菜單

မူလစာမျက်နှာ သတင်းအချက်အလက် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ လွတ်လပ်မှန်ကန်တဲ့လူ့အခွင့်အရေး ကယ်တင်ရှင်ပြန်ကြွလာပြီ ဧဝံဂေလိတရားတော် ကောင်းကင်နိုင်ငံတော်သီချင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ အမှန်တရားကို ဖေါ်ထုတ်ခြင်း နိုင်ငံတော် ချီးမွမ်းခြင်း တေးဂီတ
Showing posts with label ဝိညာဉ်တော်. Show all posts
Showing posts with label ဝိညာဉ်တော်. Show all posts

Sunday, January 19, 2020

Myanmar Christian New Song 2019 (ဘုရားသခင်ကျွန်ုပ်တို့ကြားတွင် တိတ်တဆိတ်ရောက်ရှိလာ)


ခရစ်ယာန်ဓမ္မသီချင်း | ဘုရားသခင်ကျွန်ုပ်တို့ကြားတွင် တိတ်တဆိတ်ရောက်ရှိလာ


ဘုရားသခင်ဟာ တိတ်ဆိတ်ကာနေသည်
ဘုရားသခင်သည် ကျွန်ုပ်တို့ဆီကို ဘယ်တော့အခါမှ
မပေါ်လာခဲ့ဖူးပါဘူး
သို့သော်လည်း ဘုရားသခင် ရဲ့အမှုတော် ဟာဘယ်တော့မှ မရပ်နား
ဘုရားသခင်ဟာ ဒီကမ္ဘာမြေကြီး အားလုံးကို ကြည့် ကာ
ဘုရားသခင်ဟာ အရာအားလုံးကို အမိန့်တော်တွေပေး ကာ
လူသားတွေရဲ့ စကားတွေနှင့် အမူအကျင့်တွေ အကုန်လုံးကို
ဘုရားသခင် သည် မြင်တွေ့ လျက်နေ တာ
ဘုရားသခင်ရဲ့ စီမံခန့်ခွဲမှုကို
သူ့ရဲ့အစီအစဉ်အတိုင်းလိုက်၍ တစ်ဆင့်ပြီးတစ်ဆင့်
ပြူလုပ်ခဲ့တာ ဖြစ် ပြီး
အဲ့ဒီအရာတွေဟာ ဟိတ်ဟန်ကင်းမဲ့စွာ
တိတ်တဆိတ်ဆက်လက် ၍
အကောင်အထည်ပေါ်လာ ပါ သော်လည်း
( အကောင်အထည် ပေါ် ပေမည့်လည်း )
ဘုရားသခင်ရဲ့ ခြေလှမ်းများဟာ
လူသားတို့ရှိရာနှင့် ပိုမိုနီး ကပ်လာတော့ တာ။

Wednesday, January 1, 2020

စောင့်လို့နေ - ဘုရားသခင်၏ အသံတော်ကို ကျွန်တော်တို့ ဘယ်လို ခွဲခြားနိုင်မလဲ? (၂) - ရုပ်ရှင်ကလစ် ၆

တွေ့အကြုံခံစားချက် ( အဓိကအချက်ကိုဆုတ်ကိုင်ခြင်းဖြင့်၊ပညာရှိသောသတို့သမီးဖြစ်ပြီ ). ယခုအချိန်ဟာနောက်ဆုံးသောကာလဖြစ်နေပြီ ၊သခင်ယေရှူပြန်လာမယ့်ကြိုတင်ဟောကြားချက်တွေအများအားဖြင့်ပြည့်စုံလာနေပြီ ၊ညီကိုမောင်နှမတို့သည်သခင်ယရှူပြန်လာမည့်အချိန်ကိုနိုးကြားစွာဖြင့်စောင့်မျှော်လျက်နေသည်။ ယခုလက်ရှိအချိန်၌သခင်ယေရှူပြန်လာပြီဟုသက်သေခံနေသောလူတွေရှိနေပြီ ၊ဒါပေမယ့်ညီကိုမောင်နှမမြောက်များစွာတို့သည်ခရစ်တော်အတုယောင်နှင့်ပရောဖတ်အတုယောင်တို့၏ဖြားယောင်းခြင်းကိုခံရမှာကြောက်သောကြောင့် ၊နောက်ဆုံးသောကာလ၌ဘုရားသခင်၏အလုပ်လုပ်ခြင်းကိုဆန်းစစ် ၊လေ့လာရှာဖွေခြင်းတွေမပြုလုပ်ဘဲငြင်းပယ်နေကြသည် ၊သခင်ယေရှူနာမတော်နှင့်တရားတောိကိုစောင့်ထိန်း၍သခင်ယေရှူ၏ဗျာဒိတ်ပေးခြင်းကိုမျော်လင့်နေကြသည်။ ဒီလိုထင်မြင်ယူဆချက်တွေဟာသခငိယေရှူ၏စကားတော်နှင့်ကိုက်ညီနိုင်ပါ့မလား? သခင်ယေရှူမိန့်ဆိုသည်ကား (သန်ခေါင်ယံ၌ကြည့်ပါ။မင်္ဂလာဆောင်လုလင်သည်လာပြီ ၊ခရီးဦးကြိုပြုခြင်းဌါထွက်သွားကြကုန်ဟုကြေးကြော်လျှင် ) ( မဿဲ ၂၅ း ၆ ) ဘုရားသခင်၏သိုးသည်ဘုရားသခင်ရဲ့အသံတော်ကိုနားထောင်၏ ၊သခင်ပြန်လာလျှင်သေချာပေါက်နုတ်ကပတ်တော်မြွတ်ကြား၍အလုပ်လုပ်မည် ၊ကျွန်ုပ်တို့သည်သခင်၏အသံကိုနားထောင်၍သခင့်ကိုကြိုဆိုရမှာဖြစ်သည်။ အကယ်၍သာကျွန်ုပ်တို့သည်ရှာဖွေခြင်း ၊ဆန်းစစ်ခြင်းမရှိဘဲနေလျင်ဘုရားသခင်၏အသံကိုဘယ်လို့ကြားနိုင်ပါ့မလဲ? ဒီလိုသာဆိုလျင်သခင်၏အသံတော်ကိုဘယ်လို့ခွဲခြားသိမြင်နိုင်တော့မည်နည်း? ခရစ်တော်ဟာသမ္မာတရား ၊လမ်းခရီး ၊အသက်ဆိုတဲ့ဒီအချက်ကိုတိကျစွာခွဲခြားသိမြင်နိုင်ခြင်းဖြင့်ဘုရားသခင်၏အသံတော်ဆိုတာသေချာပေါက်သိရမှာဖြစ်သည်။ ဘာကြောင့်လဲဆိုတော့ခရစ်တော်ကိုယ်တိုင်သာလျှင်သမ္မာတရားများကိုထုတ်ဖော်ပြသပြီး ၊လူတွေကိုလမ်းခရီးညွန်ပြ၍ ၊အသက်ကိုပေးပိုင်နိုင်စွမ်းရှိ၏ ။ခရစ်တော်အတုယောင်တွေမှာသမ္မာတရားမရှိပါ ၊ထူဆန်းသောနိမိတ်လက္ခဏာအချို့ကိုသာပြုလုပ်ပြီးလူတွေကိုဖြားယောင်းနေခြင်းဖြစ်သည်။ ပညာရှိသောသတို့သမီးသည်ဘုရားသခင်၏အသံတော်ကိုအလေးထားပြီးသတိရှိစွာဖြင့်နားထောင်လေ၏ ၊ထို့ကြောင့်ဘုရားသခင်၏နုတ်ကပတ်တော်ထဲ၌ခရစ်တော်ကိုခွဲခြားသိမြင်နိုင်ပြီးသခင်ယေရှူအားကြိုဆိုမိခြင်းဖြစ်ပါသည်။ " ဧဝံဂေလိရုပ်ရှင်ကိုမျှဝေခံစားကြပါစို့ "


မိတ်ဆက်ခြင်း


ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူမည်သည်ကား ကြားပါစေ။” (ဗျာဒိတ်ကျမ်း ၊၂:၂၉)


အသင်းတော် များသို့ သန့်ရှင်းသော ဝိညာဉ်တော်ပြောခဲ့သည့်စကားကို သင်ကြားခဲ့ပါသလား? အနန္တတန်ခိုးရှင်ဘုရားသခင်နဲ့ သခင်ယေရှုတို့ ဖော်ပြခဲ့တဲ့ နှုတ်ကပတ်တော်တွေက တစ်ဆူသော ဝိညာဉ်၊ တစ်ခုတည်းသော အရင်းအမြစ်မှ ဟုတ်ပါသလား? ဒီ ရုပ်ရှင်က ထိုအချက်များကို သင်နားလည်ဖို့ဖော်ပြပါလိမ့်မယ်။ (ခ)


ခရစ်ယာန်ဧဝံဂေလိရုပ်ရှင်များကို အခမဲ့ကြည့်ရှုခြင်း

Myanmar Subtitle Movies 2019 | ကောင်းကင်နိုင်ငံတော်သားများ

Myanmar New Movie | တရုတ်ပြည်မှ ဘာသာရေးဖိစီးနှိပ်စက်မှု ၅ (ကျရှုံးလုဆဲဆဲမှာ ပြန်လည်ရှင်သန်ခြင်း)

Tuesday, December 31, 2019

(ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်) အပိုင်း တစ်


အနန္တတန်ခိုးရှင် ဘုရားသခင်ကပြောသည် “အမှုအဆင့်သုံးဆင့်သည် ဘုရားသခင်၏ စီမံခန့်ခွဲမှုတစ်ရပ်လုံး၏ အချက်အချာတွင်ရှိ၍ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ၏ဖြစ်ခြင်းကို ၎င်းတို့တွင် ဖော်ပြထား၏။ ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို မသိသူတို့သည် ဘုရားသခင်အနေဖြင့် သူ၏စိတ်နေသဘောထားအား မည်သို့ဖော်ပြသည်ကို သိရှိနိုင်စွမ်းမရှိပါ။ ဘုရားသခင့်အမှု၏ ဉာဏ်ပညာကိုလည်း မသိကြပါ။ ထို့အပြင် ထိုသူတို့သည် လူသားမျိုးနွယ်ကို သူကယ်တင်သည့် နည်းများစွာနှင့် လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် သူ၏ဆန္ဒကိုလည်း မသိဘဲရှိနေကြ၏။ အမှုအဆင့်သုံးဆင့်သည် လူသားမျိုးနွယ်အား ကယ်တင်သည့်အမှုကို အပြည့်အဝ ဖော်ပြချက်ဖြစ်၏။ အမှုအဆင့်သုံးဆင့်ကို မသိသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်အမှု၏ နည်းမျိုးစုံနှင့် အခြေခံသဘောတရားမျိုးစုံကို မသိဘဲရှိလိမ့်မည်။ အမှုအဆင့်တစ်ရပ်မှ ကျန်ရှိနေသော အယူဝါဒကိုသာ တင်းကျပ်စွာ လိုက်နာသူများသည် ဘုရားသခင်ကို အယူဝါဒတွင် ကန့်သတ်ထားသူများဖြစ်ကြ၍ ထိုသူတို့၏ ဘုရားသခင်အပေါ် ယုံကြည်ခြင်းသည် ဝိုးတဝါးနှင့် မသေချာမရေရာဖြစ်သည်။ ထိုကဲ့သို့သောသူများသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို မည်သည့်အခါမျှ ရလိမ့်မည် မဟုတ်ပေ။”

သင်နှစ်သက်နိုင်သည့် အရာများ

Myanmar Music Video“ကောင်းကင်နိုင်ငံတော်သီချင်း- ဘုရားသခင်ရဲ့နိုင်ငံတော် မြေကြီးပေါ် ရောက်လာ”

Myanmar Subtitle movieကောင်းကင်နိုင်ငံတော်သားများ

Monday, November 18, 2019

ဘုရားသခင်၏ စိတ်အလိုတော်း | အခန်း ၁၂

သမ္မာတရား, ဝိညာဉ်တော်, အသက်, ထာဝရအသက်

အကယ်၍ သင်၌ လေ သို့မဟုတ် မိုးကဲ့သို့ စိတ်ဆတ်သော၊ မတည်ငြိမ်သော စိတ်သဘောထားရှိနေပြီး သင်ရှေ့ဆက်မသွားနိုင်ပါက၊ ငါ၏လှံတံသည် သင်နှင့် အဝေးတွင် ရှိလိမ့်မည်မဟုတ်။ သင့်သည် ကိုင်တွယ်ဖြေရှင်းခြင်း ခံရသည့်အခါ၊ ပတ်ဝန်းကျင်က သာ၍ဆိုးရွားလာသည့်အခါ၊ သင်ပိုပြီးညှဉ်းပန်းနှိပ်စက် ခံရသည့်အခါတွင် ဘုရားသခင်အပေါ်ထားရှိသော သင်၏ချစ်ခြင်းမေတ္တာ သာ၍ ကြီးမားလာပြီး၊ လောကကို တွယ်တာမှု ရပ်သွားမည်။ အခြားလမ်းမရှိတော့ဘဲ သင်ငါ့ထံသို့လာပြီး၊ သင်၏ခွန်အားနှင့် မိမိကိုယ်ကိုစိတ်ချယုံကြည်မှု ပြန်လည်ရရှိလာမည်။ လွယ်ကူသက်သာသော ပတ်ဝန်းကျင်တွင် ရှိနေသေးပါက တော်လျော်စွာကြုံရာကျပန်းဖြစ်နေပေမည်။ တုံဏှိဘာဝေဖြစ်မနေဘဲ တက်တက်ကြွကြွနှင့် အပြုသဘောဆောင်စွာ ဝင်ရောက်ရမည်။ မည်သူ့ကြောင့်မဆို၊ မည်သည့်အရာကြောင့်မဆို မည်သည့်အခြေနေကြောင့်မဆို သင်သည် တုန်လှုပ်ခြင်းမရှိရ၊ တစ်ဦးတစ်ယောက်၏ ပြောစကားနှင့်လည်း သြဇာလွှမ်းမိုးခြင်းမခံရ။ တည်ငြိမ်သော စိတ်သဘောထားရှိရမည် ဖြစ်ပြီး လူတို့သည် မည်သည့်အရာပင် ပြောပါစေကာမှု၊ သမ္မာတရားဖြစ်သည်ဟု သင်သိထားသည့်အရာကို သင်သည် ချက်ချင်း လက်တွေ့ကျင့်သုံးရမည်။ သင့်အထဲတွင် အလုပ်လုပ်နေသည့် ငါ့နှုတ်ကပတ်တော်သည် သင်ထံတွင် အမြဲရှိရမည် ၊ သင်သည် မည်သူနှင့်မဆို ရင်ဆိုင်ရပါစေ၊ ငါ့ကို သင်၏ သက်သေခံခြင်း အပေါ်တွင် ခိုင်မြဲစွာရပ်တည်နိုင်ပြီး ၊ ငါ၏ ဝန်ကို စဉ်းစားဆင်ခြင်ကြောင်း ပြသနိုင်ရမည်။ ကိုယ်ပိုင်အတွေးအခေါ်မရှိဘဲနှင့် သူတစ်ပါးပြောသမျှကို မျက်ကန်း သဘောတူလျက် စိတ်ရှုတ်ထွေးခြင်း မဖြစ်ရ၊ ထိုသို့ဖြစ်မည့်အစား သင်သည် ရပ်တည်ရန်နှင့် ငါ့ထံမှလာသော အရာများမဟုတ်သည်တို့ကို ကန့်ကွက်ရန် သတ္တိရှိရမည်။ တစ်စုံတစ်ခု မှားနေသည်ကို ရှင်းလင်းစွာ သင်သိသော်လည်း နှုတ်ဆိတ်ပြီးနေပါက သင်သည် သမ္မာတရားကို လက်တွေ့ကျင့်သုံးသူတစ်ယောက် မဟုတ်ပေ။ သင်သည် တစ်စုံတစ်ခု မှားနေသည်ကို သိပြီး အကြောင်းအရာကို လှည့်လိုက်သော်လည်း စာတန်သည် သင့်လမ်းကို ပိတ်ထားပါက၊ သင်သည် အကျိုးရလဒ် တစ်စုံတစ်ရာ မရှိဘဲ ပြောဆိုပြီး အဆုံးတိုင်အောင် စွဲမြဲစွာ မပြောဆိုနိုင်ပါက၊ သင်သည် ကြောက်ရွံ့ခြင်းကို မိမိနှလုံးသားထဲတွင် ဆက်သယ်ဆောင်ထားပြီး၊ စာတန်ထံမှလာသော အတွေးများနှင့် သင်၏ နှလုံးသားသည် ပြည့်နှက်ဆဲရှိသည် မဟုတ်လော။

Saturday, October 12, 2019

ဘုရားသခင်၏ စကားတော် | အခန်း ၄

အသင်းတော်, ရွေးနှုတ်ခြင်း, သမ္မာတရား, ဝိညာဉ်, ခရစ်ယာန်,

ငါတို့သည် အစဉ်စောင့်ကြည့်၍ စောင့်ဆိုင်းရမည်၊ စိတ်ဝိညာဉ်ထဲ၌ ဆိတ်ငြိမ်၍၊ စင်ကြယ်သော စိတ်နှလုံးဖြင့် ရှာဖွေရမည်။ မည်သည့်အရာ ကျရောက်ပါစေ၊ ငါတို့သည် မျက်ကန်းသဖွယ် မိတ်သဟာယဖွဲ့ခြင်း မပြုရာ။ ငါတို့သည် ဘုရားသခင်ရှေ့တွင် ဆိတ်ငြိမ်နေရန်၊ သူနှင့် အဆက်မပြတ် မိတ်သဟာယဖွဲ့ရန်သာ လိုအပ်သည်၊ ထိုအခါ သူ၏ရည်ရွယ်ချက်များကို ငါတို့အား ထုတ်ဖော်ပြလေမည်။ ငါတို့၏ စိတ်ဝိညာဉ်သည် ပိုင်းခြားသိမြင်ရန် အမြဲ အသင့်ရှိနေရမည် ဖြစ်ပြီး၊ ပြင်းပြခြင်းနှင့် မဆုတ်မနစ် ရှိရမည်။ ငါတို့သည် ဘုရားသခင်ရှေ့မှ အသက်ရေကို ဆွဲငင်ရမည်ဖြစ်ကာ၊ ထိုရေသည် ခြောက်ကပ်သော ငါတို့၏ ဝိညာဉ်ကို ရေငတ်ပြေစေ၏။ ငါတို့သည် ငါတို့၏ မိမိကိုယ်ကိုယ် မှန်ကန်သည်ဟု ယူမှတ်မှု၊ မာနထောင်လွှားမှု၊ မိမိကိုယ်ကို ကျေနပ်မှုနှင့် အားရမှုတို့မှ ကိုယ့်ကိုယ်ကိုယ် သန့်စင်စေရန် အချိန်တိုင်း အသင့်ရှိရမည်၊ ထိုအရာတစ်ခုစီမှာ ငါတို့၏ ဆိုးယုတ်သော စိတ်သဘောထားမှ ပေါက်ဖွားလာခဲ့ခြင်း ဖြစ်သည်။ ငါတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်ခံရန် ငါတို့၏စိတ်နှလုံးများကို ဖွင့်ထားရမည်၊ ငါတို့သည် ငါတို့၏အသက်တာများကို ပုံမှန်အတိုင်း ရှင်သန်စဉ်တွင် သူ၏နှုတ်ကပတ်တော်များကို အမှီပြုရမည်။ ငါတို့သည် သူ၏နှုတ်ကပတ်တော်ကို တွေ့ကြုံခံစား၍၊ သေချာမှု ရှိရမည်၊ ထို့အပြင် သူ၏နှုတ်ကပတ်တော်အပေါ် နားလည်ခြင်း ရှိကာ၊ သူ၏နှုတ်ကပတ်တော်ကို ငါတို့၏ အသက်တာ ဖြစ်စေရမည်။ ဤသည်မှာ ငါတို့၏ ဘဝပေးတာဝန်ပေတည်း။ ငါတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် အသက်ရှင်သည့်အခါမှသာ အောင်ပွဲခံခြင်း ဖြစ်သည်။

Saturday, October 5, 2019

Best Myanmar Gospel Song 2019 (သင်ဟာဘုရားရဲ့ လက်ရှိအမှုတော်အနောက်ကို လိုက်ပါသလား)


Best Myanmar Gospel Song 2019 (သင်ဟာဘုရားရဲ့ လက်ရှိအမှုတော်အနောက်ကို လိုက်ပါသလား)


သင်ဟာဒီနေ့ရဲ့ အလင်းရောင်အနောက်ကို မလိုက်နိုင်ရင်

သင်ဟာဘုရားနဲ့ အလှမ်းဝေးသွားပြီ

အဲဒီ့နှောင်ကြိုးဟာပြတ်နေပြီး ပုံမှန်ဝိညာဉ်အသက်တာ မရှိတော့

ဘုရားနဲ့ စစ်မှန်တဲ့ရင်းနှီးမှုဆိုတာ

ဒီနေ့ဘုရားရဲ့စကားကို လက်ခံတဲ့အပေါ်မှာ တည်ဆောက်တယ်။

သင့်မှာ ပုံမှန်ဝိညာဉ်အသက်တာနှင့် ဘုရားနှင့် ကျွမ်းဝင်မှုရှိလား။

ဝိညာဉ်တော်ရဲ့ ရေစီးကြောင်းအတိုင်း လိုက်ပါသလား

နိုးကြားမှုမရှိတဲ့ အဖြစ်ကနေ ထွက်လာပြီလား

ဘုရားစကားကို ယုံကြည်သူ

အမှုတော်ကို အခြေပြုပြီး

ဝိညာဉ်တော်ရဲ့ အလင်းရောင်နောက်လိုက်သူတို့ဟာ

ဝိညာဉ်တော်ရဲ့ ရေစီးကြောင်းထဲမှာပါ။

Sunday, July 14, 2019

စောင့်လို့နေ - ဘုရားသခင်၏ အသံတော်ကို ကျွန်တော်တို့ ဘယ်လို ခွဲခြားနိုင်မလဲ? (၂) - ရုပ်ရှင်ကလစ် ၆


အသင်းတော် များသို့ သန့်ရှင်းသော ဝိညာဉ်တော်ပြောခဲ့သည့်စကားကို သင်ကြားခဲ့ပါသလား? အနန္တတန်ခိုးရှင်ဘုရားသခင်နဲ့ သခင်ယေရှုတို့ ဖော်ပြခဲ့တဲ့ နှုတ်ကပတ်တော်တွေက တစ်ဆူသော ဝိညာဉ်၊ တစ်ခုတည်းသော အရင်းအမြစ်မှ ဟုတ်ပါသလား? ဒီ ရုပ်ရှင်က ထိုအချက်များကို သင်နားလည်ဖို့ဖော်ပြပါလိမ့်မယ်။ (ခ)

အကြံပြုခရစ်ယာန်ရုပ်ရှင်

Myanmar new movie | တရုတ်ပြည်မှ ဘာသာရေးဖိစီးနှိပ်စက်မှု ၅ (ကျရှုံးလုဆဲဆဲမှာ ပြန်လည်ရှင်သန်ခြင်း)

Wednesday, July 10, 2019

(မှန်ကန်သော ကိုးကွယ်ခြင်း၏နက်နဲသောအရာ) ဘုရားသခင် လူ့ဇာတိခံခြင်း၏ နက်နဲမှု - ဇာတ်လမ်းတို ၃


ကျေးဇူးတော်ခေတ်မှာ ဘုရားသခင်ဟာ လူ့ဇာတိခံခဲ့ပြီး၊ သခင်ယေရှုအဖြစ် လူတွေကို ရွေးနုတ်ဖို့ကြွရောက်ခဲ့ပါတယ်။ ဒါပေမဲ့ သခင်ယေရှုဟာ လူတစ်ယောက်သာဖြစ်ကြောင်း ဂျူးဖာရိရှဲတွက ပြောခဲ့ကြတယ်။ အခုအခါမှာလည်း ဘုရားသခင်ဟာ နောက်ဆုံးသောကာလအတွက် လူ့ဇာတိခံယူပြီးပြီဖြစ်ပြီး၊ အနန္တတန်ခိုးရှင်ဘုရားသခင်အဖြစ် တရားစီရင်ခြင်းအမှုကိုပြုဖို့ ကြွရောက်နေပါပြီ။ ဒါကိုလည်း ဘာသာရေးလောကရဲ့သင်းအုပ်တွေ၊ သင်းထောက်လူကြီးတွေက အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ လူတစ်ယောက်သာဖြစ်တယ်လို့ ဆိုပြန်ပါတယ်။ ဒါဟာ ဘယ်လိုကြောင့်ဖြစ်ကြတာလဲ။ ဘုရားသခင်ဟာ အပြင်ပန်းအားဖြင့် သာမန်လူတစ်ယောက်ပုံစံ ရှိပါတယ်။ ဒါပေမဲ့ ကိုယ်တွင်းမှာတော့ ဘုရားသခင်ရဲ့ဝိညာဉ်တော် ရှင်သန်ပါတယ်။ သူဟာ သမ္မာတရားကို ဖော်ပြနိုင်တယ်၊ ဘုရားသခင်ရဲ့အသံတော်ကို ဖော်ပြနိုင်တယ်၊ ဘုရားသခင်ရဲ့အမှုတော်ကို ဆောင်ရွက်နိုင်ပါတယ်။ ဒါကြောင့် လူ့ဇာတိခံတဲ့ဘုရားသခင်ဟာ လူတစ်ယောက်လား၊ ဘုရားသခင်ကိုယ်တော်တိုင်ပဲလား။

အကြံပြုခရစ်ယာန်ဓမ္မသီချင်း

ခရစ်ယာန်သီချင်း(ဘုရားသခင်၏စကားနာခံလိုက်နာနိုင်သူတို့ကို ဘုရားသခင်တန်ဖိုးထား) ဘုရားသခင်ရဲ့ကတိတော်

Friday, July 5, 2019

ခရစ်ယာန်သီချင်း | ခရစ်တော်သည် ဝိညာဉ်တော်၏ သဘောသဘာဝကို ဆောင်သည်

အသက်, ကောင်းကင်နိုင်ငံတော်, ခရစ်တော်, ဘုရားသခင်, ဝိညာဉ်တော်


လူ့ဇာတိခံဘုရားသည် လူသားတို့၏
ပင်ကိုသဘာဝနှင့် ပြုသမျှအားလုံး၊
လူသားတို့ ဖောက်ပြန်စိတ်၊ ပုန်ကုန်သောအပြုအမူ၊
အားလုံးသူသိပြီး ထုတ်ဖော်
လောကီသားများနှင့် သူအသက်မရှင်
သို့သော် သူတို့ဒုစရိုက်နှင့် သဘာဝကို သိသည်
ဒါကတော့ သူ့ရဲ့သဘာဝ
သူသည် လောကနှင့် မဆက်ဆံလည်း
ဘယ်လိုမျိုး ကိုင်တွယ်ရမည်ကို သူအမြဲတမ်းပဲ သိသည်
လူသားတို့အား သူနားလည်ပြီး
သူတို့ သဘာဝကို အပြည့်အဝနားလည် …အို

Saturday, June 15, 2019

ဘုရားသခင်၏ စကားတော် | ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည် ခေတ်သစ်တစ်ခေတ်ကို အစပြုခဲ့၏

ခရစ်ယာန်ဘာသာ, သမ္မာတရား, ယေရှု, ဝိညာဉ်တော်, စီမံခန့်ခွဲခြင်း

ဘုရားသခင်၏ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်က အဆုံးသို့ ရောက်လုနီးပြီ ဖြစ်သည်။ ဘုရားသခင် ထင်ရှားဖော်ပြခြင်းကို မြင်နိုင်ရန် ကြိုးစားသူများအားလုံးအတွက် နိုင်ငံတော်၏ တံခါးသည်လည်း ဖွင့်ထားပြီးဖြစ်သည်။ ချစ်သော ညီအစ်ကို မောင်နှမတို့၊ သင်တို့ မည်သည့်အရာကို စောင့်မျှော်နေကြပါသနည်း။ မည်သည့်အရာကို ရှာဖွေနေကြ ပါသနည်း။ ဘုရားသခင် ထင်ရှားဖော်ပြခြင်းကို သင်တို့ စောင့်မျှော်နေပါသလား။ ဘုရားသခင်၏ ခြေရာများကို သင်တို့ ရှာဖွေနေကြပါသလား။ ဘုရားသခင် ထင်ရှားဖော်ပြခြင်းကို မြင်တွေ့နိုင်ရန် လူများ အလွန်ပင် တောင့်တကြပါသည်။ ဘုရားသခင်၏ ခြေရာများကို တွေ့ဖို့ဆိုသည်မှာလည်း အလွန်ပင် ခက်ခဲလှသည်။ ဤခေတ် ဤအချိန်၊ ဤလောကမှာ ဘုရားသခင် ထင်ရှားဖော်ပြသည့်နေ့ကို ကိုယ်တိုင် ကြုံတွေ့နိုင်ဖို့အတွက် ငါတို့ မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ ဘုရားသခင်၏ ခြေရာများနောက်သို့လိုက်ရန် ငါတို့ မည်သို့ လုပ်ဆောင်ရမည်နည်း။ ဘုရားသခင် ထင်ရှားဖော်ပြခြင်းကို မြင်တွေ့နိုင်ဖို့ စောင့်မျှော်နေသည့် သူများအားလုံး ဤမေးခွန်းများနှင့် ရင်ဆိုင်ကြရသည်။ သင်တို့အားလုံးလည်း ဤမေးခွန်းများကို တစ်ခါထက်မက စဉ်းစားဖူးကြပါသည်။ ထိုသို့ မေးသောအခါ၌ မည်သည့်အဖြေကို ရရှိကြပါသနည်း။ ဘုရားသခင်က သူ့ကိုယ်သူ မည်သည့် နေရာ၌ ဖော်ပြပါသနည်း။ ဘုရားသခင်၏ ခြေရာများ မည်သည့် နေရာ၌ ရှိပါသနည်း။ ဒီမေးခွန်းများအတွက် သင်တို့မှာ အဖြေရှိပါသလားဟု မေးလျှင် လူတော်တော်များများက- ဘုရားသခင်က သူ၏နောက်လိုက်များကြားမှာ ထင်ရှားဖော်ပြတယ်။ ဘုရားသခင်၏ ခြေရာများသည်လည်း ကျွန်ုပ်တို့အကြားမှာ ရှိတယ်ဟု လွယ်လွယ်ဖြေကြမည် ဖြစ်သည်။ မည်သူမဆို ပုံသေနည်းထဲထည့်ပြီး ထွက်လာသည့် အဖြေမျိုးကို ပေးနိုင်ပါသည်။ သို့သော် ဘုရားသခင် ထင်ရှားဖော်ပြခြင်း ဟူသည့် စကား၏ အဓိပ္ပာယ်ကို သင်တို့ နားလည်ကြပါသလား။ ဘုရားသခင်၏ ခြေရာများ ဆိုသည့် စကားသည်လည်း မည်သည့် အရာကို ရည်ညွှန်းကြောင်းကို သင်တို့ သိပါသလား။ ဘုရားသခင် ထင်ရှားဖော်ပြခြင်း ဟူသည့် စကားသည် ဘုရားသခင်က သူ၏အလုပ်ကို လုပ်ရန်အတွက် လောကသို့ ရောက်လာသည် ဟူသည့် အဓိပ္ပာယ်ကို ရည်ညွှန်းပါသည်။ လောကကို ဘုရားသခင် လာသည့်အခါ၌ သူ၏ ပင်ကိုလက္ခဏာ၊ ပင်ကိုစိတ်သဘောထား၊ သူ့နည်းသူ့ဟန်နှင့် လူသားများအကြား ရောက်လာခဲ့ပါသည်။ ခေတ်အသစ်တစ်ခေတ်ကို အစပြုရုံသာမက အဆုံးသတ်သည့် အလုပ်ကို လူသားများ အကြား၌ လုပ်ဆောင်ဖို့ဖြစ်သည်။ ဘုရားသခင် လောကသို့ လာခြင်းသည် အခမ်းအနားအသွင်တစ်ခု မဟုတ်ပါ။ တစ်စုံတစ်ခုကို ရည်ညွှန်းသည့် သင်္ကေတတစ်ခုလည်း မဟုတ်သည့်အပြင် ပုံဆောင်မှုတစ်ခု၊ အံ့သြဖွယ်တစ်ခု၊ ခမ်းနားသည့် မြင်ကွင်းတစ်ခုလည်း မဟုတ်ခဲ့ပါ။ လူတို့ တဖြည်းဖြည်းသိလာသည့် ဘာသာရေးဖြစ်စဉ် တစ်ခုလည်း လုံးဝ မဟုတ်ပါ။ ဘုရားသခင် လောကသို့ လာခြင်းသည် စစ်မှန်သည့် အချက်အလက်တစ်ခုဖြစ်ပြီး ကိုင်တွယ်တို့ထိနိုင်သော၊ မျက်စိဖြင့် မြင်နိုင်သော အရာဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်းသည့် ဘာသာရေးဖြစ်စဉ်လည်း မဟုတ်ပါ။ လတ်တလော အကျိုးရှိဖို့အတွက်သာ လုပ်ဆောင်ခြင်းလည်း မဟုတ်ပါ။ ဘုရားသခင်က မိမိ၏ စီမံခန့်ခွဲမှု အစီအစဉ်အတိုင်း အဆင့်တစ်ဆင့်ကို လုပ်ဆောင်လိုက်ခြင်း ဖြစ်သည်။ ဘုရားသခင် သူ့ကိုယ်သူ ဖော်ပြသည့် အကြိမ်တိုင်းသည် အမြဲအဓိပ္ပာယ် ရှိသည့်အပြင် သူစီစဉ်ထားသည့် စီမံခန့်ခွဲမှု အစီအစဉ်နှင့်လည်း အမြဲဆက်စပ်နေပါသည်။ ဘုရားသခင် ထင်ရှားဖော်ပြခြင်းသည် ဘုရားသခင်၏ လမ်းညွှန်မှု၊ ဦးဆောင်မှု၊ လူကို ဉာဏ်အလင်း ရစေမှုတို့နှင့် မတူပါ။ ထိုသို့ ထင်ရှားဖော်ပြသည့် အကြိမ်တိုင်း၌ ကြီးကျယ်ပြောင်မြောက်သော အလုပ်၏ အဆင့်တစ်ဆင့်ကို လုပ်ဆောင်လေ့ရှိသည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် အခြားမည်သည့်ခေတ်၏ လုပ်ဆောင်ချက်များနှင့်မဆို ကွဲပြားခြားနားသည်။ မည်သူကမျှ မစဉ်းစားဖူး၊ မကြုံတွေ့ဖူးသော အလုပ်ဖြစ်သည်။ ခေတ်ဟောင်းတစ်ခုကို အဆုံးသတ်ပြီး ခေတ်သစ်တစ်ခေတ်ကို အစပြုသော အလုပ် ဖြစ်သည်။ လူတို့ ကယ်တင်ခြင်းရဖို့အတွက် လုပ်ဆောင်သည့် အသစ်သော လုပ်ဆောင်မှုတစ်ခု၊ သာ၍ကောင်းသော လုပ်ဆောင်မှုတစ်ခု ဖြစ်သည်။ လူသားများကို ခေတ်သစ်တစ်ခေတ်သို့ ပို့ဆောင်ပေးသည့် လုပ်ဆောင်မှုလည်း ဖြစ်သည်။ ထိုအရာသည် ဘုရားသခင် ထင်ရှားဖော်ပြခြင်း၏ အရေးပါမှုဖြစ်သည်။

Friday, June 14, 2019

ဓမ္မသီချင်း | မူလလူသားသည် ဝိညာဉ်ပိုင်ဆိုင်သော သက်ရှိသတ္တဝါများဖြစ်ကြ

ဆုတောင်းခြင်း, ယုံကြည်ခြင်း, ဝိညာဉ်တော်, အသက်စမ်းရေ, ဘုရားသခင်၏ နိုင်ငံတော်

ဓမ္မသီချင်း | မူလလူသားသည် ဝိညာဉ်ပိုင်ဆိုင်သော သက်ရှိသတ္တဝါများဖြစ်ကြ


I
အစအဦး၌ ဘုရားသခင် လူကို ဖန်ဆင်းတော်မူ
ဘုရားက ဘဝရဲ့အခရာ လူသားတွေရဲ့ ဘိုး၊ ဘင်
ရုပ်သွင်အပြည့်နဲ့ အာဒံကို ဖန်ဆင်း
ဘုရားသခင် ဘုန်းတော်ဝန်းရံလျက် အာဒံနိုးထလာ
ဧဝဟာ ဘုရားဖန်ဆင်းတဲ့ အာဒံ နံရိုးမှ
ပထမဦးဆုံး လူမိန်းမပါ
သူမလည်း လူသားတို့ရဲ့ ဘိုး၊ ဘင်
ဘုရား၏ အသက်မှုတ်သွင်းခြင်းနှင့် ဘုန်းတန်ခိုးမှ
အာဒံနဲ့ ဧဝ နိုးထလာ
အို…ဘုရားသခင် အာဒံကို ဖန်ဆင်းတဲ့နေ့ အို...ကျက်သရေရှိတဲ့နေ့
အို…ဘုရား ဧဝကိုဖန်ဆင်းတဲ့နေ့ အို...ကျက်သရေရှိတဲ့နေ့
သူတို့ဟာ ဘုရားရဲ့ရတနာ အစစ် လူသားတွေရဲ့ ဘိုး၊ ဘင်
သူတို့ဟာ ယောကျ်ား နဲ့ မိန်းမ စိတ်ဝိညာဉ်နဲ့ သက်ရှိဘဝတွေပါ

Thursday, June 13, 2019

ဘုရားသခင်၏ စကားတော် | လက်တွေ့ကျခြင်းကို မည်သို့သိမည်နည်း

သမ္မာတရား, ခရစ်တော်, ဆုတောင်း, ဝိညာဉ်တော်, ကယ်သင်ခြင်း

ဘုရားသခင်သည် လက်တွေ့ကျသော ဘုရားသခင်ဖြစ်သည်။ ကိုယ်တော်၏ လုပ်ဆောင်မှုအားလုံး လက်တွေ့ကျပြီး ကိုယ်တော်ပြောသည့် နှုတ်ကပတ်တော်အားလုံးသည် လက်တွေ့ကျကာ ကိုယ်တော်ဖော်ပြသည့် သမ္မာတရားအားလုံးသည် လက်တွေ့ကျသည်။ ကိုယ်တော်၏ နှုတ်ကပတ်တော် မဟုတ်သော အရာအားလုံးသည် အသိဉာဏ်ပညာ ကင်းမဲ့၏၊ အမှန်တကယ်မရှိ၊ မခိုင်လုံပေ။ ယနေ့တွင် သန့်ရှင်းသောဝိညာဉ်တော်သည် လူတို့အား ဘုရားသခင်၏နှုတ်ကပတ်တော်သို့ လမ်းပြရန်ဖြစ်သည်။ အကယ်၍ လူတို့သည် လက်တွေ့ကျခြင်းသို့ ၀င်ရောက်ရမည်ဆိုပါက စစ်မှန်ခြင်းကို ရှာဖွေရမည်၊ စစ်မှန်ခြင်းကို သိရမည်။ ထို့နောက် ၎င်းတို့သည် လက်တွေ့ကျခြင်းကို ကျင့်သုံးပြီး လက်တွေ့ကျခြင်း၌ အသက်ရှင်နေထိုင်ရမည်။ လူတို့သည် လက်တွေ့ကျခြင်းကို သိရှိမှုများလေလေ၊ အခြားသူများ၏ စကားလုံးများသည် အမှန်တကယ် ဟုတ်မဟုတ်ကို ပြောဆိုနိုင်လေလေ ဖြစ်မည်။ လက်တွေ့ကျခြင်းကို သိရှိမှုများလေလေ၊ စိတ်ကူးစိတ်သန်းများ နည်းလေလေဖြစ်မည်။ လက်တွေ့ကျခြင်းကို တွေ့ကြုံမှုများလေလေ၊ လက်တွေ့ကျသော ဘုရားသခင်၏ လုပ်ဆောင်မှုတို့ကို သိလေလေဖြစ်ပြီး၊ ထိုသူတို့သည် ၎င်းတို့၏ဖောက်ပြန်မှု၊ စာတန်ဆန်သော စိတ်သဘောထားတို့မှ လွတ်မြောက်နိုင်လိမ့်မည်၊ လူတို့တွင် လက်တွေ့ကျခြင်း ရှိလေလေ၊ ဘုရားသခင်အား ၎င်းတို့ပိုမို သိရှိလေလေဖြစ်ပြီး၊ ထိုသူတို့သည် ဇာတိပကတိကို မုန်းတီး၍ သမ္မာတရားကို ချစ်မြတ်နိုးလေလေ ဖြစ်မည်၊ လူတို့သည် လက်တွေ့ကျခြင်းရှိလေလေ၊ ဘုရားသခင်၏ သတ်မှတ်ချက်များ၏ စံချိန်စံညွှန်းများနှင့် နီးစပ်လေလေဖြစ်မည်။ ဘုရားသခင်၏ရရှိခြင်းကို ခံရသောသူတို့သည် လက်တွေ့ကျခြင်းကို ပိုင်ဆိုင်သူများ ဖြစ်ကြပြီး လက်တွေ့ကျခြင်းကို သိသောသူများ ဖြစ်ကြကာ လက်တွေ့ကျခြင်းကို တွေ့ကြုံခြင်းမှ ဘုရားသခင်၏ လက်တွေ့ကျသောလုပ်ရပ်များကို သိရှိလာသောသူများ ဖြစ်ကြသည်။ သင်သည် ဘုရားသခင်နှင့် အမှန်တကယ် ပူးပေါင်းဆောင်ရွက်ပြီး သင့်ခန္ဓာကိုယ်ကို ထိန်းသိမ်းကြပ်မတ်လေလေ၊ သန့်ရှင်းသော ၀ိညာဉ်တော်၏ အမှုတော်ကို ရရှိလေလေဖြစ်ပြီး၊ လက်တွေ့ကျခြင်းကို သင်ရရှိလေလေဖြစ်ကာ၊ ဘုရားသခင်အားဖြင့် ဉာဏ်အလင်း ပိုမိုရှိလေလေ ဖြစ်လိမ့်မည်—ဤသို့ဖြင့် သင်သည် ဘုရားသခင်၏ လက်တွေ့ကျသော အမှုတော်ကို သိနားလည်မှု ပိုမိုများလေလေ ဖြစ်မည်။ သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ မျက်မှောက် အလင်းရောင်အောက်တွင် နေထိုင်နိုင်ပါက လက်ရှိလေ့ကျင့်ရမည့် လမ်းကြောင်းမှာ သင့်အတွက် ပိုမိုရှင်းလင်းလာမည်ဖြစ်ပြီး၊ သင်သည် သင့်ကိုယ်သင် ဘာသာရေးအယူအဆများနှင့် အတိတ်က အလေ့အထဟောင်းများမှ ပိုမိုဖယ်ရှားနိုင်လေလေ ဖြစ်မည်။ ယနေ့ လက်တွေ့ကျခြင်းသည် အလေးဂရုပြုရာ ဖြစ်သည်၊ လူတို့တွင် လက်တွေ့ကျခြင်း ပိုမိုရှိလေလေ၊ ၎င်းတို့၏ သမ္မာတရားအပေါ်သိရှိမှုမှာ ရှင်းလင်းလေလေ ဖြစ်ပြီး၊ ဘုရားသခင်၏အလိုတော်ကို ပိုမိုနားလည်လေလေ ဖြစ်သည်။ လက်တွေ့ကျခြင်းသည် စာလုံးများနှင့် အယူဝါဒများအားလုံးကို ကျော်လွှားနိုင်သည်၊ သဘောတရားများနှင့် ကျွမ်းကျင်မှုအားလုံးကို ကျော်လွှားနိုင်ကာ၊ လူတို့သည် လက်တွေ့ကျခြင်းကို အာရုံစိုက်လေလေ၊ ဘုရားသခင်ကို အမှန်တကယ် ချစ်မြတ်နိုးလေလေ ဖြစ်ပြီး ကိုယ်တော်၏ နှုတ်ကပတ်တော်များကို ဆာလောင်ငတ်မွတ်လေလေ ဖြစ်သည်။ သင်သည် လက်တွေ့ကျခြင်းကို အစဉ်အမြဲ အာရုံစူးစိုက်ပါက သင်၏ဘဝအတွေးအခေါ်များ၊ ဘာသာရေးအယူဝါဒများနှင့် သဘာဝသွင်ပြင်လက္ခဏာတို့သည် ဘုရားသခင်၏အမှုတော်နောက်တွင် အလိုအလျောက် ပယ်ဖျက်ပြီး ဖြစ်လိမ့်မည်။ လက်တွေ့ကျခြင်းနောက်ကိုမလိုက်သော၊ လက်တွေ့ကျခြင်းကိုမသိရှိသော သူတို့သည် သဘာဝလွန် ကိစ္စရပ်များနောက်သို့လိုက်ရန် အလားအလာရှိကြပြီး၊ ထိုသူတို့သည် အလွယ်တကူ လိမ်လည်လှည့်ဖြား ခံကြရနိုင်သည်။ ထိုသို့သောသူများအတွင်းတွင် သန့်ရှင်းသောဝိညာဉ်တော်သည် လုပ်ကိုင်ဆောင်ရွက်ရန် လမ်းစမရှိသောကြောင့် ထိုသူတို့သည် လစ်ဟာမှုကို ခံစားကြရပြီး ၎င်းတို့၏ ဘဝများသည် အဓိပ္ပါယ် ကင်းမဲ့နေကြသည်။