သင်တို့သည် တနေရာရာတွင် သာလွန်မှုရှိသော အဆင့်မြင့်မားသူတို့အား စစ်ဆေးသည့်အချက် အလက် ရှာဖွေသောစာမေးပွဲကို ဖြေဆိုနိုင်သည်။ အမှန်တရားမည်မျှကို သင်နားလည်ပါသနည်း။ သင်သည် အဘယ်မျှကိုအမှန်တကယ်ကျင့်သုံးပါသနည်း။ သင်မည်သူ့ကိုပိုချစ်သနည်း၊ သင့်ကို သင်လား၊ ဘုရားသခင်ကိုလား။ သင်မကြာခဏပေးကမ်းပါသလား သို့မဟုတ် သင်မကြာခဏ ရယူလိုပါသလား။ သင်၏ရည်ရွယ်ချက်မှားယွင်းသည့်အခါများတွင် အကြိမ်မည်မျှတိုင်အောင်သင်၏ ခန္ဓာဟောင်းကိုစွန့်ပစ်ပြီး ဘုရားသခင်၏ အလိုတော်ကို ကျေနပ်စေပါသနည်း။ ဤမေးခွန်းအချို့မျှနှင့်ပင် အချို့သူများကို ရှုပ်ထွေးသွားစေလိမ့်မည်။ လူအများစုအတွက်မူ သူတို့၏ ရည်ရွယ်ချက် မှားယွင်းနေေ ကြာင်း သူတို့သိသောအခါ သူတို့သည် မှားမှန်းသိလျက် ဆက်မှားကြပြီး သူတို့၏အသွေးအသားကို စွန့်လွှတ်ရန်အတွက် မည်သည့်အခါမျှ မပြုကြချေ။ လူအများစုတို့သည် အပြစ်များကို သူတို့ကိုယ်တွင်း အထိန်းအကွပ်မရှိ လှုပ်ရှားစေသည်။ မှားယွင်းမှုအား သူတို့၏လုပ်ဆောင်မှုအားလုံးကို လမ်းညွှန်ခွင့်ပြု ကြသည်။ သူတို့သည် သူတို့၏အပြစ်များအပေါ်အောင်နိုင်စွမ်းမရှိကြဘဲ အပြစ်နွံတွင်ဆက်လက် နေထိုင်ကြသည်။ လက်ရှိအခြေအနေကို ရောက်ရှိသည်အထိမကောင်းမှု မည်၍မည်မျှကို လုပ်ခဲ့ ကြောင်း မည်သူသိသနည်း။ သင်မသိဟုဆိုခဲ့လျှင် သင်လိမ်နေသည်ဟု ငါဆိုမည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် သင်သည်သင်၏ခန္ဓာကိုယ်ဟောင်းကိုစွန့်ပစ်လိုစိတ်မရှိခြင်းဖြစ်သည်။ တန်ဖိုးမရှိသော "နှလုံးသားမှစကားများ"ကို ဝမ်းနည်းကြောင်း အကြိမ်ကြိမ်ပြောရုံဖြင့် မည်သို့အသုံးကျ မည်နည်း။ ယင်းသည် သင့်ဘဝ တိုးတက်စေနိုင်ပါမည်လား။ သင့်ကိုယ်သင်သိရန်မှာ သင်၏အချိန်ပြည့် အလုပ်ဖြစ်သည်။ ငါသည်လူများကို ဘုရားသခင်၏နှုတ်ကပတ်တော်ကို နာခံခြင်းနှင့်ကျင့်သုံးခြင်းဖြင့် သူတို့အား ပြည့်ဝစေသည်။ သင်သည် သင်၏အဝတ်များကို စမတ်ကျစွာနှင့်တောက်ပစွာ ဝတ်သကဲ့သို့ သာ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဝတ်ဆင်မည်ဆိုပါက သင့်ကိုယ်သင်နှင့် အခြားသူများကို လှည့်ဖျားခြင်းမဟုတ်ပါလား။ သင်သည်ပြောရုံသာပြောဆိုပြီး မည်သည့်အခါမျှကျင့်သုံးခြင်းမရှိ လျှင်သင်မည်သည့်အရာကို ရမည်နည်း။
လူအများတို့သည် ကျင့်သုံးခြင်းနှင့် ကိုယ်ပိုင်ထင်မြင်ချက်များကို အနည်းငယ် ပြောနိုင်သော်လည်း၊ အများစုမှာ အခြားသူများ၏ စကားများမှ ရရှိသည့် အလင်းဖြစ်နေသည်။ သူတို့၏ ကိုယ်ပိုင် ကျင့်သုံးမှုများမှ တစ်ခုမျှ မပါဝင်ပါ၊ သို့မဟုတ် သူတို့၏ အတွေ့အကြုံများမှ သူတို့တွေ့ရှိသည်များ မပါဝင်ပါ။ ဤကိစ္စကို အစောပိုင်းကတည်းက ငါခွဲခြမ်းစိတ်ဖြာခဲ့သည်။ ငါဘာမှမသိပါဟု မထင်ပါနှင့်။ သင်သည် စက္ကူကျားတစ်ကောင်မျှသာဖြစ်သည်၊ ယခုတိုင် စာတန်ကို အနိုင်ယူနိုင်သည်၊ အောင်မြင်သည့် သက်သေခံချက်များကိုပြနိုင်ပြီး အသက်ရှင်သည့် ဘုရားသခင်၏ ပုံသက်သေ ဖြစ်သည်များကို သင်ပြောနေသည်။ ဒါတွေ အားလုံးက အဓိပ္ပာယ်မရှိပါ။ ယနေ့ ဘုရားသခင် မိန့်ဆိုသည့် နှုတ်ကပတ်တော် အားလုံးက သင့်လေးစားမှုကို ရရန်အတွက်သာ ဖြစ်သည်ဟု သင်ထင်ပါသလား။ သင်၏ခန္ဓာဟောင်းကို ပစ်ပယ်ပြီး အမှန်တရားကို ကျင့်သုံးသည်ဟု သင့်နှုတ်ဖျားက ပြောသည်၊ သို့သော် သင့်လက်များက အခြားလုပ်ဆောင်ချက်များကို သယ်ဆောင်နေပြီး သင့်စိတ်နှလုံးက အခြားအကြံအစည်များကို ကြံစည်စဉ်းစားနေသည် - သင်သည် ဘယ်လိုလူမျိုးလဲ။ သင်၏စိတ်နှလုံးနှင့် သင့်လက်များက ဘာကြောင့် တစ်ခုတည်းနှင့် အတူတစ်ကွ ရှိမနေလဲ။ များလွန်းသည့် တရားဟောခြင်းက အနစ်သာရမဲ့သောစကားလုံးများဖြစ်သွားစေသည်၊ ဒီအရာက စိတ်နှလုံးကြေကွဲဖွယ် မကောင်းဘူးလား။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့မကျင့်သုံး နိုင်လျှင်၊ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်လုပ်ငန်းများ၏ လမ်းကြောင်းအတွင်းသို့ မဝင်ရောက်နိုင်သေးကြောင်း သက်သေပြနေပြီး၊ သင့်အတွင်းတွင် သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော် မရရှိသေး၊ သင်သည် ကိုယ်တော်၏လမ်းပြမှုကို မရရှိသေးပါ။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နားလည်သော်လည်း ယင်းကိုလက်တွေ့ မကျင့်သုံးနိုင်သေးဟုဆိုပါက၊ သင်သည် အမှန်တရားကို ချစ်မြတ်နိုးသူတစ်ဦး မဟုတ်ပါ။ ထိုသို့သောလူမျိုးကို ကယ်တင်ခြင်းပေးရန် ဘုရားသခင် ကြွလာခြင်းမဟုတ်ပါ။ ယေရှုသည် အပြစ်သား များကို ကယ်တင်ရန်၊ ဆင်းရဲသားများကိုကယ်တင်ရန် နှင့် စိတ်နှိမ့်ချသူများကိုကယ်တင်ရန် ကားတိုင်တွင် အသေခံ သည့်အချိန်တွင် ကြီးစွာသောနာကျင်မှုကို ခံစားခဲ့ရသည်။ ကိုယ်တော်၏ ကားတိုင်တွင် အသေခံခြင်းက အပြစ် ဆက်ကပ်ခြင်းကို ယူဆောင်သွား ပေးခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မကျင့်သုံးနိုင်ပါက၊ သင်အတတ်နိုင်ဆုံး အမြန်ထွက်သွားသင့်ပါသည်။ ကပ်ပါးတစ်ကောင်ကဲ့သို့ ဘုရားသခင်၏အိမ်တော်တွင် ပျင်းရိပျင်းတွဲဖြင့် မနေပါနှင့်။ လူများစွာတို့သည် ဘုရားသခင်ကို ပြတ်သားစွာ ခုခံခြင်းကို ရပ်တန့်ရန် ခဲယဉ်းနေကြသည်။ သူတို့သည် သေခြင်းကို တောင်းဆိုနေကြခြင်းမဟုတ်ပါသလား။ ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်ရောက်ရန် သူတို့ဘယ်လို ပြောနိုင်မှာလဲ။ ကိုယ်တော်၏ မျက်နှာတော်ကိုမြင်ရန် ရဲတင်းမှုကော ရှိပါ့မလား။ ကိုယ်တော်ထောက်ပံ့ပေးသည် အစာများစားပြီး၊ ဘုရားသခင်ကို ဆန့်ကျင်သည့် ရိုးဖြောင့်မှု မရှိသည့် အရာများပြုလုပ်ခြင်း၊ ဖျက်လိုဖျက်စီးလုပ်လိုခြင်းများ မကောင်းသည့်စိတ်များဝင်နေခြင်းနှင့် လျှို့ဝှက်ကြံစည်မှုများ ရှိနေပါက ဘုရားသခင်သည် သင့်အားပေးအပ်ထားသည့် ကောင်းချီးမင်္ဂလာများ ကို ခံစားရန် ခွင့်ပြုသင့်တိုင် - ယင်းတို့ကို သင်လက်ခံရရှိပါက သင့်လက်များသည် ပူလောင်ခြင်းကို မခံစားရဘူးလား။ သင့်မျက်နှာများ နီရဲလာသည်ကို သင်မခံစားရဘူးလား။ ဘုရားသခင်ကို ဆန့်ကျင်သည့် အရာတခုခုကို ပြုလုပ်ခဲ့ခြင်း၊ "အပြစ်ကျူးလွန်ရန်" ကြံစည်မှုများကို ဆောင်ရွက်ခြင်း တို့အတွက် သင်သည် ကြောက်လန့်မှုကို မခံစားရဘူးလား။ သင်သည် ဘာကိုမှ မခံစားရလျှင် အနာဂတ်တခုခုကို ဘယ်လိုပြောမလဲ။ လွန်ခဲ့ပြီးသည့် ကြာညောင်းလှသော အချိန်ကတည်းက သင့်အတွက် အနာဂတ်မရှိတော့ပါ၊ ဒီတော့ သင့်အတွက် ဘယ်လိုပိုကြီးသည့် မျှော်လင့်ချက် ရှိနေသေးလဲ။ သင်သည် အပြစ်ရှိသည်ဟု မခံစားရဘဲ အရှက်မရှိသည့် စကားတခုကို ပြောပြီး၊ သင့်စိတ်နှလုံးကလည်း နားမလည် သဘော မပေါက်ပါက၊ သင့်ကို ဘုရားသခင်က စွန့်ပစ်ပြီးသားဟု အဓိပ္ပာယ် မသက်ရောက်ဘူးလား။ ထိန်းမနိုင်သိမ်းမရနှင့် မွေ့လျော်သလို ပြောဆိုခြင်း လုပ်ဆောင်ခြင်း က သင့်သဘာဝဖြစ်လာသည်။ ဒီလိုပုံစံနှင့် သင့်ကို ဘုရားသခင်က ဘယ်လိုပြည့်စုံစေနိုင် တော့မှာလဲ။ သင်သည် ကမ္ဘာအနှံ့အပြားကို လျှောက်သွားမလား။ သင့်အားဖြင့် ဘယ်သူက လက်ခံယုံကြည်မှာလဲ။ သင်၏သဘောသဘာဝ အမှန်ကို သိသူသည် သင့်အဝေးသို့ ရှောင်ခွာသွားမည်။ ဒါကဘုရားသခင်၏ အပြစ်ဒဏ် စီရင်ခြင်းမဟုတ်ဘူးလား။ အားလုံးခြုံငုံပြီး ပြောရမည်ဆိုလျှင်၊ အပြောသာရှိပြီး လက်တွေ့ ကျင့်သုံးခြင်းမရှိပါက၊ ကြီးထွားမှုလည်းမရှိပါ။ သင်ပြောနေစဉ်တွင် သန့်ရှင်းသောဝိညာဉ်တော်က သင့်အပေါ် အလုပ်လုပ်ဆောင် နေပါသော်ငြားလည်း၊ သင်လက်တွေ့ ကျင့်သုံးခြင်းမရှိပါက၊ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုကလည်း ရပ်တန့်သွားနိုင်သည်။ သင်သည်ယခုကဲ့သို့ ဆက်သွားနေလျှင်၊ အနာဂတ်အတွက် ပြောဆိုမှုများ အဘယ်မှာ ရှိမည်နည်း၊ သို့မဟုတ် သင်၏အလုံးစုံကို ဘုရားသခင်၏နှုတ်ကပတ်တော်အတွက် မည်သို့ပေးနိုင်မည်နည်း။ ဘုရားသခင် ရယူလိုသည်များ အားလုံးက သင့်စိတ်နှလုံးထဲမှ စကားလုံးများဖြစ်ပြီး သင့်စိတ်နှလုံးက ကျင့်သုံး နေသည့်အရာကို မဟုတ်ပါ။ ဒါကသင့်ရဲ့အမှန်တကယ် ရပ်တည်မှုလား။ သင်သည် ယခုကဲ့သို့ ဆက်သွားနေပါက၊ ဘယ်အချိန်မှ ဘုရားသခင်သင့်ကို ပြည့်စုံအောင်ပြုလုပ်ခြင်းကို ရရှိမှာလဲ။ သင်၏အမှောင်ကျပြီး မဲမှောင်နေသည့် အနာဂတ်ကို စိုးရိမ်ကြောင့်ကြသည့် ခံစားမှုမရှိဘူးလား။ ဘုရားသခင်က သင့်အပေါ် မျှော်လင့်ချက် ပျောက်ဆုံးနေပြီလို့ မခံစားရဘူးလား။ ဘုရားသခင်က လူသစ်များနှင့် နောက်ထပ်သော လူများကို ပြည့်စုံစေလိုသည်ကို သင်မခံစားရဘူးလား။ ဟောင်းနွမ်းသည့်အရာများက သူတို့ကိုယ်ကို ဆုပ်ကိုင်ထားနိုင်သလား။ သင်သည် ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဂရုမပြုပဲနေသည်၊ မနက်ဖြန်ကို သင်စောင့်ဆိုင်းနေပါသလား။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ
မိတ်ဆွေက သီချင်းနားထောင်ခြင်းကို နှစ်သက်တာ ဖြစ်နိုင်ပါတ
Myanmar Gospel Song (ဘုရား၏စကားသည် ထာဝရအမှန်တရား) Myanmar Lyrics


No comments:
Post a Comment