菜單

မူလစာမျက်နှာ သတင်းအချက်အလက် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ လွတ်လပ်မှန်ကန်တဲ့လူ့အခွင့်အရေး ကယ်တင်ရှင်ပြန်ကြွလာပြီ ဧဝံဂေလိတရားတော် ကောင်းကင်နိုင်ငံတော်သီချင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ အမှန်တရားကို ဖေါ်ထုတ်ခြင်း နိုင်ငံတော် ချီးမွမ်းခြင်း တေးဂီတ

Saturday, November 30, 2019

(ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်) တတိယပိုင်း


အနန္တတန်ခိုးရှင် ဘုရားသခင်ကပြောသည်- “ဘုရားသခင်သည် မျက်မှောက်နေ့ရက်သို့တိုင် သူဦးဆောင်ခဲ့ပြီဖြစ်သည့် လူသားတို့ကို ဖန်ဆင်းခဲ့ပြီး ကမ္ဘာမြေကြီးပေါ်တွင် နေရာချထားခဲ့သည်။ ထို့နောက်တွင် လူသားတို့ကို သူကယ်တင်ခဲ့ပြီး လူသားတို့အတွက် အပြစ်ဖြေရာယဇ်အဖြစ် အစေခံခဲ့သည်။ အဆုံးတွင် သူသည် လူသားတို့ကို သိမ်းပိုက်ရဦးမည်ဖြစ်ပြီး လူသားမျိုးနွယ်တစ်ရပ်လုံးကို ကယ်တင်ရမည်ဖြစ်ကာ သူတို့၏ မူလရုပ်ဆင်းသဏ္ဌာန်ကို နဂိုအတိုင်း ပြန်ဖြစ်စေလိမ့်မည်။ ဤအမှုသည် လူသားကို သူ၏မူရင်းရုပ်သွင်နှင့် သူ၏မူလရုပ်ဆင်းသဏ္ဌာန်တို့ကို နဂိုအတိုင်း ပြန်ဖြစ်စေခြင်းဟူသည့် အစမှအဆုံးတိုင် သူထိတွေ့လုပ်ဆောင်ခဲ့သော အမှုဖြစ်သည်။ သူသည် သူ၏နိုင်ငံတော်ကို တည်ထောင်လိမ့်မည်ဖြစ်ပြီး လူသား၏ မူလရုပ်ဆင်းသဏ္ဌာန်ကို နဂိုအတိုင်း ပြန်ဖြစ်စေလိမ့်မည်၊ ဆိုလိုသည်မှာ သူသည် ကမ္ဘာမြေကြီးပေါ်တွင် သူ၏ အခွင့်အာဏာကို နဂိုအတိုင်း ပြန်ဖြစ်စေမည်ဖြစ်ပြီး ဖန်ဆင်းခံသတ္တဝါများ အားလုံးအကြားတွင် သူ၏အခွင့်အာဏာကို နဂိုအတိုင်း ပြန်ဖြစ်စေလိမ့်မည်။ လူသားသည် စာတန်၏ဖျက်ဆီးခြင်းကို ခံရပြီးနောက်တွင် ဘုရားသခင်ကို ကြောက်ရွံ့သောစိတ်နှလုံး ပျောက်ဆုံးခဲ့ပြီး ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါတစ်ဦးတွင် ရှိသင့်သည့် အလုပ်တာဝန် ပျောက်ဆုံးသွားခဲ့ကာ ဘုရားသခင်ကို မနာခံသော ရန်သူဖြစ်လာခဲ့သည်။ လူသားသည် စာတန်၏ အုပ်စိုးမှုအောက်တွင် နေထိုင်ခဲ့ပြီး စာတန်၏အမိန့်များကို လိုက်လျှောက်ခဲ့သည်၊ သို့ဖြစ်ရာ ဘုရားသခင်တွင် သူ၏ဖန်ဆင်းခံသတ္တဝါများကြား အလုပ်လုပ်ရန် လမ်းမရှိခဲ့တော့ဘဲ ထိုထက်ပို၍ သူ၏ဖန်ဆင်းခံသတ္တဝါတို့ထံမှ ကြောက်ရွံ့ခြင်းကိုလည်း အရမယူနိုင်ခဲ့ပေ။ လူသားကို ဘုရားသခင်က ဖန်ဆင်းခဲ့ပြီး သူသည် ဘုရားသခင်ကို ကိုးကွယ်သင့်သော်လည်း လူသားသည် ဘုရားသခင်ကို အကယ်စင်စစ် မျက်ကွယ်ပြုခဲ့ကာ စာတန်ကို ကိုးကွယ်ခဲ့သည်။ စာတန်သည် လူ့စိတ်နှလုံး၏ အလွန်တရာကြည်ညိုမြတ်နိုးသည့်အရာ ဖြစ်လာခဲ့သည်။ သို့ဖြစ်ရာ ဘုရားသခင်သည် လူသား၏ စိတ်နှလုံးတွင် သူ၏ရပ်တည်မှုကို ဆုံးရှုံးခဲ့ရ၏၊ ဆိုလိုသည်မှာ သူသည် လူသားအား ဖန်ဆင်းခြင်းအဓိပ္ပာယ်ကို ပျောက်ဆုံးခဲ့သဖြင့် လူသားအား သူဖန်ဆင်းခြင်း၏ အဓိပ္ပာယ်ကို ပြန်လည်ရယူရန် လူသား၏ မူလရုပ်ဆင်းသဏ္ဌာန်ကို နဂိုအတိုင်း ပြန်ဖြစ်စေပြီး လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားပစ်ရမည်။ လူသားကို စာတန်ထံမှ ပြန်လည်ရယူရန် သူသည် လူသားကို အပြစ်မှ ကယ်တင်ရမည်။ ဤနည်းလမ်းအားဖြင့်သာ သူသည် လူသား၏ မူလရုပ်ဆင်းသဏ္ဌာန်ကို တဖြည်းဖြည်း နဂိုအတိုင်း ပြန်ဖြစ်စေနိုင်ပြီး လူသား၏ မူလတာဝန်ကို နဂိုအတိုင်းပြန်ဖြစ်စေကာ နောက်ဆုံးတွင် သူ၏နိုင်ငံတော်ကို နဂိုအတိုင်း ပြန်ဖြစ်စေနိုင်လိမ့်မည်။ လူသားသည် ဘုရားသခင်ကို ပိုမိုကိုးကွယ်နိုင်ရန်နှင့် ကမ္ဘာမြေကြီးပေါ်တွင် ပိုမိုကောင်းမွန်စွာ ရှင်သန်နိုင်ရန် နာခံခြင်းမရှိသောသူများအား အဆုံးစွန်ဖျက်ဆီးခြင်းကိုလည်း လုပ်ဆောင်လိမ့်မည်။ ဘုရားသခင်သည် လူသားကို ဖန်ဆင်းခဲ့သည်ဖြစ်ရာ သူသည် လူသားကို သူ့အားကိုးကွယ်စေရန် လုပ်ဆောင်လိမ့်မည်၊ သူသည် လူသား၏ မူလတာဝန်ကို နဂိုအတိုင်းပြန်ဖြစ်စေလိုသည်ဖြစ်ရာ သူသည် ယင်းကို လုံးဝ နဂိုအတိုင်းပြန်ဖြစ်စေမည်ဖြစ်ပြီး မည်သည့် အစွန်းအထင်းမျှ ရှိစေမည်မဟုတ်ပေ။ သူ၏အခွင့်အာဏာကို နဂိုအတိုင်းပြန်ဖြစ်စေခြင်းဆိုသည်မှာ လူသားကို သူ့အား ကိုးကွယ်စေပြီး လူသားကို သူ့အားနာခံအောင် လုပ်ခြင်းဖြစ်သည်။ သူသည် လူသားကို သူ့အားဖြင့် ရှင်သန်စေပြီး သူ၏အခွင့်အာဏာဖြင့် သူ၏ရန်သူများကို ဖျက်ဆီးလိမ့်မည်ဟု ဆိုလိုသည်။ သူသည် လူသားထံမှ မည်သည့်ခုခံမှုမျိုးမျှ မရှိစေဘဲ သူ၏နောက်ဆုံး အစိတ်အပိုင်းအားလုံးကို လူသားတို့ကြားတွင် ဆက်လက်တည်မြဲစေမည်ဟု ဆိုလိုသည်။ သူတည်ထောင်လိုသော နိုင်ငံတော်သည် သူ၏ကိုယ်ပိုင်နိုင်ငံတော်ဖြစ်သည်။ သူအလိုရှိသောလူသားသည် သူ့ကို ကိုးကွယ်သူများ၊ သူ့ကို အကြွင်းမဲ့ နာခံသူများနှင့် သူ၏ဘုန်းအသရေရှိထားသူများဖြစ်သည်။ သူသည် ဖောက်ပြန်ပျက်စီးနေသော လူသားတို့ကို မကယ်တင်ပါက လူသားကို သူဖန်ဆင်းခြင်း၏အနှစ်သာရမှာ အချည်းနှီးဖြစ်သွားပေမည်၊ သူသည် လူတို့အကြား အာဏာဆက်လက်တည်ရှိတော့မည်မဟုတ်ဘဲ သူ၏ နိုင်ငံတော်သည်လည်း ကမ္ဘာမြေကြီးပေါ်တွင် ဆက်လက်တည်ရှိနိုင်တော့မည် မဟုတ်ပေ။ သူ့ကို နာခံခြင်းမရှိသော ရန်သူများကို သူမဖျက်ဆီးပါက သူသည် မိမိ၏စုံလင်သော ဘုန်းတော်ကို ရယူနိုင်တော့မည် မဟုတ်သကဲ့သို့ ကမ္ဘာမြေကြီးပေါ်တွင် သူ၏နိုင်ငံတော်ကိုလည်း တည်ထောင်နိုင်တော့မည် မဟုတ်ပေ။ ဤအရာတို့သည် သူ၏အမှုပြီးမြောက်ခြင်းသင်္ကေတများဖြစ်ပြီး၊ လူသားတို့ကြားရှိ သူ့ကို နာခံခြင်းမရှိသောသူတို့ကို လုံးဝဖျက်ဆီးရန်နှင့် စုံလင်အောင်ပြုခြင်း ခံရပြီးသောသူများကို အနားယူခြင်းထဲသို့ ဆောင်ယူရန်ဖြစ်သည့် သူ၏ ကြီးမြတ်သောအောင်မြင်ခြင်း၏ ပြည့်စုံမှုသင်္ကေတများဖြစ်သည်။ လူသားတို့ကို သူတို့၏ မူလရုပ်ဆင်းသဏ္ဌာန်အတိုင်း ပြန်ဖြစ်စေပြီးသည့်အခါ၊ လူသားတို့သည် သူတို့၏ သက်ဆိုင်ရာတာဝန်များကို ထမ်းဆောင်နိုင်သည့်အခါ၊ သူတို့၏ ကိုယ်ပိုင်နေရာကို ထိန်းသိမ်းပြီး ဘုရားသခင်၏ အစီအစဉ်များအားလုံးကို နာခံသည့်အခါ၊ ဘုရားသခင်သည် ကမ္ဘာမြေကြီးပေါ်တွင် သူ့ကိုကိုးကွယ်သူ လူတစ်စုကို ရယူပြီးဖြစ်လိမ့်မည်ဖြစ်ကာ ကမ္ဘာမြေကြီးပေါ်တွင် သူ့ကို ကိုးကွယ်သော နိုင်ငံတော်ကိုလည်း တည်ထောင်ပြီးဖြစ်လိမ့်မည်။ သူသည် ကမ္ဘာမြေကြီးပေါ်တွင် အဆုံးမရှိသည့် အောင်မြင်ခြင်းကို ရရှိလိမ့်မည်ဖြစ်ပြီး သူ့ကိုဆန့်ကျင်သူတို့သည် ထာဝရကာလတိုင် ပျက်စီးကြလိမ့်မည်။ ဤအရာသည် လူသားအား သူဖန်ဆင်းခြင်း၏ မူလရည်မှန်းချက်ကို နဂိုအတိုင်းပြန်ဖြစ်စေလိမ့်မည်။ ယင်းသည် အရာခပ်သိမ်းအား သူဖန်ဆင်းခြင်း၏ ရည်မှန်းချက်ကို နဂိုအတိုင်း ပြန်ဖြစ်စေလိမ့်မည်ဖြစ်ပြီး ကမ္ဘာမြေကြီးပေါ်တွင် အရာခပ်သိမ်းအကြား သူ၏အာဏာနှင့် သူ၏ရန်သူများအကြား သူ၏အာဏာကိုလည်း နဂိုအတိုင်း ပြန်ဖြစ်စေလိမ့်မည်။ ယင်းတို့သည် သူ၏ လုံးဝဥဿုံ အောင်မြင်ခြင်း၏ သင်္ကေတများဖြစ်သည်။ ထိုအချိန်မှစ၍ နောင်တွင် လူသားသည် အနားယူခြင်းထဲသို့ ဝင်ရောက်လိမ့်မည်ဖြစ်ပြီး လမ်းကြောင်းမှန်ကို လိုက်လျှောက်သော အသက်တာအတွင်းသို့ ဝင်ရောက်လိမ့်မည်။ ဘုရားသခင်သည်လည်း အဆုံးမရှိသော အနားယူခြင်းထဲသို့ လူသားနှင့်အတူ ဝင်ရောက်ကာ ဘုရားသခင်နှင့် လူသားတို့ အတူတကွမျှဝေသည့် ထာဝရအသက်ထဲသို့ ဝင်ရောက်လိမ့်မည်။ ကမ္ဘာမြေကြီးပေါ်ရှိ ညစ်ညမ်းမှုနှင့် မနာခံခြင်းတို့သည် ကမ္ဘာမြေကြီးပေါ်ရှိ ငိုကြွေးခြင်းတို့ကဲ့သို့ပင် ကွယ်ပျောက်သွားလိမ့်မည်။ ကမ္ဘာမြေကြီးပေါ်ရှိ ဘုရားသခင်ကို ဆန့်ကျင်သောအရာအားလုံး တည်ရှိတော့မည်မဟုတ်ပေ။ ဘုရားသခင်နှင့် သူကယ်တင်ထားသော လူများသာလျှင် ကျန်ရှိလိမ့်မည်။ သူ၏ ဖန်ဆင်းခြင်းသာလျှင် ကျန်ရှိလိမ့်မည်။”

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ

သင် ကြိုက်နှစ်သက်နိုင်သည့် ခရစ်ယာန်ရုပ်ရှင်များ

Myanmar movie 2019တရုတ်ပြည်မှ ဘာသာရေးဖိစီးနှိပ်စက်မှု ၅ (ကျရှုံးလုဆဲဆဲမှာ ပြန်လည်ရှင်သန်ခြင်း)

Thursday, November 28, 2019

နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ (သတိပေးချက် သုံးချက်)


နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ (သတိပေးချက် သုံးချက်)

အနန္တတန်ခိုးရှင်ဘုရားသခင်ပြောသည်- “ဘုရားသခင်အား ယုံကြည်သူတစ်ဦးအနေဖြင့် အခြားအရာအားလုံးထက် ဘုရားသခင်အား သစ္စာစောင့်သိကာ အရာအားလုံးတွင် ကိုယ်တော်၏ အလိုတော်ကိုလိုက်နာ သင့်ပေသည်။ သို့ရာတွင် ဤသြဝါဒကို လူတိုင်းနားလည်သော်ငြားလည်း လူသားနှင့်ပတ်သက်လာလျှင် လူသား၏အမျိုးမျိုးသော ဖိစီးနှိပ်စက်မှုများဖြစ်သည့် မသိနားမလည်မှု၊ ရယ်ဖွယ်ကောင်းမှု၊ ပျက်စီးမှုတို့ကြောင့် အပေါ်လွင်ဆုံးနှင့် အခြေခံအကျဆုံး ဤသမ္မာတရားများကို လူသားထံတွင် ပြည့်စုံစွာ မြင်ရနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် သင်တို့၏ ဆုံးခန်းအပေါ် ဆုံးဖြတ်ချက် မချမီ သင်တို့အတွက် အရေးအကြီးဆုံးဖြစ်မည့်အရာ အနည်းငယ်ကို ငါပြောမည်။”

မိတ်ဆွေက သီချင်းနားထောင်ခြင်းကို နှစ်သက်တာ ဖြစ်နိုင်ပါတ

ခရစ်ယာန် ဓမ္မသီချင် |ကိုယ်ကျင့်တရားပျက်စီးသောလူသားများ လူ့ဇာတိခံဘုရားသခင်ရဲ့ကယ်တင်ခြင်း လိုအပ်

Wednesday, November 27, 2019

Myanmar movie - စောင့်လို့နေ - သခင် ဒုတိယအကြိမ်ကြွလာခြင်းကို ဆန့်ကျင်သူများ၏ အဆုံးသတ် - ရုပ်ရှင်ကလစ် ၄


Myanmar movie - စောင့်လို့နေ - သခင် ဒုတိယအကြိမ်ကြွလာခြင်းကို ဆန့်ကျင်သူများ၏ အဆုံးသတ် - ရုပ်ရှင်ကလစ် ၄

သခင် ဒုတိယအကြိမ်ကြွလာခြင်းကို လက်ခံဖို့ ငြင်းဆန်နေတုန်းဆိုရင်၊ သခင် ပေါ်ထွန်းလာတာကို ဘယ်လိုမြင်နိုင်မှာလဲ။ သူဟာ သခင် ရောက်လာဖို့ကို အမြဲတမ်း စောင့်ကြည့် စောင့်မျှော်နေပေမဲ့လည်း ဘယ်လိုလို့ သေဆုံးချိန်ကိုရောက်မှ တစ်သက်စာ နောင်တတွေ ကျန်ရစ်ခဲ့ရသလဲ။ ဒီဗီဒီယိုကလစ်က သင့်ကို အဖြေတွေ ပြောပြပါလိမ့်မယ်။

ခရစ်ယာန်ဧဝံဂေလိရုပ်ရှင်များကို အခမဲ့ကြည့်ရှုခြင်း

Myanmar Subtitle movieကောင်းကင်နိုင်ငံတော်သားများ

Tuesday, November 26, 2019

ဘုရားသခင်၏ စကားတော် | အခန်း ၁၃

သမ္မာတရား, ဆုတောင်း, ရွေးနှုတ်ခြင်း, ခရစ်ယာန်, ဆုတောင်း

သင်တို့၏ လက်ရှိအခြေအနေတွင် သင်တို့သည် အတ္တ အယူအဆများအား အလွန်အမင်းလိုက်နာကာ၊ သင်တို့၏ ဘာသာရေး အတားအဆီးသည် အတော်ပင် ပြင်းထန်လှသည်။ သင်သည် ဝိညာဉ်ထဲ၌ ဆောင်ရွက်ခြင်း မရှိနိုင်၊ သန့်ရှင်းသော ဝိညာဉ်၏ အမှုကို သင်သည် နားလည်နိုင်ခြင်း မရှိဘဲ၊ အသစ်သော အလင်းကို သင်သည် ပစ်ပယ်သည်။ သင်သည် မျက်စိကန်းလျက် ရှိသောကြောင့်၊ နေ့အချိန်တွင် နေကို မမြင်နိုင်။ လူတို့ကို သင်သည် နားမလည်၊ သင်၏ "မိဘများ"ကို သင်သည် မစွန့်ခွာနိုင်၊ ဝိညာဉ်ရေးရာ ချင့်ချိန်နိုင်စွမ်း သင်ချို့တဲ့ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကို သင်မသိ၊ ထို့အပြင် ငါ၏ နှုတ်ကပတ်တော်ကို မည်သို့ စားသောက်ရမည်ကို သင်မသိ။ သင့်ဘာသာသင် မည်ကဲ့သို့ စားသောက်ရမည်ကို မသိခြင်းသည် ပြဿနာဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုသည် အလွန်အံ့အားသင့်ဖွယ်ကောင်းသော အရှိန်ဖြင့် တစ်နေ့ထက်တစ်နေ့ ရှေ့သို့တိုးနေသည်။ နေ့ရက်တိုင်းတွင် အလင်းသစ်ရှိပြီး၊ အသစ်သော အရာများနှင့် လတ်ဆတ်သော အရာများမှာ နေ့တိုင်း ရှိနေသော်လည်း သင်သည် နားမလည်။ ထိုအစား သင်သည် သုတေသနပြုလိုပြီး၊ သင်သည် အမှုအရာများကို သင်၏ ကိုယ်ရေးကိုယ်တာ စိတ်ဝင်စားမှု မှန်ပြောင်းဖြင့်သာ ကြည့်ရှုလျက် ထိုအကြောင်းများကို သေချာစွာ ထည့်သွင်းစဉ်းစားခြင်း မရှိဘဲ တွေဝေလျက် နားထောင်သည်။ သင်သည် လုံ့လဝီရိယရှိစွာ ဝိညာဉ်၌ ဆုမတောင်းဘဲ၊ ငါ့ကိုမကြည့် သို့မဟုတ် ငါ၏ နှုတ်ကပတ်တော်များကို သာ၍ တွေးဆခြင်းမရှိပေ။ ထို့ကြောင့် သင်ထံတွင် စာလုံးများ၊ စည်းမျဉ်းစည်းကမ်းများနှင့် အယူဝါဒများသာ ရှိသည်။ ငါ၏ နှုတ်ကပတ်တော်ကို သင်သည် မည်ကဲ့သို့ စားသောက်ရမည်ကို သိပြီး ငါ့မျက်မှောက်သို့ ငါ၏ နှုတ်ကပတ်တော်နှင့် အတူ မကြာခဏလာရောက်ရမည်။

Monday, November 25, 2019

ခရစ်တော်၏ဖော်ပြချက်များ (ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့သည့်အချိန်သည် ဘုရားသခင်မှ ကောင်းကင်နှင့်မြေကြီး အသစ်တစ်ဖန်ပြန်၍ပြုလုပ်ပြီးချိန် ဖြစ်မည်) ကောက်နုတ်ချက် ၁


ခရစ်တော်၏ဖော်ပြချက်များ (ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့သည့်အချိန်သည် ဘုရားသခင်မှ ကောင်းကင်နှင့်မြေကြီး အသစ်တစ်ဖန်ပြန်၍ပြုလုပ်ပြီးချိန် ဖြစ်မည်) ကောက်နုတ်ချက် ၁

အနန္တတန်ခိုးရှင် ဘုရားသခင်ကပြောသည်- "မေရှိယကို မသိခဲ့သောသူခပ်သိမ်းသည် ယေရှုကိုဆန့်ကျင်ခြင်း၊ ယေရှုကိုငြင်းပယ်ခြင်း၊ သူ့ကို အသရေဖျက်ခြင်းများ လုပ်နိုင်စွမ်းရှိသည်။ ယေရှုကို နားမလည်သူခပ်သိမ်းသည် သူ့ကို ငြင်းပယ်ခြင်းနှင့် သူ့ကို ဝေဖန်ပုတ်ခတ်ခြင်းများ ပြုနိုင်စွမ်းရှိသည်။ ထို့အပြင် ၎င်းတို့အားလုံးသည် ယေရှုတစ်ဖန်ကြွလာခြင်းကို စာတန်၏ လှည့်ဖြားမှုဟု မြင်နိုင်စွမ်းရှိကြပြီး ယေရှုခရစ် လူ့ဇာတိတစ်ဖန်ခံယူ၍ ပြန်လာခဲ့သည်ကို သာ၍များသောသူများက ရှုတ်ချလိမ့်မည်။ ဤအရာအားလုံးက သင်တို့ကို ကြောက်ရွံ့စိတ် မပေါ်စေသလော။ သန့်ရှင်းသောဝိညာဉ်တော်ကို ပြစ်မှားခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်မှ အသင်းတော်တို့ကို ပြောသည့်နှုတ်ကပတ်တော်များကို ယိုယွင်းပျက်စီးစေခြင်းနှင့် ယေရှုထုတ်ဖော်ပြောဆိုခဲ့သည့် အရာခပ်သိမ်းကို ပစ်ပယ်ခြင်းတို့နှင့် သင်တို့ရင်ဆိုင်ရမည်။ အကယ်၍ သင်တို့သည် ဤမျှစိတ်ရှုပ်ထွေးနေပါက ယေရှုထံမှ မည်သည့်အရာရနိုင်မည်နည်း။ သင်တို့၏အမှားများကို အသိအမှတ်ပြုရန် ခေါင်းမာစွာ ငြင်းဆိုပါက ဖြူသောမိုးတိမ်ပေါ်မှ လူ့ဇာတိသို့ ယေရှုပြန်ကြွလာချိန်တွင် သူ၏ အမှုတော်ကို သင်တို့သည် မည်သို့နားလည်နိုင်မည်နည်း။ သမ္မာတရားကို လက်မခံသော်လည်း ဖြူသောမိုးတိမ်ပေါ်မှ ယေရှုကြွလာသည်ကို ဆင်ကန်းတောတိုးစောင့်သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို ပြစ်မှားမည်မှာသေချာပြီး ထိုသူတို့သည် ပျက်စီးခြင်းသို့ရောက်မည့် အမျိုးအစားဖြစ်ကြောင်း ငါသင်တို့ကိုပြော၏။"

အကြံပြုစာမျာ:

Myanmar Music Video“ကောင်းကင်နိုင်ငံတော်သီချင်း- ဘုရားသခင်ရဲ့နိုင်ငံတော် မြေကြီးပေါ် ရောက်လာ”

Sunday, November 24, 2019

ပြောင်းလဲခြင်းအခါသမယ - ကောင်းကင်နိုင်ငံတော်ဆီ ဝင်ခွင့်ရမယ့် တစ်ခုတည်းသောလမ်း - (အပိုင်း ၂/၂)


လူတချို့က ယုံကြည်ကြတာရှိတယ်။ ဘုရားသခင်ဟာ ကောင်းကင်၊ မြေကြီးနဲ့ အရာအားလုံးကို တစ်ခွန်းတည်းသောစကားနဲ့ ဖန်ဆင်းခဲ့သလို၊ သေလွန်သူတွေကိုလည်း ပြန်ပြီးရှင်သန်စေနိုင်စွမ်း ရှိတာကြောင့်၊ နောက်ဆုံးသောကာလမှာ သခင် ပြန်ပြီးကြွရောက်တဲ့အခါ လူတွေရဲ့ပုံရိပ်တွေကို ချက်ချင်းပြောင်းလဲစေလိမ့်မယ်။ လူတွေကိုလည်း သန့်ရှင်းခြင်းဖြစ်စေလိမ့်မယ်။ သခင့်ကိုဖူးခွင့်ရအောင် ကောင်းကင်ဆီ ပို့ဆောင်ပေးလိမ့်မယ်လို့ဆိုတယ်။ ဒီလိုဆိုရင် ကောင်းကင်နိုင်ငံတော်ဆီ ပို့ဆောင်ခံရမယ်ဆိုတာ တကယ်ပဲလား။ နောက်ဆုံးသောကာလမှာ ဘုရားသခင် လုပ်ဆောင်မယ့်အမှုတွေက လူတွေအားလုံး စိတ်ကူးထားသလောက် ရိုးရှင်းသလား။ ဘုရားသခင်ကတော့ အခုလိုမိန့်ဆိုပါတယ်။ ဘုရားသခင်ပြောသည်မှာ"ထိုအရာအား သင်သတိပြုမိရန် လိုအပ်ပြီး ရုပ်ဝတၳုများအား သာ၍ အလေးမထားသင့်ပါပေ။ ဘုရားသခင်၏ အမှုသည် အခြားသော သာမန်အလုပ်များနှင့် တူညီမှုမရှိပါ။ ယင်း၏ အံ့သြဖွယ်ရာ ထူးခြားမှုသည် လူသား၏ စိတ်နေသဘောထားအားဖြင့် ဖြစ်ပွားလာနိုင်သော အရာမဟုတ်ပေ။ ထို့အပြင် ထိုအရာ ပညာနှင့်ပြည့်စုံခြင်းသည် အထက်ပါနည်းလမ်းများအားဖြင့် မရရှိနိုင်ပါ။ ထိုအရာ အားလုံးအား ဘုရားသခင် မဖန်ဆင်းခဲ့သလို ဖျက်ဆီးခြင်းလည်း မပြုပါ။ ယင်းအစား ဘုရားသခင်သည် စာတန်ကြောင့် ညစ်ညူးလျက် ရှိနေသော သူ၏ဖန်ဆင်းခြင်းအားလုံးအား ဘုရားသခင် ပြောင်းလဲစေလျက်ရှိပြီး သန့်ရှင်းစေရန် ဆောင်ရွက် နေခြင်းဖြစ်သည်။ ထို့ကြောင့် ကြီးမားသည့် အမှုအား ဘုရားသခင် အစပြုမည်ဖြစ်ကာ ယင်းသည် ဘုရားသခင် ဆောင်ရွက်သော အမှု၏ ရည်ရွယ်ချက် ပေါင်းချုပ်ဖြစ်သည်။ ဤနှုတ်ကပတ်များမှတစ်ဆင့် ဘုရားသခင်၏ အမှုသည် အလွန်ရိုးရှင်းသည်ဟု သင် ယုံကြည်ပါသလား။" နှုတျကပတျတောျသညျ လူ့ဇာတိ၌ ပေါျလာ၏ ဘုရားသခင်ရဲ့အမှုတော်တွေနဲ့ ဘုရားသခင်ရဲ့ဉာဏ်ပညာကို ဘယ်သူမှ နားလည်သဘောမပေါက်နိုင်ပါဘူး။ ယုံကြည်သူတွေဟာ နောက်ဆုံးသောကာလမှာ ဘယ်လိုချီဆောင်ခြင်းခံရမယ်ဆိုတာတွေ၊ လူတွေကို သန့်ရှင်းစေဖို့ တရားစီရင်ခြင်းအမှုကို ဘယ်လိုလုပ်ဆောင်မယ်ဆိုတာတွေ စတဲ့ လျှို့ဝှက်နက်နဲမှုတွေကို ဘုရားသခင်ကိုယ်တိုင်ပဲ ဖွင့်ဟပြနိုင်မှာပါ။ သခင် ပြန်ပြီးကြွရောက်တဲ့အခါ၊ ကောင်းကင်နိုင်ငံတော်ဆီ ဝင်ခွင့်ရနိုင်မယ့် တစ်ခုတည်းသောလမ်းက ဘာလဲဆိုတာကို ဒီဗီဒီယိုအတိုလေးက မိတ်ဆက်ပေးပါလိမ့်မယ်။

များပြားသောအကြံပြုချက်များ

အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်- ဘုရားသခင်၏ တဲတော် လူတို့အကြားမှာရှိနေခြင်း

Saturday, November 23, 2019

ဘုရားသခင်၏အသံတော် (အနန္တတန်ခိုးရှင် သက်ပြင်းချတော်မူခြင်း)


အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်- “အနန္တတန်ခိုးရှင်၏ အသက်ထောက်မခြင်းထံမှ လမ်လွဲပြီးသောအခါ လူသားတို့သည် ဘဝရည်ရွယ်ချက်ကို မသိနားမလည်ကြသော်လည်း မည်သို့ပင်ဆိုစေကာမူ သေခြင်းတရားကို ကြောက်ရွံ့ကြ၏။ ၎င်းတို့၌ အကူအညီ သို့မဟုတ် စောင့်မမှုကင်းမဲ့ကြသော်လည်း မိမိတို့၏မျက်လုံးများကို မှိတ်ရန်ဝန်လေးနေကြဆဲဖြစ်၍ ဤလောကကြီးထဲ၌ ယုတ်ညံ့သောဘဝကို အချိန်ဆွဲရန် မိမိတို့ကိုယ်ကို စိတ်တင်းထားကြ၏၊ မိမိတို့ကိုယ်တိုင်၏စိတ်ဝိညာဉ်များအကြောင်း မသိသည့် လူစင်မမီသောသူများပေတည်း။ သင်သည် မျှော်လင့်ချက်၊ ရည်မှန်းချက်ကင်းမဲ့စွာဖြင့် အခြားသူများနည်းတူ ဤပုံစံဖြင့် အသက်ရှင်၏။ ဒဏ္ဍာရီလာ သန့်ရှင်းသူတစ်ပါးတည်းသာ မိမိတို့၏ဒုက္ခဆင်းရဲအလယ်၌ ညည်းတွားလျက်နေကာ သူ၏ကြွရောက်လာခြင်းကို အသည်းအသန် စောင့်မျှော်နေသောလူများကို ကယ်တင်လိမ့်မည်။ ယခုအချိန်အထိ အသိဉာဏ်မရှိသောလူများ၌ ယင်းကဲ့သို့ယုံကြည်မှုမျိုး ဖြစ်မြောက်ဖူးခြင်းမရှိပေ။ မည်သို့ပင်ဆိုစေကာမူ လူတို့သည် ၎င်းကို အလွန်တမ်းတနေကြဆဲဖြစ်၏။ အနန္တတန်ခိုးရှင်သည် အလွန်အမင်း ဒုက္ခဆင်းရဲကိုခံဖူးသော ဤလူများအပေါ် သနားကရုဏာရှိ၏၊ တစ်ချိန်တည်းတွင် သူသည် လူသားတို့ထံမှ အဖြေတစ်ခုကို စောင့်ဆိုင်းနေခဲ့ရသည်မှာ အလွန်ကြာလှပြီဖြစ်သောကြောင့် အသိဉာဏ်ကင်းမဲ့သော ဤလူများကိုလည်း စိတ်ပျက်၏။ သင်သည် ရေငတ်ခြင်းနှင့် ဆာလောင်ခြင်းကို မခံရတော့မည့်အကြောင်း သူသည် ရှာဖွေရန်၊ သင်၏စိတ်နှလုံးနှင့် ဝိညာဉ်ကို ရှာဖွေရန်၊ သင့်ထံ ရေနှင့် အစာကို ယူဆောင်လာရန်နှင့် သင့်ကို နှိုးရန် ဆန္ဒရှိတော်မူ၏။ သင် ပင်ပန်းနွမ်းနယ်သောအခါနှင့် ဤလောကကြီး၏ စိတ်ဓာတ်ကျဖွယ် ပျက်စီးခြောက်ကပ်ခြင်း တစ်စုံတစ်ရာကို စတင်ခံစားရသောအခါ၊ လမ်းပျောက်ခြင်းမရှိစေနှင့်၊ မငိုကြွေးလေနှင့်။ စောင့်ကြည့်တော်မူသောသူ အနန္တတန်ခိုးရှင်ဘုရားသခင်သည် သင်၏ရောက်လာခြင်းကို အချိန်မရွေး လက်ခံပွေ့ဖက်လေမည်။”

ဘုရားသခင်၏နိုင်ငံတော်သည်မြေကြီးပေါ်တွင်ပေါ်ထွန်းလာပြီ။

Myanmar Music Video | “ကောင်းကင်နိုင်ငံတော်သီချင်း- ဘုရားသခင်ရဲ့နိုင်ငံတော် မြေကြီးပေါ် ရောက်လာ”

Friday, November 22, 2019

ဝတ်ပြုကိုးကွယ်ခြင်း ဓမ္မသီချင်း | ဘုရားသခင်ရဲ့မေတ္တာသည် ပင်လယ်လိုနက်ရှိုင်းသည်

သမ္မာတရား, ဆုတောင်း, ခရစ်ယာန်, ယုံကြည်ခြင်း




ဝတ်ပြုကိုးကွယ်ခြင်း ဓမ္မသီချင်း | ဘုရားသခင်ရဲ့မေတ္တာသည် ပင်လယ်လိုနက်ရှိုင်းသည်

I
ဘုရား၏ကျေးဇူးတော်ကိုရေတွက်ရင်း ကျွန်ုပ်မျက်ရည်ကျ
နှုတ်ခမ်းများပိတ်ကာ ရှိုက်ငိုသံများ
တို့ အင်အားတွေပြတ် ငတ်နေချိန်မှာ
ကိုယ်တော် ဟာအကောင်းဆုံးအဟာရကို ပေးခဲ့သည်
တို့ နာကျင်စိတ်ဓာတ်ကျချိန် အပြောအဆိုခံ စွန့်ပစ်ခံရချိန်မှာ
ဘုရားသခင်က တို့ရဲ့မျက်ရည်တွေကိုသုတ်ပေးကာ
နှစ်သိမ့်ပေးခဲ့သူပါ
အို...ဘုရားသခင်၊ အို...ဘုရားသခင်၊
တို့အအေးထဲ ဆတ်ဆတ်တုန်ခဲ့ချိန်
ဘုရားသခင်၊ အို...ဘုရားသခင်၊
တို့နွေးထွေးစေခဲ့တာ ကိုယ်တော်ပါ။
ဆင်းရဲဒုက္ခ ရောက်ခဲ့ချိန်မှာ သနားကြင်နာခဲ့တဲ့ ကိုယ်တော်။

Thursday, November 21, 2019

ဘုရားသခင်၏ အသံတော် | လူ့ဇာတိခံယူထားသော ဘုရားသခင်နှင့် ဘုရားအသုံးပြုသောလူတို့ကြား ပဓာနကျသည့် ကွာခြားချက်


အနန္တတန်ခိုးရှင် ဘုရားသခင်ကပြောသည်- “လူ့သဘာဝအတွင်း အလုပ်လုပ်သော သူတို့သည် ဘုရားသခင်၏ အသုံးပြုခြင်းခံရသော လူများဖြစ်သော်လည်း၊ ဘုရား၏ သဘောသဘာဝအတွင်း အလုပ်လုပ်သောသူမှာ ဘုရားသခင်ကို ကိုယ်စားပြု၏။ ဆိုလိုသည်မှာ၊ လူ့ဇာတိခံယူထားသော ဘုရားသခင်သည် ဘုရားသခင်၏ အသုံးပြုခြင်းခံရသော လူတို့နှင့် ခိုင်ခိုင်မာမာ ကွာခြားပေသည်။ လူ့ဇာတိခံယူထားသော ဘုရားသခင်သည် ဘုရားသဘောသဘာဝ၏အမှုကို လုပ်ဆောင်နိုင်ပြီး ဘုရားသခင်၏ အသုံးပြုခြင်းခံရသော လူတို့ကမူ မလုပ်ဆောင်နိုင်ကြပါ။ ခေတ်ကာလအသီးသီး၏အစတွင်၊ ဘုရားသခင်၏ဝိညာဉ်တော်သည် ခေတ်သစ်ကို အစပြုဖို့ရန်နှင့် လူကို အသစ်သောအစပြုရာအတွင်းသို့ ရောက်စေဖို့ ကိုယ်တိုင်ကိုယ်ကျ မိန့်မြွက်သည်။ သူ၏မိန့်မြွက်ခြင်း ပြီးဆုံးသောအခါ၊ ဤသည်မှာ သူ၏ဘုရားသဘောသဘာဝအတွင်းရှိ အမှုတော်ပြီးမြောက်ပြီဟူသည့် လက္ခဏာဖြစ်သည်။ ယင်းနောက်တွင်၊ လူအားလုံးတို့သည် မိမိတို့၏ အသက်တာအတွေ့အကြုံများအတွင်းသို့ ဝင်ရောက်ရန် ဘုရားသခင်၏ အသုံးပြုခြင်းခံရသောသူတို့၏ ဦးဆောင်မှုကို လိုက်နာကြလေသည်။ ထိုနည်းတူစွာ ဤသည်မှာ ဘုရားသခင်က လူကို ခေတ်သစ်အတွင်းသို့ ခေါ်ဆောင်ပြီး အယောက်တိုင်းကို အသစ်သောအစပြုရာတစ်ခု ပေးတော်မူသည့် အဆင့်လည်း ဖြစ်သည်။ ဤသို့ဖြင့်၊ ဇာတိခန္ဓာ၌ ဘုရားသခင်၏အမှုတော် အဆုံးသတ်ခဲ့၏။”

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ

သင်နှစ်သက်နိုင်သည့် အရာများ

Myanmar Gospel song 2019  (ခရစ်တော်ကို လူတို့ဆန့်ကျင်ရခြင်းနှင့် မနာခံရခြင်း၏ အကြောင်းအရင်း)

Wednesday, November 20, 2019

Myanmar Subtitle movie (တံခါးကိုခေါက်နေခြင်း) Wise Virgins Meet the Return of the Lord


Myanmar Subtitle movie  (တံခါးကိုခေါက်နေခြင်း) Wise Virgins Meet the Return of the Lord

လွန်ခဲ့တဲ့နှစ်နှစ်ထောင်ခန့်က သခင်ယေရှုဟာ ယခုလို ပရောဖက်ပြုခဲ့ပါတယ်။ "သန်းခေါင်ယံ၌ ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြေွးကြော်လျှင်" (ရှင်မဿဲခရစ်ဝင် ၂၅:၆)။ "နား​ထောင်​လော့။ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်” (ဗျာဒိတ်ကျမ်း ၃:၂၀)။ လွန်ခဲ့တဲ့နှစ်နှစ်ထောင်လုံးလုံးမှာ ကိုယ်တော်ရှင်ကို ယုံကြည်သူတွေဟာ ကိုယ်တော်ရှင် တံခါးလာခေါက်မှာကို ဂရုတစိုက်နဲ့ စောင့်မျှော်ခဲ့ကြပါတယ်။ ဒါကြောင့် ကိုယ်တော်ရှင် ပြန်ကြွလာတဲ့အခါ လူသားရဲ့တံခါးကို ဘယ်လိုခေါက်မှာတဲ့လဲ။ နောက်ဆုံးသောကာလမှာ သခင်ယေရှုဟာ လူ့ဇာတိခံ အနန္တတန်ခိုးရှင်ဘုရားသခင်အဖြစ် ပြန်လည်ကြွရောက်နေပြီဖြစ်ပြီး၊ နောက်ဆုံးသောကာလရဲ့တရားစီရင်ခြင်းအမှုကို ဆောင်ရွက်နေတယ်လို့ လူတချို့က သက်သေခံထားကြတယ်။ ဒီသတင်းဟာ ဘာသာရေးလောကတစ်ခုလုံးကို တုန်လှုပ်သွားခဲ့တာပါ။ ယခု ဇာတ်လမ်းရဲ့ဇာတ်ကောင်ဖြစ်တဲ့ ယန်အိုက်ကွမ်းဟာ ကိုယ်တော်ရှင်ကို ဆယ်စုနှစ်ပေါင်းများစွာ ယုံကြည်ခဲ့သူဖြစ်ကာ၊ တရားဟောပြောခြင်းအလုပ်တွေကို အမြဲတစေတက်ကြွစွာပါဝင်ပြီး၊ ကိုယ်တော်ရှင် ပြန်ကြွလာခြင်းကို ကြိုဆိုဖို့စောင့်မျှော်နေခဲ့သူပါ။ တစ်နေ့မှာတော့ သူမရဲ့အိမ်တံခါးကို လူနှစ်ယောက်က တံခါးလာခေါက်ပြီး၊ သခင်ယေရှု ပြန်ကြွလာပြီဖြစ်ကြောင်း ပြောပြတဲ့အပြင်၊ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ယန်အိုက်ကွမ်းနဲ့ သူ့ခင်ပွန်းအတွက် ဝေမျှပါတယ်။ သူတို့ဇနီးမောင်နှံဟာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကြောင့် တော်တော့်ကို စိတ်လှုပ်ရှားသွားခဲ့ရတယ်။ ဒါပေမယ့်လည်း သင်းအုပ်ဆရာ၊ သင်းထောက်တွေရဲ့ယုတ္တိအမှားတွေ၊ လှည့်ဖြားမှုတွေနဲ့ ချုပ်ချယ်မှုတွေကို ခံထားရတဲ့ ယန်အိုက်ကွမ်းဟာ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ရဲ့သက်သေခံသူတွေကို သူမရဲ့အိမ်ကနေ နှင်ထုတ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သက်သေခံသူတွေဟာ ယန်အိုက်ကွမ်းတို့အိမ်တံခါးကို ကြိမ်ဖန်များစွာလာခေါက်ကြပြီး၊ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ဖတ်ပြရင်း၊ နောက်ဆုံးသောကာလ ဘုရားသခင်ရဲ့အမှုတော်ကို သက်သေခံတယ်။ ဒီအချိန်အတွင်းမှာလည်း သင်းအုပ်ဆရာက ယန်အိုက်ကွမ်းကို အကြိမ်ကြိမ်နှောင့်ယှက်တားဆီးခဲ့တဲ့အတွက် သူမဟာ ဆက်ပြီးဝေခွဲမရဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ကြားလိုက်ရတဲ့အတွက် သမ္မာတရားကို သိရှိနားလည်လာပြီး၊ သင်းအုပ်ဆရာနဲ့သင်းထောက်တွေ ဖြန့်ဝေထားတဲ့ ယုတ္တိအမှားတွေ၊ ကောလာဟာလတွေအပေါ် ချင့်ချိန်နိုင်စွမ်း ရှိလာခဲ့တယ်။ နောက်ဆုံးသောကာလ ကိုယ်တော်ရှင် ပြန်ကြွတဲ့အခါ လူတွေရဲ့တံခါးကို ဘယ်လိုခေါက်မယ်ဆိုတာနဲ့ ကိုယ်တော်ရှင်ကို ဘယ်လိုကြိုဆိုသင့်တယ်ဆိုတာကိုလည်း သူမဟာ နောက်ဆုံးမှာ နားလည်သွားခဲ့တယ်။ ဒီလိုရှုပ်ထွေးမှုတွေ ကင်းစင်သွားတဲ့အခါမှာတော့ ယန်အိုက်ကွမ်းဟာ ဘုရားရဲ့အသံတော်ကို နောက်ဆုံးမှာ ကြားနိုင်ခဲ့ပြီး၊ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှု ပြန်ကြွလာခြင်း အမှန်တကယ်ဖြစ်မှန်း အသိအမှတ်ပြုနိုင်ခဲ့ပါတယ်။

များပြားသောအကြံပြုချက်များ

ဘုရားသခင်၏ ခြေရာကို ရှာဖွေလေ့လာခြင်း- အရှေ့အရပ်မှ လျှပ်ပြက်ခြင်း

Tuesday, November 19, 2019

ဘုရားသခင်၏ နှုတ်ကပတ်တော် (ကယ်တင်ရှင်သည် "ဖြူသောမိုးတိမ်" အားစီးလျက် ကြွလာခဲ့ပြီးဖြစ်သည်) ဒုတိယပိုင်း


အနန္တတန်ခိုးရှင် ပြောသည်- ““ယေဟောဝါ” ဆိုသည်မှာ ဣသရေလ၌ ငါအမှုပြုစဉ်အတွင်း ခံယူခဲ့သောနာမဖြစ်ပြီး လူသားအပေါ် သနားညှာတာကာ ကျိန်ဆဲ၍ လူသား၏ဘဝကို လမ်းပြပေးနိုင်မည့် ဣသရေလ အမျိုးသားတို့၏ (ဘုရားသခင်ရွေးချယ်ထားသောလူမျိုး) ဘုရားသခင်ဟု အဓိပ္ပာယ်ရသည်။ ကြီးမြတ်လှသော တန်ခိုးကို ပိုင်ဆိုင်ပြီး ဉာဏ်ပညာနှင့် ပြည့်ဝသည့် ဘုရားသခင်ဟု အဓိပ္ပာယ်ရသည်။ “ယေရှု” သည် ဧမာနွေလဖြစ်ပြီး လူသားတို့ကို ရွေးနုတ်ပေး၍ ချစ်ခြင်းမေတ္တာ၊ သနားကရုဏာစိတ်များဖြင့် ပြည့်ဝသည့် အပြစ်ဖြေရာယဇ်ဟု ဆိုလိုသည်။ သူသည် ကျေးဇူးတော်ခေတ်၏ အမှုကို ထမ်းဆောင်ခဲ့ကာ၊ ကျေးဇူးတော်ခေတ်ကို ပုံဆောင်ခဲ့ပြီး၊ စီမံခန့်ခွဲမှု အစီအစဉ်၏ တစ်စိတ်တစ်ဒေသကိုသာ ကိုယ်စားပြုနိုင်သည်။ တစ်နည်းအားဖြင့်ဆိုလျှင် ယေဟောဝါသည်သာ ရွေးကောက်ခံ ဣသရေလလူမျိုးတို့၏ ဘုရားသခင်၊ အာဗြဟံ၏ဘုရားသခင်၊ ဣဇာက်၏ဘုရားသခင်၊ ယာကုပ်၏ ဘုရားသခင်၊ မောရှေ၏ ဘုရားသခင်၊ ဣသရေလအမျိုးတို့၏ ဘုရားသခင်ဖြစ်သည်။ ထို့ကြောင့် လက်ရှိခေတ်ကာလတွင် ယုဒမျိုးနွယ်စုမှလွဲ၍ ဣသရေလအမျိုးသား အားလုံးတို့သည် ယေဟောဝါကို ကိုးကွယ်ကြသည်။ ၎င်းတို့သည် ယဇ်ပလ္လင်ပေါ်တွင် ယေဟောဝါထံ ယဇ်ပူဇော်ခြင်းများပြု၍ ဗိမာန်တော်ထဲတွင် ယဇ်ပုရောဟိတ်ဝတ်ရုံကို ဝတ်ဆင်ကာ ယေဟောဝါအား အစေခံကြသည်။ ထိုသူတို့ မျှော်လင့်သောအရာမှာ ယေဟောဝါ ပြန်လည်ပေါ်ပေါက်လာစေရန်ဖြစ်သည်။ ယေရှုသည်သာ လူသားမျိုးနွယ်တို့၏ ရွေးနုတ်ရှင်ဖြစ်သည်။ သူသည် လူသားမျိုးနွယ်တို့ကို အပြစ်မှရွေးနုတ်ပေးခဲ့သည့် အပြစ်ဖြေရာယဇ်ဖြစ်သည်။ ယေရှု၏ အမည်နာမသည် ကျေးဇူးတော်ခေတ်မှလာပြီး ကျေးဇူးတော်ခေတ်က ပြုခဲ့သော ရွေးနုတ်ခြင်းအမှုကြောင့်သာ တည်ရှိခဲ့သည်ဟု ဆိုလိုသည်။ ကျေးဇူးတော်ခေတ်မှ လူများအား ပြန်လည်မွေးဖွားစေပြီး ကယ်တင်ခြင်းခံရစေရန်အတွက် ယေရှုခရစ်တော်၏ အမည်နာမ ရှိနေခဲ့ခြင်းဖြစ်ကာ ထိုနာမသည် လူသားမျိုးနွယ်တစ်ရပ်လုံးကို ရွေးနုတ်ခြင်းအတွက် အထူးနာမတစ်ခုဖြစ်သည်။ ထို့ကြောင့် ယေရှု၏အမည်နာမသည် ရွေးနုတ်ခြင်းကို ကိုယ်စားပြုပြီး ကျေးဇူးတော်ခေတ်ကို သင်္ကေတပြုသည်။ ယေဟောဝါဟူသော အမည်နာမက ပညတ်တရားအောက်တွင် နေထိုင်ခဲ့သော ဣသရေလလူမျိုးတို့အတွက် အထူးအမည်နာမဖြစ်သည်။ ခေတ်တစ်ခေတ်စီတိုင်းတွင်နှင့် အမှု၏အဆင့်တစ်ခုစီတိုင်းတွင် ငါ၏နာမသည် အခြေအမြစ် ကင်းမဲ့ခြင်းမရှိဘဲ ကိုယ်စားပြုသော အဓိပ္ပာယ်ကိုဆောင်သည်- အမည်နာမတစ်ခုစီက ခေတ်ကာလတစ်ခုကို ကိုယ်စားပြုသည်။ “ယေဟောဝါ” က ပညတ်တော်ခေတ်ကို ကိုယ်စားပြု၍ ဣသရေလအမျိုးသားတို့ ကိုးကွယ်ကြသော ဘုရားသခင်ကို ရိုသေသမှုပြုကာ သုံးခြင်းဖြစ်သည်။ “ယေရှု” သည် ကျေးဇူးတော်ခေတ်ကို ကိုယ်စားပြုပြီး ကျေးဇူးတော်ခေတ်အတွင်းက ရွေးနုတ်ခံခဲ့ရသူ အားလုံးနှင့်ဆိုင်သော ဘုရားသခင်၏နာမဖြစ်သည်။ နောက်ဆုံးသောကာလအတွင်း ကယ်တင်ရှင်ယေရှု ကြွလာရန်အတွက် လူသားတို့ တောင့်တနေဆဲဖြစ်ပြီး ယုဒပြည်တွင်ရှိခဲ့သော ရုပ်သွင်အတိုင်း သူကြွလာရန် မျှော်မှန်းနေဆဲဖြစ်ပါက ရွေးနုတ်ရာခေတ်တွင် နှစ်ပေါင်းခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ် တစ်ခုလုံး ရပ်တန့်သွားမည်ဖြစ်ကာ ရှေ့ဆက်တိုးတက်နိုင်တော့မည် မဟုတ်ပေ။ ထို့အပြင် နောက်ဆုံးသောကာလသည် မည်သည့်အခါမျှ ရောက်လာလိမ့်မည် မဟုတ်တော့ဘဲ ခေတ်ကာလသည်လည်း မည်သည့်အခါမျှ အဆုံးသတ်တော့မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ကယ်တင်ရှင်ယေရှုသည် လူသားမျိုးနွယ်တို့၏ ရွေးနုတ်ခြင်းနှင့် ကယ်တင်ခြင်းအတွက်သာ ဖြစ်သောကြောင့်ဖြစ်သည်။ ကျေးဇူးတော်ခေတ်မှ အပြစ်သားအားလုံးအဖို့အလို့ငှာ ယေရှု၏နာမကို ငါခံယူခဲ့ခြင်းဖြစ်ကာ ယင်းနာမသည် လူသားမျိုးနွယ် တစ်ရပ်လုံးကို အဆုံးသတ်တစ်ခုဆီသို့ ငါဆောင်ကြဉ်းမည့် နာမမဟုတ်ပေ။ ယေဟောဝါ၊ ယေရှုနှင့် မေရှိယတို့အားလုံးက ငါ၏ဝိညာဉ်တော်ကို ကိုယ်စားပြုသော်လည်း ထိုအမည်နာမများသည် ငါ၏စီမံခန့်ခွဲမှု အစီအစဉ်ထဲရှိ ကွဲပြားခြားနားသော ခေတ်ကာလများကိုသာ ရည်ညွှန်းပြီး ငါ၏အလုံးစုံသော ဖြစ်တည်မှုကို ကိုယ်စားမပြုပါ။ ကမ္ဘာမြေကြီးပေါ်ရှိ လူတို့က ငါ့အားခေါ်ဝေါ်သော အမည်နာမများသည် ငါ၏အလုံးစုံသော စိတ်နေသဘောထားနှင့် ငါ၏ဖြစ်ခြင်းအားလုံးကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောဆိုနိုင်ခြင်းမရှိပါ။ ၎င်းတို့မှာ ကွဲပြားသော ခေတ်ကာလများအတွင်း၌ ငါ့အားခေါ်ဝေါ်ကြသော မတူညီသည့် အမည်နာမများသာ ဖြစ်ပေသည်။ ထို့ကြောင့်ပင် အဆုံးသတ်ခေတ်၊ နောက်ဆုံးသောခေတ်ကာလ ရောက်သည့်အခါ ငါ၏အမည်နာမသည် ထပ်မံပြောင်းလဲပေဦးမည်။ ငါ့အား မေရှိယဟု ခေါ်တွင်စေရန်ဝေးစွ၊ ယေဟောဝါ၊ သို့မဟုတ် ယေရှုဟုပင် မခေါ်တွင်စေဘဲ တန်ခိုးကြီးသော အနန္တတန်ခိုးရှင် ဘုရားသခင် ကိုယ်တော်တိုင်ဟူ၍ ခေါ်တွင်စေလျက် ဤအမည်နာမအောက်တွင် ငါသည် ခေတ်ကာလကြီးတစ်ခုလုံးကို အဆုံးသတ်မည် ဖြစ်သည်။ ငါ့အား တစ်ခါက ယေဟောဝါဟု သိရှိခဲ့ကြသည်။ ငါ့ကို မေရှိယဟုလည်း လူအများ ခေါ်ခဲ့ကြသည့်အပြင် ထိုသူများက ငါ့အားလေးစားပြီး ချစ်မြတ်နိုးခဲ့ကြသည့်အတွက် ကယ်တင်ရှင်ယေရှုဟုလည်း တစ်ချိန်က ခေါ်ခဲ့ကြသည်။ သို့သော်လည်း ယနေ့တွင် ငါသည် လူအများ အတိတ်က သိခဲ့ကြသည့် ယေဟောဝါလည်းမဟုတ်၊ ယေရှုလည်းမဟုတ်ပေ- ငါသည် နောက်ဆုံးသောကာလတွင် တစ်ဖန်ပြန်ကြွလာခဲ့သည့် ဘုရားသခင်၊ ထိုခေတ်ကို အဆုံးသတ်မည့် ဘုရားသခင်ဖြစ်ပေသည်။ ငါသည် မြေကြီးစွန်းမှ ထမြောက်တော်မူသော၊ ငါ၏အလုံးစုံသော စိတ်နေသဘောထားနှင့် ပြည့်ဝသော၊ သြဇာအာဏာနှင့် ပြည့်ဝသော၊ ဂုဏ်သိက္ခာ၊ ဘုန်းအာနုဘော်တို့နှင့် ပြည့်နှက်နေသော ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်သည်။ လူအများသည် ငါနှင့် မည်သည့်အခါမျှ ဆက်ဆံခြင်း၊ သိကျွမ်းဖူးခြင်း မရှိကြ၊ ငါ၏စိတ်နေသဘောထားကို အမြဲတစေ မသိရှိခဲ့ကြပေ။ ကမ္ဘာမြေကြီးကို ဖန်ဆင်းခဲ့သည့် အချိန်မှစ၍ ယနေ့တိုင် မည်သည့်ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်မျှ ငါ့အား မြင်ဖူးခဲ့ခြင်း မရှိပေ။ ဤသည်မှာ နောက်ဆုံးသောကာလအတွင်း လူသားတို့ထံ ပေါ်ထွန်းလာခဲ့သော်လည်း လူသားတို့အကြားတွင် ဖုံးကွယ်ထားသော ဘုရားသခင် ဖြစ်ပေသည်။ သူသည် လောင်ကျွမ်းနေသော နေမင်းနှင့် တောက်လောင်နေသော မီးကဲ့သို့၊ တန်ခိုးနှင့်ပြည့်လျက်၊ သြဇာအာဏာဖြင့် ပြည့်လျှံလျက် လူသားတို့အကြားတွင် အမှန်တကယ် စစ်မှန်စွာ နေထိုင်လျက်ရှိသည်။ ငါ့နှုတ်ကပတ်တော်များအားဖြင့် တရားစီရင်ခြင်းမခံရမည့် လူပုဂ္ဂိုလ်၊ သို့မဟုတ် အရာဝတ္ထုတစ်ခုမျှမရှိပါ၊ မီး၏လောင်ကျွမ်းခြင်းအားဖြင့် သန့်စင်ခြင်း မခံရမည့် လူပုဂ္ဂိုလ်၊ သို့မဟုတ် အရာဝတ္ထုလည်း တစ်ခုမျှမရှိပါ။ တိုင်းနိုင်ငံအားလုံးသည် နောက်ဆုံးတွင် ငါ့နှုတ်ကပတ်တော်များကြောင့် ကောင်းချီးပေးခံရမည်ဖြစ်ပြီး ငါ့နှုတ်ကပတ်တော်များကြောင့်ပင် တစ်စစီ ကြေမွပျက်စီး သွားလိမ့်မည်ဖြစ်သည်။ ဤနည်းအားဖြင့် နောက်ဆုံးသောကာလ၌ ငါသည် ပြန်ကြွလာသော လူအပေါင်းတို့၏ ကယ်တင်ရှင်ဖြစ်သည်၊ လူသားမျိုးနွယ်အပေါင်းတို့ကို သိမ်းပိုက်သော အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်သည်၊ ထို့အပြင် ငါသည် တစ်ချိန်က လူသားတို့အတွက် အပြစ်ဖြေရာယဇ် ဖြစ်ခဲ့သော်လည်း နောက်ဆုံးသောကာလတွင် ခပ်သိမ်းသောအရာတို့ကို လောင်ကျွမ်းစေသည့် နေမင်း၏ မီးတောက်မီးလျှံများလည်း ဖြစ်လာသကဲ့သို့ ခပ်သိမ်းသောအရာတို့ကို ဖော်ထုတ်သည့် ဖြောင့်မတ်ခြင်း၏ နေမင်းလည်း ဖြစ်လာသည်ကို လူသားအားလုံး တွေ့ရလိမ့်မည်။ ယင်းက နောက်ဆုံးသောကာလရှိ ငါ၏အမှုပင်ဖြစ်သည်။ ငါသည် ဖြောင့်မတ်သော ဘုရားသခင်၊ လောင်ကျွမ်းနေသောနေမင်းနှင့် တောက်လောင်နေသော မီးတောက်မီးလျှံဖြစ်သည်ကို လူအားလုံး တွေ့မြင်နိုင်ရန်အလို့ငှာ ဤအမည်နာမကို ငါခံယူခဲ့ပြီး ဤစိတ်နေသဘောထားကို ငါပိုင်ဆိုင်ထားသည်။ လူအားလုံးသည် ငါ့အား စစ်မှန်သည့် တစ်ဆူတည်းသော ဘုရားသခင်အဖြစ် ဝတ်ပြုကိုးကွယ်စေရန်နှင့် ငါ၏စစ်မှန်သော မျက်နှာကို တွေ့မြင်နိုင်စေရန်အလို့ငှာ ဖြစ်သည်- ငါသည် ဣသရေလအမျိုးသားတို့၏ ဘုရားသခင်အဖြစ်သာမဟုတ်၊ ရွေးနုတ်ရှင်အဖြစ်သာ မဟုတ်ဘဲ ငါသည် ကောင်းကင်၊ မြေကြီးနှင့် ပင်လယ်ပြင်တစ်ခွင်လုံးမှ အားလုံးသော သတ္တဝါများ၏ ဘုရားသခင် ဖြစ်ပေသည်။”

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ

သတင်းအချက်အလက်များ ဓမ္မသီချင်းများ

Monday, November 18, 2019

ဘုရားသခင်၏ စိတ်အလိုတော်း | အခန်း ၁၂

သမ္မာတရား, ဝိညာဉ်တော်, အသက်, ထာဝရအသက်

အကယ်၍ သင်၌ လေ သို့မဟုတ် မိုးကဲ့သို့ စိတ်ဆတ်သော၊ မတည်ငြိမ်သော စိတ်သဘောထားရှိနေပြီး သင်ရှေ့ဆက်မသွားနိုင်ပါက၊ ငါ၏လှံတံသည် သင်နှင့် အဝေးတွင် ရှိလိမ့်မည်မဟုတ်။ သင့်သည် ကိုင်တွယ်ဖြေရှင်းခြင်း ခံရသည့်အခါ၊ ပတ်ဝန်းကျင်က သာ၍ဆိုးရွားလာသည့်အခါ၊ သင်ပိုပြီးညှဉ်းပန်းနှိပ်စက် ခံရသည့်အခါတွင် ဘုရားသခင်အပေါ်ထားရှိသော သင်၏ချစ်ခြင်းမေတ္တာ သာ၍ ကြီးမားလာပြီး၊ လောကကို တွယ်တာမှု ရပ်သွားမည်။ အခြားလမ်းမရှိတော့ဘဲ သင်ငါ့ထံသို့လာပြီး၊ သင်၏ခွန်အားနှင့် မိမိကိုယ်ကိုစိတ်ချယုံကြည်မှု ပြန်လည်ရရှိလာမည်။ လွယ်ကူသက်သာသော ပတ်ဝန်းကျင်တွင် ရှိနေသေးပါက တော်လျော်စွာကြုံရာကျပန်းဖြစ်နေပေမည်။ တုံဏှိဘာဝေဖြစ်မနေဘဲ တက်တက်ကြွကြွနှင့် အပြုသဘောဆောင်စွာ ဝင်ရောက်ရမည်။ မည်သူ့ကြောင့်မဆို၊ မည်သည့်အရာကြောင့်မဆို မည်သည့်အခြေနေကြောင့်မဆို သင်သည် တုန်လှုပ်ခြင်းမရှိရ၊ တစ်ဦးတစ်ယောက်၏ ပြောစကားနှင့်လည်း သြဇာလွှမ်းမိုးခြင်းမခံရ။ တည်ငြိမ်သော စိတ်သဘောထားရှိရမည် ဖြစ်ပြီး လူတို့သည် မည်သည့်အရာပင် ပြောပါစေကာမှု၊ သမ္မာတရားဖြစ်သည်ဟု သင်သိထားသည့်အရာကို သင်သည် ချက်ချင်း လက်တွေ့ကျင့်သုံးရမည်။ သင့်အထဲတွင် အလုပ်လုပ်နေသည့် ငါ့နှုတ်ကပတ်တော်သည် သင်ထံတွင် အမြဲရှိရမည် ၊ သင်သည် မည်သူနှင့်မဆို ရင်ဆိုင်ရပါစေ၊ ငါ့ကို သင်၏ သက်သေခံခြင်း အပေါ်တွင် ခိုင်မြဲစွာရပ်တည်နိုင်ပြီး ၊ ငါ၏ ဝန်ကို စဉ်းစားဆင်ခြင်ကြောင်း ပြသနိုင်ရမည်။ ကိုယ်ပိုင်အတွေးအခေါ်မရှိဘဲနှင့် သူတစ်ပါးပြောသမျှကို မျက်ကန်း သဘောတူလျက် စိတ်ရှုတ်ထွေးခြင်း မဖြစ်ရ၊ ထိုသို့ဖြစ်မည့်အစား သင်သည် ရပ်တည်ရန်နှင့် ငါ့ထံမှလာသော အရာများမဟုတ်သည်တို့ကို ကန့်ကွက်ရန် သတ္တိရှိရမည်။ တစ်စုံတစ်ခု မှားနေသည်ကို ရှင်းလင်းစွာ သင်သိသော်လည်း နှုတ်ဆိတ်ပြီးနေပါက သင်သည် သမ္မာတရားကို လက်တွေ့ကျင့်သုံးသူတစ်ယောက် မဟုတ်ပေ။ သင်သည် တစ်စုံတစ်ခု မှားနေသည်ကို သိပြီး အကြောင်းအရာကို လှည့်လိုက်သော်လည်း စာတန်သည် သင့်လမ်းကို ပိတ်ထားပါက၊ သင်သည် အကျိုးရလဒ် တစ်စုံတစ်ရာ မရှိဘဲ ပြောဆိုပြီး အဆုံးတိုင်အောင် စွဲမြဲစွာ မပြောဆိုနိုင်ပါက၊ သင်သည် ကြောက်ရွံ့ခြင်းကို မိမိနှလုံးသားထဲတွင် ဆက်သယ်ဆောင်ထားပြီး၊ စာတန်ထံမှလာသော အတွေးများနှင့် သင်၏ နှလုံးသားသည် ပြည့်နှက်ဆဲရှိသည် မဟုတ်လော။

Sunday, November 17, 2019

ခရစ်ယာန် ဓမ္မသီချင်း | ဘုရား၏မေတ္တာ ကျွန်ုပ်နှလုံးသားကို ဝန်းရံ

ချီးမွမ်းတေးသီချင်းများ, သမ္မာတရား, အသက်, ဝိညာဉ်တော်,




ခရစ်ယာန် ဓမ္မသီချင်း | ဘုရား၏မေတ္တာ ကျွန်ုပ်နှလုံးသားကို ဝန်းရံ

I
ဖြောင့်မတ်ခြင်းနေမင်းကြီး အရှေ့အရပ်က ထွက်ပေါ်
အို ဘုရား…
ကိုယ်တော့်ဘုန်းတော် ကောင်းကင်နှင့်မြေကြီးတွင် ပြည့်လျှံ
နှစ်သက်ဖွယ်သော ကျွန်ုပ်ချစ်ရသူ…
ကိုယ်တော့်ချစ်ခြင်းမေတ္တာ ကျွန်ုပ်နှလုံးသားကို ဝန်းရံ
သမ္မာတရား ရှာဖွေသူများ… ဘုရားကို ချစ် မြတ်နိုးကြ
မနက်စောစော တစ်ကိုယ်တည်း နိုးထရလည်း
နှုတ်ကပတ်တော်ကို အောက်မေ့သောကြောင့်
ကျွန်ုပ်နှလုံးသားထဲ ဝမ်းမြောက်ခြင်းရှိ
ကြင်နာသော မိခင်၏ စကားများကဲ့သို့ ဘုရား၏နူးညံ့သော စကားများ
ဖခင်၏ဆူပူကြိမ်းမောင်းခြင်းကဲ့သို့ ခက်ထန်သော
ဘုရား၏စစ်ကြောသောစကားများ
နောက်ထပ် ကျွန်ုပ် ချစ်မြတ်နိုးသောအရာ မရှိ
အနန္တတန်ခိုးရှင် ဘုရားသခင်ကိုသာ စိတ်နှလုံးအကြွင်းမဲ့ ချစ်တယ်
အာ့ ဟေး… အာ့…
အာ့ ဟေး…
နောက်ထပ် ကျွန်ုပ် ချစ်မြတ်နိုးသောအရာ မရှိ
အနန္တတန်ခိုးရှင် ဘုရားသခင်ကိုသာ စိတ်နှလုံးအကြွင်းမဲ့ ချစ်တယ်

Saturday, November 16, 2019

Myanmar movie 2019 (ပြန်လာခဲ့သူ ဘယ်သူပါလဲ) Christ of the Last Days Has Come


Myanmar movie 2019 (ပြန်လာခဲ့သူ ဘယ်သူပါလဲ) Christ of the Last Days Has Come

ကင်မ်ယောင်ရို့ခ်ဟာ ကိုရီးယားဘာသာရေးအသိုက်အဝန်းထဲက ဘာသာရေးကိုင်းရှိုင်းတဲ့ သင်းအုပ်ဆရာတစ်ယောက်ပါ။ သမ္မာတရားကို ငတ်မွတ်သူတစ်ယောက်ဖြစ်တဲ့ သူဟာ သခင်ယေရှုရဲ့ဒုတိယအကြိမ်ကြွလာခြင်းကို မျှော်လင့်ခဲ့ပါတယ်။၂၀၁၃ ခုနှစ် တစ်ရက်မှာတော့၊ သူဟာ ချိုဆန်အီလ်ဘိုသတင်းစာမှာ အနန္တတန်ခိုးရှင်ဘုရားရဲ့နှုတ်ကပတ်တော်တွေကို အမှတ်မထင် ဖတ်လိုက်ရတယ်။ ဩဇာအာဏာနဲ့ တန်ခိုးတော်ပြည့်ဝလွန်းနေတဲ့ အဲဒီနှုတ်ကပတ်တော်တွေဟာ သူ့အပေါ်ကို ချက်ချင်းသက်ရောက်မှုရှိခဲ့ပြီး၊ သူ့ရင်ကို ကိုင်လှုပ်ခဲ့ပါတယ်။ အနန္တတန်ခိုးရှင်ဘုရားဟာ ပြန်ကြွလာတဲ့ သခင်ယေရှုပဲလား၊ သူ အချိန်အကြာကြီး စောင့်မျှော်ခဲ့တဲ့ ကယ်တင်ရှင်ပဲလားဆိုတာ သေချာစေဖို့အတွက်၊ သူဟာ အနန္တတန်ခိုးရှင်ဘုရားရဲ့နှုတ်ကပတ်တော်တွေနဲ့ အမှုတော်ကို စတင်ရှာဖွေ ဆန်းစစ်ခဲ့ပါတယ်။ ဒီလိုနဲ့ သူ့ရင်ထဲက သံသယတွေ တစ်ခုပြီးတစ်ခု ပြေလည်သွားတဲ့အခါမှာတော့၊ ကင်မ်ယောင်ရို့ခ်ဟာ ဝမ်းမြောက် စိတ်လှုပ်ရှားလွန်းတာကြောင့်၊ မြေပေါ်မှာ ဝပ်စင်းလုနီးနီး ဖြစ်ခဲ့ရတယ်။ အနန္တတန်ခိုးရှင်ဘုရားဟာ နောက်ဆုံးသောကာလအတွက် သခင်ယေရှုရဲ့ဒုတိယအကြိမ်ပြန်လာခြင်း ဖြစ်နေလို့ပါပဲ။ ကိုယ်တော်ဟာ လူတွေကြားကို တိတ်တဆိတ်ရောက်ရှိနေပြီဖြစ်ပြီး၊ တရားစီရင်ခြင်းအမှုတော်ကို ဘုရားသခင်ရဲ့အိမ်တော်ကနေ စတင်ဆောင်ရွက်နေတာလည်း ကြာခဲ့ပါပြီ။

များပြားသောအကြံပြုချက်များ

အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်- ဘုရားသခင်၏ တဲတော် လူတို့အကြားမှာရှိနေခြင်း

Friday, November 15, 2019

နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ (ပညတ်တော်ခေတ်မှ အမှုတော်)


အနန္တတန်ခိုးရှင် ဘုရားသခင်ကပြောသည်- "အဲဂုတ္တုပြည်ထဲမှထွက်ကာ မောရှေနောက်သို့ လိုက်လာကြသော ဣသရေလလူတို့ကို လက်ဆင့်ကမ်း ပေးအပ်ရန် ပညတ်တော်ခေတ်အတောအတွင်း ယေဟောဝါသည် မောရှေအတွက် ပညတ်တော်အမြောက်အမြားကို ချပေးခဲ့သည်။ ဤပညတ်တော်များမှာ ဣသရေလလူတို့အတွက် ယေဟောဝါပေးအပ်ခဲ့သည့် အရာများဖြစ်ကာ အဲဂုတ္တုလူမျိုးတို့နှင့် ဘာမျှမသက်ဆိုင်ပေ၊ ၎င်းပညတ်တော်များမှာ ဣသရေလလူမျိုးတို့ကို ကန့်သတ်ထိန်းချုပ်ဖို့ အလို့ငှာသာဖြစ်သည်။ သူသည် ဣသရေလလူတို့ကို အမိန့်ပေးရန် ပညတ်တော်များကို အသုံးပြုခဲ့သည်။ သူတို့သည် ဥပုသ်နေ့ကို စောင့်ထိန်းကြခြင်းရှိမရှိ၊ သူတို့၏ မိဘများကို ရိုသေကြခြင်းရှိမရှိ၊ ရုပ်တုဆင်းတုများကို ကိုးကွယ်ကြခြင်းရှိမရှိ အစရှိသည်တို့မှာ သူတို့အနေဖြင့် အပြစ်ရှိမရှိ၊ ဖြောင့်မတ်ခြင်းရှိမရှိကို စီရင်ပေးသည့် အခြေခံနိယာမများဖြစ်ကြသည်။ ထိုသူတို့၏အထဲ၌ ယေဟောဝါ၏မီးဖြင့် ဒဏ်ခတ်ခံရသူအချို့ရှိသည်၊ ကျောက်ခဲဖြင့် ပေါက်သတ်ခံရသူအချို့ရှိသည်၊ ထို့ပြင် ယေဟောဝါထံမှ ကောင်းချီးမင်္ဂလာ ခံစားရသူအချို့ရှိပြီး၊ ထိုအရာတို့ကို သူတို့အနေဖြင့် ထိုပညတ်တော်များကို နာခံမှု ရှိမရှိအပေါ်၌သာ မူတည်၍ဆုံးဖြတ်သည်။ ဥပုသ်နေ့ကို မစောင့်ထိန်းသူတို့သည် ကျောက်ခဲဖြင့် ပေါက်သတ်ခံရမည်ဖြစ်သည်။ ဥပုသ်နေ့ကို မစောင့်ထိန်းသည့် ယဇ်ပုရောဟိတ်တို့မှာမူ ယေဟောဝါ၏မီးဖြင့် ဒဏ်ခတ်ခံရလိမ့်မည်။ မိမိတို့၏ မိဘများကို မရိုသေသူတို့မှာလည်း ကျောက်ခဲဖြင့် ပေါက်သတ်ခံရမည်။ ဤအရာအားလုံးကို ယေဟောဝါက ပြစ်တင်ရှုတ်ချခဲ့သည်။ ယေဟောဝါက သူ၏ပညတ်တော်နှင့် သွန်သင်ချက်များကို ချမှတ်ခဲ့သည်မှာ လူတို့၏ အသက်တာများကို သူဦးဆောင်စဉ်တွင် လူတို့အနေဖြင့် သူ၏နှုတ်ကပတ်တော်ကို နားထောင်ပြီး နာခံကြကာ သူ့ကို ဆန့်ကျင်ပုန်ကန်ခြင်း မပြုကြစေရန် ဖြစ်သည်။ မွေးကင်းစ လူသားမျိုးနွယ်တို့ကို ထိန်းချုပ်ထားရန်အတွက် ထိုပညတ်တော်များကို သူအသုံးပြုခဲ့ပြီး သူ၏အနာဂတ်အမှုအတွက် အခြေခံအုတ်မြစ်ကို ပို၍ကောင်းမွန်စွာချမှတ်နိုင်ရန်အလို့ငှာဖြစ်သည်။ ထို့ကြောင့် ယေဟောဝါပြုခဲ့သော အမှုပေါ်မူတည်၍ ပထမခေတ်ကို ပညတ်တော်ခေတ်ဟုခေါ်သည်။ ယေဟောဝါသည် များစွာသော မိန့်မြွက်ချက်များကိုပြုခဲ့ပြီး အမှုအများအပြားကို ပြုခဲ့သော်လည်း၊ သူ့အနေဖြင့် လူသားတို့ကို အပြုသဘောဖက်မှသာ လမ်းပြခဲ့ကာ မသိနားမလည်သော ဤလူများကို မည်သို့လူသားဆန်စေရန်၊ မည်သို့ အသက်ရှင်နေထိုင်ရန်၊ ယေဟောဝါ၏ နည်းလမ်းကို မည်သို့နားလည်နိုင်ရန် စသဖြင့် သွန်သင်ပေးခဲ့သည်။ အများအားဖြင့်ဆိုရလျှင် သူပြုခဲ့သောအမှုမှာ လူသားတို့အနေဖြင့် သူ၏ နည်းလမ်းနှင့် သူ၏ ပညတ်တော်များကို ထိန်းသိမ်းကြစေရန်ဖြစ်သည်။ အနည်းအကျဉ်းသာ ဖောက်ပြန်ပျက်စီးသော လူများအပေါ်တွင် အမှုပြုခဲ့ခြင်း ဖြစ်သည်၊ သူတို့၏ စိတ်သဘောထားကို အသွင်ပြောင်းရန် သို့မဟုတ် သူတို့၏ အသက်တာထဲ၌ တိုးတက်မှုရှိလောက်အောင်ထိ ကျယ်ပြန့်စွာမလုပ်ဆောင်ခဲ့ပေ။ လူတို့ကို ကန့်သတ်ရန်နှင့် ထိန်းချုပ်ရန်အတွက် ပညတ်တော်များကို အသုံးပြုခြင်းကိုသာ သူစိတ်ဝင်စားခဲ့သည်။ ထိုအချိန်တုန်းက ဣသရေလလူမျိုးအတွက် ယေဟောဝါသည် ဗိမာန်တော်ထဲ၌ရှိသော ဘုရားသခင်၊ ကောင်းကင်ဘုံရှိ ဘုရားသခင်မျှသာဖြစ်ခဲ့သည်။ သူသည် မိုးတိမ်တိုင်၊ မီးတိုင်ဖြစ်ခဲ့သည်။ ယေဟောဝါဖက်မှ လူအများလုပ်စေရန် တောင်းဆိုခဲ့သည့်အရာမှာ ယနေ့ခေတ် လူများမှ သူ၏ပညတ်တော်များနှင့် နည်းဥပဒေသများအဖြစ် နားလည်ထားကြသည့်၊ စည်းမျဉ်းစည်းကမ်းများဟုပင် ပြောနိုင်သည့်အရာများကို နာခံခြင်းဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ယေဟောဝါ ပြုခဲ့သည့်အရာမှာ လူသားတို့ကို အသွင်သဏ္ဌာန်ပြောင်းလဲစေရန်အတွက် ရည်ရွယ်ခဲ့ခြင်းမဟုတ်ဘဲ လူသားတို့၌ ရှိသင့်ရှိထိုက်သော အရာများကို ပို၍ပေးအပ်ရန်၊ ၎င်း၏နှုတ်ဖြင့် လူသားတို့ကို ကိုယ်တိုင်သွန်သင်ပေးရန် ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ဖန်ဆင်းခြင်းခံရပြီးနောက် လူသားတို့အနေဖြင့် မိမိတို့၌ရှိထားရမည့်အရာများ တစ်ခုမျှ မရှိကြသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာပေါ်၌ သူတို့၏ဘဝအတွက် ပိုင်ဆိုင်ထားသင့်သည်များကို ယေဟောဝါက လူတို့ကို ပေးခဲ့သည်၊ ထိုသို့အားဖြင့် သူဦးဆောင်ခဲ့သော လူတို့မှာ သူတို့၏ ဘိုးဘေးများဖြစ်သော အာဒံနှင့် ဧဝတို့ထက် သာလွန်သွားလေသည်၊ အဘယ်ကြောင့်ဆိုသော် သူတို့ကို ယေဟောဝါပေးခဲ့သည့် အရာမှာ အစဦး၌ အာဒံနှင့် ဧဝတို့ကို ယေဟောဝါပေးခဲ့သည်ထက် ပို၍သာလွန်သောကြောင့်ဖြစ်သည်။ မည်သို့ပင်ဆိုစေ၊ ဣသရေလပြည်၌ ယေဟောဝါပြုခဲ့သည့် အမှုသည် လူသားမျိုးနွယ်ကို လမ်းညွှန်ပေးရန်နှင့် လူသားတို့အနေဖြင့် မိမိတို့၏ဖန်ဆင်းရှင်ကို သိမှတ်စေနိုင်ရန်ဖြစ်သည်။ ယေဟောဝါက လူတို့ကို သိမ်းပိုက်ခြင်း သို့မဟုတ် အသွင်သဏ္ဌာန်ပြောင်းလဲခြင်း မပြုခဲ့ပေ၊ သူတို့ကို လမ်းညွှန်ခြင်းသာ ပြုခဲ့သည်။ ဤသည်တို့မှာ ပညတ်တော်ခေတ်၌ ယေဟောဝါပြုခဲ့သည့် အမှုအားလုံး၏အချုပ်ဖြစ်သည်။ ဤသည်မှာ ဣသရေလပြည် တစ်ဝှမ်းလုံး၌ သူပြုခဲ့သောအမှုနှင့်သက်ဆိုင်သည့် အနှစ်သာရ၏ နောက်ခံသမိုင်း၊ ဖြစ်ရပ်မှန်ဇာတ်ကြောင်းဖြစ်ပြီး လူသားမျိုးနွယ်ကို ယေဟောဝါလက်တော်၏ ထိန်းချုပ်မှုအောက်၌ ထိန်းသိမ်းထားရှိရန်ဖြစ်သည့် သူ၏အနှစ်ခြောက်ထောင်အမှုတော် အစလည်းဖြစ်သည်။ ထိုမှတစ်ဆင့် သူ၏အနှစ်ခြောက်ထောင်စီမံခန့်ခွဲမှု အစီအစဉ်အထဲ၌ သာ၍များသော အမှုတို့ ပေါ်ထွက်လာခဲ့သည်။"

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ

အသိပညာမျာ:


Myanmar Subtitle movieကောင်းကင်နိုင်ငံတော်သားများ

Thursday, November 14, 2019

ဘုရားသခင်၏ အသံတော်း | အခန်း ၁၁

ခရစ်တော်၏ ပြောကြားချက်များ, ဝိညာဉ်, ဆုတောင်, ခရစ်တော်, ရွေးနှုတ်ခြင်း,

ငါသည် သင်၏ဘုရားသခင် မဟုတ်လော။ ငါသည် သင်၏ ရှင်ဘုရင် မဟုတ်လော။ သင့်ရင်တွင်းမှ ငါ့အား ရှင်ဘုရင်အဖြစ် အုပ်စိုးခွင့်ကို သင်အမှန်ခွင့်ပြုပြီးပြီလော။ သင့်ကိုယ်သင် ပြတ်သားစွာ ဆန်းစစ်သင့်၏။ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းမရှိဘဲ အလင်းသစ်ကို ငြင်းပယ်သည့်အပြင် အလင်းလာသောအခါ လိုက်လျှောက်ခြင်းမရှိဘဲ ရပ်တန့်ရန်ပင် လုပ်ဆောင်သည် မဟုတ်လော။ ယင်းအတွက် တရားစီရင်မှုကို ခံရမည်ဖြစ်ပြီး ဘေးဒုက္ခကျရောက်လိမ့်မည်။ တရားစီရင်ခြင်းကို ခံရကာ သံလှံတံဖြင့် ရိုက်ခံရမည်ဖြစ်ပြီး သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုကို ခံစားရမည်မဟုတ်။ အလျင်အမြန် ငိုကြွေးပြီး ငိုကြွေးမြည်တမ်းရင်းဖြင့် ဒူးထောက်လျက် ဝတ်ပြုလိမ့်မည်။ ငါသည် သင့်တို့ကို အမြဲပြောဆိုခဲ့ပြီးပြီ။ သင့်တို့အား အရာရာကို ပြောခဲ့ပြီးဖြစ်သည်။ သေသေချာချာ ပြန်လည်စဉ်းစားလော့။ ငါမပြောဘဲ နေသည့်အခါ ရှိသလော။ မည်သို့ပင်ဆိုစေကာမူ မှားယွင်းသောနည်းလမ်းဖြင့် ဆက်လက် လုပ်ဆောင်နေသူအချို့ ရှိသည်။ သူတို့သည် နေကို ပိတ်ကာထားသော သံသယမြူခိုးများထဲတွင် လမ်းပျောက်နေကြပြီး သူတို့သည် အလင်းကို ဘယ်သောအခါမျှ မမြင်ရကြ။ ယင်းသို့ဖြစ်ရခြင်းမှာ သူတို့၏ “အတ္တ” ဆန္ဒများ လွန်ကဲခြင်းကြောင့် သို့မဟုတ် သူတို့၏ အယူအဆများမှာ အလွန်ကြီးကျယ်နေသောကြောင့် မဟုတ်လော။ သင့်မျက်စိထဲတွင် ငါ့ကို မည်သို့ မြင်သနည်း။ သင့်စိတ်နှလုံးထဲတွင် ငါ့အတွက်နေရာကို မည်သို့ ထားနိုင်သနည်း။ သင်ကျရှုံးသောအခါ၊ သင်မတတ်စွမ်းနိုင်သောအခါနှင့် သင့်တွင် ရွေးချယ်စရာများ မရှိသောအခါများတွင်သာ သင်သည် ငါ့ထံဆုတောင်း၏။ ကောင်းပြီ၊ အဘယ်ကြောင့် သင့်ဘာသာ မလုပ်သနည်း။ သင်တို့တွေ။ သင့်ကို ဖျက်ဆီးသည်မှာ ယခင်ကသင်တို့ကိုယ်တိုင်ပင် ဖြစ်တော့သည်။

Wednesday, November 13, 2019

Myanmar movie Clip (ကိုယ်တော်ရှင် ကြွချီလာခြင်းကိုကြိုဆိုရာမှာ အလွယ်တကူအလုပ်တတ်ဆုံးအမှားတွေက ဘာတွေလဲ)


Myanmar movie Clip (ကိုယ်တော်ရှင် ကြွချီလာခြင်းကိုကြိုဆိုရာမှာ အလွယ်တကူအလုပ်တတ်ဆုံးအမှားတွေက ဘာတွေလဲ)

သင်းအုပ်ဆရာနဲ့သင်းထောက်လူကြီးတွေ ပြောကြတဲ့ "ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေ၊ အမှုတော်တွေအားလုံးဟာ သမ္မာကျမ်းစာထဲမှာပဲရှိတယ်။ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်မှန်သမျှက သမ္မာကျမ်းစာပြင်ပမှာ ပေါ်ပေါက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး" ဆိုတာကို ဘာသာရေးအသိုင်းအဝိုင်းက ယုံကြည်သူအများအပြားဟာ ယုံကြည်ကြပါတယ်။ ဒါပေမဲ့ ဒီလိုပြောဆိုချက်ဟာ သမ္မာကျမ်းစာကို အခြေခံတာလား။ သခင်ယေရှုက ဒီလိုစကားတွေကို ပြောခဲ့လို့လား။ ဗျာဒိတ်ကျမ်းထဲမှာတော့ ဒါကို ကြိမ်ဖန်များစွာ ပရောဖက်ပြုခဲ့ပါတယ်။ "ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူမည်သည်ကား ကြားပါစေ"။ ကိုယ်တော်ရှင်ရဲ့နှုတ်ကပတ်တော်တွေဟာ သိပ်ကိုရှင်းလင်းစွာ ဖွင့်ဆိုပြထားတာပါ။ နောက်ဆုံးသောကာလမှာ ကိုယ်တော်ရှင် ပြန်ကြွတဲ့အခါ၊ သူက ထပ်မံမိန့်ဆိုလိမ့်မယ်။ ကိုယ်တော်ရှင် ကြွလာခြင်းကိုကြိုဆိုတဲ့ကိစ္စမှာတော့ သမ္မာကျမ်းစာကနေ ကင်းကွာခြင်းမရှိဘဲ၊ အသင်းတော်တွေကို ဝိညာဉ်တော်က မိန့်ဆိုတဲ့အရာကိုလည်း မရှာဖွေဘူးဆိုရင်၊ ကျွနု်ပ်တို့ဟာ ကိုယ်တော်ရှင် ကြွလာခြင်းကို ကြိုဆိုနိုင်မှာတဲ့လား။

အကြံပြုစာမျာ:

Myanmar Music Video | “ကောင်းကင်နိုင်ငံတော်သီချင်း- ဘုရားသခင်ရဲ့နိုင်ငံတော် မြေကြီးပေါ် ရောက်လာ”

Tuesday, November 12, 2019

ဝတ်ပြုကိုးကွယ်ခြင်း ဓမ္မသီချင်း | အနန္တတန်ခိုးရှင်ဘုရားကို ကျေးဇူးတင်ချီးမွမ်းပါတယ်

သမ္မာတရား, ဝိညာဉ်တော်, အသက်, ထာဝရအသက်, ချီးမွမ်းခြင်း


ကျွန်ုပ်တို့ ဘုရားရဲ့အသံကိုကြားပြီး
ဘုရားရဲ့ ပလ္လင်တော် ရှေ့ရောက် ခဲ့ ကြပြီ။
ဘုရားရဲ့နှုတ်ကပတ်တော် ကို စားသုံး ပြီး
ဘုရားရဲ့ သမ္မာတရား သိရှိ နားလည်
ဘာသာရေးထုံးတမ်း၊ချည်နှောင်မှုတွေ ကျွန်ုပ်တို့ စွန့်ပစ်ပြီ
စည်းမျဉ်းတွေရဲ့အထိန်းမှ ကျွန်ုပ်တို့စိတ်နှလုံး လွတ်မြောက်ပြီ
ဘုရားရဲ့နှုတ်ကပတ်တော်၌အသက်ရှင်လို့
ပျော်ရွှင်ဝမ်းမြောက်ခြင်းနဲ့ ကျွန်ုပ်တို့ အသက်ရှင်တယ်။
ဘုရားရဲ့နှုတ်ကပတ်တော်၌အသက်ရှင်လို့
ပျော်ရွှင်ဝမ်းမြောက်ခြင်းနဲ့ ကျွန်ုပ်တို့ အသက်ရှင်တယ်။
အနန္တ တန်ခိုးရှင်ဘုရားကို ကျေးဇူးတင် ကာ ချီးမွမ်းနေမယ်
လူတွေကို ကယ်ဖို့ သမ္မာတရား ဖွင့်ပြပေးတယ်
အကျွန်ုပ်တို့ ပြောင်းလဲစေဖို့ရန် နည်းလမ်းတစ်ခုရှိနေတယ်
ဝိုးတဝါးယုံကြည်ခြင်းတွေ လျော့ပါးစေ
ချီးမွမ်းသီဆိုကြမယ်

Monday, November 11, 2019

ခရစ်တော်၏ဖော်ပြချက်များ (ဘုရားသခင်၏ ယနေ့အမှုကို သိသောသူများသာလျှင် ဘုရားသခင်ကို အစေခံနိုင်သည်)


အနန္တတန်ခိုးရှင် ဘုရားသခင်ကပြောသည်- "ဘုရားသခင်ကို သင်ယုံကြည်ခြင်း၌ ဘုရားသခင်ကို သင်မည်သို့ သိကျွမ်းသင့်သနည်း။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ဘုရားသခင်၏ ယနေ့အမှုကို အခြေခံ၍ ဘုရားသခင်ကို သိကျွမ်းလာသင့်ပြီး လမ်းလွဲခြင်း သို့မဟုတ် လွဲမှားစွာယုံကြည်ခြင်း မရှိဘဲ အခြားသောအရာများထက် ဘုရားသခင်၏ အမှုကို သိကျွမ်းသင့်သည်။ ဤအရာသည် ဘုရားသခင်ကို သိကျွမ်းခြင်း၏ အခြေခံအုတ်မြစ် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖြူစင်စွာ လက်ခံခြင်း ကင်းမဲ့သော လွဲမှားသည့် ထိုယုံကြည်ချက်အမျိုးမျိုးတို့သည် ဘာသာရေးအယူအဆများသာဖြစ်ပြီး လွဲချော်၍ မှားယွင်းနေသော လက်ခံချက်သာ ဖြစ်သည်။ ထင်ရှားသော ဘာသာရေးသမားတို့၏ အကြီးမားဆုံး စွမ်းရည်မှာ အတိတ်က လက်ခံထားကြသော ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုယူ၍ ဘုရားသခင်၏ ယနေ့နှုတ်ကပတ်တော်များနှင့် တိုက်ဆိုင် စစ်ဆေးခြင်း ဖြစ်သည်။ သင်သည် ယနေ့၏ ဘုရားသခင်ကို အစေခံရာတွင် အတိတ်၌ သန့်ရှင်းသောဝိညာဉ်တော်က ဉာဏ်ပွင့်လင်းစေရန် ဖွင့်ပြခဲ့သော အရာများကို ဖက်တွယ်ထားပါက သင်၏အစေခံခြင်းသည် အနှောင့်အယှက်ဖြစ်စေပြီး သင်၏လက်တွေ့ကျင့်သုံးခြင်းသည် ခေတ်နောက်ကျကာ ဘာသာရေးအခမ်းအနား သက်သက်သာ ဖြစ်နေလိမ့်မည်။ ... ဘုရားသခင်သည် အတိတ်၌ မိမိပြောဆို၍ လုပ်ဆောင်ခဲ့သော အရာများကို လွမ်းဆွတ်တမ်းတနေခြင်း မရှိဘဲ ထိုအရာများသည် ခေတ်ကုန်သွားပါက သူဖယ်ရှားသုတ်သင်လိုက်သည်။ သင်၏အယူအဆများကို ဧကန်အမှန်ပင် သင်စွန့်လွှတ်နိုင်သည် မဟုတ်လော။ သင်သည် အတိတ်က ဘုရားသခင် ပြောခဲ့သည့် နှုတ်ကပတ်တော်များကို ဖက်တွယ်ထားပါက ၎င်းက ဘုရားသခင်၏အမှုကို သင်သိသည်ဟု သက်သေထူပေးသလော။ သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ ယနေ့အလင်းကို လက်မခံနိုင်ဘဲ အတိတ်က အလင်းကို ဖက်တွယ်ထားပါက ထိုအရာက ဘုရားသခင်၏ ခြေလှမ်းများကို သင်လိုက်လျှောက်သည်ဟု သက်သေထူပေးသလော။ ဘာသာရေး အယူအဆများကို သင်မစွန့်လွှတ်နိုင်ဘဲ ရှိနေသေးသလော။ ထိုသို့ဖြစ်ပါက သင်သည် ဘုရားသခင်ကို ဆန့်ကျင်သူတစ်ဦး ဖြစ်လာလိမ့်မည်။"

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ

အကြံပြုစာမျာ:

Myanmar Subtitle Movies 2019ကောင်းကင်နိုင်ငံတော်သားများ

Sunday, November 10, 2019

Myanmar Song Collection - အကောင်းဆုံးတေးများ ၂၀၁၉ ချီးမွမ်းခြင်းနှင့် ဝတ်ပြုကိုးကွယ်ခြင်း


Myanmar Song Collection - အကောင်းဆုံးတေးများ ၂၀၁၉ ချီးမွမ်းခြင်းနှင့် ဝတ်ပြုကိုးကွယ်ခြင်


00:06:26:01 (ဘုရားသခင်၏ခြေရာတော်များအားမည်ကဲ့သို့ရှာရမည် နည်း)

00:11:24:05 (အချစ်ဆုံးအဖြစ်လူကို ဘုရားမှတ်ယူ)

00:15:21:29 (ကိုယ်ကျိုးမငဲ့သော ဘုရားရဲ့မေတ္တာနဲ့သဘောသဘာဝ)

00:20:08:22 (အစွန်းအထင်းမရှိ ဖြူစင်သောမေတ္တာ)

00:25:01:27 (နောက်ဆုံးသောကာလ ခရစ်တော်သည် နိုင်ငံတော်ခေတ်ကို ယူဆောင်လာပြီ)

00:28:56:26 (လူ့ဇာတိခံယူသောဘုရား လူသားကို ခေတ်သစ်ဆီ ပို့ဆောင်)

00:32:42:06 (အမှုတော်သစ်လက်ခံသူများ မင်္ဂလာရှိ)

00:37:42:14 (ဘုရားဟာလူသားတို့အတွက် ပိုလှပတဲ့မနက်ဖြန်ကိုဖန်ဆင်းပေး)

00:41:54:19 (မြေကြီးတစ်ခုလုံး ဝမ်းမြောက်ရွှင်လန်း၍ ဘုရားသခင်ကို ချီးမွမ်းကြစေ)

00:46:23:24 (ရိုးသောသူတို့အား ဘုရားသခင်ကောင်းချီးပေးတော်မူ၏)

00:50:34:04 (မှန်ကန်သော ဆုတောင်းခြင်းအမှုကို ဆောင်ရွက်နည်း)

00:55:52:09 (အမှန်တရား တောင့်တသူတွေသာ ဘုရားသခင်ကို မြင်ရလိမ့်မည်)

00:59:54:05 (ဘုရားရဲ့ ကောင်းချီးအပေါ်ထားတဲ့ ယောဘရဲ့ သဘောထား)

01:03:50:07 (လူတို့၏ကံကြမ္မာကို ဂရုပြုကြလော့)

01:07:09:07 (ဘုရားပေးတာဝန်ဆောင်ရွက်ဖို့ စိတ်နဲ့ခန္ဓာ ပေးအပ်စို့)

များပြားသောအကြံပြုချက်များ

Myanmar Music Video | “ကောင်းကင်နိုင်ငံတော်သီချင်း- ဘုရားသခင်ရဲ့နိုင်ငံတော် မြေကြီးပေါ် ရောက်လာ”

Saturday, November 9, 2019

ဘုရားသခင်၏ ပြောဆိုသံး | အခန်း ၁၀

အသက်, ချီးမွမ်းခြင်း, သမ္မာတရား, နောက်ဆုံးကာလ,

သင်သည် ဤအရာ ထိုအရာတို့ကို ကြောက်ရွံ့ခြင်းမရှိအပ်။ မည်မျှများပြားသော အခက်အခဲများနှင့် အန္တရာယ်များ ကြုံတွေ့စေကာမူ သင်သည် ငါ၏ရှေ့၌ မြဲမြံလျက်နေလော့။ ငါ၏အလိုတော်ကို လိုက်နာဆောင်ရွက်စိမ့်သောငှာ မည်သည့်အရာ၏ နှောက်ယှက်ခြင်းကိုမျှ မခံကြနှင့်။ ဤသည်မှာ သင်၏တာဝန်ဖြစ်သည်။ သို့မဟုတ်ပါက ငါ၏ အမျက်ဒေါသကို ရင်ဆိုင်ရမည်ဖြစ်ပြီး ငါ၏လက်သည်... ထို့နောက် သင်သည် မကုန်ဆုံးသော စိတ်ဆင်းရဲဒုက္ခကို ခံစားရမည်။ သင်သည် အရာခပ်သိမ်းကို တောင့်ခံရမည်။ သင်သည် ကိုယ်၌ရှိသမျှ အရာအားလုံး စွန့်လွှတ်ရမည်။ ငါ၏နောက်သို့လိုက်ရန် သင်တတ်နိုင်သော အမှုခပ်သိမ်းကို ဆောင်ရွက်ရမည်၊ ငါ့အတွက် ကုန်ကျစရိတ်အလုံးစုံ ပေးဆပ်ရမည်။ ဤအချိန်အခါသည် သင့်ကို ငါစုံစမ်းမည့်အချိန်ဖြစ်သည်။ သင်သည် ငါ့အပေါ်တွင် သစ္စာစောင့်သိမည်လော။ သင်သည် လမ်းဆုံးတိုင် ငါ့နောက်သို့ သစ္စာရှိစွာ လိုက်မည်လော။ ကြောက်ရွံ့ခြင်းမရှိနှင့်။ ငါ၏မစခြင်းအားဖြင့် အဘယ်သူသည် သင်၏လမ်းကို ပိတ်ပင်တားဆီးနိုင်မည်နည်း။ ဤသည်ကို အောက်မေ့ကြလော့။ သတိရကြလော့။ ဖြစ်သမျှအရာရာတို့သည် ငါ၏ကောင်းမွန်သော ရည်ရွယ်ချက်ကြောင့်ဖြစ်လျက် အရာရာတို့သည် ငါ၏ စောင့်ကြည့်ခြင်းအောက်၌ရှိ၏။ သင်၏ စကားတိုင်းနှင့် ဆောင်ရွက်ချက်တိုင်းတွင် ငါ၏နှုတ်ကပတ်တော်အတိုင်း လိုက်နာနိုင်မည်လော။ မီးနှင့်စစ်ဆေးခြင်းအချိန်အခါ ရောက်ရှိသောအခါ သင်သည်ဒူးထောက်၍ ခေါ်မည်လော။ သို့မဟုတ် သင်သည် တွန့်ဆုတ်၍ ရှေ့သို့မရွေ့နိုင် ဖြစ်မည်လော။

Friday, November 8, 2019

ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည် - အပိုင်း နှစ်



အနန္တတန်ခိုးရှင် ဘုရားသခင်ကပြောသည်- "အနားယူခြင်းထဲသို့ ဝင်ရောက်မှုဆိုသည်မှာ အလုံးစုံသော အရာတို့ ရပ်တန့်သွားခြင်း သို့မဟုတ် အလုံးစုံသော အရာတို့ ဖွံ့ဖြိုးမှု မရှိတော့ခြင်းကို မဆိုလိုသကဲ့သို့ ဘုရားသခင်က အလုပ်လုပ်မှု ရပ်တန့်သွားခြင်း သို့မဟုတ် လူသားများ အသက်ရှင်မှု မရှိတော့ခြင်းကိုလည်း မဆိုလိုပေ။ အနားယူခြင်းထဲသို့ ဝင်ရောက်သည့် လက္ခဏာမှာ ဤသို့ဖြစ်သည်၊ စာတန်သည် ဖျက်ဆီးခြင်းခံခဲ့ရသည်၊ စာတန်၏ မကောင်းမှုပြုခြင်းတွင် ၎င်းနှင့် ပါဝင်ကြသော ထိုကောက်ကျစ်စဉ်းလဲသူများသည် အပြစ်ဒဏ်ပေးခြင်းခံရကာ ဖယ်ရှားခံခဲ့ရသည်၊ ဘုရားသခင်ကို ရန်လိုသည့် အင်အားစုအားလုံးသည် တည်ရှိခြင်း မရှိကြတော့။ အနားယူခြင်းထဲသို့ ဘုရားသခင်ဝင်ရောက်ခြင်း ဆိုသည်မှာ လူသားများအား ကယ်တင်ခြင်းအမှုကို သူမလုပ်ဆောင်တော့ခြင်းကို ဆိုလိုသည်။ အနားယူခြင်းထဲသို့ လူသားတို့ ဝင်ရောက်ခြင်းဆိုသည်မှာ လူသားအားလုံးတို့သည် ဘုရားသခင်၏အလင်းအတွင်းနှင့် သူ၏ကောင်းချီးမင်္ဂလာအောက်တွင် နေထိုင်ခြင်းကို ဆိုလိုသည်။ စာတန်၏ ဖျက်ဆီးခြင်းတို့ ရှိတော့မည်မဟုတ်သကဲ့သို့ မဖြောင့်မတ်သော အရာများလည်း ဖြစ်ပေါ်တော့မည်မဟုတ်ချေ။ လူသားတို့သည် ကမ္ဘာမြေကြီးပေါ်တွင် ပုံမှန်နေထိုင်ကြလိမ့်မည်ဖြစ်ပြီး၊ သူတို့သည် ဘုရားသခင်၏ စောင့်ရှောက်မှုအောက်တွင် နေထိုင်ကြလိမ့်မည်။ ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်သည့်အခါ လူသားတို့သည် ကယ်တင်ခြင်းခံရပြီးဖြစ်ပြီး စာတန်သည်လည်း ဖျက်ဆီးခြင်းခံရပြီး ဖြစ်ကာ လူသားတို့အကြား ဘုရားသခင်၏အမှု လုံးဝဥဿုံပြီးဆုံးသွားပြီဟု အဓိပ္ပာယ်ရလိမ့်မည်။ ဘုရားသခင်သည် လူတို့အကြားတွင် အလုပ်ဆက်လုပ်တော့မည် မဟုတ်ဘဲ၊ လူသားတို့သည်လည်း စာတန်၏ အုပ်စိုးမှုအောက်တွင် နေထိုင်ကြတော့မည်မဟုတ်ပေ။ သို့ဖြစ်ရာ ဘုရားသခင်သည် ဆက်လက်အလုပ်မများတော့ဘဲ လူသားသည်လည်း ဟိုဟိုသည်သည် ပြေးလွှားလှုပ်ရှားတော့မည် မဟုတ်ပေ။ ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ တစ်ပြိုင်နက် ဝင်ရောက်ကြလိမ့်မည်။"

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ

များပြားသောအကြံပြုချက်များ

Myanmar Subtitle Movies 2019ကောင်းကင်နိုင်ငံတော်သားများ