菜單

မူလစာမျက်နှာ သတင်းအချက်အလက် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ လွတ်လပ်မှန်ကန်တဲ့လူ့အခွင့်အရေး ကယ်တင်ရှင်ပြန်ကြွလာပြီ ဧဝံဂေလိတရားတော် ကောင်းကင်နိုင်ငံတော်သီချင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ အမှန်တရားကို ဖေါ်ထုတ်ခြင်း နိုင်ငံတော် ချီးမွမ်းခြင်း တေးဂီတ
Showing posts with label ခရစ်တော်၏ ပြောကြားချက်များ. Show all posts
Showing posts with label ခရစ်တော်၏ ပြောကြားချက်များ. Show all posts

Saturday, January 18, 2020

ဘုရားသခင်သည် ကမ္ဘာကို ရေလွှမ်းမိုးပြီး ဖျက်ဆီးရန် ရည်ရွယ်၏၊ နောဧကို သင်္ဘောဆောက်ရန် ညွှန်ကြားသည်

အသက်, ကယ်တင်ခြင်း, ယုံကြည်ခြင်း, သက်သေခံချက်များ, ထာဝရအသက်

ကမ္ဘာဦး ၆:၉-၁၄ နောဧအတ္ထုပ္ပတ္တိဟူမူကား၊ နောဧသည် ဖြောင့်မတ်သောသူ၊ မိမိအမျိုး၌ စုံလင်သောသူဖြစ်၏။ ဘုရားသခင်နှင့် အတူသွားလာ၏။ နောဧသည် ရှေမ၊ ဟာမ၊ ယာဖက်တည်းဟူသော သားသုံးယောက်ကို မြင်လေ၏။ ထိုအခါ မြေကြီးသည် ဘုရားသခင့်ရှေ့မှာ ပုပ်စပ်လျက်ရှိ၏။ မြေကြီးသည် အဓမ္မအမှုနှင့် ပြည့်စုံလေ၏။ ဘုရားသခင်သည် မြေကြီးကိုကြည့်ရှုသောခါ၊ ပုပ်စပ်လျက်ရှိသည်ကို မြင်တော်မူ၏။ အကြောင်းမူကား မြေကြီးပေါ်မှာ လူအပေါင်းတို့သည် ဖေါက်ပြန်ခြင်းသို့ ရောက်ကြပြီ။ ထိုအခါ ဘုရားသခင်သည်၊ နောဧအား မိန့်တော်မူသည်ကား၊ သတ္တဝါအပေါင်းတို့၏ အဆုံးသည် ငါ့မျက်မှောက်တွင် ပေါ်လာပြီ။ သူတို့ကြောင့် မြေကြီးသည် အဓမ္မမှုနှင့်ပြည့်စုံလေ၏။ အကယ်စင်စစ် မြေကြီးနှင့်တကွ သူတို့ကို ငါဖျက်ဆီးမည်။ ဂေါဖရသစ်သားဖြင့် သင်္ဘောကို ကိုယ်ဘို့ တည်လုပ်လော့။ အထဲ၌လည်း အခန်းများကို လုပ်လော့။ အတွင်း၊ ပြင်၊ ပတ်လည်ကို ထင်းရူးစေးနှင့်သုတ်လော့။

Tuesday, November 26, 2019

ဘုရားသခင်၏ စကားတော် | အခန်း ၁၃

သမ္မာတရား, ဆုတောင်း, ရွေးနှုတ်ခြင်း, ခရစ်ယာန်, ဆုတောင်း

သင်တို့၏ လက်ရှိအခြေအနေတွင် သင်တို့သည် အတ္တ အယူအဆများအား အလွန်အမင်းလိုက်နာကာ၊ သင်တို့၏ ဘာသာရေး အတားအဆီးသည် အတော်ပင် ပြင်းထန်လှသည်။ သင်သည် ဝိညာဉ်ထဲ၌ ဆောင်ရွက်ခြင်း မရှိနိုင်၊ သန့်ရှင်းသော ဝိညာဉ်၏ အမှုကို သင်သည် နားလည်နိုင်ခြင်း မရှိဘဲ၊ အသစ်သော အလင်းကို သင်သည် ပစ်ပယ်သည်။ သင်သည် မျက်စိကန်းလျက် ရှိသောကြောင့်၊ နေ့အချိန်တွင် နေကို မမြင်နိုင်။ လူတို့ကို သင်သည် နားမလည်၊ သင်၏ "မိဘများ"ကို သင်သည် မစွန့်ခွာနိုင်၊ ဝိညာဉ်ရေးရာ ချင့်ချိန်နိုင်စွမ်း သင်ချို့တဲ့ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကို သင်မသိ၊ ထို့အပြင် ငါ၏ နှုတ်ကပတ်တော်ကို မည်သို့ စားသောက်ရမည်ကို သင်မသိ။ သင့်ဘာသာသင် မည်ကဲ့သို့ စားသောက်ရမည်ကို မသိခြင်းသည် ပြဿနာဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုသည် အလွန်အံ့အားသင့်ဖွယ်ကောင်းသော အရှိန်ဖြင့် တစ်နေ့ထက်တစ်နေ့ ရှေ့သို့တိုးနေသည်။ နေ့ရက်တိုင်းတွင် အလင်းသစ်ရှိပြီး၊ အသစ်သော အရာများနှင့် လတ်ဆတ်သော အရာများမှာ နေ့တိုင်း ရှိနေသော်လည်း သင်သည် နားမလည်။ ထိုအစား သင်သည် သုတေသနပြုလိုပြီး၊ သင်သည် အမှုအရာများကို သင်၏ ကိုယ်ရေးကိုယ်တာ စိတ်ဝင်စားမှု မှန်ပြောင်းဖြင့်သာ ကြည့်ရှုလျက် ထိုအကြောင်းများကို သေချာစွာ ထည့်သွင်းစဉ်းစားခြင်း မရှိဘဲ တွေဝေလျက် နားထောင်သည်။ သင်သည် လုံ့လဝီရိယရှိစွာ ဝိညာဉ်၌ ဆုမတောင်းဘဲ၊ ငါ့ကိုမကြည့် သို့မဟုတ် ငါ၏ နှုတ်ကပတ်တော်များကို သာ၍ တွေးဆခြင်းမရှိပေ။ ထို့ကြောင့် သင်ထံတွင် စာလုံးများ၊ စည်းမျဉ်းစည်းကမ်းများနှင့် အယူဝါဒများသာ ရှိသည်။ ငါ၏ နှုတ်ကပတ်တော်ကို သင်သည် မည်ကဲ့သို့ စားသောက်ရမည်ကို သိပြီး ငါ့မျက်မှောက်သို့ ငါ၏ နှုတ်ကပတ်တော်နှင့် အတူ မကြာခဏလာရောက်ရမည်။

Monday, November 18, 2019

ဘုရားသခင်၏ စိတ်အလိုတော်း | အခန်း ၁၂

သမ္မာတရား, ဝိညာဉ်တော်, အသက်, ထာဝရအသက်

အကယ်၍ သင်၌ လေ သို့မဟုတ် မိုးကဲ့သို့ စိတ်ဆတ်သော၊ မတည်ငြိမ်သော စိတ်သဘောထားရှိနေပြီး သင်ရှေ့ဆက်မသွားနိုင်ပါက၊ ငါ၏လှံတံသည် သင်နှင့် အဝေးတွင် ရှိလိမ့်မည်မဟုတ်။ သင့်သည် ကိုင်တွယ်ဖြေရှင်းခြင်း ခံရသည့်အခါ၊ ပတ်ဝန်းကျင်က သာ၍ဆိုးရွားလာသည့်အခါ၊ သင်ပိုပြီးညှဉ်းပန်းနှိပ်စက် ခံရသည့်အခါတွင် ဘုရားသခင်အပေါ်ထားရှိသော သင်၏ချစ်ခြင်းမေတ္တာ သာ၍ ကြီးမားလာပြီး၊ လောကကို တွယ်တာမှု ရပ်သွားမည်။ အခြားလမ်းမရှိတော့ဘဲ သင်ငါ့ထံသို့လာပြီး၊ သင်၏ခွန်အားနှင့် မိမိကိုယ်ကိုစိတ်ချယုံကြည်မှု ပြန်လည်ရရှိလာမည်။ လွယ်ကူသက်သာသော ပတ်ဝန်းကျင်တွင် ရှိနေသေးပါက တော်လျော်စွာကြုံရာကျပန်းဖြစ်နေပေမည်။ တုံဏှိဘာဝေဖြစ်မနေဘဲ တက်တက်ကြွကြွနှင့် အပြုသဘောဆောင်စွာ ဝင်ရောက်ရမည်။ မည်သူ့ကြောင့်မဆို၊ မည်သည့်အရာကြောင့်မဆို မည်သည့်အခြေနေကြောင့်မဆို သင်သည် တုန်လှုပ်ခြင်းမရှိရ၊ တစ်ဦးတစ်ယောက်၏ ပြောစကားနှင့်လည်း သြဇာလွှမ်းမိုးခြင်းမခံရ။ တည်ငြိမ်သော စိတ်သဘောထားရှိရမည် ဖြစ်ပြီး လူတို့သည် မည်သည့်အရာပင် ပြောပါစေကာမှု၊ သမ္မာတရားဖြစ်သည်ဟု သင်သိထားသည့်အရာကို သင်သည် ချက်ချင်း လက်တွေ့ကျင့်သုံးရမည်။ သင့်အထဲတွင် အလုပ်လုပ်နေသည့် ငါ့နှုတ်ကပတ်တော်သည် သင်ထံတွင် အမြဲရှိရမည် ၊ သင်သည် မည်သူနှင့်မဆို ရင်ဆိုင်ရပါစေ၊ ငါ့ကို သင်၏ သက်သေခံခြင်း အပေါ်တွင် ခိုင်မြဲစွာရပ်တည်နိုင်ပြီး ၊ ငါ၏ ဝန်ကို စဉ်းစားဆင်ခြင်ကြောင်း ပြသနိုင်ရမည်။ ကိုယ်ပိုင်အတွေးအခေါ်မရှိဘဲနှင့် သူတစ်ပါးပြောသမျှကို မျက်ကန်း သဘောတူလျက် စိတ်ရှုတ်ထွေးခြင်း မဖြစ်ရ၊ ထိုသို့ဖြစ်မည့်အစား သင်သည် ရပ်တည်ရန်နှင့် ငါ့ထံမှလာသော အရာများမဟုတ်သည်တို့ကို ကန့်ကွက်ရန် သတ္တိရှိရမည်။ တစ်စုံတစ်ခု မှားနေသည်ကို ရှင်းလင်းစွာ သင်သိသော်လည်း နှုတ်ဆိတ်ပြီးနေပါက သင်သည် သမ္မာတရားကို လက်တွေ့ကျင့်သုံးသူတစ်ယောက် မဟုတ်ပေ။ သင်သည် တစ်စုံတစ်ခု မှားနေသည်ကို သိပြီး အကြောင်းအရာကို လှည့်လိုက်သော်လည်း စာတန်သည် သင့်လမ်းကို ပိတ်ထားပါက၊ သင်သည် အကျိုးရလဒ် တစ်စုံတစ်ရာ မရှိဘဲ ပြောဆိုပြီး အဆုံးတိုင်အောင် စွဲမြဲစွာ မပြောဆိုနိုင်ပါက၊ သင်သည် ကြောက်ရွံ့ခြင်းကို မိမိနှလုံးသားထဲတွင် ဆက်သယ်ဆောင်ထားပြီး၊ စာတန်ထံမှလာသော အတွေးများနှင့် သင်၏ နှလုံးသားသည် ပြည့်နှက်ဆဲရှိသည် မဟုတ်လော။

Thursday, November 14, 2019

ဘုရားသခင်၏ အသံတော်း | အခန်း ၁၁

ခရစ်တော်၏ ပြောကြားချက်များ, ဝိညာဉ်, ဆုတောင်, ခရစ်တော်, ရွေးနှုတ်ခြင်း,

ငါသည် သင်၏ဘုရားသခင် မဟုတ်လော။ ငါသည် သင်၏ ရှင်ဘုရင် မဟုတ်လော။ သင့်ရင်တွင်းမှ ငါ့အား ရှင်ဘုရင်အဖြစ် အုပ်စိုးခွင့်ကို သင်အမှန်ခွင့်ပြုပြီးပြီလော။ သင့်ကိုယ်သင် ပြတ်သားစွာ ဆန်းစစ်သင့်၏။ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းမရှိဘဲ အလင်းသစ်ကို ငြင်းပယ်သည့်အပြင် အလင်းလာသောအခါ လိုက်လျှောက်ခြင်းမရှိဘဲ ရပ်တန့်ရန်ပင် လုပ်ဆောင်သည် မဟုတ်လော။ ယင်းအတွက် တရားစီရင်မှုကို ခံရမည်ဖြစ်ပြီး ဘေးဒုက္ခကျရောက်လိမ့်မည်။ တရားစီရင်ခြင်းကို ခံရကာ သံလှံတံဖြင့် ရိုက်ခံရမည်ဖြစ်ပြီး သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုကို ခံစားရမည်မဟုတ်။ အလျင်အမြန် ငိုကြွေးပြီး ငိုကြွေးမြည်တမ်းရင်းဖြင့် ဒူးထောက်လျက် ဝတ်ပြုလိမ့်မည်။ ငါသည် သင့်တို့ကို အမြဲပြောဆိုခဲ့ပြီးပြီ။ သင့်တို့အား အရာရာကို ပြောခဲ့ပြီးဖြစ်သည်။ သေသေချာချာ ပြန်လည်စဉ်းစားလော့။ ငါမပြောဘဲ နေသည့်အခါ ရှိသလော။ မည်သို့ပင်ဆိုစေကာမူ မှားယွင်းသောနည်းလမ်းဖြင့် ဆက်လက် လုပ်ဆောင်နေသူအချို့ ရှိသည်။ သူတို့သည် နေကို ပိတ်ကာထားသော သံသယမြူခိုးများထဲတွင် လမ်းပျောက်နေကြပြီး သူတို့သည် အလင်းကို ဘယ်သောအခါမျှ မမြင်ရကြ။ ယင်းသို့ဖြစ်ရခြင်းမှာ သူတို့၏ “အတ္တ” ဆန္ဒများ လွန်ကဲခြင်းကြောင့် သို့မဟုတ် သူတို့၏ အယူအဆများမှာ အလွန်ကြီးကျယ်နေသောကြောင့် မဟုတ်လော။ သင့်မျက်စိထဲတွင် ငါ့ကို မည်သို့ မြင်သနည်း။ သင့်စိတ်နှလုံးထဲတွင် ငါ့အတွက်နေရာကို မည်သို့ ထားနိုင်သနည်း။ သင်ကျရှုံးသောအခါ၊ သင်မတတ်စွမ်းနိုင်သောအခါနှင့် သင့်တွင် ရွေးချယ်စရာများ မရှိသောအခါများတွင်သာ သင်သည် ငါ့ထံဆုတောင်း၏။ ကောင်းပြီ၊ အဘယ်ကြောင့် သင့်ဘာသာ မလုပ်သနည်း။ သင်တို့တွေ။ သင့်ကို ဖျက်ဆီးသည်မှာ ယခင်ကသင်တို့ကိုယ်တိုင်ပင် ဖြစ်တော့သည်။

Saturday, November 9, 2019

ဘုရားသခင်၏ ပြောဆိုသံး | အခန်း ၁၀

အသက်, ချီးမွမ်းခြင်း, သမ္မာတရား, နောက်ဆုံးကာလ,

သင်သည် ဤအရာ ထိုအရာတို့ကို ကြောက်ရွံ့ခြင်းမရှိအပ်။ မည်မျှများပြားသော အခက်အခဲများနှင့် အန္တရာယ်များ ကြုံတွေ့စေကာမူ သင်သည် ငါ၏ရှေ့၌ မြဲမြံလျက်နေလော့။ ငါ၏အလိုတော်ကို လိုက်နာဆောင်ရွက်စိမ့်သောငှာ မည်သည့်အရာ၏ နှောက်ယှက်ခြင်းကိုမျှ မခံကြနှင့်။ ဤသည်မှာ သင်၏တာဝန်ဖြစ်သည်။ သို့မဟုတ်ပါက ငါ၏ အမျက်ဒေါသကို ရင်ဆိုင်ရမည်ဖြစ်ပြီး ငါ၏လက်သည်... ထို့နောက် သင်သည် မကုန်ဆုံးသော စိတ်ဆင်းရဲဒုက္ခကို ခံစားရမည်။ သင်သည် အရာခပ်သိမ်းကို တောင့်ခံရမည်။ သင်သည် ကိုယ်၌ရှိသမျှ အရာအားလုံး စွန့်လွှတ်ရမည်။ ငါ၏နောက်သို့လိုက်ရန် သင်တတ်နိုင်သော အမှုခပ်သိမ်းကို ဆောင်ရွက်ရမည်၊ ငါ့အတွက် ကုန်ကျစရိတ်အလုံးစုံ ပေးဆပ်ရမည်။ ဤအချိန်အခါသည် သင့်ကို ငါစုံစမ်းမည့်အချိန်ဖြစ်သည်။ သင်သည် ငါ့အပေါ်တွင် သစ္စာစောင့်သိမည်လော။ သင်သည် လမ်းဆုံးတိုင် ငါ့နောက်သို့ သစ္စာရှိစွာ လိုက်မည်လော။ ကြောက်ရွံ့ခြင်းမရှိနှင့်။ ငါ၏မစခြင်းအားဖြင့် အဘယ်သူသည် သင်၏လမ်းကို ပိတ်ပင်တားဆီးနိုင်မည်နည်း။ ဤသည်ကို အောက်မေ့ကြလော့။ သတိရကြလော့။ ဖြစ်သမျှအရာရာတို့သည် ငါ၏ကောင်းမွန်သော ရည်ရွယ်ချက်ကြောင့်ဖြစ်လျက် အရာရာတို့သည် ငါ၏ စောင့်ကြည့်ခြင်းအောက်၌ရှိ၏။ သင်၏ စကားတိုင်းနှင့် ဆောင်ရွက်ချက်တိုင်းတွင် ငါ၏နှုတ်ကပတ်တော်အတိုင်း လိုက်နာနိုင်မည်လော။ မီးနှင့်စစ်ဆေးခြင်းအချိန်အခါ ရောက်ရှိသောအခါ သင်သည်ဒူးထောက်၍ ခေါ်မည်လော။ သို့မဟုတ် သင်သည် တွန့်ဆုတ်၍ ရှေ့သို့မရွေ့နိုင် ဖြစ်မည်လော။

Monday, November 4, 2019

ဘုရားသခင်၏ အသံတော် | အခန်း ၈

ဆုတောင်, ယုံကြည်ခြင်း, အသက်,သမ္မာတရား,

နိုင်ငံတော်၏ ရှင်ဘုရင်ဖြစ်သည့် အနန္တတန်ခိုးရှင် ဘုရားသခင်သည် သက်သေထူခံရပြီး ဖြစ်သည့်အလျောက် ဘုရားသခင်၏ စီမံခန့်ခွဲမှု အတိုင်းအတာကို စကြဝဠာတစ်ခုလုံး အနှံ့အပြားတွင် လုံးလုံးလျားလျား ဖွင့်ဟခဲ့ပြီးဖြစ်သည်။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည် တရုတ်နိုင်ငံ တစ်ခုတည်းတွင် သာမက ကမ္ဘာပေါ်ရှိ တိုင်းနိုင်ငံအသီးသီးတို့တွင်လည်း ထင်ရှားခဲ့ပြီး ဖြစ်သည်။ ထိုတိုင်းနိုင်ငံ အသီးသီးတွင်ရှိသော လူတို့သည် ဤသန့်ရှင်းသော နာမတော်ကို ဟစ်ကြွေးပြီး မိမိတို့ တတ်နိုင်သော နည်းလမ်းမှန်သမျှဖြင့် ဘုရားသခင်နှင့် မိတ်သဟာရဖွဲ့နိုင်ရန် ကြိုးစားကာ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အလိုတော်ကို နားလည်သဘောပေါက်ပြီး အသင်းတော်နှင့် ပူးပေါင်းပါဝင် အစေခံလျက် ရှိကြသည်။ ဤသို့သော အံ့သြဖွယ်နည်းလမ်းဖြင့် သန့်ရှင်းသော ဝိညာဉ်တော်သည် အလုပ်လုပ်လျက်ရှိသည်။

Wednesday, October 30, 2019

ဘုရားသခင်၏ အသံတော် | အခန်း ၆

ထာဝရအသက်, သမ္မာတရား, ချီးမွမ်းခြင်း, ယုံကြည်ခြင်း,

ခပ်သိမ်းသော အရာတို့၏ ဦးသျှောင် ဖြစ်သော အနန္တတန်ခိုးရှင် ဘုရားသခင်သည် တန်ခိုးအာဏာကို သူ၏ပလ္လင်ထက်မှ စွဲကိုင်လျက်နေသည်။ သူသည် စကြဝဠာ နှင့် ခပ်သိမ်းသော အရာများအပေါ် အုပ်စိုးပြီး၊ ကမ္ဘာမြေကြီး တစ်ခုလုံးပေါ်ရှိ ငါတို့အား လမ်းပြလျက်ရှိသည်။ ငါတို့သည် သူနှင့် မကြာခဏ နီးကပ်နေရမည် ဖြစ်ပြီး၊ သူ၏ရှေ့မှောက်သို့ တိတ်တဆိတ် ရောက်ရှိကြရမည် ဖြစ်သည်၊ ငါတို့သည် အခိုက်အတန့်ကာလတစ်ခုကိုပင် မည်သည့်အခါမျှ လက်မလွှတ်သင့်ပေ၊ အချိန်တိုင်းတွင် သင်ယူရမည့် အရာများ ရှိနေ၏။ ငါတို့၏ ပတ်လည်မှ ပတ်ဝန်းကျင်သာမက လူများ၊ အကြောင်းကိစ္စများ နှင့် အရာဝတ္ထုများ အားလုံးမှာ သူ၏ ပလ္လင်ထက်မှ အခွင့်ပေးထားခြင်း ဖြစ်သည်။ ညည်းညူသော စိတ်နှလုံး မရှိကြနှင့်၊ သို့မဟုတ်လျှင် ဘုရားသခင်သည် သင်တို့အပေါ် သူ၏ ကျေးဇူးတော်ကို သွန်းလောင်းလိမ့်မည် မဟုတ်ပေ။ နာမကျန်းဖြစ်သည့်အခါမျိုး၌၊ ယင်းသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကြောင့် ဖြစ်ပြီး၊ ယင်း၏ နောက်ကွယ်တွင် သူ၏ ကောင်းသော ရည်ရွယ်ချက်များကား မုချ ရှိနေ၏။ သင်၏ ခန္ဓာကိုယ်သည် ဆင်းရဲဒုက္ခကို ခံစားရလျှင်ပင်၊ စာတန်ထံမှ အတွေးအခေါ်များကို မယူနှင့်။ ဖျားနာခြင်း ကြားမှပင် ဘုရားသခင်အား ချီးမွမ်းကာ၊ သင်၏ ချီးမွမ်းခြင်း ကြားမှာပင် ဘုရားသခင်အား မွေ့လျော်လော့။ ဖျားနာစဉ် စိတ်ပျက်ခြင်း မရှိကြနှင့်၊ ဆက်၍ ရှာဖွေကာ လုံးဝ လက်မလျှော့ကြနှင့်၊ ထိုအခါ ဘုရားသခင်သည် သင်တို့အပေါ် သူ၏ အလင်းကို ထွန်းလင်းစေလိမ့်မည်။ ယောဘသည် မည်မျှ သစ္စာစောင့်သိခဲ့သနည်း။ အနန္တတန်ခိုးရှင်ဘုရားသခင်သည် အရာရာကို တတ်စွမ်းနိုင်သော သမားတော်တစ်ဦး ဖြစ်လေသည်တကား။ နာမကျန်းမှုအတွင်း၌ တည်ခြင်းသည် ဖျားနာခြင်းအကြောင်း ဖြစ်၍၊ စိတ်ဝိညာဉ်အတွင်း၌ တည်ခြင်းသည် ကျန်းမာခြင်း အကြောင်း ဖြစ်၏။ အကယ်၍ သင့်ထံ၌ ထွက်သက်ဝင်သက် တစ်ခုမျှသာ ရှိဦးတော့၊ ဘုရားသခင်သည် သင့်အား သေစေလိမ့်မည် မဟုတ်ပေ။

Saturday, October 26, 2019

နိုင်ငံတော်ခေတ်၌ ဘုရားသခင်၏ရွေးချယ်ခံရသူများလိုက်နာရမည့် အုပ်ချုပ်မှုဆိုင်ရာ အမိန့်တော် ဆယ်ရပ်

ခရစ်တော်၏ ပြောကြားချက်များ, ဘုရားသခင်, အသင်းတေ, ယုံကြည်သူ,သက်သေခံချက်များ

၁။ လူသားသည် မိမိကိုယ်ကိုယ် ဂုဏ်တင် ချီးမွမ်းခြင်း မပြုရ။ ဘုရားသခင်ကို ၀တ်ပြု၍ ချီးမွမ်းရမည်။

၂။ ဘုရားသခင်၏အမှုတော်အတွက် အကျိုးရှိသမျှကို ဆောင်ရွက်ပြီး ဘုရားသခင်အမှုတော်၏ အကျိုးကို ထိခိုက်သည့် မည်သည့်အရာကိုမျှ မဆောင်ရွက်ရ။ ဘုရားသခင်၏နာမ၊ ဘုရားသခင်၏ သက်သေခံချက်နှင့် ဘုရားသခင်၏အမှုတို့ကို ကာကွယ်ရမည်။

၃။ ဘုရားသခင်အိမ်တော်ရှိ ငွေ၊ အရာဝတ္ထုပစ္စည်းများနှင့် ပိုင်ဆိုင်မှုအားလုံးတို့သည် လူသားမှပေးသင့်သည့် ပူဇော်သက္ကာများ ဖြစ်ရမည်။ ဤပူဇော်သက္ကာများကို ယဇ်ပုရောဟိတ်နှင့် ဘုရားသခင်မှတပါး မည်သူမျှ မခံစားနိုင်ရ၊ လူသားမှပေးသင့်သည့် ပူဇော်သက္ကာများသည် ဘုရားသခင် ခံစားရန် ဖြစ်သောကြောင့် ဘုရားသခင်သည် ယဇ်ပုရောဟိတ်နှင့်သာဤပူဇော်သက္ကာများကို မျှဝေခံစားပြီး အခြားမည်သူမျှ ဤအရာတို့၏ တစ်စိတ်တစ်ပိုင်းကိုခံစားရန် အရည်အချင်းမရှိ၊ ခံစားခွင့်မရှိ။ (ငွေကြေး၊ ရုပ်ဝတ္ထုပစ္စည်းများနှင့် မွေ့လျော်ခံစားနိုင်သော ပစ္စည်းဥစ္စာများ အပါအဝင်) လူသား၏ပူဇော်သက္ကာအားလုံးကို ဘုရားသခင်အား ပေးအပ်ခြင်းဖြစ်ပြီး လူသားကို ပေးအပ်ခြင်းမဟုတ်။ ထို့ကြောင့် ဤအရာတို့ကို လူသားသည်မခံစားရ၊ လူသားသည် ခံစားမည်ဆိုပါက ထိုသူသည် ပူဇော်သက္ကာများကို ခိုးယူခြင်းဖြစ်မည်။ ထိုသို့ပြုသောသူမှန်သမျှသည် ယုဒဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ယုဒသည် သစ္စာဖောက်တစ်ဦးဖြစ်ရုံမက ငွေအိတ်အတွင်းထည့်သည့် အရာများကိုလည်း ယူခဲ့သောကြောင့်ဖြစ်၏။

Sunday, October 20, 2019

ဘုရားသခင်၏ စကားတော် | အခန်း ၅

ယုံကြည်ခြင်း, အသင်းတော်, ဆုတောင်း, သမ္မာတရား, နောက်ဆုံးသောကာလ

တောင်များ နှင့် မြစ်များ ဆက်၍ပြောင်းလဲနေသည်၊ စမ်းချောင်းများက သူတို့၏ လမ်းကြောင်းတစ်လျှောက် စီးဆင်းသည်၊ ထို့အပြင် လူတို့၏ အသက်သည် ကောင်းကင် နှင့် မြေကြီးထက် တည်တံ့ခြင်း သာ၍နည်းသည်။ အန္တတန်ခိုးရှင် ဘုရားသခင်သာလျှင် ထာဝရ ရှင်ပြန်ထမြောက်သော အသက် ဖြစ်၍ မျိုးဆက်များ အဆက်ဆက် ထာဝရ အသက်ရှင်သည်။ ခပ်သိမ်းသော အရာများ နှင့် အဖြစ်အပျက်များသည် သူ၏ လက်ထဲတွင် ရှိပြီး စာတန်သည် သူ၏ ခြေထောက်အောက်၌ ရှိသည်။

ယနေ့ ဘုရားသခင်၏ ကြိုတင်ခွဲခန့်မှတ်သား ရွေးချယ်ထားခြင်းကြောင့် သူသည် ကျွန်ုပ်တို့အား စာတန်၏ ဆုပ်ကိုင်မှုမှ ကယ်တင်ခဲ့ပြီးဖြစ်သည်။ သူသည် ကျွန်ုပ်တို့၏ စစ်မှန်သော ရွေးနုတ်ရှင် ဖြစ်သည်။ ခရစ်တော်၏ ထာဝရ ရှင်ပြန်ထမြောက်သော အသက်ကို ကျွန်ုပ်တို့အတွင်း၌ ဖြစ်ပေါ်စေ့သောကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ အသက် နှင့် ဆက်သွယ်ရန် ခွဲခန့်မှတ်သားခြင်းကို ခံကြရခြင်း၊ သူ နှင့်အတူ မျက်နှာချင်းဆိုင် နေနိုင်ခြင်း၊ သူ့အား စားနိုင်ခြင်း၊ သောက်နိုင်ခြင်း နှင့် မွေ့လျော်နိုင်ခြင်း ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အပင်ပန်းခံ၍ တစ်ကိုယ်ကောင်းမဆန်သော ဆက်ကပ်မှု ဖြစ်သည်။

Saturday, October 12, 2019

ဘုရားသခင်၏ စကားတော် | အခန်း ၄

အသင်းတော်, ရွေးနှုတ်ခြင်း, သမ္မာတရား, ဝိညာဉ်, ခရစ်ယာန်,

ငါတို့သည် အစဉ်စောင့်ကြည့်၍ စောင့်ဆိုင်းရမည်၊ စိတ်ဝိညာဉ်ထဲ၌ ဆိတ်ငြိမ်၍၊ စင်ကြယ်သော စိတ်နှလုံးဖြင့် ရှာဖွေရမည်။ မည်သည့်အရာ ကျရောက်ပါစေ၊ ငါတို့သည် မျက်ကန်းသဖွယ် မိတ်သဟာယဖွဲ့ခြင်း မပြုရာ။ ငါတို့သည် ဘုရားသခင်ရှေ့တွင် ဆိတ်ငြိမ်နေရန်၊ သူနှင့် အဆက်မပြတ် မိတ်သဟာယဖွဲ့ရန်သာ လိုအပ်သည်၊ ထိုအခါ သူ၏ရည်ရွယ်ချက်များကို ငါတို့အား ထုတ်ဖော်ပြလေမည်။ ငါတို့၏ စိတ်ဝိညာဉ်သည် ပိုင်းခြားသိမြင်ရန် အမြဲ အသင့်ရှိနေရမည် ဖြစ်ပြီး၊ ပြင်းပြခြင်းနှင့် မဆုတ်မနစ် ရှိရမည်။ ငါတို့သည် ဘုရားသခင်ရှေ့မှ အသက်ရေကို ဆွဲငင်ရမည်ဖြစ်ကာ၊ ထိုရေသည် ခြောက်ကပ်သော ငါတို့၏ ဝိညာဉ်ကို ရေငတ်ပြေစေ၏။ ငါတို့သည် ငါတို့၏ မိမိကိုယ်ကိုယ် မှန်ကန်သည်ဟု ယူမှတ်မှု၊ မာနထောင်လွှားမှု၊ မိမိကိုယ်ကို ကျေနပ်မှုနှင့် အားရမှုတို့မှ ကိုယ့်ကိုယ်ကိုယ် သန့်စင်စေရန် အချိန်တိုင်း အသင့်ရှိရမည်၊ ထိုအရာတစ်ခုစီမှာ ငါတို့၏ ဆိုးယုတ်သော စိတ်သဘောထားမှ ပေါက်ဖွားလာခဲ့ခြင်း ဖြစ်သည်။ ငါတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်ခံရန် ငါတို့၏စိတ်နှလုံးများကို ဖွင့်ထားရမည်၊ ငါတို့သည် ငါတို့၏အသက်တာများကို ပုံမှန်အတိုင်း ရှင်သန်စဉ်တွင် သူ၏နှုတ်ကပတ်တော်များကို အမှီပြုရမည်။ ငါတို့သည် သူ၏နှုတ်ကပတ်တော်ကို တွေ့ကြုံခံစား၍၊ သေချာမှု ရှိရမည်၊ ထို့အပြင် သူ၏နှုတ်ကပတ်တော်အပေါ် နားလည်ခြင်း ရှိကာ၊ သူ၏နှုတ်ကပတ်တော်ကို ငါတို့၏ အသက်တာ ဖြစ်စေရမည်။ ဤသည်မှာ ငါတို့၏ ဘဝပေးတာဝန်ပေတည်း။ ငါတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် အသက်ရှင်သည့်အခါမှသာ အောင်ပွဲခံခြင်း ဖြစ်သည်။

Wednesday, October 2, 2019

ဘုရားသခင်၏ ပြောဆိုသံ | ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်

သမ္မာတရား, အသက်, ကျေးဇူးတော်, ဝိညာဉ်, ခရစ်ယာန်,

ကမ္ဘာကြီးထဲသို့ သင်ငိုယိုကာ ရောက်ရှိလာသည့်အချိန်မှစ၍ သင်သည် သင်၏တာဝန်ကို စတင်ဖြည့်ဆည်းရပေတော့သည်။ ဘုရားသခင်၏ အစီအစဉ်နှင့် ဘုရားသခင် ရည်စူးထားသည့်အတိုင်း သင်၏ကဏ္ဍကို သင်ဆောင်ရွက်ရပါတော့သည်၊ သင့်ဘဝ၏ ခရီးစဉ်ကို သင်စတင်ရတော့သည်။ သင့်နောက်ကြောင်းနှင့် သင့်ရှေ့ဆက်ခရီးတို့ မည်သို့ပင် ဖြစ်နေစေကာမူ မည်သူတစ်ဦးတစ်ယောက်ကမျှ ကောင်းကင်ဘုံ၏ စီစဉ်ညွှန်ကြားမှုများနှင့် စီစဉ်ခြင်းများကို မရှောင်နိုင်သကဲ့သို့၊ မိမိကံတရားကို ထိန်းချုပ်နိုင်သူလည်း မရှိပေ၊ အကြောင်းမှာ အရာခပ်သိမ်းကို အုပ်စိုးတော်မူသော ဘုရားသခင်တစ်ပါးတည်းသာလျှင် ထိုသို့သောအရာများကို လုပ်နိုင်သောကြောင့်ဖြစ်သည်။ လူသားစတင်ဖြစ်တည်လာသည့်နေ့မှစကာ ဘုရားသခင်သည် စကြဝဠာကို စီမံခန့်ခွဲလျက်၊ အရာအားလုံးအတွက် ပြောင်းလဲမှုစည်းမျဉ်းများနှင့် ၎င်းတို့ရွေ့လျားသည့် လမ်းကြောင်းကို လမ်းညွှန်ပြသပေးလျက် ဤကဲ့သို့ အမှုပြုလာခဲ့သည်။ ခပ်သိမ်းသောအရာများနည်းတူ လူသားသည် ဘုရားသခင်ထံမှ ချိုမြိန်သာယာမှု၊ မိုးရေနှင့် နှင်းစက်နှင်းပေါက်တို့၏ အာဟာရပေးမှုကို တိတ်တဆိတ်နှင့် အမှုမဲ့အမှတ်မဲ့ ရရှိနေသည်၊ ခပ်သိမ်းသောအရာများနည်းတူ လူသားသည် ဘုရားသခင်၏လက်တော်၏ စီစဉ်ညွှန်ကြားမှုအောက်တွင် အမှုမဲ့အမှတ်မဲ့ နေထိုင်လျက်ရှိသည်။ လူသား၏ နှလုံးသားနှင့် စိတ်ဝိညာဉ်ကို ဘုရားသခင်သည် လက်၌ကိုင်ဆောင်ထားပြီး၊ လူသား၏ ဘဝတစ်ခုလုံးကို ဘုရားသခင်သည် သူ၏မျက်လုံးများဖြင့် ကြည့်ရှုလျက်ရှိသည်။ သင်သည် ဤအချက်ကို ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ၊ သက်ရှိဖြစ်ဖြစ်၊ သက်မဲ့ဖြစ်ဖြစ် အရာအားလုံးသည် ဘုရားသခင်၏ အကြံအစည်များနှင့်အညီ ရွေ့လျားပြောင်းလဲကာ ပြန်လည်စတင်ပြီး ကွယ်ပျောက်သွားရမည်ဖြစ်သည်။ ဤသည်မှာ အရာအားလုံးကို ဘုရားသခင်တာဝန်ယူသည့် နည်းလမ်းဖြစ်သည်။

Monday, September 23, 2019

ဘုရားသခင်၏ အသံတော် | အနန္တတန်ခိုးရှင် သက်ပြင်းချတော်မူခြင်

သမ္မာတရား, အသက်, ယုံကြည်ခြင်း, သမ္မာတရား, ကယ်တင်ခြင်

သင်၏စိတ်နှလုံးထဲ၌ အလွန်ကြီးမားသောလျှို့ဝှက်ချက်တစ်ခုရှိ၍ သင်သည် အလင်းကင်းမဲ့သောလောကထဲ၌ အသက်ရှင်နေထိုင်နေသည့်အတွက်ကြောင့် ၎င်းကို မည်သည့်အခါမျှ သတိမမူမိခဲ့ချေ။ သင်၏စိတ်နှလုံးနှင့် ဝိညာဉ်သည် ဆိုးယုတ်သောသူ၏ ဆွဲလုခြင်းကို ခံခဲ့ရ၏။ သင်၏မျက်လုံးများသည် မှောင်မိုက်၏ဖုံးကွယ်ခြင်းကို ခံရပြီး သင်သည် ကောင်းကင်မှနေလုံးကိုသာမက ညအခါ မှိတ်တုတ်မှိတ်တုတ်လင်းသောကြယ်ကိုလည်း မြင်နိုင်ခြင်း မရှိပေ။ သင်၏နားများမှာ လိမ်လည်လှည့်ဖြားသောစကားများဖြင့် ပိတ်ဆို့ခြင်းကိုခံရပြီး သင်သည် ယေဟောဝါ၏မြည်ဟည်းသောအသံကိုသာမက ပလ္လင်တော်မှ စီးဆင်းသောရေတို့၏အသံကိုလည်း မကြားရချေ။ သင်သည် တရားသဖြင့်ပိုင်ဆိုင်သမျှ၊ သင့်အပေါ် အနန္တတန်ခိုးရှင် ပေးအပ်သောအရာမှန်သမျှကို ဆုံးရှုံးခဲ့လေပြီ။ ကယ်မရန် တန်ခိုးမရှိ၊ ဆက်လက်ရှင်သန်ရန် မျှော်လင့်ချက်မရှိဘဲ အဆုံးမဲ့ဒုက္ခပင်လယ်တစ်ခုသို့ သင်ဝင်ရောက်ခဲ့ပြီး သင်ပြုသမျှမှာ ရုန်းကန်ခြင်းနှင့် အလောတကြီးလုပ်ဆောင်ခြင်းသာ ဖြစ်၏။ ယင်းအခိုက်အတန့်မှအစပြု၍ သင်သည် ဆိုးယုတ်သောသူ၏ဖိစီးနှိပ်စက်ခြင်းကိုခံရန်၊ အနန္တတန်ခိုးရှင်၏ကောင်းချီးမင်္ဂလာများနှင့် ဝေးကွာစေရန်၊ အနန္တတန်ခိုးရှင်၏ထောက်ပံ့မှုများနှင့် အလှမ်းဝေးစေရန်၊ ပြန်လမ်းမရှိသောလမ်းမတစ်ခု၌ လျှောက်လှမ်းစေရန် ပျက်စီးကိန်းသို့ရောက်ခဲ့၏။ အကြိမ်တစ်သန်း ခေါ်တော်မူခြင်းမှာ သင်၏စိတ်နှလုံးနှင့်ဝိညာဉ်ကို အနည်းငယ်မျှနှိုးဆွနိုင်ခြင်းမရှိပေ။ သင်သည် လမ်းညွှန် သို့မဟုတ် လမ်းပြအမှတ်အသားများမရှိသော အကန့်အသတ်မဲ့နယ်ပယ်တစ်ခုထဲသို့ သင့်အား သွေးဆောင်ခဲ့သည့် ဆိုးယုတ်သောသူ၏လက်ထဲ၌ နှစ်ခြိုက်စွာအိပ်စက်လေ၏။ ထိုအချိန်မှစ၍နောင်တွင် သင်သည် သင်၏မူလအပြစ်ကင်းစင်ခြင်းနှင့် သန့်ရှင်းခြင်းကို ဆုံးရှုံးခဲ့ရပြီး အနန္တတန်ခိုးရှင်၏စောင့်ရှောက်ခြင်းကို စတင်ရှောင်ရှားခဲ့၏။ သင်၏စိတ်နှလုံးအတွင်း၌ ဆိုးယုတ်သောသူသည် ကိစ္စအားလုံး၌ သင့်ကို ပဲ့ကိုင်ပြီး သင်၏အသက်ဖြစ်လာခဲ့သည်။ သင်သည် သူ့ကို ကြောက်ရွံ့ခြင်း၊ ရှောင်တိမ်းခြင်း သို့မဟုတ် သံသယဖြစ်ခြင်း မရှိတော့ဘဲ သင်၏စိတ်နှလုံးထဲ၌ သူ့ကို ဘုရားသခင်အဖြစ် သဘောထားသည်။ သင်သည် သူ့ကို စတင်ကာ ရိုသေကိုင်းရှိုင်းခြင်း၊ ကိုးကွယ်ခြင်းပြု၍ သင်တို့နှစ်ဦးသည် သေခြင်းတရား၌ စိတ်နှစ်မြှုပ်သကဲ့သို့ အသက်ရှင်ခြင်း၌လည်း စိတ်နှစ်မြှုပ်ကာ ခန္ဓာကိုယ်နှင့် အရိပ်ကဲ့သို့ တစ်ပူးတွဲတွဲ ဖြစ်လာလေ၏။ သင်သည် မည်သည့်နေရာမှလာခဲ့ကြောင်း၊ အဘယ်ကြောင့် မွေးဖွားလာခဲ့ကြောင်း သို့မဟုတ် အဘယ်ကြောင့် သေဆုံးမည်ဖြစ်ကြောင်းကို လုံးဝမသိချေ။ သင်သည် အနန္တတန်ခိုးရှင်ကို သူစိမ်းတစ်ဦးကဲ့သို့ သဘောထား၏၊ သင့်အတွက် သူလုပ်ပေးခဲ့သည့်အရာအားလုံးကို သိရန်မဆိုထားနှင့် သူ၏ဇာစ်မြစ်များကိုပင် သင်မသိပေ။ သူ့ထံမှ လာသမျှသည် သင့်အတွက် မုန်းတီးဖွယ် ဖြစ်လာ၏၊ သင်သည် ၎င်းကို ချစ်ခင်မြတ်နိုးခြင်း မရှိသကဲ့သို့ ၎င်း၏တန်ဖိုးကိုလည်း မသိချေ။ သင်သည် အနန္တတန်ခိုးရှင်၏ထောက်ပံ့ခြင်းကို လက်ခံရရှိခဲ့သည့်နေ့မှအစပြု၍ ဆိုးယုတ်သောသူနှင့်တွဲဖက်၍ လျှောက်လှမ်းလေ၏။ သင်သည် ဆိုးယုတ်သောသူနှင့်အတူ မိုးသက်လေပြင်းများနှင့် မုန်တိုင်းများကို နှစ်ထောင်ပေါင်းများစွာ ကြံ့ကြံ့ခံခဲ့ပြီး သင်၏အသက်အရင်းအမြစ်ဖြစ်သော ဘုရားသခင်ကို သူနှင့်အတူ တစ်စိတ်တစ်ဝမ်းတည်း ဆန့်ကျင်၏။ သင်သည် ပျက်စီးခြင်းချောက်ကမ်းပါး၌ ရောက်ရှိနေပြီဖြစ်ကြောင်း သိရန်မဆိုထားနှင့်၊ နောင်တတရားအကြောင်း ဘာမျှမသိချေ။ ဆိုးယုတ်သောသူသည် သင့်ကို သွေးဆောင်ဖြားယောင်းပြီး ဖိစီးနှိပ်စက်ကြောင်း သင်မေ့လျော့လေပြီ၊ သင်သည် သင်၏ဇာစ်မြစ်များကို မေ့လျော့ခဲ့ခြင်းဖြစ်လေတကား။ ဆိုးယုတ်သောသူသည် လမ်းခရီးအဆင့်တိုင်း၌ သင့်အား ယနေ့တိုင် ဤနည်းအတိုင်း ဖိစီးနှိပ်စက်ခဲ့ခြင်းဖြစ်၏။ သင်၏စိတ်နှလုံးနှင့် ဝိညာဉ်တို့သည် ထုံထိုင်းပြီး ယိုယွင်းပျက်စီးစေခြင်းခံရ၏။ သင်သည် လူ့လောကကြီးထဲမှ စိတ်အနှောင့်အယှက်များအကြောင်း ညည်းတွားခြင်းကို ရပ်စဲခဲ့သည်၊ လောကကြီးမှာ တရားမျှတမှုမရှိဟူ၍ သင်ထင်မြင်ယူဆခြင်း မရှိတော့ပေ။ သင်သည် အနန္တတန်ခိုးရှင် တည်ရှိသည်၊ မတည်ရှိသည်ကို သာ၍ပင် ဂရုမစိုက်ချေ။ ဤအရာမှာ အဘယ်ကြောင့်နည်းဟူမူကား ဆိုးယုတ်သောသူသည် သင်၏စစ်မှန်သောဖခင် ဖြစ်သည်ဟု ကာလအတန်ကြာက သင်ယူဆခဲ့၍ သူ့ထံမှ မခွဲခွာနိုင်ခြင်းကြောင့်ဖြစ်၏။ ဤသည်မှာ သင်၏စိတ်နှလုံးအတွင်းမှ လျှို့ဝှက်ချက်ပေတည်း။

Wednesday, September 4, 2019

ဘုရားသခင်၏ ပြောဆိုသံ | ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှု

ယေရှု, ခရစ်တော်, သမ္မာတရား, သက်သေခံချက်များ, အသင်းတော်,

လူအများကြား ဘုရားသခင်၏ အလုပ်တွင် လူသည် ဤအလုပ်၏ ပြုလုပ်ခံရသူဖြစ်ပြီး၊ ဘုရားသခင်ကို သက်သေခံနိုင်သည့် ဘုရားသခင် ဖန်ဆင်းထားသည့် တစ်ခုတည်းသော သတ္တဝါ ဖြစ်သောကြောင့် ထိုအလုပ်နှင့် လူသည် ခွဲ၍ မရပေ။ လူ၏ အသက်တာနှင့် လူ၏ လှုပ်ရှားမှုအားလုံးသည် ဘုရားသခင်နှင့် ခွဲ၍မရဘဲ ဘုရားသခင်၏ လက်များက အားလုံးကို ထိန်းချုပ်ထားကာ ဘုရားသခင်နှင့် ကင်းကွာပြီး မည်သည့် ပုဂ္ဂိုလ်မျှ မတည်ရှိနိုင်ဟုပင် ပြောနိုင်သည်။ ယင်းသည် အချက်အလက်အမှန်ဖြစ်၍ မည်သူမျှ ယင်းကိုမငြင်းနိုင်။ ဘုရားသခင်လုပ်ဆောင်သမျှ အလုံးစုံသည် လူသားအကျိုးအတွက် ဖြစ်ပြီး၊ စာတန်၏ အကြံအစည်များကို ဦးတည်သည်။ လူ၏ လိုအပ်ချက်အားလုံးသည် ဘုရားသခင်ထံမှလာပြီး ဘုရားသခင်သည် လူသား၏ အသက်တာအတွက် အရင်းအမြစ်ဖြစ်သည်။ သို့ဖြစ်ရာ လူသည် ရိုးရှင်းစွာပင် ဘုရားသခင်မှ ခွဲထွက်နိုင်ခြင်း မရှိပေ။ ထို့အပြင် ဘုရားသခင်တွင်လည်း လူသားနှင့်ခွဲရန် မည်သည့်အခါမျှ ရည်ရွယ်ချက် မရှိခဲ့ပေ။ ဘုရားသခင် လုပ်ဆောင်သော အလုပ်သည် လူသားမျိုးနွယ်အားလုံးအကျိုးအတွက်ဖြစ်ပြီး သူ၏ ကြံစည်ချက်များမှာ အစဉ်အမြဲ ကြင်နာမှုရှိသည်။ လူအတွက် ဘုရားသခင်၏ အလုပ်နှင့် ဘုရားသခင်၏ အကြံအစည် (ယင်းမှာ ဘုရားသခင်၏ အလိုတော်ဖြစ်သည်) နှစ်ခုစလုံးတို့သည် လူတို့သိသင့်သော "ရူပါရုံများ" ဖြစ်သည်။ ယင်းရူပါရုံများသည်လည်း ဘုရားသခင်၏ စီမံခန့်ခွဲမှု ဖြစ်ပြီး လူသားတို့ လုပ်နိုင်စွမ်းမရှိသော အလုပ်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဘုရားသခင်၏ အလုပ်လုပ်ဆောင်ချိန်တွင် လူသားအပေါ် ဘုရားသခင်ထားရှိသည့် သတ်မှတ်ချက်များကို လူ၏ "လက်တွေ့လုပ်ဆောင်မှု"ဟု ခေါ်သည်။ ရူပါရုံများသည် ဘုရားသခင် ကိုယ်တော်တိုင်၏အလုပ် သို့မဟုတ် လူသားများအပေါ် သူ၏ အလိုတော် သို့မဟုတ် သူ့အလုပ်၏ ရည်ရွယ်ချက်များနှင့် ထင်ရှားချက်များ ဖြစ်သည်။ ဤစီမံခန့်ခွဲမှုသည် ဘုရားသခင်၏ အလုပ်ဖြစ်သဖြင့် ရူပါရုံများကို စီမံခန့်ခွဲမှု၏ အစိတ်အပိုင်းဖြစ်သည်ဟုလည်း ပြောနိုင်ပြီး ထိုရူပါရုံများသည် လူသားအတွက် ရည်ရွယ်သည်။ ဆိုလိုသည်မှာ ယင်းအလုပ်သည် ဘုရားသခင်က လူအများကြားတွင် လုပ်သော အလုပ်ဖြစ်သည်။ ဤအလုပ်သည် ဘုရားသခင်ကို လူက သိလာသော အထောက်အထားနှင့် လမ်းကြောင်းဖြစ်ပြီး လူအတွက် အရေးအကြီးဆုံးလည်း ဖြစ်သည်။ အကယ်၍ လူတို့သည် ဘုရားသခင်၏ အလုပ်နှင့်ပတ်သက်သည့် အသိပညာကို အာရုံစိုက်မည့်အစား ဘုရားသခင်ကို ယုံကြည်မှုနှင့်ပတ်သက်သည့် အယူဝါဒများ သို့မဟုတ် လုံးဝအရေးမကြီးသော အသေးစိတ်များကိုသာ အာရုံစိုက်ကြမည်ဆိုပါက သူတို့သည် အကယ်ပင် ဘုရားသခင်ကို သိကြမည်မဟုတ်ဘဲ၊ ထိုမျှသာမက ဘုရားသခင်၏ စိတ်နှလုံးနှင့်လည်း ညီညွတ်ကြမည်မဟုတ်ပေ။ ဘုရားသခင်၏ အလုပ်သည် ဘုရားနှင့်ပတ်သက်သော လူ၏ အသိပညာကို အလွန်အထောက်အကူပြုပေးပြီး ယင်းကို ရူပါရုံများဟု ခေါ်သည်။ ယင်းရူပါရုံများသည် ဘုရားသခင်၏ အလုပ်၊ ဘုရားသခင်၏ အလိုတော်၊ ဘုရားသခင် အလုပ်၏ ရည်မှန်းချက်များနှင့် ထင်ရှားချက်များဖြစ်သည်။ ယင်းတို့ အားလုံးသည် လူကို အကျိုးကျေးဇူး ရှိစေသည်။ လက်တွေ့လုပ်ဆောင်မှုဆိုသည်မှာ လူလုပ်သင့်သောအရာ၊ ဘုရားသခင်နောက်လိုက်သော သတ္တဝါများ လုပ်သင့်သောအရာကို ဆိုလိုသည်။ ယင်းမှာ လူ၏ တာဝန်လည်း ဖြစ်သည်။ လူသား လုပ်သင့်သော အရာသည် အစဦးကတည်းက လူသား နားလည်ခဲ့သော အရာမဟုတ်ဘဲ ဘုရားသခင်က သူ၏အလုပ်အတွင်း လူသားအပေါ် ထားရှိသော သတ်မှတ်ချက်များ ဖြစ်သည်။ ယင်းသတ်မှတ်ချက်များသည် တဖြည်းဖြည်း နက်ရှိုင်းလာပြီး ဘုရားသခင် အလုပ်လုပ်သည်နှင့်အမျှ ပို၍မြင့်မားလာခဲ့သည်။ ဥပမာ၊ ပညတ်တော်ခေတ်တွင် လူသည် ပညတ်တော်ကို လိုက်နာရပြီး ကျေးဇူးတော်ခေတ်တွင် လူသားသည် လက်ဝါးကပ်တိုင်ကို ထမ်းခဲ့ရသည်။ နိုင်ငံတော်ခေတ်တွင်မူ ကွာခြားသည်။ လူသားအပေါ် သတ်မှတ်ချက်များသည် ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ်များအတွင်းကထက် ပိုမိုမြင့်မားသည်။ ရူပါရုံများသည် ပိုမို မြင့်မားလာသည်နှင့်အမျှ၊ လူသားအပေါ် သတ်မှတ်ချက်များသည်လည်း ပိုမြင့်လာပြီး ယခင်ကနှင့် မတူအောင်ရှင်းလင်းလာကာ ပို၍စစ်မှန်လာသည်။ အလားတူပင် ရူပါရုံများသည်လည်း တိုး၍ စစ်မှန်လာသည်။ ယင်းစစ်မှန်သော ရူပါရုံ အများအပြားသည် လူသား၏ ဘုရားသခင်အား နာခံခြင်းကို အားဖြည့်ပေးရုံသာမက၊ ဘုရားသခင်နှင့်ပတ်သက်သော သူ၏ အသိပညာကိုလည်း ပိုမို အားဖြည့်ပေးသည်။

Monday, September 2, 2019

ဘုရားသခင်၏ စကားတော် | အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)

ခရစ်တော်၏ ပြောကြားချက်များ, အသက်, သမ္မာကျမ်းစာ, သခင်ယေရှု, သမ္မာတရား,

ဘုရားသခင်၏ အခွင့်အာဏာ (၁)

ငါ၏ ယခင် မိတ်သဟာယပြုခြင်းအချို့သည် ဘုရားသခင်၏ အမှု၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်ကိုယ်တော်တိုင်တို့နှင့် ပတ်သက်သည့်အကြောင်းများဖြစ်သည်။ ဤမိတ်သဟာယပြုခြင်းများကို သင်တို့ ကြားနာပြီးသည့်အခါတွင် ဘုရားသခင်၏စိတ်သဘောထားနှင့် ပတ်သက်ပြီး သိမြင်မှု နားလည်မှု ရရှိသည်ဟု ခံစားရသလော။ မည်မျှအထိ နားလည်သည်ကို ပြောနိုင်သလော။ နားလည်သိရှိမှု မည်မျှကြီးမားသနည်း။ ဤမိတ်သဟာယပြုခြင်းများက သင်တို့ကို ဘုရားသခင်အကြောင်း ပိုပြီးနက်နဲစွာ နားလည်သွားစေသလော။ ဤနားလည်သိမြင်ခြင်းက ဘုရားသခင်အကြောင်း အသိပညာအမှန်ဖြစ်သည်ဟု ပြောနိုင်သလော။ ဘုရားသခင်ကို ဤနားလည်သိမြင်ခြင်းက ဘုရားသခင်၏အနှစ်သာရအားလုံး၊ ဘုရားသခင်၏အရာအားလုံးနှင့်ဖြစ်ခြင်းကို သိမြင်မှုဟု ဆိုနိုင်သလော။ မဆိုနိုင်သည်မှာ သိသာသည်။ အဘယ်ကြောင့်ဆိုသော် ဤမိတ်သဟာယပြုခြင်းများသည် ဘုရားသခင်၏ စိတ်သဘောထား၏ တစ်စိတ်တစ်ပိုင်းကို နားလည်ရန်နှင့် သူ၏အရာအားလုံးနှင့်ဖြစ်ခြင်းကို နားလည်ရန် ထောက်ပံ့ခဲ့ခြင်းသာ ဖြစ်သည်။ အကုန်မဟုတ်ပေ၊ သို့မဟုတ် အလုံးစုံမဟုတ်ပေ။ မိတ်သဟာယပြုခြင်းများက သင်တို့ကို တစ်ချိန်က ဘုရားသခင်ပြုလုပ်ခဲ့သော အမှု၏ တစ်စိတ်တစ်ဒေသကို နားလည်စေပြီး ယင်းမှတစ်ဆင့် ဘုရားသခင်၏ စိတ်သဘောထား၊ သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းတို့အပြင် သူပြုလုပ်ခဲ့သည့် အရာအားလုံးနောက်ကွယ်မှ လုပ်ဆောင်ပုံနှင့် ကြံဆပုံတို့ကို သင်ရှုမြင်ရသည်။ သို့ရာတွင် ဤသည်မှာ အရှိအတိုင်း နားလည်ခြင်း အပြောသဘော နားလည်ခြင်းသာဖြစ်ပြီး သင်တို့၏ စိတ်နှလုံးထဲတွင် ဤအရာတို့သည် မည်မျှစစ်မှန်သနည်းဆိုသည်ကို မသေချာဘဲ ရှိနေလိမ့်မည်။ ဤကဲ့သို့သောအရာများအပေါ်တွင် လူများ၏ နားလည်မှုက မှန်ကန်မှုရှိမရှိကို မည်သည့်အရာနှင့် အဓိက သတ်မှတ်ဆုံးဖြတ်သနည်း။ သူတို့၏ အမှန်တကယ် အတွေ့အကြုံများအတွင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် စိတ်သဘောထားကို သူတို့မည်မျှ ဧကန်အမှန် ကြုံတွေ့ရသနည်းဆိုသည်နှင့် ဤအမှန်တကယ် အတွေ့အကြုံများတွင် သူတို့ မည်မျှသိမြင်နိုင်ခဲ့သနည်းဆိုသည့်အပေါ်တွင် သတ်မှတ်ဆုံးဖြတ်သည်။ "နောက်ဆုံး မိတ်သဟာယပြုခြင်းများက ဘုရားသခင်၏စဉ်းစားပုံနှင့် ဘုရားသခင်ပြုလုပ်ခဲ့သည့်အရာများကို နားလည်ရန် အခွင့်ပေးလိမ့်မည်။ ထို့အပြင် ဘုရားသခင်၏ လုပ်ဆောင်ချက် စည်းမျဉ်းများနှင့် လူသားများနှင့် သူ၏အခြေခံပြုမူချက်များအပေါ် ဘုရားသခင်၏ စိတ်သဘောထားကို နားလည်စေသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ စိတ်သဘောထားကို နားလည်လာပြီး ဘုရားသခင်နှင့်ပတ်သက်သည့်အလုံးစုံကို သိလာခဲ့ကြပါသည်။" ဤကဲ့သို့သောစကားမျိုးကို မည်သူပြောဖူးခဲ့သနည်း။ ဤကဲ့သို့ပြောခြင်းသည် မှန်ကန်၏လော။ မမှန်ကန်ဆိုခြင်းမှာ ရှင်းပေသည်။ ဤအရာကို ငါက မည်သည့်အတွက်ကြောင့် မမှန်ကန်ဟု ပြောခြင်းဖြစ်သနည်း။ ဘုရားသခင်၏စိတ်သဘောထား၊ ဘုရားသခင်၏အရာအားလုံးနှင့် ဖြစ်ခြင်းတို့သည် သူပြောဆိုခဲ့သည့် နှုတ်ကပတ်တော်များနှင့် သူလုပ်ဆောင်ခဲ့သည့် အရာများထဲတွင် ဖော်ပြနေသည်။ ဘုရားသခင် ပြောခဲ့သည့် နှုတ်ကပတ်တော်များနှင့် သူလုပ်ဆောင်ခဲ့သည့် အမှုမှတစ်ဆင့် ဘုရားသခင်၏အရာအားလုံးနှင့် ဖြစ်ခြင်းကို လူသားက ရှုမြင်နိုင်သည်၊ သို့ရာတွင် အမှုနှင့် နှုတ်ကပတ်တော်တို့သည် လူသားကို ဘုရားသခင်၏ စိတ်သဘောထား တစ်စိတ်တစ်ပိုင်းနှင့် ဘုရားသခင်၏အရာအားလုံးနှင့် ဖြစ်ခြင်း၏တစ်စိတ်တစ်ပိုင်းတို့ကို နားလည်စေသည်ဟုသာ ပြော၍ရသည်။ အကယ်၍ လူသားသည် ဘုရားသခင်ကို ပိုမိုကြီးမား များပြားစွာနားလည်ရန် ဆန္ဒရှိလျှင် လူသားသည် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့နှင့် အမှုကို ပိုပြီး ကြုံတွေ့ရန် လိုအပ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ သို့မဟုတ် အမှုတို့၏ တစ်စိတ်တစ်ပိုင်းကို ကြုံတွေ့ရသည့်အခါတွင် လူသားသည် ဘုရားသခင်အကြောင်း တစ်စိတ်တစ်ပိုင်းကို နားလည်ခြင်းကိုသာ ရရှိခဲ့သော်လည်း၊ ဤတစ်စိတ်တစ်ပိုင်းနားလည်ခြင်းက ဘုရားသခင်၏ စိတ်သဘောထားအမှန်ကို ကိုယ်စားပြုနိုင်မည်လော။ ဘုရားသခင်၏ အနှစ်သာရကို ကိုယ်စားပြုသလော။ ဘုရားသခင်၏စိတ်သဘောထား ဘုရားသခင်၏ အနှစ်သာရတို့ကို ကိုယ်စားပြုသည်မှာ မှန်ပေ၏။ ယင်းမှာ ယုံမှားဖွယ်ရာမရှိပေ။ အချိန်၊ နေရာ၊ သို့မဟုတ် ဘုရားသခင်က သူ၏အမှုကို မည်သို့ပြုလုပ်သည်၊ သို့မဟုတ် လူသားရှေ့တွင် မည်သည့် အဆင်းသဏ္ဌာန်နှင့် သူပေါ်ထွန်းလာသည်၊ သို့မဟုတ် သူ၏အလိုတော်ကို မည်သို့ ဖော်ပြသည်၊ စသည်တို့နှင့် မသက်ဆိုင်ဘဲ သူဖွင့်ပြ ဖော်ပြခဲ့သည့်အရာအားလုံးသည် ဘုရားသခင် ကိုယ်တော်တိုင်၊ ဘုရားသခင်၏ အနှစ်သာရနှင့် ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့ကို ကိုယ်စားပြုသည်။ ဘုရားသခင်သည် သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းတို့ဖြင့် သူ၏အမှုတော်ကို ဆောင်ရွက်ပြီး သူ၏ စစ်မှန်သည့်ကိုယ်ပိုင်လက္ခဏာဖြင့် ဆောင်ရွက်သည်။ ဤသည်မှာ လုံးဝ မှန်ကန်သည်။ သို့ရာတွင် ယနေ့ခေတ် လူတို့သည် ဘုရား၏ နှုတ်ကပတ်တော်တို့မှ တစ်ဆင့်၊ တရားဟောချက်များ နားထောင်သည့်အခါတွင် သူတို့ကြားရသည့်အရာမှမှတစ်ဆင့် ဘုရားသခင်ကို နားလည်မှုက တစ်စိတ်တစ်ပိုင်းသာရှိသည်။ အတိုင်းအတာတစ်ခုအထိ ဤနားလည်မှုကို အယူအဆဆိုင်ရာ အသိဟုသာ ဆိုနိုင်သည်။ သင်၏ အခြေအနေအမှန်ကို အကြောင်းပြု၍ သင်တို့ တစ်ယောက်ချင်းစီတိုင်းက အမှန်တကယ် တွေ့ကြုံပြီး တစ်စစီသိလာသည်ဆိုလျှင် ယနေ့ သင်၏စိတ်နှလုံးထဲ၌ သင်ကြားခဲ့၊ မြင်ခဲ့၊ သို့မဟုတ် သိမြင်နားလည်ခဲ့သည့် ဘုရားသခင်အကြောင်း နားလည် သိမြင်မှုကိုသာ အတည်ပြုနိုင်သည်။ အကယ်၍ ဤနှုတ်ကတ်တော်များကို သင်တို့နှင့် ငါမိတ်သဟာယမပြုခဲ့လျှင် သင်တို့၏ အတွေ့အကြုံသက်သက်မှတစ်ဆင့် ဘုရားသခင်ကို အမှန်တကယ် သိမြင်ခြင်းကို ရရှိနိုင်မည်လော။ စိတ်မကောင်းပေ။ ထိုကဲ့သို့ ပြုရန်က အလွန်ခက်ခဲလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် မည်သို့ တွေ့ကြုံခံစားရမည်ဆိုသည်ကို သိရန်အတွက် လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို ဦးစွာရရှိရပေမည်။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မည်မျှများစွာ စားသုံးသည်ဖြစ်စေ၊ ယင်းမှာ သူတို့အမှန်တကယ် တွေ့ကြုံခံစားနိုင်သည့် အရေအတွက်သာဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် သူရှေ့တွင်ရှိသည့်လမ်းကို ဦးဆောင်ပြီး လူသားကို သူ၏တွေ့ကြုံခံစားမှုထဲ၌ ညွှန်ပြသည်။ အတိုချုပ်ပြောရလျှင် စစ်မှန်သော အတွေ့အကြုံအချို့ ရှိခဲ့သည့် လူတချို့အတွက် ဤနောက်ပိုင်း မိတ်သဟာယပြုခြင်း အချို့က ဘုရားသခင်အကြောင်း ပိုမိုလက်တွေ့ကျသည့် အသိနှင့်၊ သမ္မာတရားကို ပိုမိုနက်ရှိုင်းစွာ နားလည်ခြင်းတို့ကို ရစေရန် ကူညီပေးလိမ့်မည်။ သို့ရာတွင် စစ်မှန်သည့် အတွေ့အကြုံမရှိသည့် သူများ၊ သို့မဟုတ် ယခုမှစပြီး တွေ့ကြုံခံစားရသူများ သို့မဟုတ် သမ္မာတရားကို စတင်ထိတွေ့စလူများအတွက် ဤသည်မှာ အလွန်ကြီးမားသည့် စမ်းသပ်မှုတစ်ခုဖြစ်သည်။

Thursday, August 29, 2019

ဥယျောဇဉ်

အသက်, ခရစ်တော်, အသင်းတော်, ယေရှု, ဆုတောင်း,

လူအတော်များများသည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း ဘုရားသခင်ကို ယုံကြည်ခြင်းမှာ အဘယ်အရာကို ဆိုလိုသည်နှင့် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်ရန် မည်သည်တို့ကို လုပ်ရမည့် အကြောင်းကိုမူ လူအနည်းငယ်သည်သာ သိနားလည်ပါသည်။ ထိုသို့ဖြစ်ရခြင်းမှာ လူများသည် "ဘုရားသခင်"နှင့် "ဘုရားသခင်၏ အမှု" ဟူသော စကားစုများနှင့် ရင်းနှီးသော်လည်း ဘုရားသခင်ကို မသိသောကြောင့် ဖြစ်ပါသည်။ ဘုရားသခင်၏ အမှုကို သူတို့သိရန်မှာ သာ၍ပင် ဝေးပါသေးသည်။ ဘုရားသခင်ကို မသိသောသူများအားလုံးတွင် ရှုပ်ထွေးသော ယုံကြည်မှုတစ်ခု ရှိသည်မှာ မထူးဆန်းပါ။ လူများသည် ဘုရားသခင်ကို အလေးအနက် မယုံကြည်ကြခြင်း အကြောင်းမှာ ဘုရားသခင်ကို ယုံကြည်ခြင်းအမှုသည် သူတို့နှင့် အလွန်ပင်စိမ်းနေပြီး အလွန်ထူးဆန်းဖွယ်ရာ ဖြစ်နေသောကြောင့် ဖြစ်သည်။ ဤနည်းဖြင့် သူတို့သည် ဘုရားသခင်၏ တောင်းဆိုမှုများကို ပြည့်မီနိုင်ခြင်း မရှိတော့။ တစ်နည်းအားဖြင့်ဆိုသော် လူများသည် ဘုရားသခင်နှင့် ဘုရားသခင်၏ အမှုကို မသိပါက ၎င်းတို့သည် ဘုရားသခင်အတွက် အသုံးမဝင်ဘဲ ဘုရားသခင်၏ အလိုကို ပြည့်အောင်ဖြည့်ခြင်းမှာ ပို၍ပင် မဖြစ်နိုင်ချေ။ "ဘုရားသခင်ကို ယုံကြည်ခြင်း" ဆိုသည်မှာ ဘုရားသခင်တစ်ပါး ရှိကြောင်းကို ယုံကြည်ခြင်းဖြစ်သည်။ ယင်းမှာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ အရိုးရှင်းဆုံး အယူအဆပင် ဖြစ်၏။ ထို့အပြင် ဘုရားသခင်တစ်ပါး ရှိကြောင်း ယုံကြည်ခြင်းသည် ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်ခြင်းနှင့် မတူပါ၊ ဆိုရလျှင် ယင်းမှာ ခိုင်မာသော ဘာသာရေး အငွေ့အသက်ပါသည့် ရိုးရှင်းသော ယုံကြည်မှုတစ်မျိုး ဖြစ်သည်။ ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်ခြင်း ဆိုသည်မှာ အရာအားလုံးအပေါ် ဘုရားသခင်၏ အာဏာ တည်ကြောင်းကို ယုံကြည်သည့်အပေါ် အခြေခံပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတို့ကို တွေ့ကြုံခံစားခြင်း ဖြစ်သည်။ သင်၏ ဖောက်ပြန်သော စိတ်သဘောထားမှ ကင်းလွတ်မည်ဖြစ်ပြီး ဘုရားသခင်၏ အလိုကို ပြည့်စေနိုင်မည့်အပြင် ဘုရားသခင်ကိုလည်း သိလာမည်ဖြစ်သည်။ ဤခရီးလမ်းအတိုင်း သွားမှသာ ဘုရားသခင်ကို ယုံကြည်သည်ဟု သင်ဆိုနိုင်ပါမည်။ သို့သော် လူအများက ဘုရားသခင်ကို ယုံကြည်ခြင်းသည် အလွန်ရိုးရှင်းပြီး ပေါ့ပေါ့ပါးပါး ကိစ္စသာဖြစ်သည်ဟု မြင်တတ်ကြသည်။ ထိုသို့သော လူများ၏ ယုံကြည်မှုမှာ အဓိပ္ပာယ်ကင်းမဲ့ပြီး ဘုရားသခင်ထံမှ အတည်ပြုခြင်းကို မည်သည့်အခါမျှ ရမည် မဟုတ်ပါ။ အကြောင်းမှာ သူတို့သည် လမ်းမှားတွင် လျှောက်နေသောကြောင့် ဖြစ်ပါသည်။ အနှစ်သာရ ကင်းမဲ့သည့် အယူဝါဒများတွင် ဘုရားသခင်ကို စကားလုံးများဖြင့်သာ ယုံကြည်နေသူများ ယနေ့တိုင် ရှိနေပါ သည်။ သူတို့၏ ဘုရားသခင်ကို ယုံကြည်မှုတွင် အနှစ်သာရ မရှိကြောင်းနှင့် သူတို့သည် ဘုရားသခင်၏ အတည်ပြုခြင်းကို မရရှိနိုင်ကြောင်းတို့ကို သူတို့ ဂရုမပြုကြဘဲ ဘုရားသခင်ထံမှ ငြိမ်သက်ခြင်းနှင့် လုံလောက်သော ဆုကျေးဇူးကို ဆုတောင်းနေဆဲ ဖြစ်သည်။ ငါတို့သည် ရပ်တန့်ပြီး မိမိကိုယ်မိမိ မေးသင့်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကမ္ဘာပေါ်တွင် အမှန်တကယ် လွယ်ကူသောအရာ ဖြစ်နိုင်ပါသလား။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ဘုရားသခင်ထံမှ ဆုကျေးဇူးကို လက်ခံရရှိခြင်းထက် ဘာမျှမပိုဘူးလား။ ဘုရားသခင်ကို မသိဘဲလျက် ဘုရားသခင်ကို ယုံကြည်သူ၊ ဘုရားသခင်ကို ယုံကြည်သော်လည်း ဆန့်ကျင်သူတို့သည် ဘုရားသခင်၏အလိုကို အမှန်တကယ်ဖြည့်ဆည်း နိုင်ပါသလား။

Saturday, July 6, 2019

ဘုရားသခင်၏ အသံတော် | လူသားတွေးခေါ်သည့်အတိုင်း ဘုရားသခင်၏ အမှုသည် ရိုးရှင်းလွန်းသလေ

ခရစ်တော်၏ ပြောကြားချက်များ, ဘုရားသခင်, ယေရှု, သမ္မာတရား, ဆုတောင်း,

ဘုရားသခင်အား ယုံကြည်သောသူ တစ်ယောက်ဖြစ်သော သင်သည် ယနေ့ နောက်ဆုံးသောကာလရှိ ဘုရားသခင်၏အမှုနှင့် သင့်အထဲ၌ ဘုရားသခင်၏စီမံချက်၏ အမှုအားလုံးကိုလက်ခံရာ၌၊ သင်သည် ဘုရားသခင်၏ ကြီးစွာသော ချီးမြှောက်ခြင်းနှင့် ဘုရားသခင်ထံမှ ကယ်တင်ခြင်းကို အမှန်တကယ်ပင် လက်ခံရရှိပြီး ဖြစ်ကြောင်း နားလည်သင့်သည်။ စကြဝဠာတစ်ဝှမ်းလုံးရှိ ဘုရားသခင်၏ အမှုအားလုံးသည် ဤလူတစ်စုအပေါ်တွင် အာရုံစူးစိုက်ထားလျက်ရှိခဲ့သည်။ ဘုရားသခင်သည် သူ၏ ကြိုးစားအားထုတ်မှုအားလုံးအား သင်တို့အတွက် ပေးအပ်မြှုပ်နှံထားပြီး၊ သင်တို့အတွက် အရာအားလုံးကို စွန့်လွှတ်ပေးဆပ်ခဲ့၏၊ သူသည် စကြဝဠာတစ်ခွင်လုံးမှ ဝိညာဉ်တော်၏ အမှုများအား ပြန်လည်သိမ်းယူကာ သင့်အားပေးအပ်ခဲ့၏။ ထိုအကြောင်းကြောင့် သင်တို့သည် မင်္ဂလာရှိသူများ ဖြစ်သည်ဟု ငါပြောဆိုရခြင်းဖြစ်သည်။ ထို့အပြင် ဘုရားသခင်သည် သင်တို့ လူစုမှတစ်ဆင့် သူ့အစီအစဉ်၏ ရည်ရွယ်ချက်ကို အပြည့်အဝ ထင်ရှားပြသနိုင်ရန် သူ၏ဘုန်းတော်အား သူ၏ရွေးကောက်ခံ လူမျိုးဖြစ်သည့် ဣသရေလလူမျိုးထံမှ သင်တို့ထံသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သင်တို့သည် ဘုရားသခင်၏ အမွေအား လက်ခံရရှိမည့်သူများ ဖြစ်ရုံမျှသာမက ဘုရားသခင်၏ ဘုန်းတော်အား ဆက်ခံသော သူများလည်း သာ၍ ဖြစ်နေသည်။ “အကြောင်းမူကား ယခုခဏခံရ၍ ပေါ့ပါးသော ဆင်းရဲခြင်းဒုက္ခသည် အတိုင်းအထက် အလွန်ကြီးမြတ် လေးလံသော နိစ္စထာဝရ ဘုန်းအသရေကို ငါတို့အဖို့ ဖြစ်စေတတ်၏” ဟူသည့် နှုတ်ကပတ်တော်အား သင်တို့အားလုံး မှတ်မိကောင်းမှတ်မိလိမ့်မည်။ အတိတ်ကာလက ဤစကားအား သင်တို့အားလုံး ကြားဖူးကြသော်လည်း မည်သူမျှ ဤနှုတ်ကပတ်တော်များ၏ စစ်မှန်သောအဓိပ္ပာယ်ကို နားမလည်ခဲ့ကြပေ။ ယနေ့ ၎င်းတို့၏ စစ်မှန်သောရည်ရွယ်ချက်အား သင်တို့ ကောင်းစွာသိရှိ နေပြီဖြစ်သည်။ ဤနှုတ်ကပတ်တော်များသည် နောက်ဆုံးသောကာလတွင် ဘုရားသခင် ပြီးမြောက်စေမည့် အရာများဖြစ်ကြသည်။ ထိုအရာများတို့သည် အဆင်းနီသော နဂါးကြီး၏ ကိန်းဝပ်ရာနေရာ၌ ရက်စက်စွာ ဒုက္ခပေးခြင်းကို ခံစားရသူများအပေါ် ပြီးပြည့်စုံစေမည် ဖြစ်သည်။ အဆင်းနီသော နဂါးကြီးသည် ဘုရားသခင်အား နှိပ်စက်ညှဉ်းပန်းပြီး ဘုရားသခင်၏ ရန်သူဖြစ်သောကြောင့် ဤနယ်မြေတွင် ဘုရားသခင်အား ယုံကြည်သော သူများတို့သည် အရှက်ကွဲခြင်းနှင့် နှိပ်စက်ညှဉ်းပန်းခြင်းတို့ ခံစားကြရသည်။ ထိုအကြောင်းကြောင့် ဤနှုတ်ကပတ်တော်များသည် သင်တို့လူစုအတွင်းတွင် အမှန်တရားတစ်ခု ဖြစ်လာမည်။ ဘုရားသခင်အား ဆန့်ကျင်သည့်နယ်မြေတွင် ဤအမှုအား ဆောင်ရွက်နေစဉ်အတွင်း ဘုရားသခင်၏အမှုအားလုံးသည် လွန်ကဲသည့် အတားအဆီးများနှင့် တွေ့ကြုံရကာ သူ၏နှုတ်ကပတ်တော် များစွာသည်လည်း အချိန်အခါ ကောင်း၌ ပြည့်စုံနိုင်ခြင်း မရှိပေ၊ သို့ဖြစ်၍ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကြောင့် စစ်ဆေးခြင်းခံကြရသည်။ ၎င်းအရာသည်လည်း ဒုက္ခဆင်းရဲခံခြင်း၏ အခြေခံကျသည့် အရာတစ်ခုဖြစ်သည်။ အဆင်းနီသောနဂါးကြီး၏ နယ်မြေ၌ သူ၏အမှုအား လုပ်ဆောင်ရခြင်းသည် ဘုရားသခင်အဖို့ လွန်စွာ အားစိုက် လုပ်ဆောင်ရသည့် ကိစ္စဖြစ်သော်လည်း ဘုရားသခင်သည် သူ၏ ဉာဏ်ပညာနှင့် အံ့သြဖွယ်ကောင်းသည့် အမှုအရာများအား ထင်ရှားစေရန် ဤကဲ့သို့သော ခက်ခဲမှုမှတစ်ဆင့် သူ့အမှု၏ အဆင့်တစ်ဆင့်အား ဆောင်ရွက်ခြင်းဖြစ်သည်။ ဘုရားသခင်သည် ဤလူစုအား စုံလင်စေရန် ဤအခွင့်အရေးကို အသုံးချသည်။ လူတို့၏ ဒုက္ခခံစားရခြင်း၊ သူတို့၏ အရည်အသွေးနှင့် ဤမသန့်ရှင်းသည့် နယ်မြေ၌ ရှိနေကြသည့် လူတို့၏ စာတန်ဆန်သော သဘောထားအားလုံးတို့ကြောင့်၊ ဘုရားသခင်သည် သူ၏ သန့်ရှင်းစေခြင်းနှင့် သိမ်းပိုက်အောင်မြင်ခြင်းအမှုအား ပြုရခြင်းဖြစ်ပြီး ထိုအရာမှတဆင့် သူဘုန်းပွင့်ကာ လုပ်ရပ်များအား သက်သေခံသူများ ရရှိရန်ဖြစ်သည်။ ၎င်းသည် ဤလူစုအတွက် ဘုရားသခင်ပြုသော စွန့်လွှတ်ခြင်းအရာများတို့၏ ရည်ရွယ်ချက် အပြည့်ပင်ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်သည် သူ့အားဆန့်ကျင်သော သူများအားဖြင့်သာ သိမ်းပိုက်အောင်မြင်ခြင်းအမှုကို ပြုသည်။ ဤကဲ့သို့ လုပ်ဆောင်ခြင်းအားဖြင့် သာလျှင် ဘုရားသခင်၏ ကြီးမားသောတန်ခိုးအား ထင်ရှားစေနိုင်မည်ဖြစ်သည်။ တစ်နည်းဆိုရပါမူ မသန့်ရှင်းသော နယ်မြေတွင်ရှိနေသည့် သူများတို့သည်သာ ဘုရားသခင်၏ ဘုန်းတော်အား အမွေခံထိုက်သူများဖြစ်ကာ ၎င်းအရာကသာလျှင် ဘုရားသခင်၏ ကြီးမားသော တန်ခိုးတော်အား ထင်ရှားစေနိုင်သည်။ ထို့ကြောင့် ဘုရားသခင်၏ ဘုန်းတော်သည် မသန့်ရှင်းသည့် နယ်မြေနှင့် ထိုနယ်မြေ၌နေသော သူများထံမှ ရရှိသည်ဟု ငါဆိုရခြင်းဖြစ်သည်။ ထိုအရာသည် ဘုရားသခင်၏ အလိုတော်ဖြစ်သည်။ ၎င်းသည် ယေရှု၏အမှု၏ အဆင့်တစ်ဆင့်မှာကဲ့သို့ပင် ဖြစ်သည်၊ သူ့အား နှိပ်စက်ညှဉ်းပန်းခဲ့သည့် ဖာရိရှဲများကြား၌သာ သူသည် ဘုန်းတော်ထင်ရှားနိုင်သည်။ အကယ်၍ ထိုနှိပ်စက် ညှဉ်းပန်းခံရခြင်းနှင့် ယုဒ၏ သစ္စာဖောက်ခြင်းတို့ မရှိခဲ့ပါက ယေရှုသည် ကားတိုင်တွင်တင်၍ သတ်ခြင်းကိုမဆိုထားနှင့် လှောင်ပြောင်သရော်ခြင်းများနှင့် ကဲ့ရဲ့ခြင်းများအား ခံခဲ့ရမည် မဟုတ်ပေ၊ ထို့ကြောင့် ဘုန်းတော်သည်လည်း ထင်ရှားခဲ့လိမ့်မည် မဟုတ်ပေ။ ဘုရားသခင်သည် ခေတ်ကာလအသီးသီး၌ သော်လည်းကောင်း၊ သူ၏လူ့ဇာတိ၌သော်လည်းကောင်း၊ မည်သည့်အရပ်တွင် လုပ်ဆောင်သည်ဖြစ်စေ၊ ထိုအရပ်၌ ဘုန်းပွင့်ကာ ထိုအရပ်၌ သူရည်ရွယ်ထားသည့် သူများအားလည်း ရရှိသည်။ ဤအရာသည် ဘုရားသခင်အမှု၏ အစီအစဉ်ဖြစ်ကာ၊ ဤအရာသည် သူ၏စီမံခန့်ခွဲခြင်းလည်း ဖြစ်သည်။

Thursday, June 27, 2019

ဘုရားသခင်၏ အသံတော် | လက်တွေ့ကျသော ဘုရားသခင်ဆိုသည်မှာ ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်ကို သင်သိသင့်သည်

ခရစ်တော်၏ ပြောကြားချက်များ, အသက်, ဘုရားသခင်, ဆုတောင်, အသင်းတော်,

လက်တွေ့ကျသော ဘုရားသခင်အကြောင်း သင်ဘာသိသင့်သနည်း။ လက်တွေ့ကျသော ဘုရားသခင်ဆိုသည်မှာ ဝိညာဉ်တော်၊ ပုဂ္ဂိုလ်တော်နှင့် နှုတ်ကပတ်တော်တို့ ပေါင်းစပ်ထားသည့်သူ ဖြစ်သည်။ ဤသည်မှာ လက်တွေ့ကျသော ဘုရားသခင်၏ အနက်အမှန် ဖြစ်သည်။ အကယ်၍ သင်သည် ပုဂ္ဂိုလ်တော်ကိုသာ သိပြီး၊ သူ၏ အလေ့အကျင့်များနှင့် ပင်ကိုအရည်အသွေး တို့ကိုသာ သိပြီး၊ ဝိညာဉ်တော်၏ အလုပ်ကိုမသိလျှင် သို့မဟုတ် လူ့ဇာတိတွင် ဝိညာဉ်တော် အဘယ်အလုပ် လုပ်သည်ကို သင်မသိလျှင်၊ ဝိညာဉ်တော်နှင့် နှုတ်ကပတ်တော်ကိုသာ သင်အာရုံစိုက်ပြီး လက်တွေ့ကျသော ဘုရားသခင်၌ ဘုရားသခင်၏ ဝိညာဉ်တော် အလုပ်လုပ်ခြင်းကို မသိဘဲ ဝိညာဉ်တော် ရှေ့တွင်သာ သင်ဆုတောင်းလျှင် ယင်းမှာ လက်တွေ့ကျသော ဘုရားသခင်ကို သင်မသိကြောင်း သက်သေပင်ဖြစ်ပါသည်။ လက်တွေ့ကျသော ဘုရားသခင်အကြောင်းသိခြင်းတွင် ကိုယ်တော်၏ နှုတ်ကပတ်တော်များကို သိခြင်းနှင့် တွေ့ကြုံခြင်း၊ သန့်ရှင်းသော ဝိညာဉ်တော်အလုပ်၏ စည်းမျဉ်းများနှင့် ဥပဒေသများကို နားလည်ခြင်း၊ လူ့ဇာတိထဲတွင် ဘုရားသခင်၏ ဝိညာဉ်တော် မည်ကဲ့သို့ အလုပ်လုပ်ပုံကို နားလည်ခြင်းတို့ ပါဝင်သည်။ ထို့ကြောင့် ဘုရားသခင်၏ လူ့ဇာတိထဲတွင် ပြုလုပ်သည့် အမှုအရာတိုင်းကို ဝိညာဉ်တော်က စီမံခန့်ခွဲကြောင်းနှင့် ကိုယ်တော်မိန့်တော်မူသော စကားတို့မှာ ဝိညာဉ်တော်၏ တိုက်ရိုက်ဖော်ပြချက် ဖြစ်ကြောင်းတို့ကို သိရမည် ဖြစ်ကြောင်းလည်း ပါဝင်သည်။ ထို့ကြောင့် လက်တွေ့ကျသော ဘုရားသခင်အကြောင်း သင်သိလိုပါက လူ့သဘာဝအားဖြင့်ဖြစ်စေ၊ ဘုရားသခင်၏ သဘောသဘာဝ အားဖြင့်ဖြစ်စေ ဘုရားသခင် မည်သို့ အလုပ်လုပ်သည် ဆိုသည်ကို ရှေးဦးစွာ သင်သိရမည်ဖြစ်ပြီး၊ ထို့ကြောင့်ပင် လူသားများအားလုံး ဆက်ဆံရသည့် ဝိညာဉ်တော်၏ ဖော်ပြချက်များကို ဤအချက်က အလေးထားခြင်း ဖြစ်သည်။

Sunday, June 23, 2019

ဘုရားသခင်၏ ပြောဆိုသံ | ဘုရားသခင်နှင့် သူ၏ အမှုကို သိရှိသူတို့သာ ဘုရားသခင်ကို ကျေနပ်စေနိုင်၏

ခရစ်တော်၏ ပြောကြားချက်များ, သမ္မာတရား, ဘုရားသခင်, ခရစ်တော်, ယေရှု,

လူ့ဇာတိခံ ဘုရားသခင်၏ အမှု၌ အစိတ်အပိုင်းနှစ်ခုပါဝင်သည်။ သူလူ့ဇာတိကိုခံယူခဲ့သည့် ပထမအကြိမ်တွင် လူတို့သည် သူ့ကိုမယုံကြည်ခဲ့ကြ၊ မသိရှိခဲ့ကြဘဲ ယေရှုကို လက်ဝါးကပ်တိုင်တွင် သံမှိုစွဲရိုက်နှက်ခဲ့ကြ၏။ ဒုတိယအကြိမ်တွင်လည်း လူတို့ သူ့ကို မယုံကြည်ခဲ့ကြ၊ သာ၍ပင် မသိရှိခဲ့ကြဘဲ တဖန် ခရစ်တော်ကို လက်ဝါးကပ်တိုင်တွင် ရိုက်နှက်ခဲ့ကြပြန်၏။ လူသားသည် ဘုရားသခင်၏ ရန်သူဖြစ်သည် မဟုတ်လော။ လူသားသည် သူ့ကို မသိလျှင် အဘယ်သို့ ဘုရားသခင်၏ အကျွမ်းဝင်သူ ဖြစ်နိုင်မည်နည်း။ သူသည် အဘယ်သို့ ဘုရားသခင်အဖို့ သက်သေခံရန် အရည်အချင်းရှိနိုင်မည်နည်း။ ဘုရားသခင်ကို ချစ်၏၊ ဘုရားသခင်ကို အစေခံ၏၊ ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေ၏ဟူသော ပြောဆိုချက်များအားလုံးတို့သည် လှည့်ဖြားသော မုသားများဖြစ်သည် မဟုတ်လော။ သင်သည် ဤသဘာ၀မကျ၊ လက်တွေ့မကျသောအရာများထံ သင့်ဘဝကို ပေးအပ်မြှုပ်နှံထားလျှင် သင်အချည်းနှီးကြိုးပမ်းအားထုတ်သည် မဟုတ်လော။ ဘုရားသခင် အဘယ်သူဖြစ်သည်ကိုပင်လျှင် သင်မသိချိန် သင်သည် မည်သို့ ဘုရားသခင်၏ အကျွမ်းဝင်သူ ဖြစ်နိုင်မည်နည်း။ ထိုကဲ့သို့ လိုက်စားခြင်းသည် မရေမရာနှင့် စိတ်ကူးသက်သက်ဖြစ်သည် မဟုတ်လော။ လှည့်ဖြားသောအရာ မဟုတ်လော။ လူတစ်ဦးသည် အဘယ်သို့ ဘုရားသခင်၏ အကျွမ်းဝင်သူတစ်ဦး ဖြစ်နိုင်သနည်း။ ဘုရားသခင်၏ အကျွမ်းဝင်သူတစ်ဦးဖြစ်ခြင်း၏ လက်တွေ့ကျသော အရေးပါမှုမှာ မည်သည့်အရာနည်း။ သင်သည် ဘုရားသခင်၏ ဝိညာဉ်၏ အကျွမ်းဝင်သူတစ်ဦး ဖြစ်နိုင်သလော။ ဝိညာဉ်သည် အဘယ်မျှ ကြီးမြတ်ကာ အဆင့်မြင့်သည်ကို သင်မြင်နိုင်သလော။ မမြင်နိုင်သော၊ လက်ဆုပ်လက်ကိုင်ပြ၍မရနိုင်သော ဘုရားသခင်၏ အကျွမ်းဝင်သူဖြစ်ဖို့- ယင်းမှာ စမ်းတဝါး နှင့် စိတ်ကူးသက်သက်ဖြစ်သည်မဟုတ်လော။ ထိုကဲ့သို့ လိုက်စားခြင်း၏ လက်တွေ့ကျသော အရေးပါမှုမှာ မည်သည့်အရာနည်း။ အားလုံးက လှည့်ဖြားသော မုသားများဖြစ်သည် မဟုတ်လော။ သင်လိုက်စားသောအရာမှာ ဘုရားသခင်၏ အကျွမ်းဝင်သူဖြစ်ဖို့ရန်ဖြစ်သည်၊ သို့သော် သင်သည် ဘုရားသခင်ကို မသိသလို၊ မမြင်နိုင်၊ လက်ဆုပ်လက်ကိုင်မပြနိုင်သော၊ သင်၏ကိုယ်ပိုင်ယူဆချက်များအရ ဖြစ် သည့် မတည်မရှိသော "အရာခပ်သိမ်းတို့၏ ဘုရားသခင်ကို" လိုက်စားသည့်အတွက် အမှန်တွင် သင်သည် စာတန်၏ ခိုင်းဖတ်ဖြစ်လေသည်။ မပြတ်မသား ပြောရလျှင်၊ ထိုကဲ့သို့သော "ဘုရားသခင်"တစ်ပါးသည် စာတန်ဖြစ်ပြီး၊ လက်တွေ့ကျကျပြောရလျှင် ၎င်းမှာ သင်ကိုယ်တိုင်ဖြစ်၏။ သင်သည် သင်ကိုယ်တိုင်၏ အကျွမ်းဝင်သူဖြစ်ဖို့ ကြိုးပမ်းလျက်ပင် ဘုရားသခင်၏ အကျွမ်းဝင်သူဖြစ်ဖို့ သင်ကြိုးစားသည်ဟုဆိုသေး၏- ယင်းမှာ ဘုရားသခင်ကို ပြစ်မှားခြင်းမဟုတ်လော။ ထိုကဲ့သို့ လိုက်စားခြင်း၏ တန်ဖိုးမှာ အဘယ်နည်း။ ဘုရားသခင်၏ ဝိညာဉ်သည် ဇာတိပကတိဖြစ်မလာလျှင် ဘုရားသခင်၏ အနှစ်သာရ သည် လူသားအတွက် မမြင်နိုင်၊ ထိတွေ့၍မရသော အသက်၏ ဝိညာဉ်၊ သဏ္ဌာန်မဲ့ပြီး ပုံဆောင်မဲ့၊ ရုပ်ခန္ဓာမဲ့အမျိုးအစား၊ ချဉ်းကပ်၍မရနိုင်၊ နားလည်၍မရနိုင်သော အရာတစ်ခုသာ ဖြစ်သည်။ လူသားသည် ဤကဲ့သို့ အကောင်အထည်မရှိ၊ အံ့သြဖွယ်၊ နားမလည်နိုင်ဖွယ်ဖြစ်သော ဝိညာဉ်တော်၏ အကျွမ်းဝင်သူ အဘယ်သို့ ဖြစ်နိုင်မည်နည်း။ ဤသည်မှာ ရယ်ဖွယ်တစ်ခု မဟုတ်လော။ ထိုသို့ အဓိပ္ပါယ်မရှိသော တွေးခေါ်မျှော်မြင်မှုသည် ယုတ္တိမတန်သလို လက်တွေ့လည်းမကျပေ။ အဖန်ဆင်းခံလူသားသည် ဘုရားသခင်၏ ဝိညာဉ်နှင့် ပင်ကို် အားဖြင့် ကွဲပြားခြားနားသော အမျိုးအစားတစ်ရပ် ဖြစ်သောကြောင့် ၎င်းတို့နှစ်ဦးသည် အဘယ်သို့ အကျွမ်းဝင်နိုင်ကြမည်နည်း။ ဘုရားသခင်၏ ဝိညာဉ်သည် ဇာတိပကတိ၌ ဖြစ်ပေါ်မလာခဲ့လျှင်၊ အကယ်၍ ဘုရားသခင်သည် လူ့ဇာတိမခံဘဲ အဖန်ဆင်းခံတစ်ဦးဖြစ်လာခြင်းအားဖြင့် မိမိကိုယ်ကို မနှိမ့်ချခဲ့ပါလျှင် အဖန်ဆင်းခံလူသားသည် သူ၏ အကျွမ်းဝင်သူတစ်ဦးဖြစ်ဖို့ရန် အရည်အချင်းလည်းမရှိ၊ အစွမ်းအစလည်း ရှိမည်မဟုတ်ပေ၊ ထို့အပြင် ၎င်းတို့ ဝိညာဉ်များ ကောင်းကင်နိုင်ငံထဲသို့ ဝင်ရောက်ပြီးနောက်တွင် ဘုရားသခင်၏ ဝိညာဉ်၏အကျွမ်းဝင်သူများဖြစ်ဖို့ရန် အခွင့်အလမ်းရရှိနိုင်သည့် ဘုရားတရားကိုင်းရှိုင်းသော ယုံကြည်သူများမှအပ၊ လူများစုသည် ဘုရားသခင်၏ ဝိညာဉ်၏ အကျွမ်းဝင်သူများ ဖြစ်လာကြဖို့ရန် တတ်စွမ်းနိုင်ကြလိမ့်မည် မဟုတ်ပါ။ ထို့ပြင် အကယ်၍ လူသားသည် လူ့ဇာတိခံဘုရားသခင်၏ လမ်းညွှန်မှုအောက်မှ ကောင်းကင်ဘုံက ဘုရားသခင်၏ အကျွမ်းဝင်သူဖြစ်လာရန် ဆန္ဒရှိလျှင်၊ သူသည် အံ့အားသင့်ဖွယ်ကောင်းစွာ မိုက်မဲသည့် လူမ ဟုတ်သူ တစ်ဦးဖြစ်သည် မဟုတ်လော။ လူသားသည် မမြင်ရသော ဘုရားသခင်တစ်ပါးအား "သစ္စာရှိမှု"ကို လိုက်စားရုံသာလိုက်စားပြီး မြင်ရသောဘုရားသခင်ကို အနည်းငယ်မျှ အလေးမထားပေ၊ အဘယ်ကြောင့်ဆိုသော် မမြင်ရသောဘုရားကို လိုက်စားရသည်မှာ လွယ်ကူလွန်းလှသည့်အတွက်- လူသားသည် သူနှစ်သက်သည်အတိုင်း ထိုကဲ့သို့ လုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။ သို့သော် မြင်ရသော ဘုရားသခင်ကို လိုက်စားခြင်းမှာ လွယ်ကူလှသည် မဟုတ်ပေ။ မရေမရာ နှင့် စိတ်ကူးသက်သက်ဖြစ်သောအရာတို့သည် လူမှတွေးထင်ကြသည့် အရာအားလုံး ဖြစ်သောကြောင့် မရေရာသော ဘုရားသခင်တစ်ပါးကို ရှာဖွေသောသူသည် ဘုရားသခင်ကို ရရှိဖို့ရန် လုံးဝမတတ်စွမ်းနိုင်ပေ၊ ထို့အပြင် လူသားမှ လည်း ရရှိနိုင်စွမ်း မရှိပေ။ သင်တို့အကြားတွင် ရောက်လာခဲ့သည့် ဘုရားသခင်သည် သင်တို့ လက်လှမ်းမမီနိုင်အောင် အလွန်မြင့်မားပြီး အဆင့်မြင့်သော ဘုရားသခင်ဖြစ်လျှင် သင်တို့သည် မည်သို့ သူ၏အလိုတော်ကို ရှာနိုင်မည်နည်း။ သင်တို့သည် မည်သို့ သူ့ကိုသိကျွမ်းပြီး နားလည်သဘောပေါက်ကြမည်နည်း။ သူသည် သူ၏အမှုကိုသာ လုပ်ဆောင်ပြီး လူသားနှင့် သာမန်အဆက်အသွယ်မရှိလျှင်၊ သို့မဟုတ် သာမန်လူ့သဘာဝကို ပိုင်ဆိုင်ခြင်းမရှိဘဲ သေမျိုးသာသာဖြစ်သောသူတို့ ချဉ်းကပ်မရနိုင်သောသူဖြစ်လျှင်၊ သူသည် သင်တို့အတွက် အလုပ်များစွာပင် လုပ်ခဲ့သော်လည်း သင်တို့သည် သူနှင့်အတူ အဆက်အသွယ်မရှိသလို သူ့ကို မမြင်နိုင်ခဲ့ကြလျှင် သင်တို့သည် သူ့ကို အဘယ်သို့သိနိုင်ကြမည်နည်း။ သာမန်လူ့သဘာဝကို ပိုင်ဆိုင်သော ဤဇာတိပကတိအတွက်သာ မဟုတ်ခဲ့လျှင် လူသားသည် ဘုရားသခင်ကို သိဖို့ နည်းလမ်းရှိလိမ့်မည်မဟုတ်ပေ။ ဘုရားသခင်၏ လူ့ဇာတိခံခြင်းကြောင့်သာ လူသားသည် ဇာတိပကတိ၌ရှိသော ဘုရားသခင်၏ အကျွမ်းဝင်သူဖြစ်ဖို့ရာ အရည်အချင်းရှိခြင်းဖြစ်သည်။ လူသားသည် သူနှင့် အဆက်အသွယ် ရှိ လာသောကြောင့်၊ လူသားသည် သူနှင့်အတူတကွ အသက်ရှင်ပြီး၊ သူ၏အပေါင်းအသင်းအဖြစ် ဆက်ရှိကာ၊ သူ့ကို တဖြည်းဖြည်း သိလာသောကြောင့် လူသားသည် ဘုရားသခင်၏ အကျွမ်းဝင်သူ ဖြစ်လာခြင်းဖြစ်သည်။ ထိုသို့မဟုတ်ခဲ့ပါလျှင်၊ လူသား၏ လိုက်စားမှုသည် အချည်းနှီးဖြစ်လိမ့်မည် မဟုတ်လော။ လူသားက ဘုရားသခင်၏ အကျွမ်းဝင်သူတစ်ဦး ဖြစ်နိုင်သည်မှာ ဘုရားသခင်၏ အမှုကြောင့် အားလုံးမဟုတ်ဘဲ လူ့ဇာတိခံ ဘုရားသခင်၏ လက်တွေ့ကျမှုနှင့် သာမန်ဖြစ်ခြင်းကြောင့်ဟု ဆိုလိုခြင်း ဖြစ်သည်။ လူသားသည် မိမိတာဝန်ကို ထမ်းဆောင်ဖို့ အခွင့်အလမ်းရရှိပြီး စစ်မှန်သောဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရန် အခွင့်အလမ်း ရရှိသည်မှာ ဘုရားသခင်က ဇာတိပကတိ ဖြစ်လာသောကြောင့်သာလျှင် ဖြစ်သည်။ ဤသည်မှာ လက်တွေ့အကျဆုံးနှင့် ဖြစ်နိုင်ခြေအရှိဆုံး သမ္မာတရားဖြစ်သည် မဟုတ်လော။ ယခု သင်သည် ကောင်းကင်ဘုံက ဘုရားသခင်၏ အကျွမ်းဝင်သူဖြစ်ဖို့ ဆန္ဒရှိသေးသလော။ ဘုရားသခင်သည် မိမိကိုယ်ကို တိကျသည့်အဆင့်တစ်ခုဆီ နှိမ့်ချသောအခါမှသာ၊ ဆိုလို သည် မှာ ဘုရားသခင်သည် ဇာတိပကတိ ဖြစ်လာသောအခါမှသာ၊ လူသားသည် သူ၏ အကျွမ်းဝင်သူနှင့် ယုံကြည်စိတ်ချရသူ ဖြစ်နိုင်ပေသည်။ ဘုရားသခင်သည် ဝိညာဉ်နှင့် စပ်ဆိုင်၏- လူသားသည် အဆင့်မြင့်ပြီး ခက်ခဲနက်နဲသော ဤဝိညာဉ်၏ အကျွမ်းဝင်သူဖြစ်ဖို့ အဘယ်သို့ အရည်အချင်း ရှိသနည်း။ ဘုရားသခင်၏ ဝိညာဉ်သည် ဇာတိပကတိထဲသို့ ဆင်းသက်ပြီး လူသားကဲ့သို့ တူညီသော အပြင်ပန်းနှင့်အတူ အဖန်ဆင်းခံတစ်ဦး ဖြစ်လာသည့်အခါမှသာ လူသားသည် သူ၏အလိုတော်ကို နားလည်ပြီး အမှန်တကယ် သူ၏ရယူခြင်းကို ခံရ လိမ့်မည်ဖြစ်သည်။ သူသည် ဇာတိပကတိ၌ ပြောဆိုလုပ်ကိုင်ပြီး၊ လူသား၏ ဝမ်းမြောက်ခြင်းများ၊ ဝမ်းနည်းခြင်းများနှင့် ဒုက္ခဆင်းရဲခြင်းများကို မျှဝေခံစားပေးသည်၊ လူသားနေသည့်ကမ္ဘာတွင်ပင် အသက်ရှင်ပြီး၊ လူသားကို အကာအကွယ်ပေးကာ သူ့ကို လမ်းညွှန်ပေးသည်၊ ဤနည်းအားဖြင့် သူသည် လူသားကို ဆေးကြောကာ သူ၏ကယ်တင်ခြင်းနှင့် ကောင်းချီးမင်္ဂလာတို့ကို ရရှိရန် လူသားကို ခွင့်ပြုလေသည်။ ဤအရာတို့ကို ရရှိခဲ့ပြီး နောက် လူသားသည် ဘုရားသခင်၏အလိုတော်ကို အမှန်တကယ် နားလည်သဘောပေါက်ပြီး၊ ထိုအခါမှသာ သူသည် ဘုရားသခင်၏ အကျွမ်းဝင်သူတစ်ဦး ဖြစ်နိုင်ပေသည်။ ဤအရာသည်သာ လက်တွေ့ကျသောအရာဖြစ်သည်။ အကယ်၍ ဘုရားသခင်သည် လူသားအဖို့ မမြင်နိုင်၊ မထိတွေ့နိုင်လျှင်၊ လူသားသည် သူ၏ အကျွမ်းဝင်သူ အဘယ်သို့ ဖြစ်နိုင်မည်နည်း။ ဤသည်မှာ အနှစ်မဲ့သောအယူဝါဒ မဟုတ်လော။

Wednesday, June 19, 2019

ဘုရားသခင်၏ အသံတော် | ဘုရားသခင်သည် လူသားများအကြား၌ ကြီးမားသည့် အမှုအား ဆောင်ရွက်ခဲ့သည်ကို သင်သိပါသလား


ခရစ်တော်၏ ပြောကြားချက်များ သမ္မာတရား ယေရှု ဘုရားသခင် ခရစ်တော်

ခေတ်ဟောင်းကုန်လွန်သွား၍ ခေတ်သစ်ကို ရောက်ရှိလာခဲ့ပြီ။ တစ်နှစ်ပြီး တစ်နှစ်၊ တစ်နေ့ပြီး တစ်နေ့၊ ဘုရားသခင်သည် များပြားလှသည့် အမှုကို ဆောင်ရွက်ခဲ့သည်။ သူသည် ကမ္ဘာကြီးထဲသို့ ကြွဆင်းလာခဲ့ပြီးသည့်နောက်မှာ ခွဲခွာသွားခဲ့သည်။ ယင်းသံသရာမှာ မျိုးဆက်များစွာအထိကို ဆက်ပြီးဖြစ်ပျက်နေခဲ့သည်။ ယနေ့တွင် ဘုရားသခင်သည် သူ့အနေနှင့် ဆောင်ရွက်ရမည့်အမှု၊ ပြီးဆုံးအောင် လုပ်ဆောင်ရဦးမည့်အမှုကို ဆက်ပြီးဆောင်ရွက်နေသည်၊ သူသည် ယနေ့အတွက် အနားယူဖို့ လိုပါသေးသည်။ ဖန်ဆင်းမှုကာလမှနေပြီး ယနေ့အထိ၊ ဘုရားသခင်သည် များပြားလှသည့် အမှုကို ဆောင်ရွက်ပြီးခဲ့ပြီ၊ သို့သော် ဘုရားသခင်က ယနေ့တွင် ဆောင်ရွက်နေသည့် အမှုသည် ယခင်ကထက် ပို၍များပြားနေပြီး အတိုင်းအတာမှာ ပို၍ပင် ကြီးမားသည်ကို သင်သိသလော။ သို့ဖြစ်၍ ဘုရားသခင်သည် လူသားများအကြား၌ ကြီးမားသည့်အမှုကို ဆောင်ရွက်ခဲ့သည်ဟု ငါပြောနေခြင်းပင်ဖြစ်သည်။ ဘုရားသခင့်အမှု၏ အချက်တိုင်းမှာ လူသားများနှင့် ပတ်သက်ဆက်နွှယ်နေသည့်အတွက် သူ့အမှုအားလုံးတို့သည်၊ လူသားအတွက်ပင်ဖြစ်စေ၊ ဘုရားသခင်အတွက်ပင်ဖြစ်စေ၊ အလွန်အရေးကြီးသည်။

Saturday, June 15, 2019

ဘုရားသခင်၏ စကားတော် | ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည် ခေတ်သစ်တစ်ခေတ်ကို အစပြုခဲ့၏

ခရစ်ယာန်ဘာသာ, သမ္မာတရား, ယေရှု, ဝိညာဉ်တော်, စီမံခန့်ခွဲခြင်း

ဘုရားသခင်၏ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်က အဆုံးသို့ ရောက်လုနီးပြီ ဖြစ်သည်။ ဘုရားသခင် ထင်ရှားဖော်ပြခြင်းကို မြင်နိုင်ရန် ကြိုးစားသူများအားလုံးအတွက် နိုင်ငံတော်၏ တံခါးသည်လည်း ဖွင့်ထားပြီးဖြစ်သည်။ ချစ်သော ညီအစ်ကို မောင်နှမတို့၊ သင်တို့ မည်သည့်အရာကို စောင့်မျှော်နေကြပါသနည်း။ မည်သည့်အရာကို ရှာဖွေနေကြ ပါသနည်း။ ဘုရားသခင် ထင်ရှားဖော်ပြခြင်းကို သင်တို့ စောင့်မျှော်နေပါသလား။ ဘုရားသခင်၏ ခြေရာများကို သင်တို့ ရှာဖွေနေကြပါသလား။ ဘုရားသခင် ထင်ရှားဖော်ပြခြင်းကို မြင်တွေ့နိုင်ရန် လူများ အလွန်ပင် တောင့်တကြပါသည်။ ဘုရားသခင်၏ ခြေရာများကို တွေ့ဖို့ဆိုသည်မှာလည်း အလွန်ပင် ခက်ခဲလှသည်။ ဤခေတ် ဤအချိန်၊ ဤလောကမှာ ဘုရားသခင် ထင်ရှားဖော်ပြသည့်နေ့ကို ကိုယ်တိုင် ကြုံတွေ့နိုင်ဖို့အတွက် ငါတို့ မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ ဘုရားသခင်၏ ခြေရာများနောက်သို့လိုက်ရန် ငါတို့ မည်သို့ လုပ်ဆောင်ရမည်နည်း။ ဘုရားသခင် ထင်ရှားဖော်ပြခြင်းကို မြင်တွေ့နိုင်ဖို့ စောင့်မျှော်နေသည့် သူများအားလုံး ဤမေးခွန်းများနှင့် ရင်ဆိုင်ကြရသည်။ သင်တို့အားလုံးလည်း ဤမေးခွန်းများကို တစ်ခါထက်မက စဉ်းစားဖူးကြပါသည်။ ထိုသို့ မေးသောအခါ၌ မည်သည့်အဖြေကို ရရှိကြပါသနည်း။ ဘုရားသခင်က သူ့ကိုယ်သူ မည်သည့် နေရာ၌ ဖော်ပြပါသနည်း။ ဘုရားသခင်၏ ခြေရာများ မည်သည့် နေရာ၌ ရှိပါသနည်း။ ဒီမေးခွန်းများအတွက် သင်တို့မှာ အဖြေရှိပါသလားဟု မေးလျှင် လူတော်တော်များများက- ဘုရားသခင်က သူ၏နောက်လိုက်များကြားမှာ ထင်ရှားဖော်ပြတယ်။ ဘုရားသခင်၏ ခြေရာများသည်လည်း ကျွန်ုပ်တို့အကြားမှာ ရှိတယ်ဟု လွယ်လွယ်ဖြေကြမည် ဖြစ်သည်။ မည်သူမဆို ပုံသေနည်းထဲထည့်ပြီး ထွက်လာသည့် အဖြေမျိုးကို ပေးနိုင်ပါသည်။ သို့သော် ဘုရားသခင် ထင်ရှားဖော်ပြခြင်း ဟူသည့် စကား၏ အဓိပ္ပာယ်ကို သင်တို့ နားလည်ကြပါသလား။ ဘုရားသခင်၏ ခြေရာများ ဆိုသည့် စကားသည်လည်း မည်သည့် အရာကို ရည်ညွှန်းကြောင်းကို သင်တို့ သိပါသလား။ ဘုရားသခင် ထင်ရှားဖော်ပြခြင်း ဟူသည့် စကားသည် ဘုရားသခင်က သူ၏အလုပ်ကို လုပ်ရန်အတွက် လောကသို့ ရောက်လာသည် ဟူသည့် အဓိပ္ပာယ်ကို ရည်ညွှန်းပါသည်။ လောကကို ဘုရားသခင် လာသည့်အခါ၌ သူ၏ ပင်ကိုလက္ခဏာ၊ ပင်ကိုစိတ်သဘောထား၊ သူ့နည်းသူ့ဟန်နှင့် လူသားများအကြား ရောက်လာခဲ့ပါသည်။ ခေတ်အသစ်တစ်ခေတ်ကို အစပြုရုံသာမက အဆုံးသတ်သည့် အလုပ်ကို လူသားများ အကြား၌ လုပ်ဆောင်ဖို့ဖြစ်သည်။ ဘုရားသခင် လောကသို့ လာခြင်းသည် အခမ်းအနားအသွင်တစ်ခု မဟုတ်ပါ။ တစ်စုံတစ်ခုကို ရည်ညွှန်းသည့် သင်္ကေတတစ်ခုလည်း မဟုတ်သည့်အပြင် ပုံဆောင်မှုတစ်ခု၊ အံ့သြဖွယ်တစ်ခု၊ ခမ်းနားသည့် မြင်ကွင်းတစ်ခုလည်း မဟုတ်ခဲ့ပါ။ လူတို့ တဖြည်းဖြည်းသိလာသည့် ဘာသာရေးဖြစ်စဉ် တစ်ခုလည်း လုံးဝ မဟုတ်ပါ။ ဘုရားသခင် လောကသို့ လာခြင်းသည် စစ်မှန်သည့် အချက်အလက်တစ်ခုဖြစ်ပြီး ကိုင်တွယ်တို့ထိနိုင်သော၊ မျက်စိဖြင့် မြင်နိုင်သော အရာဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်းသည့် ဘာသာရေးဖြစ်စဉ်လည်း မဟုတ်ပါ။ လတ်တလော အကျိုးရှိဖို့အတွက်သာ လုပ်ဆောင်ခြင်းလည်း မဟုတ်ပါ။ ဘုရားသခင်က မိမိ၏ စီမံခန့်ခွဲမှု အစီအစဉ်အတိုင်း အဆင့်တစ်ဆင့်ကို လုပ်ဆောင်လိုက်ခြင်း ဖြစ်သည်။ ဘုရားသခင် သူ့ကိုယ်သူ ဖော်ပြသည့် အကြိမ်တိုင်းသည် အမြဲအဓိပ္ပာယ် ရှိသည့်အပြင် သူစီစဉ်ထားသည့် စီမံခန့်ခွဲမှု အစီအစဉ်နှင့်လည်း အမြဲဆက်စပ်နေပါသည်။ ဘုရားသခင် ထင်ရှားဖော်ပြခြင်းသည် ဘုရားသခင်၏ လမ်းညွှန်မှု၊ ဦးဆောင်မှု၊ လူကို ဉာဏ်အလင်း ရစေမှုတို့နှင့် မတူပါ။ ထိုသို့ ထင်ရှားဖော်ပြသည့် အကြိမ်တိုင်း၌ ကြီးကျယ်ပြောင်မြောက်သော အလုပ်၏ အဆင့်တစ်ဆင့်ကို လုပ်ဆောင်လေ့ရှိသည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် အခြားမည်သည့်ခေတ်၏ လုပ်ဆောင်ချက်များနှင့်မဆို ကွဲပြားခြားနားသည်။ မည်သူကမျှ မစဉ်းစားဖူး၊ မကြုံတွေ့ဖူးသော အလုပ်ဖြစ်သည်။ ခေတ်ဟောင်းတစ်ခုကို အဆုံးသတ်ပြီး ခေတ်သစ်တစ်ခေတ်ကို အစပြုသော အလုပ် ဖြစ်သည်။ လူတို့ ကယ်တင်ခြင်းရဖို့အတွက် လုပ်ဆောင်သည့် အသစ်သော လုပ်ဆောင်မှုတစ်ခု၊ သာ၍ကောင်းသော လုပ်ဆောင်မှုတစ်ခု ဖြစ်သည်။ လူသားများကို ခေတ်သစ်တစ်ခေတ်သို့ ပို့ဆောင်ပေးသည့် လုပ်ဆောင်မှုလည်း ဖြစ်သည်။ ထိုအရာသည် ဘုရားသခင် ထင်ရှားဖော်ပြခြင်း၏ အရေးပါမှုဖြစ်သည်။