菜單

မူလစာမျက်နှာ သတင်းအချက်အလက် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ လွတ်လပ်မှန်ကန်တဲ့လူ့အခွင့်အရေး ကယ်တင်ရှင်ပြန်ကြွလာပြီ ဧဝံဂေလိတရားတော် ကောင်းကင်နိုင်ငံတော်သီချင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ အမှန်တရားကို ဖေါ်ထုတ်ခြင်း နိုင်ငံတော် ချီးမွမ်းခြင်း တေးဂီတ

Monday, September 30, 2019

Myanmar Christian Song | ငယ်ရွယ်သူတို့ လုပ်ဆောင်ရမည့်အချက်များ


Myanmar Christian Song | ငယ်ရွယ်သူတို့ လုပ်ဆောင်ရမည့်အချက်များ


အာဃာတဖြင့် ရှုမြင်ခြင်းနှင့် လှည့်ဖြားခြင်းသည်

လူငယ်များ၌ ရှိရမည့်အရာမဟုတ်။

ရွံမုန်းဖွယ်ကောင်းသောအဖျက်နည်းလမ်းတို့ကို

လူငယ်များ မကျင့်ကြံသင့်။

သူတို့၌ ရည်မှန်းချက်များ ရှိရမည်၊

ရှေ့သို့ တက်လှမ်းနိုင်ရန် ကြိုးစားရမည်၊

သူတို့ မျှော်လင့်စိတ်များ မကုန်ဆုံးသင့်ပါ။

ဘဝ၊ အနာဂတ်တွင် ယုံကြည်မှု ရှိသင့်သည်။

လူငယ်တို့တွင် အကောင်းအဆိုးသိမြင်ရန်နှင့်

သမ္မာတရားနှင့် တရားမျှတမှုကို ရှာဖွေရန် စိတ်ဆုံးဖြတ်သင့်သည်။

ကောင်းသော အရာဟူသမျှကို ကျင့်ကြံလိုက်စားပါ၊

ကောင်းသောအရာတို့၏ စစ်မှန်မှုကို သိနားလည်သင့်

ဘဝအပေါ် တာဝန်ကျေပါစေ။

ဤအရာကို ပေါ့တန်စွာ သဘောမထားရ။

Sunday, September 29, 2019

မိုက်မဲသော အပျိုကညာများသည် မည်သို့ ဖော်ထုတ်ခံရပြီး ပယ်ရှင်းခံရပါသနည်း။

သမ္မာကျမ်းစာ, သမ္မာတရား, ဆုတောင်း, အသင်းတော်, ယုံကြည်ခြင်း

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

ငါ့ဘက်၌ မနေသောသူသည် ငါ့ရန်ဘက်ဖြစ်၏။ ငါနှင့်အတူ မစုမသိမ်းသောသူသည် ကြဲဖြန့်သောသူ ဖြစ်၏။” (ရှင်လုကာခရစ်ဝင် ၁၁:၂၃)

“လက်တော်တွင် စံကောပါလျက်၊ မိမိကောက်နယ်တလင်းကို ရှင်းလင်းစေသဖြင့်၊ မိမိဂျုံစပါးကို ကျီ၌ စုသိမ်းသွင်းထား၍၊ အဖျင်းကိုကား မငြိမ်းနိုင်သောမီးနှင့် ရှိတော်မူလတံ့ဟု ယောဟန်ဟောပြော၏။” (ရှင်မဿဲခရစ်ဝင် ၃:၁၂)

ကြည့်ရှုလော့။ မိုဃ်းတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊ ကိုယ်တော်ကို ထိုးဖောက်သော သူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရ ကြလိမ့်မည်။ မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမည်တမ်းရကြလိမ့်မည်။” (ဗျာဒိတ်ကျမ်း ၁:၇)

Saturday, September 28, 2019

“ကောင်းကင်နိုင်ငံတော်သီချင်း- ဘုရားသခင်ရဲ့နိုင်ငံတော် မြေကြီးပေါ် ရောက်လာ” | အမြည်းနမူနာအရှည်


အလွန်စိတ်လှုပ်ရှားစရာကောင်းသော နိုင်ငံတော် သီချင်းသည် လူတို့ကြား ဘုရားသခင် ကြွရောက်ခြင်းကို စကြဝဠာတစ်ခွင်လုံးဆီ ကြေငြာရင်း ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။ ဘုရားသခင်၏ နိုင်ငံတော် တည်လေပြီ။လူအားလုံး ရွှင်မြူးကြသည်။ အရာခပ်သိမ်း ဝမ်းမြောက်ကြသည်။ကောင်းကင်တစ်ခုလုံးက အရာရာတိုင်းသည် ပျော်ရွှင်မြူးထူးသံဖြင့် ပြည့်နှက်လေသည်။ အဘယ်မျှ ညို့ယူဖမ်းစားသော ဝင့်ကြွားခြင်း မြင်ကွင်းများ ဖြစ်လိုက်ပါသနည်း။

နာကျင်မှုတွင် အသက်ရှင်ပြီး စာတန်၏ ဖောက်ပြန်ပျက်စီးခြင်းကို နှစ်ထောင်ပေါင်းများစွာ ကြံ့ကြံ့ခံခဲ့သူ လူကြားတွင်၊ အဘယ်သူသည် ဘုရားသခင်၏ ကြွရောက်ခြင်းကို မတောင့်တ၊ မတမ်းတဘဲ ရှိသနည်း။ ခေတ်ကာလတစ်လျှောက် ဘုရားသခင်၏ ယုံကြည်သူများနှင့် နောက်လိုက် မည်မျှသည် စာတန်၏ လွှမ်းမိုးမှုအောက်တွင်၊ ဆင်းရဲဒုက္ခ၊ အခက်အခဲ၊ နှိပ်စက်ညှင်းပန်းမှုနှင့် ဖယ်ကြဉ်ခြင်းကို ခံခဲ့ရပါသနည်း။ ကောင်းကင်နိုင်ငံတော် မကြာခင် ကြွလာတော့မည်ကို မည်သူ မမျှော်လင့်ဘဲနေသနည်း။ လူသားမျိုးနွယ်၏ ဝမ်းမြောက်ခြင်းနှင့် ဝမ်းနည်းခြင်းတို့ကို မြည်းစမ်းရင်းဖြင့်၊ သမ္မာတရားနှင့် ဖြောင့်မတ်ခြင်းက လူကြားတွင် တန်ခိုးအာဏာကိုင်စွဲသည်ကို လူသားမျိုးနွယ်ထဲက မည်သူက ဆန္ဒမရှိဖြစ်ပါသနည်း။

Friday, September 27, 2019

【Live】Christian Movie Myanmar | သိုးသငယ်၏ ခြေလှမ်းများနောက် သင်လိုက်ပြီးပြီလား

My understanding:

From this brisk hymn, it lets me understand that only by putting down our notions to humbly seek and accept God's new work, can we gain the truth and be saved by God. These are the ones who are most blessed.



"သမ္မာကျမ်းစာထဲက ဗျာဒိတ်ကျမ်းမှာ သိုးသငယ် သွားလေရာရာအရပ်သို့ နောက်တော်၌ လိုက်သောသူဖြစ်ကြ၏။ လူတို့ အထဲကရွေးနှုတ်၍ ဘုရားသခင်နှင့် သိုးသငယ်အဘို့ အဦးသီးသော အသီးဖြစ်ကြ၏” လို့ ကြိုတင်ဟောကိန်းထုတ်ထားပါတယ်။ (ဗျာဒိတ် ၁၄:၄)
ဘာကြောင့်လဲဆိုရင် ဒီလိုလူတွေကပဲ ကောင်းကင်နိုင်ငံတော်ထဲကို ဝင်ပြီး၊ ဘုရားသခင်ရဲ့ ထာဝရ ကောင်းချီးမင်္ဂလာတွေကို မွေ့လျော်ခံစားရမှာ ဖြစ်လို့ပါ။ သခင့်အပေါ် စစ်မှန်စွာ ယုံကြည်တဲ့သူတွေအားလုံးဟာ သိုးသငယ်ရဲ့ ခြေလှမ်းတွေနောက်လိုက်ပြီး အဦးသီးသော အသီးတွေဖြစ်နိုင်တယ်လို့ ကျွန်တော်တို့ ယုံကြည်ကြပါတယ်။
ယခု နောက်ဆုံးသောကာလ ရောက်နှင့်ပြီဖြစ်ပါတယ်။ ပြီးတော့ သခင်က သူ့ရဲ့အမှုတော်ကို ဆောင်ရွက်ဖို့ ပေါ်ထွန်းတဲ့ တကယ့်အခါသမယပဲဖြစ်ပါတယ်။
သိုးသငယ်ရဲ့ ခြေလှမ်းတွေကို သင်တို့ ရှာတွေ့ပြီးပြီလား။ ဘုရားသခင်ရဲ့ ခြေလှမ်းတွေနောက်ကို ဘယ်လိုလိုက်ရမယ်ဆိုတာ သိချင်နေပါသလား။ ဒီအစီအစဉ်က မိတ်ဆွေတို့ကို လမ်းပြပါလိမ့်မည်။ ကျေးဇူးပြုပြီး ဂရုတစိုက် ကြည့်ရှုပေးပါ။"

များပြားသောအကြံပြုချက်များ

ဘုရားသခင်၏ ကျေးဇူးတော်ကို သက်သေခံချက်များ
နောက်ဆုံးသောကာလ, ကောင်းကင်နိုင်ငံတော်, သမ္မာကျမ်းစာ,သက်သေခံချက်များ,ပရောဖက်ပြုချက်

Thursday, September 26, 2019

နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ (လက်တွေ့ကျခြင်းကို မည်သို့သိမည်နည်း)


ဘုရားသခင်သည် လက်တွေ့ကျသော ဘုရားသခင်ဖြစ်သည်။ ကိုယ်တော်၏ လုပ်ဆောင်မှုအားလုံး လက်တွေ့ကျပြီး ကိုယ်တော်ပြောသည့် နှုတ်ကပတ်တော်အားလုံးသည် လက်တွေ့ကျကာ ကိုယ်တော်ဖော်ပြသည့် သမ္မာတရားအားလုံးသည် လက်တွေ့ကျသည်။ ကိုယ်တော်၏ နှုတ်ကပတ်တော် မဟုတ်သော အရာအားလုံးသည် အသိဉာဏ်ပညာ ကင်းမဲ့၏၊ အမှန်တကယ်မရှိ၊ မခိုင်လုံပေ။ ယနေ့တွင် သန့်ရှင်းသောဝိညာဉ်တော်သည် လူတို့အား ဘုရားသခင်၏နှုတ်ကပတ်တော်သို့ လမ်းပြရန်ဖြစ်သည်။ အကယ်၍ လူတို့သည် လက်တွေ့ကျခြင်းသို့ ၀င်ရောက်ရမည်ဆိုပါက စစ်မှန်ခြင်းကို ရှာဖွေရမည်၊ စစ်မှန်ခြင်းကို သိရမည်။ ထို့နောက် ၎င်းတို့သည် လက်တွေ့ကျခြင်းကို ကျင့်သုံးပြီး လက်တွေ့ကျခြင်း၌ အသက်ရှင်နေထိုင်ရမည်။ လူတို့သည် လက်တွေ့ကျခြင်းကို သိရှိမှုများလေလေ၊ အခြားသူများ၏ စကားလုံးများသည် အမှန်တကယ် ဟုတ်မဟုတ်ကို ပြောဆိုနိုင်လေလေ ဖြစ်မည်။ လက်တွေ့ကျခြင်းကို သိရှိမှုများလေလေ၊ စိတ်ကူးစိတ်သန်းများ နည်းလေလေဖြစ်မည်။ လက်တွေ့ကျခြင်းကို တွေ့ကြုံမှုများလေလေ၊ လက်တွေ့ကျသော ဘုရားသခင်၏ လုပ်ဆောင်မှုတို့ကို သိလေလေဖြစ်ပြီး၊ ထိုသူတို့သည် ၎င်းတို့၏ဖောက်ပြန်မှု၊ စာတန်ဆန်သော စိတ်သဘောထားတို့မှ လွတ်မြောက်နိုင်လိမ့်မည်၊ လူတို့တွင် လက်တွေ့ကျခြင်း ရှိလေလေ၊ ဘုရားသခင်အား ၎င်းတို့ပိုမို သိရှိလေလေဖြစ်ပြီး၊ ထိုသူတို့သည် ဇာတိပကတိကို မုန်းတီး၍ သမ္မာတရားကို ချစ်မြတ်နိုးလေလေ ဖြစ်မည်၊ လူတို့သည် လက်တွေ့ကျခြင်းရှိလေလေ၊ ဘုရားသခင်၏ သတ်မှတ်ချက်များ၏ စံချိန်စံညွှန်းများနှင့် နီးစပ်လေလေဖြစ်မည်။

များပြားသောအကြံပြုချက်များ

အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်- နိုင်ငံတော်၏ ကယ်တင်ခြင်း

Wednesday, September 25, 2019

မိုက်မဲသော အပျိုကညာများမှာ အမှန်တကယ် မည်သည့်အရာဖြစ်သနည်း။

ယေရှု, သမ္မာတရား, အသင်းတော်, ဆုတောင်း, ဘုရားသခင်

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

ထိုအခါ ကောင်းကင်နိုင်ငံတော်သည်ကား၊ မင်္ဂလာဆောင်လုလင်ကို ခရီးဦးကြိုပြုအံ့သောငှါ မီးခွက်ကို ကိုင်ယူ၍ ထွက်သွားသောသတို့သမီးတကျိပ်နှင့်တူ၏။… ငါးယောက်မူကား အမိုက်ဖြစ်ကြ၏။ မိုက်သောသူတို့သည် မီးခွက်တို့ကိုသာယူ၍ ဆီကို မယူကြ။… မင်္ဂလာဆောင်လုလင်သည် မလာဘဲနေစဉ်၊ ထိုသတို့သမီးအပေါင်းတို့သည် ငိုက်၍အိပ်ပျော်ကြ၏။ သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှါ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်၊ ထိုသတို့သမီးအပေါင်းတို့သည် ထ၍မီးခွက်များကို ပြင်ဆင်ကြ၏။ မိုက်သောသူတို့က ငါတို့ဆီမီးသေပါပြီ။ သင်တို့ ဆီကိုအနည်းငယ်ပေးပါဟု ပညာရှိသောသူတို့အား တောင်းကြ၏။ ပညာရှိသောသူတို့ကလည်း သင်တို့အဘို့နှင့် ငါတို့အဘို့ ဆီမလောက်။ ထို့ကြောင့် ဆီရောင်းသောသူ ရှိရာသို့သွား၍ ကိုယ်သုံးဘို့ဝယ်လျှင် သာ၍ကောင်းသည်ဟု ပြန်ပြောကြ၏။ ထိုသူတို့သည် ဆီဝယ်သွားသည်အခိုက်တွင် မင်္ဂလာဆောင်လုလင်သည်လာ၍၊ အသင့်ရှိသော သတို့ သမီးတို့သည် လုလင်နှင့်အတူ ပွဲသို့ဝင်ကြပြီးလျှင် တံခါးကိုပိတ်ထား၏။ ထိုနောက် ကြွင်းသောသတို့သမီးတို့သည်လာ၍ အရှင်၊ အရှင်၊ ကျွန်မတို့အား တံခါးကိုဖွင့်ပါဟု တောင်းလျှောက်ကြသော်၊ အရှင်ကလည်း၊ ငါအမှန်ဆိုသည်ကား၊ သင်တို့ကို ငါမသိဟု ပြန်ပြောလေ၏။” (ရှင်မဿဲခရစ်ဝင် ၂၅:၁-၃၊၅-၁၂)
သင်တို့သည် ကြားလျက်ပင် အနက်ကိုနားမလည် ဘဲ ကြားကြလိမ့်မည်။ မြင်လျက်ပင် အာရုံမပြုဘဲမြင်ကြလိမ့်မည်။ အကြောင်းမူကား၊ ဤလူမျိုးသည် မျက်စိမမြင်၊ နားမကြား၊ စိတ်နှလုံးမသိ၊ အကျင့်မပြောင်းလဲ၊ သူတို့ အနာရောဂါကို ငါမငြိမ်းစေရသည်တိုင်အောင်၊ သူတို့စိတ်နှလုံးသည်မိုက်လျက်၊ နားသည်ထိုင်းလျက်၊ ကိုယ် မျက်စိကိုပိတ်လျက်ရှိကြ၏ဟူသောစကားသည် ဤလူတို့၌ ပြည့်စုံခြင်းသို့ရောက်သတည်း။” (ရှင်မဿဲခရစ်ဝင် ၁၃:၁၄-၁၅)


ဘုရားသခင်၏ ဂန္တဝင် နှုတ်ကပတ်တော်များ–

“‘ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူ မည်သည် ကားကြားပါစေ။’ သန့်ရှင်းသောဝိညာဉ်တော်၏ ထိုနှုတ်ကပတ်တော်များကို သင်တို့ကြားဖူးသလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက သင်တို့အပေါ်သို့ သက်ရောက်လာလေပြီ။ သင်တို့ကြားရသလော။ နောက်ဆုံးသောကာလတွင် နှုတ်ကပတ်တော်၏အမှုကို ဘုရားသခင်ဆောင်ရွက်သည်၊ အဆိုပါနှုတ်ကပတ်တော်များက သန့်ရှင်းသော ဝိညာဉ်တော်၏ နှုတ်ကပတ်တော်များဖြစ်သည်၊ အဘယ်ကြောင့်ဆိုလျှင် ဘုရားသခင်သည် သန့်ရှင်းသော ဝိညာဉ်တော်ဖြစ်ပြီး လူ့ဇာတိလည်း ဖြစ်လာနိုင်သောကြောင့်ဖြစ်သည်၊ ထို့ကြောင့် ယခင်က မြွက်ဟပြောဆိုခဲ့သည့်အတိုင်း သန့်ရှင်းသော ဝိညာဉ်တော်၏ နှုတ်ကပတ်တော်များမှာ ယနေ့ လူ့ဇာတိခံယူသော ဘုရားသခင်၏ နှုတ်ကပတ်တော်များပင် ဖြစ်၏။ သန့်ရှင်းသော ဝိညာဉ်တော်၏ နှုတ်ကပတ်တော်များမှာ ကောင်းကင်ဘုံမှ လူသားတို့၏နားသို့ ကြွဆင်းလာသင့်သည်ဟု ယုံကြည်နေကြသည့် စိတ်ပျက်ဖွယ်လူသား အများအပြားရှိသည်။ ဤသို့တွေးထင်သောသူ မှန်သမျှမှာ ဘုရားသခင်၏အမှုကို သိကျွမ်းခြင်း မရှိကြပေ။… ဘုရားသခင် လူ့ဇာတိဖြစ်လာသည်ကို ငြင်းပယ်သူများမှာ ဝိညာဉ်တော်ကိုဖြစ်စေ ဘုရားသခင် ဆောင်ရွက်သည့် နိယာမများကိုဖြစ်စေ မသိရှိသူများ ဖြစ်သည်။ ယခုအချိန်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ခေတ်ကာလဟု ယုံကြည်သော်လည်း သူ၏အမှုသစ်ကို လက်မခံသေးသည့် သူများမှာ မသေချာ မရေရာသော ယုံကြည်မှုဖြင့် ရှင်သန်နေကြသူများ ဖြစ်သည်။ လူသားတို့၏ ထိုအမူအကျင့်က သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို မည်သည့်အခါမျှ လက်သင့်ခံမည် မဟုတ်ပေ။ လူ့ဇာတိခံယူသော ဘုရားသခင်၏ အမှုကိုဖြစ်စေ၊ နှုတ်ကပတ်တော်များကိုဖြစ်စေ လက်မခံသေးဘဲ သန့်ရှင်းသော ဝိညာဉ်တော်အား တိုက်ရိုက်မိန့်ဆိုစေလို၍ သူ၏အမှုကို ဆောင်ရွက်ရန်အတွက်သာ အလိုရှိသူများသည် ခေတ်ကာလသစ်ထဲသို့ မည်သည့်အခါမျှ ခြေလှမ်းနိုင်မည် မဟုတ်သည့်အပြင် ဘုရားသခင်ထံမှ ပြီးပြည့်စုံသော ကယ်တင်ခြင်းကိုလည်း ရရှိမည်မဟုတ်ပေ။”

“ဘုရားသခင်ကို မိမိ၏အယူအဆများထဲတွင် အနက်အဓိပ္ပာယ် ဖွင့်ဆိုထားပြီးဖြစ်သော လူသားမှာ ဘုရားသခင်၏ ဗျာဒိတ်များကို အဘယ်သို့ လက်ခံရရှိနိုင်မည်နည်း” မှ

“သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိအလုပ်နောက်သို့ မလိုက်လျှောက်သောသူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သော အလုပ်ထဲသို့ ဝင်ရောက်ခြင်း မရှိသေးပါ၊ ထို့အပြင် ၎င်းတို့ မည်မျှပင် လုပ်ဆောင်ပါစေ၊ သို့မဟုတ် ၎င်းတို့၏ ဒုက္ခဆင်းရဲများ မည်မျှပင် ကြီးမားပါစေ၊ သို့မဟုတ် ၎င်းတို့ မည်မျှပင် ဟိုဟိုသည်သည် အလုပ်များနေပါစေ၊ ထိုအရာတစ်ခုမျှ ဘုရားသခင်အတွက် အဓိပ္ပာယ်မရှိပါ၊ ဘုရားသခင်သည် ၎င်းတို့ကို ချီးကျူးမည်မဟုတ်။ ယနေ့ ဘုရားသခင်၏ လက်ရှိနှုတ်ကပတ်တော်များနောက်သို့ လိုက်လျှောက်သောသူအားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းထဲတွင် ရှိကြသည်၊ ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် စိမ်းကားသောသူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းပြင်ပ၌ ရှိကြပြီး၊ ယင်းကဲ့သို့သောသူများသည် ဘုရားသခင်၏ချီးကျူးမှုကို မခံရကြ။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိမိန့်မြွက်ချက်များနှင့် ကင်းကွာသော အစေခံခြင်းသည် ဇာတိပကတိနှင့်၊ အယူအဆများနှင့်ဆိုင်သော အစေခံခြင်းဖြစ်ပြီး၊ ၎င်းသည် ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီနိုင်စွမ်းမရှိ။ အကယ်၍ လူများသည် ဘာသာရေးအယူအဆများအကြား၌သာ အသက်ရှင်ကြပြီး ဘုရားသခင်၏အလိုတော်နှင့် အံဝင်ခွင်ကျဖြစ်သောအရာ တစ်စုံတစ်ခုကိုမျှ လုပ်ဆောင်နိုင်စွမ်း မရှိပါက၊ ၎င်းတို့သည် ဘုရားသခင်ကို အစေခံသည်ဖြစ်ပါစေ၊ ၎င်းတို့သည် မိမိတို့၏ စိတ်ထင်ရာများနှင့် အယူအဆများအကြား၌သာ အစေခံကြခြင်းဖြစ်ပြီး၊ ဘုရားသခင်၏ အလိုတော်နှင့်အညီ အစေခံနိုင်စွမ်း လုံးဝမရှိချေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နောက်သို့ လိုက်လျှောက်နိုင်စွမ်း မရှိသောသူများသည် ဘုရားသခင်၏ အလိုတော်ကို နားမလည်ကြ၊ ဘုရားသခင်၏အလိုတော်ကို နားမလည်သောသူများသည် ဘုရားသခင်ကို အစေမခံနိုင်ကြ။ ဘုရားသခင်သည် သူ၏စိတ်နှလုံးနှင့်ညီညွတ်သော အစေခံခြင်းကို အလိုရှိသည်၊ အယူအဆများနှင့်၊ ဇာတိပကတိနှင့်ဆိုင်သော အစေခံခြင်းကို ဘုရားသခင် အလိုမရှိ။ အကယ်၍ လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်လုပ်သောအလုပ်၏ ခြေလှမ်းများနောက်သို့ လိုက်လျှောက်နိုင်စွမ်း မရှိပါက၊ ၎င်းတို့သည် အယူအဆများအကြား၌ အသက်ရှင်ကြ၏။ ထိုသို့သောသူတို့၏ အစေခံခြင်းသည် ကာဆီးခြင်းနှင့် အနှောင့်အယှက်ဖြစ်စေပြီး၊ ထိုသို့သော အစေခံခြင်းသည် ဘုရားသခင်ကို ဆန့်ကျင်ခြင်းဖြစ်၏။ ထိုအကြောင်းကြောင့် ဘုရားသခင်၏ ခြေလှမ်းများနောက်သို့ လိုက်လျှောက်နိုင်စွမ်း မရှိသောသူများသည် ဘုရားသခင်ကို အစေခံနိုင်ခြင်းမရှိ၊ ဘုရားသခင်၏ ခြေလှမ်းများနောက်သို့ လိုက်လျှောက်နိုင်စွမ်း မရှိသောသူများသည် ဘုရားသခင်ကို ဧကန်မုချ ဆန့်ကျင်ကြခြင်းဖြစ်ပြီး၊ ဘုရားသခင်နှင့် သဟဇာတဖြစ်နိုင်စွမ်း မရှိကြချေ။… သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်အားဖြင့် ပယ်ရှင်းခြင်းကို ခံရသောသူများမှာ ဘုရားသခင်ပြုသော နောက်ဆုံးအလုပ်နောက်သို့ လိုက်လျှောက်နိုင်စွမ်း မရှိသောသူများဖြစ်ကြပြီး၊ ဘုရားသခင်၏ နောက်ဆုံးအလုပ်ကို ဆန့်ကျင်ပုန်ကန်ကြသူများ ဖြစ်သည်။ ယင်းကဲ့သို့သောသူများသည် ဘုရားသခင်ကို ပေါ်ပေါ်တင်တင် ဆန့်ကျင်ပုန်ကြသည့်အကြောင်းမှာ ဘုရားသခင်သည် အလုပ်အသစ်ကို လုပ်ဆောင်ပြီးခြင်းကြောင့် ဖြစ်သည်သာမက၊ ဘုရားသခင်၏သဏ္ဌာန်သည် ၎င်းတို့၏ အယူအဆများထဲကသဏ္ဌာန်နှင့် မတူညီခြင်းကြောင့်ဖြစ်သည်၊ ထိုအကြောင်းကြောင့် ၎င်းတို့သည် ဘုရားသခင်ကို ပေါ်ပေါ်တင်တင် ဆန့်ကျင်ပုန်ကန်ကြခြင်းဖြစ်ပြီး ဘုရားသခင်ကို ဝေဖန်ကြခြင်းဖြစ်ကာ၊ ယင်းက သူတို့ကို ဘုရားသခင်၏ စက်ဆုပ်ခြင်းနှင့် ငြင်းပယ်ခြင်းကို ခံရခြင်းသို့ ဦးတည်သွားစေသည်။ ဘုရားသခင်၏ နောက်ဆုံးသောအလုပ်ကို သိရန်မလွယ်ကူပါ၊ သို့သော်လည်း အကယ်၍ လူအများသည် ဘုရားသခင်၏အလုပ်ကို နာခံရန် စိတ်ဆန္ဒရှိပြီး ဘုရားသခင်၏အလုပ်ကို ရှာဖွေနိုင်ပါက ၎င်းတို့သည် ဘုရားသခင်အား မြင်တွေ့ရန် အခွင့်အရေး ရရှိလိမ့်မည်ဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အသစ်အဖြစ်ဆုံးသော လမ်းပြမှုကို ရရှိရန် အခွင့်အရေး ရကြလိမ့်မည်ဖြစ်သည်။ ဘုရားသခင်၏အလုပ်ကို ရည်ရွယ်ချက်ပါပါဖြင့် ဆန့်ကျင်ပုန်ကန်သောသူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှု သို့မဟုတ် ဘုရားသခင်၏ လမ်းပြမှုကို မရရှိနိုင်ပါ။ ထို့ကြောင့် လူအများသည် ဘုရားသခင်၏ နောက်ဆုံးသောအလုပ်ကို လက်ခံရရှိနိုင်ခြင်း သို့မဟုတ် မရရှိနိုင်ခြင်းသည် ဘုရားသခင်၏ ကျေးဇူးတော်အပေါ်တွင် မူတည်သည်၊ ၎င်းသည် ၎င်းတို့၏ ရှာဖွေလိုက်စားမှုအပေါ် မူတည်ပြီး ၎င်းတို့၏ ရည်ရွယ်ချက်များအပေါ် မူတည်သည်။”

“ဘုရားသခင်၏ အသစ်ဆုံးသော အလုပ်ကို သိပြီး ဘုရားသခင်၏ ခြေလှမ်းများအတိုင်း လိုက်လျှောက်ပါ” မှ

“မည်သည့်ပုံစံ၊ သို့မဟုတ် တိုင်းနိုင်ငံ၏ ကန့်သတ်ခြင်းများ မရှိသည့် ဘုရားသခင့်ပေါ်ထွန်းခြင်း၏ ရည်ရွယ်ချက်မှာ သူကြံစည်ထားသည့်အတိုင်း အလုပ်ကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ဖို့ဖြစ်သည်။ ဤသည်မှာ ယုဒပြည်၌ ဘုရားသခင် လူ့ဇာတိခံယူခဲ့သောအခါကကဲ့သို့ပင် ဖြစ်သည်၊ ထိုအခါက သူ၏ရည်ရွယ်ချက်မှာ လူသားမျိုးနွယ်တစ်ရပ်လုံးကို ရွေးနုတ်ရန်အတွက် ကားတိုင်၌ အသေခံဖို့ ဖြစ်သည်။ သို့သော်လည်း ဂျူးလူမျိုးများက ဘုရားသခင်အနေဖြင့် ထိုသို့ပြုရန်မှာ မဖြစ်နိုင်ဟု ယုံကြည်ခဲ့ကြသည်။ ထို့ပြင် ဘုရားသခင်က လူ့ဇာတိခံယူပြီး သခင်ယေရှု၏အသွင်ကို ဆောင်ယူရန်မှာ မဖြစ်နိုင်ဟု ထင်ခဲ့ကြသည်။ သူတို့၏ ‘မဖြစ်နိုင်’ ဟူသည့်အချက်မှာ သူတို့အနေဖြင့် ဘုရားသခင်ကို ပြစ်တင်ရှုတ်ချကာ ဆန့်ကျင်ခဲ့ကြခြင်း၏ အခြေခံအကြောင်းရင်း ဖြစ်လာခဲ့ပြီး နောက်ဆုံးတွင် ဣသရေလနိုင်ငံ ပျက်စီးခြင်းသို့ ဦးတည်သွားစေခဲ့သည်။ ယနေ့ခေတ်၌လည်း များစွာသောလူတို့သည် အလားတူ အမှားမျိုးကို ကျူးလွန်ခဲ့ကြသည်။ ဘုရားသခင် ပေါ်ထွန်းမည့်အချိန် နီးပြီဖြစ်ကြောင်းကို အစွမ်းကုန် ကြေညာကြသော်လည်း တစ်ချိန်တည်းတွင် ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ပြစ်တင်ရှုတ်ချကြသည်။ သူတို့၏ ‘မဖြစ်နိုင်’ ဟူသည့်အချက်က သူတို့စိတ်ကူးနိုင်စွမ်း၏ အကန့်အသတ်များအတွင်း ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ထပ်မံ၍ ဘောင်ခတ်ထားကြသည်။ ထို့ကြောင့်ပင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အမှတ်မထင် တွေ့သွားပြီးသည့်နောက် ရုန့်ကြမ်းကျယ်လောင်စွာနှင့် အတောမသတ် ရယ်မောတတ်ကြသော လူများစွာကို ငါတွေ့ဖူးခဲ့ပြီ။ သို့သော် ထိုရယ်မောခြင်းသည် ဘုရားသခင်ကို ပြစ်တင်ရှုတ်ချပြီး စော်ကားခဲ့ကြသည့် ဂျူးလူမျိုးများ၏ လုပ်ရပ်နှင့် ဘာမျှမခြားနားပါ။ သမ္မာတရား၏ မျက်မှောက်၌ သင်တို့သည် ရိုသေလေးမြတ်ခြင်း မရှိကြပေ၊ ထို့ထက်မက သင်တို့၏သဘောထားမှာလည်း သမ္မာတရားကို တောင့်တသည့် သဘောထားမျိုး သာ၍ပင် မဟုတ်ပေ။ သင်တို့သည် မစဉ်းစား မဆင်ခြင်ဘဲ လေ့လာရုံသက်သက် လေ့လာကြပြီး အပူအပင်အကြောင့်အကြမရှိ စောင့်နေကြသည်။ ထိုကဲ့သို့သော လေ့လာခြင်းနှင့် စောင့်မျှော်ခြင်းမှ သင့်အနေဖြင့် အဘယ်အရာကို ရနိုင်မည်နည်း။ ဘုရားသခင်၏ ကိုယ်တိုင်ကိုယ်ကျ လမ်းပြခြင်းကို သင်ရရှိခြင်း ဖြစ်မည်လော။ ဘုရားသခင်၏ မိန့်မြွက်ချက်များကို သင်ပိုင်းခြားမသိနိုင်ပါက ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ကိုယ်တိုင် မြင်တွေ့နိုင်ဖို့အတွက် သင်သည် မည်သည့်နည်းဖြင့် အရည်အချင်း ပြည့်မီမည်နည်း။ ဘုရားသခင် ပေါ်ထွန်းသော နေရာတိုင်းသည် သမ္မာတရားဖော်ပြခြင်းခံရသောနေရာ၊ ဘုရားသခင်၏အသံ ရှိမည်ဖြစ်သောနေရာ ဖြစ်သည်။ သမ္မာတရားကို လက်ခံနိုင်သောသူများသာ ဘုရားသခင်၏ အသံကို ကြားနိုင်လိမ့်မည်ဖြစ်ပြီး ထိုသို့သော သူများသည်သာ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ကိုယ်တိုင်မြင်တွေ့နိုင်ဖို့အတွက် အရည်အချင်း ပြည့်မီသူများ ဖြစ်သည်။”

“ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည် ခေတ်သစ်တစ်ခေတ်ကို အစပြုခဲ့၏” မှ

“လူသားအားလုံးသည် ဘုရားသခင်ကို ရယူလိုကြသော်လည်း ဘုရားသခင်၏ အမှုအတွင်း အပြောင်းအလဲများရှိလျှင်မူ သည်းခံနိုင်ခြင်းမရှိကြချေ။ ဘုရားသခင်၏အမှုသစ်ကို လက်မခံသူများက ဘုရားသခင်၏အမှုသည် အပြောင်းအလဲကင်းမဲ့၍ အစဉ်ထာဝရ လုံးဝဥဿုံရပ်နေသည်ဟု ယုံကြည်ကြသည်။ ဘုရားသခင်ထံမှ ထာဝရကယ်တင်ခြင်းကိုရရှိရန် လိုအပ်သမျှသော အရာအားလုံးမှာ ပညတ်တော်ကို ထိန်းသိမ်းခြင်းဖြစ်ပြီး၊ မိမိတို့၏အပြစ်များကို နောင်တရပြီး ဝန်ခံနေသရွေ့၊ ဘုရားသခင်၏အလိုတော်ကို ထာဝရကျေနပ်နှစ်သိမ့်မှု ပေးနိုင်လိမ့်မည်ဟု ၎င်းတို့က ယုံကြည်ထားကြသည်။ ဘုရားသခင်သည် ပညတ်တော်အောက်၌ရှိသော ဘုရားသခင်သာလျှင် ဖြစ်နိုင်ပြီး လူသားတို့အတွက် လက်ဝါးကပ်တိုင်ပေါ်တွင် သံမှိုစွဲနှက်ခံခဲ့သော ဘုရားသခင်သာဖြစ်နိုင်သည်ဟု ၎င်းတို့က ထင်မြင်ကြကာ၊ ဘုရားသခင်သည် သမ္မာကျမ်းစာကို မကျော်လွန်နိုင်၊ မကျော်လွန်သင့် ဟူသည်မှာလည်း ၎င်းတို့၏ ထင်မြင်ချက်ပင်ဖြစ်သည်။ အဆိုပါထင်မြင်ချက်များကပင် ၎င်းတို့အား ဥပဒေသဟောင်းများသို့ ခိုင်မြဲစွာ ချုပ်နှောင်ထားစေလျက် တင်းကျပ်သော စည်းမျဉ်းများဖြင့် ချုပ်ချယ်ကန့်သတ်ထားခြင်း ဖြစ်သည်။ ဘုရားသခင်၏ မည်ကဲ့သို့သော အမှုသစ်မဆို ထိုအမှုသည် ဗျာဒိတ်များအရ သက်သေခိုင်လုံစွာ ပြနိုင်ရမည်ဖြစ်ကာ အဆိုပါအမှု၏ အဆင့်တစ်ခုစီတိုင်းတွင် စစ်မှန်သော နှလုံးသားဖြင့် သူ့နောက်တော်သို့လိုက်သောသူ အားလုံးတို့ကိုလည်း ဗျာဒိတ်များပြသရမည်၊ သို့မဟုတ်ပါက ထိုအမှုမှာ ဘုရားသခင်၏ အမှုမဟုတ်နိုင်ဟု ယုံကြည်ကြ၏။ လူသားတို့အတွက် ဘုရားသခင်ကို သိရှိနားလည်လာရန်မှာပင် လွယ်ကူသည့် ကိစ္စတစ်ခု မဟုတ်ပေ။ လူသား၏ စိတ်ပျက်ဖွယ် စိတ်နှလုံးနှင့် စိတ်ကြီးဝင်၍ မိမိသာအရေးပါသည်ဟု ထင်တတ်သော ပုန်ကန်တတ်သည့် သဘာဝဗီဇကိုပါ ထည့်ပေါင်းလိုက်ပါလျှင် ဘုရားသခင်၏အမှုသစ်ကို လက်ခံရန် လူသားအတွက် လုံးဝပို၍ပင်ခက်ခဲပေသည်။ လူသားသည် ဘုရားသခင်၏ အမှုသစ်ကို ဂရုတစိုက် လေ့လာခြင်း မရှိသည့်အပြင် နှိမ့်ချအောက်ကျို့စွာဖြင့် လက်ခံခြင်းလည်း မရှိပေ။ ထိုမျှမကဘဲ မထီမဲ့မြင် သဘောထားလျက်ပင် ဗျာဒိတ်များနှင့် ဘုရားသခင်၏ လမ်းညွှန်ချက်ကို စောင့်မျှော်နေကြသည်။ ဤသည်ကပင် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်သည့် လူသားတစ်ဦး၏ အမူအကျင့်ဖြစ်သည် မဟုတ်လော။ ထိုသို့သော လူသားတို့သည် ဘုရားသခင်၏ သဘောကျခြင်းကို အဘယ်သို့လျှင် ရရှိနိုင်မည်နည်း။”

“ဘုရားသခင်ကို မိမိ၏အယူအဆများထဲတွင် အနက်အဓိပ္ပာယ် ဖွင့်ဆိုထားပြီးဖြစ်သော လူသားမှာ ဘုရားသခင်၏ ဗျာဒိတ်များကို အဘယ်သို့ လက်ခံရရှိနိုင်မည်နည်း” မှ

“ယနေ့ ဖန်ဆင်းရှင်ကိုယ်တိုင် လူအားလုံးကို တစ်ဖန်ပြန်လည် ဦးဆောင်လမ်းပြ၍ လူအားလုံးကို သူ၏ဉာဏ်ပညာ၊ အနန္တတန်ခိုး၊ ကယ်တင်ခြင်းနှင့် အံ့သြဖွယ်ကောင်းခြင်းတို့ကို မြင်စေ၏။ သို့ရာတွင် သင်သည် သိလည်းမသိ၊ နားလည်းမလည်သေးပါ၊ ထို့ကြောင့် သင်သည် ကယ်တင်ခြင်းမရရှိမည့်သူဖြစ်သည် မဟုတ်လော။ စာတန်နှင့် သက်ဆိုင်သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားမလည်ပါ။ ထို့အပြင် ဘုရားသခင်နှင့် သက်ဆိုင်သူများသည် ဘုရားသခင်၏ အသံတော်ကို ကြားနိုင်ကြ၏။ ငါပြောသည့် နှုတ်ကပတ်တော်အားလုံးကို သိ၍နားလည်သူ အားလုံးသည် ကယ်တင်ခြင်းခံရမည့်သူများနှင့် ဘုရားသခင်အတွက် သက်သေခံမည့်သူများ ဖြစ်ကြ၏။ ငါပြောသည့် နှုတ်ကပတ်တော်များကို နားမလည်သူ အားလုံးတို့သည် ဘုရားသခင်အတွက် သက်သေမခံနိုင်ကြပေ။ ထို့အပြင် ထိုသူတို့သည် ဖယ်ရှားခံရမည့်သူများဖြစ်ကြ၏။”

“ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်” မှ

“ယနေ့၏ အလုပ်သစ်ကို လိုက်မမီသည့် ကမ္ဘာတစ်လွှားရှိ ခရစ်ယာန်များသည် သူတို့၏ ဆန္ဒတစ်ခုချင်းစီကို ဘုရားသခင်က ဖြည့်ဆည်းပေးသည့်အတွက် သူတို့က ကံကောင်းသူများဖြစ်ကြသည်ဟူသော ယုံကြည်မှုကို ဆုပ်ကိုင်ထားကြသည်။ သို့တိုင် သူတို့စိတ်ကူးထားသည့် နေ့ရက်တွင် ယေရှုသည် ဖြူသောမိုးတိမ်ကို စီးပြီး ဧကန်အမှန် ရောက်လာ မလာကို သူတို့သည် မုချသေချာမှုနှင့် ပြောနိုင်ရန် မဆိုထားနှင့်၊ ဘုရားသခင်က သူတို့ကို အဘယ်ကြောင့် တတိယကောင်းကင်သို့ ခေါ်ဆောင်သွားမည်ကို သူတို့ သေချာမပြောနိုင်သကဲ့သို့၊ ဘုရားသခင်က ဖြူသောမိုးတိမ်ကို စီးပြီး သူတို့ကို မည်သို့ လာရောက်ကောက်ယူမည့် အကြောင်းနှင့် ပတ်သက်၍လည်း သူတို့မသေချာပေ။ သူတို့အားလုံးတို့သည် သောကရောက်နေပြီး အဘယ်အရာ လုပ်ရမည်မှန်းမသိ ဖြစ်နေကြသည်။ ဘုရားသခင်က ဂိုဏ်းဂဏတစ်ခုစီမှ ကွဲပြားသည့် သေးငယ်သော လူလက်တစ်ဆုပ်စာ ဖြစ်သည့် သူတို့တစ်ယောက်စီကို ခေါ်မည် မခေါ်မည်ကိုပင် သူတို့ကိုယ်တိုင် မသိရှိကြပေ။ လက်ရှိခေတ်တွင် ဘုရားသခင်ပြုသည့် အမှုမှာ ဘုရားသခင်၏ အလိုတော်ဖြစ်သည်၊ သူတို့သည် ယင်းတို့၏ တစ်စုံတစ်ရာကိုမျှ နားလည်သဘောပေါက်ခြင်းမရှိ၊ ဘာကိုမျှ မလုပ်နိုင်ဘဲ၊ သူတို့၏လက်ချောင်းများကို ချိုးကာ နေ့ရက်များကိုသာ ရေတွက်နေကြသည်။ သိုးသငယ်၏ ခြေလှမ်းများကို အဆုံးတိုင် လိုက်လျှောက်သည့် ထိုသူများသာလျှင် နောက်ဆုံး ကောင်းချီးကို ရရှိနိုင်သည်။ ထိုစဉ် အဆုံးထိ လိုက်မလျှောက်နိုင်သော်လည်း သူတို့ အလုံးစုံကို ရရှိပြီးပြီဟု ယုံကြည်ကြသည့် ထို‘လူတော်များ’သည် ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို သက်သေမခံနိုင်ကြပေ။ သူတို့သည် ကမ္ဘာမြေကြီးပေါ်တွင် အတော်ဆုံးလူများဖြစ်ကြသည်ဟု သူတို့အားလုံးက ယုံကြည်နေကြပြီး၊ အဘယ် အကြောင်းပြချက်မျှ မရှိဘဲ ဘုရားသခင် အလုပ်၏ ဆက်လက်၍ဖွံ့ဖြိုးမှုကို သူတို့က ဖြတ်တောက်လိုက်သည်။ ပြီးလျှင် သူတို့သည် ‘ဘုရားသခင်ကို အဆုံးစွန်သစ္စာရှိသူ၊ ဘုရားသခင်နောက်လိုက်သူနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လိုက်နာသူ’ များဖြစ်သည့် သူတို့ကို ဘုရားသခင်က ကောင်းကင်ဘုံသို့ ချီဆောင်သွားလိမ့်မည်ဟု မုချသေချာစွာဖြင့် ယုံကြည်နေပုံပေါက်သည်။ သူတို့သည် ဘုရားသခင်ပြောခဲ့သော နှုတ်ကပတ်တော်များကို ‘အဆုံးစွန်သစ္စာရှိ’ သော်လည်း၊ သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်ကို ဆန့်ကျင်ပြီး၊ ဆိုးယုတ်မှုနှင့် လှည့်ဖြားမှုများကို ကျူးလွန်သည့်အတွက်၊ သူတို့၏ စကားများနှင့် လုပ်ရပ်များသည် ရွံ့ရှာဖွယ်ခံစားရဆဲ ဖြစ်သည်။ အဆုံးထိတိုင် လိုက်မလျှောက်သော သူတို့၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို အမီမလိုက်သောသူတို့နှင့်၊ ဟောင်းသောအလုပ်ကို ဖက်တွယ်သူတို့သည် ဘုရားသခင်အား သစ္စာရှိခြင်း မရှိသည့်အပြင်၊ ဆန့်ကျက်ဘက်ဖြစ်သည့်၊ ဘုရားသခင်ကို ဆန့်ကျင်သူများဖြစ်လာကာ၊ သူတို့သည် အပြစ်ဒဏ်ပေးခြင်းခံရမည့်သူ၊ ခေတ်သစ်က ငြင်းပယ်ခြင်းကို ခံရသည့်သူများ ဖြစ်လာကြသည်။ သူတို့ထက်ပိုပြီး သနားဂရုဏာသက်စရာ တစ်စုံတစ်ရာ ရှိသေးသလော။”

“ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှု” မှ

အသိပညာမျာ:

Myanmar Subtitle movie | ကောင်းကင်နိုင်ငံတော်သားများ

Tuesday, September 24, 2019

【Live】New Myanmar Christian Film 2019 (စောင့်လို့နေ) ပညာရှိ သတို့သမီး များဟာ သခင်ဘုရားကို ကြိုကြတယ်။


ကြည့်ပြီးနောက် အတွေ့အကြုံ

နိုးကြားစွာစောင့်မျှော်ခြင်းသည် ကျမ်းစာဖတ်၊ဆုတောင်းခြင်းလုပ်ရန်သာ မဟုတ်ပေ။ တစ်စုံတစ်ယောက်မှ ကိုယ်တော်ပြန်ကြွလာပြီဟူသောစကားကို ကြားလျှင် ပညာရှိသောသတို့သမီးကဲ့သို့ ကိုယ်တော်၏အသံ သေချာအလေးထားနားထောင်ရအုံးမည်။ ဤအချက်သည် အလင်းသစ်ဖြစ်သည်။ ယခင်ကကျွန်ုပ်တို့မကြားဖူးခဲ့ပေ။ ကိုယ်တော်ကိုကျေးဇူးတင်ပါသည်။




ရန်ဟိုအန်း သည် တရုတ်နိုင်ငံရှိ နေအိမ်အခြေစိုက် အသင်းတော်တစ်ပါးမှ သင်းအုပ်ဆရာတစ်ဦး ဖြစ်ပါသည်။ သူသည် သခင်ယေရှု မိုးတိမ်ပေါ်မှ ဆင်းကြွလာကာ သူ့အား ကောင်းကင်နိုင်ငံတော်သို့ ခေါ်ဆောင်သွားရန် နိုးကြားစွာ စောင့်ဆိုင်းနေခဲ့ပါသည်။ ဤအတွက် သူသည် သခင်အတွက် လုံ့လဝီရိယဖြင့် အမှုတော်ဆောင်ခဲ့သည်၊ သခင်၏ နာမတော်ကို မြဲမြံစွာ စွဲကိုင်ခဲ့ပြီး မိုးတိမ်ပေါ်မှ ဆင်းသက်လာသည့် သခင်ယေရှု မဟုတ်သည့် မည်သူမဆိုသည် ခရစ်တော် အတုအယောင် ဖြစ်သည်ဟု ယုံကြည်ခဲ့သည်။ ထိုအတွက်ကြောင့် သခင် ဒုတိယအကြိမ် ကြွလာခြင်း သတင်းကို သူ ကြားသောအခါ ထိုအကြောင်းကို စုံစမ်းလေ့လာရန် သူ ငြင်းဆန်ခဲ့သည် … ။ မတုန်မလှုပ်ဘဲ သူ စောင့်ဆိုင်းနေစဉ်တွင် သူ၏ ဝမ်းကွဲဖြစ်သူ လီကျားရင် က သူ့အား သခင်ယေရှု၏ တဖန်ပြန်ကြွလာခြင်းနှင့်ဆိုင်သော ဧဝံဂလိတရားကို ဝေငှ ခဲ့ပါသည်။ အကြိတ်အနယ် ဆွေးနွေးပြီးနောက် ရန်ဟိုအန်း သည် “စောင့်ကြည့်ပြီး စောင့်ဆိုင်းပါ” ဟူသော အဓိပ္ပါယ်အမှန်ကို နောက်ဆုံးတွင် နားလည်ခဲ့ပြီး သူ နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့သော တဖန်ပြန်ကြွလာမည့် သခင်ယေရှုမှာ အနန္တတန်ခိုးရှင်ဘုရားသခင် ဖြစ်ကြောင်း သိမြင်နိုင်ခဲ့သည်။

သခင်ယေရှု, ခရစ်တော်, ဆုတောင်း, ဘုရားသခင်, သက်သေခံချက်များ,

များပြားသောအကြံပြုချက်များ

အနန္တတန်ခိုးရှင် ဘုရားသခင်- မေရှိယ၏ ကြွလာခြင်း

Monday, September 23, 2019

ဘုရားသခင်၏ အသံတော် | အနန္တတန်ခိုးရှင် သက်ပြင်းချတော်မူခြင်

သမ္မာတရား, အသက်, ယုံကြည်ခြင်း, သမ္မာတရား, ကယ်တင်ခြင်

သင်၏စိတ်နှလုံးထဲ၌ အလွန်ကြီးမားသောလျှို့ဝှက်ချက်တစ်ခုရှိ၍ သင်သည် အလင်းကင်းမဲ့သောလောကထဲ၌ အသက်ရှင်နေထိုင်နေသည့်အတွက်ကြောင့် ၎င်းကို မည်သည့်အခါမျှ သတိမမူမိခဲ့ချေ။ သင်၏စိတ်နှလုံးနှင့် ဝိညာဉ်သည် ဆိုးယုတ်သောသူ၏ ဆွဲလုခြင်းကို ခံခဲ့ရ၏။ သင်၏မျက်လုံးများသည် မှောင်မိုက်၏ဖုံးကွယ်ခြင်းကို ခံရပြီး သင်သည် ကောင်းကင်မှနေလုံးကိုသာမက ညအခါ မှိတ်တုတ်မှိတ်တုတ်လင်းသောကြယ်ကိုလည်း မြင်နိုင်ခြင်း မရှိပေ။ သင်၏နားများမှာ လိမ်လည်လှည့်ဖြားသောစကားများဖြင့် ပိတ်ဆို့ခြင်းကိုခံရပြီး သင်သည် ယေဟောဝါ၏မြည်ဟည်းသောအသံကိုသာမက ပလ္လင်တော်မှ စီးဆင်းသောရေတို့၏အသံကိုလည်း မကြားရချေ။ သင်သည် တရားသဖြင့်ပိုင်ဆိုင်သမျှ၊ သင့်အပေါ် အနန္တတန်ခိုးရှင် ပေးအပ်သောအရာမှန်သမျှကို ဆုံးရှုံးခဲ့လေပြီ။ ကယ်မရန် တန်ခိုးမရှိ၊ ဆက်လက်ရှင်သန်ရန် မျှော်လင့်ချက်မရှိဘဲ အဆုံးမဲ့ဒုက္ခပင်လယ်တစ်ခုသို့ သင်ဝင်ရောက်ခဲ့ပြီး သင်ပြုသမျှမှာ ရုန်းကန်ခြင်းနှင့် အလောတကြီးလုပ်ဆောင်ခြင်းသာ ဖြစ်၏။ ယင်းအခိုက်အတန့်မှအစပြု၍ သင်သည် ဆိုးယုတ်သောသူ၏ဖိစီးနှိပ်စက်ခြင်းကိုခံရန်၊ အနန္တတန်ခိုးရှင်၏ကောင်းချီးမင်္ဂလာများနှင့် ဝေးကွာစေရန်၊ အနန္တတန်ခိုးရှင်၏ထောက်ပံ့မှုများနှင့် အလှမ်းဝေးစေရန်၊ ပြန်လမ်းမရှိသောလမ်းမတစ်ခု၌ လျှောက်လှမ်းစေရန် ပျက်စီးကိန်းသို့ရောက်ခဲ့၏။ အကြိမ်တစ်သန်း ခေါ်တော်မူခြင်းမှာ သင်၏စိတ်နှလုံးနှင့်ဝိညာဉ်ကို အနည်းငယ်မျှနှိုးဆွနိုင်ခြင်းမရှိပေ။ သင်သည် လမ်းညွှန် သို့မဟုတ် လမ်းပြအမှတ်အသားများမရှိသော အကန့်အသတ်မဲ့နယ်ပယ်တစ်ခုထဲသို့ သင့်အား သွေးဆောင်ခဲ့သည့် ဆိုးယုတ်သောသူ၏လက်ထဲ၌ နှစ်ခြိုက်စွာအိပ်စက်လေ၏။ ထိုအချိန်မှစ၍နောင်တွင် သင်သည် သင်၏မူလအပြစ်ကင်းစင်ခြင်းနှင့် သန့်ရှင်းခြင်းကို ဆုံးရှုံးခဲ့ရပြီး အနန္တတန်ခိုးရှင်၏စောင့်ရှောက်ခြင်းကို စတင်ရှောင်ရှားခဲ့၏။ သင်၏စိတ်နှလုံးအတွင်း၌ ဆိုးယုတ်သောသူသည် ကိစ္စအားလုံး၌ သင့်ကို ပဲ့ကိုင်ပြီး သင်၏အသက်ဖြစ်လာခဲ့သည်။ သင်သည် သူ့ကို ကြောက်ရွံ့ခြင်း၊ ရှောင်တိမ်းခြင်း သို့မဟုတ် သံသယဖြစ်ခြင်း မရှိတော့ဘဲ သင်၏စိတ်နှလုံးထဲ၌ သူ့ကို ဘုရားသခင်အဖြစ် သဘောထားသည်။ သင်သည် သူ့ကို စတင်ကာ ရိုသေကိုင်းရှိုင်းခြင်း၊ ကိုးကွယ်ခြင်းပြု၍ သင်တို့နှစ်ဦးသည် သေခြင်းတရား၌ စိတ်နှစ်မြှုပ်သကဲ့သို့ အသက်ရှင်ခြင်း၌လည်း စိတ်နှစ်မြှုပ်ကာ ခန္ဓာကိုယ်နှင့် အရိပ်ကဲ့သို့ တစ်ပူးတွဲတွဲ ဖြစ်လာလေ၏။ သင်သည် မည်သည့်နေရာမှလာခဲ့ကြောင်း၊ အဘယ်ကြောင့် မွေးဖွားလာခဲ့ကြောင်း သို့မဟုတ် အဘယ်ကြောင့် သေဆုံးမည်ဖြစ်ကြောင်းကို လုံးဝမသိချေ။ သင်သည် အနန္တတန်ခိုးရှင်ကို သူစိမ်းတစ်ဦးကဲ့သို့ သဘောထား၏၊ သင့်အတွက် သူလုပ်ပေးခဲ့သည့်အရာအားလုံးကို သိရန်မဆိုထားနှင့် သူ၏ဇာစ်မြစ်များကိုပင် သင်မသိပေ။ သူ့ထံမှ လာသမျှသည် သင့်အတွက် မုန်းတီးဖွယ် ဖြစ်လာ၏၊ သင်သည် ၎င်းကို ချစ်ခင်မြတ်နိုးခြင်း မရှိသကဲ့သို့ ၎င်း၏တန်ဖိုးကိုလည်း မသိချေ။ သင်သည် အနန္တတန်ခိုးရှင်၏ထောက်ပံ့ခြင်းကို လက်ခံရရှိခဲ့သည့်နေ့မှအစပြု၍ ဆိုးယုတ်သောသူနှင့်တွဲဖက်၍ လျှောက်လှမ်းလေ၏။ သင်သည် ဆိုးယုတ်သောသူနှင့်အတူ မိုးသက်လေပြင်းများနှင့် မုန်တိုင်းများကို နှစ်ထောင်ပေါင်းများစွာ ကြံ့ကြံ့ခံခဲ့ပြီး သင်၏အသက်အရင်းအမြစ်ဖြစ်သော ဘုရားသခင်ကို သူနှင့်အတူ တစ်စိတ်တစ်ဝမ်းတည်း ဆန့်ကျင်၏။ သင်သည် ပျက်စီးခြင်းချောက်ကမ်းပါး၌ ရောက်ရှိနေပြီဖြစ်ကြောင်း သိရန်မဆိုထားနှင့်၊ နောင်တတရားအကြောင်း ဘာမျှမသိချေ။ ဆိုးယုတ်သောသူသည် သင့်ကို သွေးဆောင်ဖြားယောင်းပြီး ဖိစီးနှိပ်စက်ကြောင်း သင်မေ့လျော့လေပြီ၊ သင်သည် သင်၏ဇာစ်မြစ်များကို မေ့လျော့ခဲ့ခြင်းဖြစ်လေတကား။ ဆိုးယုတ်သောသူသည် လမ်းခရီးအဆင့်တိုင်း၌ သင့်အား ယနေ့တိုင် ဤနည်းအတိုင်း ဖိစီးနှိပ်စက်ခဲ့ခြင်းဖြစ်၏။ သင်၏စိတ်နှလုံးနှင့် ဝိညာဉ်တို့သည် ထုံထိုင်းပြီး ယိုယွင်းပျက်စီးစေခြင်းခံရ၏။ သင်သည် လူ့လောကကြီးထဲမှ စိတ်အနှောင့်အယှက်များအကြောင်း ညည်းတွားခြင်းကို ရပ်စဲခဲ့သည်၊ လောကကြီးမှာ တရားမျှတမှုမရှိဟူ၍ သင်ထင်မြင်ယူဆခြင်း မရှိတော့ပေ။ သင်သည် အနန္တတန်ခိုးရှင် တည်ရှိသည်၊ မတည်ရှိသည်ကို သာ၍ပင် ဂရုမစိုက်ချေ။ ဤအရာမှာ အဘယ်ကြောင့်နည်းဟူမူကား ဆိုးယုတ်သောသူသည် သင်၏စစ်မှန်သောဖခင် ဖြစ်သည်ဟု ကာလအတန်ကြာက သင်ယူဆခဲ့၍ သူ့ထံမှ မခွဲခွာနိုင်ခြင်းကြောင့်ဖြစ်၏။ ဤသည်မှာ သင်၏စိတ်နှလုံးအတွင်းမှ လျှို့ဝှက်ချက်ပေတည်း။

Sunday, September 22, 2019

ပညာရှိ အပျိုကညာများသည် အဘယ်သို့ ဘုရားသခင်၏ အသံတော်ကို ကြားပြီး သခင့်ကို ကြိုဆိုကြသနည်း။

ကယ်တင်ခြင်း, ယုံကြည်ခြင်း, စကြဝဠာ, ယေရှု, သမ္မာတရား

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ
သင်တို့အား ငါပြောစရာစကားအများရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်အဟုတ်။ ကြား သမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတံ့သောအရာတို့ကိုလည်း သင်တို့အား ဘော်ပြလိမ့်မည်။” (ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃)
စိတ်နှလုံးနှိမ့်ချသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် ထိုသူ တို့၏ နိုင်ငံဖြစ်၏။” (ရှင်မဿဲခရစ်ဝင် ၅:၃)
ဖြောင့်မတ်ခြင်းပါရမီကို ဆာငတ်ခင်မွတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့ သည် ဝပြောခြင်းသို့ ရောက်ကြလတံ့။” (ရှင်မဿဲခရစ်ဝင် ၅:၆)
စိတ်နှလုံးဖြူစင်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ဘုရားသခင်ကို မြင်ရကြလတံ့။” (ရှင်မဿဲခရစ်ဝင် ၅:၈)

Saturday, September 21, 2019

ဘုရားအမှုတော်၏ ရည်ရွယ်ချက်ပန်းတိုင်


Myanmar Gospel Song | ဘုရားအမှုတော်၏ ရည်ရွယ်ချက်ပန်းတိုင်
I

ဘုရားရဲ့အမှုတော်များစွာထဲမှာ

စစ်မှန်သောကိုယ်တွေ့ ရှိသူတိုင်း ဘုရားကို ချစ်ကြောက်ကြသည်

ဘုရားရဲ့စစ်ကြောခြင်းနှင့်ဆုံးမခြင်းက

လူသားတို့ကို သူ့စိတ်သဘောထားအား တွေ့မြင်စေ

စိတ်နှလုံးသား၌ဘုရားကို ချစ်ကြောက်စေ

ဘုရားကို ချစ်ကြောက်နာခံရမည်

ဘုရားရဲ့ဖြစ်ခြင်းနှင့်စိတ်သဘောထားသည်

ဖန်ဆင်းခံလူသားများနဲ့ ( ခြားနားပြီး )

ဖန်ဆင်းခံလူသားများအထက်မှာ ရှိ

ဘုရားဟာ ဖန်ဆင်းခံမဟုတ်၊

ဘုရားသာ ချစ်ကြောက်ခြင်း၊ နာခံခြင်းနှင့် ထိုက်တန်၊

လူသားများ နှင့်မထိုက်တန်

Friday, September 20, 2019

【Live】Myanmar Subtitle movie | ကယ်တင်ခံရခြင်းနဲ့ စစ်မှန်တဲ့ကယ်တင်ခြင်းတို့ကြား ခွဲခြားနည်း။


ကြည့်ပြီးနောက် အကျိုးရလ


God is the Ruler of the universe. We have enjoyed the air, the sun and the rain created by God, so we should worship God. Amen.



အနှစ်နှစ်ထောင်ကြာ၊ သခင့်ကို ယုံကြည်သူများစွာက သခင့်ကို ယုံကြည်ခြင်းကနေတဆင့် သူတို့ရဲ့ အပြစ်တွေ ဖြေလွှတ်ခံရတဲ့သူတွေဟာ ကိုယ်တော်ရဲ့ ကျေးဇူးတော်အောက်မှာရှိပြီး ကယ်တင်ခံရကြတယ်၊ ပြီးတော့ နှိမ့်ချခြင်းနဲ့ သည်းခံခြင်းတွေကို ကျွန်တော်တို့ ကျင့်သုံးနိုင်ရင်၊ ကျွန်တော်တို့ရဲ့ ကားတိုင်ကိုထမ်းပြီး အဲဒီလို ကောင်းမြတ်တဲ့ လုပ်ရပ်များစွာကို ပြသနိုင်ရင် ဒါက ကျွန်တော်တို့ဟာ ပြောင်းလဲမှုတစ်ခုကို ကြုံပြီးပြီလို့ ဆိုလိုတယ်ဆိုပြီး ယုံကြည်ခဲ့ကြတယ်။သူတို့က ဒီလိုနည်းလမ်းနဲ့ ကျွန်တော်တို့ အမြဲရှာဖွေနိုင်ရင် နောက်ဆုံးမှာ ကောင်းကင်နိုင်ငံတော်ထဲကို ကျွန်တော်တို့ ချီဆောင်ခံရနိုင်တယ်လို့လည်း ယုံကြည်ကြတယ်။အမှန်တရားတွေက တကယ် ဒီလိုပဲလား သခင့်ကို ယုံကြည်ပြီးတဲ့နောက် ကောင်းတဲ့လုပ်ရပ်တစ်ချို့ကို ကျွန်တော်တို့ ပြနိုင်ပေမယ့်လည်း၊ ကျွန်တော်တို့ မကြာခဏ အပြစ်ပြုမိကြသလို အပြစ်ရဲ့ချည်နှောင်တာ ခံရတယ်လေ ဒါက စစ်မှန်တဲ့ ကယ်တင်ခြင်းကို ကျွန်တော်တို့ရပြီးပြီလို့ ဆိုလိုသလား။ ဒါဆိုရင် ကယ်တင်ခံရခြင်းဆိုတာ ဘာဖြစ်ပြီး စစ်မှန်တဲ့ ကယ်တင်ခြင်းက ဘာများလဲ။ ကယ်တင်ခံရခြင်းနဲ့ စစ်မှန်တဲ့ ကယ်တင်ခြင်းတို့ကြား ခြားနားမှု အတိအကျက ဘာလဲ။

ဒီအရာအားလုံးနဲ့ နောက်ထပ်အကြောင်းအရာတွေကို ထုတ်ဖော်ပြတဲ့ ဒီအစီအစဉ်အတွက် ကျွန်တော်တို့နဲ့အတူ ပူးပေါင်းပါဝင်လိုက်ပါ။

ယုံကြည်ခြင်း, ကျေးဇူးတော်, အသင်းတော်, ဆုတောင်း, သက်သေခံချက်များ

ဆက်သွယ်မှုများ

Thursday, September 19, 2019

ပညာရှိ အပျိုကညာများမှာ အမှန်တကယ် မည်သည့်အရာဖြစ်သနည်း။

ယေရှု, ဧဝံဂေလိတရားတော်, သက်သေခံချက်များ, ခရစ်တော်, ကယ်တင်ရှင်သည်

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

ထိုအခါ ကောင်းကင်နိုင်ငံတော်သည်ကား၊ မင်္ဂလာဆောင်လုလင်ကို ခရီးဦးကြိုပြုအံ့သောငှါ မီးခွက်ကို ကိုင်ယူ၍ ထွက်သွားသောသတို့သမီးတကျိပ်နှင့်တူ၏။… ပညာသတိရှိသောသူတို့မူကား၊ မီးခွက်နှင့်တကွ ဘူး၌ပါသောဆီကိုလည်း ယူကြ၏။… သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှါ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်၊ ထိုသတို့သမီးအပေါင်းတို့သည် ထ၍မီးခွက်များကို ပြင်ဆင်ကြ၏။… အသင့်ရှိသော သတို့ သမီးတို့သည် လုလင်နှင့်အတူ ပွဲသို့ဝင်ကြပြီးလျှင် တံခါးကိုပိတ်ထား၏။” (ရှင်မဿဲခရစ်ဝင် ၂၅:၁၊၄၊၆-၇၊၁၀)

ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။” (ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၇)

သိုးသငယ် သွားလေ ရာရာအရပ်သို့ နောက်တော်၌ လိုက်သောသူဖြစ်ကြ၏။” (ဗျာဒိတ်ကျမ်း၁၄:၄)

အကြောင်းမူကား၊ ပလ္လင်တော်အတွင်း၌ ရှိသော သိုးသငယ်သည် သူတို့ကို လုပ်ကျွေး၍ ၊ အသက် စမ်းရေတွင်းသို့ လမ်းပြလိမ့်မည်။ ဘုရားသခင်သည်လည်း သူတို့မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော် မူမည်ဟုဆိုလေ၏။” (ဗျာဒိတ်ကျမ်း ၇:၁၇)

တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင်တွေ့မည်။ တံခါးကိုခေါက်ကြလော့။ ခေါက်လျှင်ဖွင့်မည်။” (ရှင်မဿဲခရစ်ဝင် ၇:၇)

Wednesday, September 18, 2019

Myanmar Praise and Worship Song lyric (အစွန်းအထင်းမရှိ ဖြူစင်သောမေတ္တာ)


ဓမ္မသီချင်းများ (အစွန်းအထင်းမရှိ ဖြူစင်သောမေတ္တာ)
ချစ်ခြင်းမေတ္တာဆိုတာ အစွန်းအထင်းမရှိ ဖြူစင်တဲ့ စိတ်ခံစားမှု မို့
သင့်နှလုံးသားဖြင့် ချစ်ခင်၊ ခံစား၊ ကရုဏာ ထားပါ
ချစ်ခြင်းမေတ္တာသည် အတားအဆီးနှင့်
အခြေနေ အကွာအဝေးတို့အပေါ် သတ်မှတ်ချက်မထားဘူး
သင့်နှလုံးသားဖြင့် ချစ်ခင်၊ ခံစား၊ ကရုဏာ ထားပါ
သင်၌ မေတ္တာရှိလျှင် လှည့်ဖြားခြင်း၊ ညည်းတွားခြင်း တို့မရှိ
ပစ်ပယ်ခြင်း တစ်စုံတစ်ရာကို ပြန်ရရန် မျှော်ကိုးခြင်းတို့မရှိ
သင်၌ မေတ္တာရှိလျှင် သင်အနစ်နာခံတတ်မည်၊
အခက်အခဲကို လက်ခံတတ် ပြီး ဘုရားနှင့်
တစ်လုံးတစ်ဝတည်းဖြစ်လိမ့်မည်

Tuesday, September 17, 2019

【Live】New Myanmar Christian Film 2019 | မှန်ကန်သော ကိုးကွယ်ခြင်း၏ နက်နဲသောအရာ

သိမြင် ခံစားချက်
ချီဆောင်ခြင်းရဲ့တကယ့်ဆိုလိုရင်းက လူဟာ ဘုရားသခင်ရဲ့အမှုတော်သစ်ကို လက်ခံပြီး၊ ဘုရားသခင်ရှေ့တော်မှောက် ရောက်သွားတာမျိုးပါပဲ အာမင်


【Live】New Myanmar Christian Film 2019 |   မှန်ကန်သော ကိုးကွယ်ခြင်း၏ နက်နဲသောအရာ

"ညီအစ်ကိုမောင်နှမတို့ အားလုံးမင်္ဂလာပါ။
ကျမ်းစာမှပြောထားသည်မှာ “မှန်သောကိုးကွယ်ခြင်း၏ နက်နဲသောအရာသည် ကြီးစွာသောအရာဖြစ်သည်ဟု ငြင်းခုံရန်မရှိ။ ဘုရားသခင်သည် ကိုယ်ခန္ဓာ၌ ပေါ်ထွန်းတော်မူပြီ။ ဟုတ်မှန်တော်မူခြင်းအကြောင်းသည် ဝိညာဉ်တော်အား ဖြင့် ထင်ရှားပြီ။ ကောင်းကင်တမန်တို့သည် ကိုယ်တော်ကို ရှုမြင်ရကြပြီ။ တပါးအမျိုးသားတို့သည် သိတင်းတော်ကို ကြားရကြပြီ။ လောကီသားတို့သည် ယုံကြည်ရကြပြီ။ ဘုန်းအသရေနှင့်တကွ အထက်သို့ ဆောင်ယူခြင်းကို ခံတော်မူပြီ။” (တိမောသေ​ဩဝါဒစာ​ပဋ္ဌမစောင် ၃:၁၆)
ဤအခန်းတစ်ခန်းမှ သခင်ယေရှုသည်ခရစ်တော်ဖြစ်သည်၊လူ့ဇာတိခံယူသောဘုရားသခင်ကိုယ်တော်တိုင်ဖြစ်သည်ကို ကျွန်ုပ်တို့မြင်တွေ့နိုင်သည်။ခရစ်ယာန်များတို့သည် သခင်ယေရှု၏နာမတော်အားဖြင့်ဆုတောင်းကြသော်လည်း လူဇာတိခံခြင်း၏သမ္မာတရားကို သိသောသူမှာအလွန်နည်းပါးပါသည်။သခင်ယေရှှုလူ့ဇာတိပြန်ခံယူစဉ်တွင် ကျွန်ုပ်တို့သည်လူ့ဇာတိခံယူခြင်း၏သမ္မာတရားကို နားမလည်ပါက သူ့ကိုဘယ်လိုနဲ့သိမြင်နိုင်ပေါ့မည်နည်း။အမှန်စင်စစ်အားဖြင့်လူ့ဇာတိခံယူခြင်းဆိုသည်မှာအဘယ်နည်း။ဧဝံဂေလိရုပ်ရှင်《မှန်ကန်သော ကိုးကွယ်ခြင်း၏ နက်နဲသောအရာ 》သည် ဤဖက်ပိုင်းဆိုင်ရာသမ္မာတရားများကို နားလည်ရန်ခေါ်ဆောင်မည်ဖြစ်သည်။"

များပြားသောအကြံပြုချက်များ