菜單

မူလစာမျက်နှာ သတင်းအချက်အလက် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ လွတ်လပ်မှန်ကန်တဲ့လူ့အခွင့်အရေး ကယ်တင်ရှင်ပြန်ကြွလာပြီ ဧဝံဂေလိတရားတော် ကောင်းကင်နိုင်ငံတော်သီချင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ အမှန်တရားကို ဖေါ်ထုတ်ခြင်း နိုင်ငံတော် ချီးမွမ်းခြင်း တေးဂီတ

Sunday, March 31, 2019

အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

My understanding: Since I've downloaded this app, the movies and various awesome videos inside have caught my eyes, especially the hymns I love so much. It's so convenient to sing hymns to praise God. No matter I'm free or busy, as long as I sing to praise God, I feel so relaxed and happy! This app indeed brings peace to my heart and a positive life! The lyrics of the hymns nourish my life, and also deepen my understanding of God. I want to share with you my friends a hymn I love so much that called "The Effect of True Prayer". Let's experience the feeling of having God as our reliance brought by getting close to God. I feel like my relationship with God is getting closer. Thank God! Amen!


အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် | နှုတ်ကပတ်တော် ဓမ္မသီချင်း | စစ်မှန်သောဆုတောင်းခြင်းရဲ့ ရလဒ်



I
ရိုးသားစွာ လျှောက်လှမ်းပြီး
နှလုံးသားထဲ လှည့်စားခြင်းကင်းဖို့ရန် ဆုတောင်းပါ
ဆုတောင်းပါ ကိုယ့်ကိုကိုယ်သန့်စင်ဖို့၊ ဘုရားတို့ထိဖို့ ဆုတောင်းပါ
သင့်စိတ်သဘောထား ပြောင်းလဲလိမ့်မည်
ဆုတောင်းခြင်းအားဖြင့် လူ့စိတ်သဘောထားပြောင်းလဲ လာ တယ်
ဝိညာဉ်တော် အမှုပြုလေ၊ လူသားတို့ နာခံခြင်းရှိလေ
စစ်မှန်တဲ့ဆုတောင်းခြင်းကြောင့် သူတို့နှလုံးသား
တဖြည်းဖြည်း သန့်ရှင်းလိမ့် မည်
ပိုတက်ကြွလေ ဖြစ်ကြလိမ့်မည်

Saturday, March 30, 2019

စိတ်ဝင်စားဖွယ်ရာ ဗွီဒီယို အပိုင်းအစ | ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ရန်အတွက် သတ်မှတ်ချက်များသည် မည်သည့်အရာများဖြစ်သနည်း


မည်ကဲ့သို့သောလူသည် ကောင်းကင်နိုင်ငံတော်သို့ဝင်ရောက်နိုင်သည်ဆိုသည်နှင့် ပတ်သက်ပြီး သခင်ယေရှုက မိန့်မြွက်ခဲ့သည် "ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကိုဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။" (ရှင်မဿဲခရစ်ဝင်ကျမ်း ၇:၂၁)။ ဤသို့ဆိုလျှင် တိတိကျကျ မည်ကဲ့သို့သောသူသည် ကောင်းကင်ဘုံ၌ ရှိတော်မူသော ဖခမည်းတော်၏ အလိုကိုဆောင်သောသူဖြစ်သနည်း။ ရှင်ပေါလု၏ စံနမူနာအတိုင်း လိုက်လျှောက်ပြီး သခင့်အတွက် ပင်ပန်းစွာ အလုပ်လုပ်သူတို့သည် ကောင်းကင်ဘုံမှ အဖ၏ အလိုတော်ကို ဆောင်သောသူဖြစ်သည်ဟု လူ အများအပြားက ယုံကြည်ကြသည်။ ပြီးနောက်တွင် ဘုရားသခင်အား သူတို့၏ နှလုံးသား၊ စိတ်နှင့် ဝိညာဉ်တို့ဖြင့် အပြည့်အဝ ချစ်သောသူ၊ အပြစ်ကို မပြုလုပ်တော့ဘဲ သန့်ရှင်းမှုကို ရရှိသောသူတို့သည် ကောင်းကင်ဘုံမှ အဖ၏ အလိုကိုဆောင်သောသူတို့ဖြစ်သည်ဟု ယုံကြည်သူများရှိသည်။ ဤသို့ဆိုလျှင် ဤအမြင်နှစ်ခုတွင် မည်သူက မှန်ကန်ပြီး မည်သူက မှားယွင်းသနည်း။ ကျေးဇူးပြု၍ ဤနှစ်ဘက်မှ ပြင်းထန်စွာ ဆွေးနွေးငြင်းခုံမှုကို ကြည့်ရှုပါ။

မြင်ကွင်းများ  ဧဝံဂေလိ စာအုပ်

Friday, March 29, 2019

တေးသီချင်း (တိုင်းနိုင်ငံအားလုံးမှ ဘုရား၏လူများသည် သူတို့၏ခံစားချက်များအား အတူတကွ ဖော်ပြကြသည်)


I

အရာခပ်သိမ်းကို ဘုရားသခင် အုပ်စိုးသောနေရာ

ဘုရား၏နိုင်ငံတော်ကို မျှော်ကြည့်ပါ

ဖန်ဆင်းခြင်းစတင်ခဲ့ချိန်မှ ယခုနေ့ရက်တိုင်၊

ဘုရား လမ်းပြခဲ့သော သူ၏သားများသည်

ခက် ခဲမှုများစွာကို ရင်ဆိုင်ကြုံတွေ့ခဲ့သည်

ဘဝအတက်အကျများ ဖြတ်သန်းခဲ့ကြလည်း

ဘုရားအလင်းအောက်၌ ယခု သူတို့နေရပြီ

အဘယ်သူသည် မနေ့က မတရားမှုကြောင့် မငိုကြေွးဘဲ ရှိသနည်း

အဘယ်သူသည် ရခဲလှသောဘဝအတွက် မျက်ရည်မကျဘဲ ရှိသနည်း

အဘယ်သူသည် မိမိနှလုံးသားကို ဘုရားအား ဆက်ကပ်မည့်

ဒီအခွင့်အရေး မယူဘဲ ရှိမည်နည်း

အဘယ်သူသည် မိမိစိတ်ဆန္ဒနှင့်တွေ့ကြုံ ခံစား မှုတို့ကို

မဖော်ထုတ်ချင်ဘဲ ရှိမည်နည်း

Thursday, March 28, 2019

ဘုရားသခင်၏ စကားတော် | အခန်း ၄၄

ဘုရားသခင်, အသင်းတော်, တရားစီရင်သောနေ့များ, ကရုဏာ, စစ်ဆေးခြင်း,
ငါသည် ဖြောင့်မတ်သည်၊ ငါသည် သစ္စာရှိသည်၊ ငါသည် လူသား၏ အတွင်းကျဆုံးသော စိတ်နှလုံးကို စစ်ဆေးသော ဘုရားသခင် ဖြစ်၏။ မည်သူက စစ်မှန်သည်၊ မည်သူက မှားယွင်းသည်ကို ငါသည် မဆိုင်းမတွ ထုတ်ဖော်မည်။ ထိတ်လန့်တုန်လှုပ်ရန် မလိုအပ်ပေ၊ အရာရာအားလုံးသည် ငါ၏အချိန်ဖြင့် အလုပ်လုပ်ကြသည်။ မည်သူက ငါ့အား ရိုးသားစွာ လိုအပ်သည်၊ မည်သူက ငါ့အား ရိုးသားစွာ မလိုအပ်သည်ကို ငါသည် သင်တို့အား ပြောပြမည်။ ကောင်းစွာစား၊ ကောင်းစွာသောက်၊ ငါ့ရှေ့မှောက်သို့ လာပြီး၊ ငါနှင့် နီးကပ်စွာသာနေလော့၊ သို့ဖြစ်လျှင် ငါ၏အလုပ်ကို ငါကိုယ်တိုင်လုပ်မည်။ လျင်မြန်သော အကျိုးကျေးဇူး ရရှိရန်အတွက်၊ ကြောင့်ကြခြင်းမရှိနှင့်၊ ငါ၏အလုပ်သည် ချက်ချင်း အားလုံး ပြီးမြောက်စေနိုင်သည့် တစ်စုံတစ်ရာ မဟုတ်။ ထိုအထဲ၌ ငါ၏ခြေလှမ်းများနှင့် ငါ၏ဉာဏ်ပညာတို့ ပါဝင်သောကြောင့် ငါ၏ဉာဏ်ပညာကို ထုတ်ဖော်ပြသနိုင်သည်။ ငါ၏လက်များဖြင့် ပြီးမြောက်သည့်အရာသည် အဘယ်အရာဖြစ်သည်ကို ငါသည် သင်တို့အား မြင်စေမည်၊ ဆိုးသောသူကို အပြစ်ဒဏ်ပေးခြင်းနှင့် ကောင်းသောသူကို ဆုကျေးဇူးပေးသနားခြင်း ဖြစ်ပေသည်။ ငါသည် တစ်ဦးတစ်ယောက်ကိုမျှ ဘက်မလိုက်သည်မှာ အသေအချာပင်ဖြစ်သည်။ ငါသည် ငါ့အားချစ်သော သင့်ကို ရိုးသားစွာ ချစ်ပြီး၊ ငါ့အား ရိုးသားစွာ မချစ်သော မည်သူအပေါ်မဆို ငါ၏အမျက်ဒေါသ ကျရောက်လိမ့်မည်၊ ထိုကြောင့် ငါသည် စစ်မှန်သော ဘုရားသခင်၊ လူသား၏ အတွင်းစိတ်နှလုံးကို စစ်ကြောသော ဘုရားသခင်ဖြစ်ကြောင်း သူတို့သည် အမြဲမှတ်မိကြလိမ့်မည်။ အခြားသူများ၏ရှေ့တွင် တစ်မျိုး၊ သူတို့ ၏ နောက်ကွယ်၌ အခြားတစ်တမျိုး မပြုမူနှင့်၊ ငါသည် သင်ပြုသမျှသော အရာအားလုံးကို ရှင်းလင်းစွာမြင်ပြီး၊ သင်သည် အခြားသူများအား အရူးလုပ်ကောင်းလုပ်နိုင်လိမ့်မည် ဖြစ်သော်လည်း ငါ့အား မလုပ်နိုင်။ ငါသည် ၎င်းတို့အား ရှင်းလင်းစွာ မြင်ရသည်။ သင်သည် မည်သည့်အရာကိုမျှ ဖုံးကွယ်ရန် မဖြစ်နိုင်၊ အရာရာအားလုံးသည် ငါ့ လက်ထဲ၌ရှိသည်။ သင်၏ တစ်ကိုယ်ကောင်းဆန်သော တွက်ချက်မှုများကို အသင့်ပြင်ကာ သင့်ကိုယ်သင် ထက်မြက်သည်ဟု မထင်နှင့်။ လူသားသည် အစီအစဉ် တစ်ထောင် သို့မဟုတ် တစ်သောင်း ပြုလုပ်နိုင်သော်လည်း၊ နောက်ဆုံး၌ သူတို့သည် ငါ၏လက်ဖဝါးထဲမှ မလွတ်မြောက်နိုင်ကြောင်း ငါသင့်ကို ပြောမည်။ အရာရာတိုင်းနှင့် အဖြစ်အပျက်တိုင်းတို့သည် ငါ့လက်များထဲ၌ အုပ်ချုပ်ခြင်းခံရပြီး၊ လူသားတစ်ယောက်အနေဖြင့် ဤထက်မက အဘယ်မျှ ပိုဖြစ်နိုင်မည်နည်း။ ရှောင်ရှားရန် သို့မဟုတ် ပုန်းကွယ်ရန် မကြိုးစားနှင့်၊မလိမ်လည်မလှည့်စားနှင့် သို့မဟုတ် မဖုံးကွယ်နှင့်။ ငါ၏မွန်မြတ်သော မျက်နှာထား၊ ငါ၏အမျက်ဒေါသနှင့် ငါ၏တရားစီရင်ခြင်းတို့သည် လူသိရှင်ကြား ထုတ်ဖော်ပြီးဖြစ်ကြောင်းကို သင်သည် မမြင်နိုင်သလော။ ငါ့အား ရိုးသားစွာ အလိုမရှိသောသူများကို သနားကရုဏာကင်းမဲ့စွာဖြင့်၊ ငါသည် ချက်ချင်း တရားစီရင်မည်။ ငါ၏သနားခြင်းကရုဏာသည် အဆုံးစွန်သို့ ရောက်ရှိနေပြီဖြစ်ပြီး၊ ဘာမျှ မကျန်ကြွင်းတော့ပေ။ သီလကြောင် ဆက်လက် မဖြစ်စေတော့ဘဲ၊ သင်၏ ပရမ်းပတာ နည်းလမ်းများကို ရပ်တန့်လော့။

Wednesday, March 27, 2019

(နာကြည်းဖွယ်ရာ အမှတ်တရများ) ဇာတ်လမ်းတို ၃ သင်သည် ရှင်ပေါလုကို အမှန်တကယ် နားလည်ပါသလား

Myanmar Christian Movie (နာကြည်းဖွယ်ရာ အမှတ်တရများ) ဇာတ်လမ်းတို ၃ သင်သည် ရှင်ပေါလုကို အမှန်တကယ် နားလည်ပါသလား


နှစ် နှစ်ထောင်ကြာသည်အထိ ရှင်ပေါလုသည် သခင့်ကိုယုံကြည်သူအားလုံးအတွက် လိုက်လျှောက်ရန် စံပြတစ်ဦးဖြစ်ခဲ့သည်။ သို့သော် ကျွနု်ပ်တို့သည် ရှင်ပေါလုအား အမှန်တကယ် နားလည်ကြပါသလား။ ကျွနု်ပ်တို့သည် သခင့်အတွက် ရှင်ပေါလု၏ အပင်ပန်းခံအလုပ်လုပ်ခြင်းနှင့်ပတ်သက်သည့် ဖုံးကွယ်နေသည့် ဖြစ်ရပ်မှန်ကို အမှန်တကယ် သိရှိပါသလား။ ရှင်ပေါလု၏ သဘောသဘာဝသည် မည်သို့နည်း။ သူ၏ အနှစ်သာရသည် မည်သို့နည်း။ ဤ တိုတောင်းသည့် ဗီဒီယိုသည် တကယ့်ရှင်ပေါလုကို နားလည်ရန် ကူညီပေးလိမ့်မည်။

အသိပညာမျာ: ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့သည့်အချိန်သည် ဘုရားသခင်မှ ကောင်းကင်နှင့်မြေကြီး အသစ်တစ်ဖန်ပြန်၍ပြုလုပ်ပြီးချိန် ဖြစ်မည်

Tuesday, March 26, 2019

ဘုရားသခင်၏ စိတ်အလိုတော် | သင်သည်ဘုရားသခင်ကိုဝတ်ပြုဆည်းကပ်ခြင်းအစဉ်ပြုသင့်သည်

အသင်းတော်, သမ္မာတရား, အသက်, သက်သေခံချက်, ယုံကြည်ခြင်း

သန့်ရှင်းသောဝိညာဉ်တော်သည် ယခုအသင်းတော်တွင်း၌ မည်သို့လုပ်ဆောင်လျက်ရှိ ပါသနည်း။ သင်နားလည်သဘောပေါက်ပါသလား။ ညီအကိုမောင်နှမတို့၏ အကြီးဆုံးသော အခက်အခဲများမှာအဘယ်နည်း။ သူတို့ထံတွင်မည်သည့်အရာအကင်းမဲ့ဆုံးနည်း။ လက်ရှိ တွင် စုံစမ်းစစ်ကြောခြင်းတို့အလယ်တွင် အဆိုးမြင်သောသူအချို့ရှိပြီး၊ အချို့သည် တည်းတွားကာပင်နေကာ၊ အချို့တို့သည် ဘုရားသခင်သူတို့နှင့် စကားပြောဆိုခြင်း မရှိတော့သဖြင့် အရှေ့သို့ဆက်၍ရွေ့လျားခြင်းမရှိတော့ပေ။ လူတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်ကန်သောလမ်းကြောင်းပေါ်သို့မဝင်ခဲ့ကြသေးပေ။ သူတို့သည် တသီး တသန့်နေထိုင်နိုင်ခြင်းမရှိ၊ သူတို့၏ကိုယ်ပိုင်ဝိညာဉ်ရေးရာအသက်တာကို ထိန်းသိမ်းထား နိုင်ခြင်းမရှိကြပေ။ နောက်တော်လိုက်လျှောက်ရာတွင် အင်နှင့်အားနှင့် လိုက်ပါကာ ဘုရားသခင်စကားမြွက်ဆိုချိန်တွင် လိုက်နာရန်ဆန္ဒရှိကြသောသူအချို့တို့ရှိသည်။ သို့ရာ တွင် ဘုရားသခင်မိန့်မြွတ်ဆိုမှုမရှိသည့်အချိန်တွင် သူတို့သည် ရှေ့သို့ဆက်တိုးခြင်း မရှိကြတော့ပေ။ လူတို့သည် သူတို့၏နှလုံးသားများထဲတွင် ဘုရားသခင်၏အလိုတော်ကို နားလည်နိုင်ခြင်းမရှိကြသေးပေ။ ဘုရားသခင်အတွက် အလိုအလျောက်ဖြစ်ပေါ်သော ချစ်ခြင်းမေတ္တာမရှိသေးပေ။ ယခင်ကဘုရားသခင်နောက်သို့သူတို့လိုက်ကြခြင်းမှာ သူတို့ကို တွန်းအားပေးခံရသောကြောင့်ဖြစ်ပါသည်။ ယခုအခါတွင် ဘုရားသခင်၏ အမှုတော်အပေါ်တွင် ပင်ပန်းငြီးငွေ့နေသူအချို့ရှိသည်။ သူတို့သည်အန္တရာယ်တွင်း သို့ကျရောက်နေသည်မဟုတ်ပါလား။ များစွာသောလူတို့သည် လုပ်နိုင်ရုံအဆင့်တွင်သာ ရှိနေကြသည်။ သူတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များ ကိုမှီဝဲစားသောက်၍ ဘုရားသခင်ထံဆုတောင်းကြသော်လည်း စိတ်တစ်ဝက်သာပါကြသည်။ တစ်ချိန်က သူတို့ရှိခဲ့ဖူးသောစိတ်တက်ကြွမှုမျိုးမရှိကြတော့ပေ။ လူအများစုသည် ဘုရားသခင်၏ စစ်ဆေးခြင်းနှင့် စုံလင်စေခြင်းအမှုအပေါ်တွင် စိတ်ဝင်စားမှုမရှိကြပေ။ သူတို့သည် ထိုသို့သော စိတ်အတွင်းတက်ကြွမှုမျိုးမရှိခဲ့ဖူးသည့်နှယ်ဖြစ်ကာ အပြစ်များမှ အနိုင်ယူခြင်းခံရချိန်တွင် ဘုရားသခင်အပေါ်တွင် ကျေးဇူးကြွေးရှိနေသည်ကို သူတို့သည် မခံစားမိပေ။ သူတို့ကို သူတို့နောင်တရခြင်းလည်းမရှိပေ။ သူတို့သည် သမ္မာတရားနောက်လိုက်ခြင်း သို့မဟုတ် အသင်းတော်ကို စွန့်ခွာခြင်းမပြုကြပေ။ သူတို့သည် ယာယီပျော်ရွှင်မှုကိုသာရှာဖွေကြသည်။ ဤသည်မှာ အရူးသွပ်ဆုံးသော မိုက်မဲသူမျိုးဖြစ်သည်။ အချိန်ကျရောက်လာလျှင် သူတို့အားလုံး မောင်းထုတ်ပစ်ခြင်း ခံရမည်ဖြစ်ပြီး၊ တစ်ဦးတစ်ယောက်မှ ကယ်တင်ခြင်းခံရလိမ့်မည်မဟုတ်ပေ။ တစ်စုံ တစ်ယောက်သည် တစ်ကြိမ်တစ်ခါကယ်တင်ခြင်းခံရဖူးရုံဖြင့် အမြဲတမ်းကယ်တင်ခြင်း ခံရမည်ဟုသင်ထင်ပါသလား။ ဤသည်မှာ လူတို့ကို အရူးလုပ်ရန် ကြိုးစားခြင်းသာ ဖြစ်သည်။ အသက်တာအတွင်းသို့ဝင်ရောက်ရန် ရှာဖွေခြင်းမရှိသူများသည် ပြစ်တင်ဆုံးမ ခြင်း ကို ခံရပါလိမ့်မည်။ လူအများစုသည် ရူပါရုံများဖြင့် အသက်တာတွင်းသို့ဝင်ရောက်ရန် သို့မဟုတ် သမ္မာတရားကို လက်တွေ့ကျင့်ဆောင်ရန်လုံးဝစိတ်ဝင်စားမှုမရှိပေ။ သူတို့သည် အတွင်းသို့ဝင်ရောက်ရန်ရှာဖွေခြင်းမရှိသလို သူတို့သည် ပို၍နက်ရှိုင်းစွာ ဝင်ရောက်ရန် လိုက်လျှောက်ခြင်းအမှန်မရှိပေ။ သူတို့ကိုယ်သူတို့ဖျက်ဆီးနေခြင်းပင်မဟုတ်ပါလား။ ယခု လက်ရှိတွင် အခြေအနေပို၍ကောင်းလာသောလူအချို့ရှိနေပါသည်။ သန့်ရှင်းသော ဝိညာဉ်တော်အလုပ်လုပ်လေလေ သူတို့ကိုယ်သူတို့ယုံကြည်မှုရှိလေလေ ဖြစ်ပြီး၊ သူတို့ထံတွင်အတွေ့အကြုံရှိလေလေ သူတို့သည်ဘုရားသခင့်အမှုတော်၏ လေးနက် သိမ်မွေ့သောဆန်းကြယ်မှုကို ပို၍ခံစားလာနိုင်လေလေဖြစ်သည်။ သူတို့သည် ပို၍ နက်ရှိုင်းစွာဝင်ရောက်လေလေ ပို၍နားလည်လာလေလေဖြစ်သည်။ ဘုရားသခင့် ချစ်ခြင်းမေတ္တာကြီးမားသည်ကိုသူတို့ခံစားရပြီး၊ စိတ်အတွင်း၌ တည်ငြိမ်မှုနှင့် ဉာဏ်အလင်း တို့ကိုခံစားရပါသည်။ သူတို့သည်ဘုရားသခင့်အမှုတော်ကိုနားလည်မှုရှိကြသည်။ ဤသူတို့သည် သန့်ရှင်းသောဝိညာဉ်တော်သူတို့အတွင်းတွင်လုပ်ဆောင်နေသူ များ ဖြစ်သည်။ အချို့က ဘုရားသခင်ထံမှ အသစ်သောစကားတော်များမရှိသော်လည်း သမ္မာတရားကို ပို၍နက်ရှိုင်းစွာ ငါရှာဖွေရန်လိုသည်၊ ငါ့လက်တွေ့အတွေ့အကြုံတွင် အရာအားလုံးနှင့်ပတ်သတ်၍ ငါစိတ်အားထက်သန်သင့်ကာ ဘုရားသခင့် နှုတ်ကပတ်စကားတော်၏ အမှန်တရားအတွင်းသို့ ဝင်ရာက်သင့်သည်ဟု ပြောကြသည်။ ဤသို့သော လူမျိုးတွင် သန့်ရှင်းသောဝိညာဉ်တော်၏အမှုတော်ရှိပါသည်။ ဘုရားသခင် သည် သူ၏လက်ခံသဘောတူမှုကိုမပြ၊ လူတစ်ဦးစီထံမှပုန်းရှောင်၍ စကားလုံးတစ်လုံးမှ မြွက်ဆိုခြင်းမရှိပဲ၊ လူတို့သည် စိတ်အတွင်းပိုင်းစစ်ဆေးခြင်းကိုတွေ့ကြုံရသည့် အချိန်များ ရှိသော်ငြားလည်း ဘုရားသခင်သည် လူတို့ကို လုံးဝထားရစ်ခဲ့ခြင်းမဟုတ်ပေ။ အကယ်၍ လူတစ်ဦးသည် သူတို့လုပ်ဆောင်သင့်သောသမ္မာတရားကိုထိန်းသိမ်း ထားနိုင်ခြင်းမရှိလျှင် သူတို့ထံတွင် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုရှိလိမ့်မည် မဟုတ်ပေ။ စစ်ဆေးခြင်းကာလအတွင်းတွင် ဘုရားသခင်သည် ကိုယ်ထင်မပြသဖြင့် အကယ်၍သင်သည် မိမိကိုယ်ကိုယုံကြည်မှုမရှိပဲ တုန်လှုပ်နေပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုကြုံတွေ့ခံစားရသည့်အပေါ်တွင် အာရုံစိုက်မှုမရှိလျှင် ဤအချင်းအရာသည် ဘုရားသခင်၏အမှုတော်မှ ထွက်ပြေးခြင်းပင်ဖြစ်သည်။ နောက်ပိုင်းတွင် သင့်ကို မောင်းထုတ်ခြင်းခံရပါလိမ့်မည်။ ဘုရားသခင်၏နှုတ်ထွက်စကားများအတွင်းသို့ ဝင်ရောက် ရန် ရှာဖွေခြင်းမရှိသောသူများသည် ဘုရားသခင်အတွက်သက်သေ အဖြစ်ရပ်တည် နိုင်စွမ်းရှိမည်မဟုတ်ပေ။ ဘုရားသခင်အတွက် သက်သေခံနိုင်ပြီး၊ သူ၏ အလိုတော်ကို ကျေနပ်စေနိုင်သောသူများသည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို ရှာဖွေရန်သူ တို့၏တက်ကြွသောစိတ်ဆန္ဒအပေါ်တွင် လုံးလုံးလျားလျား မှီခိုအားထားမှုရှိကြသည်။ လူတို့အပေါ်တွင် လုပ်ဆောင်သောဘုရားသခင်၏အမှုတော်သည် လူတို့ကို သမ္မာတရားကိုရရှိစေရန် အဓိကအားဖြင့် ခွင့်ပြုပါသည်။ သင်၏ အသက်တာကို ရှာဖွေခြင်းသည် သင့်ကို စုံလင်စေရန်အလို့ငှါဖြစ်ပြီး - ဘုရားသခင်၏အသုံးပြုမှုအတွက် သင့်ကိုသင့်တော်မှု ရှိအောင်ပြုလုပ်ခြင်းသာဖြစ်သည်။ ယခုသင် ရှာဖွေလုပ်ဆောင်နေသောအရာအားလုံးသည် လျို့ဝှက်ဆန်းကြယ်မှုများကိုကြားနာခြင်း၊ ဘုရားသခင်၏နှုတ်ထွက်စကားတော်များကို နားထောင်ခြင်း၊ သင့်မျက်လုံးများကို အစာကျွေးခြင်း၊ အသစ်တစ်စုံတစ်ရာကိုကြည့်ခြင်း သို့မဟုတ် ဦးတည်ရာမည်သည်ဖြစ်သည်ကိုကြည့်ခြင်း နှင့် သင့် သိချင်စိတ်ကို ကျေနပ်စေခြင်းတို့သာ ပင်ဖြစ်သည်။ အကယ်၍ဤသို့သောရည်ရွယ်ချက်များသည် သင့်နှလုံးသားထဲတွင်ရှိနေပါက ဘုရားသခင်၏ သတ်မှတ်ချက်များကို ပြည့်မှီစေရန်နည်းလမ်း သင့်ထံတွင်မရှိပေ။ သမ္မာတရားကို လိုက်လံရှာဖွေခြင်းမရှိသောသူများသည် အဆုံးခန်း တိုင်အောင်နောက်လိုက်နိုင်စွမ်းမရှိပေ။ ယခုလက်ရှိတွင် ဘုရားသခင်သည် ဘာကိုမျှ မပြုလုပ်နေခြင်းမဟုတ်ပါ—လူတို့ကသာလျှင် ဘုရားသခင်၏အမှုတော်အပေါ်တွင် ငြီးငွေ့ ပင်ပန်းကြပြီးပူးပေါင်းပါဝင်မှုမရှိခြင်းဖြစ်သည်။ သူတို့သည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာစကားများကိုသာကြားလိုကြပြီး၊ ဘုရားသခင်၏တရားစီရင်မှုနှင့် ဆုံးမ အပြစ်ပေးသည့်စကားတော်တို့ကိုကြားလိုသောဆန္ဒမရှိကြပေ။ ဤအတွက်အကြောင်းရင်း မှာအဘယ်နည်း။ ဤသို့ဖြစ်ရခြင်းမှာ ကောင်းချီးမင်္ဂလာများကိုရလိုသည့် လူသားတို့၏ ဆန္ဒများကိုဖြည့်ဆည်းခြင်းမခံခဲ့ရပဲ၊ သူတို့သည် အဆိုးမြင်ကာ အားနည်းနေကြခြင်း ကြောင့်ဖြစ်သည်။ ဘုရားသခင်သည် လူတို့ကိုသူ့နောက်လိုက်ရန်အတွက် တမင် ခွင့်မပြုထားခြင်းမဟုတ်ပေ။ ဘုရားသခင်သည်လူသားမျိုးနွယ်တို့ကိုထိုးနှက်မှုများ ကိုတမင် သက်သက်ပေးအပ်နေခြင်းလည်းမဟုတ်ပေ။ လူတို့သည် အဆိုးမြင်ကာ အားနည်း နေရခြင်းမှာ သူတို့၏ရည်ရွယ်ချက်များသည် သင့်လျော်မှုမရှိခြင်းကြောင့်သာဖြစ်သည်။ ဘုရားသခင်သည် လူကို အသက်ပေးသော ဘုရားဖြစ်ပြီး သူသည် လူသားကို သေခြင်းသို့မခေါ်ဆောင်နိုင်ပေ။ လူသားတို့၏ အဆိုးမြင်မှု၊ အားနည်းချက် နှင့် နောက်ဆုတ်ခြင်းတို့အားလုံးတို့သည် သူတို့ဟာသူတို့ ဖြစ်ပေါ်လာစေသည့်အရာဖြစ်သည်။

Monday, March 25, 2019

နောက်ဆုံးသောကာလတွင် တရားစီရင်ခြင်းနှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ခြင်းကြား ဆက်နွယ်မှု

2019 Myanmar Gospel Movie Clip 5 နောက်ဆုံးသောကာလတွင် တရားစီရင်ခြင်းနှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ခြင်းကြား ဆက်နွယ်မှု


ဘာသာရေးလောကတွင်၊ သခင့်အမည်နာမကို သိမ်းဆည်းသရွေ့၊ သခင်၏ ကတိတော်ကို ခိုင်မြဲစွာ ယုံကြည်ပြီး သခင့်အတွက် အပင်ပန်းခံပြီး အလုပ်လုပ်သရွေ့၊ သခင်ပြန်လည်ကြွလာသည့်အခါတွင် ချီဆောင်ခြင်းခံရပြီး ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်သည်ဟု ယုံကြည်သူ များစွာရှိသည်။ သခင့်ကို ဤနည်းဖြင့် ယုံကြည်ခြင်းအားဖြင့် ကောင်းကင်နိုင်ငံတော်သို့ အမှန်တကယ် ဝင်ရောက်နိုင်ပါသလား။ ကျွနု်ပ်တို့သည် နောက်ဆုံးသောကာလတွင် အနန္တတန်ခိုးရှင်ဘုရားသခင်၏ တရားစီရင်ခြင်းအမှုကို လက်မခံလျှင် ကျွနု်ပ်တို့သည် အတိအကျ မည်သို့ဖြစ်မည်နည်း။ အနန္တတန်ခိုးရှင်ဘုရားသခင် ပြောသည် "နောက်ဆုံးသော ကာလ၏ ခရစ်တော်သည် အသက်ယူဆောင်လာ၍ အဓွန့်ရှည်စွာ တည်တံ့ကာ ထာဝရ တည်ရှိသော သမ္မာတရား၏ လမ်းခရီးကို ယူဆောင်လာ၏။ ဤသမ္မာတရားသည် လူသား အသက်ရရှိမည့် လမ်းကြောင်းဖြစ်၍ လူသားက ဘုရားသခင်ကို သိမည့် တစ်ခုတည်းသော လမ်းကြောင်းနှင့် ဘုရားသခင်က ခွင့်ပြုမည့် တစ်ခုတည်းသော လမ်းကြောင်းဖြစ်၏။ နောက်ဆုံးသောကာလတွင် ခရစ်တော်က ပေးသည့် အသက်၏ လမ်းခရီးကို သင်မရှာပါက သင်သည် ယေရှု၏ အတည်ပြုမှု မည်သည့်အခါမျှ ရမည်မဟုတ်ဘဲ ကောင်းကင်နိုင်ငံတော်၏ တံခါးကိုဝင်ရန် မည်သည့်အခါမျှ အရည်အချင်းမီမည် မဟုတ်ပါ။... ခရစ်တော်သည် နောက်ဆုံးသော ကာလတွင် နိုင်ငံတော်သို့ လူသား ဝင်ရောက်ရန် တံခါးပေါက်ဖြစ်၍ မည်သူမျှ ကျော်လွှား၍ မရနိုင်ပါ။ ခရစ်တော်ကို အမှီမပြုလျှင် မည်သူမျှ ဘုရားသခင်၏ စုံလင်စေခြင်းကို မခံရနိုင်ပါ။" (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏)။ ပို၍ အသေးစိတ် နားလည်ရန် ကျေးဇူးပြု၍ ဤ တိုတောင်းသည့် ဗီဒီယိုအား ကြည့်ရှုပါ။

အသိပညာမျာ: ဧဝံဂေလိ စာအုပ်


Sunday, March 24, 2019

အသင်းတော် အသက်တာနှင့် လက်တွေ့အသက်တာ ဆွေးနွေးချက်

ဘုရားသခင်, သမ္မာတရား, အသင်းတော်, ဆုတောင်း, အသက်,
လူတို့သည် သူတို့၏ အသင်းတော် အသက်တာအတွင်းတွင်သာ ပြောင်းလဲနိုင်သည်ဟုခံစားကြရသည်၊သူတိုသည် အသင်းတော်အတွင်းတွင် နေထိုင်နေခြင်း မဟုတ်ပါက ပြောင်းလဲခြင်းမဖြစ်နိုင်၊ သူတို့၏ တကယ့်အသက်တာတွင် ပြောင်းလဲမှု မရနိုင်ဟု ခံစားကြသည်။ သင်တို့သည် ဤကိစ္စရပ်က မည်သည့်အရာဖြစ်သည်ကို သင်တို့မှတ်မိနိုင်ကြပါသလား။ ကျွနုပ်သည် ဘုရားသခင်ကို တကယ့်အသက်တာအတွင်းသို ခေါ်ဆောင်လာခြင်းအကြောင်း ပြောနေပြီး၊ ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ စစ်မှန်မှုအတွင်းသို့ ဝင်ရောက်ရန်အတွက် ဘုရားသခင်ကို ယုံကြည်သူတို့၏ လမ်းကြောင်းဖြစ်သည်။ အမှန်တကယ်အားဖြင့်၊ အသင်းတော်အသက်တာသည် လူသားများကို စုံလင်စေဖို့ အကန့်အသတ်ရှိ သော လမ်းကြောင်းတစ်ခုသာဖြစ်သည်။ လူသားများကို ပြီးပြည့်စုံစေသော အဓိက ပတ်ဝန်းကျင်မှာ တကယ့်အသက်တာပင် ဖြစ်နေဆဲဖြစ်သည်။ ယင်းသည် ကျွနုပ်ပြောဆိုသော အမှန်တကယ် လေ့ကျင့်မှုနှင့် အမှန်တကယ် သင်ကြားမှု ဖြစ်ပြီး၊ လူသားများကို ပုံမှန်လူသားသဘာဝနှင့် နေ့စဉ်ဘဝတွင် စစ်မှန်သော လူပုဂ္ဂိုလ်နှင့် တူညီစွာ အသက်ရှင်မှုကို ရရှိရန် အခွင့်ပေးသည်။ ရှုထောင့်တစ်ခုမှာ တစ်စုံတစ်ယောက်သည် သူ၏ ကိုယ်ပိုင် ပညာရေး အဆင့်ကို မြှင့်တင်ရန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်နိုင်ရန်၊ နှင့် နားလည်နိုင်စွမ်းရရှိရန်အတွက် ပညာတတ်ရန် လိုအပ်သည်။ အခြား ရှုထောင့်တစ်ခုမှာ တစ်စုံတစ်ယောက်သည် အမြင်ရရှိစေရန် နှင့် ပုံမှန်လူသားဘဝ၏ အသိစိတ်ကို ရရှိစေရန် လူသားအဖြစ် အသက်ရှင်ရန် လိုအပ်သော အခြေခံ ဗဟုသုတများ ရှိထားရန်လိုသည်။ အဘယ်ကြောင့်ဆိုသော် လူသားများသည် ဤကိစ္စရပ်များတွင် လုံးဝနီးပါး အားနည်းသောကြောင့် ဖြစ်သည်။ ထို့အပြင် တစ်စုံတစ်ယောက်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသင်းတော်အသက်တာမှ တဆင့် ခံစားတတ်ရန်လည်း လိုအပ်ပြီး ဖြည်းဖြည်းခြင်း အမှန်တရားကို ရှင်းလင်းစွာ နားလည်လာနိုင်သည်။

Saturday, March 23, 2019

ဧဝံဂေလိရုပ်ရှင် (တစ်ဦးတစ်ယောက်သည် ဘာသာရေးလောကအတွင်းတွင် သခင်ကို ယုံကြည်ခြင်းဖြင့် ကယ်တင်ခြင်းခံရနိုင်ပါသလား)

2019 Myanmar Gospel Movie Clip 4 (တစ်ဦးတစ်ယောက်သည် ဘာသာရေးလောကအတွင်းတွင် သခင်ကို ယုံကြည်ခြင်းဖြင့် ကယ်တင်ခြင်းခံရနိုင်ပါသလား)



ဘာသာရေးအတွင်း၌၊ လူများစွာက ယုံကြည်နေကြသည်မှာ သင်းအုပ်ဆရာများနှင့် အကြီးအကဲများသည် ဘာသာရေးလောကတွင် အာဏာကို ကိုင်စွဲပြီး သူတော်ကောင်းယောင်ဆောင်သော ဖာရိရှဲများ၏လမ်းအတိုင်းလျှောက်သော်လည်း၊ သူတို့သည် သင်းအုပ်ဆရာများနှင့် အကြီးအကဲများကို လက်ခံပြီး၊ နောက်ကိုလိုက်ကြသော်လည်း၊ သူတို့သည် သင်းအုပ်ဆရာများနှင့် အကြီးအကဲများကို ယုံကြည်ခြင်းမဟုတ်၊ သခင်ယေရှုကို ယုံကြည်ခြင်းဖြစ်သည်၊ ထို့ကြောင့် သူတို့လျှောက်သော လမ်းသည် ဖာရိရှဲများ ကဲ့သို့ပင် ဖြစ်သည်ဟု အဘယ်ကဲ့သို့ပြောနိုင်မည်နည်းဟူ၍ ဖြစ်သည်။ တစ်စုံတစ်ဦးသည် ဘာသာတရား အတွင်း ၌ဘုရားသခင်အား 
ယုံကြည်ခြင်းဖြင့် အမှန်တကယ် ကယ်တင်ခြင်း မခံရနိုင်သလော။

အသိပညာမျာ: ခရစ်ယာန်ဘာသာနှင့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်တို့အကြား ကွာခြားချက်မှာ မည်သည့်အရာနည်း။

Friday, March 22, 2019

ဘုရားသခင်၏ စိတ်အလိုတော် | စိတ်သဘောထားပြောင်းလဲသွားသောသူများသည် ဘုရားသခင့် နှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ခဲ့ပြီးသောသူများဖြစ်သည်

နာခံခြင်း, သမ္မာတရား, ကောင်းကင်နိုင်ငံတော်, ဘုရားသခင်ကို သိခြင်း, ကျေးဇူးတော်,

လူအများထဲတွင် သန့်ရှင်းသောဝိညာဉ်တော်နေရာယူသည့် လမ်းကြောင်းသည် လူများ၊ အဖြစ်အပျက်များ၊ အရာဝတ္တု များအားလုံးထဲတွင်နစ်ဝင်နေသော ၎င်းတို့၏နှလုံးသားများကိုဆွဲထုတ်ကာ ဘုရားသခင်၏နှုတ်ကပတ်တော်များထဲသို့ ထည့်သွင်းပေးရန်ဖြစ်သည်။ ဤနည်းအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လုံးလုံးလျားလျား သံသယဖြစ်ဖွယ် မရှိဘဲ အလုံးစုံမှန်ကန်ကြောင်းကို ၎င်းတို့၏ နှလုံးသားများ၌ ၎င်းတို့အားလုံး ယုံကြည်ကြမည်ဖြစ်သည်။ သင်သည် ဘုရားသခင်ကို ယုံကြည်ပြီးဖြစ်သည့်အတွက် သူ၏နှုတ်ကပတ်တော်များကိုလည်း ယုံကြည်ရမည်ဖြစ်သည်။ သင်သည် ဘုရားသခင်ကို ယုံကြည်လာသည်မှာ နှစ်ပေါင်းများစွာရှိပြီဖြစ်သော်လည်း သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းကြောင်းကိုမသိပါက သင်သည် ယုံကြည်သူအမှန်တကယ်ဟုတ်ပါ၏လော။ သာမန်လူတစ်ယောက်၏ အသက်တာနှင့် ဘုရားသခင်ရှိသောလူသားတစ်ဦး၏ သင့်တော်သောအသက်တာကိုပိုင်ဆိုင်ရန်အတွက် ပထမဦးစွာ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို ယုံကြည်ရမည်ဖြစ်သည်။ သင်သည် လူတို့အထဲတွင် သန့်ရှင်းသောဝိညာဉ်တော်လုပ်သည့် အလုပ်၏ပထမခြေလှမ်းကို စုံလင်စေခြင်းမရှိသေးပါက သင်၌အခြေခံအုတ်မြစ်မရှိပေ။ သင်၌ အခြေခံအကျဆုံးသောသဘောတရား ကင်းမဲ့နေ၍ လမ်းကြောင်းကို အဘယ်သို့ ရှေ့ဆက်လျှောက်လှမ်းနိုင်မည်နည်း။ ဘုရားသခင်မှလူသားအားစုံလင်စေခြင်း လမ်းကြောင်းမှန်ကို လိုက်လျှောက်ခြင်းသည် သန့်ရှင်းသောဝိညာဉ်တော်၏ ယခုမျက်မှောက်အလုပ်၏ လမ်းကြောင်းမှန်အတွင်း ဝင်ရောက်ခြင်းဖြစ်၏။ သန့်ရှင်းသောဝိညာဉ်တော် လျှောက်လှမ်းသည့် လမ်းကြောင်းကို လိုက်လျှောက်ခြင်းလည်းဖြစ်သည်။ ယခု သန့်ရှင်းသောဝိညာဉ်တော် လျှောက်လှမ်းသည့် လမ်းကြောင်းသည် ဘုရားသခင်၏ ယခုမျက်မှောက် နှုတ်ကပတ်တော်များဖြစ်သည်။ ထို့ကြောင့် လိုက်လျှောက်လှမ်းမည့်သူသည် နာခံမှုရှိရမည်ဖြစ်၍ လူ့ဇာတိခံယူသော ဘုရားသခင်၏ မျက်မှောက် နှုတ်ကပတ်တော်များကို စားသောက်ရမည်ဖြစ်သည်။ သူသည် နှုတ်ကပတ်တော်၏အလုပ်ကို လုပ်ဆောင်နေခြင်းဖြစ်၍၊ အရာအားလုံးသည် သူ၏နှုတ်ကပတ်တော်မှ ပြောကြားထားခြင်းဖြစ်ကာ၊ အရာအားလုံးသည် သူ၏မျက်မှောက်နှုတ်ကပတ်တော်များဖြစ်သော၊ သူ၏နှုတ်ကပတ်တော်များ၌ တည်ထောင်ထားခြင်းဖြစ်သည်။ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းကို လုံး၀ သံသယကင်းခြင်းအကြောင်း ဖြစ်စေ၊ သူ့အားသိရှိခြင်းအကြောင်းဖြစ်စေ၊ လူတစ်ဦးသည် သူ၏နှုတ်ကပတ်တော်အတွက် လွန်စွာ ကြိုးပမ်းအားထုတ်ရမည်ဖြစ်သည်။ ထိုသို့မဟုတ်ပါက ထိုသူသည် အဘယ်အရာကိုမျှ ပြီးမြောက်နိုင်မည်မဟုတ်ဘဲ ၎င်းတွင် မည်သည့်အရာမျှ ကျန်မည်မဟုတ်ပေ။ ဘုရားသခင်အား သိကျွမ်းလာခြင်းနှင့် သူ၏နှုတ်ကပတ်တော်များတို့အားစားသောက်ခြင်းအပေါ် အခြေခံလျက် သူ့အား ကျေနပ်စေခြင်းဖြင့်သာ သူနှင့် သင့်တော်သောဆက်ဆံရေးကို လူတစ်ဦးသည် တဖြည်းဖြည်း တည်ထောင်နိုင်မည် ဖြစ်သည်။ သူ၏နှုတ်ကပတ်တော်အားစားသောက်ကာ ထိုအရာများကို လက်တွေ့လုပ်ဆောင်ကျင့်သုံးခြင်းသည် ဘုရားသခင်နှင့် အကောင်းဆုံးသောပူးပေါင်းပါဝင်ခြင်းဖြစ်ပြီး လက်တွေ့လုပ်ဆောင်ခြင်းသည် သူ၏လူများထဲမှတစ်ဦးအဖြစ် အကောင်းဆုံး သက်သေခံချက်ဖြစ်သည်။ ဘုရားသခင်၏ မျက်မှောက်နှုတ်ကပတ်တော်များ၏ အနှစ်သာရကို နားလည်သဘောပေါက်ပြီး နာခံမှုရှိနိုင်လျှင်၊ ထိုသူသည် သန့်ရှင်းသောဝိညာဉ်တော်ဦးဆောင်နေသော လမ်းကြောင်းပေါ် တွင် အသက်ရှင်နေသောသူဖြစ်ပြီး ဘုရားသခင်၏ လူသားကိုစုံလင်စေမှုလမ်းကြောင်းအမှန်ပေါ်တွင် ၀င်ရောက်ခဲ့ပြီး သူဖြစ်သည်။ လူတို့သည် ကျေးဇူးတော်၊ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းကို ရှာဖွေခဲ့ပြီးနောက် ဘုရားသခင်၏ အလုပ်ကိုရရှိနိုင်ခဲ့ကြသည်။ ယခုတွင်မူ ကွဲပြားလေ၏။ ထိုသူတို့၌ လူ့ဇာတိခံယူသော ဘုရားသခင်၏ နှုတ်ကပတ်တော် မရှိလျှင်၊ ထိုနှုတ်ကပတ်တော်၏ အမှန်တရား မရှိလျှင်၊ ထိုသူတို့သည် ဘုရားသခင်၏ ထောက်ခံမှုကိုမခံရနိုင်ဘဲ ဘုရားသခင်၏ ရှင်းလင်းသုတ်သင်ခြင်းကို ခံရမည်ဖြစ်သည်။ သင့်တော်သော ဝိညာဉ်အသက်တာကိုပိုင်ဆိုင်ရန်အလို့ငှာ ပထမဦးစွာ ဘုရားသခင်၏နှုတ်ကပတ်တော်တို့ကို စားသောက်ကာ လက်တွေ့လုပ်ဆောင်လော့။ ထိုအခြေခံအုတ်မြစ် ပေါ်တွင် ဘုရားသခင်နှင့် လူအကြား သင့်တော်သောဆက်ဆံရေးကိုတည်ဆောက်လော့။ သင်မည်ကဲ့သို့ ပူးပေါင်းသနည်း။ သူ၏လူများထဲမှတစ်ယောက် ဖြစ်ကြောင်း သင်မည်ကဲ့သို့ သက်သေခံမည်နည်း။ ဘုရားသခင်နှင့် သင့်တော်သော ဆက်ဆံရေးကို သင်မည်ကဲ့သို့ တည်ဆောက်မည်နည်း။

Thursday, March 21, 2019

သမ္မာကျမ်းစာကို ယုံကြည်ခြင်းသည် ဘုရားသခင်အား ယုံကြည်ခြင်းကို ကိုယ်စားပြုနိုင်ပါသလား


2019 Myanmar Gospel Movie Clip 3 သမ္မာကျမ်းစာကို ယုံကြည်ခြင်းသည် ဘုရားသခင်အား ယုံကြည်ခြင်းကို ကိုယ်စားပြုနိုင်ပါသလား


ဘာသာရေးလောကမှ သင်းအုပ်ဆရာများ နှင့် အကြီးအကဲများသည် “သမ္မာကျမ်းအားလုံး သည် ဘုရားသခင် မှုတ်သွင်းထားခြင်းဖြစ်သည်” ဆိုသည့် သမ္မာကျမ်းစာအတွင်းရှိ ရှင်ပေါလု၏ စကားကို ကိုင်ဆွဲပြီး ထိုအရာကို ယုံကြည်ကာ၊ သမ္မာကျမ်းစာသည် ဘုရားသခင်၏ နှုတ်ကပတ်တော် အလုံးစုံဖြစ်ပြီး၊ သမ္မာကျမ်းစာ အားချီးမြှောက်ရန် သူတို့ တတ်နိုင်သမျှ အားလုံးလုပ်ဆောင်ကာ သက်သေခံ ကြသည်၊ ထိုသို့ပြုခြင်းဖြင့် သမ္မာကျမ်းစာ နှင့် ဘုရားသခင်ကို တန်းတူဖြစ်အောင် လုပ်ဆောင်ကြသည်။ သူတို့က သမ္မာကျမ်းစာသည် သခင်ကို ကိုယ်စားပြုပြီး၊ သခင့်ကို ယုံကြည်ခြင်းသည် သမ္မာကျမ်းစာကို ယုံကြည်ခြင်း ဖြစ်သည်ဟု ယုံကြည်ကြသည်။ ထိုကြောင့် သမ္မာကျမ်းစာ အားလုံးသည် တကယ်ပင် ဘုရားသခင်မှုတ်သွင်းထားခြင်းဖြစ်ပါသလား။ သခင်၊ ဘုရားသခင်သည် သမ္မာကျမ်းစာအတွင်း၌ ရှိပါသလား။ ဘုရားသခင်၏ အမှုတော်က သမ္မာကျမ်းစာအား ပေါ်ပေါက်စေသလား သို့မဟုတ် သမ္မာကျမ်းစာက ဘုရားသခင် ၏ အမှုတော်ကို ပေါ်ပေါက်စေသလား။ သမ္မာကျမ်းစာက သခင်ကို အမှန်တကယ် ကိုယ်စားပြုနိုင်သလား။ ဤတိုတောင်းသော ရှပ်ရှင်သည် သင့်အား မှန်ကန်သော လမ်းကို ပြသပါလိမ့်မည်။

အသိပညာမျာ: ခရစ်ယာန်ဘာသာနှင့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်တို့အကြား ကွာခြားချက်မှာ မည်သည့်အရာနည်း။

Wednesday, March 20, 2019

အနန္တတန်ခိုးရှင်ဘုရားသခင်မှာ တဖန်ပြန်ကြွလာသော သခင်ယေရှု ဖြစ်သည်

သမ္မာတရား, နောက်ဆုံးသောကာလ, အနန္တတန်ခိုးရှင် ဘုရားသခင်,  ဘုရားသခင်, အသက်
ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ -

ယေဟောဝါ၏ အမှုပြီးသည့်နောက်တွင် ယေရှုသည် မိမိ၏အလုပ်ကို လုပ်ဆောင်ရန် လူသားများ ကြားထဲသို့ လူသားအဖြစ် ကြွလာခဲ့သည်။ သူ၏ အလုပ်ကို သီးသန့်လုပ်ဆောင်ခြင်း မဟုတ်ပါ၊ သို့သော် ယေဟောဝါ၏ အလုပ်ပေါ်တွင် အခြေခံထားခြင်းဖြစ်သည်။ ပညတ်တော်ခေတ်ကို ဘုရားသခင် အဆုံးသတ်ပြီးနောက် ခေတ်သစ်တစ်ခုအတွက် လုပ်ဆောင်ရမည့် အလုပ်ဖြစ်သည်။ ထိုနည်းတူ ယေရှု၏အမှု ပြီးမြောက် ပြီးနောက် ဘုရားသခင်သည် နောက်ခေတ်အတွက် သူ၏ အလုပ်ကို ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်သည်။ အကြောင်းမှာ ဘုရားသခင်၏ စီမံအုပ်ချုပ်မှု တစ်ခုလုံးသည် ရှေ့သို့ ဆက်လက်လုပ်ဆောင်မြဲ ဖြစ်သော ကြောင့်တည်း။ ခေတ်ဟောင်း ကုန်ဆုံးပြီးနောက် ခေတ်သစ်တစ်ခု အစားထိုး ဝင်ရောက်လာလိမ့်မည်။ အမှုဟောင်း စုံလင်သည်နှင့် အမှုသစ်သည် ဘုရားသခင်၏ စီမံအုပ်ချုပ်မှုကို ဆက်လက် လုပ်ဆောင် ပါလိမ့်မည်။ ဤသည်မှာ ယေရှု၏ အမှုပြည့်စုံခြင်းနောက် ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိအဖြစ် ကြွလာခြင်း ဖြစ်သည်။ ဟုတ်ပါသည်၊ လူ့ဇာတိအဖြစ် ကြွလာခြင်းသည် သီးခြားဖြစ်လာခြင်း မဟုတ်ဘဲ ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ် နောက်ပိုင်း အမှု တတိယအဆင့် ဖြစ်ပါသည်။… ယေရှုက ဤလူ့လောကသို့ လာသောအခါ သူသည် ပညတ်တော်ခေတ်ကို အဆုံးသတ်ပြီး ကျေးဇူးတော်ခေတ်သို့ ရောက်စေခဲ့သည်။ နောက်ဆုံးသော ကာလတွင် ဘုရားသခင်သည် နောက်တစ်ကြိမ် လူ့ဇာတိအဖြစ်ကို ခံယူပြီး ဤတစ်ကြိမ် လူ့ဇာတိအဖြစ် ကြွလာချိန်တွင် ကျေးဇူးတော်ခေတ်ကို ချုပ်ငြိမ်းစေကာ နိုင်ငံတော်ခေတ်သို့ ရောက်စေမည်။ ဘုရားသခင်၏ လူ့ဇာတိအဖြစ် ဒုတိယအကြိမ် ကြွလာခြင်းကို လက်ခံသောသူ အပေါင်းတို့သည် နိုင်ငံတော်ခေတ်သို့ ဦးဆောင်ခေါ်ယူသွားခြင်းကို ခံယူရမည် ဖြစ်ပြီး ဘုရားသခင် ဦးဆောင်မှုကို ကိုယ်တိုင်ကိုယ်ကျ လက်ခံနိုင်လိမ့်မည်။ ယေရှုသည် လူသားတို့ အကြားတွင် အလုပ်များစွာ လုပ်ခဲ့သော်လည်း သူသည် လူသားမျိုးနွယ် အားလုံးအတွက် ရွေးနုတ်ကယ်တင်ခြင်းကိုသာ ပြီးမြောက်စေခဲ့ပြီး လူသားတို့၏ အပြစ်ဖြေရာယဇ် ဖြစ်ခဲ့သည်။ သို့သော် လူသားတို့၏ ယိုယွင်းပျက်စီးသော စိတ်သဘောထားကို ပယ်ရှင်းမပေးခဲ့ပါ။ စာတန်၏ လွှမ်းမိုးမှုမှ လူသားများကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုကို အပြစ်ဖြေရာယဇ်အဖြစ် လူသားတို့၏ အပြစ်များကို ယူဆောင်သွားရန် လိုအပ်သည်သာမက စာတန် ယိုယွင်းဖျက်ဆီးခဲ့သော လူသားတို့၏ စိတ်သဘောထားကို လုံးဝပယ်ရှင်းရန် ဘုရားသခင်၏ ပိုကြီးမြတ်သော အမှုလည်း လိုအပ်သည်။ ထို့ကြောင့် လူသားတို့သည် မိမိတို့အပြစ်ကို ခွင့်လွှတ်ခြင်း ခံရပြီးနောက် ဘုရားသခင်သည် လူသားတို့ကို ခေတ်သစ်တစ်ခုဆီသို့ ဦးဆောင်ခေါ်သွားရန် လူ့ဇာတိအဖြစ် ပြန် ကြွလာခဲ့ပြီး ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအလုပ်ကို စတင်ခဲ့ကာ ထိုအလုပ်သည် လူသားတို့အား ပိုမိုကြီးမြတ်သော နယ်ပယ်တစ်ခုဆီသို့ ဆောင်ကြဉ်းခဲ့သည်။ သူ၏ အုပ်စိုးမှုကို နာခံသူအားလုံးသည် ပိုမြင့်သော သမ္မာတရားနှင့် ပိုကြီးမြတ်သော ကောင်းချီးများကို ခံစားရလိမ့်မည်။ သူတို့သည် အလင်းတွင် အမှန်တကယ် နေထိုင်ရမည်ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကိုလည်း ရလိမ့်မည်။

Tuesday, March 19, 2019

နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ (ဆိုးသွမ်းသောသူသည် အပြစ်ဒဏ်ပေးခြင်းခံရမည်)


နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ (ဆိုးသွမ်းသောသူသည် အပြစ်ဒဏ်ပေးခြင်းခံရမည်)


အနန္တတန်ခိုးရှင်ဘုရားက ပြောသည် "ဘုရားသခင်သည် ပြောင်းလဲခြင်း မရှိဟု လူတို့က အမြဲယုံကြည်လေ့ရှိပြီး ဘုရားသခင်၏ အစီအမံကို နားလည်သဘောပေါက်သည့် ပုံစံနှင့် ဘုရားသခင်လုပ်ဆောင်သမျှ အရာအားလုံးသည် ကိုယ်တော့်မှာ လူ့လက်ခုပ်ထဲ ရှိဘိသည့်အလား ကျမ်းစာအရ အဓိပ္ပာယ်သတ်မှတ် ဖွင့်ဆိုကြ၏။ လူသားများမှာ အစွန်းရောက်သည်အထိ မိုက်မဲကြပြီး အဆုံးစွန် ထောင်လွှားသော မာနကိုလည်း ပိုင်ဆိုင်ထားကြကာ အားလုံးမှာ ကြီးကြီးကျယ်ကျယ် စကားပရိယာယ်ကိုလည်း ပင်ကိုတတ်နေကြ၏။ ဘုရားသခင်နှင့် ပတ်သက်ပြီး မည်မျှပင် သင်သိနေစေကာမူ၊ သင်သည် ဘုရားသခင်ကို မသိကျွမ်း၊ ဘုရားသခင်ကို ဆန့်ကျင်ဘက်ပြုနိုင်သူ တစ်ယောက်မျှမရှိ၊ ဘုရားသခင်က ပြီးပြည့်စုံအောင် ပြုပြင်ပေးထားသောလမ်းကို လိုက်မလျှောက်နိုင်၊ ဘုရားသခင်၏ လုပ်ဆာင်ချက်ကိုလည်း အဆုံးစွန်မလိုက်နာနိုင်သောကြောင့် သင်သည် ဘုရားသခင်အား ပြစ်မှားမိပြီဟု ငါပြောမည်။ အဘယ်ကြောင့် ဘုရားသခင်သည် လူတို့၏ လုပ်ဆောင်ချက်များအပေါ် မည်သည့်အခါမျှ ကျေနပ်တော်မမူနိုင်ရသနည်း။ အဘယ်ကြောင့်ဆိုသော် လူသားသည် ဘုရားသခင်ကို မသိကျွမ်း၊ ထင်မြင်ယူဆချက်များ များစွာရှိကာ၊ လက်တွေ့အမှန်တရားနှင့် ချိန်ထိုးလိုက်နာရမည့်အစား ဘုရားသခင်နှင့် ပတ်သက်ပြီး သူ၏သိကျွမ်းခြင်းမှာ ဒီပုတ်ထဲက ဒီပဲသာဖြစ်ပြီး ပြုပြင်ပြောင်းလဲခြင်း မရှိဘဲ တယူသန်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် ယနေ့ခေတ်တွင် ဘုရားသခင်သည် ကမ်ဘာမြေကြီးသို့ ဆင်းကြွလာမည်ဆိုပါက လက်ဝါးကပ်တိုင်ပေါ်တွင် လူသားများမှ သံမှိုဆွဲနှက်ရိုက်ထားခြင်းကို ခံရဦးမည်ပင် ဖြစ်သည်။ ... ဘုရားသခင်ကို ကားတိုင်တော်ပေါ်တွင် နောက်တစ်ဖန်သံမှိုဆွဲနှက်ကြသော သူများထဲတွင် သင်ပါဝင်နေသလော။ အဆုံးသတ်အနေဖြင့် ငါပြောကြားမည်၊ 'ဘုရားသခင်ကို ကားတိုင်တင်ကြသော သူတို့၌ အမင်္ဂလာ ရှိစေသတည်း။

အကြံပြုစာများဖတ်ရှုလေ့လာရန်:  ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့သည့်အချိန်သည် ဘုရားသခင်မှ ကောင်းကင်နှင့်မြေကြီး အသစ်တစ်ဖန်ပြန်၍ပြုလုပ်ပြီးချိန် ဖြစ်မည်




Monday, March 18, 2019

ဘုရားသခင်၏ ပြောဆိုသံ | အခန်း ၄၂

ဘုရားသခင်, အသက်, အသင်းတေ, ယုံကြည်ခြင်း, သခင်ကို ချစ်ခြင်း
အနန္တတန်ခိုးရှင် ဘုရားသခင်၏ လုပ်ဆောင်မှုများသည် အဘယ်မျှ ကြီးမြတ်သနည်း။ အဘယ်မျှ အံ့သြဖွယ် ကောင်းသနည်း။ အဘယ်မျှ ချီးမွမ်း အံ့သြဖွယ် ကောင်းသနည်း။ တံပိုးခရာခုနစ်ခုတို့ကိုမှုတ်၏၊ မိုးကြိုးသံခုနစ်ချက်မြည်၏၊ ဖလားခုနစ်လုံးတို့အားသွန်းလောင်း၏၊ ဤအရာသည် လူပုံအလယ်၌ ချက်ခြင်းပင် သိသာထင်ရှားပြီး သံသယမဖြစ်နိုင်ပေ။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ကျွန်ုပ်တို့အပေါ် နေ့ရက်စဉ်တိုင်း ရောက်ရှိပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင် တစ်ပါးတည်းသာ ကျွန်ုပ်တို့အား ကယ်တင်နိုင်သည်၊ ကျွန်ုပ်တို့သည် ကံဆိုးခြင်းကို တွေ့ကြုံရလျှင်ဖြစ်စေ၊ သို့မဟုတ် ကောင်းချီးကို ခံစားရသည်ဖြစ်စေ ဘုရားရှင်ကြောင့်သာ လုံးလုံးလျားလျား ဖြစ်ပြီး၊ ကျွန်ုပ်တို့လူသားများသည် ထိုဆုံးဖြတ်ချက်ကို ချရန် မည်သို့မျှ မဖြစ်နိုင်ပေ။ စိတ်နှလုံး အပြည့်အဝပါလျက် သူတို့ကိုယ်သူတို့ ဘုရားသခင်အား ရည်စူးထားသော လူတို့အား ကြီးစွာသော ကောင်းကြီးကို ဘုရားသခင်သည် သေချာစွာ နှင်းအပ်လိမ့်မည်ဖြစ်ပြီး၊ ထိုအချိန်၌ သူတို့၏ အသက်တာများကို ကာကွယ်စောင့်ရှောက်ဖို့ရန် ကြိုးပမ်းသော လူတို့သည် ၎င်းတို့၏ အသက်တာများကို ဆုံးရှုံးရလိမ့်မည်၊ အရာရာတိုင်းနှင့် အခြေအနေအရပ်ရပ်တို့သည်၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ လက်ထဲ၌သာ ရှိသည်။ သင်၏ခြေလှမ်းများကို ဆက်လက်ပြီး၊ ရပ်တန့်မထားပါနှင့်တော့။ အလွန်တရာကြီးမားသော ပြောင်းလဲခြင်းသည် ကောင်းကင်နှင့် မြေကြီးပေါ်သို့ ရောက်ရှိလာပြီး၊ လူသားသည် ပုန်းကွယ်ရန် မည်သို့မျှ မဖြစ်နိုင်ဘဲ ခါးသီးသော ငိုကြွေးမြည်တမ်းခြင်းသာ ရှိလိမ့်မည်၊ ထိုမှတပါး အခြားသော ရွေးချယ်စရာမရှိ။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိ လုပ်ဆောင်မှုနောက်ကို လိုက်ကာ၊ လူသားတစ်ဦးချင်းစီသည် မိမိတို့ကိုယ်တိုင်အတွင်း၌ ဘုရားသခင်၏ အမှုတော် တိုးတက်လာရာသို့ လျှောက်လှမ်းသောခြေလှမ်း နှင့်ပတ်သတ်၍ ရှင်းလင်းနေရမည်၊ အခြားသောသူများ၏ သတိပေးခံရခြင်း မလိုအပ်တော့ပေ။ ယခုတွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ ရှေ့သို့ မကြာခဏလာကာ၊ အရာရာတိုင်းအတွက် သူ့ကို တောင်းလော့။ သူသည် သင့်အား အတွင်း၌ သေချာစွာ အသိဉာဏ် ပွင့်လင်းစေလိမ့်မည်ဖြစ်ပြီး၊ ခက်ခဲသော အချိန်များ၌ သူသည် သင့်ကို ကာကွယ်လိမ့်မည်။ ကြောက်ရွံ့ခြင်း မရှိနှင့်။ သူသည် သင်၏ ဖြစ်တည်မှုတစ်ခုလုံးအား ပိုင်ဆိုင်ထားပြီဖြစ် ပြီး၊ သူ၏ ကာကွယ်ခြင်းနှင့် သူ၏ စောင့်ရှောက်ခြင်း၌၊ သင်သည် အဘယ်အရာကို ကြောက်ရအံ့နည်း။ ယနေ့တွင် ဘုရားသခင်၏ အလိုတော် ဖြစ်မြောက်အောင်မြင်မှုသည် လက်ထဲတွင်ရှိပြီး၊ ကြောက်ရွံ့သော မည်သူမဆို ဆုံးရှုံးခြင်းရှိလိမ့်မည်။ ငါသည် သင့်အား အဓိပ္ပါယ်မရှိသော အရာကို ပြောနေခြင်းမဟုတ်။ သင်၏ ဝိညာဉ်မျက်စိများကို ဖွင့်ထားပါ သို့ဖြစ်လျှင် ကောင်းကင်သည် ချက်ချင်း ပြောင်းလဲခြင်း ရှိလိမ့်မည်။ ကြောက်ရွံ့စရာ အဘယ်အရာ ရှိသနည်း။ သူ၏ လက်တော်ကို ဖြေးညင်းစွာ လှုပ်ရှားလျှင်၊ ကောင်းကင်နှင့် မြေကြီးသည် ချက်ချင်းပင် ဖျက်စီးခြင်းကို ခံရမည်။ လူသား၏ စိုးရိမ်ပူပန်ခြင်းသည် အဘယ်အရာ၌ အသုံးဝင်မည်နည်း။ ဘုရားသခင်၏ လက်ထဲ၌ အရာရာတိုင်း ရှိသည် မဟုတ်သလော။ အကယ်၍ ကောင်းကင်နှင့်မြေကြီးသည် ပြောင်းလဲခြင်းရှိမည်ဟု သူဆိုလျှင်၊ ၎င်းတို့သည် ပြောင်းလဲကြလိမ့်မည်။ အကယ်၍ ကျွန်ုပ်တို့အား စုံလင်စေမည်ဟု သူဆိုလျှင်၊ ကျွန်ုပ်တို့သည် စုံလင်မည် ဖြစ်သည်။ လူသားအနေဖြင့် စိုးရိမ်ပူပန်ရန် မလိုအပ်ပေ၊ သူသည် ရှေ့သို့ တည်ငြိမ်စွာ တိုး၍ လှုပ်ရှားရမည်။ သို့သော်လည်း၊ သူသည် အင်္လန်အလေးဂရုပြု ရမည်ဖြစ်ပြီး၊ အလွန်ဂရုစိုက်ကြည့်နေရမည်ဖြစ်သည်။ ကောင်းကင်သည် ချက်ချင်း ပြောင်းလဲသွားနိုင်သည်။ လူသား၏ ပကတိမျက်စိများသည် ကျယ်ဝန်းစွာ ဖွင့်ထားသော်လည်း မည်သည့်အရာကိုမျှ မြင်နိုင်စွမ်းမရှိ။ လျင်မြန်စွာ ဂရုစိုက်ကြည့်ပါ၊ ဘုရားသခင်၏ အလိုတော်သည် ပြီးမြောက်ပြီးဖြစ်ကာ၊ သူ၏ စီမံကိန်းသည် ပြည့်စုံခြင်းသို့ ရောက်ရှိပြီးဖြစ်သည်၊ သူ၏ အစီအစဉ်သည် အောင်မြင်ပြီး ဖြစ်သည်၊ သူ၏ သားတို့သည် သူ၏ပလ္လင်ဆီသို့ ရောက်ရှိပြီးဖြစ်သည်၊ ထို့နောက် သူတို့သည် တိုင်းနိုင်ငံတိုင်းနှင့် လူမျိုးတိုင်းကို အနန္တတန်ခိုးရှင် ဘုရားသခင်နှင့်အတူ တရားစီရင်ကြသည်။ အသင်းတော်အား နှိပ်စက်ညှဉ်းပန်းသော ထိုသူများနှင့် ဘုရားသခင်၏ သားတို့ကို ရက်စက်စွာ ဒဏ်ရာအနာတရ ဖြစ်စေသော သူတို့သည် ပြင်းထန်စွာ အပြစ်ပေးခြင်း ခံရမည်မှာ ဧကန်မလွဲ ဖြစ်သည်။ သူတို့ကိုယ်သူတို့ ဘုရားသခင်အား အမှန်တကယ် ပေးဆပ်ပြီး၊ အရာရာတိုင်းကို ထိန်းသိမ်းသောသူတို့ကို၊ ဘုရားသခင်သည် မည်သည့်အခါမျှ ပြောင်းလဲခြင်းမရှိဘဲ၊ ထာဝစဉ်အမြဲ ဧကန်ချစ်လိမ့်မည် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ

အသိပညာမျာ: ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏

Sunday, March 17, 2019

ခရစ်ယာန်သီချင်း (ဘုရားသခင် သည် ကြွယ်ဝသောကရုဏာနှင့် ကြီးစွာသော အမျက်ဒေါသ ဖြစ်၏)


Myanmar Gospel Song (ဘုရားသခင် သည် ကြွယ်ဝသောကရုဏာနှင့် ကြီးစွာသော အမျက်ဒေါသ ဖြစ်၏) | Praise God’s Righteous Disposition


ဘုရား၏ ကရုဏာတော်၊ သည်းခံ ခြင်းသည် စစ်မှန်လှသည်

သို့သော် သူ့အမျက်တော် ပွင့်ထွက်သောခါ

သူ့သန့်ရှင်းခြင်းနှင့် ဖြောင့်မတ် ခြင်းသည်

အပြစ်ကို ခွင့်မပြုသည့် ဘုရား၏သဘောထား လူကိုပြသည်

I

လူသည် ဘုရား၏အမိန့်များကို နာခံလိုက်လျှောက်ပြီး၊

သူသတ်မှတ် ထား သည့်တိုင်း လုပ်ဆောင်သောခါ

လူအပေါ်ဘုရား၏ လျှံပယ်သောသနား ခြင်း

ကရု ဏာတော် အပြည့် ရှိတော်မူ၏

လူသည် ဖောက်ပြန်ခြင်းနှင့် ပြည့်ပြီး၊

သူ့အားမုန်းတီး ရန်လိုမှု များနှင့် ပြည့်နှက်သည့်ခါ

ဘုရားသခင်သည် ပြင်းစွာစိတ်ဆိုး၍ ဒေါသထွက်မည်

ဒီလိုဆို ဘုရား၏ ဒေါသအမျက်တွေ ဘယ်လောက် ထွက်နေအုံးမလဲ

လူတွေရဲ့ အပြစ်ဒုစရိုက်များနှင့်၊ ဖီဆန်မှုတွေကို သူမမြင်တော့တဲ့ချိန်၊

ထို အရာများ သူသည် မတွေ့ရတော့သည့် အချိန်မှ

ဘုရားရှင် စိတ်ဆိုးနေတာတွေ ကွယ်ပျောက် သွားမည်

Saturday, March 16, 2019

အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် | ဘုရားသခင်၏ စကားတော် | အခန်း ၈၄


အသက်, ကျေးဇူးတော်, ကယ်တင်ခြင်း, ဝိညာဉ်, စကြဝဠာ,

အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် | ဘုရားသခင်၏ စကားတော် | အခန်း ၈၄


သူတို့သည် ငါ့အား သိခြင်းပညာ မရှိသောကြောင့်၊ လူသည် ငါ၏ စီမံခန့်ခွဲမှုကို နှောင့်ယှက်ခဲ့ပြီး၊ ငါ၏ အစီအစဉ်များကို အကြိမ်ပေါင်းမရေမတွက်နိုင်အောင်ပင် ထိခိုက်စေခဲ့သည်၊ သို့သော်လည်း ၎င်းတို့သည် ငါ၏ ရှေ့ဆက်တိုးနေသော ခြေလှမ်းများကို ပိတ်ဆို့နိုင်ခဲ့ဖူးခြင်းမရှိပေ။ ဤသည်မှာ ငါသည် ဉာဏ်ပညာရှိသော ဘုရားသခင်ဖြစ်သောကြောင့်ဖြစ်သည်။ ငါနှင့်အတူ အတိုင်းမသိသော ဉာဏ်ပညာရှိ၏၊ ငါနှင့်အတူ အတိုင်းမသိ ဉာဏ်မမီနိုင်သော နက်နဲမှုရှိ၏။ ရှေးပဝေသဏီအချိန်မှ ထာဝရကာလအထိ၊ လူသည် ၎င်းအား အဘယ်သောအခါမျှ နားလည်သဘောပေါက်နိုင်ခြင်းနှင့် ပြည့်စုံစွာ နားလည်နိုင်ခြင်း မရှိဖူးပေ။ ဤသည်မှာ မဟုတ်သလော။ ငါပြောသော နှုတ်ကပတ်စကားလုံး တစ်လုံးချင်းစီတို့၌ ဉာဏ်ပညာပါရှိသည်သာမကဘဲ၊ ငါ၏ ဝှက်ထားသော နက်နဲမှုလည်းရှိသေး၏။ ငါနှင့်အတူဆိုလျှင်၊ အရာအားလုံးတို့သည် နက်နဲသောအရာဖြစ်ပြီး၊ ငါ၏ ရှိသမျှအစိတ်အပိုင်းတို့သည် နက်နဲသောအရာဖြစ်ကြသည်။ သင်တို့သည် ယနေ့တွင် နက်နဲသောအရာကို မြင်ရုံမျှသာဖြစ်ပြီး၊ ထိုအရာသည် ငါ၏ဇာတိအဖြစ်တော်ကို မြင်ရပြီဖြစ်သော်လည်း ဤဖုံးကွယ်ထားသည့် နက်နဲသောအရာကိုမူ သင်တို့ မဖြေရှင်းနိုင်သေးပေ။ လူသည် ငါ၏ဦးဆောင်မှုနောက်ကို လိုက်ခြင်းအားဖြင့်သာ ငါ၏နိုင်ငံတော်သို့ ဝင်ရောက်နိုင်သည်။ ထိုသို့မဟုတ်လျှင်၊ သူတို့သည် လောကနှင့်အတူ ပျက်စီးကာ၊ ပြာမှုန့်များ ဖြစ်သွားကြလိမ့်မည်။ ငါသည် ပြီးပြည့်စုံသော ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်ပြီး၊ အဘယ်သူမျှ မဟုတ်၊ ဘုရားသခင်ကိုယ်တော်တိုင်ပင် ဖြစ်သည်။ "ဘုရားသခင်၏ သရုပ်သကန်" ကဲ့သို့သော အတိတ်ကာလမှ ဆိုထုံးများသည် ခေတ်နောက်ကျနေပြီဖြစ်၏၊ ထိုအရာတို့သည် ယခုလက်ရှိတွင် မအပ်စပ်တော့ဘဲ ဟောင်းနွမ်းနေသည့် အရာဟောင်းများဖြစ်ကြသည်။ သင်တို့ဘယ်နှစ်ဦးသည် ဤအရာအား ရှင်းလင်းစွာ မြင်ခဲ့ပြီးဖြစ်သနည်း။ ဤအတိုင်းအတာအထိ သင်တို့ဘယ်နှစ်ဦးသည် ငါ့အား သေချာခဲ့ပြီးဖြစ်သနည်း။ အရာအားလုံးကို ငါ့အားဖြင့် သေချာစွာ ရှင်းလင်းပြပြီး ညွှန်ကြားရပေတော့မည်။

Thursday, March 14, 2019

ဘုရားသခင်၏ စိတ်အလိုတော် | ဘုရားသခင်ရှေ့မှောက်တွင် သင်၏ စိတ်နှလုံးအား ငြိမ်သက်စေခြင်း

ဝိညာဉ်, ဆုတောင်းခြင်း, သမ္မာတရား, အသက်, ယုံကြည်ခြင်း
ဘုရားသခင် ရှေ့မှောက်တွင် သင်၏ စိတ်နှလုံးအား ငြိမ်သက်စေခြင်းသည် ဘုရားသခင် နှုတ်ကပတ်တော်များသို့ ဝင်ရောက်ရန်အတွက် အလွန်အရေးကြီးသော ခြေလှမ်းများထဲမှ တစ်ခု ဖြစ်ပြီး မျက်မှောက်ကာလတွင် ရှိနေကြသော လူအပေါင်းတို့သည် အရေးတကြီး ဝင်ရောက်ရန် လိုအပ်လျက်ရှိသည်ဖြစ်ရာ သင်ခန်းစာတစ်ခု ဖြစ်သည်။ ဘုရားသခင် ရှေ့မှောက်တွင် သင်၏ စိတ်နှလုံးကို ငြိမ်သက်ခြင်း ရှိစေသော နည်းလမ်းများမှာ-

၁။ ပြင်ပအရာများမှ သင့်စိတ်နှလုံးကို ရှောင်ခွာပါ၊ ဘုရားသခင်ရှေ့မှောက်တွင် တိတ်ဆိတ်ပါ၊ ထို့နောက် စူးစိုက်သော စိတ်နှလုံးဖြင့် ဘုရားသခင်ထံ ဆုတောင်းပါ။

၂။ ဘုရားသခင်ရှေ့မှောက်တွင် စိတ်နှလုံး ငြိမ်သက်စွာဖြင့် ဘုရား၏ နှုတ်ကပတ်တော်များအား စားသောက် ပျော်မွေ့ပါ။

၃။ ဘုရားသခင်၏  ချစ်ခြင်း မေတ္တာအပေါ် အာရုံပြု ဆင်ခြင်ခြင်းအား အမြဲတမ်းအလေ့အကျင့် ဖြစ်အာင် ပြုပြီး သင်၏ စိတ်နှလုံးဖြင့် ဘုရားသခင်၏ အပြုအမူကို တွေးဆပါ။

Wednesday, March 13, 2019

ခရစ်ယာန်သီချင်း (ချစ်စရာအကောင်းဆုံး လူ့ဇာတိခံယူသောဘုရား)



Myanmar Christian Song (ချစ်စရာအကောင်းဆုံး လူ့ဇာတိခံယူသောဘုရား)


လူသားတွေကြားမှာ ဆင်းကြွကာ လူ့ဇာတိခံယူပြီးနောက်

ဘုရားသည် လူသားတို့ဒုစရိုက်နှင့် ဘဝအခြေအနေကို မြင်တွေ့ခဲ့

လူ့အသွင်သဏ္ဍာန်နဲ့ဘုရားသည် လူသားရဲ့အကူအညီမဲ့မှု၊

သနားစရာကောင်းပုံကို နက်ရှိုင်းစွာ သိရှိခံစား

ဘုရားသည် အို သူတို့ဝမ်းနည်းခြင်းကို သိ

ဘုရားသည် လူ့ခန္ဓာ လူ့ပင်ကိုအသိစိတ်မှ

သူ့နောက်လိုက် တွေအတွက် စိုးရိမ်စိတ်နှင့်

သူတို့ အခြေအနေအတွက် ပို၍ ကရုဏာတိုးပွားခဲ့သည်

Tuesday, March 12, 2019

အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် | ဘုရားသခင်၏ ပြောဆိုသံ | အခန်း ၉

အသင်းတေ, ဘုရားသခင်, သမ္မာတရား, ယုံကြည်ခြင်း, အသက်
ငါ၏ နှုတ်ကပတ်တော်ပေါ်တွင် အနည်းငယ်မျှပင် မရေမရာဖြစ်ခြင်းနှင့် အရေးမထားခြင်းတို့ကို ဟု သင့်ကို ငါသတိပေးလိုသည်။ သင်သည် နှုတ်ကပတ်တော်ပေါ်တွင် အလေးထားဂရုပြုပြီး၊ နာခံကာ အမှုအရာများကို ငါ၏ ရည်ရွယ်ချက်များနှင့်အညီ လုပ်ဆောင်ရမည်။ သင်သည် အစဉ်မပြတ် နိုးနိုးကြားကြား နေရမည်ဖြစ်ပြီး၊ မာနကြီးခြင်းနှင့် မိမိသာလျှင် မှန်ကန်သည်ဟု ထင်မြင်သော စိတ်သဘောထား လုံးဝ မထားရှိရ။ ထို့အပြင် သင်၏အထဲ၌ တည်သော ပင်ကို စိတ်သဘောထားဟောင်းကို စွန့်ပစ်ရန် သင်သည် အစဉ်အမြဲပင် ငါ့ကို အားထားရမည်။ သင်တို့သည် ငါ၏ရှေ့တွင် သာမန်အနေအထားကို အစဉ်အမြဲ ထိန်းသိမ်းထားရမည်ဖြစ်ပြီး၊ တည်ငြိမ်သော စိတ်သဘောထား အစဉ်အမြဲ ရှိသင့်သည်။ သင်တို့၏ အတွေးအခေါ်သည် သင့်တင့်လျောက်ပတ်ကာ၊ ကြယ်လင်ပြတ်သားပြီး၊ တစ်စုံတစ်ဦး၊ အဖြစ်အပျက် သို့မဟုတ် အရာဝတ္တုတို့ကြောင့် တိမ်းညွတ်ခြင်း၊ သို့မဟုတ် စိုးမိုးခြယ်လှယ်ခြင်းကို ခံရခြင်းတို့ မဖြစ်ရပေ။ သင်တို့သည် ငါ၏ မျက်မှောက်တွင် ငြိမ်သက်ကာ၊ စဉ်ဆက်မပြတ် ငါနှင့် ရင်းနှီးကျွမ်းဝင်ပြီး အတူတကွ မိတ်သဟာရ ဖွဲ့နေရမည်ဖြစ်သည်။ သင်သည် အရှုံးမပေးသော ရဲရင့်ခြင်းကို ပြသကာ၊ ငါ၌ ထားရှိသော၊ သင်၏ သက်သေခံချက် ပေါ်တွင် မြဲမြံစွာ ရပ်တည် ရမည်ဖြစ်သည်။ အခြားသောသူများ ပြောသည့် စကားများကို ကြောက်ရွံ့ ခြင်း မရှိဘဲ၊ ထကြွလျက် ငါ၏ အဖို့အလို့ငှာ ဟောပြောလော့။ သူတပါး၏ ထိန်းချုပ်ခြင်းကို မခံရဘဲ၊ ငါ၏ ရည်ရွယ်ချက်များကို ကျေနပ်နှစ်သိမ့်စေရန် စူးစိုက်လော့။ သင့်အပေါ်တွင် ထုတ်ဖော်ပြသသော အရာတို့ကို ငါ၏ ရည်ရွယ်ချက်များ နှင့်အညီ လုပ်ကိုင်ဆောင်ရွက်ရမည်ဖြစ်ပြီး၊ နှောင့်နှေး ကြန့်ကြာခြင်း မရှိရ။ သင်၏ အထဲတွင် မည်ကဲ့သို့ ခံစားရသနည်း။ သင်သည် နာလိုခံခက် ဖြစ်နေသလော။ သင်နားလည်လာပါလိမ့်မည်။ ငါ၏ ဝန်ထုပ်ဝန်ပိုးကို ထောက်ထားညှာတာလျက် သင်သည် အဘယ့်ကြောင့် ငါ၏ အဖို့အလို့ငှာ မဟောပြောနိုင်သနည်း။ သင်သည် သိမ်ဖျင်းသော လျှို့ဝှက်ကြံစည်မူများတွင် အမြဲလို ပါဝင်နေသော်လည်း၊ ငါသည် အရာအားလုံးကို ရှင်းလင်းစွာ မြင်ရလျက်ရှိသည်။ ငါသည် သင်၏ ကိုးစားရာနှင့် သင်၏ အကွယ်အကာဖြစ်လျက်၊ အရာရာတိုင်းသည် ငါ၏လက်တွင် ရှိသောကြောင့် သင်တို့သည် အဘယ်အရာကို ကြောက်ရအံ့နည်း။ ထိုအရာသည် လွန်ကဲသော စိတ်လှုပ်ရှားခြင်းပင် မဟုတ်လော။ သင်တို့သည် စိတ်လှုပ်ရှားခြင်းများကို အလျှင်အမြန် ဖယ်ရှားရမည်၊ ငါသည် စိတ်လှုပ်ရှားခြင်းများကို ထည့်သွင်း စဉ်းစားခြင်း မရှိဘဲ၊ တရားသဖြင့်သာ ဆောင်ရွက်သည်။ အသင်းတော်၏ အဖို့အလို့ငှာ အကျိုးကျေးဇူး မရှိလျှင်၊ သင်၏ မိခင်နှင့် ဖခင်သည်ပင်လျှင် ခြွင်းချက် မဟုတ်ပေ။ ငါ၏ရည်ရွယ်ချက်များအား သင်နှင့်တကွ သင်တို့အားလုံးကို ထုတ်ဖော်ပြသပြီးဖြစ်သောကြောင့် လျစ်လျှုရူခြင်း မပြုရ။ ထိုအစား အရာအားလုံးကို လျစ်လျှုရူလျက်၊ သင်တို့၏ အာရုံစူးစိုက်မူ အားလုံးကို ထိုရည်ရွယ်ချက်များအပေါ် ထားရှိကာ စိတ်ပါလက်ပါ လိုက်လျှောက်ရမည်။ ငါသည် သင်တို့အား ငါ၏လက်ထဲတွင် အစဉ်အမြဲ ထားရှိမည်။ သင့်ခင်ပွန်း၏ ထိန်းချုပ်ခြင်းနှင့် ခြောက်လှန့်ခြင်းကို မခံယူဘဲ၊ သင်တို့သည် ငါ၏ အလိုတော် များကို ထမ်းရွက်ရမည်။

Monday, March 11, 2019

ဧဝံဂေလိ၏ ဂီတ(သမ္မာတရားသည် ဘဝရဲ့အမြင့်ဆုံး ဆောင်ပုဒ်)


Myanmar Gospel Song 2019(သမ္မာတရားသည် ဘဝရဲ့အမြင့်ဆုံး ဆောင်ပုဒ်)

သမ္မာတရားသည် ဘ၀ရဲ့အစစ်မှန်ဆုံး ဆောင်ပုဒ်
လူသားအားလုံး ရဲ့ ကြား မှာ အမြင့်ဆုံးပါ
ဘ၀ရဲ့ဆောင်ပုဒ်လို့ ခေါ်ရသည်မှာ
ဒီသမ္မာတရားသည် သူပြုခဲ့သောအမှုဖြစ်ပြီး
လူဆီကသူတောင်းတဲ့အရာဖြစ်လို့ပါ
အတိုချုံးထား သော စကားပုံမဟုတ်
ပုဂ္ဂိုလ်ထူးတစ်ယောက်ရဲ့ လက်စွဲစကားလည်း မဟုတ်ပါ၊
ကမ်ဘာနဲ့ ကောင်းကင်ဘုံရဲ့ အရှင်သခင်ထံမှ
လူသားတို့အတွက် အဆိုအမိန့်ပါ။

Sunday, March 10, 2019

ဘုရားသခင်၏ အမှုတော် အဆင့်သုံးဆင့်မှ တစ်ခုစီ၏ အရေးပါမှုနှင့် ရည်ရွယ်ချက်ကို သိရှိခြင်း

အောင်မြင်သောသူ, သမ္မာတရား, အသက်, ဆုတောင်း, ယုံကြည်သူ
(၁) ပညတ်တော်ခေတ်ရှိ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်နှင့် အဓိပ္ပာယ်
ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ –
ဣသရေလလူမျိုးတို့အပေါ် ယေဟောဝါဆောင်ရွက်ခဲ့သောအမှုသည် လောကီနှင့်ဆိုင်သည့် ဘုရားသခင်၏ မူလနေရာဖြစ်သော လူသားမျိုးနွယ်အကြား၌ ဖြစ်ပေါ်ခဲ့ပြီး ယင်းနေရာမှာ သူရှိနေခဲ့သည့် အထွတ်အမြတ်ထားသော နေရာလည်းဖြစ်သည်။ ယေဟောဝါသည် သူ၏အမှုကို ဣသရေလလူမျိုးတို့အတွက် ကန့်သတ်ထားသည်။ ကနဦးတွင် ဣသရေလပြင်ပ၌ သူအမှုမပြုခဲ့ပေ၊ ထိုအစား သူ၏အမှုနယ်ပယ်ကို ကန့်သတ်ရန်အလို့ငှာ သင့်လျော်မည်ဟု သူမြင်သည့် လူမျိုးတစ်မျိုးကို ရွေးချယ်ခဲ့သည်။ ဣသရေလနိုင်ငံမှာ အာဒံနှင့်ဧဝတို့ကို ဘုရားသခင် ဖန်ဆင်းခဲ့သော နေရာဖြစ်ပြီး ထိုနေရာရှိ မြေမှုန့်မှတစ်ဆင့် လူသားကို ယေဟောဝါ ဖန်ဆင်းခဲ့သည်၊ ထိုနေရာမှာ ကမ္ဘာမြေကြီးပေါ်ရှိ သူ့အမှု၏ အရင်းခံနေရာ ဖြစ်လာခဲ့သည်။ နောဧ၏သားစဉ်မြေးဆက်များနှင့် အာဒံ၏သားစဉ်မြေးဆက်များဖြစ်ကြသော ဣသရေလလူမျိုးများသည် ဤကမ္ဘာပေါ်ရှိ ယေဟောဝါအမှု၏ လူသား အခြေခံအုတ်မြစ်ဖြစ်သည်။

Saturday, March 9, 2019

(မြို့တော် ကျဆုံးလိမ့်မည်) ရုပ်ရှင်ဇာတ်လမ်းတိုး (၁) ဘာသာရေးလောကသည် ဗာဗုလုန်မြို့တော်ကြီးအဖြစ် ဆုတ်ယုတ်လေပြီ

Myanmar Christian Movie (မြို့တော် ကျဆုံးလိမ့်မည်) ရုပ်ရှင်ဇာတ်လမ်းတိုး (၁) ဘာသာရေးလောကသည် ဗာဗုလုန်မြို့တော်ကြီးအဖြစ် ဆုတ်ယုတ်လေပြီ

ဘာသာရေးလောကမှ ခေါင်းဆောင်များသည် သခင်၏လမ်းစဉ်မှ သွေဖည်သွားကြပြီး လောကီရေစီးကြောင်းများနောက် လိုက်ကြသည်။ သူတို့သည် မင်းအာဏာစက်ရဲ့ အရှေ့အရပ်မှလျှပ်ပြက်ခြင်းကို ပြင်းပြင်းထန်ထန်တော်လှန်ခြင်း၊ ရှုတ်ချပြစ်တင်ခြင်းတို့နှင့်လည်း ပူပေါင်းကြသည်။ ထို့အပြင် ဘုရားသခင်နှင့် ဆန့်ကျင်ရာလမ်းကြောင်းကို စတင်လှမ်းလျှောက်ပြီးဖြစ်သည်။ ဘာသာရေးလောကသည် ဗာဗုလုန်မြို့တော်ကြီးအဖြစ် ဆုတ်ယုတ်လေပြီဖြစ်သည်။ သမ္မာကျမ်းစာတွင် ဆိုထားသည်။ “ယေရှုသည် ဘုရားသခင်၏ ဗိမာန်တော်သို့ ဝင်တော်မူပြီးလျှင်၊ ဗိမာန်တော်၌ ရောင်းဝယ်သော သူအပေါင်းတို့ကိုနှင်ထုတ်၍၊ ငွေလဲသောသူတို့၏ ခုံများကို၎င်း၊ ချိုးငှက်ရောင်းသောသူတို့၏ ထိုင်နေရာကို၎င်း တွန်းလှဲတော်မူလျက်၊ ငါ့အိမ်ကို ဆုတောင်းရာအိမ်ဟူ၍ ခေါ်ဝေါ်ကြလတံ့ ဟုကျမ်းစာ၌ လာသော်လည်း၊ သင်တို့သည် ထိုအိမ်ကို ထားပြတွင်းဖြစ်စေကြပြီတကားဟု မိန်တော်မူ၏။” (ရှင်မဿဲခရစ်ဝင် ၂၁:၁၂ - ၁၃)။ “ဗာဗုလုန်မြို့ကြီးပြိုလဲပြီ၊ ပြိုလဲပြီ။ နတ်ဆိုးနေရာဖြစ်လေပြီ။ ညစ်ညူး၍ စက်ဆုပ်ဘွယ်သော ငှက်မျိုး၏ မှီခိုရာဖြစ်လေပြီ။ အကြောင်းမူကား၊ လူမျိုးအပေါင်းတို့သည် သူ၏မတရားသော မေထုန်၏ အဆိပ်အတောက်တည်းဟူသော စပျစ်ရည်ကိုသောက်ကြပြီ။ လောကီရှင်ဘုရင်တို့သည် မတရားသော မေထုန်ကို သူနှင့်ပြုကြပြီ။ လောကီကုန်သည်တို့သည် သူ၏ကာမဂုဏ်စည်းစမ် ကြွယ်ဝခြင်းအားဖြင့် ဥစ္စာရတတ်ကြပြီဟု ပြောဆို၏။” (ဗျာဒိတ်ကျမ်း ၁၈:၂ - ၃)


မြင်ကွင်းများ သမ္မာကျမ်းစာနှင့် ပတ်သက်ပြီး တင်ပြချက် (၄)

Friday, March 8, 2019

ခရစ်ယာန်ကဗီဒီယို (တရုတ်ရိုးရာ ကွက်စိပ်ဟောပွဲ - ဟန်ဆောင်သူများ)

လက်ရှိအုပ်ချုပ်နေသောဘုရားမဲ့အစိုးရဖြစ်သည့် တရုတ်ကွန်မြူနစ်ပါတီသည် ဘာသာရေးယုံကြည်မှုများကို လုံးဝပိတ်ပင်ပြီး တရုတ်နိုင်ငံအား ဘုရားမဲ့နိုင်ငံပြုလုပ်ရန်အတွက် ခရစ်ယာန်များအား ဖိနှိပ်ရန် နည်းလမ်း၊လှည့်ကွက်ပေါင်းစုံ၊ ထောင်ချောက်နှင့်ယုတ်မာသည့် နည်းစနစ်အမျိုးမျိုးတို့အား အသုံးပြုသည်။ “တရုတ်ရိုးရာ ကွက်စိပ်ဟောပြောပွဲ ဟန်ဆောင်သူများ” ဆိုသည့် ဟာသစကားပြောပွဲတွင် တရုတ်ကွန်မြူနစ်ပါတီမှ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်အတွင်းသို့ ဝင်ရောက်ရန်အတွက် သူတို့၏ သရုပ်မှန်ကိုဖုန်းကွယ်ထားလျှက် ခရစ်ယာန်များကိုဖမ်းဆီးရန် အသုံးပြုသည့်နည်းလမ်းများကို ဖော်ထုတ်ထားပြီး ခရစ်ယာန်များကိုထောင်ချောက်ဆင်ပြီး တရုတ်နိုင်ငံ၏ “ဘာသာရေးလွတ်လပ်ခွင့်” မျက်နှာဖုံးကို ဖယ်ရှားပစ်ရန်အတွက် တရုတ်ကွန်မြူနစ်ပါတီမှအသုံးပြုသည့် နည်းဗျူဟာများအား သင့်ကို ပြသထားသည်။


မြင်ကွင်းများ  Myanmar Christian Movie | တရုတ်ပြည်မှ ဘာသာရေးဖိစီးနှိပ်စက်မှု ၅ (ကျရှုံးလုဆဲဆဲမှာ ပြန်လည်ရှင်သန်ခြင်း)

ခရစ်ယာန်, ဧဝံဂေလိပြုခြင်း, ယုံကြည်သူ, အားကိုးခြင်း, ယုံကြည်ခြင်း,

Thursday, March 7, 2019

ဘုရားသခင်၏ စိတ်အလိုတော် | စစ်မှန်မှု အပေါ်တွင် ပို၍အာရုံစိုက်ပါ

သမ္မာတရား, အသက်, ဆုတောင်း, ကောင်းကင်ဘုံ, ယုံကြည်ခြင်း,

အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် | ဘုရားသခင်၏ စိတ်အလိုတော် | စစ်မှန်မှု အပေါ်တွင် ပို၍အာရုံစိုက်ပါ


လူတစ်ဦးတစ်ယောက်စီသည် ဘုရားသခင်မှ စုံလင်အောင်ပြုလုပ်ခြင်းကိုခံရရန် အခွင့်အလမ်းရှိသည်။ ထို့ကြောင့် ဘုရားသခင်အတွက် မည့်သည့် အစေခံမှုသည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် အကိုက်ညီဆုံးဖြစ်သည်ကို လူတိုင်းနားလည်သင့်ပါသည်။ လူအများစုသည် ဘုရားသခင်ကို ယုံကြည်ခြင်း၏ အဓိပ္ပါယ်ကိုမသိကြ၊ သူတို့သည် ဘုရားသခင်ကို အဘယ့်ကြောင့် ယုံကြည်သင့်သည်နှင့်ပတ်သတ်၍ သဘောပေါက်နားလည်မှု မရှိကြပေ။ ဆိုလိုသည်မှာ လူအများစုသည် ဘုရားသခင့်အမှုတော် သို့မဟုတ် ဘုရားသခင် စီမံခန့်ခွဲမှုအစီအစဉ်၏ ရည်ရွယ်ချက်တို့နှင့်ပတ်သတ်၍ နားလည်မှု လုံးဝမရှိကြပေ။ လူအများစုသည် ယခုပစ္စုပ္ပန်ကာလအထိ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကောင်းကင်ဘုံသို့သွားခြင်းနှင့် သူတို့၏ဝိညာဉ်များကို ကယ်တင်ခြင်းအကြောင်းဖြစ်သည်ဟု ထင်နေကြဆဲဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်း၏ သီးသန့်ထူးခြားမှုနှင့်ပတ်သက်၍ ထင်မြင်ယူဆချက် မရှိကြသေးပေ။ ထို့အပြင် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်တွင် ဘုရားသခင်၏အရေးအကြီးဆုံးအမှုတော် မည်သည့်အရာကိုမဆို နားလည်နိုင်မှု လုံးဝမရှိကြပေ။ သူတို့၏ကိုယ်ပိုင်အကြောင်းပြချက် အမျိုးမျိုးတို့ကြောင့် လူတို့သည် ဘုရားသခင်၏အမှုတော်တွင် စိတ်ဝင်စားမှုမရှိပဲ၊ ဘုရားသခင်၏ ရည်ရွယ်ချက်များ သို့မဟုတ် ဘုရားသခင်၏စီမံခန့်ခွဲမှုအစီအစဉ် နှင့်ပတ်သတ်၍ စဉ်းစားခြင်းမရှိကြပေ။ ဤအုပ်စုတွင်ပါဝင်သော လူတစ်ဦးစီသည် ဘုရားသခင်၏ အလုံးစုံသောစီမံခန့်ခွဲမှုအစီအစဉ်၏ ရည်ရွယ်ချက်မှာ မည်သည်ဖြစ်သည်၊ ဘုရားသခင် ဖြည့်ဆည်းခဲ့ပြီးဖြစ်သောအမှန်တရားများ၊ ဤလူတစ်စုကို ဘုရားသခင်အဘယ်ကြောင့် ရွေးချယ်ခဲ့သည်၊ ယင်း၏ပန်းတိုင်များ၊ ထူးခြားချက်မှာ မည်သည့်အရာဖြစ်သည်နှင့် ဘုရားသခင်သည် ဤအုပ်စုမှ မည်သည့်အရာကို ရလိုသည်တို့ကို သိထားသင့်ပါသည်။ အဆင်းနီသောနဂါးကြီး၏ နယ်မြေထဲတွင် ဘုရားသခင်သည် ထိုသို့မထင်ရှားသည့် လူတစ်စုကို မြှင့်တင်ပေးနိုင်ခဲ့ပြီး၊ သူသည် ယနေ့ထိတိုင်အောင် အမှုတော်ကို ဆက်လက်လုပ်ဆောင်ကာ၊ အားလုံးသောနည်းလမ်းများဖြင့် ကြိုးစား၍ သူတို့ကို စုံလင်အောင်ပြုလုပ်ပေးနေပြီး၊ မရေတွက်နိုင်သော နှုတ်ကပတ်တော်များကို ပြောကြားကာ၊ အမှုများစွာကို လုပ်ဆောင်၍ အသုံးတော်ခံများစွာကို စေလွှတ်ပေးလျှက်ရှိပါသည်။ ထိုမျှ အလွန်ကြီးမားသောအမှုကို ဘုရားသခင် အထမြောက်စေတော်မူခြင်းမှ ဘုရားအမှုတော်၏ အရေးပါမှုမှာ အလွန်ကြီးမြတ်လှသည်ကို တွေ့မြင်နိုင်ပေသည်။ သို့သော် သင်က လုံးလုံးမမြင်နိုင်သေးပေ။ ထို့ကြောင့် ဘုရားသခင် သင့်အပေါ် ပြုလုပ်ခဲ့သော အမှုတော်ကို သာမာန်ကိစ္စတစ်ရပ်အနေဖြင့် မကြည့်မြင်နှင့်။ - ဤအရာသည် ပါမွှားမဟုတ်ပေ။ ယနေ့ ဘုရားသခင် သင့်ကို ပြသနေသောအရာလေးသည်ပင်လျှင် သင်တွေးဆချင့်ချိန်ကာ နားလည်ရန်အတွက် လုံလောက်ပါသည်။ သင်သည် ဤအချက်ကို စစ်မှန်စွာနှင့် နှံ့နှံ့စပ်စပ် နားလည်မှသာ သင့်အသက်တာတွင် ပို၍နက်ရှိုင်းစွာ တွေ့ကြုံခံစားရကာ တိုးတက်မှုရှိလာနိုင်မည်ဖြစ်သည်။ လက်ရှိအချိန်တွင်လူတို့ နားလည်ကာ ပြုလုပ်သောအရာသည် အမှန်ပင်သေးငယ်လွန်းလှပြီး၊ ဘုရားသခင်၏ရည်ရွယ်ချက်များကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်ခြင်းမရှိပေ။ ဤအရာသည် လူသား၏ မပြည့်စုံခြင်းဖြစ်ပြီး၊ ၎င်းတို့၏တာဝန်ကို ဖြည့်ဆည်းရန် ကျရှုံးခြင်းဖြစ်သည်။ ဤသည်မှာ ရရှိသင့်ခဲ့သော ရလဒ်များကိုမရခဲ့သည့် အကြောင်းရင်းဖြစ်သည်။ လူတို့သည် ဘုရားသခင်၏အမှုတော်အပေါ်တွင် နားလည်မှု မလေးနက်ကြ၊ ဘုရားသခင့် အိမ်တော်နှင့်ဆိုင်သော အမှုတော်ကို တန်ဖိုးရှိသည့်အရာဟု မှတ်ယူရန် စိတ်ဆန္ဒမရှိကြသဖြင့် သန့်ရှင်းသောဝိညာဉ်တော်သည် လူများစွာတို့တွင် အမှုတော်လုပ်ဆောင်နိုင်ခြင်းမရှိပေ။ သူတို့သည် ပြီးမြောက်ရန်အတွက်သာ လှုပ်ရှားမှုအတိုင်း အမြဲတမ်းစီးမြောနေသည် သို့မဟုတ် လူအများလုပ်သောအရာများကို တုပသည် သို့မဟုတ် သူတို့ "အလုပ်လုပ်နေကြောင်း" ကို လူသိရန်သာ ပြနေကြသည်။ ယနေ့ ဤရေစီးကြောင်းအတွင်းမှ လူတစ်ဦးစီတို့ သင်တို့ပြုလုပ်ခဲ့သည့်အရာသည် သင်တို့ရခဲ့ရမည့်အရာအားလုံး ဟုတ်မဟုတ် နှင့် သင်တို့၏လုံ့လအားလုံးကို ထည့်သွင်းခဲ့ခြင်းရှိမရှိတို့ကို ပြန်စဉ်းစားကြည့်ပါစို့။ လူတို့သည် သူတို့၏တာဝန်များကို လုံးဝဖြည့်ဆည်းခဲ့ခြင်းမရှိသေးပေ။ ဤသို့ဖြစ်ရခြင်းမှာ သန့်ရှင်းသောဝိညာဉ်တော်သည် သူ၏အမှုတော်ကို မလုပ်ဆောင်ခြင်းကြောင့်မဟုတ်ပဲ၊ လူတို့ကသာ သူတို့အမှုကို သူတို့မလုပ်ခြင်းကြောင့် သန့်ရှင်းသောဝိညာဉ်တော် သည် အမှုတော်ကိုလုပ်ဆောင်ရန် မဖြစ်နိုင်တော့ခြင်းဖြစ်သည်။ ဘုရားသခင်သည်သူ၏ နှုတ်ကပတ်တော်များကို ဖော်ပြခဲ့ပြီးပြီဖြစ်သည်။ သို့သော် လူတို့သည် အမှီလိုက်နိုင်ခြင်း လုံးဝမရှိပဲ၊ အနောက်လှမ်းလှမ်းတွင် ကျန်ရစ်ပြီး၊ ခြေလှမ်းတိုင်းနှင့် နီးကပ်စွာနေနိုင်စွမ်းမရှိ၊ သိုးသူငယ်၏ ခြေလှမ်းများကို အနီးကပ် လိုက်လျှောက်နိုင်ခြင်းမရှိကြပေ။ သူတို့လိုက်နာသင့်သည်တို့ကို လိုက်နာခဲ့ခြင်းမရှိပေ။ သူတို့ကျင့်သုံးသင့်ခဲ့သည်တို့ကို လိုက်လျှောက်ကျင့်သုံးခဲ့ခြင်းမရှိပေ။ သူတို့ ဆုတောင်းသင့်ခဲ့သည့်အရာတို့ကို သူတို့ ဆုတောင်းခဲ့ခြင်းမရှိပေ။ သူတို့စွန့်ပစ်သင့်သောအရာကို စွန့်ပစ်ခဲ့ခြင်းမရှိပေ။ ဤအရာ တစ်စုံတစ်ခုကိုမျှ သူတို့လုပ်ဆောင်ခဲ့ခြင်းမရှိပေ။ ထို့ကြောင့် စားသောက်ပွဲကြီးသို့သွားရန် ဤသို့ပြောဆိုနေခြင်းသည် အလဟဿသာဖြစ်ပြီး၊ စစ်မှန်သောအဓိပ္ပါယ်လုံးဝမရှိပေ။ ယင်းသည် လူတို့၏ကိုယ်ပိုင် စိတ်ကူးယဉ်မှုထဲတွင်သာရှိပါသည်။ ယနေ့လူသားတို့သည် သူတို့၏တာဝန်များကို ဖြည့်ဆည်းခဲ့ခြင်းမရှိ ဟုပြောနိုင်ပါသည်။ လူသားတို့၏လုပ်ဆောင်မှုက အမှန်တကယ် လုံးဝသေးငယ်လွန်းလှစဉ်၊ အရာအားလုံးသည် ဘုရားသခင်၏လုပ်ဆောင်မှုနှင့် ကိုယ်တိုင်မြွက်ဆိုခဲ့သော အရာများပေါ်တွင်သာ မှီတည်နေပေသည်။ သူတို့အားလုံးသည် ဘုရားသခင်နှင့် မည်သို့ပူးပေါင်း ရမည်ကို မသိသော အသုံးမကျသည့် အမှိုက်များပင်ဖြစ်သည်။ ဘုရားသခင်သည် ထောင်ပေါင်းများစွာသော နှုတ်ထွက်စကားတော်များကို မြွက်ဆိုခဲ့သော်လည်း လူတို့သည် ဇာတိပကတိကို စွန့်ခွာခြင်း၊ အယူအဆများကိုစွန့်ပစ်ခြင်း၊ အရာအားလုံးတွင် နာခံမှုကိုကျင့်သုံးခြင်း၊ ချင့်ချိန်မြော်မြင်မှုကို တိုးပွားလာစေခြင်းနှင့် အချိန်တိုင်းတွင် ထိုးထွင်းသိမြင်နိုင်စွမ်းသောဉာဏ်ကို ရရှိခြင်းမှစ၍ လူသားတို့၏ ဂုဏ်ရာထူးတို့ကို သူတို့၏နှလုံးသားများထဲမှ စွန့်လွှတ်လိုက်ခြင်း၊ သူတို့၏နှလုံးသားကို ကြီးစိုးထားသောသူတို့ မြတ်နိုးထားသည့် အရာများကိုဖယ်ထုတ်ခြင်း၊ မမှန်ကန်သော လူတစ်ဦးစီ၏ရည်ရွယ်ချက်များကို တွန်းလှန် တိုက်ထုတ်ခြင်း၊ မိမိတို့၏စိတ်ခံစားမှုပေါ်မူတည်၍ မပြုမူခြင်း၊ မျက်နှာလိုက်ခြင်းမရှိပဲ အရာရာတိုင်းကို တရားမျှတစွာဆောင်ရွက်ခြင်း၊ ဘုရားသခင်၏စိတ်ဝင်စားသည့် အရာများ၊ အခြားသူများနှင့်စကားပြောရာတွင် သူတို့၏လွှမ်းမိုးမှုများနှင့်ပတ်သတ်၍ ပိုမိုစဉ်းစားခြင်း၊ ဘုရားသခင်၏အမှုတော်ကို အကျိုးပြုစေမည့်အရာများကို ပို၍လုပ်ဆောင်ခြင်း၊ သူတို့လုပ်ဆောင်သည့် အရာအားလုံးတွင် ဘုရားသခင်၏ အိမ်တော်ကို အကျိုးပြုရမည်ဆိုသည်ကို စိတ်ထဲတွင်ထည့်ထားခြင်း၊ သူတို့၏စိတ်ခံစားချက်များက သူတို့၏ အပြုအမူကို ဆုံးဖြတ်ခွင့်မပေးခြင်း၊ သူတို့၏ အသွေးအသားကို ကျေနပ်စေမည့်အရာတို့ကို ဖယ်ရှားခြင်း၊ တကိုယ်ကောင်းဆန်သော အတွေးအထင်ဟောင်းများကို စွန့်လွှတ်ခြင်း အစရှိသည်တို့အထိ လူတို့သည် ထိုနှုတ်ကပတ်တော်အတိုင်း လက်တွေ့လုပ်ဆောင်ခြင်း လုံးဝမရှိကြပေ။ အမှန်စင်စစ် လူတို့သည် ဘုရားသခင် သူတို့ကိုလုပ်စေလိုသော ဤနှုတ်ကပတ်တော်အားလုံးထဲမှ အချို့ကို နားလည်သော်လည်း သူတို့သည် ယင်းကို လက်တွေ့လိုက်လျှောက်လိုသည့် ဆန္ဒသာမရှိခြင်းဖြစ်သည်။ ဘုရားသခင်သည် မည်သို့အမှုကို ဆောင်ရွက်ကာ သူတို့စိတ်ကို လှုပ်ရှားစေနိုင်မည်နည်း။ ဘုရားသခင်အမြင်တွင် ပုန်ကန်သူများဖြစ်နေသောသူတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို လေးစားရန်အတွက် ရွေးချယ်ရန် ရဲတင်းမှု မည်သို့ရှိနိုင်မည်နည်း။ သူတို့သည် ဘုရားသခင်၏ခဲဖွယ်တို့ကို စားရန်သတ္တိ အဘယ်ကြောင့်ရှိသနည်း။ သူတို့ပြုလုပ်သင့်ခဲ့သော တာဝန်များကို အနှိမ့်ဆုံးအဆင့်ပင်လျှင် ဖြည့်ဆည်းခဲ့ခြင်းမရှိပဲ၊ သူတို့လုပ်နိုင်သမျှအားလုံးနှင့် ပတ်သတ်၍ ပြောခြင်းသည် အဓိပ္ပါယ်မရှိပေ။ သူတို့သည် စိတ်ကူးယဉ်နေသူများ မဟုတ်ပါလား။ လိုက်လျှောက်မှုမရှိပဲ အမှန်တရားနှင့်ပတ်သတ်၍ပြောဆိုခြင်းမရှိနိုင်ပါ။ ဤသည်မှာ ပေါ်လွင်သောအချက်ပင်ဖြစ်ပါသည်။