菜單

မူလစာမျက်နှာ သတင်းအချက်အလက် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ လွတ်လပ်မှန်ကန်တဲ့လူ့အခွင့်အရေး ကယ်တင်ရှင်ပြန်ကြွလာပြီ ဧဝံဂေလိတရားတော် ကောင်းကင်နိုင်ငံတော်သီချင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ အမှန်တရားကို ဖေါ်ထုတ်ခြင်း နိုင်ငံတော် ချီးမွမ်းခြင်း တေးဂီတ

Saturday, November 9, 2019

ဘုရားသခင်၏ ပြောဆိုသံး | အခန်း ၁၀

အသက်, ချီးမွမ်းခြင်း, သမ္မာတရား, နောက်ဆုံးကာလ,

သင်သည် ဤအရာ ထိုအရာတို့ကို ကြောက်ရွံ့ခြင်းမရှိအပ်။ မည်မျှများပြားသော အခက်အခဲများနှင့် အန္တရာယ်များ ကြုံတွေ့စေကာမူ သင်သည် ငါ၏ရှေ့၌ မြဲမြံလျက်နေလော့။ ငါ၏အလိုတော်ကို လိုက်နာဆောင်ရွက်စိမ့်သောငှာ မည်သည့်အရာ၏ နှောက်ယှက်ခြင်းကိုမျှ မခံကြနှင့်။ ဤသည်မှာ သင်၏တာဝန်ဖြစ်သည်။ သို့မဟုတ်ပါက ငါ၏ အမျက်ဒေါသကို ရင်ဆိုင်ရမည်ဖြစ်ပြီး ငါ၏လက်သည်... ထို့နောက် သင်သည် မကုန်ဆုံးသော စိတ်ဆင်းရဲဒုက္ခကို ခံစားရမည်။ သင်သည် အရာခပ်သိမ်းကို တောင့်ခံရမည်။ သင်သည် ကိုယ်၌ရှိသမျှ အရာအားလုံး စွန့်လွှတ်ရမည်။ ငါ၏နောက်သို့လိုက်ရန် သင်တတ်နိုင်သော အမှုခပ်သိမ်းကို ဆောင်ရွက်ရမည်၊ ငါ့အတွက် ကုန်ကျစရိတ်အလုံးစုံ ပေးဆပ်ရမည်။ ဤအချိန်အခါသည် သင့်ကို ငါစုံစမ်းမည့်အချိန်ဖြစ်သည်။ သင်သည် ငါ့အပေါ်တွင် သစ္စာစောင့်သိမည်လော။ သင်သည် လမ်းဆုံးတိုင် ငါ့နောက်သို့ သစ္စာရှိစွာ လိုက်မည်လော။ ကြောက်ရွံ့ခြင်းမရှိနှင့်။ ငါ၏မစခြင်းအားဖြင့် အဘယ်သူသည် သင်၏လမ်းကို ပိတ်ပင်တားဆီးနိုင်မည်နည်း။ ဤသည်ကို အောက်မေ့ကြလော့။ သတိရကြလော့။ ဖြစ်သမျှအရာရာတို့သည် ငါ၏ကောင်းမွန်သော ရည်ရွယ်ချက်ကြောင့်ဖြစ်လျက် အရာရာတို့သည် ငါ၏ စောင့်ကြည့်ခြင်းအောက်၌ရှိ၏။ သင်၏ စကားတိုင်းနှင့် ဆောင်ရွက်ချက်တိုင်းတွင် ငါ၏နှုတ်ကပတ်တော်အတိုင်း လိုက်နာနိုင်မည်လော။ မီးနှင့်စစ်ဆေးခြင်းအချိန်အခါ ရောက်ရှိသောအခါ သင်သည်ဒူးထောက်၍ ခေါ်မည်လော။ သို့မဟုတ် သင်သည် တွန့်ဆုတ်၍ ရှေ့သို့မရွေ့နိုင် ဖြစ်မည်လော။

သင်၏အတွင်း၌ ငါ၏သတ္တိရှိရမည်။ မယုံကြည်သူ ဆွေမျိုးတို့နှင့် တွေ့ကြုံရင်ဆိုင်ရာ၌ ယုံကြည်ချက်မူများ ရှိရမည်။ သို့သော် ငါ၏အကျိုးအဘို့ငှာ သင်သည် တစ်စုံတစ်ရာသော မှောင်မိုက်စွမ်းအားတို့ကိုလည်း အလျှော့မပေးရ။ စုံလင်သောလမ်းကို လျှောက်လှမ်းရန် ငါ၏ဉာဏ်ပညာကို ကိုးစားလော့။ စာတန်၏ ပူးပေါင်းကြံစည်ခြင်းကို အမြစ်တွယ်စေရန် ခွင့်မပြုနှင့်။ သင်၏လုံ့လရှိသမျှကို ငါ၏ရှေ့မှောက်သို့ သင်၏စိတ်နှလုံးသွင်းထားရာ၌ အသုံးပြုလော့။ ထို့နောက် ငါသည် သင့်ကိုနှစ်သိမ့်ကာ သင်၏နှလုံးကို ငြိမ်သက်ဝမ်းမြောက်စေမည်။ လူတို့၏ သဘောကျထောက်ခံမှုကို မရှာဖွေနှင့်။ ငါ့ကိုကျေနပ်စေခြင်းသည် ပို၍အဖိုးတန်ကာ အရေးပါသည် မဟုတ်လော။ ငါ့ကိုကျေနပ်စေခြင်းအားဖြင့် ထာဝရတည်ပြီး ရာသက်ပန်ဖြစ်သော ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းကို သာ၍ပင် ရမည်မဟုတ်လော။ ယခုတွင်ရှိသော ဆင်းရဲဒုက္ခသည် သင်၏ဖော်ပြ၍မရသော အနာဂတ်ကောင်းချီးမင်္ဂလာ မည်မျှကြီးမြတ်လိမ့်မည်ကို သိသာထင်ရှားစေသည်။ မည်မျှကြီးမားသော ကောင်းချီးမင်္ဂလာရလိမ့်မည်ကို သင်မသိပေ။ သင်အိမ်မက်မက်၍ပင် မရနိုင်ပေ။ ယနေ့တွင် ထိုအရာတို့သည် စစ်မှန်လာလေပြီ၊ အလွန်ပင်စစ်မှန်လာလေပြီ။ ဤသည်မှာ အလွန် ​ဝေးကွာသည်မဟုတ်။ သင်တွေ့ရသလော။ ကျန်ရှိသမျှသော ထိုအရာတို့သည် ငါ၏အထဲ၌ရှိကာ ရှေ့တွင် ထွန်းတောက်လေစွ။ သင်၏မျက်ရည်ကို သုတ်လော့။ နာကျင်ခြင်း၊ ဝမ်းနည်းခြင်းတို့ကို မခံစားလေနှင့်။ အရာအားလုံးသည် ငါ၏လက်ထဲ၌ရှိကာ ငါ၏ ရည်ရွယ်ချက်မှာ သင်တို့အား အနိုင်ရသူဖြစ်စေကာ ငါနှင့်အတူ ဘုန်းတော်၀င်စားရန်ဖြစ်သည်။ သင်သည် သင်၏အပေါ် ကျရောက်သော အရာအားလုံးအတွက် ကျေးဇူးတင်ကာ ချီးမွမ်းလိမ့်မည်။ ထိုအရာသည် ငါ၏နှလုံးကို ကျေနပ်အားရစေလိမ့်မည်။

ခရစ်တော်၏ ထူးကဲသာလွန်သော အသက်တာသည် ပေါ်ထွန်းခဲ့ပြီးဖြစ်သည်။ သင် ၌ကြောက်ရွံ့ရန် တစ်စုံတစ်ရာ မရှိပေ။ စာတန်သည် ငါတို့၏ခြေအောက်၌ရှိကာ သူတို့၏အချိန်မှာ ကန့်သတ်ချက်ရှိသည်။ နိုးထလော့။ လောကီ၏ ကိလေသာညစ်ညူးခြင်းကို စွန့်ပယ်ကာ သေမင်း၏ နက်သောချောက်ထဲမှ ရုန်းထွက်လော့။ အခြားအရာခပ်သိမ်းထက် ငါ့ကို သစ္စာရှိလော့။ ရဲရင့်ခြင်းနှင့် ရှေ့သို့တက်လှမ်းလော့။ ငါသည် သင်၏ခိုင်မာသောကျောက်ဖြစ်၏။ ငါ့ကိုကိုးစားလော့။


နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ

အကြံပြုစာမျာ:

အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်- ဘုရားသခင်၏ တဲတော် လူတို့အကြားမှာရှိနေခြင်း

နောက်ဆုံးကာလခရစ်တော်သည် ဒုတိယအကြိမ်ပြန်ကြွလာပြီ---ဤသည်တွင်ဘုရားသခင်၏ခြေယာတော်ရှိသည်

No comments:

Post a Comment