အနန္တတန်ခိုးရှင် ဘုရားသခင်ကပြောသည်- "ဘုရားသခင်ကို သင်ယုံကြည်ခြင်း၌ ဘုရားသခင်ကို သင်မည်သို့ သိကျွမ်းသင့်သနည်း။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ဘုရားသခင်၏ ယနေ့အမှုကို အခြေခံ၍ ဘုရားသခင်ကို သိကျွမ်းလာသင့်ပြီး လမ်းလွဲခြင်း သို့မဟုတ် လွဲမှားစွာယုံကြည်ခြင်း မရှိဘဲ အခြားသောအရာများထက် ဘုရားသခင်၏ အမှုကို သိကျွမ်းသင့်သည်။ ဤအရာသည် ဘုရားသခင်ကို သိကျွမ်းခြင်း၏ အခြေခံအုတ်မြစ် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖြူစင်စွာ လက်ခံခြင်း ကင်းမဲ့သော လွဲမှားသည့် ထိုယုံကြည်ချက်အမျိုးမျိုးတို့သည် ဘာသာရေးအယူအဆများသာဖြစ်ပြီး လွဲချော်၍ မှားယွင်းနေသော လက်ခံချက်သာ ဖြစ်သည်။ ထင်ရှားသော ဘာသာရေးသမားတို့၏ အကြီးမားဆုံး စွမ်းရည်မှာ အတိတ်က လက်ခံထားကြသော ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုယူ၍ ဘုရားသခင်၏ ယနေ့နှုတ်ကပတ်တော်များနှင့် တိုက်ဆိုင် စစ်ဆေးခြင်း ဖြစ်သည်။ သင်သည် ယနေ့၏ ဘုရားသခင်ကို အစေခံရာတွင် အတိတ်၌ သန့်ရှင်းသောဝိညာဉ်တော်က ဉာဏ်ပွင့်လင်းစေရန် ဖွင့်ပြခဲ့သော အရာများကို ဖက်တွယ်ထားပါက သင်၏အစေခံခြင်းသည် အနှောင့်အယှက်ဖြစ်စေပြီး သင်၏လက်တွေ့ကျင့်သုံးခြင်းသည် ခေတ်နောက်ကျကာ ဘာသာရေးအခမ်းအနား သက်သက်သာ ဖြစ်နေလိမ့်မည်။ ... ဘုရားသခင်သည် အတိတ်၌ မိမိပြောဆို၍ လုပ်ဆောင်ခဲ့သော အရာများကို လွမ်းဆွတ်တမ်းတနေခြင်း မရှိဘဲ ထိုအရာများသည် ခေတ်ကုန်သွားပါက သူဖယ်ရှားသုတ်သင်လိုက်သည်။ သင်၏အယူအဆများကို ဧကန်အမှန်ပင် သင်စွန့်လွှတ်နိုင်သည် မဟုတ်လော။ သင်သည် အတိတ်က ဘုရားသခင် ပြောခဲ့သည့် နှုတ်ကပတ်တော်များကို ဖက်တွယ်ထားပါက ၎င်းက ဘုရားသခင်၏အမှုကို သင်သိသည်ဟု သက်သေထူပေးသလော။ သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ ယနေ့အလင်းကို လက်မခံနိုင်ဘဲ အတိတ်က အလင်းကို ဖက်တွယ်ထားပါက ထိုအရာက ဘုရားသခင်၏ ခြေလှမ်းများကို သင်လိုက်လျှောက်သည်ဟု သက်သေထူပေးသလော။ ဘာသာရေး အယူအဆများကို သင်မစွန့်လွှတ်နိုင်ဘဲ ရှိနေသေးသလော။ ထိုသို့ဖြစ်ပါက သင်သည် ဘုရားသခင်ကို ဆန့်ကျင်သူတစ်ဦး ဖြစ်လာလိမ့်မည်။"
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ
အကြံပြုစာမျာ:
Myanmar Subtitle Movies 2019 | ကောင်းကင်နိုင်ငံတော်သားများ
No comments:
Post a Comment