菜單

မူလစာမျက်နှာ သတင်းအချက်အလက် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ လွတ်လပ်မှန်ကန်တဲ့လူ့အခွင့်အရေး ကယ်တင်ရှင်ပြန်ကြွလာပြီ ဧဝံဂေလိတရားတော် ကောင်းကင်နိုင်ငံတော်သီချင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ အမှန်တရားကို ဖေါ်ထုတ်ခြင်း နိုင်ငံတော် ချီးမွမ်းခြင်း တေးဂီတ
Showing posts with label သက်သေခံချက်. Show all posts
Showing posts with label သက်သေခံချက်. Show all posts

Saturday, August 10, 2019

(ပြန်လာခဲ့သူ ဘယ်သူပါလဲ)ခရစ်တော်ရဲ့ပလ္လင်ရှေ့မှောက် တရားစီရင်ခြင်းကို တွေ့ကြုံရခြင်းရဲ့သက်သေခံချက်များ


ကျွန်ုပ်တို့ဟာ သခင့်ကိုယုံကြည်လိုက်တာနဲ့၊ အပြစ်တွေ ပြေတယ်ဆိုပေမယ့်၊ ကျွနု်ပ်တို့ဟာ အပြစ်တွေအလယ်မှာ နေထိုင်နေတုန်းပါပဲ။ နေ့စဉ်ဆိုသလို အပြစ်တွေကို ကျူးလွန်လိုက် ဝန်ခံလိုက် လုပ်နေကြတယ်။ အပြစ်တွေကို ထပ်ပြီးမကျူးလွန်တော့မယ့်အချိန်၊ ဘုရားသခင်ကို ထပ်ပြီး မဖီဆန်တော့မယ့်အချိန်ကိုပဲ တောင့်တနေကြတယ်။ နောက်ဆုံးသောကာလမှာတော့၊ အနန္တတန်ခိုးရှင်ဘုရားဟာ ကျွန်ုပ်တို့ရဲ့ဆိုးယုတ်တဲ့ သဘောထားတွေ၊ လွဲမှားတဲ့ သဘာဝတွေကို ဖြေရှင်းပေးဖို့အတွက် တရားစီရင်ခြင်းအမှုကို ပြုပါတယ်။ နားထောင်ကြည့်လိုက်ပါ။ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းကို ဘယ်လိုတွေ့ကြုံရတယ်ဆိုတာတွေ၊ ဒါတွေကြောင့် သူတို့ရဲ့သဘောထားတွေ ဘယ်လိုပြောင်းလဲခဲ့တယ်ဆိုတာတွေအပေါ် သက်သေခံချက်တွေကို၊ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်က ညီအစ်ကိုမောင်နှမတွေက မျှဝေထားပါတယ်။

အသိပညာမျာ:

သခင်ယေရှု၏ ရွေးနှုတ်ခြင်းဆိုင်ရာ အဓိပ္ပါယ် အစစ်အမှန်ကို သင်သိပါသလား

Monday, April 15, 2019

ခရစ်ယာန်ကဗီဒီယို (သခင်တံခါးခေါက်နေသည်)

Feeling after watching: Now is the last days, being watchful and waiting for the Lord is a very important matter to all Christians. But this brother said that there is another way in the Bible that the Lord will return. What does this Bible verse refer to: "Behold, I stand at the door, and knock: if any man hear my voice, and open the door, I will come in to him, and will sup with him, and he with me." (Revelation 3:20)? Ony way is to descend with clouds, and one way is to stand outside the door and knock. How will the Lord appear to us? The Lord Is Knocking will give us the answer.


"သခင် တံခါးခေါက်နေသည်" တင်ဆက်မှုအတိုသည် နောက်ဆုံးသောကာလတွင် သခင်သည် သူ၏ နှုတ်ကပတ်တော်များဖြင့် ကျွနု်ပ်တို့၏ နှလုံးသားတံခါးခေါက်ပုံ၊ ဉာဏ်ပညာရှိသော အပျိုစင်တို့သည် ဘုရားသခင်၏အသံတော်ကိုကြားနိုင်ပြီး သိုးသငယ်နှင့်အတူ စားသောက်ပွဲကျင်းပနိုင်ပုံတို့ကို ရှင်းပြထားသည်။ သင်းအုပ်ဆရာချန်ရှောင်ဒုံသည် သခင်ပြန်ကြွလာခြင်းကို အစဉ်စောင့်လျက်ရှိသည်။ သို့ရာတွင် အစ်ကိုဇန်သည် သူ့အား သခင် ပြန်လာနှင့်ပြီဟု သက်သေခံသည့်အခါတွင် သူသည် သခင်ကတိမ်စီးလျက်ပြန်လည်ကြွလာမည်ဟုယုံကြည်လျက်၊ စစ်မှန်သည့်လမ်းအဖို့ သူ၏နှလုံးသားတံခါးကိုပိတ်လျက် သူ၏ ကိုယ်ပိုင်အယူအဆနှင့်စိတ်ကူးစိတ်သန်းများကို ခေါင်းမာစွာ စွဲကိုင်ထားသည်။ သို့သော် ဤတစ်ခါတွင်မူ အစ်ကိုဇန်သည် သူနှင့်အတူ သခင်ပြန်ကြွလာခြင်းနှင့် ဆက်စပ်သည့် ကျမ်းပိုဒ်တို့ကို ဆွေးနွေးပြီး နောက်ဆုံးသောကာလတွင် သခင်သည် နှုတ်ကပတ်တော်အသစ်တို့ကိုပြောကြားပြီး လူကို သန့်စင်ဖို့ရန်အတွက် လူ့ဇာတိခံယူပြီး လျှို့ဝှက်စွာပြန်ကြွလာမည်ဖြစ်ပြီး ထို့နောက်တွင်မှ ကောင်းသူအား ဆုလာဘ်ချီးမြှင့်၍ မကောင်းသူအား ဒဏ်ခတ်ရန်အတွက် လူအများရှေ့တွင် ပေါ်ထွန်းလိမ့်မည်ဆိုသည့် ပရောဖက်ပြုချက်များ သမ္မာကျမ်းစာတွင် ပါဝင်ကြောင်းကို သူ တွေ့ရှိခဲ့သည်။ တစ်ချိန်တည်းတွင် သူသည် ကျွနု်ပ်တို့၏တံခါးကိုခေါက်လျက်ရှိသည့်သခင်၏ အဓိပ္ပါယ်အစစ်အမှန်ကို နားလည်လာပြီး သခင်၏ပြန်လည်ကြွလာခြင်းကို ကြိုဆိုရာ၌ အဓိကအချက်သည် ဘုရားသခင်၏အသံတော်ကိုကြားနိုင်ဖို့ရန်ဖြစ်ကြောင်းကို နားလည်လာသည်။ သူသည် နောက်ဆုံးတွင် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲ၌ ဘုရားသခင်၏ အသံကို သူကြားရသည့်အခါ နောက်ဆုံးတွင် သူ၏နှလုံးသားတံခါးကိုဖွင့်ပြီး သခင်ပြန်လည်ကြွလာခြင်းကို ကြိုဆိုလေသည်။

ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏

Tuesday, March 26, 2019

ဘုရားသခင်၏ စိတ်အလိုတော် | သင်သည်ဘုရားသခင်ကိုဝတ်ပြုဆည်းကပ်ခြင်းအစဉ်ပြုသင့်သည်

အသင်းတော်, သမ္မာတရား, အသက်, သက်သေခံချက်, ယုံကြည်ခြင်း

သန့်ရှင်းသောဝိညာဉ်တော်သည် ယခုအသင်းတော်တွင်း၌ မည်သို့လုပ်ဆောင်လျက်ရှိ ပါသနည်း။ သင်နားလည်သဘောပေါက်ပါသလား။ ညီအကိုမောင်နှမတို့၏ အကြီးဆုံးသော အခက်အခဲများမှာအဘယ်နည်း။ သူတို့ထံတွင်မည်သည့်အရာအကင်းမဲ့ဆုံးနည်း။ လက်ရှိ တွင် စုံစမ်းစစ်ကြောခြင်းတို့အလယ်တွင် အဆိုးမြင်သောသူအချို့ရှိပြီး၊ အချို့သည် တည်းတွားကာပင်နေကာ၊ အချို့တို့သည် ဘုရားသခင်သူတို့နှင့် စကားပြောဆိုခြင်း မရှိတော့သဖြင့် အရှေ့သို့ဆက်၍ရွေ့လျားခြင်းမရှိတော့ပေ။ လူတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်ကန်သောလမ်းကြောင်းပေါ်သို့မဝင်ခဲ့ကြသေးပေ။ သူတို့သည် တသီး တသန့်နေထိုင်နိုင်ခြင်းမရှိ၊ သူတို့၏ကိုယ်ပိုင်ဝိညာဉ်ရေးရာအသက်တာကို ထိန်းသိမ်းထား နိုင်ခြင်းမရှိကြပေ။ နောက်တော်လိုက်လျှောက်ရာတွင် အင်နှင့်အားနှင့် လိုက်ပါကာ ဘုရားသခင်စကားမြွက်ဆိုချိန်တွင် လိုက်နာရန်ဆန္ဒရှိကြသောသူအချို့တို့ရှိသည်။ သို့ရာ တွင် ဘုရားသခင်မိန့်မြွတ်ဆိုမှုမရှိသည့်အချိန်တွင် သူတို့သည် ရှေ့သို့ဆက်တိုးခြင်း မရှိကြတော့ပေ။ လူတို့သည် သူတို့၏နှလုံးသားများထဲတွင် ဘုရားသခင်၏အလိုတော်ကို နားလည်နိုင်ခြင်းမရှိကြသေးပေ။ ဘုရားသခင်အတွက် အလိုအလျောက်ဖြစ်ပေါ်သော ချစ်ခြင်းမေတ္တာမရှိသေးပေ။ ယခင်ကဘုရားသခင်နောက်သို့သူတို့လိုက်ကြခြင်းမှာ သူတို့ကို တွန်းအားပေးခံရသောကြောင့်ဖြစ်ပါသည်။ ယခုအခါတွင် ဘုရားသခင်၏ အမှုတော်အပေါ်တွင် ပင်ပန်းငြီးငွေ့နေသူအချို့ရှိသည်။ သူတို့သည်အန္တရာယ်တွင်း သို့ကျရောက်နေသည်မဟုတ်ပါလား။ များစွာသောလူတို့သည် လုပ်နိုင်ရုံအဆင့်တွင်သာ ရှိနေကြသည်။ သူတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များ ကိုမှီဝဲစားသောက်၍ ဘုရားသခင်ထံဆုတောင်းကြသော်လည်း စိတ်တစ်ဝက်သာပါကြသည်။ တစ်ချိန်က သူတို့ရှိခဲ့ဖူးသောစိတ်တက်ကြွမှုမျိုးမရှိကြတော့ပေ။ လူအများစုသည် ဘုရားသခင်၏ စစ်ဆေးခြင်းနှင့် စုံလင်စေခြင်းအမှုအပေါ်တွင် စိတ်ဝင်စားမှုမရှိကြပေ။ သူတို့သည် ထိုသို့သော စိတ်အတွင်းတက်ကြွမှုမျိုးမရှိခဲ့ဖူးသည့်နှယ်ဖြစ်ကာ အပြစ်များမှ အနိုင်ယူခြင်းခံရချိန်တွင် ဘုရားသခင်အပေါ်တွင် ကျေးဇူးကြွေးရှိနေသည်ကို သူတို့သည် မခံစားမိပေ။ သူတို့ကို သူတို့နောင်တရခြင်းလည်းမရှိပေ။ သူတို့သည် သမ္မာတရားနောက်လိုက်ခြင်း သို့မဟုတ် အသင်းတော်ကို စွန့်ခွာခြင်းမပြုကြပေ။ သူတို့သည် ယာယီပျော်ရွှင်မှုကိုသာရှာဖွေကြသည်။ ဤသည်မှာ အရူးသွပ်ဆုံးသော မိုက်မဲသူမျိုးဖြစ်သည်။ အချိန်ကျရောက်လာလျှင် သူတို့အားလုံး မောင်းထုတ်ပစ်ခြင်း ခံရမည်ဖြစ်ပြီး၊ တစ်ဦးတစ်ယောက်မှ ကယ်တင်ခြင်းခံရလိမ့်မည်မဟုတ်ပေ။ တစ်စုံ တစ်ယောက်သည် တစ်ကြိမ်တစ်ခါကယ်တင်ခြင်းခံရဖူးရုံဖြင့် အမြဲတမ်းကယ်တင်ခြင်း ခံရမည်ဟုသင်ထင်ပါသလား။ ဤသည်မှာ လူတို့ကို အရူးလုပ်ရန် ကြိုးစားခြင်းသာ ဖြစ်သည်။ အသက်တာအတွင်းသို့ဝင်ရောက်ရန် ရှာဖွေခြင်းမရှိသူများသည် ပြစ်တင်ဆုံးမ ခြင်း ကို ခံရပါလိမ့်မည်။ လူအများစုသည် ရူပါရုံများဖြင့် အသက်တာတွင်းသို့ဝင်ရောက်ရန် သို့မဟုတ် သမ္မာတရားကို လက်တွေ့ကျင့်ဆောင်ရန်လုံးဝစိတ်ဝင်စားမှုမရှိပေ။ သူတို့သည် အတွင်းသို့ဝင်ရောက်ရန်ရှာဖွေခြင်းမရှိသလို သူတို့သည် ပို၍နက်ရှိုင်းစွာ ဝင်ရောက်ရန် လိုက်လျှောက်ခြင်းအမှန်မရှိပေ။ သူတို့ကိုယ်သူတို့ဖျက်ဆီးနေခြင်းပင်မဟုတ်ပါလား။ ယခု လက်ရှိတွင် အခြေအနေပို၍ကောင်းလာသောလူအချို့ရှိနေပါသည်။ သန့်ရှင်းသော ဝိညာဉ်တော်အလုပ်လုပ်လေလေ သူတို့ကိုယ်သူတို့ယုံကြည်မှုရှိလေလေ ဖြစ်ပြီး၊ သူတို့ထံတွင်အတွေ့အကြုံရှိလေလေ သူတို့သည်ဘုရားသခင့်အမှုတော်၏ လေးနက် သိမ်မွေ့သောဆန်းကြယ်မှုကို ပို၍ခံစားလာနိုင်လေလေဖြစ်သည်။ သူတို့သည် ပို၍ နက်ရှိုင်းစွာဝင်ရောက်လေလေ ပို၍နားလည်လာလေလေဖြစ်သည်။ ဘုရားသခင့် ချစ်ခြင်းမေတ္တာကြီးမားသည်ကိုသူတို့ခံစားရပြီး၊ စိတ်အတွင်း၌ တည်ငြိမ်မှုနှင့် ဉာဏ်အလင်း တို့ကိုခံစားရပါသည်။ သူတို့သည်ဘုရားသခင့်အမှုတော်ကိုနားလည်မှုရှိကြသည်။ ဤသူတို့သည် သန့်ရှင်းသောဝိညာဉ်တော်သူတို့အတွင်းတွင်လုပ်ဆောင်နေသူ များ ဖြစ်သည်။ အချို့က ဘုရားသခင်ထံမှ အသစ်သောစကားတော်များမရှိသော်လည်း သမ္မာတရားကို ပို၍နက်ရှိုင်းစွာ ငါရှာဖွေရန်လိုသည်၊ ငါ့လက်တွေ့အတွေ့အကြုံတွင် အရာအားလုံးနှင့်ပတ်သတ်၍ ငါစိတ်အားထက်သန်သင့်ကာ ဘုရားသခင့် နှုတ်ကပတ်စကားတော်၏ အမှန်တရားအတွင်းသို့ ဝင်ရာက်သင့်သည်ဟု ပြောကြသည်။ ဤသို့သော လူမျိုးတွင် သန့်ရှင်းသောဝိညာဉ်တော်၏အမှုတော်ရှိပါသည်။ ဘုရားသခင် သည် သူ၏လက်ခံသဘောတူမှုကိုမပြ၊ လူတစ်ဦးစီထံမှပုန်းရှောင်၍ စကားလုံးတစ်လုံးမှ မြွက်ဆိုခြင်းမရှိပဲ၊ လူတို့သည် စိတ်အတွင်းပိုင်းစစ်ဆေးခြင်းကိုတွေ့ကြုံရသည့် အချိန်များ ရှိသော်ငြားလည်း ဘုရားသခင်သည် လူတို့ကို လုံးဝထားရစ်ခဲ့ခြင်းမဟုတ်ပေ။ အကယ်၍ လူတစ်ဦးသည် သူတို့လုပ်ဆောင်သင့်သောသမ္မာတရားကိုထိန်းသိမ်း ထားနိုင်ခြင်းမရှိလျှင် သူတို့ထံတွင် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုရှိလိမ့်မည် မဟုတ်ပေ။ စစ်ဆေးခြင်းကာလအတွင်းတွင် ဘုရားသခင်သည် ကိုယ်ထင်မပြသဖြင့် အကယ်၍သင်သည် မိမိကိုယ်ကိုယုံကြည်မှုမရှိပဲ တုန်လှုပ်နေပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုကြုံတွေ့ခံစားရသည့်အပေါ်တွင် အာရုံစိုက်မှုမရှိလျှင် ဤအချင်းအရာသည် ဘုရားသခင်၏အမှုတော်မှ ထွက်ပြေးခြင်းပင်ဖြစ်သည်။ နောက်ပိုင်းတွင် သင့်ကို မောင်းထုတ်ခြင်းခံရပါလိမ့်မည်။ ဘုရားသခင်၏နှုတ်ထွက်စကားများအတွင်းသို့ ဝင်ရောက် ရန် ရှာဖွေခြင်းမရှိသောသူများသည် ဘုရားသခင်အတွက်သက်သေ အဖြစ်ရပ်တည် နိုင်စွမ်းရှိမည်မဟုတ်ပေ။ ဘုရားသခင်အတွက် သက်သေခံနိုင်ပြီး၊ သူ၏ အလိုတော်ကို ကျေနပ်စေနိုင်သောသူများသည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို ရှာဖွေရန်သူ တို့၏တက်ကြွသောစိတ်ဆန္ဒအပေါ်တွင် လုံးလုံးလျားလျား မှီခိုအားထားမှုရှိကြသည်။ လူတို့အပေါ်တွင် လုပ်ဆောင်သောဘုရားသခင်၏အမှုတော်သည် လူတို့ကို သမ္မာတရားကိုရရှိစေရန် အဓိကအားဖြင့် ခွင့်ပြုပါသည်။ သင်၏ အသက်တာကို ရှာဖွေခြင်းသည် သင့်ကို စုံလင်စေရန်အလို့ငှါဖြစ်ပြီး - ဘုရားသခင်၏အသုံးပြုမှုအတွက် သင့်ကိုသင့်တော်မှု ရှိအောင်ပြုလုပ်ခြင်းသာဖြစ်သည်။ ယခုသင် ရှာဖွေလုပ်ဆောင်နေသောအရာအားလုံးသည် လျို့ဝှက်ဆန်းကြယ်မှုများကိုကြားနာခြင်း၊ ဘုရားသခင်၏နှုတ်ထွက်စကားတော်များကို နားထောင်ခြင်း၊ သင့်မျက်လုံးများကို အစာကျွေးခြင်း၊ အသစ်တစ်စုံတစ်ရာကိုကြည့်ခြင်း သို့မဟုတ် ဦးတည်ရာမည်သည်ဖြစ်သည်ကိုကြည့်ခြင်း နှင့် သင့် သိချင်စိတ်ကို ကျေနပ်စေခြင်းတို့သာ ပင်ဖြစ်သည်။ အကယ်၍ဤသို့သောရည်ရွယ်ချက်များသည် သင့်နှလုံးသားထဲတွင်ရှိနေပါက ဘုရားသခင်၏ သတ်မှတ်ချက်များကို ပြည့်မှီစေရန်နည်းလမ်း သင့်ထံတွင်မရှိပေ။ သမ္မာတရားကို လိုက်လံရှာဖွေခြင်းမရှိသောသူများသည် အဆုံးခန်း တိုင်အောင်နောက်လိုက်နိုင်စွမ်းမရှိပေ။ ယခုလက်ရှိတွင် ဘုရားသခင်သည် ဘာကိုမျှ မပြုလုပ်နေခြင်းမဟုတ်ပါ—လူတို့ကသာလျှင် ဘုရားသခင်၏အမှုတော်အပေါ်တွင် ငြီးငွေ့ ပင်ပန်းကြပြီးပူးပေါင်းပါဝင်မှုမရှိခြင်းဖြစ်သည်။ သူတို့သည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာစကားများကိုသာကြားလိုကြပြီး၊ ဘုရားသခင်၏တရားစီရင်မှုနှင့် ဆုံးမ အပြစ်ပေးသည့်စကားတော်တို့ကိုကြားလိုသောဆန္ဒမရှိကြပေ။ ဤအတွက်အကြောင်းရင်း မှာအဘယ်နည်း။ ဤသို့ဖြစ်ရခြင်းမှာ ကောင်းချီးမင်္ဂလာများကိုရလိုသည့် လူသားတို့၏ ဆန္ဒများကိုဖြည့်ဆည်းခြင်းမခံခဲ့ရပဲ၊ သူတို့သည် အဆိုးမြင်ကာ အားနည်းနေကြခြင်း ကြောင့်ဖြစ်သည်။ ဘုရားသခင်သည် လူတို့ကိုသူ့နောက်လိုက်ရန်အတွက် တမင် ခွင့်မပြုထားခြင်းမဟုတ်ပေ။ ဘုရားသခင်သည်လူသားမျိုးနွယ်တို့ကိုထိုးနှက်မှုများ ကိုတမင် သက်သက်ပေးအပ်နေခြင်းလည်းမဟုတ်ပေ။ လူတို့သည် အဆိုးမြင်ကာ အားနည်း နေရခြင်းမှာ သူတို့၏ရည်ရွယ်ချက်များသည် သင့်လျော်မှုမရှိခြင်းကြောင့်သာဖြစ်သည်။ ဘုရားသခင်သည် လူကို အသက်ပေးသော ဘုရားဖြစ်ပြီး သူသည် လူသားကို သေခြင်းသို့မခေါ်ဆောင်နိုင်ပေ။ လူသားတို့၏ အဆိုးမြင်မှု၊ အားနည်းချက် နှင့် နောက်ဆုတ်ခြင်းတို့အားလုံးတို့သည် သူတို့ဟာသူတို့ ဖြစ်ပေါ်လာစေသည့်အရာဖြစ်သည်။

Saturday, February 23, 2019

ဘုရားသခင့်အမှု၏ အဆင့်သုံးဆင့်ကို သိခြင်းမှာ ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်ဟု အဘယ်ကြောင့် အဆိုရှိသနည်း။

သက်သေခံချက်, သမ္မာတရား, ဘုရားသခင်, ဘုရားသခင်၏ နှုတ်ကပတ်တော်,

(ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲမှ လက်ရွေးစင် ကျမ်းပိုဒ်)


ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်

လူသားမျိုးနွယ်အား စီမံခန့်ခွဲခြင်းအမှုကို အဆင့်သုံးဆင့်ခွဲထား၏။ ဆိုလိုသည်မှာ လူသားမျိုးနွယ်အား ကယ်တင်ခြင်းအမှုကို အဆင့်သုံးဆင့် ခွဲထားခြင်းဖြစ်သည်။ ဤအဆင့်သုံးဆင့်တွင် ကမ္ဘာမြေကြီးကို ဖန်ဆင်းခြင်းအမှု မပါသော်လည်း ၎င်းအဆင့်တို့မှာ ပညတ်တော်ခေတ်၊ ကျေးဇူးတော်ခေတ်နှင့် နိုင်ငံတော် ခေတ်အမှု၏ အဆင့်သုံးဆင့်တို့ဖြစ်ကြ၏။ ကမ္ဘာမြေကြီးကို ဖန်ဆင်းခြင်းအမှုသည် လူသားမျိုးနွယ် တစ်ရပ်လုံးကို ထုတ်လုပ်ခြင်းအမှုဖြစ်၏။ ထိုအမှုမှာ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှု မဟုတ်ဘဲ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှုနှင့် လုံးဝဆက်စပ်ခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာ မြေကြီးကို ဖန်ဆင်းချိန်၌ လူသားသည် စာတန်၏ ဖျက်ဆီးခြင်းကို မခံရသေးသဖြင့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှု ဆောင်ရွက်ရန် မလိုအပ်ခဲ့ပေ။ လူသားမျိုးနွယ် ဖျက်ဆီးခံရသည့်အခါတွင်မှ လူသား မျိုးနွယ်ကို ကယ်တင်ခြင်းအမှု စတင်ခဲ့သည်။ ထို့ကြောင့် လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း အမှုသည်လည်း လူသားမျိုးနွယ်ကို စာတန်ဖျက်ဆီးပြီးသည့်အခါတွင်မှ စတင်ခဲ့သည်။ တစ်နည်းအားဖြင့်ဆိုလျှင် ဘုရားသခင်၏ လူသားအပေါ်စီမံခန့်ခွဲခြင်းသည် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှု၏ ရလဒ်အဖြစ် စတင်ခဲ့ခြင်းဖြစ်၍ ကမ္ဘာမြေကြီးကို ဖန်ဆင်းခြင်းအမှုမှ ပေါ်ပေါက်လာခြင်းမဟုတ်ပေ။ လူသားမျိုးနွယ်မှ ပျက်စီးသည့် စိတ်နေ သဘောထား ရရှိခဲ့ပြီးနောက်မှသာ စီမံခန့်ခွဲသည့်အမှု ဖြစ်ပေါ်လာသည်။ ထို့ကြောင့် လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်းအမှုတွင် အဆင့်လေးဆင့် သို့မဟုတ် ခေတ်လေးခေတ်အစား အပိုင်းသုံးပိုင်း ပါရှိသည်။ ဤသည်သာလျှင် ဘုရားသခင်၏  လူသားအပေါ် စီမံခန့်ခွဲခြင်းအမှုကို မှန်ကန်စွာ ရည်ညွှန်းသည့်နည်း ဖြစ်သည်။ နောက်ဆုံးခေတ်ပြီးဆုံးချိန်တွင် လူသားမျိုးနွယ်အပေါ်စီမံခန့်ခွဲခြင်းအမှုသည် ပြည့်စုံစွာ ပြီးဆုံးခဲ့ ပြီး ဖြစ်လိမ့်မည်။ စီမံခန့်ခွဲခြင်းအမှု ပြီးဆုံးခြင်းသည် လူသားမျိုးနွယ်အားလုံးကို ကယ်တင်သည့်အမှု လုံးဝ ပြီးဆုံးသွား၍ လူသားမျိုးနွယ်သည် ၎င်း၏ခရီးလမ်းဆုံးသို့ ရောက်ခဲ့ပြီးဖြစ်သည်ဟု ဆိုလို၏။ လူသား မျိုးနွယ်အားလုံးကို ကယ်တင်သည့်အမှုမရှိပါက လူသားမျိုးနွယ်ကို စီမံခန့်ခွဲသည့်အမှု ရှိမည်မဟုတ်ပါ။ အမှု၏ အဆင့်သုံးဆင့်သည်လည်း ရှိမည်မဟုတ်ပါ။ အတိအကျအားဖြင့် ဤသည်မှာ လူသားမျိုးနွယ်၏ စာရိတ္တပျက်ပြားမှုကြောင့်နှင့် လူသားမျိုးနွယ်သည် ကယ်တင်ခြင်းကို အရေးတကြီး လိုအပ်နေသဖြင့် ယေဟောဝါသည် ကမ္ဘာမြေကြီးအား ဖန်ဆင်းခြင်းကို အဆုံးသတ်ခဲ့ကာ ပညတ်တော်ခေတ် အမှုကို စတင်ခဲ့၏။ ထိုအခါတွင်မှ လူသားမျိုးနွယ်အား စီမံခန့်ခွဲသည့်အမှု စတင်ခဲ့၏။ ထိုအခါတွင်မှ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှု စတင်ခဲ့၏ဟု ဆိုလိုခြင်းဖြစ်သည်။ "လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း" ဟူသည် ကမ္ဘာမြေကြီးပေါ်တွင် အသစ်ဖန်ဆင်းထားသည့် လူသားမျိုးနွယ် (ဆိုလိုသည်မှာ ဖျက်ဆီးမခံရသေးသည့် လူသားမျိုးနွယ်) ၏အသက်တာကို လမ်းပြခြင်းဟု မဆိုလိုပါ။ ထိုသို့မဟုတ်ဘဲ စာတန်၏ ဖျက်ဆီးခြင်းကို ခံခဲ့ရသော လူသားမျိုးနွယ်ကို ကယ်တင်ခြင်းဖြစ်၏။ ဆိုလိုသည်မှာ ဤပျက်စီးနေသော လူသားမျိုးနွယ်ကို ပြောင်းလဲရန်ဖြစ်၏။ ဤသည်မှာ လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း၏ အဓိပ္ပါယ်ဖြစ်၏။ လူသား မျိုးနွယ်ကို ကယ်တင်ခြင်းအမှုတွင် ကမ္ဘာမြေကြီးကို ဖန်ဆင်းသည့်အမှုမပါပေ။ ထို့ကြောင့် လူသား မျိုးနွယ်ကို စီမံခန့်ခွဲသည့်အမှုတွင် ကမ္ဘာမြေကြီးကို ဖန်ဆင်းသည့်အမှု မပါဝင်ဘဲ ကမ္ဘာမြေကြီးကို ဖန်ဆင်းခြင်းအမှုမှ သီးခြားဖြစ်သော အမှုအဆင့်သုံးဆင့်သာ ပါဝင်၏။ လူသားမျိုးနွယ်အား စီမံခန့်ခွဲခြင်း အမှုကို နားလည်ရန် အမှု၏အဆင့်သုံးဆင့် နောက်ခံသမိုင်းကို သိရှိရန်လိုအပ်သည်—ဤသည်မှာ ကယ်တင်ခံရရန် လူတိုင်းသိရမည့်အရာဖြစ်၏။ ဘုရားသခင်၏ ဖန်ဆင်းထားသော သတ္တဝါများအနေဖြင့် လူသားသည် ဘုရားသခင်၏ ဖန်ဆင်းခြင်းကို ခံရသည်ကို သင်တို့သိသင့်၍ လူသားမျိုးနွယ်၏ ပျက်စီးခြင်း အရင်းအမြစ်ကို သိသင့်သည့်အပြင် လူသား၏ ကယ်တင်ခြင်း လုပ်ငန်းစဉ်ကို သိသင့်သည်။ ဘုရားသခင်ထံမှ မျက်နှာသာရရှိရေးအတွက် အယူဝါဒနှင့်အညီ မည်သို့ပြုမူရမည်ကိုသာ သင်တို့သိ၍ လူသားမျိုးနွယ်ကို ဘုရားသခင်မှ မည်သို့ကယ်တင်သည်ကို ဖြစ်စေ၊ လူသားမျိုးနွယ် ပျက်စီးခြင်း၏ အရင်းအမြစ်ကိုဖြစ်စေ၊ အရိပ်အမြွက်မျှပင် မသိပါက ဤသည်မှာ ဘုရားသခင်ဖန်ဆင်းသော သတ္တဝါအဖြစ် သင်တို့တွင် ကင်းမဲ့နေသည့်အရာဖြစ်၏။ သင်သည် ဘုရားသခင် စီမံခန့်ခွဲခြင်းအမှု၏ ပိုမိုကျယ်ပြန့်သော နယ်ပယ် အကြောင်း မသိဘဲနေလျက် လက်တွေ့ကျင့်သုံးနိုင်သည့် သမ္မာတရားများကို နားလည်ခြင်းဖြင့် ကျေနပ်၍သာ မနေသင့်ပါ—ဤသို့ဖြစ်ပါက သင်သည် တယူသန်ဆန်လွန်း၏။ အမှုအဆင့်သုံးဆင့်သည် လူသားအပေါ် ဘုရားသခင်စီမံခန့်ခွဲမှု၏ အတွင်းဇာတ်လမ်း၊ စကြဝဠာတစ်ခုလုံး၏ ဧဝံဂေလိတရားစတင်ခြင်း၊ လူသား မျိုးနွယ် အားလုံးအကြား အကြီးမားဆုံးသော နက်နဲမှုနှင့် ဧဝံဂေလိတရား ဖြန့်ဝေခြင်း၏ အခြေခံလည်း ဖြစ်၏။ သင်သည် သင့်အသက်တာနှင့် သက်ဆိုင်သည့် လွယ်ကူရိုးရှင်းသော သမ္မာတရားများ နားလည်ရေးကိုသာ အဓိကထား၍ နက်နဲမှုများနှင့် အမြင်များအနက် အကြီးမြတ်ဆုံး ဤအကြောင်းကို ဘာမျှမသိပါက သင်၏အသက်တာသည် ကြည့်ရုံမှလွဲ၍ မည်သည့်အတွက်မျှ မကောင်းသော ချွတ်ယွင်းနေသည့် ထုတ်ကုန်ပစ္စည်းတစ်ခုနှင့် တူနေမည်မဟုတ်ပါလော။

Monday, February 18, 2019

စိတ်ဝင်စားဖွယ်ရာ ဗွီဒီယို အပိုင်းအစ | ကိုယ်တော်ရှင် ပြန်လည်ကြွရောက်ပြီးမိန့်ဆိုသည်ကို ကြားရတဲ့အတွက် ခရစ်ယာန်ဘာသာဝင်တွေဟာ နိုးထလာကြပါပြီ



Myanmar Gospel Movieကိုယ်တော်ရှင် ပြန်လည်ကြွရောက်ပြီးမိန့်ဆိုသည်ကို ကြားရတဲ့အတွက် ခရစ်ယာန်ဘာသာဝင်တွေဟာ နိုးထလာကြပါပြီ

သခင်ယေရှုက "နား​ထောင်​လော့။ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။” (ဗျာဒိတ်ကျမ်း ၃:၂၀) ယခုနှစ်များအတွင်းမှာ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ဟာ သခင်ယေရှု ပြန်လည်ကြွရောက်နေပြီဖြစ်ကြောင်းနဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ဖို့အတွက် ကိုယ်တော်ဟာ နှုတ်ကပတ်တော်တွေကို မိန့်ဆိုထားကြောင်း မပြတ်တမ်း သက်သေခံထားပါတယ်။ ဘာသာရေးအသိုင်းအဝိုင်းက သင်းအုပ်ဆရာတွေ၊ သင်းထောက်တွေကတော့ ဘုရားရဲ့သိုးတွေကို ကာကွယ်ဟန်ပြုပြီး၊ ယုံကြည်သူတွေကို စစ်မှန်သောလမ်းကို မစူးစမ်းမရှာဖွေအောင်၊ ဘုရားရဲ့အသံတော်ကို မကြားအောင် ပိတ်ဆို့ဖို့ အစွမ်းကုန်ကြိုးစားကြတယ်။ ဒီကိစ္စကို ချဉ်းကပ်ရာမှာ ခရစ်ယာန်ဘာသာဝင်တွေအနေနဲ့ ဘယ်လိုရွေးချယ်မှုကို ပြုကြမှာလဲ။

အကြံပြုစာများဖတ်ရှုလေ့လာရန်:

ခရစ်တော်၏ဂုဏ်ဒြပ်မှာ ကောင်းကင်ဘုံ၌ ရှိတော်မူသော အဖဘုရားသခင်၏ အလိုတော်ကိုဆောင်ခြင်း ဖြစ်သည်

Wednesday, February 6, 2019

ဘုရားသခင်၏ ပြောဆိုသံ | ကယ်တင်ခြင်းရရှိသူတစ်ဦးသည် အမှန်တရားကိုကျင့်သုံးလိုသူဖြစ်သည်

ဘုရားသခင်, သက်သေခံချက်, အသင်းတော်, ယေရှု, သန့်ရှင်းသောဝိညာဉ်တော်
အစောပိုင်း က ဒေသနာတော်ဟောကြားမှုများတွင် ခိုင်မာသောအသင်းတော်ဘဝရှိမှု၏ လိုအပ်ချက်ကို ထည့်သွင်းခဲ့ပြီးဖြစ်သည်။ သို့ဆိုလျှင်အသင်းတော်ဘဝသည်ယခုတိုင်ဘာကြောင့်မတိုးတက်ဘဲ ယခင် အဟောင်းအတိုင်းသာ ရှိနေရပါသနည်း။ အဘယ်ကြောင့်အသစ်စက်စက်ဖြစ်ပြီး မတူညီသော ဘဝဖြစ်မလာရပါသနည်း။ အသက် ကိုးဆယ်ကျော် လူတစ်ဦးသည် လွန်ခဲ့သောခေတ်ကာလများက ရှင်ဘုရင်တစ်ပါး ကဲ့သို့ နေထိုင်ရန်သင့်တော်နိုင်ပါသလား ။လွန်ခဲ့သောခေတ်များက အစားအစာနှင့် ဖျော်ရည်များသည် အရသာခံရခဲသောရသာမွန်များဖြစ်သော်လည်း အသင်းတော်၏ အခြေအနေများ သည် အချိုးအကွေ့ အလှည့်အပြောင်း ကြီးမားစွာမရှိခဲ့ပေ။ ဝိုင်အရက်ဟောင်းကိုပုလင်းသစ်တွင် ထည့်သွင်းသကဲ့သို့သာရှိခဲ့သည်။ သို့ဖြစ်လျှင် ဘုရားသခင်၏ နှုတ်ထွက်စကားတော်များကို လွန်စွာအသုံးပြုခြင်းသည်မည်သို့ဖြစ်သနည်း။ နေရာအများအပြားရှိ အသင်းတော်များသည်လုံးဝ မပြောင်းလဲပဲရှိခဲ့သည်။ ငါသည်ယင်းကိုမျက်စိဖြင့်မြင်ခဲ့ရပြီး ငါ၏စိတ်နှလုံးတွင်ရှင်းလင်းလှသည်။ ငါကိုယ်တိုင် အသင်းတော်အသက်တာကို ကြုံတွေ့ခဲ့ခြင်းမရှိသော်လည်းအသင်းတော် စုဝေးမှုများ၏ အခြေအနေကိုငါ၏ လက်ဖမိုးကဲ့သို့ပင်ငါသိရှိသည်။ ယင်းတို့မှာတိုးတက်မှုမရှိလှချေ။ ယင်းမှာ - ဝိုင်အရက်ဟောင်းကို ပုလင်းသစ်တွင် ထည့်သွင်းသည် - ဆိုသောဆိုရိုးစကားသို့သာ ဖြစ်မြဲဖြစ်နေ သည်။ ဘာမှမပြောင်းလဲပါ၊ နည်းနည်းမှ မပြောင်းလဲပါ။ တစ်စုံတစ်ယောက်က သိုးထိန်းပြုသည့်အခါ သူတို့က မီးလိုလောင်သည်၊ သို့သော်လည်းသူတို့ကို ကူညီမည့်သူ မရှိသည့်အခါသူတို့ ကရေခဲတုံးဖြစ်သွားကြသည်။ အတော်များများ သည်လက်တွေ့ကျသောကိစ္စများကို မပြောနိုင်ကြ ပါ၊ရှားရှားပါးပါး မည်သူမျှပင် မပဲ့ပြင်နိုင်ကြပါ။ သြဝါဒများသည် ကြီးမြတ်သော်လည်းရှားရှား ပါးပါးပင်မည်သူမျှမလိုက်နာကြပါ။ အနည်းငယ်သော လူများသာလျှင် ဘရားသခင်၏ နှုတ်ကပတ်တော်ကို ချစ်ခင်မြတ်နိုးကြသည်။ သူတို့ဘုရားသခင်၏ နာမတော်ကိုနာယူသည့်အခါ သူတို့ မျက်ရည်ကျကြပြီး ဘေးဖယ်ထားသည့်အခါတွင် သူတို့ပျော်ရွှင်ကြသည်။ သူတို့ယင်းမှခွဲခွာသွား ကြသည့်အခါ သူတို့သည် အမိုက်အမှောင်ဖုံးသွားကြသည်။ ပွင့်ပွင့်လင်းလင်းပြောရလျှင် သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ချစ်ခင်မြတ်နိုးခြင်းမရှိကြပဲ ကိုယ်တော်၏နှုတ်မှ ထွက်သောနှုတ်ကပတ်တော်ကို ယနေ့အချိန်အခါတွင် တန်ဖိုးမထားကြတော့ပါ။ ကိုယ်တော်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုသည့်အခါသင်တို့သည် စိုးရိမ်မှုသာရှိကြပြီး၊ အာဂုံဆောင်ရာတွင် အားသွန်ခွန်စိုက်လုပ်ဆောင်ကြသည်။ သို့ရာတွင် ကိုယ်တော်၏ နှုတ်ကပတ်တော်ကို လက်တွေ့ကျင့်သုံးသည့်အခါ မည်သည့်အခါမျှမပြီးဆုံးနိုင်သည့် လုပ်ငန်းကိုရင်ဆိုင်ရသကဲ့သို့ ဖြစ်သည်- သင်တို့သည်စိတ်ဆန္ဒပြင်းပြခြင်းမရှိကြချေ။ သင်တို့သည်ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှု သည့်အခါ အစဉ်အမြဲခွန်အားရှိကြသော်လည်း လက်တွေ့ကျင့်သုံးသည့်အခါ ယင်းကိုမေ့လျော့ကြသည်။ အမှန်တကယ်အားဖြင့် ယင်းစကားလုံးတို့သည် နာနာကျင်ကျင်နှင့် စိတ်ရှည်စွာ အထပ်ထပ်အခါခါ ပြောဆိုရန်မလိုအပ်ပါ၊ လူများသည်နားထောင်ရုံသာ နားထောင်ကြပြီး လက်တွေ့တွင်ကျင့်သုံးမှု မရှိကြချေ။ သို့ဖြစ်ရာ ယင်းတို့သည် ဘုရားသခင်၏ အမှုတော်ကိုအဟန့်အတားများဖြစ်စေသည်။ ကျွနု်ပ်ယင်းကို မဖော်ထုတ်နိုင်၊ ကျွနု်ပ်သည်ယင်းကို မပြောဆိုနိုင်ပါ။ ကျွနု်ပ်သည် ထိုသို့လုပ်ဆောင်ရန် အတင်းကြိုးစားရသည်၊ အခြားသူများ၏ အားနည်းချက်များကို ထုတ်ဖော်ရာ တွင် အကျွနု်ပ်သည်မပျော်ပိုက်။ သင်တို့၏ ကျင့်သုံးမှုသည် လုံလောက်ပြီဟုယူဆကြပြီး၊ အံ့သြဖွယ်ရာများ အမြင့်မားဆုံးသို့ရောက်သောအခါ သင်တို့သည်လည်းအမြင့်မားဆုံးသို့ ရောက်ရှိနေပြီဟုသင်တို့ ထင်ကြပါသလား။ ထိုအရာသည်ဤမျှလောက်ရိုးရှင်းပါသလား။ သင်၏ အတွေ့အကြုံများကို လုံးဝ ပုံအပ်တည်ဆောက်ထားသည့် အခြေခံများကို သင်တို့မည်သည့်အခါမျှစုံစမ်းခြင်းမပြုကြ။ ယခု အခိုက်အတံ့တွင် သင်တို့၏စုရုံးမှုတို့သည် အသင်းတော် မှန်ကန်သောဘဝဟုမခေါ်ဆိုနိုင်သကဲ့သို့ ယင်းသည်ခိုင်မာသောဝိညာဉ်ရေးရာဘဝလည်းမဟုတ်ချေ။ ယင်းမှာစကားပြောခြင်းနှင့်သီချင်းဆိုခြင်းကို ပျော်မွေ့ကြသော လူတစ်စု စုဆုံကြခြင်းသာဖြစ်သည်။ တိတိကျကျဆိုပါက ယင်းတွင်အမှန်တရား များများစားစားမရှိချေ။ ပိုမိုရှင်းလင်းအောင်ပြောရမည်ဆိုလျှင် သင်မကျင့်သုံးပါက အမှန်တရားက အဘယ်မှာရှိမည်နည်း။ သင့်တွင်အမှန်တရားရှိသည်ဆိုလျှင် ကြွားဝါရာမရောက်ပါလော။ အစဉ်အမြဲ နာခံသူတို့သည် ငြိမ်သက်စွာဖြင့် ဦးခေါင်းများကိုငုံ့ထားသည့်အချိန်တွင် အလုပ်များကို အစဉ်အမြဲ လုပ်ဆောင်သူတို့သည် လိုက်နာကျင့်သုံးမှုမရှိပဲ မာနကြီးပြီးဘဝင်မြင့်ကြပြီး။ မည်သည့် အလုပ်ကိုမျှ မလုပ်သော သူတို့သည်စကားပြောကြသည်။ သူတို့၏မြင့်မားသောအသုံးအနှုန်းများဖြင့် မိန့်ခွန်းများ ပြောကြပြီး နောက်လိုက်များမှာ နားထောင်ရုံသာဖြစ်သည်။ ပြောင်းလဲခြင်းနှင့်သက်ဆိုင်သည့် အရာများကိုမပြောကြ၊ ယင်းတို့သည် အတိတ်ကနည်းလမ်းများသာဖြစ်သည်။ ယနေ့တွင်သင်၏တင်ပြနိုင်စွမ်း၊ နှောင့်ယှက်ခြင်းပြုရန်စိုးရွံ့ခြင်း သို့မဟုတ် ဆန္ဒရှိစွာပြုမူခြင်းတို့သည် ဘုရားသခင်၏ စီမံညွှန်ကြားမှုအမိန့်များရောက်ရှိလာ၍ဖြစ်သည်။ ကျင့်သုံးခြင်းအားဖြင့် သင်ပြောင်းလဲ သွားခြင်း မဟုတ်ပေ။ မနေ့ကဆိုလျှင် သင်လုပ်ဆောင်ခဲ့မည် ဖြစ်သော်လည်း ယနေ့တွင်သင်သည် အရာများစွာကို မလုပ်ဆောင်သည့် အကြောင်းရင်းမှာ ဘုရားသခင်၏ အမှုတော်သည် အလွန်ထင်ရှား ပြီး လူတို့အား အောင်နိုင်ခဲ့သောကြောင့်ဖြစ်သည်။ ငါ့ကိုတစ်စုံတစ်ယောက်အား မေးမြန်းခွင့်ပြုပါ။ ယနေ့သင်ရရှိပိုင်ဆိုင်သော အရာမည်မျှကို သင်၏ချွေးဖြင့်ကြိုးစား လုပ်ဆောင် ခဲ့ရပါသနည်း။ ထိုအရာများထဲမှ မည်မျှသည် ဘုရားသခင်က တိုက်ရိုက်မိန့်မြွတ်တော်မူပါသနည်း။ သင်မည်သို့ ဖြေမည်နည်း။ သင်ဆွံ့အ နှုတ်ဆိတ်သွားမည်လော။ သင်၏လျှာကို ထုတ်မည်လော။ အခြားသူများက သူတို့၏အတွေ့အကြုံ အများအပြားကို ထုတ်ဖော်ပြောဆိုနိုင်သဖြင့် သင့်အတွက်အာဟာရသဖွယ် ဖြစ်နေစဉ်တွင် သင်သည်အခြားသူများ ချက်ပြုတ်ထားသော အစာကို အသင့်စားနိုင်သည်မှာ အဘယ်ကြောင့်နည်း။ သင်မရှက်ပါသလော။ သင်မစိုးရွံ့မိပါသလော။

Saturday, February 2, 2019

အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် | ဘုရားသခင်၏ ပြောဆိုသံ | လမ်းကြောင်း… (၅)

သမ္မာတရား, အသက်, သက်သေခံချက်, ယုံကြည်ခြင်း, ယုံကြည်သူ,
သန့်ရှင်းသောဝိညာဉ်တော်ကို မည်သူကမျှ မသိရှိခဲ့ဖူးပေ။ အထူးသဖြင့် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းကြောင်းဟူသည်မှာ မည်သည်ကို ဆိုလိုသည့်အကြောင်း သူတို့မသိခဲ့ကြပေ။ ထိုကြောင့် လူတို့သည် ဘုရားသခင်ရှေ့တွင် အမြဲတမ်း အသိဉာဏ်မဲ့သူကဲ့သို့ ပြုမူခဲ့ကြသည်။ ဘုရားသခင်ကို ယုံကြည်သူ အားလုံးနီးပါးသည် ဝိညာဉ်တော်ကို မသိရှိကြဘဲ ရောထွေးသော ယုံကြည်ခြင်းမျိုးသာ ရှိကြသည်ဟု ဆိုနိုင်သည်။ ထိုအနေအထားအရ လူတို့သည် ဘုရားသခင်ကို နားမလည်သည်မှာ ထင်ရှားသည်။ သူ့ကို ယုံကြည်သည်ဟု ဆိုသော်လည်း၊ ၎င်း၏အနှစ်သာရအားဖြင့် သူတို့၏ အပြုအမူအပေါ် အခြေခံ၍ မိမိကိုယ်ကို ယုံကြည်ခြင်းသာ ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်း မဟုတ်ပေ။ ငါ၏ အဖြစ်မှန်အတွေ့အကြုံအရ ငါမြင်နိုင်သည်မှာ ဘုရားသခင်သည် ဇာတိခန္ဓာထဲရှိ ဘုရားသခင်အကြောင်း သက်သေခံ၍ အပြင်ပန်းအားဖြင့် လူအားလုံးသည် သူ၏သက်သေခံချက်ကို အတင်းအဓ္ဓမ အသိအမှတ်ပြုခိုင်းခံရခြင်းဖြစ်ရာ ဘုရားသခင်၏ ဝိညာဉ်တော်သည် အမှားအယွင်း လုံးဝမရှိသည်ကို သူတို့ယုံကြသည်ဟု ဆိုနိုင်ရုံမျှသာရှိသည်။ သို့သော်လည်း လူတို့ ယုံကြည်သည်မှာ ဤလူမဟုတ်၊ ဘုရားသခင်၏ ဝိညာဉ်တော်ကိုလည်း မဟုတ်ဘဲ မိမိ၏ ခံစားချက်ကို ယုံကြည်ကြခြင်းသာ ဖြစ်သည်ဟု ငါဆိုသည်။ ၎င်းသည် မိမိကိုယ်ကိုမိမိ ယုံကြည်ခြင်းသာဖြစ်သည် မဟုတ်လော။ ငါပြောသော ဤနှုတ်ကပတ်တော်အားလုံးသည် မှန်ပေသည်။ လူတို့ကို ခေါ်ဝေါ်သမုတ်နေခြင်း မဟုတ်ပေ။ သို့ရာတွင် ငါရှင်းရှင်းလင်းလင်း ဖော်ပြမည့် အရာတစ်ခုမှာ လူတို့သည် ရှင်းလင်းပြတ်သားစွာ နားလည်သည်ဖြစ်စေ ရှုပ်ထွေးနေသည်ဖြစ်စေ ဤနေ့ရက်ကာလသို့ ရောက်ရှိလာနိုင်သည့်အကြောင်း၊ ဤအရာအလုံးစုံကို သန့်ရှင်းသောဝိညာဉ်တော် စီမံပြီး လူခြယ်လှယ်နိုင်သောအရာ မဟုတ်သည့်အကြောင်းပင်။ ဤသည်မှာ ယခင်က ငါဖော်ပြခဲ့သည့် အကြောင်းအရာဖြစ်သော ဝိညာဉ်တော်က လူတို့အား အတင်းအဓ္ဓမ ယုံကြည်စေသည် ဟူသည့်အရာ၏ သာဓကတစ်ခု ဖြစ်သည်။ ယင်းသည် သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်သည့် နည်းလမ်းဖြစ်ပြီး သန့်ရှင်းသောဝိညာဉ်တော် ရွေးချယ်သော လမ်းတစ်လမ်း ဖြစ်သည်။ လူသည် အနှစ်သာရအားဖြင့် မည်သူ့ကို ယုံကြည်သည်ဖြစ်ပါစေ သူတို့၏ နှလုံးသားအတွင်း၌ ဘုရားသခင်ကို ယုံကြည်ကြစိမ့်သောငှာ သန့်ရှင်းသောဝိညာဉ်တော်က သူတို့အား ခံစားချက်တစ်မျိုး အတင်းအဓ္ဓမပေးသည်။ သင်တို့၌ရှိသည်မှာ ထိုသို့သောယုံကြည်ခြင်းမျိုး မဟုတ်လော။ ဘုရားသခင်အား သင်ယုံကြည်ခြင်းကို ထူးဆန်းသောအရာကဲ့သို့ ခံစားရသည် မဟုတ်လော။ ထိုရေစီးကြောင်းမှ မလွတ်မြောက်နိုင်သည်ကို ထူးဆန်းသည်ဟု မတွေးမိကြသလော။ ဤအကြောင်းကို အလေးအနက် လုံ့လစိုက်၍ စဉ်းစားဖူး၏လော။ ၎င်းသည် အကြီးကျယ်ဆုံး နိမိတ်လက္ခဏာနှင့် အံ့ဘွယ်မဟုတ်လော။ လွတ်မြောက်လိုသော ဆန္ဒပြင်းပြမှု အကြိမ်ကြိမ်ရှိခဲ့သော်လည်း ကြီးမားသော အသက်စွမ်းအားတစ်ခု၏ ဆွဲဆောင်မှု အမြဲတမ်းရှိနေသဖြင့် ထွက်ခွာသွားရန် သင့်ကို တွန့်ဆုတ်စေသည်။ ဤအဖြစ်မျိုးကြုံတိုင်း သင့်စိတ်ကျဉ်းကျပ်၍ ငိုယိုကာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သည်။ သင်တို့အထဲမှ တစ်ချို့က ထွက်သွားရန် ကြိုးစားသည်။ သို့ရာတွင် ထွက်သွားမည်ပြုသောအခါ သင်၏ နှလုံးသားကို ဓားနှင့်ထောက်ထားသကဲ့သို့ သင်၏ဝိညာဉ်ကို လောကတစ္ဆေက နုတ်ယူထားသကဲ့သို့၊ နှလုံးသား ဆောက်တည်ရာမရဖြစ်ကာ ငြိမ်သက်ခြင်း မရှိပေ။ ထို့နောက် သင့်ကိုယ်သင် စိတ်တင်း၍ ဘုရားသခင်ထံသို့ လှည့်ပြန်ရုံသာ သင်တတ်နိုင်သည်။ သင့်တွင် ဤအတွေ့အကြုံမျိုး ရှိခဲ့သည် မဟုတ်လော။ မိမိတို့၏ နှလုံးသားများကို ဖွင့်ဟနိုင်သည့် ငယ်ရွယ်သူ ညီအစ်ကိုမောင်နှမများက “ဟုတ်တယ်။ ဒီလိုအတွေ့အကြုံမျိုးကို အကြိမ်ကြိမ် ရှိခဲ့ပါတယ်။ အဲဒီအကြောင်းကို ပြန်တွေးတိုင်း ရှက်မိပါတယ်” ဟုပြောမည်ကို ငါယုံကြည်သည်။ ငါ့ဘဝ နေ့စဉ်အသက်တာတွင် ငါ၏ ညီငယ်ညီမငယ်များကို ငါနှင့် ရင်းနှီးကျွမ်းဝင်သူများအဖြစ် အမြဲရှုမြင်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် အပြစ်ကင်းစင်၍ ချစ်ဖွယ်ကောင်းသော ဖြူစင်ရိုးသားသူများ ဖြစ်သည်။ သူတို့သည် ငါ၏ အပေါင်းအဖော်သဖွယ် ဖြစ်သည်။ ထိုကြောင့် ငါနှင့် ရင်းနှီးကျွမ်းဝင်သူ အားလုံး စု၍ ငါတို့ဘဝ စံနမူနာများနှင့် ဘဝအစီအစဉ်များအကြောင်း ဆွေးနွေးရန် အခွင့်ကောင်းကို ငါအမြဲစောင့်မျှော်နေသည်။ အဆီးအတားများနှင့် ကွာဟချက်များမရှိဘဲ ငါတို့အားလုံးသည် အသွေးနှင့်အသားကဲ့သို့ ဖြစ်ကြစေရန် ငါတို့အထဲ၌ ဘုရားသခင်၏ အလိုတော် ပြည့်စုံပါစေ။ ငါတို့ အားလုံးဆုတောင်းလိုသည်မှာ - “အို ဘုရားသခင် ကိုယ်တော် အလိုရှိလျှင် ကျွန်ုပ်တို့၏ နှလုံးသားမှ ဆန္ဒများ ပြည့်စုံလာနိုင်အောင် သင့်လျော်သော ပတ်ဝန်းကျင်ကို ထောက်မပေးရန် ကိုယ်တော့်ကို တောင်းလျှောက်ပါမည်။ နှလုံးသားအားအင် တစ်စက်မကျန် အသုံးပြုနိုင်အောင် ငယ်ရွယ်၍ ဆင်ခြင်မှုကင်းမဲ့သော ကျွန်ုပ်တို့အား ဂရုဏာထားတော်မူပါ။” ၎င်းသည် ဘုရားသခင်၏ အလိုတော်ဖြစ်ရမည်ဟု ငါယုံကြည်သည်။ အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သောကာလတွင် ဘုရားသခင်အား ဤသို့ ငါလျှောက်ထားခဲ့ဖူးသည် - “အဖ၊ ကမ္ဘာပေါ်ရှိ ကျွန်ုပ်တို့သည် ကိုယ်တော်ရှင်အား တစ်ချိန်လုံး တောင်းလျှောက်ခဲ့ကာ ကမ္ဘာပေါ်တွင် ကိုယ်တော်၏ အလိုတော် ပြည့်စုံလာတော့မည်ကို မျှော်ခဲ့သည်။ ကျွန်ုပ်သည် အလိုတော်ကို လိုက်လျှောက်လိုပါသည်။ အလိုရှိသည်အတိုင်း ပြုတော်မူ၍ ကျွန်ုပ်ကို တာဝန်ပေးစေခိုင်းထားသောအရာကို အမြန်ဆုံး ပြည့်စုံစေတော်မူပါ။ အလိုတော် အမြန်ဆုံး ပြီးမြောက်စေနိုင်သရွေ့ ကျွန်ုပ်တို့အတွင်း၌ လမ်းကြောင်း အသစ်ပင်လျှင် ဖွင့်စေလိုပါသည်။ ကျွန်ုပ်၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ ကိုယ်တော်၏ အမှု အလျင်အမြန် ပြီးဆုံးရန် ဖြစ်ပါသည်။ မည်သည့် ဥပဒေသကမျှ ကိုယ်တော်၏ အမှုကို ရပ်တန့်အောင် လုပ်နိုင်မည်မဟုတ်ဟု ကျွန်ုပ်ယုံကြည်ပါသည်။” ဤသည်မှာ ဘုရားသခင် လက်ရှိဆောင်ရွက်နေသော အမှုဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော် လျှောက်လှမ်းနေသော လမ်းကြောင်းကို သင်မြင်ဖူးသည် မဟုတ်လော။ မိမိထက် အသက်အရွယ်ကြီးသော ညီအစ်ကို မောင်နှမများနှင့် ရင်ဆိုင်ရသောအခါ ငါမဖော်ထုတ်နိုင်သော ဖိနှိပ်မှုခံစားချက်တစ်မျိုးကို အစဉ် ငါခံစားရသည်။ သူတို့နှင့်အတူ ငါရှိနေခိုက်တွင်သာ သူတို့သည် လူ့အသိုက်အဝန်း အနံ့အသက်နှင့် နံဟောင်နေသည်ကို ငါမြင်ရသည်။ သူတို့၏ ဘာသာရေးအယူအဆများ၊ ကိစ္စအဝဝကို ကိုင်တွယ်သည့် အတွေ့အကြုံများ၊ ပြောပုံဆိုပုံ၊ သုံးနှုန်းသော ဝေါဟာရများ၊ စသည်တို့အားလုံးသည် စိတ်ကုန်စရာကောင်းသည်။ သူတို့က ဉာဏ်ပညာနှင့် ပြည့်စုံကြပြီး ငါ၏ ဘဝဆိုင်ရာ အတွေးအခေါ်မှာ အလွန်ပင် ချို့တဲ့လှသောကြောင့် ငါသည် သူတို့ကို အစဉ်အမြဲ ဝေးဝေးရှောင်ဘိသည့်အလားပင် ဖြစ်သည်။ သူတို့နှင့် အတူရှိနေခိုက် ငါပင်ပန်း၍ မတန်တဆ ဖိစီးမှုကို ခံစားရသည်။ တစ်ခါတစ်ရံ ပြင်းထန်လွန်းပြီး ဖိနှိပ်မှုများလွန်းသောကြောင့် ငါသည် အသက်ပင်မရှူနိုင်။ ထိုကဲ့သို့ အန္တရာယ်များလွန်းသော အချိန်အခါများတွင် ဘုရားသခင်သည် ငါ့ကို အကောင်းဆုံး ထွက်မြောက်ရာလမ်းကို ပေးသည်။ ဤသည်မှာ ငါ၏ မှားယွင်းသော ထင်မြင်မှု ဖြစ်ကောင်း ဖြစ်ပေမည်။ ဘုရားသခင်ကို အကျိုးပြုသည့်အရာကိုသာ ငါအလေးထားသည်။ ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်ခြင်းသာလျှင် အရေးအကြီးဆုံး ဖြစ်သည်။ ထိုလူတို့ကို ငါဝေးဝေးရှောင်သည်။ အကယ်၍ သူတို့နှင့်ဆက်ဆံရန် ဘုရားသခင် အလိုရှိပါက ငါနာခံသည်။ သူတို့သည် အော့နှလုံးနာထိုက်သောသူများ ဖြစ်သောကြောင့် လုံးဝမဟုတ်ပေ။ သို့ရာတွင် သူတို့၏ “ဉာဏ်ပညာ”၊ သူတို့၏ အယူအဆများနှင့် အတွေးအခေါ်များမှာ သည်းမခံနိုင်လောက်အောင် ဖြစ်သောကြောင့် ဖြစ်သည်။ ငါသည် ဘုရားသခင် တာဝန်ပေးစေခိုင်းထားသော အလုပ်ကို ပြီးစီးအောင်ဆောင်ရွက်ရန် ရှိနေခြင်းဖြစ်သည်။ သူတို့၏ အမှုကိစ္စကို ကိုင်တွယ်သည့် အတွေ့အကြုံများကို ဆည်းပူးရန် ရှိနေခြင်းမဟုတ်ပေ။ တစ်ခါက ဘုရားသခင် ငါ့အား ဤသို့ပြောခဲ့ဖူးသည်ကို အမှတ်ရသည်။ “လောကတွင် ခမည်းတော်၏ အလိုတော်ကိုလိုက်ရှာ၍ သင့်ကိုတာဝန်ပေးစေခိုင်းထားသော အလုပ်ကို ပြီးစီးအောင် လုပ်ဆောင်လော့။ အခြားအရာအားလုံးသည် သင်နှင့်မဆိုင်ပေ။” ထိုစကားကို စဉ်းစားမိသည့်အခါ ငြိမ်သက်ခြင်း အနည်းငယ်ကို ငါခံစားရသည်။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာလောကနှင့် စပ်ဆိုင်သော အမှုကိစ္စများသည် ရှုပ်ထွေးလွန်းသဖြင့် နားလည်အောင် ငါမစွမ်းဆောင်နိုင်ဟု အမြဲခံစားရသောကြောင့်ဖြစ်သည်။ အဘယ်အရာ လုပ်ဆောင်ရမည်ကို မည်သည့်အခါမျှ ငါမသိ။ ဤအတွက်နှင့် ငါသည် အကြိမ်ပေါင်းမည်မျှ စိတ်ကယောက်ကယက်ဖြစ်ကာ လူသားမျိုးနွယ်ကို မုန်းတီးခဲ့မှန်း မသိချေ။ လူသားတို့သည် အဘယ်ကြောင့် အလွန်ရှုပ်ထွေးသနည်း။ အနည်းငယ် ပို၍ရိုးစင်းခြင်းတွင် အဘယ်အမှားမျိုး ရှိသနည်း။ လူတော်ဖြစ်လိုခြင်းအတွက် အဘယ့်ကြောင့် ပူပင်ရသနည်း။ လူများနှင့် ငါဆက်ဆံရာတွင် အများအားဖြင့် ဘုရားသခင်၏ ငါ့ကို တာဝန်ပေးစေခိုင်းချက်အပေါ် အခြေပြု၍ ဆက်ဆံခြင်း ဖြစ်သည်။ ထိုသို့မဟုတ်သည့် အကြိမ်အနည်းငယ် ရှိခဲ့သည့်တိုင် ငါ၏ နက်ရှိုင်းသော နှလုံးသားတွင် မည်သည့်အရာအား ဖုံးကွယ်ထားသည်ကို မည်သူသိနိုင်မည်နည်း။

Wednesday, January 30, 2019

ခရစ်ယာန်ဘာသာ ရုပ်ရှင် (ဘာသာရေးဖာရိရှဲတို့၏ အနှစ်သာရကို မည်သို့ ချင့်ချိန်ရမည့် နည်းလမ်း) ရုပ်ရှင်ဇာတ်လမ်းတိုများ

2019 Myanmar Gospel Movie Clip 1 (ဘာသာရေးဖာရိရှဲတို့၏ အနှစ်သာရကို မည်သို့ ချင့်ချိန်ရမည့် နည်းလမ်း)

သင်းအုပ်ဆရာများ နှင့် ဘာသာရေးလောကမှ အကြီးအကဲများ သည် အသင်းတော်များ တွင် ဘုရားသခင်အား အစေခံသော သူများ ဖြစ်ကြသည်။ သူတို့သည် ကျမ်းစာ ကို မကြာခဏ ဖတ်ပြီး၊ ယုံကြည်သူများ အား တရားဟောကြား ကာ၊ ၎င်းတို့အတွက်ဆုတောင်းပြီး၊ ၎င်းတို့အား အကြင်နာ မေတ္တာပြကြသော်လည်း၊ အဘယ့်ကြောင့် ကျွနု်ပ်တို့သည် ထိုသူတို့အား သူတော်ကောင်းယောင်ဆောင်သော ဖာရိရှဲများ ဟုပြောကြသနည်း။ အထူးသဖြင့် သခင် ပြန်လာခြင်း အပေါ် ချဉ်းကပ်ပုံနှင့်စပ်ဆိုင်၍ သူတို့သည် မရှာဖွေပဲ မည်သည့်အရာကိုမျှ မဆန်းစစ်ရုံသာမက၊ ဆန့်ကျင်ဖက်အား ဖြင့်၊ ရိုင်းစိုင်းစွာ အာခံကာ အနန္တတန်ခိုးရှင် ဘုရားသခင် ၏ အမှုတော်ကို ရှုတ်ချကြသည်။ ဤအရာသည် အဘယ့်ကြောင့် ဖြစ်ရသနည်း။


Friday, January 11, 2019

ဘုရားသခင်၏ စိတ်အလိုတော် | လူသား၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း

အသင်းတော်, သမ္မာတရား, အသက်, သက်သေခံချက်, စကြဝဠာ
လူသားသည် ယနေ့အမှုနှင့်အနာဂတ်အမှုတို့ကို အနည်းအကျဉ်းသာနားလည်၏။ သို့ရာတွင် သူသည် လူသားမျိုးနွယ်ဝင်ရောက်မည့် ခရီးပန်းတိုင်ကို နားမလည်ပါ။ သတ္တဝါတစ်ဦးအနေဖြင့် လူသားသည် သတ္တဝါတစ်ဦး၏တာဝန်ကို ထမ်းဆောင်သင့်သည်၊ ဘုရားသခင်လုပ်သမျှနောက်သို့ လူသားလိုက်ရမည်ဖြစ်ကာ၊ သင်တို့သည် ငါပြောသည့်နည်းအတိုင်း ဆက်လက်ဆောင်ရွက်ရမည်။ သင်သည် သင်ကိုယ်တိုင်အတွက် အစီအစဉ်များလုပ်ရန် နည်းလမ်းလုံးဝမရှိသည့်အပြင် သင့်ကိုယ်သင် ထိန်းချုပ်နိုင်စွမ်းလည်း မရှိပေ။ အရာခပ်သိမ်းကို ဘုရားသခင်၏ကရုဏာထံ အပ်နှံရမည်ဖြစ်လျက်၊ အရာခပ်သိမ်းသည် သူ့လက်များ၏ ချုပ်ကိုင်ခြင်းကို ခံရ၏။ ဘုရားသခင်၏အမှုသည် လူသားကို အချိန်မကျမီ ရလဒ်တစ်ခု၊ အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်တစ်ခုပေး၍ ဘုရားသခင်သည် ဤသည်ကို အသုံးပြုလျက် လူသားကိုသွေးဆောင်ကာ သူ့နောက်သို့ လိုက်စေပါက၊ သူသည် လူသားနှင့် အပေးအယူတစ်ရပ် လုပ်ပါက၊ ဤသည်မှာ သိမ်းပိုက်ခြင်းလည်းမဟုတ် လူသား၏ဘဝအပေါ် အမှုဆောင်ရန်လည်း မဟုတ်ပေ။ ဘုရားသခင်သည် လူသားကို ချုပ်ကိုင်၍ လူသား၏နှလုံးသားကို ရယူရန် ၎င်းရလဒ်ကို အသုံးပြုမည်ဆိုပါက ထိုသို့ပြုခြင်းဖြင့် သူသည် လူသားကို စုံလင်နေစေခြင်းလည်းမဟုတ်၊ လူသားကို ရရှိနိုင်မည်လည်းမဟုတ်ပေ။ ထိုသို့ဖြစ်မည့်အစား ခရီးပန်းတိုင်ကို သူ့ကိုချုပ်ကိုင်ရန် အသုံးပြုနေခြင်းဖြစ်လိမ့်မည်။ လူသားသည် အနာဂတ်ရလဒ်၊ နောက်ဆုံး ခရီးပန်းတိုင်နှင့် မျှော်လင့်ရန်ကောင်းသောအရာတစ်ခုခု ရှိမရှိတို့ထက် ပို၍ဂရုပြုသည့်အရာ မရှိပေ။ သိမ်းပိုက်သည့်အမှု ဆောင်ရွက်နေစဉ် လူသားကို လှပသည့်မျှော်လင့်ချက်တစ်ရပ် ပေးခဲ့၍ လူသားကို သိမ်းပိုက်ခြင်းမပြုမီ သူ့ကို လိုက်လျှောက်ရမည့် သင့်တော်သော ခရီးပန်းတိုင်တစ်ခု ပေးခဲ့လျှင်၊ လူသားအပေါ်သိမ်းပိုက်ခြင်းသည် ၎င်း၏သက်ရောက်မှုကို မရသည်သာမက သိမ်းပိုက်ခြင်းအမှု၏ သက်ရောက်မှုမှာလည်း လွှမ်းမိုးခံရမည်ဖြစ်သည်။ ဆိုလိုသည်မှာ လူသား၏ကံကြမ္မာနှင့် အလားအလာများကို ယူပစ်လိုက်ကာ၊ လူသား၏ ပုန်ကန်သော စိတ်သဘောထားကို တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့အားဖြင့် သိမ်းပိုက်ခြင်းအမှုသည် ၎င်း၏သက်ရောက်မှုကို ရရှိသည်။ လူသားနှင့် သဘောတူညီချက်တစ်ရပ် လုပ်ဆောင်ခြင်းဖြင့်၊ ဆိုလိုသည်မှာ လူသားကို ကောင်းချီးမင်္ဂလာများနှင့် ကျေးဇူးတော်များပေးခြင်းဖြင့်၊ ရရှိသည်မဟုတ်ပေ။ သို့သော် လူသား၏ လွတ်လပ်မှုကို လုံးဝဖယ်ရှား၍ သူ၏အလားအလာများကို ပပျောက်စေခြင်းအားဖြင့် ၎င်း၏သစ္စာရှိမှုကို ဖော်ထုတ်ခြင်းဖြင့် ရရှိသည်။ ဤသည်မှာ သိမ်းပိုက်ခြင်းအမှု၏ အနှစ်သာရဖြစ်သည်။ အစအဦး၌ လူသားကို လှပသောမျှော်လင့်ချက်ပေးခဲ့၍ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအမှုတို့ကို ၎င်းနောက်မှ ပြုလုပ်ပါက၊ လူသားသည် ၎င်းတွင်မျှော်လင့်ချက်များ ရှိသည်ဟူသောအခြေခံဖြင့် ဤပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို လက်ခံမည်ဖြစ်ပြီး၊ အဆုံးတွင် ဖန်ဆင်းထားသော သက်ရှိသတ္တဝါအားလုံး၏ ဖန်ဆင်းရှင်အပေါ် အကန့်အသတ်မရှိသော နာခံမှုနှင့် ကိုးကွယ်မှုတို့ကို ရရှိခဲ့လိမ့်မည် မဟုတ်ပေ။ မျက်ကန်းတောတိုး၊ အသိဉာဏ်မဲ့သည့် နာခံမှုသာလျှင် ရှိမည်ဖြစ်သည်။ သို့မဟုတ်ပါက လူသားသည် ဘုရားသခင်အပေါ် အသိတရားကင်းမဲ့သည့် တောင်းဆိုမှုများ ပြုလုပ်မည် ဖြစ်သောကြောင့် လူသား၏နှလုံးသားကို အပြည့်အဝ သိမ်းပိုက်ရန်မှာ ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ အကျိုးသက်ရောက်မှုအနေဖြင့်၊ ထိုကဲ့သို့သော သိမ်းပိုက်ခြင်းအမှုသည် လူသားကို ရရှိနိုင်စွမ်းရှိမည် မဟုတ်ပေ။ ထို့အပြင် ဘုရားသခင်အပေါ် သက်သေခံနိုင်စွမ်းလည်း ရှိမည်မဟုတ်ပေ။ ထိုကဲ့သို့သော သက်ရှိသတ္တဝါတို့သည် ၎င်းတို့၏တာဝန်များကို ထမ်းဆောင်နိုင်စွမ်း မရှိဘဲ ဘုရားသခင်နှင့် သဘောတူညီချက်များ ရယူရန်သာ လုပ်ဆောင်မည်ဖြစ်သည်။ ဤသည်မှာ သိမ်းပိုက်ခြင်းမဟုတ်ဘဲ သနားခြင်းကရုဏာနှင့် ကောင်းချီးမင်္ဂလာတို့သာဖြစ်လိမ့်မည်။ လူသားအတွက် အကြီးမားဆုံးသော ပြဿနာမှာ သူသည် သူ၏ကံကြမ္မာနှင့် အလားအလာများမှလွဲ၍ မည်သည့်အရာကိုမျှ တွေးတောစဉ်းစားမှု မရှိခြင်းနှင့် ၎င်းတို့ကို မြတ်နိုးကိုးကွယ်ခြင်းတို့ ဖြစ်သည်။ လူသားသည် သူ၏ကံကြမ္မာနှင့် အလားအလာအတွက် ဘုရားသခင်နောက်လိုက်၏။ ဘုရားသခင်ကိုချစ်၍ သူ့ကို ယုံကြည်ကိုးကွယ်ခြင်း မဟုတ်ပေ။ ထို့ကြောင့်၊ လူသားကိုသိမ်းပိုက်ရာတွင် လူသား၏အတ္တဆန်မှု၊ လောဘနှင့် ဘုရားသခင်ကို ကိုးကွယ်ရာတွင် အဟန့်အတားအဖြစ်ဆုံး အရာအားလုံးကို ဖယ်ရှားရမည်ဖြစ်သည်။ ထိုသို့ပြုခြင်းဖြင့် လူသားကိုသိမ်းပိုက်ခြင်း၏ သက်ရောက်မှုများကို ရလိမ့်မည်။ ရလဒ်အနေဖြင့်၊ လူသားအပေါ် အစောဆုံးသိမ်းပိုက်မှုတွင် ထိန်းမနိုင်သိမ်းမရ ရည်မှန်းချက်များနှင့် လူသား၏အဆိုးရွားဆုံးသော အားနည်းချက်တို့ကို ဦးစွာကင်းစင်အောင်ပြုလုပ်ရန် လိုအပ်၍ ဤနည်းအားဖြင့် ဘုရားသခင်အပေါ် လူသား၏ချစ်ခြင်းမေတ္တာကို ဖော်ထုတ်ပြသ၍ လူ့ဘဝအကြောင်း ၎င်း၏အသိကို ပြောင်းလဲရန်၊ ဘုရားသခင်အပေါ် ၎င်း၏အမြင်နှင့် ၎င်း၏ဖြစ်တည်မှု၏ အဓိပ္ပာယ်တို့ကို ပြောင်းလဲရန် လိုအပ်သည်။ ဤနည်းအားဖြင့် ဘုရားသခင်အပေါ်လူသား၏ချစ်ခြင်းမေတ္တာသည် သန့်စင်သွား၏။ ဆိုလိုသည်မှာ၊ လူသား၏နှလုံးသားသည် သိမ်းပိုက်ခံရ၏။ သို့ရာတွင် သက်ရှိသတ္တဝါအားလုံးအပေါ် သူ၏သဘောထားတွင် ဘုရားသခင်သည် သိမ်းပိုက်ခြင်းသက်သက်အတွက်သာ သိမ်းပိုက်သည်မဟုတ်ဘဲ သူ၏ဘုန်းတော်အတွက်နှင့် ရှေးဦးဆုံး လူသား၏နဂိုမူလပုံစံကို ပြန်လည်ရယူရန်အတွက် သိမ်းပိုက်ခြင်းဖြစ်၏။ သူသည် သိမ်းပိုက်ခြင်းသက်သက် အတွက်သာ သိမ်းပိုက်ပါက သိမ်းပိုက်ခြင်းအမှု၏ အရေးပါပုံမှာ ပျောက်ဆုံးသွားပေလိမ့်မည်။ ဆိုလိုသည်မှာ လူသားကိုသိမ်းပိုက်ပြီးနောက် ဘုရားသခင်သည် လူသားကို စွန့်လွှတ်၍ ၎င်း၏သေခြင်း၊ ရှင်ခြင်းကို လုံးဝဂရုမစိုက်ပါက၊ ဤသည်မှာ လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း ဖြစ်လိမ့်မည် မဟုတ်ပေ။ လူသားကို သိမ်းပိုက်ခြင်းသည်လည်း သူ၏ကယ်တင်ခြင်းအတွက် ဖြစ်လိမ့်မည် မဟုတ်ပေ။ လူသား၏ သိမ်းပိုက်မှုနောက်ပိုင်းတွင် သူ့ကိုရရှိခြင်းနှင့် အဆုံးတွင် အံ့ဩဖွယ်ရာ ခရီးပန်းတိုင်၌ သူရောက်ရှိခြင်းသည်သာလျှင် ကယ်တင်ခြင်းအမှု၏ အချက်အချာတွင်ရှိကာ၊ ဤသည်သာလျှင် လူသား၏ကယ်တင်ခြင်း ရည်မှန်းချက်ကို ရရှိနိုင်မည်ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုလျှင် လှပသည့်ခရီးပန်းတိုင်တွင် လူသားရောက်ရှိခြင်းနှင့် နားနေခြင်းသို့ သူ၏ ဝင်ရောက်ခြင်းသည်သာလျှင် သက်ရှိသတ္တဝါအားလုံး ပိုင်ဆိုင်သင့်သည့် အလားအလာများနှင့် ဖန်ဆင်းရှင်မှ ဆောင်ရွက်သင့်သည့် အမှုဖြစ်၏။ အကယ်၍လူသားမှ ဤအမှုကို ဆောင်ရွက်ရမည်ဆိုပါက၊ အကန့်အသတ်များလွန်းပါမည်၊ လူသားကို အဆင့်တစ်ဆင့်အထိ ခေါ်ဆောင်သွားနိုင်သော်လည်း လူသားကို ထာဝရ ခရီးပန်းတိုင်သို့ ခေါ်ဆောင်လာနိုင်မည် မဟုတ်ပေ။ လူသားသည် လူသား၏ကံကြမ္မာကို ဆုံးဖြတ်နိုင်စွမ်း မရှိပေ။ ထို့အပြင် သူသည် လူသား၏ အလားအလာများနှင့် အနာဂတ် ခရီးပန်းတိုင်ကိုလည်း ဆုံးဖြတ်နိုင်စွမ်းမရှိပေ။ သို့ရာတွင် ဘုရားသခင်က ဆောင်ရွက်သည့်အမှုသည် ကွဲပြားခြားနား၏။ သူသည် လူသားကိုဖန်ဆင်းခဲ့သဖြင့် လူသားကို သူလမ်းပြ၏။ သူသည် လူသားကိုကယ်တင်သဖြင့် လူသားကို သေချာစွာကယ်တင်၍ လုံးဝရယူလိမ့်မည်။ သူသည် လူသားကိုလမ်းပြသဖြင့် လူသားကို သင့်လျော်သည့် ခရီးပန်းတိုင်သို့ ခေါ်ဆောင်လိမ့်မည်။ ထို့အပြင် သူသည် လူသားကိုဖန်ဆင်းခဲ့၍ စီမံခန့်ခွဲသဖြင့် လူသား၏ကံကြမ္မာနှင့် အလားအလာများအတွက် တာဝန်ယူရမည် ဖြစ်သည်။ ဤသည်မှာ ဖန်ဆင်းရှင်မှ ဆောင်ရွက်သည့်အမှုဖြစ်သည်။ လူသားကို သူ၏အလားအလာများမှ ကင်းစင်စေခြင်းအားဖြင့် သိမ်းပိုက်ခြင်းအမှုကို ဖြစ်မြောက်စေသော်လည်း အဆုံးတွင် လူသားကို ၎င်းအတွက် ဘုရားသခင်ကပြင်ဆင်ထားသည့် သင့်တော်သောခရီးပန်းတိုင်အတွင်းသို့ ခေါ်ဆောင်လာရမည်ဖြစ်သည်။ အတိအကျအားဖြင့် ဘုရားသခင်သည် လူသားအပေါ် အမှုဆောင်သည့်အတွက် လူသားတွင် ခရီးပန်းတိုင်ရှိ၍ ၎င်း၏ကံကြမ္မာသည် စိတ်ချရမည်အကြောင်းဖြစ်၏။ ဤနေရာတွင် ရည်ညွှန်းသည့် သင့်တော်သောခရီးပန်းတိုင်သည် အတိတ်ကသန့်စင်လိုက်သော လူသား၏ မျှော်လင့်ချက်များနှင့် အလားအလာများ မဟုတ်ပါ။ ၎င်းတို့နှစ်ခုမှာ ကွဲပြားခြားနားကြ၏။ လူသားမျှော်လင့်၍ လိုက်စားသည့် အရာများသည် ဇာတိပကတိ၏ လွန်ကဲသော အလိုဆန္ဒများကိုလိုက်စားမှုအပေါ် တမ်းတခြင်းများဖြစ်ကာ လူသားနှင့်ထိုက်တန်သော ခရီးပန်းတိုင်မဟုတ်ပေ။ ထိုအတောအတွင်း လူသားအတွက် ဘုရားသခင်က ပြင်ဆင်ထားသည့်အရာများမှာ လူသားကို သန့်စင်စေပြီးနောက် လူသားနှင့်ထိုက်တန်သည့် ကောင်းချီးမင်္ဂလာများနှင့် ကတိများဖြစ်၏။ ၎င်းတို့မှာ ဘုရားသခင်က ကမ္ဘာလောကကို ဖန်ဆင်းပြီးနောက် လူသားအတွက် ပြင်ဆင်ထားခဲ့သည့်အရာများဖြစ်၍ လူသား၏ ရွေးချယ်ချက်၊ စိတ်ကူးစိတ်သန်းများ၊ စိတ်ကူးယဉ်မှုများ သို့မဟုတ် ဇာတိပကတိတို့ဖြင့် စွန်းထင်းခြင်း မရှိပေ။ ဤခရီးပန်းတိုင်မှာ သီးခြားပုဂ္ဂိုလ် တစ်ဦးတစ်ယောက်အတွက် ပြင်ဆင်ထားခြင်းမဟုတ်ဘဲ လူသားမျိုးနွယ်တစ်ရပ်လုံး နားခိုရာအရပ်ဖြစ်၏။ ထို့ကြောင့် ဤခရီးပန်းတိုင်သည် လူသားမျိုးနွယ်အတွက် အသင့်တော်ဆုံး ခရီးပန်းတိုင်ဖြစ်၏။

Tuesday, December 4, 2018

ဘုရားသခင်၏ စကားတော် | အခန်း ၄၁

ယုံကြည်ခြင်း, အသင်းတော်, သက်သေခံချက်, သမ္မာတရား
အသင်းတော်အတွင်း ဖြစ်ပေါ်လာသော ပြဿနာများနှင့်စပ်လျဉ်း၍ များစွာသောဒွိဟများဖြင့် မပြည့်စေနှင့်။ အသင်းတော်ကို တည်ဆောက်သောအချိန်၌ အမှားများကို ရှောင်ရှားဖို့ရန် မဖြစ်နိုင်ပေ၊ သို့သော်လည်း ပြဿနာများကို ရင်ဆိုင်ရသည့်အချိန်တွင် သင်သည် ချောက်ချားခြင်းမရှိဘဲ၊ အေးဆေးတည်ငြိမ်စွာနေလော့။ ငါသည် သင်တို့အား ပြောခဲ့ပြီး မဟုတ်လော။ ငါ့ကို မကြာခဏ ဆုတောင်းလော့၊ ထိုသို့ပြုလျှင် ငါ၏ ရည်ရွယ်ချက်များကို သင့်အား ငါသည် ရှင်းလင်းစွာပြမည်။ အသင်းတော်သည် ငါ၏ နှလုံးသား ဖြစ်ပြီး၊ ၎င်းသည် ငါ၏ အန္တိမပန်းတိုင်ဖြစ်၏။ ငါသည် ၎င်းကို မည်သို့လျှင် မချစ်ဘဲ ရှိမည်နည်း။ မကြောက်ကြနှင့်၊ ထိုကဲ့သို့သော အရာများ အသင်းတော် အတွင်း၌ ဖြစ်ပွားလာသည့်အချိန်တွင်၊ ၎င်းတို့သည် ငါ၏ခွင့်ပြုခြင်းကို ခံရသောကြောင့်ဖြစ်သည်။ မတ်တပ်ရပ်လျက်၊ ငါ၏ အသံဖြစ်လော့။ အရာရာတိုင်းနှင့် အကြောင်းအရာတိုင်းသည် ငါ့ပလ္လင်၏ ခွင့်ပြုခြင်းခံရသောကြောင့်သာဖြစ်ကြောင်း ယုံကြည်ခြင်းရှိလော့၊ အရာရာတိုင်း၌ ငါ၏ ရည်ရွယ်ချက်များ ၎င်းတို့အထဲတွင်ရှိသည်။ အကယ်၍ သင်သည် တဇွတ်ထိုးနိုင်သော မိတ်သဟာယဖွဲ့ခြင်းကို ဆက်လက်လုပ်ဆောင်လျှင်၊ ပြဿနာများ ဖြစ်လိမ့်မည်၊ ၎င်းနောက်ဆက်တွဲ အကျိုးဆက်များကို သင်သည် စဉ်းစားခဲ့ပြီး ဖြစ်သလော။ စာတန်သည် အခွင့်အရေး ယူမည်မှာ ဤကဲ့သို့သော အရာမျိုး ဖြစ်သည်။ ငါ့ရှေ့သို့ မကြာခဏလာပါ။ ငါသည် ရိုးရှင်းစွာ ပြောမည်၊ အကယ်၍ သင်သည် တစ်စုံတစ်ခုအား ငါ့ရှေ့သို့ မလာဘဲ လုပ်ဆောင်မည်ဆိုလျှင်၊ သင်သည် ထိုအရာအား ပြည့်စုံစေနိုင်လိမ့်မည်ဟု မထင်နှင့်။ ငါ့အား ဤကဲ့သို့ အခြေအနေရောက်အောင် ပြုသောသူများမှာ သင်တို့ပင် ဖြစ်သည်။

Monday, September 24, 2018

ဘုရားသခင်၏ ပြောဆိုသံ | သင်တဖန်ပြန်ရှင်ပြီးပြီလော

ဘုရားသခင်, အသင်းတော်, သက်သေခံချက်, သမ္မာတရား, အသက်
သင်သည်သာမာန်လူသား၏ အသက်ရှင်ခြင်းဘဝကိုရရှိခဲ့ပြီး၊ စုံလင်အောင်ပြုလုပ်ခြင်းခံရပြီးချိန်၌ ပရောဖက်ကဲ့သို့စကားမပြောနိုင်၊ အံ့ဖွယ်အမှုတို့ကိုမပြုနိုင်သော်လည်း လူသားတစ်ဦး၏ပုံသဏ္ဍန်ကို သင်သည်အသက်ရှင်ပြသခွင့်ရှိသည်။ ဘုရားသခင်ကလူကိုဖန်ဆင်းခဲ့သည့်နောက်တွင် စာတန် အားဖြင့်လူသည်ပျက်စီးယိုယွင်းခဲ့သည်။ ယင်းပျက်စီးခြင်းက လူတို့ကိုသေသောခန္ဓာများဖြစ်စေသည်။ သို့ဖြစ်၍၊ သင်သည်ပြောင်းလဲသည့်နောက်တွင် ဤလူသေခန္ဓာများမှခြားနားလာလိမ့်မည်။ လူတို့၏ဝိညာဉ်ကို အသက်ပေးသောသူသည်ဘုရားသခင်၏နှုတ်တော်စကားများဖြစ်၏။ သူတို့ကိုအသစ်မွေးဖွားစေ၏။ ထိုသို့လူ တို့၏ဝိညာဉ်များအသစ်မွေးဖွားခြင်းရှိသည့်အချိန်တွင်သူတို့အသက်ပြန်ရှင်လာလိမ့်မည်။ "လူသေ" ဟုဖော်ပြ ရာတွင် ဝိညာဉ်မရှိတော့သည့်လူသေအလောင်းနှင့်ဝိညာဉ်သေပြီးသောလူတို့ကိုလည်းရည်ညွန်းသည်။ လူတို့၏ ဝိညာဉ်များအားအသက်ပေးသည့်အချိန်တွင် ထိုသူတို့အသက်ပြန်ရှင်လာသည်။ အရင်ကပြောခဲ့သော သန့်ရှင်းသူ တို့ဆိုသည်မှာအသက်ပြန်ရှင်လာသောသူတို့ကို ရည်ရွယ်ပါသည်။ သူတို့သည်စာတန်၏ လွမ်းမိုးမှုအောက်တွင် နေ ခဲ့ပြီး စာတန်ကိုအနိုင်ရသူများဖြစ်ကြသည်။ တရုတ်နိုင်ငံထဲမှရွေးချယ်ခံရသူများသည် သူတို့၏စိတ်ကိုဖျက်ဆီးကာ အသက်ရှင်ရန်သတ္တိကုန်လုနီးပါးဖြစ်စေခဲ့သော နဂါးနီကြီး၏ ရက်စက် ကြမ်းကြုတ်မှု၊ လူမဆန်ညှင်းဆဲမှုနှင့် လည့်ကွက်တို့ကို ကြံ့ကြံ့ခံလာခဲ့ကြသည်။ သူတို့၏ဝိညာဉ်များနိုးထရန် သူတို့ကိုယ်မှစတင်ရမည်။ - တစ်စစီတစ်စစီနှင့် - သူတို့ကိုယ်တွင်းမှ သူတို့၏ဝိညာဉ် ပြန်လည်နိုးထရမည်။ တစ်နေ့သူတို့အသက်ပြန်ရှင်လာသည့်အချိန်တွင် အတားအဆီးများမရှိတော့ဘဲ အရာရာချောမွေ့လျက်ရှိ လိမ့်မည်။ လက်ရှိအချိန်၌ ယင်းကို မရယူနိုင်သေးပေ။ လူအများစုအသက်ရှင်ခြင်းတွင် သေခြင်းအသွင် အခြေအနေကထိန်းချုပ်ပြီး၊ သေခြင်းလက္ခဏာက သူတို့ကိုပိတ်ဖုံးနေလျက်၊ သူတို့သည် အလွန်ချို့တဲ့ကြ၏။ လူအချို့၏ စကားလုံးများ၊ လုပ်ရပ်များ နှင့် အသက်ရှင်ပုံစံဟူသမျှအားလုံးနီးပါးက သေခြင်းကိုဖော်ပြသည်။ အကယ်၍၊ ယနေ့တွင် လူတို့သည် ဘုရားသခင်ကိုလူဘုံအလယ်မှာသက်သေခံလျှင်၊ ထိုအလုပ် အောင်မြင်မည်မဟုတ်ချေ။ အကြောင်းမှာ၊ သူတို့သည်လုံးဝအသက်ပြန်ရှင်လာဖို့ လိုအပ်သေးသောကြောင့် တည်း။ သင်တို့ထဲ၌ လူသေများစွာရှိကြ၏။ ယနေ့၊ လူအချို့က မေးခွန်းထုတ်ကြ သည်မှာ၊ အဘယ်ကြောင့် တစ်ပါးလူမျိုးများကြားထဲက ဘုရားသခင်၏အလုပ်ကို အလျင်အမြန်ပျံ့နှံ့မည်အကြောင်း ဘုရားသခင်က အံ့ဖွယ်၊ နိမိတ်လက္ခဏာများအချို့ကိုမဖော်ပြသနည်း။ လူသေက ဘုရားသခင်အကြောင်းကိုသက်သေမခံနိုင်၊ အသက်ရှင်သောသူက သက်သေခံနိုင်သည်။ သို့သော် ယနေ့တွင် လူအများကသေနေကြသည်။ လူအမြောက်အများက သေခြင်းလှောင်အိမ်ထဲမှာအသက်ရှင်ကြ၏။ စာတန်၏ လွမ်းမိုးမှုအောက်တွင်နေကြကာ၊ အောင်နိုင်ခြင်းကိုမရနိုင်ကြ၊ သို့ဖြစ်လျှင် သူတို့က ဘုရားသခင်အတွက် အဘယ်သို့သက်သေခံနိုင်မည်နည်း။ သတင်းကောင်းဟောပြောခြင်းအမှုတော်ကိုအဘယ်သို့ကျယ်ပြန့်အောင် လုပ်ဆောင်နိုင်ကြမည်နည်း။

Tuesday, September 4, 2018

False Demonstrations Against Refugees Continue in Korea, Hackers Try to Stop Bitter Winter

By admin

The demonstration of September 2
The demonstration of September 2

While Chinese agents, hired thugs and anti-cultists stage false “spontaneous demonstrations” and abuse refugees, hackers launch a massive attack against the Web site of Bitter Winter, obviously trying to prevent its reporting of the events in Korea 

The Church of Almighty God (CAG), the largest Christian new religious movement in China, is banned there by the Chinese Communist Party (CCP) and subject to a violent persecution, with several instances of torture and extra-judicial killings documented by independent NGOs. Hundreds of its members have escaped to South Korea, where they are seeking asylum.

Monday, September 3, 2018

ဘုရားသခင်၏ ပြောဆိုသံ | ဆုတောင်းခြင်းအကျင့်နှင့် ပတ်သက်၍

ဘုရားသခင်, သမ္မာတရား, အသက်, သက်သေခံချက်, ယုံကြည်ခြင်း

သင်တို့ရဲ့ နေ့စဉ်အသက်တာမှာ ဆုတောင်းခြင်းကို သင်တို့ အရေးမစိုက်ဘူး။ လူတွေက ဆုတောင်းခြင်းကို အမြဲတမ်းပဲ လျစ်လျူရှုထားကြတယ်။ အရင်က ဆုတောင်းတဲ့အခါ သူတို့က စိတ်ဝင်စားမှု မရှိဘဲနဲ့ ဆုတောင်းကြတယ်၊ ဆုတောင်းတာကို အပျော်လုပ်ကြတယ်။ ပြီးတော့ ဘယ်သူကမှ သူတို့ရဲ့ နှလုံးသားကို ဘုရားထံ အပြည့်အဝ မပေးကြဘူး၊ ဘုရားထံ အမှန်တကယ် ဆုမတောင်းကြဘူး။ လူတွေက သူတို့ တစ်ခုခုဖြစ်မှ ဘုရားကို ဆုတောင်းကြတယ်။ ဒီအချိန်တစ်လျှာက်လုံးမှာ သင်ဘုရားကို အမှန်တကယ် ဆုတောင်းဖူးသလား။ ဘုရားရှေ့မှာ နာကျင်မှု မျက်ရည်တွေနဲ့ ငိုကြွေးဖူးသလား။ ဘုရားရှေ့မှာ သင့်ကိုယ်သင် သိမြင်လာခဲ့ဖူးသလား။ ဘုရားနဲ့ နှလုံးသားချင်း ဆက်သွယ်ကာ ဆုတောင်းဖူးသလား။ ဆုတောင်းခြင်းဟာ တဖြည်းဖြည်း လေ့ကျင့်ရပါတယ်။ သင်အိမ်မှာ ပုံမှန် ဆုတောင်းလေ့ မရှိဘူးဆိုရင် ဘုရားကျောင်းမှာလည်း ဆုတောင်းမှာ မဟုတ်ဘူး။ အစည်းအဝေး အသေးစားတွေမှာ ဆုတောင်းလေ့ မရှိရင် အကြီးစား အစည်းဝေးပွဲတွေမှာ ဆုတောင်းနိုင်စွမ်းရှိမှာ မဟုတ်ဘူး။ သင်ဟာ ဘုရားထံ ပုံမှန်ချဉ်းကပ်လေ့မရှိဘူး (သို့) ဘုရားရဲ့ နှုတ်ထွက်စကားတွေကို ဆင်ခြင်သုံးသပ်လေ့ မရှိဘူးဆိုရင် ဆုတောင်းတဲ့ အချိန်ရောက်တဲ့အခါ သင့်မှာ ဘာမှ ပြောစရာရှိမှာ မဟုတ်ဘူး။ ဆုတောင်းဖြစ်ရင်တောင်မှ သင့်ရဲ့ နှုတ်ခမ်းတွေပဲ လှုပ်နေမှာ၊ စစ်မှန်သော နည်းလမ်းနဲ့ ဆုတောင်းဖြစ်မှာ မဟုတ်ဘူး။