ငါ့သားတို့၊ ဂရုစိုက်ကြလော့၊ ငါရှေ့မှောက်၌ အချိန်ပိုမိုကုန်လွန်စေပြီး၊ ငါသည် သင်၏ အထောက်အပံ့ဖြစ်လိမ့်မည်။ ကြောက်ရွံ့ခြင်းမရှိနှင့်၊ ငါ၏အသွားနှစ်ဖက်ပါသောဓါးကို ရှေ့သို့ယူဆောင်ကာ ငါ၏အလိုတော်အတိုင်း စာတန်ကို နောက်ဆုံးအချိန်အထိ တိုက်ခိုက်လော့၊ သို့ဖြစ်လျှင် ငါသည် သင့်ကို ကာကွယ်ပေးမည်။ စိုးရိမ်ခြင်းမရှိနှင့်၊ ဖုံးကွယ်ထားသော အရာမှန်သမျှသည် ဖွင့်လှစ်ပြီး ထုတ်ဖော်ခြင်း ခံရလိမ့်မည်။ ငါသည် အလင်းကိုပေးသောနေဖြစ်ပြီး၊ အမှောင်ထုအားလုံးကို ရက်ရက်စက်စက် လင်းစေမည်။ ငါ၏တရားစီရင်ခြင်းသည် အပြည့်အဝ ပေါ်ပေါက်ခဲ့ပြီး ဖြစ်ကာ၊ အသင်းတော်သည် စစ်မြေပြင် ဖြစ်သည်။ သင်တို့ အားလုံး အဆင်သင့်ဖြစ်ပြီး၊ သင်၏ ဖြစ်တည်မှုအားလုံးကို နောက်ဆုံး ဆုံးဖြတ်ချက်ချမည့် စစ်ပွဲ၌ လုံးလုံးလျားလျား ပေးအပ်မြှပ်နှံ ထားရမည်၊ ငါသည် ငါ့အတွက် လှပအောင်မြင်သည့် စစ်ပွဲ၌ တိုက်ပွဲဝင်သော သင့်ကို သေချာစွာ ကာကွယ်ပေးမည်။
သတိရှိကြလော့၊ ယနေ့ခေတ်လူတို့၏ စိတ်နှလုံးများသည် လှည့်စားခြင်းဖြင့် ပြည့်ကာ၊ ခန့်မှန်း၍ မရနိုင်ဘဲ၊ ထိုသူတို့အား ယုံကြည်၍မရ။ ငါသည်သာ သင်တို့အတွက် အလုံးစုံ ဖြစ်သည်။ ငါ့အထဲ၌ လှည့်ဖြားခြင်းမရှိ၊ ငါ့အပေါ်တွင်သာ မှီခိုလော့။ ငါ့သားတို့သည် နောက်ဆုံး ဆုံးဖြတ်ချက်ချမည့် စစ်ပွဲကို ဧကန်အမှန် အောင်မြင်လိမ့်မည်ဖြစ်ပြီး၊ စာတန်သည် သေခါနီး ဆန့်တငင်ငင် အခြေအနေတွင် ဒေါသတကြီးရမ်းကာ၊ ရှေ့သို့ မလွဲမသွေ ထွက်လာလိမ့်မည်။ ကြောက်ရွံ့ခြင်းမရှိနှင့်။ ငါသည် သင်၏တန်ခိုး၊ ငါသည် သင်၏အလုံးစုံ ဖြစ်ပေသည်။ အကြောင်းအရာများကို ထပ်ခါထပ်ခါ မစဉ်းစားနှင့်၊ သင်သည် အတွေးများစွာကို အာရုံမစိုက်နိုင်။ အချိန်သည် အလွန်ပင် အပူတပြင်း အရေးကြီးနေသောကြောင့်၊ ငါသည် သင်တို့ကို လမ်းကြောင်းတလျှောက် ဆွဲယူမသွားနိုင်တော့ကြောင်း၊ ယခင်က ငါပြောခဲ့ပြီး ဖြစ်သည်။ သင်တို့၏ နားရွက်များကို ထပ်၍ ထောင်ပြီး သင်တို့ကို သတိပေးရန် ငါ၌ အချိန်မရှိ၊ ဤအရာသည် မဖြစ်နိုင်။ တိုက်ပွဲအတွက် သင်တို့၏ ပြင်ဆင်စရာများကိုသာ အဆုံးသတ်လော့။ ငါသည် သင့်အတွက် အပြည့်အဝ တာဝန်ယူသည်၊ အရာရာအားလုံးသည် ငါ့လက်ထဲ၌ ရှိသည်။ ဤအရာသည် သေရေးရှင်ရေးစစ်ပွဲဖြစ်ပြီး၊ သေသည်တိုင်အောင် အပြင်းအထန် ကြိုးပမ်းရလိမ့်မည်။ သို့သော်လည်း ငါသည် ထာဝရအောင်မြင်ခြင်းနှင့် ရှုံးပွဲမရှိသောသူဖြစ်ကြောင်းနှင့် စာတန်သည် ဧကန်မုချ ပျက်စီးလိမ့်မည်ဖြစ်ကြောင်းတို့ကို သင်နားလည်ရမည်။ ဤအရာသည် ငါ၏ချဉ်းကပ်နည်း၊ ငါ၏လုပ်ဆောင်မှု၊ ငါ၏အလိုတော်နှင့် ငါ၏အကြံအစည်တော်တို့ ဖြစ်သည်။
ပြီးမြောက်ပြီ။ အရာရာအားလုံး ပြီးမြောက်ပြီ။ သူရဲဘောမကြောင်နှင့် သို့မဟုတ် မကြောက်နှင့်။ ငါသည် သင်နှင့်အတူ၊ သင်သည် ငါနှင့်အတူ ထာဝရ အစဉ်အမြဲ ရှင်ဘုရင်များ ဖြစ်လိမ့်မည်။ ငါပြောခဲ့သော နှုတ်ကပတ်တော်တို့သည် ထာဝရပြောင်းလဲခြင်းမရှိဘဲ၊ အဖြစ်အပျက်များသည် သင်တို့အပေါ် မကြာခင် ကျရောက်လာလိမ့်မည်။ သတိထားစောင့်ကြည့်လော့။ သင်သည် နှုတ်ကပတ်တော် တစ်လုံးချင်းစီကို ကောင်းစွာ ဆင်ခြင်သင့်သည်၊ ယင်းတို့အပေါ်တွင် ရှေ့ဆက် မရေမရာ မဖြစ်နှင့်။ သင်သည် ၎င်းတို့နှင့်ပတ်သက်၍ အတွေးအမြင် ရှင်းလင်းနေရမည်။ ငါရှေ့ ၌ အချိန်ပိုမို ကုန်လွန်စေရန် အမှတ်ရလော့။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ
အကြံပြုစာမျာ: ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏

No comments:
Post a Comment