ဘုရားသခင်အား ယုံကြည်သူတစ်ဦးအနေဖြင့် အခြားအရာအားလုံးထက် ဘုရားသခင်အား သစ္စာစောင့်သိကာ အရာအားလုံးတွင် ကိုယ်တော်၏ အလိုတော်ကိုလိုက်နာ သင့်ပေသည်။ သို့ရာတွင် ဤသြဝါဒကို လူတိုင်းနားလည်သော်ငြားလည်း လူသားတို့နှင့်ပတ်သတ်လာလျှင် လူသား၏အမျိုးမျိုးသော ဖိစီးနှိပ်စက်မှုများဖြစ်သည့် မသိနားမလည်မှု၊ ရယ်ဖွယ်ကောင်းမှု၊ ပျက်စီးမှုတို့ကြောင့် အပေါ်လွင်ဆုံး နှင့်အခြေခံအကျဆုံးအမှန်တရားများကို လူ့ထံတွင် ပြည့်စုံစွာမြင်ရနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် သင်တို့အနေဖြင့် အပြီးသတ် ဆုံးဖြတ်ချက် မချမီ သင်တို့အတွက် အရေးအကြီးဆုံးဖြစ်မည့် အရာ အနည်းငယ်ကို ငါပြောမည်။ ရှေ့ဆက်မပြောမီ ဦးစွာ သင်တို့ နားလည်ထားရမည်မှာ- ငါပြောမည့် အမှန်တရားများသည် လူသားအားလုံးကို တိုက်ရိုက်ရည်ရွယ်သော အမှန်တရားများဖြစ်သည်။ လူတစ်ဦးတစ်ယောက် သို့မဟုတ် လူအမျိုးအစားတစ်မျိုးတည်းအတွက်သာ ရည်ရွယ်ပြောခြင်းမဟုတ်ပါ။ ထို့ကြောင့် ရိုးသားမှုနှင့် မမှိတ်မသုန်အာရုံစိုက်ပြီး အမှန်တရား၏ရှုထောင့်မှနေ၍ ငါပြောမည့်အရာများကို နားထောင်သင့်ပေသည်။ ငါပြောသည့်အမှန်တရားတိုင်းကို တစ်လုံးတစ်ပါဒမှ လျစ်လျူရှုခြင်း၊ မထီမဲ့မြင်ပြုခြင်း မလုပ်ရ။ သင်တို့ဘဝများ၌ အမှန်တရားနှင့်များစွာဆီလျော်မှုမရှိသည်ကိုသိသောကြောင့် စဉ်းလဲမှုနှင့် အကျည်းတန်မှုတို့၏ကျေးကျွန်အဖြစ်မှလွန်မြောက်ပြီး အမှန်တရား၏ အမှုတော်ထမ်းများ ဖြစ်လာစေရန် အထူးတလည် မေတ္တာရပ်ခံနေခြင်းတည်း။ အမှန်တရားကိုနင်းချေခြင်း၊ ဘုရားသခင်၏ အိမ်တော်ကိုစော်ကားခြင်းမပြုနှင့်။ ဤအချက်သည် သင်တို့အား ငါ၏သတိပေးချက် ဖြစ်သည်။ ယခု ပြောမည့်အကြောင်းအရာအား စတင်မည်။
အနန္တတန်ခိုးရှင် ဘုရားသခင်ကပြောသည်၊ "ျွန်ုပ်တို့သည် ဘုရားသခင်၏အလို၊ ဘုရားသခင် ပြောသောစကားနှင့် ဘုရားသခင်၏ အသံကို ရှာဖွေရပါမည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ အသစ်သော စကားများရှိသော နေရာ၌ ဘုရားသခင်၏အသံ ရှိပြီး ဘုရားသခင်၏ ခြေရာများရှိသောနေရာ၌လည်း ဘုရားသခင်၏ လုပ်ဆောင်မှုများ ရှိသောကြောင့်ဖြစ်သည်။ ဘုရားသခင်ကို ဖော်ပြသောနေရာ၌ ဘုရားသခင် ထင်ရှားဖော်ပြပြီး ထိုနေရာသည် လမ်းခရီး၊ သမ္မာတရားနှင့် အသက်လည်းရှိသည့်နေရာ ဖြစ်သည်။"
Sunday, September 30, 2018
ဘုရားသခင်၏ ပြောဆိုသံ | သတိပေးချက် ၃ ချက်
ဘုရားသခင်အား ယုံကြည်သူတစ်ဦးအနေဖြင့် အခြားအရာအားလုံးထက် ဘုရားသခင်အား သစ္စာစောင့်သိကာ အရာအားလုံးတွင် ကိုယ်တော်၏ အလိုတော်ကိုလိုက်နာ သင့်ပေသည်။ သို့ရာတွင် ဤသြဝါဒကို လူတိုင်းနားလည်သော်ငြားလည်း လူသားတို့နှင့်ပတ်သတ်လာလျှင် လူသား၏အမျိုးမျိုးသော ဖိစီးနှိပ်စက်မှုများဖြစ်သည့် မသိနားမလည်မှု၊ ရယ်ဖွယ်ကောင်းမှု၊ ပျက်စီးမှုတို့ကြောင့် အပေါ်လွင်ဆုံး နှင့်အခြေခံအကျဆုံးအမှန်တရားများကို လူ့ထံတွင် ပြည့်စုံစွာမြင်ရနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် သင်တို့အနေဖြင့် အပြီးသတ် ဆုံးဖြတ်ချက် မချမီ သင်တို့အတွက် အရေးအကြီးဆုံးဖြစ်မည့် အရာ အနည်းငယ်ကို ငါပြောမည်။ ရှေ့ဆက်မပြောမီ ဦးစွာ သင်တို့ နားလည်ထားရမည်မှာ- ငါပြောမည့် အမှန်တရားများသည် လူသားအားလုံးကို တိုက်ရိုက်ရည်ရွယ်သော အမှန်တရားများဖြစ်သည်။ လူတစ်ဦးတစ်ယောက် သို့မဟုတ် လူအမျိုးအစားတစ်မျိုးတည်းအတွက်သာ ရည်ရွယ်ပြောခြင်းမဟုတ်ပါ။ ထို့ကြောင့် ရိုးသားမှုနှင့် မမှိတ်မသုန်အာရုံစိုက်ပြီး အမှန်တရား၏ရှုထောင့်မှနေ၍ ငါပြောမည့်အရာများကို နားထောင်သင့်ပေသည်။ ငါပြောသည့်အမှန်တရားတိုင်းကို တစ်လုံးတစ်ပါဒမှ လျစ်လျူရှုခြင်း၊ မထီမဲ့မြင်ပြုခြင်း မလုပ်ရ။ သင်တို့ဘဝများ၌ အမှန်တရားနှင့်များစွာဆီလျော်မှုမရှိသည်ကိုသိသောကြောင့် စဉ်းလဲမှုနှင့် အကျည်းတန်မှုတို့၏ကျေးကျွန်အဖြစ်မှလွန်မြောက်ပြီး အမှန်တရား၏ အမှုတော်ထမ်းများ ဖြစ်လာစေရန် အထူးတလည် မေတ္တာရပ်ခံနေခြင်းတည်း။ အမှန်တရားကိုနင်းချေခြင်း၊ ဘုရားသခင်၏ အိမ်တော်ကိုစော်ကားခြင်းမပြုနှင့်။ ဤအချက်သည် သင်တို့အား ငါ၏သတိပေးချက် ဖြစ်သည်။ ယခု ပြောမည့်အကြောင်းအရာအား စတင်မည်။
Saturday, September 29, 2018
အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် | ဘုရားသခင်၏ ပြောဆိုသံ | အခန်း ၁၇
အမှန်ဆိုရလျှင် ဘုရားသခင်၏ နှုတ်တော်မှလာသည့် နှုတ်ကပတ်တော်များ အားလုံးသည် လူသားတို့ မသိသည့် အရာများ ဖြစ်ကြသည်၊ ထိုအရာအားလုံးတို့သည် လူတို့ မကြားဖူးသော ဘာသာစကား ဖြစ်၏၊ ထို့ကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ကိုယ်တိုင်သည်ပင်လျှင် ဆန်းကြယ်မှုတစ်ခု ဖြစ်ပေ၏ဟု ဆိုနိုင်ပေသည်။ လူအများစုတို့သည် အမြင်သဘောထားပိုင်းအရ လူတို့ မစွမ်းဆောင် မရရှိနိုင်သော အရာများသာ၊ ယခုတွင် လူတို့ကို ဘုရားသခင်က သိခွင့်ပေးသော ကောင်းကင်ဘုံ၏ အရေးကိစ္စများ၊ သို့မဟုတ် ဝိညာဉ်ရေးရာ လောကကြီးတွင် ဘုရားသခင်က အဘယ်အရာ လုပ်ဆောင်သည် ဆိုခြင်းအကြောင်း၏ သမ္မာတရားတို့သည် ဆန်းကြယ်မှုများ ဖြစ်ကြသည်ဟု လွဲမှားစွာ ယုံကြည်ကြသည်။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ အားလုံးကို တန်းတူညီမျှစွာ မှတ်ယူခြင်း မရှိသကဲ့သို့ ထိုနှုတ်ကပတ်တော်များကို တန်ဖိုးထားခြင်းလည်း မရှိဘဲ “ဆန်းကြယ်မှုများ”ဟု ၎င်းတို့ ယုံကြည်သည့် အရာများကို အာရုံထားနေကြကြောင်း ဤအရာက ပြသနေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှာ အဘယ်အရာများ ဖြစ်သည် သို့မဟုတ် ဆန်းကြယ်မှုများမှာ အဘယ်အရာများ ဖြစ်သည် ဆိုခြင်းကို လူတို့ သိရှိခြင်း မရှိကြဟု ဤအရာက သက်သေပြနေ၏၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိမိတို့၏ အယူအဆများ အတွင်းမှသာ ဖတ်ရှုကြသည်။ လက်တွေ့အရှိတရားမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဧကန်အမှန် ချစ်မြတ်နိုးသူ တစ်ဦးတစ်လေမျှ မရှိခြင်းပင် ဖြစ်သည်၊ “လူတို့သည် ငါ့ကို လိမ်လည် လှည့်ဖြားရာ၌ ထူးချွန်သူများ ဖြစ်ကြသည်”ကို ပြောရခြင်း၏ အရင်းအမြစ်မှာ ဤနေရာ၌ပင် ရှိသည်။ လူတို့သည် ကောင်းမှုကုသိုလ် ကင်းမဲ့သည်၊ သို့မဟုတ် ၎င်းတို့သည် အကြွင်းမဲ့ ကမောက်ကမ ဖြစ်နေသည်ဟု ဘုရားသခင်က ပြောဆိုခြင်း မဟုတ်သည်မှာ သေချာပါသည်။ ယင်းမှာ လူသားမျိုးနွယ်၏ အခြေအနေ အမှန်ပင် ဖြစ်သည်။ လူတို့ကိုယ်တိုင်ပင် မိမိတို့၏ နှလုံးသားများထဲ၌ ဘုရားသခင်သည် အကယ်စင်စစ် မည်မျှ နေရာ ယူ ်သည်နှင့် ပတ်သက်၍ သိပ်ရှင်းလင်းခြင်း မရှိကြ၊ ဘုရားသခင် ကိုယ်တော်တိုင်သာလျှင် သိပေသည်။ ထို့ကြောင့် ယခုလောလောဆယ်တွင် လူတို့သည် နို့စို့သူငယ်များကဲ့သို့ ဖြစ်ကြသည်၊ ၎င်းတို့သည် အဘယ်ကြောင့် နို့ရည်ကို သောက်သုံးရသနည်းနှင့် အဘယ်အတွက်ကြောင့် အသက်ဆက်နေရသနည်း ဆိုခြင်းနှင့် ပတ်သက်၍ လုံးလုံးလျားလျား မသိဘဲလျက်နှင့် ရှိသည်။ ၎င်းတို့၏ မိခင်သာ ၎င်းတို့၏ လိုအပ်ချက်များကို နားလည်သည်၊ ၎င်းတို့၏ မိခင်သည် ၎င်းတို့ကို အစာငတ်ပြီး သေဆုံးစေမည်မဟုတ်၊ သေစေသည်တိုင်အောင် လွန်ကျူးစွာ စားသုံးစေမည်လည်း မဟုတ်ချေ။ ဘုရားသခင် သည် လူတို့၏ လိုအပ်ချက်များကို အကောင်းဆုံး သိသည်၊ ထို့ကြောင့် တစ်ခါတစ်ရံ သူ၏ ချစ်ခြင်း မေတ္တာသည် သူ၏ နှုတ်ကပတ်တော်များထဲတွင် သရုပ်ထင်သည်၊ တစ်ခါတစ်ရံ သူ၏ တရားစီရင်ခြင်းသည် ထိုနှုတ်ကပတ်တော်များထဲ၌ ထုတ်ဖော်ခြင်းခံရသည်၊ တစ်ခါတစ်ရံတွင် သူ၏ နှုတ်ကတ်တော်များသည် လူတို့၏ အတွင်းကျဆုံးသော နှလုံးသားများကို ထိခိုက်စေပြီး ရံဖန်ရံခါတွင် သူ၏ နှုတ်ကပတ်တော်များသည် အလွန် စိတ်ရင်းမှန်၍ အလွန်စိတ်ထက်သန်လေသည်။ ထိုအရာသည် လူတို့ကို ဘုရားသခင်၏ သနားကရုဏာနှင့် နားလည်ရန်လွယ်ကူခြင်းတို့ကို ခံစားစေသည်၊ သူသည် စိတ်ကူးထားသော ထိတွေ့၍ မရသည့်“ခံညားထည်ဝါသော ပုဂ္ဂိုလ်”မဟုတ်သကဲ့သို့ သူသည် မျက်နှာတော်ကို တိုက်ရိုက် ဖူးမြော်၍ မရသော လူတို့၏ စိတ်များအထဲရှိ “ကောင်းကင်၏သားတော်” မဟုတ်သည်ကို ခံစားစေပြီး သူသည် လူတို့ စိတ်ကူးသည့် အပြစ်မဲ့သော သူများကို သတ်ဖြတ်သော “ပါးကွက်သား” အထူးသဖြင့် မဟုတ်သည်ကို ခံစားစေသည်။ ဘုရားသခင်၏ စိတ်သဘောထား တစ်ရပ်လုံးသည် သူ၏ အလုပ်တွင် ထုတ်ဖော်ခြင်းခံရသည်၊ ယနေ့ကာလ လူ့ဇာတိရှိ ဘုရားသခင်၏ စိတ်သဘောထားသည် သူ၏ အလုပ်မှတစ်ဆင့် သရုပ်ထင်လျက်ရှိဆဲ ဖြစ်သည်၊ ထို့ကြောင့် ဘုရားသခင် ဆောင်ရွက်သည့် အမှုသည် နှုတ်ကပတ်တော်များ၏ အမှု်ဖြစ်သည်၊ ထိုအမှုသည် သူလုပ်ဆောင်သော အရာ သို့မဟုတ် အပြင်ပန်းတွင် သူသည် မည်ကဲ့သို့ သဏ္ဌာန်ပေါ်ပုံ မဟုတ်ပေ။ အဆုံးတွင် လူအားလုံးသည် ဘုရားသခင် နှုတ်ကပတ်တော်မှ တည်ဆောက်ခြင်းကို ရရှိကြလိမ့်မည် ဖြစ်ပြီး ထိုနှုတ်ကပတ်တော်များအားဖြင့် စုံလင်အောင် ပြုခြင်းခံရမည်ဖြစ်သည်။ ၎င်းတို့၏ အတွေ့အကြုံများ၌ ဘုရားသခင် နှုတ်ကပတ်တော်များ၏ လမ်းညွှန်မှုကြောင့် ၎င်းတို့သည် လက်တွေ့ကျင့်ဆောင်ခြင်းအတွက် လမ်းကြောင်းတစ်ခုကို ရရှိလိမ့်မည် ဖြစ်ပြီး ဘုရားသခင်၏ နှုတ်တော်မှလာသော နှုတ်ကပတ်တော်များ မှတစ်ဆင့် လူတို့သည် သူ၏စိတ်သဘောထားတစ်ရပ်လုံးကို သိလာကြလိမ့်မည်။ နှုတ်ကပတ်တော်များကြောင့် ဘုရားသခင်၏ အလုပ်ခပ်သိမ်းသည် ပြည့်စုံလိမ့်မည် ဖြစ်ပြီး လူတို့သည် အသက်ရှင်လာကြကာ ရန်သူများ အားလုံးတို့သည် အနိုင်ယူခြင်းကို ခံရကြလိမ့်မည်။ ဤသည်မှာ ပဓာနအလုပ် ဖြစ်ပြီး မည်သူမျှ လျစ် လျူ ရှု၍ မရပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြည့် လျှင် သာ၍ကောင်းမည် - “ငါ၏ အသံသည် မိုးချုန်းသံကဲ့သို့ ကမ္ဘာမြေ တစ်ခွင်လုံးနှင့် အရပ်လေးမျက်နှာလုံးကို ထွန်းလင်းစေလျက် မြည်ဟီးသည်၊ မိုးချုန်းသံနှင့် လျှပ်ပြက်ခြင်း အလယ်တွင် လူသားမျိုးနွယ်သည် ထိုးနှက်ခြင်းခံရ၏။ မိုးချုန်းသံနှင့် လျှပ်ပြက်ခြင်းအလယ်တွင် မည်သည့် လူသားကမျှ ခိုင်ခံ့စွာ ရပ်တည်နိုင်ခြင်း မရှိခဲ့၊ လူသားအများစုသည် ငါ့အလင်း၏ ကြွလာခြင်း၌ ၎င်းတို့၏ အသိစိတ်များ လွတ်သွားသည်အထိ ကြောက်လန့်တကြား ဖြစ်ကြပြီး အဘယ်အရာ လုပ်ဆောင်ရမည်ကို မသိကြ။” ဘုရားသခင်သည် သူ၏နှုတ်ကို ဖွင့်လေသောအခါ နှုတ်ကပတ်တော်များသည် ထွက်လာ၏။ သူသည် အရာခပ်သိမ်းကို နှုတ်ကပတ်တော်များမှတစ်ဆင့် အထမြောက်စေပြီး၊ အရာအားလုံးသည် သူ၏ နှုတ်ကပတ်တော်များအားဖြင့် ပုံသဏ္ဌာန်ပြောင်းလဲခြင်းသို့ ရောက်ကြကာ သူ၏ နှုတ်ကပတ်တော်များ မှတစ်ဆင့် လူအားလုံးသည် အသစ်ပြုပြင်ခြင်း ခံရ၏။ “မိုးချုန်းသံနှင့် လျှပ်ပြက်ခြင်း”သည် အဘယ်အရာကို ရည်ညွှန်းသနည်း။ ပြီးလျှင် “အလင်း”သည် အဘယ်အရာကို ရည်ညွှန်းသနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ လွတ်မြောက်နိုင်သောအရာ တစ်ခုတစ်လေမျှပင် မရှိချေ။ လူတို့၏ စိတ်များကို ဖော်ထုတ်ရန်အလို့ငှာနှင့် ၎င်းတို့၏ အကျည်းတန်မှုကို သရုပ်ဖော်ပြစိမ့်သောငှာ သူသည် မိမိ၏ နှုတ်ကပတ်တော်များကို အသုံးပြုသည်။ သူသည် လူတို့၏သဘာဝအဟောင်းကို ကိုင်တွယ်ရန်နှင့် သူ၏လူအားလုံးကို စုံလင်စေရန် နှုတ်ကပတ်တော်များကို အသုံးပြု၏။ ဤသည်မှာ ဘုရားသခင် နှုတ်ကပတ်တော်များ၏ အရေးပါမှုပင် မဟုတ်လော။ စကြဝဠာတစ်ခွင်လုံးတွင် ဘုရားသခင် နှုတ်ကပတ်တော်များ၏ ထောက်မခြင်းနှင့် ခိုင်ခံ့စေခြင်း မရှိပါက လူသားမျိုးနွယ် အားလုံးသည် မတည်ရှိတော့သည့် အတိုင်းအတာထိ ဖျက်ဆီးခြင်းခံရလိမ့်မည် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် လုပ်ဆောင်သော အရာများ၏ နိယာမဖြစ်ပြီး သူ၏ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်အတွက် လုပ်ကိုင်ပုံ နည်းလမ်းဖြစ်သည်။ သူ့နှုတ်ကပတ်တော်များ၏ အရေးပါမှုကို ထိုအရာမှတစ်ဆင့် ရှင်းလင်စွာ တွေ့မြင်နိုင်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူသားမျိုးနွယ်၏ စိတ်ဝိညာဉ်များ၏ နက်ရှိုင်းရာများအတွင်းသို့ တိုက်ရိုက် ထိုးဖောက်သည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မြင်သည်နှင့်တစ်ပြိုင်နက် အံ့သြမှင်တက်ကြ၍ ကြောက်ဒူးတုန်ကာ အလောတကြီးပင် ထွက်ပြေးကြသည်။ ၎င်းတို့သည် သူ့နှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရား မှ လွတ်မြောက်လိုကြသည်။ ယင်းကြောင့်ပင် ဤ“ဒုက္ခသည်များ”ကို နေရာအနှံ့ တွေ့နေရခြင်း ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ မြွက်ဆိုပြီးသည်နှင့် ချက်ချင်းပင် လူတို့သည် ဖနောင့်နှင့် တင်ပါး တစ်သားတည်းကျအောင် ပြေးလေတော့သည်။ ဤသည်မှာ ဘုရားသခင်က သရုပ်ဖော်ပြသော လူသားမျိုးနွယ် အကျည်းတန်မှု၏ လက္ခဏာသွင်ပြင်တစ်ခု ဖြစ်သည်။ ယခုတွင် လူအားလုံးတို့သည် ၎င်းတို့၏ မိန်းမောနေခြင်းမှ တဖြည်းဖြည်းနှင့် နိုးထလာနေပြီဖြစ်သည်။ ၎င်းမှာ ယခင်က လူအားလုံးတို့သည် စိတ်ဖောက်ပြန်မှု အဖြစ်မျိုး ဖြစ်ခဲ့သည့်အလားဖြစ်ပြီး ယခုတွင်မူ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မြင်ကြကာ အနာရောဂါပြီးနောက် သက်ရောက်မှုများ စွဲကျန်ရစ်လေသည့်အလား ဖြစ်၍ ၎င်းတို့၏ ယခင်အခြေအနေကို ပြန်လည်ရယူရန် မတတ်နိုင်ကြချေ။ ဤသည်မှာ လူအားလုံးတို့၏ အခြေအနေ အမှန်ပင် ဖြစ်ပြီး အောက်ပါဝါကျ၏ စစ်မှန်သော သရုပ်ဖော်ချက်လည်း ဖြစ်သည်၊ “များစွာသော လူတို့သည် အလွန်သေးမျှင်သော ဤထွန်းတောက်မှုအားဖြင့် တို့ထိခံရကာ တစ်ပြိုင်နက်ပင် ၎င်းတို့၏ အစွဲမှားများမှ နိုးထလာကြသည်။ သို့သော်လည်း ငါ၏အလင်းသည် ကမ္ဘာမြေကြီးပေါ်သို့ သက်ဆင်းလာသော အချိန်ဖြစ်သည့် နေ့ရက်သည် ရောက်လာခဲ့ပြီဆိုခြင်းကို မည်သူကမျှ သဘောပေါက်ခြင်း မရှိခဲ့ကြ။” ထို့ကြောင့်ပင် ဘုရားသခင်သည် “အများစုသော လူသားများသည် အလင်း၏ ရုတ်ခြည်းပေါ်ထွန်းမှုကြောင့် အံ့အားသင့်လွန်း၍ မှက်တက်ကြလေသည်”ဟူ၍ ပြောခဲ့ခြင်း ဖြစ်သည်။ ၎င်းကို ဤကဲ့သို့ ပြောဆိုခြင်းသည် လုံးဝပင် ဆီလျော်သည်။ ဘုရားသခင်၏ လူသားမျိုးနွယ်အား သရုပ်ဖော်ချက်သည် အပ်ထိပ်အတွက်ပင် နေရာမရှိအောင် စေ့စပ်လွန်းလှသည်၊ သူသည် ဤအရာကို တိကျမှန်ကန်စွာနှင့် အမှားအယွင်းမရှိဘဲ လုပ်ဆောင်ခဲ့သည် မှာ စစ်မှန်၏ ။ ယင်းကြောင့်ပင် လူအားလုံးတို့သည် လုံးလုံးလျားလျား လက်ခံယုံကြည်ကြပြီး မသိလိုက်ပါဘဲနှင့် ဘုရားသခင်အတွက် ၎င်းတို့၏ ချစ်ခြင်းမေတ္တာသည် ၎င်းတို့၏ နှလုံးသားများအတွင်းရှိ နက်ရှိုင်းရာမှ စတင်၍ ကြီးထွားလာလေသည်။ ဤနည်းအားဖြင့်သာလျှင် လူတို့၏ နှလုံးသားများထဲ၌ ဘုရားသခင်၏ နေရာသည် သာ၍ သာ၍ပင် စစ်မှန်လာမည် ဖြစ်ကာ ဤသည်မှာပင် ဘုရားသခင် အလုပ်လုပ်သော နည်းလမ်းတစ်ခု လည်း ဖြစ်ပေသည်။
Friday, September 28, 2018
အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် | ဘုရားသခင်၏ | စစ်မှန်သော လူသားဆိုသည်မှာ အဘယ်နည်း
လူသားကို စီမံခန့်ခွဲခြင်းသည် ငါ၏အလုပ်ဖြစ်သည်။ ထို့အပြင် ငါ့အားဖြင့် သူသိမ်းပိုက် ခံရခြင်းသည် ကမ္ဘာကို ငါဖန်ဆင်းစဉ်က သာ၍ပင် အပ်နှင်းပေးခဲ့သော အရာဖြစ်သည်။ နောက်ဆုံးသော ကာလတွင် ငါသည် လူများကို အပြည့်အဝ သိမ်းပိုက်မည်ဆိုခြင်းကို လူတို့မသိလောက်သကဲ့သို့ လူသားမျိုးနွယ်ထဲမှ ပုန်ကန်သူများကို သိမ်းပိုက်ခြင်းသည် စာတန်အပေါ် ငါအနိုင်ရခြင်း၏အထောက်အထားဖြစ်သည် ဆိုခြင်းကိုလည်း သတိမပြုမိကြလောက်ပေ။ သို့သော် ငါ၏ရန်သူသည် ငါနှင့်စစ်ပွဲဖြစ်စဉ်က၊ စာတန်၏ ချုပ်နှောင်ဖမ်းသွားခြင်း ခံခဲ့ရပြီး ၎င်း၏သားသမီးများနှင့် ၎င်း၏အိမ်ကိုစောင့်ပေးရသော သစ္စာရှိ အစေခံကျွန်များအဖြစ် ပြောင်းလဲခြင်းခံလိုက်ရသော သူများအပေါ် ငါသိမ်းပိုက်သူ ဖြစ်မည်ဆိုခြင်းကို ငါမိန့်ခဲ့ပြီးသားပင်။ သိမ်းပိုက်သည်ဆိုခြင်း၏ မူလအဓိပ္ပာယ်သည် အနိုင်ရသည်ဟုဆိုလိုပြီး အရှက်တကွဲ အကျိုးနည်းခြင်းကို ကြုံတွေ့စေခြင်း ဟုလည်းဆိုလိုသည်။ ဣသရေလ လူမျိုးများ၏ ဘာသာစကားအရ အပြည့်အဝ အနိုင်ရကာ ဖျက်ဆီး၍ ငါ့အပေါ် ရှေ့ဆက်ဆန့်ကျင်ခုခံနိုင်စွမ်း မရှိတော့အောင် လုပ်ခြင်းဟုဆိုလိုသည်။ သို့သော် ယနေ့ခေတ်၌ သင်တို့ လူသားများအသုံးအရ ၎င်း၏ အဓိပ္ပာယ်မှာ သိမ်းပိုက်ခြင်း ဖြစ်သည်။ ငါ၏ရည်ရွယ်ချက်မှာ လူသားမျိုးနွယ်၏မာရ်နတ်အား၊ ငါ၏အမှုကို နှောင့်ယှက်ခြင်း သို့မဟုတ် အစီအစဉ်ပျက်စေခြင်းပြုရန် ထွက်သက်ဝင်သက်ရှိရန်မဆိုနှင့်၊ ငါ့ကိုဆန့်ကျင်ပုန်ကန်ခြင်း မပြုစေနိုင်တော့ရန် လုံးဝ ဇီဝချုပ်ငြိမ်းစေ၍ အပြီးအပိုင် ချေမှုန်းရန်ဖြစ်သည်ကို သင်တို့သိသင့်သည်။ ထို့ကြောင့် လူသားနှင့်ပတ်သက်ပါက၊ သိမ်းပိုက်ခြင်းဟူသော အဓိပ္ပာယ်ရှိလာခဲ့သည်။ ဝေါဟာရဂယက်အနက်သည် မည်သို့ပင် ဖြစ်နေပါစေ ငါ၏ အမှုမှာ လူသားမျိုးနွယ်ကို အောင်နိုင်ဖို့ပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူသားမျိုးနွယ်သည် ငါ၏အမှုအတွက် အဖြည့်ခံတစ်ခု ဟုတ်သော်လည်း သာ၍တိကျစွာ ပြောရလျှင် လူသားမျိုးနွယ်သည် ငါ၏ရန်သူမှလွဲ၍ အခြားမဟုတ်ပေ။ လူသားမျိုးနွယ်သည် ငါ့ကို ဆန့်ကျင်၍ မနာခံသော မာရ်နတ် ဖြစ်သည်။ လူသားမျိုးနွယ်သည် ငါ၏ကျိန်ခြင်းခံထားရသော မာရ်နတ်၏ သားသမီးပင် ဖြစ်သည်။ လူသားမျိုးနွယ်သည် ငါ့ကိုသစ္စာဖောက်ခဲ့သော ကောင်းကင်တမန်မင်းဆီက ဆင်းသက်လာသူမှလွဲ၍ အခြားမဟုတ်ပေ။ လူသားမျိုးနွယ်သည် ရှေးကတည်းက ငါရွံရှာစွန့်ပယ်ခဲ့ပြီးကတည်းက ငါနှင့် မည်သည့်အခါမျှ မသင့်မြတ်နိုင်သော ရန်သူဖြစ်သည့် မာရ်နတ်ဆိုး၏ အမွေအနှစ်ပင် ဖြစ်သည်။ လူသားမျိုးနွယ်အထက် ညို့မှိုင်းမည်းမှောင်နေ၍ အလင်းရောင် ခပ်ရေးရေးပင် သိပ်မရှိသော ကောင်းကင်ပြင်ကြီးသည် နိမ့်ကျလာ၍၊ လူ့လောကထဲ နေထိုင်နေသောသူသည် မိမိမျက်နှာရှေ့ ဆန့်တန်းထားသော မိမိ၏လက် သို့မဟုတ် ခေါင်းမပြီး ကြည့်သည့်အခါ နေမင်းကို မြင်နိုင်ခြင်း မရှိစေရန်၊ လူ့လောကကြီးမှာ ပိန်းပိတ်အောင် မည်းမှောင်နေသည့် အမှောင်ထုအတွင်း ကျရောက်စေခြင်း ခံရ၏။ သူ၏ခြေအောက်က လမ်းသည်လည်း ရွှံ့နွံထူထပ်ကာ ကျင်း၊ ချိုင့်တို့ ပေါများလျက် နှိပ်စက်ကလူပြုသည်အထိ ကောက်ကွေ့လှသည်။ မြေတစ်ပြင်လုံးတွင်လည်း အလောင်းကောင်များ ပြန့်ကျဲနေ၏။ မှောင်မည်းနေသော ထောင့်နေရာများတွင်မူ အသေကောင်ရုပ်ကလာပ်များနှင့် ပြည့်နေပြီး၊ အေးစက်၍ အရိပ်ကျသော ထောင့်နေရာများတွင်မူ နတ်ဆိုးအစုလိုက်အအုံလိုက် နေထိုင်နေကြသည်။ လူသားကမ္ဘာ၏ နေရာအနှံ့တွင် နတ်ဆိုးများသည် အုံလိုက်ကျင်းလိုက် သွားလာလှုပ်ရှားနေကြသည်။ အညစ်အကြေးများနှင့် ဖုံးလွှမ်းနေသော သားရဲမျိုးစုံ၏ သားသမီးများသည် ပြင်းထန်သော တိုက်ပွဲ၌ ပိတ်မိနေကြ၍ ထိုတိုက်ပွဲ၏အသံသည် စိတ်နှလုံးကိုပင် တုန်လှုပ်ခြောက်ခြားသွားစေ၏။ ယင်းကဲ့သို့ အချိန်များတွင်၊ ယင်းသို့သောလောကကြီးနှင့် ယင်းကဲ့သို့ "လောက ပရဒိသုဘုံ" တွင် လူတစ်ယောက်သည် ဘဝ၏ ကြီးစွာသော ပျော်ရွှင်မှုမျိုးကို အဘယ်မှာ သွားရှာရမည်နည်း။ ဘဝ၏ ပန်းတုံးတိုင်ကို ရှာတွေ့ရန် အဘယ်ကို သွားရမည်နည်း။ ရှေးကတည်းက စာတန်၏ ခြေအောက်၌ နင်းခြေခြင်းခံခဲ့ရသော လူသားမျိုးနွယ်သည် အစကတည်းက စာတန်၏သဏ္ဌာန်ကို ဆောင်ထားသော သရုပ်ဆောင် ဖြစ်သည်။ ထို့ထက်ပို၍ပင် စာတန်ကို သိသာထင်ရှားစွာ သက်သေခံပေးသော စာတန်၏ ပြယုဂ်ဖြစ်သည်။ ဤကဲ့သို့ ကိုယ်ကျင့်တရားပျက်နေသော အညစ်အကြေးကောင်များ၊ ပျက်စီးနေသော လူမိသားစု၏ သားသမီးများသည် ဘုရားသခင်အတွက် အဘယ်သို့ သက်သေခံနိုင်မည်နည်း။ ငါ၏ ဘုန်းအာနုဘော်သည် အဘယ်ကလာသနည်း။ ငါ၏သက်သေကို မည်သည့်နေရာမှ စ၍ပြောနိုင်မည်နည်း။ အဘယ်ကြောင့်ဆိုသော် ငါ့ကိုဆန့်ကျင်သည့်ရန်သူသည် ကာလကြာမြင့်စွာက ငါဖန်ဆင်းခဲ့ကာ ငါ၏ဘုန်းအာနုဘော်၊ ငါ၏အသက်ရှင်ခြင်းတို့နှင့် ပြည့်နေခဲ့သည့် လူသားမျိုးနွယ်ကို သိမ်းယူကာ ညစ်ပေစေခဲ့ပြီးဖြစ်သောကြောင့် ဖြစ်သည်။ ငါ၏ဘုန်းအာနုဘော်ကို လုယူသွားခဲ့ကာ စာတန်၏ အရုပ်ဆိုးအကျည်းတန်မှုများနှင့် အကြီးအကျယ်ဖွဲ့နှောင်ထားသော အဆိပ်များ၊ ကောင်း မကောင်းကို သိကျွမ်းစေသော အပင်၏အသီးမှ အရည်တို့နှင့် လူသားကို ပြည့်ဝစေခဲ့ပြီ။ အစအဦး၌ ငါသည် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သည်၊ ဆိုလိုသည်မှာ လူသားမျိုးနွယ်၏ ဘိုးဘေးဖြစ်သော အာဒံကို ငါဖန်ဆင်းခဲ့သည်။ သူသည် ပုံရိပ်၊ ပုံသဏ္ဌာန်နှင့် ပြည့်စုံခဲ့ပြီး အားမာန်၊ တက်ကြွမှုတို့နှင့် ပြည့်လျှံနေခဲ့သည်။ ထို့အပြင် ငါ၏ ဘုန်းအာနုဘော်နှင့်လည်း အတူရှိနေခဲ့သည်။ လူသားကို ငါဖန်ဆင်းခဲ့သောအချိန်သည် ထူးမြတ်သောနေ့ရက် ဖြစ်ခဲ့သည်။ ထို့နောက်ပိုင်း အာဒံ၏ ခန္ဓာကိုယ်မှ ဧဝကို ထုတ်လုပ်ခဲ့သည်။ ထို့ကြောင့် သူသည်လည်း လူသား၏ ဘိုးဘေးဖြစ်ခဲ့သည်။ ထို့ကြောင့် ငါဖန်ဆင်းခဲ့သော လူတို့သည် ငါ၏အသက်ဇီဝ၊ ငါ၏ဘုန်းအာနုဘော်နှင့် ပြည့်ဝခဲ့သည်။ အာဒံသည် မူလအားဖြင့် ငါ့လက်မှ ဖွားမြင်ခဲ့သောသူ ဖြစ်ပြီး ငါ့သဏ္ဌာန်၏ ကိုယ်စားပြုခြင်း ဖြစ်သည်။ ထို့ကြောင့် "အာဒံ"၏ မူရင်းအဓိပ္ပာယ်သည် ငါ၏ ဖန်ဆင်းခြင်းခံရသော သတ္တဝါဟု အဓိပ္ပာယ်ရပြီး၊ ငါ၏ရှင်သန်မှုခွန်အား၊ ငါ၏ဘုန်းအာနုဘော်နှင့် ပြည့်ဝခဲ့ကာ၊ ပုံရိပ်နှင့် ပုံသဏ္ဌာန်ရှိပြီး ဝိညာဉ်နှင့် ဇီဝအသက်ရှိသည်။ အာဒံသည် ဝိညာဉ်ရှိပြီး၊ ငါ့ကို ကိုယ်စားပြုနိုင်စွမ်းရှိ၍ ငါ့ပုံသဏ္ဌာန်ကို ဆောင်နိုင်စွမ်းရှိကာ ငါ့ဇီဝအသက်ကို လက်ခံရရှိနိုင်စွမ်းရှိသည့် တစ်ဦးတည်းသော ဖန်ဆင်းခံ သတ္တဝါ ဖြစ်သည်။ အစအဦး၌ ဧဝသည် ဇီဝအသက်နှင့် ပြည့်စုံသည့် ဒုတိယမြောက် လူသားဖြစ်ပြီး သူ၏ ဖန်ဆင်းခြင်းကို ငါချမှတ်ဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့် "ဧဝ" ၏ မူလအဓိပ္ပာယ်သည် ငါ၏ဘုန်းအာနုဘော်ကို ဆက်လက်ထင်ရှားစေမည့်၊ ငါ၏ရှင်သန်ခြင်းများနှင့် ပြည့်သည့်အပြင် ငါ၏ ဘုန်းအာနုဘော်နှင့် ပြည့်စုံသည့် ဖန်ဆင်းခံသတ္တဝါဟု ဆိုလိုသည်။ ဧဝသည် အာဒံအထဲမှ ထွက်လာခဲ့သည်။ ထို့ကြောင့် သူသည်လည်း ငါ၏ပုံသဏ္ဌာန်ကို ဆောင်ခဲ့သည်၊ အကြောင်းမှာ သူသည် ငါ၏ပုံသဏ္ဌာန်နှင့်အညီ ဖန်ဆင်းခံရသော ဒုတိယမြောက်လူသား ဖြစ်သည့်အတွက်ကြောင့် ဖြစ်သည်။ "ဧဝ"၏ မူလအဓိပ္ပာယ်မှာ ဝိညာဉ်၊ အသွေးအသားနှင့် အရိုးရှိသည့် လူသတ္တဝါဟု အဓိပ္ပာယ်ရပြီး လူသားမျိုးနွယ်အကြား၌ ငါ၏ ဒုတိယမြောက် သက်သေဖြစ်ကာ၊ ငါ၏ ဒုတိယမြောက် ပုံသဏ္ဌာန်လည်း ဖြစ်သည်။ သူတို့သည် လူသားမျိုးနွယ်၏ ဘိုးဘေးများ ဖြစ်ပြီး၊ လူသား၏ စစ်မှန်၍ အဖိုးတန်သော ရတနာဖြစ်သည်။ ထို့အပြင် အစပထမကတည်းက ဝိညာဉ်နှင့် ပြည့်စုံခဲ့သည့် သတ္တဝါများ ဖြစ်ခဲ့ကြသည်။ သို့သော်လည်း မာရ်နတ်သည် လူ့လောကကို အလုံးစုံ မိုက်မှောင်မှုထဲသို့ ကျဆင်းသွားစေလျက် လူသားမျိုးနွယ် ဘိုးဘေးများ၏ သားသမီးများကို ယူဆောင်သွားပြီး သူတို့အပေါ်နင်းခြေခဲ့ကာ သူတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်၊ သားသမီးများက ငါ၏ ဖြစ်တည်မှုကို မယုံကြတော့စေရန် ထိုသို့ပြုခဲ့သည်။ ထို့ထက်ပို၍ စက်ဆုပ်ဖို့ကောင်းသော အရာမှာ မာရ်နတ်သည် လူများကို နင်းခြေပြီး ဖျက်ဆီးသည့်တစ်ပြိုင်တည်းမှာပင် ၎င်းသည် လူတို့အပေါ်၌ ငါအပ်နှင်းထားခဲ့သော ငါ့ဘုန်းအာနုဘော်၊ ငါ့သက်သေနှင့် တက်ကြွမှုတို့အပြင် သူတို့အထဲသို့ ငါမှုတ်သွင်းခဲ့သော ဇီဝအသက်၊ လူ့လောကထဲမှ ငါ့ဘုန်းအာနုဘော် အားလုံးနှင့် လူသားမျိုးနွယ်အပေါ် ငါအသုံးပြုခဲ့သော နှလုံးသွေးအားလုံးကို ရက်ရက်စက်စက် ဆွဲနုတ်နေခြင်းပင် ဖြစ်သည်။ လူသားမျိုးနွယ်သည် အလင်းထဲ၌ မရှိကြတော့ပေ။ သူတို့အပေါ် ငါအပ်နှင်းခဲ့သော ဘုန်းအာနုဘော်ကို စွန့်ပစ်လျက် သူတို့အပေါ်၌ ငါအပ်နှင်းခဲ့သော အရာအားလုံးကို ဆုံးရှုံးသွားကြပြီ။ ငါသည် ဖန်ဆင်းခံ သတ္တဝါအားလုံး၏ သခင်ဖြစ်သည်ဆိုခြင်းကို သူတို့ မည်သို့လျှင် ဝန်ခံနိုင်ကြမည်နည်း။ ငါ၏ ကောင်းကင်ဘုံက ဖြစ်တည်မှုကို သူတို့ မည်သို့လျှင် ဆက်ယုံနိုင်ကြမည်နည်း။ ကမ္ဘာပေါ်က ငါ့ဘုန်းအာနုဘော်၏ ထင်ရှားမှုများကို သူတို့မည်သို့လျှင် ရှာဖွေတွေ့ရှိနိုင်မည်နည်း။ ဤမြေးယောက်ျားများနှင့် မြေးမိန်းကလေးများသည် သူတို့၏ ဘိုးဘေးဘီဘင်များက မိမိတို့ကို ဖန်ဆင်းခဲ့သော သခင်အဖြစ် ရိုသေလေးမြတ်ခဲ့သော ဘုရားသခင်ကို မည်ကဲ့သို့ မှတ်ယူနိုင်မည်နည်း။ ဤသနားစဖွယ် မြေးယောက်ျားများနှင့် မြေးမိန်းကလေးများသည် အာဒံနှင့် ဧဝအပေါ် ငါအပ်နှင်းခဲ့သော ဘုန်းအာနုဘော်၊ ပုံသဏ္ဌာန်နှင့် သက်သေတို့ကိုလည်းကောင်း လူသားမျိုးနွယ်တို့ ရှင်သန်ရပ်တည်ဖို့ မှီခိုအားထားနေရသော အသက်ကိုလည်းကောင်း မာရ်နတ်ထံ ရက်ရောစွာနှင့် "ပေးအပ်ခဲ့ကြသည်"၊ ထို့အပြင် မာရ်နတ် ရှိနေခြင်းကို စိုးစဉ်းမျှပင် အရေးမစိုက်ဘဲ ငါ၏ ဘုန်းအာနုဘော် အားလုံးကို ၎င်းထံ ပေးခဲ့ကြသည်။ ဤသည်မှာ "လူဖျင်းလူသွမ်း"၏ ဘွဲ့သညာ၏မူလအစပင် မဟုတ်လော။ ထိုကဲ့သို့သော လူသားမျိုးနွယ်၊ ထိုကဲ့သို့သော မာရ်နတ်ဆိုးများ၊ ထိုကဲ့သို့သော လမ်းလျှောက်နေသည့် အလောင်းကောင်များ၊ ထိုကဲ့သို့သော စာတန်၏ သဏ္ဌာန်များနှင့် ထိုကဲ့သို့သော ငါ၏ရန်သူများသည် မည်သို့လျှင် ငါ၏ ဘုန်းအာနုဘော်ကို လက်ဝယ်ပိုင်ဆိုင်နိုင်မည်နည်း။ ငါ၏ ဘုန်းအာနုဘော်ကို ငါပြန်သိမ်းမည်၊ လူသားများအကြားတွင် တည်ရှိသည့် ငါ၏သက်သေကို ပြန်သိမ်းမည်၊ ပြီးလျှင် တစ်ချိန်က ငါနှင့် သက်ဆိုင်ခဲ့ပြီး လူသားမျိုးနွယ်ကို ကြာမြင့်စွာကတည်းက ပေးခဲ့သော အရာအားလုံးကို ပြန်သိမ်းမည်၊ လူသားမျိုးနွယ်ကို ငါသည် လုံးလုံးလျားလျား သိမ်းပိုက်မည်။ သို့သော် ငါဖန်ဆင်းခဲ့သော လူသားများသည် ငါ၏ပုံသဏ္ဌာန်နှင့် ငါ၏ဘုန်းအာနုဘော်ကို ခံယူထားသော သန့်ရှင်းမြင့်မြတ်သည့် လူများဖြစ်ခဲ့သည်ကို သင်သိသင့်သည်။ သူတို့သည် စာတန်နှင့် မသက်ဆိုင်ခဲ့သကဲ့သို့၊ ၎င်း၏ နင်းခြေခြင်းခံရဖို့လည်း မဟုတ်ခဲ့ဘဲ စာတန်၏ အဆိပ်အတောက်များ စိုးစဉ်းမျှပင် မပါသည့် ငါ၏ သရုပ်သကန်သက်သက်ပင် ဖြစ်ခဲ့သည်။ ထို့ကြောင့် ငါ၏လက်နှင့် ဖန်ဆင်းခဲ့သော၊ အခြားအရာနှင့် မသက်ဆိုင်ဘဲ ငါချစ်မြတ်နိုးသည့် သန့်ရှင်းသောသူဖြစ်သော အရာကိုသာ ငါအလိုရှိကြောင်း လူသားမျိုးနွယ်ကို ငါသိစေမည်။ ထို့အပြင် ထိုသူများကို ငါကျေနပ်အားရပြီး သူတို့ကို ငါ၏ ဘုန်းအာနုဘော်အဖြစ် မှတ်ယူမည်။ သို့သော် ငါအလိုရှိသောအရာသည် စာတန်၏ဖျက်ဆီးခြင်း ခံရ၍ ယနေ့ စာတန်နှင့် သက်ဆိုင်ကာ ငါ၏မူလဖန်ဆင်းခြင်း မဟုတ်တော့သည့် လူသားမျိုးနွယ် မဟုတ်ပေ။ လူ့လောက၌ရှိနေသော ငါ၏ ဘုန်းအာနုဘော်ကို ပြန်သိမ်းရန် ငါရည်ရွယ်သောကြောင့် စာတန်ကို ငါအောင်နိုင်ခြင်း၏ သက်သေအဖြစ် လူသားမျိုးနွယ်ထဲက ရှင်ကျန်သူများကို ငါအပြည့်အဝ သိမ်းပိုက်မည်။ ငါ၏သက်သေကိုသာ ငါကိုယ်တိုင်၏ ပုံဆောင်မှုအဖြစ်၊ ငါ၏ပျော်ရွှင်မှု အရာအဖြစ် ငါမှတ်ယူမည်။ ဤသည်မှာ ငါ၏အလိုဆန္ဒတည်း။
Thursday, September 27, 2018
Myanmar Musical Drama "ရှောင်ကျန်းရဲ့ ပုံပြင်" (5) - ကပွဲခန်းမထဲက ဘဝ
My impression: The kind-hearted Xiaozhen was hurted by being betrayed by friends who wanted to get the gold. In order to survive in the society, Xiaozhen had always been struggling. Finally she chose to adapt to the evil world. Money made her lose her dignity, innocence, and made her live degenerately... What kind of transformation will happen in her life later? Let's watch "Xiaozhen's Story-Life in The Ballroom" together.
သူမ၏ မျက်နှာဖုံးအောက်တွင် အသက်ရှင် နေထိုင်ရင်း ရှောင်ကျန်းသည် ဒီလောကြီး၏ ဝါးမျို ချေဖျက်ခြင်းကို ခံခဲ့ရသည်။ ဆိုးယုတ်သော လောက၏ ကောက်ကျစ်သော နည်းလမ်းများကြားတွင် သူမ၏ ဂုဏ်သိက္ခာ ပျောက်ဆုံးခဲ့သည်
မြင်ကွင်းများ Myanmar Christian Music (အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ) Power of God [Documentary]
Wednesday, September 26, 2018
ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ရန် လွန်စွာအရေးကြီး၏
သင်တို့က စွမ်းဆောင်ရရှိရန် ငါမျှော်လင့်သည့် အရာများစွာရှိ၏။ သို့ရာတွင် သင်တို့၏ လုပ်ဆောင် ချက်များနှင့် သင်တို့၏ အသက်တာအားလုံးတို့သည် ငါ၏ တောင်းဆိုချက်များကို အပြည့်အဝ ဖြည့်ဆည်းနိုင်ခြင်း မရှိပါ။ ထို့ကြောင့် ငါ့တွင် အခြားလမ်းမရှိဘဲ ဆိုလိုရင်းကို တဲ့တိုးပြောရန်နှင့် ငါ၏အလိုဆန္ဒကို သင်တို့အား ရှင်းပြရန်သာရှိ၏။ သင်တို့၏ သိမြင်မှုသည် ညံ့ဖျင်း၍ သင်တို့၏ နားလည် သဘောပေါက်မှုသည်လည်း အလားတူ ညံ့ဖျင်းသဖြင့်၊ သင်တို့သည် ငါ၏ စိတ်နေသဘောထားရော ငါ၏အနှစ်သာရကိုပါ လုံးဝဥဿုံနီးပါး မသိသဖြင့်၊ ၎င်းတို့အကြောင်း သင်တို့ကို အသိပေးရန်မှာ အရေးတကြီးကိစ္စ တစ်ရပ်ဖြစ်၏။ သင်ယခင်က မည်မျှနားလည်ခဲ့သည်ဖြစ်စေ၊ သို့မဟုတ် သင်သည် ဤကိစ္စများကို နားလည်ရန် ကြိုးစားလိုသည့်ဆန္ဒ မည်မျှရှိသည်ဖြစ်စေ၊ ၎င်းတို့ကို ငါသည် သင်တို့အား အသေးစိတ် ရှင်းပြရဦးမည် ဖြစ်သည်။ ဤကိစ္စများသည် သင်တို့နှင့် လုံးဝစိမ်းနေသည် မဟုတ်သော်လည်း ၎င်းတို့တွင် ပါဝင်သည့်အဓိပ္ပာယ်ကို သင်တို့နားလည်ပုံ မရပေ၊ သို့မဟုတ် ရင်းနှီးပုံမရပေ။ သင်တို့အများအပြားသည် မှုန်မှုန်ဝါးဝါးသာ နားလည်ကြသည်သာမက နားလည်ခြင်းမှာလည်း တစ်စိတ်တစ်ပိုင်းနှင့် မပြည့်မစုံသာဖြစ်၏။ သင်တို့ သမ္မာတရားကို ပိုမိုကောင်းမွန်စွာ ကျင့်သုံးနိုင်ရေး အတွက်၊ ဆိုလိုသည်မှာ ငါ၏ နှုတ်ကပတ်တော်များကို ပိုမိုကောင်းမွန်စွာ လက်တွေ့ ကျင့်သုံးနိုင်ရေးအတွက်၊ အထောက်အကူပြုရန် သင်တို့ အရင်ဆုံး သိလာရမည့်အရာမှာ ဤကိစ္စများဖြစ်သည်ဟု ငါထင်သည်။ သို့မဟုတ်ပါက၊ သင်တို့၏ယုံကြည်ခြင်းသည် မရေရာသော ယုံကြည်ခြင်း၊ သူတော်ကောင်း ယောင်ဆောင်လျက်၊ ဘာသာရေး၏ အဆောင်အယောင် အဆင်တန်ဆာများနှင့် ပြည့်နေသည့် ယုံကြည်ခြင်းအဖြစ် ဆက်လက်ရှိနေမည်။ သင်သည် ဘုရားသခင်၏ စိတ်နေသဘောထားကို နားမလည်ပါက သူ့အတွက် သင်လုပ်ဆောင်သင့်သည့်အမှုကို သင်လုပ်ဆောင်ရန် မဖြစ်နိုင်ဘဲ ရှိလိမ့်မည်။ သင်သည် ဘုရားသခင်၏ အနှစ်သာရကို မသိပါက သင်က သူ့အပေါ် ရိုသေလေးမြတ်ခြင်းနှင့် ကြောက်ရွံ့ခြင်းတို့ကို ပြသရန် မဖြစ်နိုင်ဘဲ ရှိလိမ့်မည် ဖြစ်သော်လည်း ဂရုမပြုသော ဝတ်ကျေတမ်းကျေပြုမူမှုနှင့် လှိမ့်လုံးများအပြင် ပြုပြင်၍မရသော အကျင့်ဖြစ်နေသည့် ပုတ်ခတ်ပြောဆိုမှုတို့ကိုသာ ပြသနိုင်လိမ့်မည်။ ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ခြင်းသည် အရေးကြီးသည်မှာ အမှန်ပင်ဖြစ်၍ ဘုရားသခင်၏ အနှစ်သာရကို သိခြင်းအား ပေါ့ပေါ့တန်တန် သဘောထား၍မရသော်လည်း ဤကိစ္စများကို မည်သူကမျှ တစ်ခါမျှ သေချာစွာ စစ်ဆေးခြင်း သို့မဟုတ် နှိုက်နှိုက်ချွတ်ချွတ် လေ့လာခြင်းများ မပြုခဲ့ဖူးပေ။ သင်တို့အားလုံးသည် ငါပြဋ္ဌာန်းခဲ့သည့် စီမံခန့်ခွဲရေးအမိန့် အားလုံးကို ထုတ်ဖယ်ပစ်ခဲ့ပြီးဖြစ်သည်ကို ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။ ဘုရားသခင်၏ စိတ်နေသဘောထားကို သင်တို့ နားမလည်ပါက သင်တို့သည် သူ၏စိတ်နေသဘောထားကို အလွယ်တကူ စော်ကားလိမ့်မည်။ ထိုကဲ့သို့သော စော်ကားမှုတစ်ရပ်သည် ဘုရားသခင်ကိုယ်တိုင်ကို ဒေါသထွက်စေခြင်းနှင့် တူညီကာ သင့်လုပ်ဆောင်ချက်၏ နောက်ဆုံး အသီးအပွင့်သည် စီမံခန့်ခွဲရေးအမိန့်များကို ဖောက်ဖျက်ခြင်း တစ်ရပ် ဖြစ်သွား၏။ ထို့ကြောင့် ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ခြင်းတွင် သူ၏ အနှစ်သာရကို သိခြင်းလည်း ပါဝင်သည်ဟူသည်နှင့် ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ခြင်းတွင် စီမံခန့်ခွဲရေးအမိန့်များကို နားလည်ခြင်းလည်း ပါဝင်သည်ဟူသည်ကို သင်သိသင့်သည်။ စီမံခန့်ခွဲရေး အမိန့်များစွာသည် ဘုရားသခင်၏ စိတ်နေသဘောထားအကြောင်းနှင့် သက်ဆိုင်သော်လည်း ၎င်းတို့အထဲတွင် သူ၏စိတ်နေသဘောထား တစ်ရပ်လုံးကို ထုတ်ဖော်ထားခဲ့ခြင်း မရှိပေ။ ထို့ကြောင့် သင်တို့သည် ဘုရားသခင်၏ စိတ်နေသဘောထားကို ပိုမိုနားလည်ရေး ဆောင်ရွက်ရာတွင် ဤသည်ထက် တစ်ဆင့်ပို၍ ဆောင်ရွက်သင့်သည်။
Tuesday, September 25, 2018
Myanmar Musical Drama "ရှောင်ကျန်းရဲ့ ပုံပြင်" (6) - ပြန်လာခြင်း
Myanmar Christian Music (အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ) Power of God [Documentary]
Monday, September 24, 2018
ဘုရားသခင်၏ ပြောဆိုသံ | သင်တဖန်ပြန်ရှင်ပြီးပြီလော
သင်သည်သာမာန်လူသား၏ အသက်ရှင်ခြင်းဘဝကိုရရှိခဲ့ပြီး၊ စုံလင်အောင်ပြုလုပ်ခြင်းခံရပြီးချိန်၌ ပရောဖက်ကဲ့သို့စကားမပြောနိုင်၊ အံ့ဖွယ်အမှုတို့ကိုမပြုနိုင်သော်လည်း လူသားတစ်ဦး၏ပုံသဏ္ဍန်ကို သင်သည်အသက်ရှင်ပြသခွင့်ရှိသည်။ ဘုရားသခင်ကလူကိုဖန်ဆင်းခဲ့သည့်နောက်တွင် စာတန် အားဖြင့်လူသည်ပျက်စီးယိုယွင်းခဲ့သည်။ ယင်းပျက်စီးခြင်းက လူတို့ကိုသေသောခန္ဓာများဖြစ်စေသည်။ သို့ဖြစ်၍၊ သင်သည်ပြောင်းလဲသည့်နောက်တွင် ဤလူသေခန္ဓာများမှခြားနားလာလိမ့်မည်။ လူတို့၏ဝိညာဉ်ကို အသက်ပေးသောသူသည်ဘုရားသခင်၏နှုတ်တော်စကားများဖြစ်၏။ သူတို့ကိုအသစ်မွေးဖွားစေ၏။ ထိုသို့လူ တို့၏ဝိညာဉ်များအသစ်မွေးဖွားခြင်းရှိသည့်အချိန်တွင်သူတို့အသက်ပြန်ရှင်လာလိမ့်မည်။ "လူသေ" ဟုဖော်ပြ ရာတွင် ဝိညာဉ်မရှိတော့သည့်လူသေအလောင်းနှင့်ဝိညာဉ်သေပြီးသောလူတို့ကိုလည်းရည်ညွန်းသည်။ လူတို့၏ ဝိညာဉ်များအားအသက်ပေးသည့်အချိန်တွင် ထိုသူတို့အသက်ပြန်ရှင်လာသည်။ အရင်ကပြောခဲ့သော သန့်ရှင်းသူ တို့ဆိုသည်မှာအသက်ပြန်ရှင်လာသောသူတို့ကို ရည်ရွယ်ပါသည်။ သူတို့သည်စာတန်၏ လွမ်းမိုးမှုအောက်တွင် နေ ခဲ့ပြီး စာတန်ကိုအနိုင်ရသူများဖြစ်ကြသည်။ တရုတ်နိုင်ငံထဲမှရွေးချယ်ခံရသူများသည် သူတို့၏စိတ်ကိုဖျက်ဆီးကာ အသက်ရှင်ရန်သတ္တိကုန်လုနီးပါးဖြစ်စေခဲ့သော နဂါးနီကြီး၏ ရက်စက် ကြမ်းကြုတ်မှု၊ လူမဆန်ညှင်းဆဲမှုနှင့် လည့်ကွက်တို့ကို ကြံ့ကြံ့ခံလာခဲ့ကြသည်။ သူတို့၏ဝိညာဉ်များနိုးထရန် သူတို့ကိုယ်မှစတင်ရမည်။ - တစ်စစီတစ်စစီနှင့် - သူတို့ကိုယ်တွင်းမှ သူတို့၏ဝိညာဉ် ပြန်လည်နိုးထရမည်။ တစ်နေ့သူတို့အသက်ပြန်ရှင်လာသည့်အချိန်တွင် အတားအဆီးများမရှိတော့ဘဲ အရာရာချောမွေ့လျက်ရှိ လိမ့်မည်။ လက်ရှိအချိန်၌ ယင်းကို မရယူနိုင်သေးပေ။ လူအများစုအသက်ရှင်ခြင်းတွင် သေခြင်းအသွင် အခြေအနေကထိန်းချုပ်ပြီး၊ သေခြင်းလက္ခဏာက သူတို့ကိုပိတ်ဖုံးနေလျက်၊ သူတို့သည် အလွန်ချို့တဲ့ကြ၏။ လူအချို့၏ စကားလုံးများ၊ လုပ်ရပ်များ နှင့် အသက်ရှင်ပုံစံဟူသမျှအားလုံးနီးပါးက သေခြင်းကိုဖော်ပြသည်။ အကယ်၍၊ ယနေ့တွင် လူတို့သည် ဘုရားသခင်ကိုလူဘုံအလယ်မှာသက်သေခံလျှင်၊ ထိုအလုပ် အောင်မြင်မည်မဟုတ်ချေ။ အကြောင်းမှာ၊ သူတို့သည်လုံးဝအသက်ပြန်ရှင်လာဖို့ လိုအပ်သေးသောကြောင့် တည်း။ သင်တို့ထဲ၌ လူသေများစွာရှိကြ၏။ ယနေ့၊ လူအချို့က မေးခွန်းထုတ်ကြ သည်မှာ၊ အဘယ်ကြောင့် တစ်ပါးလူမျိုးများကြားထဲက ဘုရားသခင်၏အလုပ်ကို အလျင်အမြန်ပျံ့နှံ့မည်အကြောင်း ဘုရားသခင်က အံ့ဖွယ်၊ နိမိတ်လက္ခဏာများအချို့ကိုမဖော်ပြသနည်း။ လူသေက ဘုရားသခင်အကြောင်းကိုသက်သေမခံနိုင်၊ အသက်ရှင်သောသူက သက်သေခံနိုင်သည်။ သို့သော် ယနေ့တွင် လူအများကသေနေကြသည်။ လူအမြောက်အများက သေခြင်းလှောင်အိမ်ထဲမှာအသက်ရှင်ကြ၏။ စာတန်၏ လွမ်းမိုးမှုအောက်တွင်နေကြကာ၊ အောင်နိုင်ခြင်းကိုမရနိုင်ကြ၊ သို့ဖြစ်လျှင် သူတို့က ဘုရားသခင်အတွက် အဘယ်သို့သက်သေခံနိုင်မည်နည်း။ သတင်းကောင်းဟောပြောခြင်းအမှုတော်ကိုအဘယ်သို့ကျယ်ပြန့်အောင် လုပ်ဆောင်နိုင်ကြမည်နည်း။
Sunday, September 23, 2018
Myanmar Musical Drama ရှောင်ကျန်းရဲ့ ပုံပြင် (4) - ဆုတ်ယုတ်ခြင်း The Church of Almighty God
ဆိုးယုတ်သောကမ်ဘာနှင့် ရက်စက်သော လက်တွေ့လောကနှင့် ရင်ဆိုင်ပြီးနောက်တွင် ရှောင်ကျန်းသည် ဝမ်းနည်းကြေကွဲစွာနှင့် သူမ၏ ရိုးသားဖြူစင်မှုကို စွန့်ပစ်ခဲ့ပြီး မျက်နှာဖုံးတစ်ခုဝတ်ဖို့ ကြိုးစားခဲ့သည်။ အဲဒီအချိန် တစ်ခဏကနေစပြီး သူမသည် ဆုံးရှုံးသွားခဲ့သည်။…
မြင်ကွင်းများ
Myanmar Christian Music (အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ) Power of God [Documentary]
Saturday, September 22, 2018
ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်
လူသားမျိုးနွယ်အား စီမံခန့်ခွဲခြင်းအမှုကို အဆင့်သုံးဆင့်ခွဲထား၏။ ဆိုလိုသည်မှာ လူသားမျိုးနွယ်အား ကယ်တင်ခြင်းအမှုကို အဆင့်သုံးဆင့် ခွဲထားခြင်းဖြစ်သည်။ ဤအဆင့်သုံးဆင့်တွင် ကမ္ဘာမြေကြီးကို ဖန်ဆင်းခြင်းအမှု မပါသော်လည်း ၎င်းအဆင့်တို့မှာ ပညတ်တော်ခေတ်၊ ကျေးဇူးတော်ခေတ်နှင့် နိုင်ငံတော်ခေတ်အမှု၏ အဆင့်သုံးဆင့်တို့ဖြစ်ကြ၏။ ကမ္ဘာမြေကြီးကို ဖန်ဆင်းခြင်းအမှုသည် လူသားမျိုးနွယ်တစ်ရပ်လုံးကို ထုတ်လုပ်ခြင်းအမှုဖြစ်၏။ ထိုအမှုမှာ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှု မဟုတ်ဘဲ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှုနှင့် လုံးဝဆက်စပ်ခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာမြေကြီးကို ဖန်ဆင်းချိန်၌ လူသားသည် စာတန်၏ ဖျက်ဆီးခြင်းကို မခံရသေးသဖြင့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှု ဆောင်ရွက်ရန် မလိုအပ်ခဲ့ပေ။ လူသားမျိုးနွယ်သည် စာတန်၏ ဖျက်ဆီးခံရသည့်အခါတွင်မှ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှု စတင်ခဲ့သည်။ ထို့ကြောင့် လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း အမှုသည်လည်း လူသားမျိုးနွယ်ကို စာတန်ဖျက်ဆီးပြီးသည့်အခါတွင်မှ စတင်ခဲ့သည်။ တစ်နည်းအားဖြင့်ဆိုလျှင် ဘုရားသခင်၏ လူသားအပေါ်စီမံခန့်ခွဲခြင်းသည် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှု၏ ရလဒ်အဖြစ် စတင်ခဲ့ခြင်းဖြစ်၍ ကမ္ဘာမြေကြီးကို ဖန်ဆင်းခြင်းအမှုမှ ပေါ်ပေါက်လာခြင်း မဟုတ်ပေ။ လူသားမျိုးနွယ်မှ ပျက်စီးသည့် စိတ်နေသဘောထား ရရှိခဲ့ပြီးနောက်မှသာ စီမံခန့်ခွဲသည့်အမှု ဖြစ်ပေါ်လာသည်။ ထို့ကြောင့် လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်းအမှုတွင် အဆင့်လေးဆင့် သို့မဟုတ် ခေတ်လေးခေတ်အစား အပိုင်းသုံးပိုင်း ပါရှိသည်။ ဤသည်သာလျှင် ဘုရားသခင်၏ လူသားအပေါ် စီမံခန့်ခွဲခြင်းအမှုကို မှန်ကန်စွာ ရည်ညွှန်းသည့်နည်းဖြစ်သည်။ နောက်ဆုံးခေတ်ပြီးဆုံးချိန်တွင် လူသားမျိုးနွယ်အပေါ်စီမံခန့်ခွဲခြင်းအမှုသည် ပြည့်စုံစွာ ပြီးဆုံးခဲ့ ပြီး ဖြစ်လိမ့်မည်။ စီမံခန့်ခွဲခြင်းအမှု ပြီးဆုံးခြင်းသည် လူသားမျိုးနွယ်အားလုံးကို ကယ်တင်သည့်အမှု လုံးဝ ပြီးဆုံးသွား၍ လူသားမျိုးနွယ်သည် ၎င်း၏ခရီးလမ်းဆုံးသို့ ရောက်ခဲ့ပြီးဖြစ်သည်ဟု ဆိုလို၏။ လူသားမျိုးနွယ်အားလုံးကို ကယ်တင်သည့်အမှုမရှိပါက လူသားမျိုးနွယ်ကို စီမံခန့်ခွဲသည့်အမှု ရှိမည်မဟုတ်ပါ။ အမှု၏ အဆင့်သုံးဆင့်သည်လည်း ရှိမည်မဟုတ်ပါ။ အတိအကျအားဖြင့် ဤသည်မှာ လူသားမျိုးနွယ်၏ စာရိတ္တပျက်ပြားမှုကြောင့်နှင့် လူသားမျိုးနွယ်သည် ကယ်တင်ခြင်းကို အရေးတကြီး လိုအပ်နေသဖြင့် ယေဟောဝါသည် ကမ္ဘာမြေကြီးအား ဖန်ဆင်းခြင်းကို အဆုံးသတ်ခဲ့ကာ ပညတ်တော်ခေတ် အမှုကို စတင်ခဲ့၏။ ထိုအခါတွင်မှ လူသားမျိုးနွယ်အား စီမံခန့်ခွဲသည့်အမှု စတင်ခဲ့၏။ ထိုအခါတွင်မှ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှု စတင်ခဲ့၏ဟု ဆိုလိုခြင်းဖြစ်သည်။ "လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း" ဟူသည် ကမ္ဘာမြေကြီးပေါ်တွင် အသစ်ဖန်ဆင်းထားသည့် လူသားမျိုးနွယ် (ဆိုလိုသည်မှာ ဖျက်ဆီးမခံရသေးသည့် လူသားမျိုးနွယ်) ၏အသက်တာကို လမ်းပြခြင်းဟု မဆိုလိုပါ။ ထိုသို့မဟုတ်ဘဲ စာတန်၏ ဖျက်ဆီးခြင်းကို ခံခဲ့ရသော လူသားမျိုးနွယ်ကို ကယ်တင်ခြင်းဖြစ်၏။ ဆိုလိုသည်မှာ ဤပျက်စီးနေသော လူသားမျိုးနွယ်ကို ပြောင်းလဲရန်ဖြစ်၏။ ဤသည်မှာ လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း၏ အဓိပ္ပါယ်ဖြစ်၏။ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှုတွင် ကမ္ဘာမြေကြီးကို ဖန်ဆင်းသည့်အမှုမပါပေ။ ထို့ကြောင့် လူသားမျိုးနွယ်ကို စီမံခန့်ခွဲသည့်အမှုတွင် ကမ္ဘာမြေကြီးကို ဖန်ဆင်းသည့်အမှု မပါဝင်ဘဲ ကမ္ဘာမြေကြီးကို ဖန်ဆင်းခြင်းအမှုမှ သီးခြားဖြစ်သော အမှုအဆင့်သုံးဆင့်သာ ပါဝင်၏။ လူသားမျိုးနွယ်အား စီမံခန့်ခွဲခြင်း အမှုကို နားလည်ရန် အမှု၏အဆင့်သုံးဆင့် နောက်ခံသမိုင်းကို သိရှိရန်လိုအပ်သည်၊ ဤသည်မှာ ကယ်တင်ခံရရန် လူတိုင်းသိရမည့်အရာဖြစ်၏။ ဘုရားသခင်၏ ဖန်ဆင်းထားသော သတ္တဝါများအနေဖြင့် လူသားသည် ဘုရားသခင်၏ ဖန်ဆင်းခြင်းကို ခံရသည်ကို သင်တို့သိသင့်၍ လူသားမျိုးနွယ်၏ ပျက်စီးခြင်း အရင်းအမြစ်ကို သိသင့်သည့်အပြင် လူသား၏ ကယ်တင်ခြင်း လုပ်ငန်းစဉ်ကို သိသင့်သည်။ ဘုရားသခင်ထံမှ မျက်နှာသာရရှိရေးအတွက် အယူဝါဒနှင့်အညီ မည်သို့ပြုမူရမည်ကိုသာ သင်တို့သိ၍ လူသားမျိုးနွယ်ကို ဘုရားသခင်မှ မည်သို့ကယ်တင်သည်ကို ဖြစ်စေ၊ လူသားမျိုးနွယ် ပျက်စီးခြင်း၏ အရင်းအမြစ်ကိုဖြစ်စေ၊ အရိပ်အမြွက်မျှပင် မသိပါက ဤသည်မှာ ဘုရားသခင်ဖန်ဆင်းသော သတ္တဝါအဖြစ် သင်တို့တွင် ကင်းမဲ့နေသည့်အရာဖြစ်၏။ သင်သည် ဘုရားသခင် စီမံခန့်ခွဲခြင်းအမှု၏ ပိုမိုကျယ်ပြန့်သော နယ်ပယ် အကြောင်း မသိဘဲနေလျက် လက်တွေ့ကျင့်သုံးနိုင်သည့် သမ္မာတရားများကို နားလည်ခြင်းဖြင့် ကျေနပ်၍သာ မနေသင့်ပါ၊ ဤသို့ဖြစ်ပါက သင်သည် တယူသန်ဆန်လွန်း၏။ အမှုအဆင့်သုံးဆင့်သည် လူသားအပေါ် ဘုရားသခင်စီမံခန့်ခွဲမှု၏ အတွင်းဇာတ်လမ်း၊ စကြဝဠာတစ်ခုလုံး၏ ဧဝံဂေလိတရားရောက်ရှိခြင်း၊ လူသားမျိုးနွယ် အားလုံးအကြား အကြီးမားဆုံးသော နက်နဲမှုနှင့် ဧဝံဂေလိတရား ဖြန့်ဝေခြင်း၏ အခြေခံလည်း ဖြစ်၏။ သင်သည် သင့်အသက်တာနှင့် သက်ဆိုင်သည့် လွယ်ကူရိုးရှင်းသော သမ္မာတရားများ နားလည်ရေးကိုသာ အဓိကထား၍ နက်နဲမှုများနှင့် အမြင်များအနက် အကြီးမြတ်ဆုံး ဤအကြောင်းကို ဘာမျှမသိပါက သင်၏အသက်တာသည် ကြည့်ရုံမှလွဲ၍ မည်သည့်အတွက်မျှ မကောင်းသော ချွတ်ယွင်းနေသည့် ထုတ်ကုန်ပစ္စည်းတစ်ခုနှင့် တူနေမည်မဟုတ်ပါလော။
Friday, September 21, 2018
Myanmar Christian Documentary Trailer (အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ) Issuing Laws
ဣသရေလအမျိုးတို့အား ဘုရားသခင်မှထုတ်ပြန်သည့် ပညတ်တော်များနှင့် ဥပဒေများသည် လူသား၏ဥပဒေအပေါ် လေးနက်သည့်ထိရောက်မှု ရှိရုံမက လူမှုအဖွဲ့အစည်းများတွင် ကိုယ်ကျင့်တရားရှိသော ယဉ်ကျေးမှုနှင့် ဒီမိုကရေစီနည်းကျသော အဖွဲ့အစည်းများ တည်ထောင်ဖွဲ့စည်းရာတွင်လည်း အရေးပါသည့် အခန်းကဏ္႑မှ ပါဝင်ခဲ့ပါသည်။ ခရစ်ယာန် ဂီတကိုအခြေခံသော မှတ်တမ်းရုပ်ရှင်—အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ— သမိုင်းဝင်အမှန်တရားကို မကြာမီတင်ဆက်လိမ့်မည်။
အသိပညာမျာ:
အသိပညာမျာ:
အနန္တတန်ခိုးရှင် ဘုရားသခင်- ငြိမ်သက်ခြင်း အရှင်
Thursday, September 20, 2018
အသက်ဂီတ | အချစ်ဆုံးအဖြစ်လူကို ဘုရားမှတ်ယူ
I
ဘုရား လူကို ဖန်ဆင်း
လူတွေသွေဖယ်ပျက်စီးသည်ဖြစ်စေ၊
သူ့နောက်သို့ လိုက်သည်ဖြစ်စေ
ချစ်ရသူများအဖြစ် လူကို ဘုရားမှတ်ယူ
သူ၏အချစ်ဆုံးမိသားစုဟုလည်း ဆိုနိုင်
လူဟာ သူ့အတွက် အရုပ်လေးမဟုတ်
II
သူသည် ဖန်ဆင်းရှင်၊ လူသည် သူ့ဖန်ဆင်းခြင်းလက်ရာတော်
အဆင့်အတန်းကွဲပြားသည် ထင်ရ
သို့သော် လူတွေအဖို့ ဘုရားပြုမူသမျှ လူနှင့်ဘုရားဆက်ဆံရေးထက်ကျော်လွန်
ဘုရား လူကိုချစ်ခင်စောင့်ရှောက်ကာ စိုးရိမ်ကြောင့်ကြပေးနေ
မမောမပန်း လူတွေကို သူပေးနေ
အပိုအလုပ်ဟူ၍ လုံးဝမမြင်
ချီးကျူးဂုဏ်ပြုမှုလည်း သူမလိုလား
Wednesday, September 19, 2018
Myanmar Christian Documentary Trailer (အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ) | Power of God
ကျယ်ပြန့်သည့်စကြဝဠာတစ်ခွင်၊ အာကာသဗိမာန်အားလုံးသည် ၎င်းတို့၏ပတ်လမ်းများအတွင်း တိကျစွာ ရွေ့လျားကြ၏။ ကောင်းကင်အောက်တွင်၊ တောင်များ၊ မြစ်များ၊ ရေကန်များအားလုံးသည် ၎င်းတို့၏နယ်နိမိတ်များ ရှိကြလျက်၊ သက်ရှိသတ္တဝါခပ်သိမ်းသည် လေးရာသီတစ်ခွင်လုံး ဘဝ၏နိယာမတရားများနှင့်အညီ အသက်ရှင်၍ မျိုးပွားကြ၏။ . . . ဤအရာအားလုံးကို လက်ရာမြောက်စွာ စီမံထား၏-- ဤအရာအားလုံးကို အုပ်ချုပ်စီမံနေသူ တန်ခိုးကြီးမားသူတစ်ဦး ရှိနေသလော။ ကျွန်ုပ်တို့သည် ဤလောကအတွင်းသို့ ငိုကြေွး၍ရောက်လာစဉ်ကတည်းက ဘဝ၌ အခန်းကဏ္႑အမျိုးမျိုးမှ စတင်၍ပါဝင်နေခဲ့ကြသည်။ မွေးဖွားချိန်မှ အသက်အရွယ်ကြီးမြင့်ချိန်သို့၊ နာဖျားမှုသို့၊ သေဆုံးခြင်းသို့ ကျွန်ုပ်တို့် ပြောင်းလဲကြ၏၊ ကျွန်ုပ်တို့သည် ဝမ်းမြောက်လိုက်၊ ဝမ်းနည်းလိုက် ဖြစ်ကြ၏ . . .။ လူသားမျိုးနွယ်သည် အမှန်စင်စစ်အားဖြင့် မည်သည့်နေရာမှလာ၍ ကျွန်ုပ်တို့သည် မည်သည့်နေရာသို့ အမှန်စင်စစ် သွားမည်နည်း။ ကျွန်ုပ်တို့၏ ကံကြမ္မာများအပေါ် မည်သူ စိုးမိုးနေသနည်း။ ရှေးခေတ်ကာလများမှ မျက်မှောက်နေ့ရက်များအထိ၊ အင်အားကြီးမားသော နိုင်ငံများ နိုးထခဲ့ကြသည်၊ မင်းဆက်များသည်လည်း လာ၍သွားကြကုန်ပြီဖြစ်၍ နိုင်ငံများနှင့် လူမျိုးများသည် သမိုင်း၏ဒီရေများတွင် ကြီးပွားတိုးတက်အောင်မြင်ခဲ့ကာ ပျက်စီးခဲ့ပြီးဖြစ်သည် . . .။ သဘာဝ၏နိယာမများကဲ့သို့ပင် လူသားမျိုးနွယ်၏ ဖွံ့ဖြိုးတိုးတက်မှု နိယာမများတွင် နက်နဲမှုများ အနန္တ ရှိကြ၏။ ၎င်းတို့၏အဖြေများကို သင်သိလိုပါသလား။ ၎င်းနက်နဲမှုအားလုံးကို ဖော်ပြရန်၊ အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူဟူသည့် မှတ်တမ်းရုပ်ရှင်မှ ဤအရာ၏အရင်းအမြစ်သို့ရောက်အောင် သင့်ကို လမ်းပြပေးပါမည်။
Tuesday, September 18, 2018
ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားများ စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု နိမိတ်ပြနေသည့် မိုးချုန်းသံ ခုနစ်ချက်
Monday, September 17, 2018
ဆုတောင်းပဌာနပြု ဓမ္မသီချင်း | အမှုတော်သစ်လက်ခံသူများ မင်္ဂလာရှိ
နှုတ်ကပတ်တော် ဓမ္မသီချင်း
အမှုတော်သစ်လက်ခံသူများ မင်္ဂလာရှိ
သန့်ရှင်းသောဝိညာဉ်တော်၏ လတ်တလောအသံတော်ကို
နားထောင်နိုင်သူအားလုံး မင်္ဂလာရှိကြ
သူတို့ မည်သို့ကျင့်သားရသည်ဖြစ်စေ သန့်ရှင်းသောဝိညာဉ်တော်
သူတို့အထဲ၌ မည်သို့အမှုပြုတတ်ပါစေ
နောက်ဆုံးအမှုရရှိသူများ မင်္ဂလာအရှိဆုံးဖြစ်
ဒီကနေ့ နောက်ဆုံးအမှု လက်မခံနိုင်သူများ ဖယ်ရှားခံရမည်
အလင်းသစ် လက်ခံနိုင်သူများနှင့်
သူ့နောက်ဆုံးအမှု လက်ခံသိရှိသူများ ဘုရားလိုချင်
Myanmar Documentary Trailer (အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ) Exploring the Universe
ကှယမြွားနှင့ပြှည့နြှကနြသညြေ့ ကယွပြှန့သြော အာကာသ မိုးကောငြးကငြ၌၊ ဂှိုဟမြွားတိုကမြိကှ၍ ရှုပထြှေးသညြ့ ဖှဈစဉြ တသီတသနြးမှသညြ ဂှိုဟသြဈမွား မှေးဖှားလာ၏....အာကာသအတှငြးရှိ မရတှကေနြိုငသြော အာကာသဗိမာနအြားလုံးသညြ သဟဇာတရှိလကြွ လုပကြိုငဆြောငရြှကကြှ၏’၎င်းငျးငြးတို့ကို မညသြူ ညှှနကြှားသနညြး။ ခရဈယာနြ ဂီတကိုအခှခေံသော မှတတြမြးရုပရြှငြ—အရာခပသြိမြးအပေါြ အခွုပအြခှာအာဏာ စှဲကိုငထြားသူ— မကှာမီ စဈမှနသြည့အြခကွအြလကမြွားကို ဖောထြုတလြိမ့မြညြ။
အကြံပြုစာများဖတ်ရှုလေ့လာရန်:
ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့သည့်အချိန်သည် ဘုရားသခင်မှ ကောင်းကင်နှင့်မြေကြီး အသစ်တစ်ဖန်ပြန်၍ပြုလုပ်ပြီးချိန် ဖြစ်မည်
Myanmar Documentary Trailer (အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ) Reflections on Disaster
၎င်းငျးငြးတို့၏ကံကှမျမာသညြ ၎င်းငျးငြးတို့ကိုယတြိုငြ၏ လကထြဲတှငရြှိသညဟြု လူအမွားအပှား ထငကြှ၏။ သို့သောြ ဘေးဒုကျခရောကသြည့အြခါ ကွှနြုပတြို့သညြ ခိုကိုးရာမဲ့မှု၊ ကှောကရြှံ့မှုနှငြ့ ထိတလြန့မြှုတို့ကိုသာ ခံစားရ၍ လူသားတို့၏ အရေးမပါမှုနှငြ့ ဘဝ၏အလှယတြကူ ထိခိုကပြကွစြီးနိုငမြှုကို ကွှနြုပတြို့ ခံစားရ၏ …. ကွှနြုပတြို့၏ တဈခုတညြးသော ကယတြငခြှငြးမှာ မညသြူနညြး။ ခရဈယာနြ ဂီတကိုအခှခေံသော မှတတြမြးရုပရြှငြ— အရာခပသြိမြးအပေါြ အခွုပအြခှာအာဏာ စှဲကိုငထြားသူ—ဤအဖှကေို မကှာမီ ထုတဖြောလြိမ့မြညြ။
မိတ်ဆွေက သီချင်းနားထောင်ခြင်းကို နှစ်သက်တာ ဖြစ်နိုင်ပါတ
Myanmar Gospel Song 2018 (ရိုးသားသူတစ်ဦး ဖြစ်ရန် ဤသို့ ဝမ်းမြောက်ခြင်း) A Cappella
Saturday, September 15, 2018
ဘုရားသခင်ကိုသိသောသူများသာလျှင် ဘုရားသခင်အတွက် သက်သေကို ခံနိုင်ကြသည်
Musical Documentary Trailer (အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ) Rise and Fall of Nation
အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ရဲ့ ပေါ်ပေါက်လာခြင်း နှင့် လုပ်ဆောင်မှု၊ သခင်ယေရှု၏ ဒုတိယအကြိမ်ကြွလာခြင်း၊ နောက်ဆုံးသောကာလများရှိ ခရစ်တော်တို့ကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို ဖန်တီးခဲ့သည်။၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကိုယ်တော်တိုင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ဘယ်လူသားတဦးကမှ ဖန်တီးခဲ့ခြင်း လုံးဝ မဟုတ်ပါ။ ယခုကာလများတွင် ဧဝံဂေလိနှင့်ပတ်သက်သည့်ရုပ်ရှင်အမျိုးမျိုး၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကိုဖတ်ဆိုခြင်းအမျိုးမျိုး၊ သီဆိုကခုံခြင်း ဗီဒီယိုများ၊ ဓမ္မတေးသံစုံကျူးအေးခြင်းများ၊ ဂီတများ၊ ဂီတဗွီဒီယိုများနှင့် ဓမ္မတေးသီချင်းဗွီဒီယိုများ၊ အစရှိသည်များသည် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှ ထုတ်လုပ်သည့် အရာများဖြစ်ပြီး အင်တာနက် မှတဆင့် တကမ်ဘာလုံး ပျံ့နှံ့နေပြီဖြစ်သည်။ ဘုရားသခင်၏သိုးများသည် ဘုရားသခင်၏အသံကိုကြားပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်မှတစ်ဆင့် အနန္တတန်ခိုးရှင် ဘုရားသခင် ဖေါ်ပြသည့်စကားများသည် ဘုရားသခင်၏အသံဖြစ်ပြီး အမှန်တရားများဖြစ်သည်ကို ကျွနု်ပ်တို့ရိပ်စားမိပါသည်။ သင်သည် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်နေသမျှ ဘုရားသခင်သည် ပေါ်ထွန်းပြီးကြောင်းကို သင်သိမြင်လိမ့်မည်။
မိတ်ဆွေက ဆောင်းပါတွေကို နှစ်သက်တာ ဖြစ်နိုင်ပါတယ်
ကယ်တင်ရှင်သည် "ဖြူသောမိုးတိမ်" အားစီးလျက် ကြွလာခဲ့ပြီးဖြစ်သည်
မိတ်ဆွေက ဆောင်းပါတွေကို နှစ်သက်တာ ဖြစ်နိုင်ပါတယ်
ကယ်တင်ရှင်သည် "ဖြူသောမိုးတိမ်" အားစီးလျက် ကြွလာခဲ့ပြီးဖြစ်သည်
Friday, September 14, 2018
သတင်းကောင်းကို ဖြန့်ဝေသည့် အလုပ်သည် လူကို ကယ်တင်သည့် အလုပ်လည်း ဖြစ်သည်
Subscribe to:
Posts (Atom)



![Myanmar Christian Music (အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ) Power of God [Documentary] ကယ်တင်လွတ်မြောက်ခြင်းအမှု, ကျေးဇူးတော်, ပေးသနားခြင်း, အသင်းတော်, ဤခေတ်ကာလ နိုင်ငံတော်](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaeAp-du6VsoRuUrs8ZBomydR7ow8VC-OAW7_MeViUzf-pfOof_vqEOlJ0y2GrQMzhF_cy5lFy-yXDd-c7FX_dpTTvF11K3MJ4T0XnKUNw5-A5UFhXMx2uKp2rYq57GERmcdTcbGVied0E/s1600/one-who-holds-sovereignty-over-everything.jpg)











