菜單

မူလစာမျက်နှာ သတင်းအချက်အလက် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ လွတ်လပ်မှန်ကန်တဲ့လူ့အခွင့်အရေး ကယ်တင်ရှင်ပြန်ကြွလာပြီ ဧဝံဂေလိတရားတော် ကောင်းကင်နိုင်ငံတော်သီချင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ အမှန်တရားကို ဖေါ်ထုတ်ခြင်း နိုင်ငံတော် ချီးမွမ်းခြင်း တေးဂီတ
Showing posts with label ထာဝရအသက်. Show all posts
Showing posts with label ထာဝရအသက်. Show all posts

Thursday, January 2, 2020

ဘုရားသခင် နားညောင်းစေဖို့ ဆုတောင်းရန် နည်းလမ်း ပြဿနာ ၃ ခုကို ဖြေရှင်းခြင်းသည် အဓိကသော့ချက်ဖြစ်သည်

ဆုတောင်း, ထာဝရအသက်, သမ္မာတရား,သက်သေခံချက်များ,ခရစ်ယာန်
ဂျန်းလျန်း
ခရစ်ယာန်များအနေဖြင့် ဆုတောင်းခြင်းသည် ကျွန်တော်တို့ နေ့စဉ်အသက်တာ၏ မရှိမဖြစ်သော အစိတ်အပိုင်းတစ်ခုဖြစ် ပြီး ဘုရားသခင်ထံ တိုးဝင်နီးကပ်ဖို့ တိုက်ရိုက်အကျဆုံးသော နည်းလမ်းတစ်ခုလည်း ဖြစ်သည်။ ကျွန်တော်တို့ ဆုတောင်းခြင်းများကို သခင်နားညောင်းနိုင်ဖို့ ကျွန်တော်တို့ အားလုံး မျှော်လင့်ကြသော်လည်း၊ ကျွန်တော်တို့က မကြာခဏဆိုသကဲ့သို့ ဘုရားသခင်၏ တုန့်ပြန်မှုကို လက်ခံမရရှိသကဲ့သို့၊ ကိုယ်တော်၏ မျက်မှောက်တော်ကို မခံစားရပဲနှင့် ကျွန်တော်တို့ လမ်းပျောက်ပြီး ကျန်ခဲ့ကြသည်၊ ဤသည်မှာ အဘယ့်ကြောင့်နည်း။ ဘုရားသခင်က ကျွန်တော်တို့ ဆုတောင်းခြင်းများကို အဘယ့်ကြောင့် နားမညောင်းသနည်း။ ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီသည့် ဆုတောင်းခြင်းအမျိုးအစားများမှာ အဘယ်နည်း။ ယနေ့ ဤအကြောင်းကို မိတ်သဟာယပြုကြပါစို့၊ ပြီးလျှင် ဤပြဿနာ သုံးရပ်ကို ဖြေရှင်းခြင်းအားဖြင့် ကျွန်တော်တို့ ဆုတောင်းခြင်းများကို ဘုရားသခင် နားညောင်းနိုင်ပါသည်။

Monday, December 16, 2019

ဘုရားသီချင်း | ဘုရားရဲ့ အောင်နိုင်မှုသင်္ကေတများ



ဘုရားသီချင်း | ဘုရားရဲ့ အောင်နိုင်မှုသင်္ကေတများ

လူတို့ကို နဂိုပုံစံအတိုင်းပြန်ဖြစ်စေတယ်
သူတို့တာဝန် သူတို့ကျေပွန်ပြီး ကိုယ့်နေရာမှာကိုယ်နေ
ဘုရားရဲ့အစီအစဉ်အားလုံးကို နာခံမယ်
ဘုရားသည် သူ့ကိုကိုးကွယ်တဲ့သူတွေကို ကမ္ဘာပေါ်မှာ ထားမယ်
သူ့ကိုကိုးကွယ်တဲ့ တိုင်းပြည်ကိုလည်း ကမ္ဘာမှာ တည်ဆောက်မယ်
သူ့ကိုကိုးကွယ်တဲ့ တိုင်းပြည်ကိုလည်း ကမ္ဘာမှာ တည်ဆောက်မယ်
ကမ္ဘာပေါ်မှာ ထာဝရအောင်နိုင်ခြင်းကို ရရှိမယ်
သူ့ကိုဆန့်ကျင်သူများ ထာဝရပျက်စီးမယ်
ဒါ လူတို့ကို ဖန်ဆင်းချိန်တုန်းက
မူလ ရည်ရွယ်ချက်အတိုင်း ပြန်ဖြစ်စေမယ်
အားလုံးကို ဖန်ဆင်းချိန်တုန်းက ရည်ရွယ်ချက် အတိုင်း ပြန်ဖြစ်စေမယ်
ကမ္ဘာပေါ်မှာ သူ့အာဏာကို ပြန်ရရှိမယ်
အရာအားလုံးပေါ်၊ ရန်သူအားလုံးထဲမှာ ဘုရားအာဏာ
ဒါဟာဘုရားရဲ့ အကြွင်းမဲ့အောင်နိုင်မှုရဲ့ သင်္ကေတပါ
ဒါဟာဘုရားရဲ့ အကြွင်းမဲ့အောင်နိုင်မှုရဲ့ သင်္ကေတပါ

Saturday, November 30, 2019

(ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်) တတိယပိုင်း


အနန္တတန်ခိုးရှင် ဘုရားသခင်ကပြောသည်- “ဘုရားသခင်သည် မျက်မှောက်နေ့ရက်သို့တိုင် သူဦးဆောင်ခဲ့ပြီဖြစ်သည့် လူသားတို့ကို ဖန်ဆင်းခဲ့ပြီး ကမ္ဘာမြေကြီးပေါ်တွင် နေရာချထားခဲ့သည်။ ထို့နောက်တွင် လူသားတို့ကို သူကယ်တင်ခဲ့ပြီး လူသားတို့အတွက် အပြစ်ဖြေရာယဇ်အဖြစ် အစေခံခဲ့သည်။ အဆုံးတွင် သူသည် လူသားတို့ကို သိမ်းပိုက်ရဦးမည်ဖြစ်ပြီး လူသားမျိုးနွယ်တစ်ရပ်လုံးကို ကယ်တင်ရမည်ဖြစ်ကာ သူတို့၏ မူလရုပ်ဆင်းသဏ္ဌာန်ကို နဂိုအတိုင်း ပြန်ဖြစ်စေလိမ့်မည်။ ဤအမှုသည် လူသားကို သူ၏မူရင်းရုပ်သွင်နှင့် သူ၏မူလရုပ်ဆင်းသဏ္ဌာန်တို့ကို နဂိုအတိုင်း ပြန်ဖြစ်စေခြင်းဟူသည့် အစမှအဆုံးတိုင် သူထိတွေ့လုပ်ဆောင်ခဲ့သော အမှုဖြစ်သည်။ သူသည် သူ၏နိုင်ငံတော်ကို တည်ထောင်လိမ့်မည်ဖြစ်ပြီး လူသား၏ မူလရုပ်ဆင်းသဏ္ဌာန်ကို နဂိုအတိုင်း ပြန်ဖြစ်စေလိမ့်မည်၊ ဆိုလိုသည်မှာ သူသည် ကမ္ဘာမြေကြီးပေါ်တွင် သူ၏ အခွင့်အာဏာကို နဂိုအတိုင်း ပြန်ဖြစ်စေမည်ဖြစ်ပြီး ဖန်ဆင်းခံသတ္တဝါများ အားလုံးအကြားတွင် သူ၏အခွင့်အာဏာကို နဂိုအတိုင်း ပြန်ဖြစ်စေလိမ့်မည်။ လူသားသည် စာတန်၏ဖျက်ဆီးခြင်းကို ခံရပြီးနောက်တွင် ဘုရားသခင်ကို ကြောက်ရွံ့သောစိတ်နှလုံး ပျောက်ဆုံးခဲ့ပြီး ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါတစ်ဦးတွင် ရှိသင့်သည့် အလုပ်တာဝန် ပျောက်ဆုံးသွားခဲ့ကာ ဘုရားသခင်ကို မနာခံသော ရန်သူဖြစ်လာခဲ့သည်။ လူသားသည် စာတန်၏ အုပ်စိုးမှုအောက်တွင် နေထိုင်ခဲ့ပြီး စာတန်၏အမိန့်များကို လိုက်လျှောက်ခဲ့သည်၊ သို့ဖြစ်ရာ ဘုရားသခင်တွင် သူ၏ဖန်ဆင်းခံသတ္တဝါများကြား အလုပ်လုပ်ရန် လမ်းမရှိခဲ့တော့ဘဲ ထိုထက်ပို၍ သူ၏ဖန်ဆင်းခံသတ္တဝါတို့ထံမှ ကြောက်ရွံ့ခြင်းကိုလည်း အရမယူနိုင်ခဲ့ပေ။ လူသားကို ဘုရားသခင်က ဖန်ဆင်းခဲ့ပြီး သူသည် ဘုရားသခင်ကို ကိုးကွယ်သင့်သော်လည်း လူသားသည် ဘုရားသခင်ကို အကယ်စင်စစ် မျက်ကွယ်ပြုခဲ့ကာ စာတန်ကို ကိုးကွယ်ခဲ့သည်။ စာတန်သည် လူ့စိတ်နှလုံး၏ အလွန်တရာကြည်ညိုမြတ်နိုးသည့်အရာ ဖြစ်လာခဲ့သည်။ သို့ဖြစ်ရာ ဘုရားသခင်သည် လူသား၏ စိတ်နှလုံးတွင် သူ၏ရပ်တည်မှုကို ဆုံးရှုံးခဲ့ရ၏၊ ဆိုလိုသည်မှာ သူသည် လူသားအား ဖန်ဆင်းခြင်းအဓိပ္ပာယ်ကို ပျောက်ဆုံးခဲ့သဖြင့် လူသားအား သူဖန်ဆင်းခြင်း၏ အဓိပ္ပာယ်ကို ပြန်လည်ရယူရန် လူသား၏ မူလရုပ်ဆင်းသဏ္ဌာန်ကို နဂိုအတိုင်း ပြန်ဖြစ်စေပြီး လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားပစ်ရမည်။ လူသားကို စာတန်ထံမှ ပြန်လည်ရယူရန် သူသည် လူသားကို အပြစ်မှ ကယ်တင်ရမည်။ ဤနည်းလမ်းအားဖြင့်သာ သူသည် လူသား၏ မူလရုပ်ဆင်းသဏ္ဌာန်ကို တဖြည်းဖြည်း နဂိုအတိုင်း ပြန်ဖြစ်စေနိုင်ပြီး လူသား၏ မူလတာဝန်ကို နဂိုအတိုင်းပြန်ဖြစ်စေကာ နောက်ဆုံးတွင် သူ၏နိုင်ငံတော်ကို နဂိုအတိုင်း ပြန်ဖြစ်စေနိုင်လိမ့်မည်။ လူသားသည် ဘုရားသခင်ကို ပိုမိုကိုးကွယ်နိုင်ရန်နှင့် ကမ္ဘာမြေကြီးပေါ်တွင် ပိုမိုကောင်းမွန်စွာ ရှင်သန်နိုင်ရန် နာခံခြင်းမရှိသောသူများအား အဆုံးစွန်ဖျက်ဆီးခြင်းကိုလည်း လုပ်ဆောင်လိမ့်မည်။ ဘုရားသခင်သည် လူသားကို ဖန်ဆင်းခဲ့သည်ဖြစ်ရာ သူသည် လူသားကို သူ့အားကိုးကွယ်စေရန် လုပ်ဆောင်လိမ့်မည်၊ သူသည် လူသား၏ မူလတာဝန်ကို နဂိုအတိုင်းပြန်ဖြစ်စေလိုသည်ဖြစ်ရာ သူသည် ယင်းကို လုံးဝ နဂိုအတိုင်းပြန်ဖြစ်စေမည်ဖြစ်ပြီး မည်သည့် အစွန်းအထင်းမျှ ရှိစေမည်မဟုတ်ပေ။ သူ၏အခွင့်အာဏာကို နဂိုအတိုင်းပြန်ဖြစ်စေခြင်းဆိုသည်မှာ လူသားကို သူ့အား ကိုးကွယ်စေပြီး လူသားကို သူ့အားနာခံအောင် လုပ်ခြင်းဖြစ်သည်။ သူသည် လူသားကို သူ့အားဖြင့် ရှင်သန်စေပြီး သူ၏အခွင့်အာဏာဖြင့် သူ၏ရန်သူများကို ဖျက်ဆီးလိမ့်မည်ဟု ဆိုလိုသည်။ သူသည် လူသားထံမှ မည်သည့်ခုခံမှုမျိုးမျှ မရှိစေဘဲ သူ၏နောက်ဆုံး အစိတ်အပိုင်းအားလုံးကို လူသားတို့ကြားတွင် ဆက်လက်တည်မြဲစေမည်ဟု ဆိုလိုသည်။ သူတည်ထောင်လိုသော နိုင်ငံတော်သည် သူ၏ကိုယ်ပိုင်နိုင်ငံတော်ဖြစ်သည်။ သူအလိုရှိသောလူသားသည် သူ့ကို ကိုးကွယ်သူများ၊ သူ့ကို အကြွင်းမဲ့ နာခံသူများနှင့် သူ၏ဘုန်းအသရေရှိထားသူများဖြစ်သည်။ သူသည် ဖောက်ပြန်ပျက်စီးနေသော လူသားတို့ကို မကယ်တင်ပါက လူသားကို သူဖန်ဆင်းခြင်း၏အနှစ်သာရမှာ အချည်းနှီးဖြစ်သွားပေမည်၊ သူသည် လူတို့အကြား အာဏာဆက်လက်တည်ရှိတော့မည်မဟုတ်ဘဲ သူ၏ နိုင်ငံတော်သည်လည်း ကမ္ဘာမြေကြီးပေါ်တွင် ဆက်လက်တည်ရှိနိုင်တော့မည် မဟုတ်ပေ။ သူ့ကို နာခံခြင်းမရှိသော ရန်သူများကို သူမဖျက်ဆီးပါက သူသည် မိမိ၏စုံလင်သော ဘုန်းတော်ကို ရယူနိုင်တော့မည် မဟုတ်သကဲ့သို့ ကမ္ဘာမြေကြီးပေါ်တွင် သူ၏နိုင်ငံတော်ကိုလည်း တည်ထောင်နိုင်တော့မည် မဟုတ်ပေ။ ဤအရာတို့သည် သူ၏အမှုပြီးမြောက်ခြင်းသင်္ကေတများဖြစ်ပြီး၊ လူသားတို့ကြားရှိ သူ့ကို နာခံခြင်းမရှိသောသူတို့ကို လုံးဝဖျက်ဆီးရန်နှင့် စုံလင်အောင်ပြုခြင်း ခံရပြီးသောသူများကို အနားယူခြင်းထဲသို့ ဆောင်ယူရန်ဖြစ်သည့် သူ၏ ကြီးမြတ်သောအောင်မြင်ခြင်း၏ ပြည့်စုံမှုသင်္ကေတများဖြစ်သည်။ လူသားတို့ကို သူတို့၏ မူလရုပ်ဆင်းသဏ္ဌာန်အတိုင်း ပြန်ဖြစ်စေပြီးသည့်အခါ၊ လူသားတို့သည် သူတို့၏ သက်ဆိုင်ရာတာဝန်များကို ထမ်းဆောင်နိုင်သည့်အခါ၊ သူတို့၏ ကိုယ်ပိုင်နေရာကို ထိန်းသိမ်းပြီး ဘုရားသခင်၏ အစီအစဉ်များအားလုံးကို နာခံသည့်အခါ၊ ဘုရားသခင်သည် ကမ္ဘာမြေကြီးပေါ်တွင် သူ့ကိုကိုးကွယ်သူ လူတစ်စုကို ရယူပြီးဖြစ်လိမ့်မည်ဖြစ်ကာ ကမ္ဘာမြေကြီးပေါ်တွင် သူ့ကို ကိုးကွယ်သော နိုင်ငံတော်ကိုလည်း တည်ထောင်ပြီးဖြစ်လိမ့်မည်။ သူသည် ကမ္ဘာမြေကြီးပေါ်တွင် အဆုံးမရှိသည့် အောင်မြင်ခြင်းကို ရရှိလိမ့်မည်ဖြစ်ပြီး သူ့ကိုဆန့်ကျင်သူတို့သည် ထာဝရကာလတိုင် ပျက်စီးကြလိမ့်မည်။ ဤအရာသည် လူသားအား သူဖန်ဆင်းခြင်း၏ မူလရည်မှန်းချက်ကို နဂိုအတိုင်းပြန်ဖြစ်စေလိမ့်မည်။ ယင်းသည် အရာခပ်သိမ်းအား သူဖန်ဆင်းခြင်း၏ ရည်မှန်းချက်ကို နဂိုအတိုင်း ပြန်ဖြစ်စေလိမ့်မည်ဖြစ်ပြီး ကမ္ဘာမြေကြီးပေါ်တွင် အရာခပ်သိမ်းအကြား သူ၏အာဏာနှင့် သူ၏ရန်သူများအကြား သူ၏အာဏာကိုလည်း နဂိုအတိုင်း ပြန်ဖြစ်စေလိမ့်မည်။ ယင်းတို့သည် သူ၏ လုံးဝဥဿုံ အောင်မြင်ခြင်း၏ သင်္ကေတများဖြစ်သည်။ ထိုအချိန်မှစ၍ နောင်တွင် လူသားသည် အနားယူခြင်းထဲသို့ ဝင်ရောက်လိမ့်မည်ဖြစ်ပြီး လမ်းကြောင်းမှန်ကို လိုက်လျှောက်သော အသက်တာအတွင်းသို့ ဝင်ရောက်လိမ့်မည်။ ဘုရားသခင်သည်လည်း အဆုံးမရှိသော အနားယူခြင်းထဲသို့ လူသားနှင့်အတူ ဝင်ရောက်ကာ ဘုရားသခင်နှင့် လူသားတို့ အတူတကွမျှဝေသည့် ထာဝရအသက်ထဲသို့ ဝင်ရောက်လိမ့်မည်။ ကမ္ဘာမြေကြီးပေါ်ရှိ ညစ်ညမ်းမှုနှင့် မနာခံခြင်းတို့သည် ကမ္ဘာမြေကြီးပေါ်ရှိ ငိုကြွေးခြင်းတို့ကဲ့သို့ပင် ကွယ်ပျောက်သွားလိမ့်မည်။ ကမ္ဘာမြေကြီးပေါ်ရှိ ဘုရားသခင်ကို ဆန့်ကျင်သောအရာအားလုံး တည်ရှိတော့မည်မဟုတ်ပေ။ ဘုရားသခင်နှင့် သူကယ်တင်ထားသော လူများသာလျှင် ကျန်ရှိလိမ့်မည်။ သူ၏ ဖန်ဆင်းခြင်းသာလျှင် ကျန်ရှိလိမ့်မည်။”

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ

သင် ကြိုက်နှစ်သက်နိုင်သည့် ခရစ်ယာန်ရုပ်ရှင်များ

Myanmar movie 2019တရုတ်ပြည်မှ ဘာသာရေးဖိစီးနှိပ်စက်မှု ၅ (ကျရှုံးလုဆဲဆဲမှာ ပြန်လည်ရှင်သန်ခြင်း)

Saturday, October 12, 2019

ဘုရားသခင်၏ စကားတော် | အခန်း ၄

အသင်းတော်, ရွေးနှုတ်ခြင်း, သမ္မာတရား, ဝိညာဉ်, ခရစ်ယာန်,

ငါတို့သည် အစဉ်စောင့်ကြည့်၍ စောင့်ဆိုင်းရမည်၊ စိတ်ဝိညာဉ်ထဲ၌ ဆိတ်ငြိမ်၍၊ စင်ကြယ်သော စိတ်နှလုံးဖြင့် ရှာဖွေရမည်။ မည်သည့်အရာ ကျရောက်ပါစေ၊ ငါတို့သည် မျက်ကန်းသဖွယ် မိတ်သဟာယဖွဲ့ခြင်း မပြုရာ။ ငါတို့သည် ဘုရားသခင်ရှေ့တွင် ဆိတ်ငြိမ်နေရန်၊ သူနှင့် အဆက်မပြတ် မိတ်သဟာယဖွဲ့ရန်သာ လိုအပ်သည်၊ ထိုအခါ သူ၏ရည်ရွယ်ချက်များကို ငါတို့အား ထုတ်ဖော်ပြလေမည်။ ငါတို့၏ စိတ်ဝိညာဉ်သည် ပိုင်းခြားသိမြင်ရန် အမြဲ အသင့်ရှိနေရမည် ဖြစ်ပြီး၊ ပြင်းပြခြင်းနှင့် မဆုတ်မနစ် ရှိရမည်။ ငါတို့သည် ဘုရားသခင်ရှေ့မှ အသက်ရေကို ဆွဲငင်ရမည်ဖြစ်ကာ၊ ထိုရေသည် ခြောက်ကပ်သော ငါတို့၏ ဝိညာဉ်ကို ရေငတ်ပြေစေ၏။ ငါတို့သည် ငါတို့၏ မိမိကိုယ်ကိုယ် မှန်ကန်သည်ဟု ယူမှတ်မှု၊ မာနထောင်လွှားမှု၊ မိမိကိုယ်ကို ကျေနပ်မှုနှင့် အားရမှုတို့မှ ကိုယ့်ကိုယ်ကိုယ် သန့်စင်စေရန် အချိန်တိုင်း အသင့်ရှိရမည်၊ ထိုအရာတစ်ခုစီမှာ ငါတို့၏ ဆိုးယုတ်သော စိတ်သဘောထားမှ ပေါက်ဖွားလာခဲ့ခြင်း ဖြစ်သည်။ ငါတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်ခံရန် ငါတို့၏စိတ်နှလုံးများကို ဖွင့်ထားရမည်၊ ငါတို့သည် ငါတို့၏အသက်တာများကို ပုံမှန်အတိုင်း ရှင်သန်စဉ်တွင် သူ၏နှုတ်ကပတ်တော်များကို အမှီပြုရမည်။ ငါတို့သည် သူ၏နှုတ်ကပတ်တော်ကို တွေ့ကြုံခံစား၍၊ သေချာမှု ရှိရမည်၊ ထို့အပြင် သူ၏နှုတ်ကပတ်တော်အပေါ် နားလည်ခြင်း ရှိကာ၊ သူ၏နှုတ်ကပတ်တော်ကို ငါတို့၏ အသက်တာ ဖြစ်စေရမည်။ ဤသည်မှာ ငါတို့၏ ဘဝပေးတာဝန်ပေတည်း။ ငါတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် အသက်ရှင်သည့်အခါမှသာ အောင်ပွဲခံခြင်း ဖြစ်သည်။

Friday, September 20, 2019

【Live】Myanmar Subtitle movie | ကယ်တင်ခံရခြင်းနဲ့ စစ်မှန်တဲ့ကယ်တင်ခြင်းတို့ကြား ခွဲခြားနည်း။


ကြည့်ပြီးနောက် အကျိုးရလ


God is the Ruler of the universe. We have enjoyed the air, the sun and the rain created by God, so we should worship God. Amen.



အနှစ်နှစ်ထောင်ကြာ၊ သခင့်ကို ယုံကြည်သူများစွာက သခင့်ကို ယုံကြည်ခြင်းကနေတဆင့် သူတို့ရဲ့ အပြစ်တွေ ဖြေလွှတ်ခံရတဲ့သူတွေဟာ ကိုယ်တော်ရဲ့ ကျေးဇူးတော်အောက်မှာရှိပြီး ကယ်တင်ခံရကြတယ်၊ ပြီးတော့ နှိမ့်ချခြင်းနဲ့ သည်းခံခြင်းတွေကို ကျွန်တော်တို့ ကျင့်သုံးနိုင်ရင်၊ ကျွန်တော်တို့ရဲ့ ကားတိုင်ကိုထမ်းပြီး အဲဒီလို ကောင်းမြတ်တဲ့ လုပ်ရပ်များစွာကို ပြသနိုင်ရင် ဒါက ကျွန်တော်တို့ဟာ ပြောင်းလဲမှုတစ်ခုကို ကြုံပြီးပြီလို့ ဆိုလိုတယ်ဆိုပြီး ယုံကြည်ခဲ့ကြတယ်။သူတို့က ဒီလိုနည်းလမ်းနဲ့ ကျွန်တော်တို့ အမြဲရှာဖွေနိုင်ရင် နောက်ဆုံးမှာ ကောင်းကင်နိုင်ငံတော်ထဲကို ကျွန်တော်တို့ ချီဆောင်ခံရနိုင်တယ်လို့လည်း ယုံကြည်ကြတယ်။အမှန်တရားတွေက တကယ် ဒီလိုပဲလား သခင့်ကို ယုံကြည်ပြီးတဲ့နောက် ကောင်းတဲ့လုပ်ရပ်တစ်ချို့ကို ကျွန်တော်တို့ ပြနိုင်ပေမယ့်လည်း၊ ကျွန်တော်တို့ မကြာခဏ အပြစ်ပြုမိကြသလို အပြစ်ရဲ့ချည်နှောင်တာ ခံရတယ်လေ ဒါက စစ်မှန်တဲ့ ကယ်တင်ခြင်းကို ကျွန်တော်တို့ရပြီးပြီလို့ ဆိုလိုသလား။ ဒါဆိုရင် ကယ်တင်ခံရခြင်းဆိုတာ ဘာဖြစ်ပြီး စစ်မှန်တဲ့ ကယ်တင်ခြင်းက ဘာများလဲ။ ကယ်တင်ခံရခြင်းနဲ့ စစ်မှန်တဲ့ ကယ်တင်ခြင်းတို့ကြား ခြားနားမှု အတိအကျက ဘာလဲ။

ဒီအရာအားလုံးနဲ့ နောက်ထပ်အကြောင်းအရာတွေကို ထုတ်ဖော်ပြတဲ့ ဒီအစီအစဉ်အတွက် ကျွန်တော်တို့နဲ့အတူ ပူးပေါင်းပါဝင်လိုက်ပါ။

ယုံကြည်ခြင်း, ကျေးဇူးတော်, အသင်းတော်, ဆုတောင်း, သက်သေခံချက်များ

ဆက်သွယ်မှုများ

Sunday, September 1, 2019

New Myanmar Christian Song (ဘုရားရဲ့ အောင်နိုင်မှုသင်္ကေတများ)


New Myanmar Christian Song (ဘုရားရဲ့ အောင်နိုင်မှုသင်္ကေတများ)

လူတို့ကို နဂိုပုံစံအတိုင်းပြန်ဖြစ်စေတယ်
သူတို့တာဝန် သူတို့ကျေပွန်ပြီး ကိုယ့်နေရာမှာကိုယ်နေ
ဘုရားရဲ့အစီအစဉ်အားလုံးကို နာခံမယ်
ဘုရားသည် သူ့ကိုကိုးကွယ်တဲ့သူတွေကို ကမ္ဘာပေါ်မှာ ထားမယ်
သူ့ကိုကိုးကွယ်တဲ့ တိုင်းပြည်ကိုလည်း ကမ္ဘာမှာ တည်ဆောက်မယ်
သူ့ကိုကိုးကွယ်တဲ့ တိုင်းပြည်ကိုလည်း ကမ္ဘာမှာ တည်ဆောက်မယ်
ကမ္ဘာပေါ်မှာ ထာဝရအောင်နိုင်ခြင်းကို ရရှိမယ်
သူ့ကိုဆန့်ကျင်သူများ ထာဝရပျက်စီးမယ်
ဒါ လူတို့ကို ဖန်ဆင်းချိန်တုန်းက
မူလ ရည်ရွယ်ချက်အတိုင်း ပြန်ဖြစ်စေမယ်
အားလုံးကို ဖန်ဆင်းချိန်တုန်းက ရည်ရွယ်ချက် အတိုင်း ပြန်ဖြစ်စေမယ်
ကမ္ဘာပေါ်မှာ သူ့အာဏာကို ပြန်ရရှိမယ်
အရာအားလုံးပေါ်၊ ရန်သူအားလုံးထဲမှာ ဘုရားအာဏာ
ဒါဟာဘုရားရဲ့ အကြွင်းမဲ့အောင်နိုင်မှုရဲ့ သင်္ကေတပါ
ဒါဟာဘုရားရဲ့ အကြွင်းမဲ့အောင်နိုင်မှုရဲ့ သင်္ကေတပါ

Friday, August 9, 2019

2019 Myanmar Gospel Song (လူသားမျိုးနွယ်အပေါ် ဘုရား၏သနားခြင်း)



သနားခြင်းကို အလွန် ချစ်ခင်မြတ်နိုးခြင်းဟု အဓိပ္ပာယ်ဖွင့်နိုင်၊

သနားခြင်းကို မြတ်နိုးခြင်း၊ ကွယ်ကာခြင်းဟုလည်း ဆိုနိုင်၊

သနားခြင်းသည် မနာကျင်စေလို ခြင်းဟု အဓိပ္ပာယ်ရနိုင်၊

သနားခြင်းသည် နူးညံ့သိမ်မွေ့ခြင်းဟု အဓိပ္ပာယ်ရနိုင်၊

ဖန်ဆင်းရှင်သာ လူသားအပေါ် သနားကြင်နာ၊

ဖန်ဆင်းရှင် သူတို့ပေါ် အဆုံးမဲ့ချစ်ခြင်းမျိုး ထားရှိ၊

ဖန်ဆင်းရှင်သာ လူသားအပေါ် ကရုဏာကို ပေးအပ်၊

သူ၏ဖန်ဆင်းသောအရာအားလုံးကို ချစ်ခင်မြတ်နိုးတတ်၊

သနားခြင်းက သိမ်မွေ့သော မေတ္တာနှင့်ချစ်ခြင်းကို ဖော်ပြနိုင်၊

သနားခြင်းကို မစွန့်လွှတ်လိုခြင်းဟု အနက်ဖွင့်နိုင်၊

သနားခြင်းသည် လူသားအပေါ် ထားရှိသော

ဘုရား၏ကရုဏာနှင့်သည်းခံခြင်းပင်၊

ဒီစကားများ ဘုရားရဲ့စိတ်ထားနှင့်နှလုံးသားကို ဖော်ပြ၊

ဖန်ဆင်းရှင်သာ လူသားအပေါ် သနားကြင်နာ၊

ဖန်ဆင်းရှင် သူတို့ပေါ် အဆုံးမဲ့ချစ်ခြင်းမျိုး ထားရှိ၊

ဖန်ဆင်းရှင်သာ လူသားအပေါ် ကရုဏာကို ပေးအပ်၊

သူ၏ဖန်ဆင်းသောအရာအားလုံးကို ချစ်ခင်မြတ်နိုးတတ်၊

Thursday, July 25, 2019

သမ္မာကျမ်းစာကို ဘုရားသခင်ကမဟုတ်ဘဲ လူကစုစည်းထားခြင်းဖြစ်သည်။ သမ္မာကျမ်းစာသည် ဘုရားသခင်ကို ကိုယ်စားမပြုနိုင်ပါ။

သမ္မာတရား, သမ္မာကျမ်းစာ, ယေရှု, ထာဝရအသက်, ခရစ်တော်,

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

"ကျမ်းစာအားဖြင့် ထာဝရအသက်ကိုရမည်ဟု စိတ်ထင်နှင့် သင်တို့သည် ကျမ်းစာကိုစေ့စေ့ကြည့်ရှု ကြ၏။ ထိုကျမ်းစာပင်ငါ၏သက်သေဖြစ်၏။ သင်တို့သည် အသက်ကိုရအောင် ငါ့ထံသို့ လာခြင်းငှါအလိုမရှိကြ။" (ယောဟန် ၅:၃၉-၄၀)

"ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။ ငါ့ကို အမှီ မပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။" (ယောဟန် ၁၄:၆)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

သမ္မာကျမ်းစာသည် ဣသရေလနိုင်ငံတွင်းက ဘုရားသခင် လုပ်ဆောင်မှု၏ သမိုင်း မှတ်တမ်းဖြစ်ပြီး ရှေးခေတ် ပရောဖက်များ၏ အနာဂတ္တိဟောကြားချက် အများအပြားကို လည်းကောင်း၊ ထိုစဉ်တုန်းက ယေဟောဝါ၏ ဖွင့်ဆိုချက် အချို့ကိုလည်းကောင်း မှတ်တမ်းတင်ထားသည်။ သို့ဖြစ်သောကြောင့် လူများသည် (ဘုရားသခင်က သန့်ရှင်းပြီး ကြီးမြတ်သူဖြစ်၍) ထိုကျမ်းစာကို သန့်ရှင်းသည်ဟု ခံယူကြသည်။ ၎င်းသည် ယေဟောဝါကို သူတို့၏ ရိုသေလေးမြတ်မှုနှင့် ဘုရားသခင်ကို သူတို့၏ ကြည်ညိုမှု၏ ရလဒ်ဖြစ်သည်မှာ အမှန်ပင်ဖြစ်၏။ ထိုကျမ်းစာကို လူများက ယင်းကဲ့သို့သာ ရည်ညွှန်းကြခြင်းမှာ ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါများသည် ၎င်းတို့၏ ဖန်ဆင်းရှင်ကို အလွန်မြတ်နိုးကြ၍ဖြစ်ပြီး ထိုစာအုပ်အား ကောင်းကင်ဘုံနှင့်ဆိုင်သော ကျမ်းစာဟူ၍ပင် ခေါ်ဝေါ်သူများ ရှိကြသည်။ စင်စစ်အားဖြင့် ၎င်းသည် လူသားများ၏ မှတ်တမ်းမျှသာ ဖြစ်ပါသည်။ ကျမ်းစာကို ယေဟောဝါကိုယ်တိုင်မှ အမည်ပေးထားခြင်း မဟုတ်သကဲ့သို့၊ ယေဟောဝါကိုယ်တိုင်က ထိုကျမ်းစာ ဖြစ်ပေါ်လာရန် လမ်းမညွှန်ခဲ့ချေ။ တစ်နည်းပြောရလျှင်၊ ထိုကျမ်းစာကို ရေးခဲ့သူမှာ ဘုရားသခင် မဟုတ်ဘဲ လူသားများဖြစ်သည်။ သန့်ရှင်းသော သမ္မာကျမ်းစာဟူသည်မှာ လူများက ပေးခဲ့သည့် လေးစားထိုက်သော အမည်သာဖြစ်သည်။ ယေဟောဝါနှင့် ယေရှုတို့က တစ်ဦးနှင့်တစ်ဦး ဆွေးနွေးခဲ့ကြသည့်နောက်မှာ ဆုံးဖြတ်လိုက်ကြသည့် အမည်မဟုတ်ဘဲ၊ လူများ၏ စိတ်ကူး သက်သက်သာ ဖြစ်ပါသည်။ အကြောင်းမှာ ထိုစာအုပ်ကို ယေရှုက ရေးသားခဲ့ရန် မဆိုထားနှင့် ယေဟောဝါပင် မရေးသားခဲ့ချေ။ ထိုအစား၊ ၎င်းသည် များပြားလှသည့် ရှေးခေတ် ပရောဖက်များ၊ တမန်တော်များနှင့် ရှေ့ဖြစ်ဟောသူများ၏ ဖြစ်စဉ်များ ဖြစ်ပြီး၊ နောက်ပိုင်း မျိုးဆက်များက ရှေးခေတ် ရေးသားချက်များအဖြစ် စုစည်း ပေးလိုက်ကြ၍၊ လူများအနေနှင့် အထူးကို သန့်ရှင်းသော ကျမ်းစာအုပ်ကြီး၊ အနာဂတ် မျိုးဆက်များက ဖြေရှင်းပေးကြရမည်ကို စောင့်စားနေကြသည့် နက်ရှိုင်း သိမ်မွေ့လျက် နက်နဲရာများပါဝင်သော ကျမ်းစာအုပ်ပင်ဖြစ်သည်ဟု ယုံကြည်ကြသည်။ သို့ဖြစ်၍၊ လူများက ထိုစာအုပ်သည် ကောင်းကင်ဘုံနှင့်ဆိုင်သော ကျမ်းစာဟု သာ၍ ယုံကြည်လိုကြသည်။ ခရစ်ဝင်ကျမ်း လေးကျမ်းနှင့် ဗျာဒိတ်ကျမ်း စာအုပ်ကို ထည့်ပေးထား၍၊ ယင်းကျမ်းစာဆိုင်ရာ လူများ၏ စိတ်ထားသည် အခြားမည်သည့် စာအုပ်နှင့်မျှမတူဘဲ ခြားနားသောကြောင့်၊ မည်သူမျှ အထူးမြင့်မြတ်သည့် ယင်းကောင်းကင်ဘုံနှင့်ဆိုင်သော ကျမ်းစာအုပ်ကို ခွဲခြမ်း ဆန်းစစ်ခြင်းကို မလုပ်ရဲကြပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "သမ္မာကျမ်းစာနှင့် ပတ်သက်ပြီး တင်ပြချက် (၄)" မှ

Monday, July 8, 2019

ဧဝံဂေလိ ဂီတ | နိုင်ငံတော်ခေတ်တွင် ဘုရားသခင်သည် လူသားကို နှုတ်ကပတ်တော်အားဖြင့် စုံလင်စေ

နှုတ်ကပတ်ဓမ္မတေးများ, သမ္မာတရား, အသက်, ဘုရားသခင်, ထာဝရအသက်,



I
ယခုခေတ်တွင် သင်တို့ကြား၌ ဤအရာများကို ဘုရား
ပြည့်စုံစေမည် - အားလုံး ဘုရား၏သမ္မာတရားကို ကျင့်သုံး၊
အားလုံး နှုတ်ကပတ်တော်နှင့် အသက်ရှင်နေထိုင်ပြီး
စိတ်နှလုံးသားများနဲ့ သူ့ကိုချစ်သည်
ဘုရား၏နှုတ်ကပတ်တော်သည် သူတို့ဘဝ၏မူလ အခြေခံဖြစ်သည်
ထိုသူအားလုံး၌ ဘုရားကို
ကြောက်ရွံ့တတ်သောနှလုံးသားများ ရှိသည်
နှုတ်ကပတ်တော်ကို လိုက်နာကျင့်သုံးခြင်းဖြင့်
သူတို့ ဘုရားသခင်နဲ့စိုးစံကြလိမ့်မည်
နှုတ်ကပတ်တော်သာ လူကို အသက်ပေးသည်
နှုတ်ကပတ်တော်သာ လူကို အလင်းသို့ ပို့ဆောင်ပြီး
လိုက်နာကျင့်သုံးရမည့်နည်းလမ်းကို ညွန်ပြပေးနိုင်သည်
ထိုအချက်ဟာ နိုင်ငံတော်ခေတ်တွင် ပိုမှန်ကန်သည်
နှုတ်ကပတ်တော်တွေက လူကို ထိန်းချုပ်သည်၊
နှုတ်ကပတ်တော်ဟာ အစားအစာနှင့်ခွန်အားဖြစ်သည်
ထိုနှုတ်ကပတ်တော်ကို သုံးဆောင်သောအခါ ကျန်းမာသည်၊
မသုံးဆောင်က သွားရမည့်လမ်းကို တွေ့မည်မဟုတ်
ကျမ်းစာ၌ ဆိုသည်ကား
လူသည် မုန့်အားဖြင့်သာ အသက်ရှင်သည်မဟုတ်
ဘုရားသခင်၏နှုတ်မှ လာသော နှုတ်ကပတ်တော်အားဖြ
င့် အသက်ရှင်သည်
ယခု ဘုရားသခင်သည် ထိုအရာကို သင်တို့၌ပြည့်စုံစေမည်

Monday, July 1, 2019

၂။ လူ့ဇာတိခံယူခြင်းဆိုသည်မှာ အဘယ်နည်း။ လူ့ဇာတိခံယူခြင်း၏ အနှစ်သာရမှာ အဘယ်နည်း။

ဘုရားသခင်, သမ္မာတရား, ယေရှု, ထာဝရအသက်, ခရစ်တော်,

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ -

"နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကို ခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသောသားတော်၏ ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။" (ရှင်ယောဟန်ခရစ်ဝင် ၁:၁၄)

"ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။" (ရှင်ယောဟန်ခရစ်ဝင် ၁၄:၆)

"ယေရှုက၊ ဖိလိပ္ပု၊ ဤမျှကာလပတ်လုံး ငါသည်သင်တို့နှင့်အတူရှိပြီးမှ သင်သည် ငါ့ကို မသိသေး သလော။ ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏။ သို့ဖြစ်လျှင်၊ ခမည်းတော်ကို အကျွန်ုပ်တို့အား ပြ တော်မူပါဟု သင်သည်အဘယ်သို့ဆိုသနည်း။ ငါသည် ခမည်းတော်၌ ရှိသည်ကို၎င်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကို၎င်း မယုံသလော။ ငါဟောပြောသောစကားကို ကိုယ်အလိုအလျောက် ငါဟောပြောသည်မဟုတ်။ ငါပြုသောအမှုတို့ကား၊ ငါ၌ တည်နေတော်မူသော ခမည်းတော်သည် ပြုတော်မူ၏။ ငါသည် ခမည်းတော်၌ ရှိသည်ကို၎င်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကို၎င်း ယုံကြလော။ ငါ့ စကားကို မယုံလျှင်၊ ငါ့အမှုတို့ကိုထောက်၍ ယုံကြလော့။" (ရှင်ယောဟန်ခရစ်ဝင် ၁၄:၉-၁၁)

"ငါသည် ငါ့ခမည်းတော်နှင့်တလုံးတဝတည်းဖြစ်သည်ဟု မိန့်တော်မူ၏။" (ရှင်ယောဟန်ခရစ်ဝင် ၁၀:၃၀)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ -

လူ့ဇာတိခံယူခြင်း၏ အဓိပ္ပာယ်မှာ ဘုရားသခင်သည် လူ့ဇာတိတွင် ပေါ်ထွန်းပြီး၊ သူ၏ ဖန်ဆင်းခြင်းဖြစ်သည့် လူတို့အကြားထဲတွင် အလုပ်လုပ်ရန် လူ့ဇာတိပုံသဏ္ဌာန်ကို ဆောင်လျက် ကြွဆင်းလာခြင်းကို ဆိုလိုသည်။ ထို့ကြောင့် ဘုရားသခင်အဖို့ လူ့ဇာတိခံယူရန်မှာ ရှေးဦးစွာ သူသည် သာမန်လူ့သဘာဝနှင့် ဇာတိခန္ဓာ ဖြစ်လာရမည်၊ အနည်းဆုံးအနေနှင့် ဤအရာမှာ မှန်ကန် ရမည်ဖြစ်သည်။ အမှန်တွင်တော့ ဘုရားသခင် လူ့ဇာတိခံယူခြင်း၏ အနက်အဓိပ္ပာယ်မှာ ဘုရားသခင်သည် လူ့ဇာတိထဲတွင် အသက်ရှင်၍ အလုပ်လုပ်ခြင်းပင် ဖြစ်ပြီး၊ ဘုရားသခင်သည် သူ၏ ပကတိသဘာဝက လူ့ဇာတိခံယူခြင်း၊ လူသားတစ်ယောက် ဖြစ်လာခြင်းပင် ဖြစ်သည်။


နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "ဘုရားသခင် ကိန်းဝပ်သော ဇာတိခန္ဓာ၏ အနှစ်သာရ" မှ

Monday, June 24, 2019

ခရစ်ယာန်သီချင်း | ဘုရားသခင်ကို ချစ်သောသူတို့သည် မင်္ဂလာရှိ၏

ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ, ထာဝရအသက်, ဘုရားသခင်, ခရစ်ယာန်ဓမ္မသီချင်း, ဘုရားသခင်၏ချစ်ခြင်း,


I
ဘုရားကိုချစ်သောသူ ဘုရားရဲ့သက်သေခံနိုင်သူ
ဘုရားရဲ့ကောင်းချီးနဲ့ ကတိတော်များရှိ
ဘုရားကိုချစ်သောသူ ဘုရားရဲ့သားသမီး ယုံကြည်သူ
ဘုရားရဲ့ကောင်းချီး မျှဝေခံစားစေ
ထိုသူတို့ထာဝရအသက်ရှင်
ဘုရားအားအမှန်ချစ်သောသူတွေသာ
အဖိုးထိုက်ဆုံးအဓိပ္ပာယ်နဲ့ အသက်ရှင်
ထိုသူတို့သာဘုရား၌ အစစ်အမှန် ယုံကြည်သောသူများဖြစ်၍
ဘုရားအားချစ်သောသူ မင်္ဂလာရှိသောသူ
ဘုရားသခင်ကိုချစ်သူတို့
မြေကြီးစွန်းတိုင်အောင်လွတ်လပ်စွာ အရောက်သွားပြီး
ဘုရားအားချစ်သောသူသည် မင်္ဂလာရှိ၏
ဘုရားသခင်ရဲ့သက်သေအား စကြာဝဠာ အဆုံးထိတိုင် ဝေငှမယ်
ဘုရားအားချစ်သောသူ မင်္ဂလာရှိသောသူ
ဘုရားအမှုတော်အတွက် ဆောင်ရွက်သူတို့်
ရန်ဘက်မရှိ သွားလာနိုင်ကြပြီ
ဘုရားရဲ့လူမျိုးတကာတို့ အားလုံးကိုအုပ်စိုး လောကစိုးစံ
ဘုရားကိုချစ်သောသူ ဘုရားကကောင်းချီးပေး
ထိုသူတို့သည် ဘုရားအလင်း၌ အသက်ရှင်လိမ့်မည်
အဖိုးထိုက်ဆုံးအဓိပ္ပါယ်ရှိဆုံး တို့အသက်ရှင်
ဘုရားကိုချစ်သောသူ မင်္ဂလာရှိသောသူ
ထိုသူတို့ကမ္ဘာအရပ်ရပ်မှ လာကြစုရုံးကြပြီး
ဘာသာစကား အသားရောင်များကွဲလည်း
ဘဝခံယူချက်တူ
ဘုရားကိုချစ်ခြင်းထပ်တူ တူညီသောဘုရားသက်သေ
ဘုရားကိုချစ်သောသူ မင်္ဂလာရှိသောသူ
ဘုရားသခင်ကိုချစ်သူတို့
မြေကြီးစွန်းတိုင်အောင်လွတ်လပ်စွာ အရောက်သွားပြီး
ဘုရားအားချစ်သောသူသည် မင်္ဂလာရှိ၏
ဘုရားသခင်ရဲ့သက်သေအား စကြာဝဠာ အဆုံးထိတိုင် ဝေငှမယ်
ဘုရားအားချစ်သောသူ မင်္ဂလာရှိသောသူ
ဘုရားအားချစ်သောသူ မင်္ဂလာရှိသောသူ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ

များပြားသောအကြံပြုချက်များ

ခရစ်ယာန်ဓမ္မသီချင်း | “ဘုရားရဲ့ချစ်ခြင်းမေတ္တာကို အဘယ်ဖန်ဆင်းခြင်းသတ္တဝါမှ မပိုင်ဆိုင်” ၂၀၁၈ lyrics

Saturday, June 8, 2019

နှုတ်ကပတ်တော်ဓမ္မသီချင်း (ထာဝရအသက်၏မူလအရင်းအမြစ် ကို သင်သိပါသလား)

Myanmar Gospel Song (ထာဝရအသက်၏မူလအရင်းအမြစ် ကို သင်သိပါသလား)


ဘုရားဟာ လူ့အသက်ရဲ့အရင်းအမြစ်၊
ဘုရားရဲ့တန်ခိုးတော်ကြောင့် ကောင်းကင်နဲ့မြေကြီး တည်ရှိ
ဘယ်သက်ရှိအရာမျှ ဘုရားရဲ့အုပ်စိုးခြင်း၊
အခွင့်တန်ခိုးနဲ့ မလွတ်ကင်းနိုင်ပါ
ဘယ်သူဖြစ်ဖြစ်၊ လူသားတိုင်း ဘုရားကို နာခံရမည်
ဘုရား၏အုပ်စိုးခြင်း၊ အခွင့်အာဏာနဲ့ပညတ်ချက်ကို လိုက်နာရမည်
အသက်နဲ့သမ္မာတရားကို ရှာဖွေဖို့၊
ထာဝရအသက်ရဖို့ အားကိုးနိုင်မည့် ဘုရားကိုရှာဖို့
သင် စိတ်ထက်သန် ရင် ထက်သန်မယ်
သင် ထာဝရအသက်ရလိုရင် မူလအရင်းအမြစ်၊ ဘုရားရှိရာ ရှာဖွေပါ
ဘုရားဟာ မပြောင်းလဲသော အသက်တာပါ၊ သူ၌သာ အသက်လမ်းရှိ
ဘုရားဟာ အသက်လမ်းမို့ ထာဝရအသက်သို့ သွားရာ လမ်းဖြစ်တယ်

Sunday, June 2, 2019

ကခုန် ချီးမွမ်းခြင်း (လူသား ပေါ်ထွန်းလာခဲ့ပြီ)

Myanmar Christian Song (လူသား ပေါ်ထွန်းလာခဲ့ပြီ) | The Savior Jesus Has Returned to the World


ကမ္ဘာမြေကြီး၏ အရှေ့အရပ်မှ

(အရှေ့အရပ် … အရှေ့အရပ် …) ၊

လင်းရောင်ခြည်တစ်ခု ထွက်ပေါ်ပြီ

(လင်းရောင်ခြည် … လင်းရောင်ခြည် …) ၊

အနောက်အရပ်ဘက် တစ်လျှောက်လုံး ထွန်းလင်းလျက်နေ။

မြေကြီးပေါ် လူသား ဆင်းကြွခဲ့လေပြီ။

Monday, May 27, 2019

ဘုရားသခင်၌သာ အသက်လမ်းရှိ

Feeling after watching: "God’s life force prevails over all power; and it exceeds all power. His life is eternal, His power is extraordinary." Listening to this hymn reminds me of the Lord Jesus overcame death two thousand years ago. He exceeded the power of Satan's darkness, resurrected from the dead. God's life is never extinguished; in the last days, God comes to the earth again, expresses the truth to save mankind, and gives us the way of eternal life. Only God is the truth, the way, and the life. Sharing hymn "Only God Has the Way of Life"


ခရစ်ယာန်ဓမ္မသီချင်း | ဘုရားသခင်၌သာ အသက်လမ်းရှိ


အသက်လမ်းဟာ လူတိုင်းပိုင်သောအရာမဟုတ်ဘူး

လူတိုင်း အလွယ်အကူ ရယူနိုင်သော အရာမဟုတ်ဘူး

အသက်မှာ ဘုရားဆီကသာ လာသည်မို့

ဘုရားသခင်၌သာ အသက်၏အခြေအမြစ် ရှိ

ဘုရားသခင်၌သာ အသက်လမ်းရှိ

ဘုရားသခင်သာ အသက်၏မူလအစ

အစဉ်စီးဆင်းနေသော အသက်စမ်းရေ ဇာစ်မြစ်

ကမ္ဘာကြီးကို ဖန်ဆင်းခဲ့ချိန်မှ လူသားတို့ကို အသက်ပေးသော

ဘဝအားအင် အပါအဝင် အမှုတော်များစွာ ဘုရားသခင် ပြုခဲ့

လူသားများ အသက်ရဖို့ ကြီးမားသော အဖိုးအခ သူပေးခဲ့

ဘုရားရှင်ကိုယ်တိုင်သည် ထာဝရအသက်ဖြစ်ပေမို့

ဘုရားသည် လူတို့ရှင်ပြန်ထမြောက်ခြင်း

အခွင့်ရသော လမ်းပင်ဖြစ်သည်

ဘုရားသည် လူတို့ရှင်ပြန်ထမြောက်ခြင်း အခွင့်ရသော လမ်းပင်ဖြစ်

ဘုရားသခင် လူသား၏နှလုံးသားနဲ့ဘယ်တော့အခါမှ မဝေးကွာ

လူသားတို့ကြားမှာ သူအမြဲတမ်းရှိနေသည်

သူဟာ လူသားတို့ ရှင်သန်ရန် တွန်းအား

လူသားတို့ဖြစ်တည်မှုအုတ်မြစ်နှင့်

ရှင်သန်ရန် လုံခြုံသော အာမခံချက်

လူသားတို့ကို တစ်ဖန်မွေးဖွားစေသူ

လူသားတို့ကို တစ်ဖန်မွေးဖွားစေသူ

လူသားတို့ကို အမျိုးမျိုး ကြံ့ခိုင်စွာ ရှင်သန်စေ

ဘုရားသခင်၌သာ အသက်၏အခြေအမြစ် ရှိ

ဘုရားသခင်၌သာ အသက်လမ်းရှိ

ဘုရားသခင်၌သာ အသက်၏အရင်းအမြစ်

အစဉ်စီးဆင်းနေသော အသက်စမ်းရေ ဇာစ်မြစ်

ဘုရား၏တန်ခိုးနဲ့ အစဉ်တည်မြဲသော သူ၏ဘဝခွန်အားကြောင့်

ခေတ်တွေဆက်ဆက် လူသားတို့ အသက်ရှင်ခဲ့သည်

ဘုရား၏အသက်စွမ်းအားသည် လူကို အစဉ်မပြတ်ပံ့ပိုး

သာမန်လူသားများ မပေးဆပ်ဖူးသော

အဖိုးအခကို သူသည်ပေးဆပ်ခဲ့သည်

Saturday, May 25, 2019

စိတ်ဝင်စားဖွယ်ရာ ဗွီဒီယို အပိုင်းအစ (၁) ကျွန်တော့်သခင် ဘယ်သူလဲ ဇာတ်လမ်းတို - ခြောက်ကပ်နေသော အသင်းတော် ပြန်လည်နိုးကြားလာခြင်း

Myanmar Gospel Movie | စိတ်ဝင်စားဖွယ်ရာ ဗွီဒီယို အပိုင်းအစ (၁) ကျွန်တော့်သခင် ဘယ်သူလဲ ဇာတ်လမ်းတို - ခြောက်ကပ်နေသော အသင်းတော် ပြန်လည်နိုးကြားလာခြင်း



အကြီးအကဲ လောင်ကျင်းကျုံရဲ့ အသင်းတော်မှ ညီအစ်ကိုမောင်နှမများက အစည်းအဝေးမှာ သမ္မာကျမ်းစာရဲ့ ချည်နှောင်ခြင်းကို ဖယ်ရှားပြီးနောက်၊ နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်အကြောင်းကို အွန်လိုင်းပေါ်ကနေ ဖတ်ခဲ့ကြပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ဖတ်ခြင်းဖြင့်၊ သူတို့ဟာ အသက်စမ်းရေနဲ့ အားဖြည့်နိုင်ခဲ့ကြပြီး၊ သူတို့ရဲ့ မူလယုံကြည်ခြင်း၊ ချစ်ခြင်းတွေ ပြန်လည်ရရှိလာပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ ဒုတိယအကြိမ်ပြန်ကြွလာတဲ့ သခင်ယေရှုပဲဆိုတာ သူတို့ရဲ့ နှလုံးသားထဲမှာ သေချာခဲ့ပါတယ်။ အကြီးအကဲ လောင်ကျင်းကျုံက ဒါကိုမြင်တွေ့လိုက်ရတဲ့အခါ၊ သမ္မာကျမ်းစာကို ထားခဲ့ပြီး၊ နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်ကို ရှာဖွေဖို့ စုံစမ်းခဲ့လား။ ကျေးဇူးပြုပြီး ဒီဗီဒီယိုအပိုင်း​လေးကို ကြည့်ရှုပေးပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို တမ်းတနေကြသောသူ တို့အတွက် နှုတ်ကပတ်တော် ဝေငှပေးပါမယ်နော်

နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်

Friday, May 17, 2019

လူ့ဇာတိခံယူခြင်းဆိုသည်မှာ အဘယ်နည်း။ လူ့ဇာတိခံယူခြင်း၏ အနှစ်သာရမှာ အဘယ်နည်း။

ဘုရားသခင်, ခရစ်တော်, ဆုတောင်း, ထာဝရအသက်, အသက်,

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ -

လူ့ဇာတိခံယူခြင်း ဆိုသည်မှာ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဇာတိခန္ဓာ ခံယူခြင်းကို ဆိုလိုသည်၊ ဘုရားသခင် ဇာတိခန္ဓာ ဖြစ်လာခြင်းပင် ဖြစ်သည်၊ လူ့ဇာတိတွင် သူပြုသော အလုပ်မှာ ဇာတိခန္ဓာတွင် ဖော်ဆောင်သော၊ ဇာတိခန္ဓာအားဖြင့် ဖော်ပြသော ဝိညာဉ်တော်၏ အလုပ်ပင်ဖြစ်သည်။ ဘုရားသခင်၏ ဇာတိခန္ဓာမှလွဲ၍ မည်သူ တစ်ဦးတစ်ယောက်ကမျှ လူ့ဇာတိခံယူသော ဘုရားသခင်၏ သာသနာကို ဖြည့်စွမ်းနိုင်ခြင်း မရှိပါ၊ ဆိုလိုသည်မှာ အခြားအရာ တစ်ခုမျှ မဟုတ်ဘဲ၊ ဘုရားသခင် ခံယူထားသော လူ့ဇာတိ တစ်ခုတည်းသာ၊ ဤသာမန် လူ့သဘာဝ တစ်ခုတည်းသာ ဘုရားသဘောသဘာဝ၏ အလုပ်ကို ဖော်ပြနိုင်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "ဘုရားသခင် ကိန်းဝပ်သော ဇာတိခန္ဓာ၏ အနှစ်သာရ" မှ

Saturday, December 15, 2018

ခရစ်ယာန်ဓမ္မသီချင်း (ဘုရား စကားသည်လူသားတို့ လိုက်လျှောက်သင့်သောလမ်းခရီး)

အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် | ခရစ်ယာန်ဓမ္မသီချင်း (ဘုရား စကားသည်လူသားတို့ လိုက်လျှောက်သင့်သောလမ်းခရီး)


နှုတ်ကပတ်တော် ဓမ္မသီချင်း

ဘုရား စကားသည်လူသားတို့ လိုက်လျှောက်သင့်သောလမ်းခရီး


ခေတ်အဆက်ဆက် ဘုရား လောကတွင် အမှုတော်ဆောင်ရွက်စဉ်ခါ

လူတွေကို စကားတချို့ သူအမြဲမိန့်မှာ

သမ္မာတရားများ ဟောကြား

ဤသမ္မာတရားများ လူတို့စောင့်ထိန်းအပ်သောအကျင့်အဖြစ် တည်ရှိ

လူတို့စောင့်ထိန်းအပ်သော အကျင့်

လူတို့ ဘုရားကို ကြောက်ရွံ့ကာ ဒုစရိုက်ရှောင်ကြဉ်စေမည့်အကျင့်

သူတို့လိုက်နာစောင့်ထိန်းအပ်သော

သူတို့ဘဝခရီးမှာ အရေးကြီးသည့်အရာ

ဤအကြောင်းများကြောင့် ဘုရား သူတို့အား မိန့်မှာခဲ့

ဤစကားများ ဘုရားကိုယ်တိုင်ထံမှ လာသည်မို့

လူသားများ စောင့်ထိန်းအပ်

စောင့်ထိန်းနိုင်လျှင် သူတို့ အသက်ကို ရမည်

လူတို့ မလိုက်နာ မကျင့်ကြံလျှင်

သူတို့ဘဝတွင် ဘုရား၏နှုတ်ကပတ်တော်အတိုင်း မကျင့်လျှင်

သမ္မာတရားဖြင့် သူတို့အသက်မရှင်

Monday, November 19, 2018

ဘုရားသခင်၏ တရားစီရင်မှုနှင့် ဝေဖန်ပြစ်တင်မှုအကြား၌ ဘုရားသခင်ကို မြင်ခြင်း



ထာဝရအသက်, ခရစ်တော်, ယေရှု, ဘုရားသခင်, ဆုတောင်း,

သခင်ယေရှုခရစ်၏ သန်းရာပေါင်းများစွာသော အခြားနောက်လိုက်များ ကဲ့သို့ပင် ကျွန်ုပ်တို့သည် ကျမ်းစာထဲမှ ဥပဒေသများနှင့် ပညတ်ချက်များကို နာခံပြီး အသက်ရှင်သည်၊ သခင်ယေရှုခရစ်ထံမှလာသော များစွာသော ကျေးဇူးတော်၌ မွေ့လျော်ကြသည်၊ အတူတကွ စုဝေးပြီး ဆုတောင်းကြ၊ ချီးမွမ်းကြသည်၊ သခင်ယေရှုခရစ်၏ နာမ၌ အစေခံကြသည်။ ထိုအရာများ အားလုံးကို ကျွန်ုပ်တို့သည် သခင့်၏ စောင့်ရှောက်မှုနှင့် ကာကွယ်မှု အောက်၌ နေပြီး လုပ်ဆောင်ကြသည်။ ကျွန်ုပ်တို့သည် အားနည်းသလို ခံစားရသော အချိန်များရှိပြီး အားကြီးသလို ခံစားရသော အချိန်များလည်း ရှိသည်။ ကျွန်ုပ်တို့၏ အပြုအမူများ အားလုံးသည် သခင်၏ သွန်သင်မှုများနှင့် အညီ ဖြစ်သည်ဟု ကျွန်ုပ်တို့ ယုံကြည်ကြသည်။ ကျွန်ုပ်တို့သည် ကောင်ကင်နိုင်ငံ၌ရှိသောအဖ၏ အလိုကို နာခံလိုက်လျှောက်ကြသည်ဟု ထုတ်မပြောသော်လည်း ကိုယ့်ကိုယ်ကို ထိုသို့လုပ်နေသည်ဟု ယုံကြည်ကြသည်။ သခင်ယေရှု ပြန်လာမည့် အချိန်ကို ကျွန်ုပ်တို့ တောင့်တကြငည်၊ သခင်ယေရှု ဘုန်းနှင့်တကွ ရောက်လာမည်ကိုလည်း တောင့်တသည်၊ လောက၌ ကျွန်ုပ်တို့၏ အသက် အဆုံးသတ်မည့်အချိန်ကိုလည်း တောင့်တသည့်အပြင်၊ နိုင်ငံတော် ပေါ်ထွန်းဖို့ကိုလည်း တောင့်တသည်၊ ဗျာဒိတ်ကျမ်း၌ ကြိုတင်ဟောထားသည့် အရာတိုင်းကိုလည်း ကျွန်ုပ်တို့ တောင့်တကြငည်။ သခင်ရောက်လာသည်၊ ဘေးအန္တရာယ်ကို ခေါ်ဆောင်လာသည်၊ ကောင်းသောသူများကို ဆုချီးမြှင့်ပြီး မတရားသောသူများကို ဒဏ်ပေးသည်၊ သူ့နောက်သို့ လိုက်ပြီး သူ့ကို တွေ့ဆုံဖို့အတွက် သူပြန်လာတာကို ကြိုဆိုသောသူအားလုံးကို အထက်သို့ ဆောင်ယူသည်။ ထိုအကြောင်းကို ကျွန်ုပ်တို့ စဉ်းစားတိုင်း ကိုယ့်ကိုယ်ကို မထိန်းနိုင်ဘဲ စိတ်လှုပ်ရှားကြသည်။ ကျွန်ုပ်တို့သည် နောက်ဆုံးသော ကာလ၌ မွေးဖွားလာသူများ ဖြစ်သောကြောင့် ဘုရားသခင်ကို ကျေးဇူးတင်သည်၊ သခင် ပြန်လာတာကို မြင်တွေ့ခွင့်ရသည့် ကံကောင်းသူများ ဖြစ်သောကြောင့် ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။ ကျွန်ုပ်တို့သည် ဖိနှိပ်မှုကို ခံစားခဲ့ရသော်လည်း "အတိုင်းထက်အလွန် ကြီးမြတ်လေးလံသော နိစ္စထာဝရ ဘုန်းအသရေ"ကို ရရှိဖို့အတွက် ခံရခြင်း ဖြစ်သည်။ ထိုသို့ ခံရခြင်းသည် ကောင်းကြီးမင်္ဂလာတစ်ပါးပင် ဖြစ်သည်။ သခင်ပေးသည့် ထိုသို့သော တောင့်တမှုနှင့် ကျေးဇူးတော်ကြောင့် ကျွန်ုပ်တို့သည် မကြာခဏဆိုသလို တည်ကြည်လေးနက်စွာနှင့် ဆုတောင်းကြသည်၊ အကြိမ်သာ၍များများ တစုတစည်းတည်း ဖြစ်လာကြသည်။ နောက်နှစ်လည်း ဖြစ်ချင် ဖြစ်မည်၊ မနက်ဖြန်လည်း ဖြစ်ချင်ဖြစ်မည်၊ ဒါမှမဟုတ် သိပ်မကြာခင်မှာတောင် ဖြစ်ချင်ဖြစ်မည်၊ လူ မျှော်လင့်မထားသော အချိန်၌ သခင်သည် ရုတ်တရက် ရောက်လာလိမ့်မည်၊ သူ့ကို အာရုံစိုက်ပြီး စောင့်မျှော်နေသော လူတစ်စု အကြား၌ ပေါ်လာလိမ့်မည်။ သခင်ကိုယ်ထင်ပြသည်ကို မြင်ရသော ပထမဦးဆုံး လူအုပ်ဖြစ်စေရန်နှင့် ချီဆောင်ခြင်း ခံရမည့် သူများထဲမှ တစ်ဦး ဖြစ်စေရန်အတွက် ကျွန်ုပ်တို့အားလုံးသည် နောက်ကျ ကျန်ခဲ့လိုခြင်း မရှိဘဲ အချင်းချင်း တစ်ယောက်နှင့် တစ်ယောက် ပြိုင်နေကြသည်။ ဒီနေ့ရောက်လာဖို့အတွက် ကျွန်ုပ်တို့သည် ပေးဆပ်ရမည့်အရာကို အမှုမထားဘဲ အရာအားလုံးကို ပေးဆပ်ခဲ့ပြီးဖြစ်သည်။ တချို့က သူတို့၏ အလုပ်တွေကို စွန့်လွှတ်ခဲ့သည်၊ တချို့က သူတို့၏ မိသားစုများကို စွန့်လွှတ်ခဲ့ကြသည်၊ တချို့က သူတို့၏ အိမ်ထောင်ကို စွန့်လွှတ်ခဲ့ကြသည်၊ တချို့ဆိုလျှင် သူတို့ စုဆောင်းထားသမျှ အားလုံးကိုပင် ပေးလှူခဲ့ကြသည်။ ကိုယ်ကျိုးမငဲ့သော ဆက်ကပ်အပ်နှံမှုမျိုးပါတကား။ ထိုသို့သော ရိုးသားမှုနှင့် သစ္စာရှိမှုသည် အတိတ် ခေတ်အဆက်ဆက်က သူတော်စင်များထင်ပင် သာလွန်သောကြောင့် ဖြစ်မည်။ သခင်သည် သူ၏ ကျေးဇူးတော်အား သူပြချင်သည့် သူကို ပြသည်၊ သူ၏ ဂရုဏာအားလည်း သူထားချင်သောသူ အပေါ်၌ ထားသည်၊ ကျွန်ုပ်တို့၏ ဆက်ကပ်အပ်နှံမှုနှင့် ဘုရားသခင်အဖို့ အသုံးခံမှုကို သူ့မျက်စိများက မြင်ပြီးဖြစ်သည်ဟု ကျွန်ုပ်တို့ ယုံကြည်သည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ နှလုံးသားထဲမှလာသော ဆုတောင်းချက်များသည်လည်း သခင်ယေရှု၏ နားသို့ ရောက်ပြီးဖြစ်သည်၊ ကျွန်ုပ်တို့၏ ဆက်ကပ်အပ်နှံမှုအတွက် သခင်ယေရှုသည် ကျွန်ုပ်တို့ကို ဆုချလိမ့်မည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။ ထို့အပြင် ကမ္ဘာကြီးကို မဖန်ဆင်းမီ ကတည်းကပင် ဘုရားသခင်သည် ကျွန်ုပ်တို့အား သူ့ကျေးဇူးတော်ကို ပြခဲ့သည်။ ဘုရားသခင်ထံမှလာသော ကောင်းကြီးမင်္ဂလာနှင့် ကတိများကို ကျွန်ုပ်တို့ထံမှ မည်သူကမျှ ယူသွားမည် မဟုတ်။ ကျွန်ုပ်တို့အားလုံးသည် အနာဂတ်အတွက် အစီအစဉ်ဆွဲနေကြသည်၊ ကျွန်ုပ်တို့၏ ဆက်ကပ်အပ်နှံမှုနှင့် ဘုရားသခင်အဖို့ အသုံးခံမှုသည် အထက်သို့ ချီဆောင်ခြင်းခံရပြီး သခင်နှင့် တွေ့ဖို့ ညှိနှိုင်းရန် အသုံးပြုနိုင်သော အရာများဖြစ်ကြောင်းကို အသိအမှတ်မပြုဘဲ နေနေကြသည်။ ထို့အပြင် နည်းနည်းလေးမျှပင် မတွန့်ဆုတ်ဘဲ ကျွန်ုပ်တို့သည် အနာဂတ် ပလ္လင်ပေါ်၌ ကိုယ့်ကိုယ်ကို ထားကြသည်၊ နိုင်ငံများအားလုံးနှင့် လူအားလုံး အထက်၌နေကြသည် (သို့) ရှင်ဘုရင်များအဖြစ် စိုးစံကြသည်။ ထိုအရာများအားလုံးကို အလိုလိုရသောအရာများ၊ ကျွန်ုပ်တို့ ရဖို့ မျှော်လင့်သင့်သည့် အရာများအဖြစ် သဘောထားကြသည်။

Thursday, November 8, 2018

ခရစ်တော်နှင့် သဟဇာတမဖြစ်သောသူများသည် အကယ်စင်စစ် ဘုရားသခင်၏ အတိုက်အခံများဖြစ်ကြသည်

ယေဟောဝါ, ယေရှု, ထာဝရအသက်, ဘုရားသခင်, ခရစ်တော်
လူသားအားလုံး ယေရှု၏စစ်မှန်သောမျက်နှာကို မြင်လိုကြပြီး သူနှင့်အတူ ရှိလိုကြ၏။ ယေရှုကိုမတွေ့လိုကြောင်း သို့မဟုတ် ယေရှုနှင့်အတူမရှိလိုပါဟုပြောမည့် ညီအစ်ကို မောင်နှမများ တစ်ဦးတစ်ယောက်မျှရှိမည်မဟုတ်ကြောင်း ငါယုံကြည်သည်။ ယေရှုကို သင်တို့ မမြင်ဖူးမီ၊ ဆိုလိုသည်မှာ လူဇာတိခံယူထားသောဘုရားသခင်ကို သင်တို့မမြင်ဖူးမီ သင်တို့တွင် ဥပမာအားဖြင့် ယေရှု၏ရုပ်သွင်၊ သူ၏ စကားပြောပုံ၊ သူ၏ဘဝနေထိုင်ပုံ အစရှိသည်တို့အပေါ် အတွေးများစွာ ရှိလိမ့်မည်။ သို့ရာတွင် သင်သည် သူ့ကို အမှန်တကယ် မြင်သည့်အခါ သင်၏အတွေးတို့သည် လျင်မြန်စွာပြောင်းလဲလိမ့်မည်။ အဘယ်ကြောင့် ဤသို့ ဖြစ်သနည်း။ သင်သိလိုပါသလား။ လူသား၏အတွေးအခေါ်ကို ဂရုမပြု၍ မရသော်လည်း လူသားသည် ခရစ်တော်၏ အနှစ်သာရကို ပြောင်းလဲသည်မှာ ပို၍ပင် သည်းမခံနိုင်စရာဖြစ်သည်။ သင်တို့သည် ခရစ်တော်ကို ထာဝရအသက်ရှင်သောသူ၊ ဘုရားနှင့် ဆိုင်သောအနှစ်သာရရှိသူဟု မှတ်ယူသော်လည်း မည်သူမျှ ခရစ်တော်ကို ဘုရားသခင်၏ အနှစ်သာရရှိသော သေမျိုးဟု မှတ်ယူခြင်းမရှိ။ ထို့ကြောင့် ဘုရားသခင်အား နေ့ရောညပါ မြင်လိုကြသူအများအပြားသည် အကယ်စင်စစ် ဘုရားသခင်၏ ရန်သူများဖြစ်ပြီး ဘုရားသခင်နှင့် သဟဇာတ မဖြစ်ကြပါ။ ဤသည်မှာ လူသားဘက်က အမှား မဟုတ်ပါလား။ ယခုတိုင်အောင် သင်တို့သည် သင်တို့၏ယုံကြည်ချက်နှင့် သစ္စာရှိမှုတို့ကြောင့် ခရစ်တော်၏ မျက်နှာကို မြင်ထိုက်သည်ဟု ထင်နေဆဲဖြစ်သည်။ သို့သော် ပို၍ကိုင်တွယ် ထိတွေ့နိုင်သော အရာများဖြင့် သင်တို့ကိုယ်သင်တို့ ပြင်ဆင်ထားရန် ငါတိုက်တွန်း၏။ အကြောင်းမူကား အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်တွင် ခရစ်တော်နှင့် ပတ်သက်ခဲ့သူ အများအပြား ကျရှုံးခဲ့ကြသည်- ထိုသူတို့အားလုံး ဖာရိရှဲတို့၏အခန်းကဏ္ဍမှ ပါဝင်ကြ၏။ သင်တို့သည် မည်သည့် အကြောင်းရင်းကြောင့် ကျရှုံးရသနည်း။ ဤသည်မှာ သင်တို့၏အတွေးများထဲတွင် ကြီးမြတ်ပြီး ကြည်ညိုဖွယ်ကောင်းသော ဘုရားသခင်ရှိနေခြင်းကြောင့်သာ ဖြစ်သည်။ သို့သော် အမှန်တရားသည် လူသား၏အလိုအတိုင်း မဟုတ်။ ခရစ်တော်သည် ကြီးမြတ်ခြင်းမရှိရုံသာမက သူသည် အလွန်သေးသိမ်၏။ သူသည် လူသားဖြစ်ရုံမက သာမန်လူသား တစ်ဦးဖြစ်သည်။ သူသည် ကောင်းကင်ဘုံသို့ တက်ကြွသွားနိုင်ခြင်း မရှိရုံမက မြေကြီးပေါ်တွင်လည်း လွတ်လပ်စွာ သွားလာနိုင်ခြင်းမရှိ။ ထို့ကြောင့် လူများက တစ်ချိန်လုံး "စစ်မှန်သောခရစ်တော်" ကြွလာရန် စောင့်စားနေဆဲအချိန်တွင် သူ့အား သာမန် လူတစ်ဦးအဖြစ် ဆက်ဆံကြ၏၊ သူနှင့် အတူရှိစဉ် သူတို့၏သဘောအတိုင်း ပြုလုပ်ကြပြီး သူ့အား ဂရုမမူသောစကားများကို ပြောကြ၏။ သင်တို့သည် ကြွလာပြီးသော ခရစ်တော်ကို သာမန်လူတစ်ဦးကဲ့သို့ သဘောထားပြီး သူ၏ စကားကို သာမန်လူတစ်ဦး၏စကားကဲ့သို့ မှတ်ယူ၏။ ထို့ကြောင့် ယေရှုခရစ်တော်ထံမှ မည်သည့်အရာမျှ သင်တို့မရရှိဘဲ သင်တို့၏အကျည်းတန်မှုကို အလင်းတွင် လုံးဝမြင်သာအောင် ပြသခဲ့၏။