ်ကိုင်သူတစ်ဦးဖြစ်သည်။ သူသည် သခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့သူဖြစ်ပြီး သခင်အတွက် စိတ်အားထက်သန်စွာ အလုပ်လုပ်ပြီး အသုံးတော်ခံလျက်ရှိသည်။ တစ်နေ့တွင် သူ၏ အဒေါ်ဖြစ်သူသည် သခင်ယေရှုသည် သမ္မာတရားကို ဖော်ပြဖို့ပြန်လာပြီးဖြစ်ပြီး နောက်ဆုံးသောကာလတွင် လူသားကို တရားစီရင်ခြင်းနှင့် သန့်စင်ခြင်းတို့ကို ပြုလုပ်မည်ဖြစ်ကြောင်း သူ့ကို သက်သေခံခဲ့ပြီး ဤသတင်းသည် သူ့အား အလွန်စိတ်လှုပ်ရှားစေခဲ့သည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ပြီး အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်၏ ဇာတ်လမ်းနှင့် ဗီဒီယိုများကိုကြည့်ပြီးနောက် ဇန်မူအန်၏ နှလုံးသားသည် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် သမ္မာတရားဖြစ်ပြီး အနန္တတန်ခိုးရှင်ဘုရားသခင်သည် သခင်ယေရှုပြန်လာခြင်းပင် ဖြစ်ကောင်းဖြစ်နိုင်ကြောင်း လက်ခံခဲ့သည်။ ထို့ကြောင့် သူသည် သူ၏ ညီအစ်ကိုမောင်နှမတို့နှင့်အတူ နောက်ဆုံးသောကာလ၏ ဘုရားသခင်၏ အမှုတော်ကို စတင်လေ့လာစူးစမ်းခဲ့သည်။ သို့သော် သူ့အသင်းတော်၏ ခေါင်းဆောင်ဖြစ်သူ သင်းအုပ်ဆရာမာသည် ဤအကြောင်းကို သိရှိသွားပြီး ဇန်မူအန်ကို ကြိမ်ဖန်များစွာ ဝင်ရောက်နှောက်ယှက်ပြီး တားဆီးဖို့ ကြိုးစားသည်။ သူသည် ဇန်မူအန်အား မှန်ကန်သည့်လမ်းကို စူးစမ်းလေ့လာခြင်းကို စွန့်လွှတ်ရန်အတွက် အရှေ့အရပ်မှ လျှပ်ပြက်ခြင်းအား အသေရဖျက်ရှုတ်ချထားသည့် စီစီပီအစိုးရ၏ ဝါဒဖြန့်ဗီဒီယိုကို ပြသည်။ ဤဗီဒီယိုကြောင့် ဇန်မူအန်သည် အလွန်စိတ်ရှုပ်ထွေးသွားသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် သမ္မာတရားဖြစ်ပြီး ဘုရားသခင်၏ အသံတော်ဖြစ်သည်ကို သူ သိသာစွာ မြင်နိုင်သည်။ ဤသို့ဆိုလျှင် ဘာသာရေးလောကမှ သင်းအုပ်ဆရာများနှင့် အကြီးအကဲများက အနန္တတန်ခိုးရှင်ဘုရားသခင်အား အဘယ်ကြောင့်ရှုတ်ချကြသနည်း။ သူတို့ကိုယ်တိုင်သာ စူးစမ်းလေ့လာဖို့ ငြင်းဆန်ရုံတင်မကဘဲ တခြားလူများကိုပါ မှန်ကန်သည့်လမ်းကို လက်ခံခြင်းမှ တားဆီးဖို့ ကြိုးစားကြသည်။ အဘယ်ကြောင့်နည်း။ ဇန်မူအန်သည် လိမ်ညာခံရပြီး မှားယွင်းသည့်လမ်းကို လျှောက်မိမည်ကို ကြောက်ရွံ့သည်။ သို့သော် ချီဆောင်ခြင်းခံရမည့်အခွင့်ကို ဆုံးရှုံးရမည်ကိုလည်း ကြောက်ရွံ့သည်။ သူ၏ သဘောထားကွဲလွဲမှု၊ စိတ်ရှုပ်ထွေးမှုများကြားတွင် သင်းအုပ်ဆရာမာသည် စီစီပီနှင့် ဘာသာရေးလောကမှ အဖျက်သဘောဆောင်သည့် ဝါဒဖြန့်မှုများကို ပိုပြီးတော့ ပြသပြီး ဇန်မူအန်၏နှလုံးသားတွင် သံသယများပိုမို ထွက်ပေါ်လာသည်။ သူသည် သင်းအုပ်ဆရာမာ၏စကားကို နားထောင်ပြီး စစ်မှန်သည့်လမ်းကို စူးစမ်းလေ့လာခြင်းကို စွန့်လွှတ်ဖို့ ဆုံးဖြတ်ခဲ့သည်။ နောက်ပိုင်းတွင် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်၏ သက်သေခံသူများထံမှ သက်သေခံခြင်းနှင့် မိတ်သဟာရပြုခြင်းတို့ကို ကြားပြီးနောက် ဇန်မူအန်သည် မှန်ကန်သည့်လမ်းကို စူးစမ်းရှာဖွေရာတွင် အခြေခံအကျဆုံးအချက်သည် ဤလမ်းသည် သမ္မာတရားရှိမရှိနှင့် ဤလမ်း၏ ဖော်ပြချက်သည် ဘုရားသခင်၏ အသံတော်ဟုတ်မဟုတ် ပိုင်းခြားသတ်မှတ်ခြင်းဖြစ်သည်ဆိုသည်ကို နားလည်လာသည်။ သမ္မာတရားများကို ဖော်ပြနိုင်သည့် မည်သူမဆို ခရစ်တော်၏ ပေါ်ထွန်းမှုပင်ဖြစ်ရမည်။ အဘယ်ကြောင့်ဆိုသော် အကျင့်ပျက်စီးသည့် မည်သည့်လူသားမျိုးနွယ်မဆို သမ္မာတရားကို ဖော်ပြနိုင်ခြင်းမရှိပေ။ ဤအချက်သည် ငြင်းလို့မရသည့် အချက်ဖြစ်သည်။ စစ်မှန်သည့်လမ်းကို စူးစမ်းရှာဖွေရာတွင် ဘုရားသခင်၏ အသံတော်ကို အာရုံစိုက်နားထောင်ခြင်းမရှိဘဲ စိတ်ကူးထင်မြင်မှုအပေါ် အခြေခံပြီး တိမ်စီးပြီး သခင်ယေရှုကြွဆင်းလာမှုကို စောင့်နေလျှင် ဘုရားသခင်ပေါ်ထွန်းမှုကို ဘယ်သောအခါမှ ကြိုဆိုနိုင်မည်မဟုတ်ပေ။ ဇန်မူအန်သည် နောက်ဆုံး၌ သခင်ယေရှုမိန့်ကြားသည့် ဘုရားသခင်၏ အသံတော်ကို ကြားသည့် ဉာဏ်ပညာရှိသည့် အပျိုတော်၏ နက်နဲမှုကို နားလည်ပြီး စီစီပီအစိုးရ၊ သင်းအုပ်ဆရာနှင့် အကြီးအကဲတို့၏ လိမ်ညာမှုများနှင့် အဓိပ္ပါယ်မရှိသည့် သီအိုရီများကို ဆက်လက်မယုံကြည်တော့ဖို့ ဆုံးဖြတ်ခဲ့သည်။ သူ၏ ဘာသာရေး သင်းအုပ်ဆရာ၏ ကန့်သတ်မှုနှင့် ချည်နှောင်မှုတို့မှ လွတ်မြောက်ဖို့ ဆုံးဖြတ်ခဲ့သည်။ ဇန်မူအန်သည် စစ်မှန်သည့်လမ်းကို စူးစမ်းရှာဖွေခြင်း၏ ခက်ခဲမှုကို နက်နက်နဲနဲ ကြုံတွေ့ခဲ့သည်။ ပိုင်းခြားသိမြင်မှု မရှိဘဲ သို့မဟုတ် သမ္မာတရားကို မရှာဖွေဘဲ ဘုရားသခင်၏ အသံတော်ကို ကြားဖို့ မဖြစ်နိုင်ပါ သို့မဟုတ် ဘုရားသခင်၏ ပုလ္လင်တော်ရှေ့သို့ ချီဆောင်ခြင်းခံရဖို့ မဖြစ်နိုင်ပါ။ ဒီလိုမဖြစ်ဘဲ စာတန်၏ လှည့်စားခြင်းနှင့် ထိန်းချုပ်ခြင်းကိုခံရပြီး စာတန်၏ ပိုက်ကွန်ထဲတွင်သာ သေဆုံးသွားနိုင်သည်။ ဤသည်မှာလည်း ကျမ်းစာ၏ နှုတ်ကပတ်တော်တို့ကို အလုံးစုံ ပြည့်စုံစေခြင်းဖြစ်သည်။ “ငါ့လူတို့သည် ပညာနည်းသောကြောင့် ဆုံးရှုံး ကြ၏” (ဟောရှေအနာဂတ္တိကျမ်း ၄:၆)။ “မိုက်သောသူတို့မူကား၊ ဉာဏ်မ ရှိသောကြောင့် သေကြလိမ့် မည်။” (သုတ္တံကျမ်း ၁၀:၂၁)
အသိပညာမျာ: ခရစ်ယာန်ဘာသာနှင့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်တို့အကြား ကွာခြားချက်မှာ မည်သည့်အရာနည်း။