ကိုးကားရန် သမ္မာကျမ်းပိုဒ်များ –
“ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြောစီရင်ရသော အချိန်ရှိပြီ။ ငါတို့ကို ရှေ့ဦးစွာ စစ်ကြောအချိန်ရှိပြီ။” (ရှင်ပေတရုဩဝါဒစာပဌမစောင် ၄: ၁၇)
“တဖန်တုံ၊ ဖြူသောပလ္လင်ကြီကို၎င်း၊ ပလ္လင်ပေါ် မှာ ထိုင်တော်မူသောသူကို၎င်း ငါမြင်၏။ ကောင်းကင်နှင့် မြေကြီးသည် မျက်နှာတော်ရှေ့မှ ပြေးလွင့်၍ သူတို့ နေစရာအရပ်မရှိ။ သေလွန်သောသူ အကြီးအငယ်တို့သည် ပလ္လင် တော်ရှေ့မှာ ရပ်နကြသည်ကို ငါမြင်၏။ စာစောင်များ ကို ဖွင့်ထား၏ အသက်စာစောင်တည်းဟူသော အခြား တပါးသော စာစောင်ကိုလည်း ဖွင့်လေ၏။ သေလွန် သောသူတို့သည် မိမိတို့အကျင့်အတိုင်း၊ စာစောင်တို့၌ ရေးထားချက်များနှင့်အညီ တရားစီရင် ခြင်းကို ခံရကြ၏။ သမုဒ္ဒရာသည် မိမိ၌ရှိသော လူသေတို့ကို အပ်ပေး၏။ မရဏနှင့် မရဏနိုင်ငံသည်လည်း မိမိတို့၌ ရှိသော လူသေတို့ကို အပ်ပေးကြ၏။ လူအသီးအသီး တို့သည် မိမိတို့အကျင့်အတိုင်း တရားစီရင်ခြင်းကို ခံရ ကြ၏။ ထိုအခါ မရဏနှင့် မရဏနိုင်ငံကို မီးအိုင်ထဲသို့ ချပစ်လေ၏။ ထိုသေခြင်းကား ဒုတိယသေခြင်း ဖြစ် သတည်း။ အသက်စာစောင်၌ စာရင်းမဝင်သောသူ ရှိသမျှတို့ကိုလည်း မီးအိုင်ထဲသို့ ချပစ်လေ၏။” (ဗျာဒိတ်ကျမ်း ၂၀: ၁၁-၁၅)
ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ –
ယခင်တွင် ပြောခဲ့သော စကားလုံးများထဲမှ “တရားစီရင်ခြင်း” ဟူသည့်စကားလုံးသည် “တရား စီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်ပေလိမ့်မည်” နောက်ဆုံးသောကာလတွင် သူ၏ ပလ္လင်ရှေ့သို့ လာကြသော သူများထံ ယနေ့ ဘုရားသခင်ချမှတ်သော တရားစီရင်ချက်ကို ရည်ညွှန်းသည်။ နောက်ဆုံးသောကာလ ရောက်လာခဲ့ပြီးချိန်တွင် ဘုရားသခင်သည် ကောင်းကင်ဘုံတွင် ကြီးမားသော စားပွဲတစ်လုံးကို တည်စေလိမ့်မည်၊ ယင်းအပေါ်တွင် အဖြူရောင် စားပွဲခင်းကြီးကို ဖြန့်ခင်းထားလိမ့်မည်၊ ထို့နောက် မဟာပလ္လင်ပေါ်တွင် ထိုင်သောအခါ လူတို့သည် မြေပေါ်တွင် ဒူးထောက်နေကြမည်၊ သူသည် လူအသီးသီး၏ အပြစ်များကို ဖော်ပြ၍ ထိုမှမည်သူသည် ကောင်းကင်ဘုံသို့ တက်ရမည် သို့မဟုတ် ကန့်မီးအိုင်ထဲသို့ အပို့ခံရမည်ကို ဆုံးဖြတ်မည် စသည့် ဤကဲ့သို့သော သဘာဝလွန် စိတ်ကူးမှုများကို ယုံကြည်သောသူများ ရှိကောင်းရှိနေနိုင်သည်။ လူတို့၏ စိတ်ကူးမှုများက မည်သို့ရှိစေကာမူ၊ ဘုရားသခင် အမှု၏ အခြင်းအရာသည် ပြောင်းလဲ၍ မရပေ။ လူ၏ စိတ်ကူးမှုများသည် လူ၏အတွေးအိမ်မှ တည်ဆောက်မှုများနှင့် လူ၏ဦးနှောက်မှ ထွက်ပေါ်လာသော အရာတို့ပင်ဖြစ်ပြီး အခြားဘာမျှမဟုတ်၊ လူတွေကြားခဲ့၊ မြင်ခဲ့ရသော အရာများကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ထားခြင်းဖြစ်၏။ ထို့ကြောင့် ငါပြောမည်၊ ပုံစံတောက်ပသော ပုံရိပ်တို့အား မည်ကဲ့သို့ပင် တွေးထင်စေကာမူ ယင်းတို့သည် ယခုတိုင် ပုံကြမ်းတစ်ခုထက်မပိုပဲ ဘုရားသခင်အမှု၏ အစီအစဉ်ကို အစားထိုးနိုင်ခြင်း မရှိချေ။ ခြုံငုံပြောရလျှင် လူသားသည် စာတန်၏ ယိုယွင်းဖျက်ဆီးခြင်းကို ခံခဲ့ရသူဖြစ်၏။ ထို့ကြောင့် သူသည် အဘယ်သို့လျှင် ဘုရားသခင်၏ အတွေးများကို နားလည် သဘောပေါက်နိုင်မည်နည်း။ လူသည် ဘုရားသခင်၏ တရားစီရင်ခြင်းအမှုကို အထူးပင် ထူးဆန်းလှသည်ဟု တွေးထင်လေ၏။ သူသည် ဘုရားသခင်ကိုယ်တိုင် တရားစီရင်ခြင်းအမှုကို ပြုနေကတည်းက အလွန်မှ အံ့မခန်းသော အတိုင်းအတာ ဖြစ်ရမည်၊ သေမျိုးများအတွက် နားမလည်နိုင်သောအရာ ဖြစ်ရမည်၊ ယင်းကိစ္စသည် ကောင်းကင်ဘုံကို ပဲ့တင်ရိုက်လျက် မြေကြီးကိုလည်း တုန်လှုပ်စေရမည်ဟု ယုံကြည်ကာ၊ သို့မဟုတ်လျှင် ၎င်းသည် ဘုရားသခင်၏ တရားစီရင်ခြင်းအမှု မည်ကဲ့သို့ ဖြစ်နိုင်မည်နည်းဟု တွေးထင်သည်။ သူသည် ယင်းမှာ တရားစီရင်ခြင်းအမှု ဖြစ်သည့်အတိုင်း ဘုရားသခင်သည် သူအမှုပြုသည့် အချိန်တွင် အထူးသဖြင့် ပြစ်ဒဏ်စီရင်လျက် သူသည် ဘုန်းတန်ခိုး အာနုဘော် ပြည့်ဝလိမ့်မည်ဖြစ်ပြီး၊ တရားစီရင်ခြင်း ခံရလျက်ရှိသော ထိုသူတို့သည် သည်းထန်စွာ မျက်ရည်များနှင့် ငိုကြွေးလျက်ရှိကာ ဂရုဏာတရားကို ဒူးထောက်၍ တောင်းခံနေကြရမည်ဟု ယုံကြည်သည်။ ထိုမြင်ကွင်းမျိုးသည် ကြီးကျယ်ခမ်းနားမှုမှုရှိပြီး နက်နက်ရှိုင်းရှိုင်း နိုးကြားစေရပေမည် … လူတိုင်းသည် ဘုရားသခင်၏ တရားစီရင်ခြင်းအမှုကို အံ့သြဖွယ် သဘာဝလွန်ဖြစ်ရန် စိတ်ကူးကြလေ့ရှိ၏။ သို့သော်၊ ဘုရားသခင်သည် တရားစီရင်ခြင်းအမှုကို လူသားတို့၏အကြား စတင်ခဲ့သည်မှာ ကြာလှချေပြီဖြစ်ပြီး၊ ဤအတောအတွင်း သင်သည် ငြိမ်းချမ်းသော မေ့လျော့ခြင်းထဲတွင် နှပ်နေခဲ့သည်ဆိုခြင်းကို သင်သိသလော။ ဘုရားသခင်၏ တရားစီရင်ခြင်းအမှုသည် တရားဝင် စတင်နေပြီဟု သင်ထင်သည့် အချိန်တွင်၊ ဘုရားသခင်အတွက်မူ ကောင်းကင်နှင့် မြေကြီးကို တဖန်ထပ်မံ၍ အသစ်ပြုလုပ်ရန် အချိန်ရောက်ခဲ့ပြီး ဖြစ်နေပြီကို သင်သိသလော။ ထိုအချိန်တွင် သင်သည် ဘဝအဓိပ္ပာယ်ကို နားလည်ခဲ့ရုံမျှသာ ဖြစ်ကောင်းဖြစ်နိုင်ပါသည်၊ သို့သော် ဘုရားသခင်၏ ဂရုဏာမဲ့သော ပြစ်ဒဏ်ပေးခြင်းအမှုသည် သင့်အား အိပ်မောကြီး ကျနေစဉ်တွင်ပင်၊ ငရဲသို့ ခေါ်ဆောင်သွားလိမ့်မည်။ ထို့နောက်မှသာလျှင် ဘုရားသခင်၏ စီရင်ခြင်းအမှုသည် အဆုံးသတ်ခဲ့ပြီးသည့် အကြောင်းကို သင်သည် ရုတ်တရက် နားလည်လာလိမ့်မည်။