အနန္တတန်ခိုးရှင် ဘုရားသခင်ကပြောသည်၊ "ျွန်ုပ်တို့သည် ဘုရားသခင်၏အလို၊ ဘုရားသခင် ပြောသောစကားနှင့် ဘုရားသခင်၏ အသံကို ရှာဖွေရပါမည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ အသစ်သော စကားများရှိသော နေရာ၌ ဘုရားသခင်၏အသံ ရှိပြီး ဘုရားသခင်၏ ခြေရာများရှိသောနေရာ၌လည်း ဘုရားသခင်၏ လုပ်ဆောင်မှုများ ရှိသောကြောင့်ဖြစ်သည်။ ဘုရားသခင်ကို ဖော်ပြသောနေရာ၌ ဘုရားသခင် ထင်ရှားဖော်ပြပြီး ထိုနေရာသည် လမ်းခရီး၊ သမ္မာတရားနှင့် အသက်လည်းရှိသည့်နေရာ ဖြစ်သည်။"
Showing posts with label အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်အကြောင်း. Show all posts
Showing posts with label အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်အကြောင်း. Show all posts
Monday, October 21, 2019
ခရစ်ယာန်ဘာသာနှင့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်တို့အကြား ကွာခြားချက်မှာ မည်သည့်အရာနည်း။
ခရစ်ယာန်ဘာသာနှင့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်တို့ ယုံကြည်သည့် ဘုရားသခင်မှာ အတူတူပင်ဖြစ်၏။ ဣသရေလလူမျိုးတို့၏ ဂျူးဘာသာတရားသည် ပညတ်တော်ကာလ၌ ယေဟောဝါဘုရားသခင်၏ အမှုမှ မွေးဖွားလာကြောင်းကို ဘာသာတရားသမိုင်းကို နားလည်သူများ သိကြ၏။ ခရစ်ယာန်ဘာသာ၊ ဘရင်ဂျီဘာသာနှင့် အရှေ့ပိုင်း ရှေးရိုးခရစ်ယာန် သက်ဝင်ယုံကြည်မှုတို့ အားလုံးသည် လူ့ဇာတိခံယူသော သခင်ယေရှုမှ ရွေးနုတ်ခြင်းအမှုကို ဆောင်ရွက်ပြီးနောက် ပေါ်ထွက်လာသည့် အသင်းတော်များ ဖြစ်ကြ၏။ နောက်ဆုံးသောကာလ၌ စီရင်ခြင်းအမှုကို ဆောင်ရွက်ရန် ဘုရားသခင်သည် ဇာတိပကတိအဖြစ်ခံယူစဉ်က အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ကျေးဇူးတော်ကာလမှ ခရစ်ယာန်များသည် သမ္မာကျမ်းစာ၏ ဓမ္မဟောင်းကျမ်းနှင့် ဓမ္မသစ်ကျမ်းများကို ဖတ်ကြကာ နိုင်ငံတော်ကာလမှ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်မှ ခရစ်ယာန်များသည် ယခုအခါ နောက်ဆုံးသော ကာလတွင် ဘုရားသခင်ကိုယ်တိုင် ပြောခဲ့သော နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ကိုဖတ်ကြ၏။ ခရစ်ယာန်ဘာသာသည် ကျေးဇူးတော်ကာလ သခင်ယေရှု၏ ရွေးနုတ်ခြင်းအမှုကို လိုက်နာ၍ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်သည် အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်သည့် တဖန် ပြန်ကြွလာသော သခင်ယေရှု၏ နောက်ဆုံးသောကာလ စီရင်ခြင်းအမှုကို လက်ခံ၏။ ခရစ်ယာန်ဘာသာနှင့် အနန္တတန်ခိုးရှင်ဘုရားသခင်၏ အသင်းတော်တို့အကြား ကွာခြားချက်မှာ ခရစ်ယာန်ဘာသာသည် ပညတ်တော်ကာလနှင့် ကျေးဇူးတော်ကာလ ဘုရားသခင်၏အမှုကို လိုက်နာ၍ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်သည် နောက်ဆုံးသောကာလ ဘုရားသခင်၏ အိမ်မှစ၍ ဘုရားသခင် ဆောင်ရွက်သော စီရင်ခြင်းအမှုကို လိုက်နာ၏။ ခရစ်ယာန်ဘာသာနှင့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်တို့အကြား ကွာခြားချက်သည် ခရစ်ယာန်ဘာသာနှင့် ဂျူးဘာသာတရားတို့အကြား ကွာခြားချက်နှင့် အလားတူ၏ - ကျေးဇူးတော်ကာလတွင် သခင်ယေရှုသည် ဓမ္မဟောင်းကျမ်း၏ ပညတ်တော် ကာလ၏အမှုကို အခြေခံကာ လူသားတို့အား ရွေးနုတ်ခြင်းအမှုကို ဆောင်ရွက်ခဲ့၏။ သို့ရာတွင် ဂျူးဘာသာတရား၏ ယဇ်ပုရောဟိတ်များ၊ ကျမ်းပြုဆရာများနှင့် ဖာရိရှဲတို့က သခင်ယေရှုသည် လူ့ဇာတိကို ခံယူသော ယေဟောဝါဖြစ်ကြောင်း၊ ၎င်းတို့ စောင့်ဆိုင်း နေခဲ့သော မေရှိယဖြစ်ကြောင်းကို မသိခဲ့ကြပါ။ ၎င်းတို့သည် ယေဟောဝါဘုရား ထုတ်ဖော်ပြောခဲ့သော ဓမ္မဟောင်းကျမ်းမှ ဥပဒေများနှင့် ပညတ်များကို ခေါင်းမာစွာ စွဲကိုင်ထားခဲ့ကြသည်။ ၎င်းတို့သည် လူသားမျိုးနွယ်ကို ကယ်တင်ခဲ့သော ကရုဏာရှင် သခင်ယေရှုကိုလည်း လက်ဝါးကပ်တိုင်တွင် သတ်ခဲ့ကာ ဘုရားသခင်ကို စိတ်ထိခိုက်စေခဲ့၏။ ထို့နောက် ဘုရားသခင်သည် ဓမ္မဟောင်းကျမ်း၏ ပညတ်တရားများကို စွဲကိုင်ခဲ့သော ဂျူးဘာသာတရား တစ်ရပ်လုံးကို စွန့်ပစ်လိုက်ကာ သူ၏ကယ်တင်ခြင်းကို တစ်ပါး အမျိုးသားတို့ဘက် လှည့်၍ပေးခဲ့၏။ ထိုတစ်ပါးအမျိုးသားတို့သည် သခင်ယေရှုကို လက်ခံကာ နောက်သို့လိုက်ပြီးနောက် ခရစ်ယာန်ဘာသာဟုလည်းခေါ်သည့် ဓမ္မသစ်ကျမ်း အသင်းတော်များကို ဖွဲ့စည်းခဲ့ကြသည်။ ထိုအတောအတွင်း ဓမ္မဟောင်းကျမ်း၏ ပညတ်တော် ကာလ ယေဟောဝါဘုရား၏ အမှုကိုသာ စွဲကိုင်လျှက် သခင်ယေရှု၏ ရွေးနုတ်ခြင်းအမှုကို ငြင်းပယ်ခဲ့သော ယုဒလူတို့သည် ဂျူးဘာသာတရားကို ဖွဲ့စည်းခဲ့ကြ၏။ ဤသည်မှနေ၍ ခရစ်ယာန်ဘာသာနှင့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်တို့ ယုံကြည်ကြသည့် ဘုရားသခင်မှာ အတူတူပင်ဖြစ်ကြောင်း၊ ကောင်းကင်နှင့် မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သည့် သခင်ဘုရားဖြစ်ကြောင်းကို တွေ့နိုင်သည်။ လူတို့ကိုင်စွဲထားသော ဘုရားသခင်၏နာမနှင့် အမှုတို့သာ ကွဲပြားခြင်းဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်သည် နိုင်ငံတော်ကာလတွင် ဘုရားသခင်၏ နာမအသစ်ကို စွဲကိုင်၍ နောက်ဆုံးသောကာလ ဘုရားသခင်ဆောင်ရွက်သော အမှုတို့ကို လက်ခံ၏။ ခရစ်ယာန် ဘာသာကမူ ကျေးဇူးတော်ကာလ ဘုရားသခင်၏နာမကို စွဲကိုင်၍ ယခင်ကာလများက ဘုရားသခင်၏ အမှုဟောင်းကို လက်ခံ၏။ ဤသည်မှာ ခရစ်ယာန်ဘာသာနှင့် အနန္တတန်ခိုးရှင် ဘုရားသခင်တို့အကြား အရေးကြီးဆုံး ကွာခြားချက်ဖြစ်၏။ သို့ရာတွင် ၎င်းတို့နှစ်မျိုးစလုံး ယုံကြည်သော ဘုရားသခင်မှာ အတူတူပင်ဖြစ်သည်။ ကောင်းကင်နှင့် မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းသော စစ်မှန်သည့် တစ်ဆူတည်းသော ဘုရားသခင် ဖြစ်၏။ ဤသည်မှာ မည်သူမျှ ထင်ယောင်မှားစေရန် မပြုနိုင်သော၊ ငြင်းဆိုနိုင်ခြင်းမရှိသော အချက်ပင်ဖြစ်၏။
Tuesday, August 27, 2019
အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်၏ ရည်မှန်းချက်များက မည်သည်တို့နည်
အနန္တတန်ခိုးရှင် ဘုရားသခင်၏အသင်းတော်သည် သမ္မာကျမ်းစာပါ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် အနန္တတန်ခိုးရှင် ဘုရားသခင်မှ ဖော်ပြသော နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နှင့် လုံးဝကိုက်ညီစွာ ၎င်း၏ ယုံကြည်သူများကို ရေလောင်းကာ ထိန်းကျောင်းပါသည်။ ထိုသို့ပြုခြင်းမှာ ယုံကြည်သူတိုင်း သည် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်၏ ထိန်းကျောင်းမှု၊ ကျွေးမွေးထားမှု၊ ရေလောင်းမှုနှင့် လမ်းပြမှုအောက်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်ရှိ ခပ်သိမ်းသော သမ္မာတရားတို့ကို နားလည်၍ အသက်တာနှင့် တန်ဖိုးထားမှုများအတွက် မှန်ကန်သည့် အမြင်ရှိရန်၊ မှန်ကန်သည့် ရည်မှန်းချက်များရှိရန်၊ ဘုရားသခင်၏ လမ်းခရီးနောက် လိုက်လျှောက်ရန်၊ ဘုရားသခင်ပေးအပ်သည့် တာဝန်များကို စွဲကိုင်ထားရန်နှင့် လောက၏ အလင်းနှင့် လောက၏ဆားတို့ ဖြစ်ခြင်းအားဖြင့် ဘုရားသခင်၏ ဘုန်းအာနုဘော်ကို ထင်ရှားစေကာ ဘုရားသခင်၏ ချီးမွမ်းခြင်းခံရ၍ ဘုရားသခင်၏ကတိများကို အမွေခံထိုက်သူ ဖြစ်စေရန် ဖြစ်သည်။
အသင်းတော်သည် ဘုရားသခင်၏ စိတ်နှလုံးနောက်လိုက်သည့် အသင်းတော် တည်ထောင်ရန် ရည်ရွယ်ပါသည်။ သို့မှသာ ယုံကြည်သူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာဖြင့် တစ်ဦးနှင့်တစ်ဦး အလုပ်အကျွေး ပြုနိုင်ရန်၊ နောက်ဆုံးသောကာလ၏ ခရစ်တော်ဖြစ်သူ အနန္တတန်ခိုးရှင် ဘုရားသခင်ကို နာခံ၍ ဝတ်ပြုကိုးကွယ်နိုင်ရန်နှင့် ဘုရားသခင်အတွက် စစ်မှန်သော သက်သေခံဖြစ်လာနိုင်ကာ ဘုရားသခင်၏ ဘုန်းအာနုဘော်ကို ပြသနိုင်မည်ဖြစ်သည်။
Sunday, August 18, 2019
အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်၏ အခြေခံယုံကြည်ချက်များ
(၁) အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်၏ သက်ဝင်ယုံကြည်မှုဝါဒများ
ခရစ်ယာန်ဘာသာ၏ သက်ဝင်ယုံကြည်မှုဝါဒများ၏ အရင်းခံမှာ သမ္မာကျမ်းစာဖြစ်၍ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်၏ သက်ဝင်ယုံကြည်မှုဝါဒများ၏ အရင်းခံမှာ ပညတ်တော်ကာလ၊ ကျေးဇူးတော်ကာလနှင့် နိုင်ငံတော်ကာလအမှုတို့တွင် ဖန်ဆင်းချိန်မှစ၍ ဘုရားသခင်မှ ဖော်ပြခဲ့သော ခပ်သိမ်းသောသမ္မာတရားဖြစ်၏။ ဆိုလိုသည်မှာ ဓမ္မဟောင်းကျမ်း၊ ဓမ္မသစ်ကျမ်းနှင့် နောက်ဆုံးသောကာလ တဖန်ပြန်ကြွလာသော သခင်ယေရှု၊ အနန္တတန်ခိုးရှင် ဘုရားသခင်၊ ဖော်ပြခဲ့သော နိုင်ငံတော်ကာလ သမ္မာကျမ်းစာ — နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ — တို့သည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်၏ အခြေခံယုံကြည်ချက်များနှင့် သက်ဝင်ယုံကြည်မှုဝါဒများ၏ အရင်းခံဖြစ်သည်။ ဓမ္မဟောင်းကျမ်းတွင် ယေဟောဝါဘုရားသခင်၏ ဥပဒေများနှင့် ပညတ်များ ချမှတ်သည့်အမှုနှင့် ပညတ်တော်ကာလတွင် လူသား၏ဘဝကို လမ်းပြသည့် အမှုတို့ကို မှတ်တမ်းတင်ထားပါသည်။ ဓမ္မသစ်ကျမ်းတွင် ကျေးဇူးတော်ကာလ သခင်ယေရှုမှ အကောင်အထည်ဖော်သည့် ရွေးနုတ်ခြင်းအမှုကို မှတ်တမ်းတင်ထား၍ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ သည် နိုင်ငံတော်ကာလ အနန္တတန်ခိုးရှင် ဘုရားသခင်မှ ဖော်ပြခဲ့သော လူသားမျိုးနွယ်အပေါ် သန့်စင်ခြင်းနှင့် ကယ်တင်ခြင်းအတွက် ခပ်သိမ်းသော သမ္မာတရားအပြင် နောက်ဆုံးသောကာလ ဘုရားသခင်၏ စီရင်ခြင်းအမှု အကြောင်းဖြစ်၏။ စစ်မှန်သော သမ္မာကျမ်းစာသည် အမှု၏ ဤအဆင့် သုံးဆင့်စလုံးတွင် ဘုရားသခင်၏ ခပ်သိမ်းသော မြွက်ဆိုချက်များ ဖြစ်၍ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်၏ အခြေခံယုံကြည်ချက်များမှာ ဤအမှုအဆင့် သုံးဆင့်တွင် ဘုရားသခင်၏ ခပ်သိမ်းသော မြွက်ဆိုချက်များဖြစ်ကြ၏။ ဆိုလိုသည်မှာ ဤအမှုအဆင့် သုံးဆင့်တွင် ဘုရားသခင်မှ ဖော်ပြခဲ့သည့် ခပ်သိမ်းသော သမ္မာတရားများ ဖြစ်၏။ ဤသန့်ရှင်းသော သမ္မာကျမ်းစာ သုံးခုစလုံးသည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်၏ အခြေခံယုံကြည်ချက်များနှင့် သက်ဝင်ယုံကြည်မှုဝါဒများ ဖြစ်ကြသည်။
Thursday, August 1, 2019
တရုတ်နိုင်ငံတွင် နောက်ဆုံးသောကာလ၌ ခရစ်တော်ပေါ်လာခြင်းနှင့် ခရစ်တော်၏အမှုတော် နောက်ခံအကြောင်း နိဒါန်းအကျဉ်းချုပ်
တရုတ်နိုင်ငံသည် အဆင်းနီသော နဂါးကြီး နေထိုင်ရာ တိုင်းပြည်ဖြစ်ကာ သမိုင်းတစ်လျှောက် ဘုရားသခင်အပေါ် အပြင်းထန်ဆုံး ခုခံ၍ ရှုတ်ချသည့် နေရာဖြစ်သည်။ တရုတ်နိုင်ငံသည် နတ်ဆိုးတို့၏ ခံတပ်နှင့် မာရ်နတ်မှ ထိန်းချုပ်ထားသည့် အကျဉ်းထောင်ကဲ့သို့ဖြစ်ကာ ဝင်ရောက်၍မရ၊ စိမ့်ဝင်၍မရပေ။ ထို့အပြင် အဆင်းနီသော နဂါးကြီး၏ အစိုးရသည် အဆင့်တိုင်းတွင် စောင့်ကြပ်နေကာ အိမ်ထောင်စုတိုင်းတွင် ခုခံကာကွယ်မှုများ စီမံထားသည်။ ထို့ကြောင့် ဘုရားသခင်၏ ဧဝံဂေလိ တရားတော်ကို ဖြန့်ဖြူး၍ ဘုရားသခင်၏ အမှုတော်ဆောင်ရန် ဤနေရာထက် ပို၍ခက်ခဲသော နေရာမရှိပါ။ ၁၉၄၉ ခုနှစ် တရုတ်ကွန်မြူနစ်ပါတီ အာဏာရချိန်၌ တရုတ်ပြည်မတွင် ဘာသာရေးယုံကြည်မှုကို လုံးဝဖိနှိပ်ကာ ပိတ်ပင်တားမြစ်ထားခဲ့သည်။ သန်းပေါင်းများစွာသော ခရစ်ယာန်တို့သည် ပြည်သူရှေ့မှောက် အရှက်ခွဲခံရခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် အကျဉ်းချခြင်းတို့ ခံခဲ့ရပါသည်။ အသင်းတော်အားလုံးကို လုံးဝချိတ်ပိတ်၍ ရှင်းထုတ်ပစ်လိုက်၏။ အိမ်တွင်း အစည်းအဝေးများကိုပင် ပိတ်ပင်တားမြစ်ခဲ့သည်။ တစ်စုံတစ်ဦးကို စုရုံးမှုတစ်ရပ်တွင် ပါဝင်နေစဉ် မိသွားပါက ထောင်ချခံရပြီး ခေါင်းဖြတ်ခြင်းပင် ခံရနိုင်ခဲ့ပါသည်။ ထိုအချိန်က ဘာသာရေး လှုပ်ရှားမှုများ လမ်းစရှာမရလုနီးပါး ပျောက်ကွယ်သွားခဲ့ကြသည်။ ခရစ်ယာန် အနည်းငယ်သာလျှင် ဘုရားသခင်ကို ဆက်လက် ယုံကြည်ခဲ့သည်။ သို့ရာတွင် ၎င်းတို့သည် ဘုရားသခင်ကို အသံတိတ်သာ ဆုတောင်းနိုင်ကာ ဘုရားသခင် ဂုဏ်တော်ချီးမွမ်းသည့် ဓမ္မသီချင်းများကို ၎င်းတို့၏ စိတ်နှလုံးထဲတွင်သာ သီဆိုနိုင်ခဲ့ကြပြီး အသင်းတော်ကို ပြန်လည်နိုးထအောင် ပြုလုပ်ပေးရန် ဘုရားသခင်အား အသနားခံ တောင်းလျှောက်ခဲ့ကြသည်။ နောက်ဆုံး ၁၉၈၁ ခုနှစ်တွင် အသင်းတော် အမှန်တကယ်ပင် ပြန်လည်နိုးထလာခဲ့ကာ တရုတ်နိုင်ငံတွင် သန့်ရှင်းသော ဝိညာဉ်တော်သည် ကြီးစွာသောအမှုကို စတင် ဆောင်ရွက်ခဲ့သည်။ နွေဦးမိုးရွာပြီးနောက် မျှစ်များ ပေါ်ထွက်လာသကဲ့သို့ အသင်းတော်များ ပေါ်ထွက်လာကြကာ ပို၍ ပို၍များပြားသော လူတို့ ဘုရားသခင်ကို စတင်ယုံကြည် လာခဲ့ကြသည်။ ၁၉၈၃ ခုနှစ်တွင် အသင်တော် ပြန်လည်နိုးထခြင်း အထွတ်အထိပ်သို့ ရောက်သည့်အခါ တရုတ်ကွန်မြူနစ်ပါတီသည် ရက်စက်သည့် ဖိနှိပ်မှုအသစ်တစ်ရပ် စတင်ခဲ့ပြန်သည်။ လူသန်းပေါင်းများစွာ ဖမ်းဆီး ထိန်းသိမ်းခံရပြီး အလုပ်ဖြင့် ပညာပေးခံရသည်။ အဆင်းနီသော နဂါးကြီး၏ အစိုးရသည် ဘုရားသခင်ကို ယုံကြည်သူများအား အစိုးရမှ တည်ထောင်သည့် ကိုယ်ပိုင်သုံးရပ် မျိုးချစ်ဝတ်ပြုကျောင်း (Three-Self Patriotic Church) တွင်သာ အဖွဲ့ဝင်ခွင့်ပြုသည်။ CCP အစိုးရသည် မြေအောက် အိမ်တွင်းဝတ်ပြုကျောင်းများ အသေအချာ ပျောက်ကွယ်သွား၍ သခင်ဘုရားကို ယုံကြည်သူများအား အစိုးရ၏ တင်းကြပ်သည့် ထိန်းချုပ်မှုအောက်တွင် ရှိစေရန် ကြိုးပမ်းချက်တစ်ရပ်အဖြစ် အစိုးရမှ ကိုယ်ပိုင်သုံးရပ် မျိုးချစ်ဝတ်ပြုကျောင်းကို တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ ယုံကြည်ခြင်းကို တားမြစ်ပိတ်ပင်၍ တရုတ်နိုင်ငံကို ဘုရားမဲ့တိုင်းပြည်အဖြစ် ပြောင်းလဲရန် ၎င်း၏ရည်ရွယ်ချက် အောင်မြင်ရေးအတွက် တစ်ခုတည်းသော နည်းလမ်းဟု ယူဆခဲ့သည်။ သို့ရာတွင် သန့်ရှင်းသော ဝိညာဉ်တော်သည် အိမ်တွင်းဝတ်ပြုကျောင်းများနှင့် ဘုရားသခင်ကို အမှန်စင်စစ် ယုံကြည်သူများအပေါ် ဆက်လက်၍ အမှုတော် ဆောင်ရွက်ကာ CCP အစိုးရမှ ရပ်တန့်နိုင်စွမ်း မရှိခဲ့ပါ။ ထိုစဉ်က သန့်ရှင်းသော ဝိညာဉ်တော် အမှုတော်ဆောင်ရွက်သည့် အိမ်တွင်း ဝတ်ပြုကျောင်းတွင် နောက်ဆုံးသော ကာလ၏ ခရစ်တော်သည် လျှို့ဝှက်စွာ ပေါ်ထွက်လာ၍ အမှုတော်ဆောင်ရွက်ကာ သမ္မာတရားကို စတင်ထုတ်ဖော်ပြခဲ့ပြီး ဘုရားသခင်၏ အိမ်တော်နှင့်စတင်၍ စီရင်ခြင်းအမှုကို ဆောင်ရွက်ပါသည်။
Monday, July 29, 2019
အနန္တတန်ခိုးရှင် ဘုရားသခင်နှင့် သခင်ယေရှုတို့သည် တစ်ဆူတည်းသော ဘုရားသခင်လော။
လူသားသည် စာတန်၏ ဖျက်ဆီးခြင်းကို ခံရသည့်အခါ ဘုရားသခင်သည် လူသား မျိုးနွယ်ကို ကယ်တင်ရန် စီမံခန့်ခွဲမှု အစီအစဉ်တစ်ရပ်ကို စတင်ခဲ့၏။ လူသားမျိုးနွယ်ကို ကယ်တင်ရန် ဘုရားသခင်သည် အမှုအဆင့် သုံးဆင့်ကို ဆောင်ရွက်ခဲ့၏။ ပညတ်တော် ကာလတွင် ယေဟောဝါ ဘုရားသခင်သည် ပညတ်တော်များကို ထုတ်ပြန်လျှက် လူသား မျိုးနွယ်၏ဘဝကို လမ်းပြကာ လူသားတို့အား ဘုရားသခင်ကို ကိုးကွယ်ရမည် ဖြစ်ကြောင်းနှင့် အပြစ်ဟူသည် မည်သည့်အရာ ဖြစ်ကြောင်းတို့ကို အသိပေးခဲ့၏။ သို့ရာတွင် ပညတ်တော်ကာလ၏ နောက်ဆုံးအဆင့်များ ရောက်လာသည့်အခါ လူသားမျိုးနွယ်၏ ပျက်စီးမှုသည် ပိုမိုပြင်းထန်လာကာ လူတို့သည် ပညတ်များကို မကြာခဏ ချိုးဖောက်လျှက် ယေဟောဝါကို ပြစ်မှားခဲ့ကြ၏။ ထိုသူတို့သည် ၎င်းတို့၏ ချိုးဖောက်မှုများကြောင့် ပြစ်တင် ရှုတ်ချခံရခြင်းနှင့် အသတ်ခံရခြင်း အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရ၏။ ထို့ကြောင့် လူသားမျိုးနွယ်၏ လိုအပ်ချက်ကို ဖြည့်ဆည်းသည့် အနေဖြင့် ကျေးဇူးတော်ကာလတွင် ဘုရားသခင်သည် လူသားအသွင်ခံယူလျှက် သခင်ယေရှု ဖြစ်လာ၏။ လူသားမျိုးနွယ်အတွက် သူသည် လက်ဝါး ကပ်တိုင်တွင် သံမှိုဆွဲရိုက်ခံရကာ လူသားကို အပြစ်မှ ကယ်နုတ်ခဲ့၍ လူတို့အား ဘုရားသခင် ရှေ့မှောက်လာကာ ဘုရားသခင်ကို ဆုတောင်းခြင်း၊ အပြစ်ဝန်ခံခြင်းနှင့် နောင်တရခြင်း၊ အပြစ်များအတွက် ခွင့်လွှတ်ခံရခြင်းနှင့် ဘုရားသခင်၏ကျေးဇူးနှင့် ကောင်းချီးမင်္ဂလာများ၏ ကြွယ်ဝမှုအောက်တွင် နေထိုင်ခြင်းများ ပြုလုပ်နိုင်စေခဲ့၏။ သို့ရာတွင် လူတို့၏ အပြစ်များသောသဘာဝကို ဖြေရှင်းရန်လိုသေးလျှက် ထိုသူတို့သည် မကြာခဏ အပြစ် ကျူးလွန်ခဲ့၍ ဘုရားသခင်ကို ဆန့်ကျင်ခဲ့သဖြင့် နိုင်ငံတော်ကာလတွင် ဘုရားသခင်သည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နာမကိုခံယူကာ တဖန်ပြန်၍ ဇာတိပကတိခံယူခဲ့သည်။ ဤသည်မှာ သခင်ယေရှု၏ ရွေးနုတ်ခြင်း၊ လူသားမျိုးနွယ်၏ အပြစ်များသော သဘာဝကို ဖျောက်ဖျက်ခြင်း၊ ဘုရားသခင်အပေါ် လူသားမျိုးနွယ်မှ နာခံမှုမရှိခြင်းနှင့် ဆန့်ကျင်ခြင်းတို့ကို ရပ်စဲစေခြင်း၊ လူသားတို့ ဘုရားသခင်ကို အမှန်စင်စစ် လိုက်နာကာ ကိုးကွယ်ခြင်းနှင့် အဆုံးတွင် သာယာလှပသော ခရီးလမ်းဆုံးသို့ ရောက်ရှိစေခြင်းစသည့် သခင်ယေရှု၏အမှုကို အခြေခံလျှက် ကယ်တင်ခြင်းနှင့် သန့်စင်ခြင်းတို့အတွက် သမ္မာတရားခပ်သိမ်းကို ထုတ်ဖော် ပြောဆိုရန် ဖြစ်သည်။ ပညတ်တော်ကာလ၊ ကျေးဇူးတော်ကာလနှင့် နိုင်ငံတော်ကာလတို့တွင် ဆောင်ရွက်ခဲ့သော ဘုရားသခင်၏အမှုတို့သည် ကွဲပြား၍ ခံယူခဲ့သော နာမတော်များနှင့် ဖော်ပြခဲ့သော စိတ်နေသဘောထားတို့ ကွဲပြားသော်လည်း သူ၏အမှု၏ အနှစ်သာရနှင့် ရည်မှန်းချက်တို့မှာ အတူတူပင်ဖြစ်သည်။ ၎င်းတို့အားလုံးမှာ လူသားကို ကယ်တင်ရန်ဖြစ်ကာ အမှုအားလုံးကို ဘုရားသခင်ကိုယ်တိုင်က ဆောင်ရွက်ခြင်းပင်ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောကြားသည့်အတိုင်း “ယေဟောဝါ၏ အလုပ်မှစ၍ ယေရှု၏ အလုပ်တိုင်အောင်နှင့် ယေရှု၏ အလုပ်မှစ၍ ယခုလက်ရှိအဆင့်ထိ၊ ဤအဆင့်သုံးဆင့်သည် ဘုရားသခင် စီမံခန့်ခွဲမှု အစမှအဆုံးကို အဆက်မပြတ် အကျုံးဝင်စေသည်။ ယင်းတို့အားလုံးသည် ဝိညာဉ်တော် တစ်ပါးတည်း၏ လုပ်ဆောင်မှုပင်ဖြစ်သည်။ ကမ္ဘာကြီးကို စတင်ဖန်ဆင်းကတည်းက၊ ဘုရားသခင်သည် လူသားကို စီမံခန့်ခွဲလျက် ရှိနေသည်။ သူသည် အစနှင့် အဆုံးဖြစ်သည်၊ သူသည် အဦးဆုံးသော သူနှင့် နောက်ဆုံးသောသူလည်း ဖြစ်သည့်အပြင်၊ သူသည် ခေတ်တစ်ခုကို အစပြုခဲ့သူဖြစ်ပြီး၊ ခေတ်ကို အဆုံးသတ်သူလည်း ဖြစ်သည်။ မတူညီသည့် ခေတ်များနှင့် မတူညီသည့် နေရာများမှ အလုပ်အဆင့် သုံးဆင့်သည် ဝိညာဉ်တော် တစ်ပါးတည်း၏ အလုပ်ဖြစ်သည်မှာ မှားယွင်းဖွယ်မရှိပေ။ ဤအဆင့်သုံးဆင့်ကို ခွဲခြားသူအပေါင်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်ရန် ရပ်တည်သူများပင်ဖြစ်သည်။”“ဘုရားသခင် အလုပ်၏ ရူပါရုံ (၃)”နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ။
Friday, July 19, 2019
အနန္တတန်ခိုးရှင် ဘုရားသခင်၏အသင်းတော် မည်သို့ပေါ်ပေါက်လာသနည်း။
ခရစ်ယာန် အသင်းတော်များကဲ့သို့ပင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်မှာ ဘုရားသခင်၏အမှုသည် ဇာတိပကတိခံယူသည့်အတွက် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်၏။ သခင်ယေရှု ရုပ်သွင်နှင့် အမှုတို့ ဇာတိပကတိ ခံယူသည့်အတွက်ကြောင့် ခရစ်ယာန် အသင်းတော်များ ပေါ်ပေါက်လာ၏။ ထို့အပြင် နောက်ဆုံးသောကာလတွင် လူ့ဇာတိခံယူသော အနန္တတန်ခိုးရှင် ဘုရားသခင်၏ ရုပ်သွင်နှင့် အမှုတို့ကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် ပေါ်ပေါက်လာခြင်းဖြစ်၏။ ထို့ကြောင့် ဘုရားသခင်၏ ရုပ်သွင်နှင့် အမှုတို့ ဇာတိပကတိ ခံယူသဖြင့် ခေတ်ကာလအဆက်ဆက်ရှိ အသင်းတော်များ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ဘုရားသခင် လူ့ဇာတိခံယူခြင်း အဆင့်တိုင်း၏ အမှုသည် သမ္မာတရားများစွာကို ဖော်ပြကာ၊ ဘုရားသခင်ဖော်ပြသော သမ္မာတရားများကြောင့် များစွာသော လူတို့သည် ဘုရားသခင်ကို လက်ခံ၍ ဘုရားသခင်နောက် လိုက်လာကြရာမှ အသင်းတော်များ ပေါ်ပေါက်လာ၏။ ဘုရားသခင်၏အမှုကို လက်ခံ၍ ဘုရားသခင်နောက်သို့ လိုက်သော သူများကြောင့် အသင်းတော်များ ဖွဲ့စည်းခဲ့သည်ကို ဤသည်မှ တွေ့နိုင်၏။ ဘုရားသခင် ရွေးချယ်သူတို့ ဤသို့အတူတကွ စုရုံးခြင်းကို အသင်းတော်ဟု ခေါ်၏။ လွန်ခဲ့သော အနှစ်နှစ်ထောင်က လူ့ဇာတိခံယူသော သခင်ယေရှု၏ ရုပ်သွင်နှင့် အမှုတို့ကြောင့် ခရစ်ယာန် အသင်းတော်များ ပေါ်ထွက်လာ၏။ သခင်ယေရှု ဟောကြားသည်မှာ “ထိုအခါမှစ၍ ယေရှုက၊ နောင်တရကြလော့။ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီဟူသော တရားကို ဟောစပြုတော်မူ၏။” (မဿဲ ၄:၁၇)။ ထို့နောက် သူသည် ရွေးနုတ်ခြင်းအမှု ဆောင်ရွက်၍ ကျေးဇူးတော်ကာလရှိ လူတို့ လက်တွေ့ကျင့်သုံးကာ ဆောင်ရွက်ရမည့် သမ္မာတရားများကို ထုတ်ဖော်ပြောဆို၏။ ထိုအခါ များစွာသောလူတို့ သခင်ဘုရားကို စတင်ယုံကြည်ကာ နောက်သို့ လိုက်ကြသဖြင့် ထိုအချိန်က အသင်းတော်များ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ ၎င်းနောက်တွင် နိုင်ငံခပ်သိမ်း၊ နယ်မြေခပ်သိမ်းသို့ သခင်ယေရှု၏ ဧဝံဂေလိတရား ပျံ့နှံ့သွား၍၊ နောက်ဆုံးသောကာလအထိ ကမ္ဘာဆုံးတိုင်အောင် ပျံ့နှံသွားကာ ခရစ်ယာန်အသင်းတော်များ နိုင်ငံတိုင်းတွင် ပေါ်ထွက်လာခဲ့၏။ ၎င်းတို့မှာ ကျေးဇူးတော်ကာလ၏ အသင်းတော်များဖြစ်၏။ နောက်ဆုံးသောကာလ၏ နောက်ဆုံးအဆင့်များတွင် လူ့ဇာတိခံယူသော အနန္တတန်ခိုးရှင် ဘုရားသခင်သည် တရုတ်ပြည်မတွင် ပေါ်ထွက်လာကာ အမှုထမ်းဆောင်၏။ ကျေးဇူးတော် ကာလ သခင်ယေရှု၏ ရွေးနုတ်ခြင်းအမှုကို အခြေခံ၍ အနန္တတန်ခိုးရှင် ဘုရားသခင်သည် ကျမ်းစာတွင် ကြိုတင်ဟောထားသည့် “ဘုရားသခင်၏ အိမ်တော်သားတို့ကို ရှေးဦးစွာ စစ်ကြောစီရင်သော” (၁ပေ ၄:၁၇) အမှုကို ထမ်းဆောင်၏။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် ဘုရားသခင်၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်အား လူသားမျိုးနွယ် ခပ်သိမ်းကို ထုတ်ဖော်ပြကာ လူသားမျိုးနွယ်ကို သန့်စင်ခြင်းနှင့် ကယ်တင်ခြင်းအတွက် ခပ်သိမ်းသော သမ္မာတရားကို ထုတ်ဖော်ပြောဆို၏။ နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင် ဘုရားသခင် ရုပ်သွင်နှင့် သူ၏အမှုတို့ကြောင့် ဘာသာရေးလောက၏ ဂိုဏ်းဂဏတိုင်းမှ များစွာသောလူတို့၊ နှစ်ပေါင်းများစွာ သခင်ဘုရားကို ယုံကြည်ခဲ့သူတို့သည် နောက်ဆုံးတွင် ဘုရားသခင်၏ အသံကိုကြား၍ ယေရှုခရစ် ကြွလာကာ နောက်ဆုံးသောကာလ၏ စီရင်ခြင်းအမှုကို ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း တွေ့ခဲ့ကြ၏။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် တဖန် ပြန်လာသော သခင်ယေရှု ဖြစ်ကြောင်းကို ၎င်းတို့အတည်ပြုခဲ့ပြီး၊ ထိုသို့ အတည်ပြု ခြင်းကြောင့် ၎င်းတို့သည် နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုကို လက်ခံခဲ့ကြ၏။ တရုတ်ပြည်မတွင် (တရုတ်ကွန်မြူနစ်အစိုးရ၏ ကိန်းဂဏန်းများအရ သန်းပေါင်းဆယ်ပေါင်းများစွာ) အနည်းဆုံး လူသန်းပေါင်းအချို့သည် အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်ခံကာ ယခုနောက်သို့ လိုက်ကြ၏။ ထို့ကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်သည် အနန္တတန်ခိုးရှင် ဘုရားသခင် ရုပ်သွင်နှင့် သူ၏အမှုတို့၏ ရလဒ်လုံးဝဖြစ်၏။ ထိုအသင်းတော်ကို အနန္တတန်ခိုးရှင် ဘုရားသခင်ကိုယ်တိုင် တည်ထောင်ကာ မည်သည့်လူသားမျှ တည်ထောင်ခဲ့ခြင်း မဟုတ်ပါ။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် နောက်ဆုံးသောကာလ၏ ခရစ်တော်၊ တဖန်ကြွလာသော သခင်ယေရှုနှင့် ဘုရားသခင်၏ရုပ်သွင် ဖြစ်ကြောင်းကို အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်ရှိ ခရစ်ယာန်တိုင်း အပြည့်အဝသိကြ၏။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်မှ ခရစ်ယာန်များသည် အနန္တတန်ခိုးရှင် ဘုရားသခင်၏နာမကို ဆုတောင်းကြ၏။ ထိုသူတို့ ဖတ်ရှု၊ နားထောင်ကာ ဆွေးနွေးသည့် အရာများသည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြစ်၍ ၎င်းတို့ကိုင်စွဲထားသည်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်မှ ထုတ်ဖော်ပြောကြားသည့် သမ္မာတရားများ ဖြစ်ပါသည်။ ဤသမ္မာတရားများသည် နောက်ဆုံးသောကာလတွင် ဘုရားသခင်မှ ယူဆောင်လာသည့် ထာဝရအသက်၏ လမ်းခရီး ဖြစ်၏။ သခင်ယေရှု အမှုဆောင်စဉ်က တမန်တော်ဆယ့်နှစ်ပါးကို ကိုယ်တိုင်ရွေးချယ် ခန့်အပ်သကဲ့သို့ - ဘုရားသခင်၏ အမှုတွင်ကူညီရန် ဘုရားသခင်၏ အမှုတွင် အသုံးပြုခဲ့သော လူသားကို နောက်ဆုံးသောကာလ လူ့ဇာတိခံယူသော ဘုရားသခင်သည် ကိုယ်တိုင်ခန့်အပ်ကာ သက်သေခံခြင်းလည်း ပြုခဲ့သည်။ သို့ရာတွင် ဘုရားသခင် အသုံးပြုသော ထိုသူတို့သည် ဘုရားသခင်၏အမှုတွင် ကူညီရုံသာကူညီ၍ ဘုရားသခင်၏ကိုယ်စား အမှုဆောင်နိုင်စွမ်း မရှိကြပါ။ အသင်းတော်များမှာ ထိုသူတို့ တည်ထောင်ထားခြင်း မဟုတ်ပါ။ ထို့အပြင် ဘုရားသခင် ရွေးချယ်သူများမှ ယုံကြည်ကာ နောက်သို့လိုက်သူမှာ ဘုရားသခင်မှ အသုံးပြုသောသူများ မဟုတ်ပါ။ ကျေးဇူးတော်ကာလ၏ အသင်းတော်များသည် ရှင်ပေါလုနှင့် အခြားတမန်တော်များ တည်ထောင်ခဲ့ခြင်း မဟုတ်ဘဲ သခင်ယေရှု၏အမှုမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ၎င်းတို့ကို သခင်ယေရှုကိုယ်တိုင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။ အလားတူပင် နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်သည်လည်း ဘုရားသခင်မှ အသုံးပြုသောလူမှ တည်ထောင်ခဲ့ခြင်း မဟုတ်ဘဲ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုမှ မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင် ကိုယ်တိုင် တည်ထောင်ခဲ့ခြင်း၊ ကိုယ်တိုင် လမ်းပြခဲ့ခြင်းဖြစ်၏။ ဘုရားသခင် အသုံးပြုသောလူသည် ၎င်း၏တာဝန်ကို ဆောင်ရွက်လျှက် အသင်းတော်များကို ရေလောင်းရုံ၊ ကျွေးမွေးရုံနှင့် လမ်းပြရုံသာ ဖြစ်သည်။ ဘုရားသခင် ရွေးချယ်ထားသူများသည် ဘုရားသခင် အသုံးပြုသူ၏ လမ်းပြပို့ဆောင်ခြင်း၊ ရေလောင်းခြင်းနှင့် ကျွေးမွေးခြင်းကို ခံရသော်လည်း ဘုရားသခင်မှ ရွေးချယ်ထားသူများ ယုံကြည်ကာ နောက်သို့လိုက်သူမှာ အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်၏။ ဤအချက်ကို မည်သူမျှ မငြင်းနိုင်ကြ။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ အသင်းတော်ရှိ အများစုသည် ကွဲပြားသော ဂိုဏ်းဂဏများမှ ဖြစ်ကြပြီး သခင်ဘုရားကို ယုံကြည်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ရှိပြီဖြစ်သည်။ ထိုသူတို့အားလုံး ကျမ်းစာကို နားလည်၍ ၄င်းဂိုဏ်းဂဏများတွင် ထိုသူတို့သည် သခင်ယေရှု ကြွလာခဲ့ပြီး ဖြစ်ကြောင်း၊ သူသည် အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်ကြောင်းနှင့် နောက်ဆုံးသောကာလ စီရင်ခြင်းအမှုကို ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း သက်သေခံကြ၏။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်ကြောင်းနှင့် ဘုရားသခင်၏ အသံဖြစ်ကြောင်းကို တွေ့ခြင်း၏ ရလဒ်အဖြစ် များစွာသောလူတို့သည် အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်ခံလာကြသည်။ ထိုသူတို့သည် ဘုရားသခင်ရှေ့မှောက် ပထမဆုံး ချီဆောင်ခြင်းခံရသူများ အုပ်စုဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်သည် အနန္တတန်ခိုးရှင် ဘုရားသခင်၏နာမကို လက်ခံသော ခရစ်ယာန်များ၊ ဘရင်ဂျီများနှင့် အခြားသော ဂိုဏ်းဂဏမှ လူတို့မှ မွေးဖွားလာခြင်း ဖြစ်သည်။ ယနေ့ ဂိုဏ်းဂဏအမျိုးမျိုးမှ လူအများစုသည် နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုကို စတင်စုံစမ်းကြပြီဖြစ်ကာ “ခပ်သိမ်းသော လူမျိုးတို့သည် ထိုတောင်သို့ စည်းဝေးကြလိမ့်မည်” (ဟေရှာယ ၂:၂) ဟူသည့် ကျမ်းစာတွင် ရှေးမဆွက ကြိုတင်ဟောကြားချက်ကို ဖြည့်ဆည်းနေပြီ ဖြစ်သည်။ အဆုံးတွင် ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်သူ ခပ်သိမ်းသည် အနန္တတန်ခိုးရှင် ဘုရားသခင်ထံ တဖန် ပြန်သွားကြမည် ဖြစ်သည်။ ဤသည်ကို ရှောင်လွှဲ၍မရပါ။ အကြောင်းမူကား ဤသည်ကို ဘုရားသခင်စီစဉ်ထားသည်မှာ ကြာပြီဖြစ်သောကြောင့် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အမိန့်ဖြစ်၍ မည်သူမျှ ပြောင်းလဲ၍မရပါ။
Thursday, July 11, 2019
အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်၏ မူလအစနှင့် ဖွံ့ဖြိုးတိုးတက်ပုံ
ကျေးဇူးတော်ကာလတွင် သခင်ယေရှုသည် ကိုယ်တော်ရှင်၏ နောက်သို့ လိုက်သူများကို “ငါသည် သွား၍ သင်တို့နေစရာအရပ်ကို ပြင်ဆင်ပြီးမှ တဖန်လာပြန်၍၊ ငါရှိရာအရပ်၌ သင်တို့ရှိစေခြင်းငှာ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်။” (ယောဟန် ၁၄း၃) ဟု ကတိပေး၏။ “လျှပ်စစ်သည် အရှေ့မှပြက်၍ အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့၊ လူသားသည် ကြွလာတော်မူလတံ့။” (မဿဲ ၂၄း၂၇) ဟုလည်း ဗျာဒိတ်တော်ပေး၏။ နောက်ဆုံးသောကာလတွင် ကိုယ်တော်ရှင်ကိုယ်တိုင် ကတိပေး၍ ကြိုတင် ပြောထားသည့်အတိုင်း ဘုရားသခင်သည် သခင်ယေရှု၏ ရွေးနုတ်ခြင်း အမှုတော်ကို အခြေခံလျှက် စီရင်ခြင်း၊ ဆုံးမခြင်း၊ သိမ်းပိုက်အုပ်စိုးခြင်းနှင့် နှုတ်ကပတ်တော်ကို သုံး၍ ကယ်တင်ခြင်းအမှုတို့ကို ဆောင်ရွက်ရန် တဖန်ပြန်၍ ဇာတိပကတိခံယူကာ ကမ္ဘာ့အရှေ့အရပ် တရုတ်ပြည်သို့ ဆင်းသက်လာခဲ့၏။ ဤတွင် သမ္မာကျမ်းစာ၏ ဗျာဒိတ်တော်များဖြစ်သည့် “တရားစီရင်ခြင်းသည် ဘုရားသခင်၏အိမ်နှင့် စတင်သည်” နှင့် “ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူ မည်သည်ကား ကြားပါစေ။” တို့သည်လည်း ပြည့်စုံသွား၏။ ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်သည် ကျေးဇူးတော်ကာလကို အဆုံးသတ်ကာ နိုင်ငံတော်ကာလကို စတင်ခဲ့သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ ဧဝံဂေလိတရားသည် တရုတ်ပြည်မတွင် လျင်မြန်စွာ ပျံ့နှံ့သည်နှင့်အမျှ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော် ပေါ်ပေါက်လာခဲ့၏။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်သည် အချက်အလက်များနှင့် သက်သေပြထားသည့် အတိုင်း နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ အမှုတော်အားဖြင့် လုံးဝ ပေါ်ပေါက်လာကာ မည်သည့်လူသားတစ်ဦး၏ တည်ထောင်မှုဖြင့်မျှ ပေါ်ပေါက် လာခြင်း မဟုတ်ပါ။ ဤသည်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်ရှိ ရွေးချယ်ခံရသူများသည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နာမဖြင့် ဆုတောင်းပဌနာပြုခြင်း၊ ကိုယ်တော်ရှင်၏ အမှုတော်ကို နာခံခြင်း၊ ကိုယ်တော်ရှင် ထုတ်ဖော်ပြသည့် သမ္မာတရားအားလုံးကို လက်ခံခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် ဤရွေးချယ်ခံရသူများသည် နောက်ဆုံးသော ကာလတွင် လူ့ဇာတိခံယူသူ ခရစ်တော်၊ လူ့ဇာတိပကတိတွင် ဖြစ်မြောက်သည့် ဝိညာဉ်တော်ဖြစ်သည့် လက်တွေ့ကျသော ဘုရားသခင်ကို ယုံကြည်သည်မှာ ထင်ရှား ပါသည်။ ပြင်ပသဏ္ဍာန်အားဖြင့် အနန္တတန်ခိုးရှင် ဘုရားသခင်သည် လူသားတစ်ဦး၏ သာမန်သားတော် တစ်ဦးသာ ဖြစ်သော်လည်း အနှစ်သာရအားဖြင့် ကိုယ်တော်ရှင်သည် ဘုရားသခင်၏ ဝိညာဉ်တော်၏ ပြယုဂ်ဖြစ်ကာ သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်၏။ ကိုယ်တော်ရှင်၏ အမှုတော်နှင့် နှုတ်ကပတ်တော် တို့သည် ဘုရားသခင်၏ ဝိညာဉ်တော်၏ တိုက်ရိုက် ထုတ်ဖော်ပြောချက် ဖြစ်ကာ လူတစ်ဦးအဖြစ် ဘုရားသခင် ပေါ်ထွက်လာခြင်း ဖြစ်၏။ ထို့ကြောင့် ကိုယ်တော်ရှင်သည် လူ့ဇာတိခံယူထားသည့် လက်တွေ့ ကျသော ဘုရားသခင်ဖြစ်၏။
Subscribe to:
Posts (Atom)





