ကမ္ဘာဦး ၆:၉-၁၄ နောဧအတ္ထုပ္ပတ္တိဟူမူကား၊ နောဧသည် ဖြောင့်မတ်သောသူ၊ မိမိအမျိုး၌ စုံလင်သောသူဖြစ်၏။ ဘုရားသခင်နှင့် အတူသွားလာ၏။ နောဧသည် ရှေမ၊ ဟာမ၊ ယာဖက်တည်းဟူသော သားသုံးယောက်ကို မြင်လေ၏။ ထိုအခါ မြေကြီးသည် ဘုရားသခင့်ရှေ့မှာ ပုပ်စပ်လျက်ရှိ၏။ မြေကြီးသည် အဓမ္မအမှုနှင့် ပြည့်စုံလေ၏။ ဘုရားသခင်သည် မြေကြီးကိုကြည့်ရှုသောခါ၊ ပုပ်စပ်လျက်ရှိသည်ကို မြင်တော်မူ၏။ အကြောင်းမူကား မြေကြီးပေါ်မှာ လူအပေါင်းတို့သည် ဖေါက်ပြန်ခြင်းသို့ ရောက်ကြပြီ။ ထိုအခါ ဘုရားသခင်သည်၊ နောဧအား မိန့်တော်မူသည်ကား၊ သတ္တဝါအပေါင်းတို့၏ အဆုံးသည် ငါ့မျက်မှောက်တွင် ပေါ်လာပြီ။ သူတို့ကြောင့် မြေကြီးသည် အဓမ္မမှုနှင့်ပြည့်စုံလေ၏။ အကယ်စင်စစ် မြေကြီးနှင့်တကွ သူတို့ကို ငါဖျက်ဆီးမည်။ ဂေါဖရသစ်သားဖြင့် သင်္ဘောကို ကိုယ်ဘို့ တည်လုပ်လော့။ အထဲ၌လည်း အခန်းများကို လုပ်လော့။ အတွင်း၊ ပြင်၊ ပတ်လည်ကို ထင်းရူးစေးနှင့်သုတ်လော့။
အနန္တတန်ခိုးရှင် ဘုရားသခင်ကပြောသည်၊ "ျွန်ုပ်တို့သည် ဘုရားသခင်၏အလို၊ ဘုရားသခင် ပြောသောစကားနှင့် ဘုရားသခင်၏ အသံကို ရှာဖွေရပါမည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ အသစ်သော စကားများရှိသော နေရာ၌ ဘုရားသခင်၏အသံ ရှိပြီး ဘုရားသခင်၏ ခြေရာများရှိသောနေရာ၌လည်း ဘုရားသခင်၏ လုပ်ဆောင်မှုများ ရှိသောကြောင့်ဖြစ်သည်။ ဘုရားသခင်ကို ဖော်ပြသောနေရာ၌ ဘုရားသခင် ထင်ရှားဖော်ပြပြီး ထိုနေရာသည် လမ်းခရီး၊ သမ္မာတရားနှင့် အသက်လည်းရှိသည့်နေရာ ဖြစ်သည်။"
Showing posts with label ကယ်တင်ခြင်း. Show all posts
Showing posts with label ကယ်တင်ခြင်း. Show all posts
Saturday, January 18, 2020
Wednesday, December 18, 2019
ဘုရားသခင်၏ ပြောဆိုသံ | သင်သက်ဝင်လှုပ်ရှားလာပြီလေ
အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်- “အကယ်၍ လူတို့သည် အသက်ရှင်သောသတ္တဝါများ ဖြစ်လာရန်၊ ဘုရားသခင်ကို သက်သေခံရန်နှင့်၊ ဘုရားသခင်၏ သဘောကျခြင်းခံရရန် ဆန္ဒရှိကြသည်ဆိုလျှင်၊ သူတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရမည်၊ သူတို့သည် သူ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို ဝမ်းမြောက်စွာ ကျိုးနွံနာခံရမည်သာမက၊ ဘုရားသခင်၏ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းကို ဝမ်းမြောက်စွာ လက်ခံရမည်။ ထိုမှသာ သူတို့သည် ဘုရားသခင်သတ်မှတ်ပြဋ္ဌာန်းထားသည့် သမ္မာတရားများအားလုံးကို လက်တွေ့လုပ်ဆောင်နိုင်စွမ်း ရှိလိမ့်မည်၊ ထိုမှသာ သူတို့သည် ဘုရားသခင်၏ကယ်တင်ခြင်းကို ရရှိပြီး၊ အသက်ရှင်သောသတ္တဝါများ အမှန်တကယ် ဖြစ်လာကြလိမ့်မည်။ အသက်ရှင်သူများမှာ ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံကြရပြီး၊ သူတို့သည် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို ခံကြရကာ၊ သူတို့သည် သူတို့ကိုယ်သူတို့ ဘုရားသခင်အတွက် ဆက်ကပ်ရန်ဆန္ဒရှိကြပြီး အသက်ပေးဖို့ရန်ပင် လိုချင်ကြသည်၊ ထို့ပြင် သူတို့သည် ဘုရားသခင်အတွက် သူတို့၏အသက်တာတစ်ခုလုံးကို ဝမ်းမြောက်စွာ နှစ်မြှုပ်ထားကြလိမ့်မည်။ အသက်ရှင်သူများက ဘုရားသခင်ကို သက်သေခံကြသောအခါမှသာလျှင် စာတန်အရှက်ရနိုင်မည်၊ အသက်ရှင်သူများကသာ ဧဝံဂေလိတရားအလုပ်ကို ပျံ့နှံ့စေနိုင်မည်၊ အသက်ရှင်သူများသာ ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်ကြပြီး၊ အသက်ရှင်သူများသာလျှင် စစ်မှန်သောလူများ ဖြစ်ကြသည်။”
မိတ်ဆွေက သီချင်းနားထောင်ခြင်းကို နှစ်သက်တာ ဖြစ်နိုင်ပါတ
Myanmar Hymn | အချစ်ဆုံးအဖြစ်လူကို ဘုရားမှတ်ယူ
Tuesday, October 22, 2019
【Live】New Myanmar Gospel Movie | စာတန်ရဲ့ လှည့်စားမှုများကို ထွင်းဖောက်မြင်ခြင်းနှင့် သခင်ယေရှု ပြန်ကြွလာခြင်းကို ကြိုဆိုခြင်း
Understanding: Thinking back to when the Lord Jesus appeared and performed His work, the chief priests, scribes and Pharisees in the temple all were familiar with the Bible, but they used it to condemn the work of the Lord, spread rumors to deceive the believers, which caused many believers to listen to their words, eventually, they nailed the Lord Jesus to the cross and were forsaken by the Lord. Now, Almighty God of the last days appears and performs the work of saving the whole of men, which is undergoing the opposition, condemnation and slanders of the CCP and pastors and elders of religions, not only did they not accept the work of Almighty God, but they also still spread the rumors and prevent believers from investigating His work of the last days. If we believe the word of pastors and elders like the earliest Jewish believers, whether or not we will be forsaken by the Lord like them? If so, it may fulfill the Bible, "My people are destroyed for lack of knowledge." "but fools die for want of wisdom." (Proverbs 10:21). Regarding the return of the Lord in the last days, we shall not listen to the rumors and lies of the CCP, we shall not be deceived by the pastors and elders, but become a wise virgin and pay more attention to the voice of God so that we can greet the Lord. Just like the Lord Jesus says, "My sheep hear My voice, and I know them and they follow Me." (John 10:27). Please stay tuned to this show, which will show us how to listen to the voice of God.
များပြားသောအကြံပြုချက်များ
အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်- ဘုရားသခင်၏ တဲတော် လူတို့အကြားမှာရှိနေခြင်း
Tuesday, September 17, 2019
【Live】New Myanmar Christian Film 2019 | မှန်ကန်သော ကိုးကွယ်ခြင်း၏ နက်နဲသောအရာ
သိမြင် ခံစားချက်
ချီဆောင်ခြင်းရဲ့တကယ့်ဆိုလိုရင်းက လူဟာ ဘုရားသခင်ရဲ့အမှုတော်သစ်ကို လက်ခံပြီး၊ ဘုရားသခင်ရှေ့တော်မှောက် ရောက်သွားတာမျိုးပါပဲ အာမင်
【Live】New Myanmar Christian Film 2019 | မှန်ကန်သော ကိုးကွယ်ခြင်း၏ နက်နဲသောအရာ
"ညီအစ်ကိုမောင်နှမတို့ အားလုံးမင်္ဂလာပါ။
ကျမ်းစာမှပြောထားသည်မှာ “မှန်သောကိုးကွယ်ခြင်း၏ နက်နဲသောအရာသည် ကြီးစွာသောအရာဖြစ်သည်ဟု ငြင်းခုံရန်မရှိ။ ဘုရားသခင်သည် ကိုယ်ခန္ဓာ၌ ပေါ်ထွန်းတော်မူပြီ။ ဟုတ်မှန်တော်မူခြင်းအကြောင်းသည် ဝိညာဉ်တော်အား ဖြင့် ထင်ရှားပြီ။ ကောင်းကင်တမန်တို့သည် ကိုယ်တော်ကို ရှုမြင်ရကြပြီ။ တပါးအမျိုးသားတို့သည် သိတင်းတော်ကို ကြားရကြပြီ။ လောကီသားတို့သည် ယုံကြည်ရကြပြီ။ ဘုန်းအသရေနှင့်တကွ အထက်သို့ ဆောင်ယူခြင်းကို ခံတော်မူပြီ။” (တိမောသေဩဝါဒစာပဋ္ဌမစောင် ၃:၁၆)
ဤအခန်းတစ်ခန်းမှ သခင်ယေရှုသည်ခရစ်တော်ဖြစ်သည်၊လူ့ဇာတိခံယူသောဘုရားသခင်ကိုယ်တော်တိုင်ဖြစ်သည်ကို ကျွန်ုပ်တို့မြင်တွေ့နိုင်သည်။ခရစ်ယာန်များတို့သည် သခင်ယေရှု၏နာမတော်အားဖြင့်ဆုတောင်းကြသော်လည်း လူဇာတိခံခြင်း၏သမ္မာတရားကို သိသောသူမှာအလွန်နည်းပါးပါသည်။သခင်ယေရှှုလူ့ဇာတိပြန်ခံယူစဉ်တွင် ကျွန်ုပ်တို့သည်လူ့ဇာတိခံယူခြင်း၏သမ္မာတရားကို နားမလည်ပါက သူ့ကိုဘယ်လိုနဲ့သိမြင်နိုင်ပေါ့မည်နည်း။အမှန်စင်စစ်အားဖြင့်လူ့ဇာတိခံယူခြင်းဆိုသည်မှာအဘယ်နည်း။ဧဝံဂေလိရုပ်ရှင်《မှန်ကန်သော ကိုးကွယ်ခြင်း၏ နက်နဲသောအရာ 》သည် ဤဖက်ပိုင်းဆိုင်ရာသမ္မာတရားများကို နားလည်ရန်ခေါ်ဆောင်မည်ဖြစ်သည်။"
Monday, September 16, 2019
၁။ သခင်သည် နောက်ဆုံးသော ကာလတွင် ပေါ်ထွန်းပြီး ဘုရားအိမ်တော်မှ အစပြုသော တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်ရန် နှုတ်ကပတ်တော်များကို မိန့်မြွက်လေသည်။ ဤအရာက သမ္မာကျမ်းဆိုင်ရာ ပရောဖက်ပြုချက်များကို လုံးဝ ပြည့်စုံစေသည် - “ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူ မည်သည် ကား ကြားပါစေ။” (ဗျာဒိတ်ကျမ်း ၂:၇) “ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြောစီရင်ရသော အချိန်ရှိပြီ။” (ရှင်ပေတရု ဩဝါဒစာ ပဌမစောင် ၄:၁၇)
ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-
“ကြည့်ရှုလော့၊ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။” (ဗျာဒိတ်ကျမ်း ၃:၂၀)
“ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူ မည်သည် ကား ကြားပါစေ။” (ဗျာဒိတ်ကျမ်း ၂:၇)
“ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။” (ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၇)
“ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြောစီရင်ရသော အချိန်ရှိပြီ။” (ရှင်ပေတရု ဩဝါဒစာ ပဌမစောင် ၄:၁၇)
Wednesday, August 28, 2019
Myanmar Christian Song (ဘုရားသခင် လူသားကို ကယ်တင် လို့သူလုံး၀ ကယ်တင်မယ်) The Selfless Love of God
နှုတ်ကပတ်တော် ဓမ္မသီချင်း
ဘုရားသခင် လူသားကို ကယ်တင် လို့သူလုံး၀ ကယ်တင်မယ်
ဘုရား လူသားကို ဖန်ဆင်းလို့ သူ ဦးဆောင်လမ်းပြကာ
လူတွေကို ကယ်တင်လို့ သူ့ကို လုံးဝကယ်တင် ရရှိမယ်
ဘုရား ဦးဆောင်လို့ လူသားတို့ပန်းတိုင်မှန်ကို တာ၀န်သူခံလိမ့်မယ်
ဘုရားကပဲ လူကို ဖန်ဆင်း၊ စီမံ လို့
လူသားတို့ဘဝရှေ့ရေးနှင့်ကံကြမ္မာကို တာဝန်သူခံလိမ့်မယ်
ဒါ ဖန်ဆင်းရှင်ဆောင်ရွက်သော အမှုသာ
လူသားမျိုးနွယ်၏ အလားအလာကို ဖယ်ရှားရင်
အောင်မြင်ခြင်း ရနိုင်သော်လည်း
အဆုံးသတ်မှာ ဘုရားပြင်ဆင်တဲ့ ပန်းတိုင်
အမှန် လူသားတွေ ရောက်ရမယ်အမှန်
ဘုရားက လူကိုလုပ်တဲ့အတွက် လူမှာ ပန်းတိုင်တစ်ခုရှိတယ်။
ဒါကြောင့် လူ့ကံကြမ္မာ စိတ်ချရ
Saturday, July 13, 2019
Myanmar christian dance (ဘုရားပေါ်ထွန်းခြင်း၏ရည်ရွယ်ချက်) | Christ of the Last Days Has Appeared
Ⅰ
ဘုရား ထွန်းပေါ်ခြင်း ဟာ သူ့အမှုတော်ဆောင်ရွက် ဖို့ သူကိုယ်တိုင်
ဤလောကသို့ ကြွဆင်းလာခြင်းကိုဆို
သူ၏ ပင်ကိုလက္ခဏာတွင် သူ၏ အစီစဉ်များနှင့်
သူ၏ ကိုယ်ပိုင်ဟန်နည်းလမ်းများဖြင့်
ခေတ်တစ်ခုစတင်ဖို့ နှင့် နိဂုံးချုပ်ဖို့ ဤလူတွေရဲ့ကြား
ဘုရားမြတ်ဆင်းသက်လာ
ဒီပေါ်ထွန်းမှုဟာ သင်္ကေတ ရုပ်ပုံလည်းမဟုတ်ပါ
အခမ်းနား ပုံစံတစ်ခုလည်းမဟုတ်ပါ
အံ့ဖွယ်တန်ခိုးတစ်ခုလည်းမဟုတ် ကြီးစွာသောရူပါရုံလည်းမဟုတ်
ဘာသာရေးဖြစ်စဉ်မျိုး ဒါမျိုးနှင့်လည်း မသက်ဆိုင်
ဤအရာသည် တစ်ကယ်ပင် အဖြစ်မှန်
တစ်ကယ်ပင်ကိုင်တွယ် ရှုမြင်နိုင်သောအရာ
ဤအရာကို ထိတွေ့ခံစားနိုင် တကယ်ပင်ဖြစ်မှန်
ဒီလို ပေါ်ထွန်းခြင်း ဟာ လုပ်ငန်းစဉ် တစ်ခု ဆောင်ရွက်ခြင်းမဟုတ်
ရေတိုတာဝန်တွေ လုပ်ဆောင် နေခြင်းလည်းမဟုတ်ပါ
ဘုရား၏ စီမံ ခန့်ခွဲမှု အစီစဉ်ထဲက
လုပ်ငန်းစဉ်တစ်ခုသာဖြစ်သည်
Wednesday, June 26, 2019
ဧဝံဂေလိ ဂီတ | (သန့်ရှင်းခံရသူများသာ အနားယူခြင်းသို့ ဝင်ကြလိမ့်မည်)
Ⅰ
အနာဂတ်လူသားမျိုးနွယ်စုသည် အာဒံနဲ့ဧဝမှ ဆင်းသက်ခဲ့သော်လည်း
စာတန်ရဲ့စိုးမိုးမှုအောက်တွင် ဆက်လက်နေထိုင်တော့မည်မဟုတ်
ကယ်တင်ခြင်း၊ သန့်စင်ခြင်းခံရသော လူမျိုးဖြစ်လိမ့်မည်
Ⅱ
စီရင်ခြင်းနှင့်အပြစ်ဒဏ်ပေးခြင်းခံရသောသူများဖြစ်ပြီး
သန့်ရှင်းသူများဖြစ်သည်
သူတို့သည် ရှေးလူမျိုးစုနွယ်ဖြစ်သော
အာဒံနှင့်ဧဝတို့နဲ့ ကွာခြားသည်။
သီးခြားလူမျိုးစုသစ်နီးနီးအတိုင်း အလွန်ကွဲပြား
မာရ်နတ် ဖျက်ဆီးခံရသူများထဲမှ ရွေးကောက်ခံရ၍
ဘုရားသခင်၏နောက်ဆုံး စီရင်ခြင်း၌ အခိုင်အမာရပ်တည်ကာ
ဤနောက်ဆုံးကျန်ရှိသောလူအုပ်စုသည်
နောက်ဆုံးတွင် ဘုရားသခင်နဲ့အတူ
အနားယူခြင်းသို့ ဝင်ရောက်နိုင်သည်
Tuesday, May 28, 2019
သန့်ရှင်းခံရသူများသာ အနားယူခြင်းသို့ ဝင်ကြလိမ့်မည်
ခရစ်ယာန်ဓမ္မသီချင်း | သန့်ရှင်းခံရသူများသာ အနားယူခြင်းသို့ ဝင်ကြလိမ့်မည်
Saturday, March 16, 2019
အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် | ဘုရားသခင်၏ စကားတော် | အခန်း ၈၄
အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် | ဘုရားသခင်၏ စကားတော် | အခန်း ၈၄
သူတို့သည် ငါ့အား သိခြင်းပညာ မရှိသောကြောင့်၊ လူသည် ငါ၏ စီမံခန့်ခွဲမှုကို နှောင့်ယှက်ခဲ့ပြီး၊ ငါ၏ အစီအစဉ်များကို အကြိမ်ပေါင်းမရေမတွက်နိုင်အောင်ပင် ထိခိုက်စေခဲ့သည်၊ သို့သော်လည်း ၎င်းတို့သည် ငါ၏ ရှေ့ဆက်တိုးနေသော ခြေလှမ်းများကို ပိတ်ဆို့နိုင်ခဲ့ဖူးခြင်းမရှိပေ။ ဤသည်မှာ ငါသည် ဉာဏ်ပညာရှိသော ဘုရားသခင်ဖြစ်သောကြောင့်ဖြစ်သည်။ ငါနှင့်အတူ အတိုင်းမသိသော ဉာဏ်ပညာရှိ၏၊ ငါနှင့်အတူ အတိုင်းမသိ ဉာဏ်မမီနိုင်သော နက်နဲမှုရှိ၏။ ရှေးပဝေသဏီအချိန်မှ ထာဝရကာလအထိ၊ လူသည် ၎င်းအား အဘယ်သောအခါမျှ နားလည်သဘောပေါက်နိုင်ခြင်းနှင့် ပြည့်စုံစွာ နားလည်နိုင်ခြင်း မရှိဖူးပေ။ ဤသည်မှာ မဟုတ်သလော။ ငါပြောသော နှုတ်ကပတ်စကားလုံး တစ်လုံးချင်းစီတို့၌ ဉာဏ်ပညာပါရှိသည်သာမကဘဲ၊ ငါ၏ ဝှက်ထားသော နက်နဲမှုလည်းရှိသေး၏။ ငါနှင့်အတူဆိုလျှင်၊ အရာအားလုံးတို့သည် နက်နဲသောအရာဖြစ်ပြီး၊ ငါ၏ ရှိသမျှအစိတ်အပိုင်းတို့သည် နက်နဲသောအရာဖြစ်ကြသည်။ သင်တို့သည် ယနေ့တွင် နက်နဲသောအရာကို မြင်ရုံမျှသာဖြစ်ပြီး၊ ထိုအရာသည် ငါ၏ဇာတိအဖြစ်တော်ကို မြင်ရပြီဖြစ်သော်လည်း ဤဖုံးကွယ်ထားသည့် နက်နဲသောအရာကိုမူ သင်တို့ မဖြေရှင်းနိုင်သေးပေ။ လူသည် ငါ၏ဦးဆောင်မှုနောက်ကို လိုက်ခြင်းအားဖြင့်သာ ငါ၏နိုင်ငံတော်သို့ ဝင်ရောက်နိုင်သည်။ ထိုသို့မဟုတ်လျှင်၊ သူတို့သည် လောကနှင့်အတူ ပျက်စီးကာ၊ ပြာမှုန့်များ ဖြစ်သွားကြလိမ့်မည်။ ငါသည် ပြီးပြည့်စုံသော ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်ပြီး၊ အဘယ်သူမျှ မဟုတ်၊ ဘုရားသခင်ကိုယ်တော်တိုင်ပင် ဖြစ်သည်။ "ဘုရားသခင်၏ သရုပ်သကန်" ကဲ့သို့သော အတိတ်ကာလမှ ဆိုထုံးများသည် ခေတ်နောက်ကျနေပြီဖြစ်၏၊ ထိုအရာတို့သည် ယခုလက်ရှိတွင် မအပ်စပ်တော့ဘဲ ဟောင်းနွမ်းနေသည့် အရာဟောင်းများဖြစ်ကြသည်။ သင်တို့ဘယ်နှစ်ဦးသည် ဤအရာအား ရှင်းလင်းစွာ မြင်ခဲ့ပြီးဖြစ်သနည်း။ ဤအတိုင်းအတာအထိ သင်တို့ဘယ်နှစ်ဦးသည် ငါ့အား သေချာခဲ့ပြီးဖြစ်သနည်း။ အရာအားလုံးကို ငါ့အားဖြင့် သေချာစွာ ရှင်းလင်းပြပြီး ညွှန်ကြားရပေတော့မည်။
Thursday, February 28, 2019
ဘုရားသခင်၏ ပြောဆိုသံ | အခန်း ၈၇
အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် | ဘုရားသခင်၏ ပြောဆိုသံ | အခန်း ၈၇
သင်သည် အလျင်အမြန် အရှိန်အဟုန်နှင့် ငါပြုလိုသောအရာကို လုပ်ဆောင်ရမည်။ ဤအရာသည် သင်တို့အတွက် ငါ၏ ပြင်းပြသည့်ရည်ရွယ်ချက် ဖြစ်သည်။ သင်တို့သည်ငါ၏ နှုတ်ကပတ်တော်များ၏ အဓိပ္ပါယ်ကို ယခုတိုင်နားမလည်ကြသေးသည်မှာ ဖြစ်နိုင်သလော။ ယခုတိုင်သင်သည် ငါ၏ရည်ရွယ်ချက်ကို မသိရှိသေးသည်မှာ ဖြစ်နိုင်သလော။ ငါသည် ပို၍ပို၍ ရှင်းလင်းစွာ ပြောခဲ့ပြီး၊ ပို၍ပို၍ပြောခဲ့သော်ငြားလည်း၊ ငါ့ နှုတ်ကပတ်တော်များ ၏အဓိပ္ပါယ်ကို နားလည်စေရန် သင်တို့သည် အားထုတ်ကြိုးစားခြင်း မရှိကြသလော။ အချင်း စာတန်၊ ငါ၏ အစီအစဉ်ကို သင်ဖျက်ဆီးနိုင်မည်ဟု စိတ်မကူးနှင့်။ စာတန်၏ အစေကိုခံသောသူတို့သည်၊ စာတန်၏ သားသမီးများဖြစ်ကြသည် (ဤအရာသည် စာတန်၏ စီးနှင်းခြင်း ခံရသူများကို ရည်ညွှန်းသည်။ စာတန်၏ စီးနင်းခြင်းခံရသူသည် စာတန်၏ အသက်တာရရှိ မှာ မလွဲပေ၊ ထို့ကြောင့် စာတန်၏ သားသမီးများဟု ခေါ်ဆိုခြင်းဖြစ်သည်) ငိုကြွေးခြင်း၊ အံကြိတ်ခြင်းနှင့် ငါ့၏ခြေတော်ရင်း၌ သနားကြင်နာမှု ကိုတောင်းဆိုသော်လည်း ထိုကဲ့သို့သောမိုက်မဲမှုမျိုးကို ငါမပြုတော့။ငါသည် စာတန်အား ခွင့်လွှတ်ပေးနိုင်သလော။ စာတန်အဖို့ ကယ်တင်ခြင်းကို ငါယူဆောင်လာပေးနိုင်မည်လော။ ထိုအရာသည် အဘယ်သို့မျှမဖြစ်နိုင်။ ငါပြောသည့်အတိုင်း ငါပြုပြီး၊ အဘယ်သောအခါမျှ ထိုအရာကို သံဝေဂ ငါမရ။Wednesday, February 20, 2019
နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ (ဘုရားသခင်နှင့်ပတ်သက်၍ သင်မည်သို့ နားလည်သနည်း)
နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ (ဘုရားသခင်နှင့်ပတ်သက်၍ သင်မည်သို့ နားလည်သနည်း)
အနန္တတန်ခိုးရှင်ဘုရားက ပြောသည် "ဘုရားသခင်သည် သန့်ရှင်းသော ဝိညာဉ်တော် ဖြစ်ရုံမက ထိုဝိညာဉ်တော်သည် ခုနစ်ဆ ပြင်းထန်သည့် ဝိညာဉ်တော်၊ ခပ်သိမ်းသောအရာတို့ကို လွှမ်းခြုံထားသော ဝိညာဉ်တော်ဖြစ်ကာ လူသားတစ်ဦး၊ လူသာမန် တစ်ဦး၊ အထူးပင် သာမညဖြစ်သော လူသားတစ်ဦးလည်းဖြစ်၏။ သူသည် အမျိုးသားဖြစ်ရုံမက အမျိုးသမီးလည်း ဖြစ်၏။ ၎င်းတို့သည် လူသားများတွင် မွေးဖွားကြသဖြင့် အလားတူကြကာ တစ်ဦးသည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ပဋိသနေ္ဓစွဲယူပြီး အခြားတစ်ဦးသည် လူသားတစ်ဦးတွင် မွေးဖွားသော်လည်း ဝိညာဉ်တော်မှ တိုက်ရိုက်ဆင်းသက် လာသဖြင့် ကွဲပြားကြ၏။ ၎င်းတို့နှစ်ဦးစလုံးသည် ဘုရားသခင်၏ ဇာတိပကတိဖြစ်ကာ အဖဘုရားသခင်၏ အမှုကို ထမ်းဆောင်သဖြင့် ဆင်တူကြကာ တစ်ဦးမှာ ရွေးနုတ်ကယ်တင်သည့် အမှုကို ဆောင်ရွက်၍ အခြားတစ်ဦးမှာ သိမ်းပိုက်အောင်မြင်သည့် အမှုကို ဆောင်ရွက်သဖြင့် ကွဲပြားကြ၏။ နှစ်ဦးစလုံးသည် အဖဘုရားသခင်ကို ကိုယ်စားပြုသော်လည်း တစ်ဦးသည် ချစ်ခြင်းမေတ္တာနှင့် သနားကြင်နာခြင်းတို့နှင့် ပြည့်နှက်နေသော ရွေးနုတ်ကယ်တင်ခြင်း၏ သခင်ဖြစ်ကာ အခြားတစ်ဦးမှာ ဒေါသနှင့် တရားစီရင်ခြင်းတို့နှင့် ပြည့်နှက်နေသော ဖြောင့်မတ်ခြင်း၏ ဘုရားသခင်ဖြစ်၏။ တစ်ဦးသည် ရွေးနုတ်ကယ်တင်ခြင်း အမှုကို စတင်ရန် အဓိပတိတပ်မှူးဖြစ်ကာ အခြားတစ်ဦးသည် သိမ်းပိုက် အောင်မြင်ခြင်း အမှုကို ပြီးဆုံးရန် ဖြောင့်မတ်သည့် ဘုရားသခင်ဖြစ်၏။ တစ်ဦးသည် အစဖြစ်ကာ ကျန်တစ်ဦးသည် အဆုံးဖြစ်၏။ တစ်ဦးသည် အပြစ်မဲ့သော ဇာတိပကတိဖြစ်ကာ အခြားတစ်ဦးသည် ရွေးနုတ်ကယ်တင်ခြင်းကို ပြီးဆုံးစေပြီး အမှုကို ဆက်လက်ဆောင်ရွက်ကာ မည်သည့်အခါမျှ အပြစ် မဟုတ်သည့် ဇာတိပကတိဖြစ်၏။ နှစ်ဦးစလုံးသည် ဝိညာဉ်တော် တစ်ခုတည်းသာ ဖြစ်သော်လည်း ကွဲပြားသော သွေးသားခန္ဓာများတွင် ကျိန်းဝပ်နေကြကာ ကွဲပြားသော နေရာများတွင် မွေးဖွားကြ၏။ ထို့အပြင် ၎င်းတို့သည် နှစ်ပေါင်း ထောင်ပေါင်းများစွာ ခြားနေကြ၏။ သို့သော် ၎င်းတို့၏အမှု ခပ်သိမ်းသည် အပြန်အလှန် ပံ့ပိုးနေကြကာ မည်သည့်အခါမျှ ပဋိပက္ခမဖြစ်ဘဲ တစ်ချိန်တည်းတွင် ထိုအမှုများအကြောင်းကို ပြော၍ရသည်။ ၎င်းတို့နှစ်ဦးစလုံးသည် လူသားများဖြစ်သော်လည်း တစ်ဦးသည် သားယောက်ျားလေး ဖြစ်၍ အခြားတစ်ဦးသည် မွေးကင်းစ မိန်းကလေးဖြစ်၏။"
မြင်ကွင်းများ Myanmar Gospel Song (ဘုရား၏စကားသည် ထာဝရအမှန်တရား) Myanmar Lyrics
Saturday, November 3, 2018
အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် | ဘုရားသခင်၏ စကားတော် | အခန်း ၂၁
လူသားသည် ငါ့အလင်း၏ အလယ်တွင် လဲကျပြီး၊ ငါ၏ ကယ်တင်ခြင်းကြောင့် မြဲမြံစွာ ရပ်တည်၏။ ကယ်တင်ခြင်းကို စကြဝဠာ တစ်ဝှမ်းလုံးသို့ ငါယူဆောင်လာသောအခါ၊ လူသားသည် ငါ၏ပြန်လည် ပြုပြင်ခြင်း၏ စီးဆင်းမှုကြားတွင် ဝင်ရောက်နိုင်မည့် လမ်းခရီးများကို ရှာရန်ကြိုးစားသည်၊ သို့သော်လည်း များစွာသော လူတို့သည် ဤပြန်လည် ပြုပြင်ခြင်း၏ တဟုန်ထိုး စီးဆင်းမှုအားဖြင့် တစ်စိုးတစ်စဉ်းမျှ မကျန်ဘဲ မျောပါသွားကြ၏။ တဟုန်ထိုး စီးဆင်းသော ရေများကြောင့် နစ်မြုပ်သွားကြလျက် ဝါးမျိုခြင်းခံရသူများ များစွာရှိသည်။ ပြီးလျှင် တဟုန်ထိုး စီးဆင်းမှုအလယ်တွင် မြဲမြံစွာရပ်တည်လျက်၊ ဦးတည်ချက် မပျောက်ဘဲ၊ ယနေ့ထိတိုင် ဤသို့ တဟုန်ထိုး စီးဆင်းမှုနောက်သို့ လိုက်ကြသော သူများလည်း များစွာရှိသည်။ ငါသည် လူနှင့်အတူ ရင်ပေါင်တန်း၍ ချီတက်လျက်ရှိသည်၊ သို့သော်ငြားလည်း သူသည် ငါ့ကို လုံးဝ မသိကျွမ်းသေးပေ။ ငါသည် အပြင်ပန်းတွင် ဝတ်ဆင်ထားသော အဝတ်အစားများကိုသာ သူသိပြီး၊ ငါ၏အထဲ၌ ရှိသော ကြွယ်ဝခြင်းများကိုမူ သူသည် မသိလျက်ပင် ရှိသေးသည်။ ငါသည် လူသားကို ထောက်ပံ့ပြီး နေ့စဉ်ပင် သူ့ကို ပေးနေပါသော်လည်း၊ သူသည် မှန်ကန်သော လက်ခံခြင်းအရာကို မတတ်စွမ်းနိုင်၊ ငါပေးသော ကြွယ်ဝခြင်း ခပ်သိမ်းကို လက်ခံရရှိရန် မတတ်စွမ်းနိုင်။ လူသား၏ ဖောက်ပြန်ပျက်စီးမှု၏ မည်သည့်အရာမျှ ငါ၏ သတိပြုမိခြင်းမှ လွတ်မြောက်ခြင်း မရှိပေ။ ငါ့အတွက်ဆိုလျှင် သူ၏ အတွင်းကမ္ဘာသည် ရေပြင်ပေါ်တွင် ထိန်ထိန်သာနေသည့် လကဲ့သို့ပင် ဖြစ်သည်။ ငါသည် လူနှင့် ပေါက်တတ်ကရများ လျှောက်လုပ်မနေသကဲ့သို့၊ သူနှင့်အတူ ဝတ်ကျေတမ်းကျေလည်း မလုပ်ပေ။ လူသားသည် မိမိကိုယ်ကိုမိမိ တာဝန်ယူခြင်းငှာ မတတ်စွမ်းနိုင်သောကြောင့်သာ ဖြစ်သည်၊ ထို့ကြောင့် လူသားမျိုးနွယ် တစ်ရပ်လုံးသည် အစဉ်ပင် စာရိတ္တ ပျက်ပြားနေခဲ့ကြပြီး၊ ယနေ့တွင်ပင် ထိုကဲ့သို့သော စာရိတ္တပျက်ပြားမှုမှ ၎င်းကိုယ်၎င်း ရုန်းထွက်ခြင်းငှာ မတတ်စွမ်းနိုင်ဘဲ ရှိနေသည်။ ညံ့ဖျင်းလျက် သနားစဖွယ် လူသားမျိုးနွယ်ပါတကား။ လူသားသည် ငါ့ကို ချစ်သော်လည်း၊ ငါ့ဝိညာဉ်၏ ရည်ရွယ်ချက်များကို လိုက်နာခြင်းငှာ မတတ်စွမ်းနိုင်သည်မှာ အဘယ်ကြောင့်နည်း။ ငါသည် ငါ့ကိုယ်ငါ လူသားမျိုးနွယ်ထံ ဧကန်အမှန် မဖွင့်ပြခဲ့သလော။ လူသားမျိုးနွယ်သည် ဧကန်အမှန်ပင် ငါ၏မျက်နှာကို တစ်ခါမျှ မမြင်ဖူးသလော။ ယင်းအရာမှာ ငါသည် လူသားမျိုးနွယ်အား အလွန်နည်းသော ကရုဏာကိုသာ ပြသခဲ့၍များလော။ အို၊ လူသားမျိုးနွယ် အားလုံး၏ ပုန်ကန်သူများ။ သူတို့သည် ငါ၏ခြေအောက်တွင် ဖျက်ဆီးခြင်းခံရမည်၊ သူတို့သည် ငါ၏ပြစ်တင်ဆုံးမမှု အလယ်တွင် ပျောက်ကွယ်ရမည်၊ ထို့ပြင် သူတို့သည် ငါ၏ ကြီးမြတ်သော လုပ်ငန်းကြီး ပြည့်စုံသွားသည့် နေ့ရက်တွင် လူသားမျိုးနွယ်အကြားမှ နှင်ထုတ်ခြင်း ခံရမည်၊ ထိုသို့အားဖြင့် လူသားမျိုးနွယ် တစ်ရပ်လုံးသည် သူတို့၏ အကျည်းတန်သော မျက်နှာကို သိကြမည်။ လူသားသည် ငါ၏မျက်နှာကို တွေ့ရခဲခြင်းမှာ သို့မဟုတ် ငါ၏အသံကို ကြားရခဲခြင်းမှာ လောကကြီး တစ်ခုလုံးသည် နောက်ကျိနေ၍ ဖြစ်ပြီး၊ ၎င်း၏ အော်ဟစ် ဆူညံနေမှုသည် အလွန်ပင် ကြီးလှသောကြောင့်ဖြစ်သည်၊ ထို့ကြောင့် လူသားသည် ငါ၏ မျက်နှာကို ဖွေရှာရန်နှင့် ငါ၏ စိတ်နှလုံးကို နားလည်ခြင်းငှာ ကြိုးစားရန် အလွန်ပင် ပျင်းရိသည်။ ဤသည်မှာ လူသားဖောက်ပြန်ပျက်စီးခြင်း၏ အကြောင်းတရားပင် မဟုတ်ပေလော။ ဤသည်ကြောင့်ပင် လူသားသည် လိုအပ်ရခြင်း မဟုတ်ပေလော။ လူသားမျိုးနွယ် တစ်ရပ်လုံးသည် ငါ၏ ထောက်ပံ့ပေးမှု အလယ်တွင် အစဉ်အမြဲပင် ရှိလာခဲ့သည်။ ထိုကဲ့သို့သာ မဟုတ်ခဲ့ပါက၊ ငါသည် ကရုဏာနှင့် မပြည့်ဝခဲ့ပါက၊ မည်သူသည် ယနေ့အထိ ရှင်သန်နေနိုင်မည်နည်း။ ငါ၌ရှိသော ကြွယ်ဝမှုသည် အနှိုင်းမဲ့ဖြစ်သည်၊ သို့သော်လည်း ဘေးအန္တရာယ်အားလုံးကို ငါ၏လက်များအထဲတွင် ဆုပ်ကိုင်ထားပြီး၊ မည်သူသည် သူတို့ စိတ်ကျေနပ်သော မည်သည့်အချိန်မဆို ဘေးအန္တရာယ်မှ လွတ်မြောက်ခြင်းငှာ တတ်စွမ်းနိုင်သနည်း။ လူသား၏ ဆုတောင်းခြင်းများက သူ့ကို ထိုသို့လုပ်ခွင့်ပြုသလော။ သို့မဟုတ် လူသား၏ နှလုံးသားအထဲမှ မျက်ရည်များလော။ လူသားသည် မည်သည့်အခါမျှ ငါ့ထံ စစ်မှန်စွာ ဆုမတောင်းခဲ့ဖူးပေ၊ ထို့ကြောင့် လူသားမျိုးနွယ် တစ်ရပ်လုံးတွင် မည်သူတစ်ဦးတစ်ယောက်ကမျှ သူတို့၏ ဘဝတစ်ခုလုံးကို သမ္မာတရား၏ အလင်းအလယ်တွင် အသက်မရှင်ခဲ့ဖူးဘဲ၊ လူတို့သည် အလင်း၏ ပြတ်တောင်းပြတ်တောင်း ပေါ်လာမှုအလယ်၌သာ အသက်ရှင်ကြသည်။ ယင်းအရာသည် ယနေ့ လူသားမျိုးနွယ်၏ လိုအပ်မှုဆီသို့ ဦးဆောင်သွားခဲ့သည့်အရာ ဖြစ်သည်။
Saturday, September 29, 2018
အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် | ဘုရားသခင်၏ ပြောဆိုသံ | အခန်း ၁၇
အမှန်ဆိုရလျှင် ဘုရားသခင်၏ နှုတ်တော်မှလာသည့် နှုတ်ကပတ်တော်များ အားလုံးသည် လူသားတို့ မသိသည့် အရာများ ဖြစ်ကြသည်၊ ထိုအရာအားလုံးတို့သည် လူတို့ မကြားဖူးသော ဘာသာစကား ဖြစ်၏၊ ထို့ကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ကိုယ်တိုင်သည်ပင်လျှင် ဆန်းကြယ်မှုတစ်ခု ဖြစ်ပေ၏ဟု ဆိုနိုင်ပေသည်။ လူအများစုတို့သည် အမြင်သဘောထားပိုင်းအရ လူတို့ မစွမ်းဆောင် မရရှိနိုင်သော အရာများသာ၊ ယခုတွင် လူတို့ကို ဘုရားသခင်က သိခွင့်ပေးသော ကောင်းကင်ဘုံ၏ အရေးကိစ္စများ၊ သို့မဟုတ် ဝိညာဉ်ရေးရာ လောကကြီးတွင် ဘုရားသခင်က အဘယ်အရာ လုပ်ဆောင်သည် ဆိုခြင်းအကြောင်း၏ သမ္မာတရားတို့သည် ဆန်းကြယ်မှုများ ဖြစ်ကြသည်ဟု လွဲမှားစွာ ယုံကြည်ကြသည်။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ အားလုံးကို တန်းတူညီမျှစွာ မှတ်ယူခြင်း မရှိသကဲ့သို့ ထိုနှုတ်ကပတ်တော်များကို တန်ဖိုးထားခြင်းလည်း မရှိဘဲ “ဆန်းကြယ်မှုများ”ဟု ၎င်းတို့ ယုံကြည်သည့် အရာများကို အာရုံထားနေကြကြောင်း ဤအရာက ပြသနေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှာ အဘယ်အရာများ ဖြစ်သည် သို့မဟုတ် ဆန်းကြယ်မှုများမှာ အဘယ်အရာများ ဖြစ်သည် ဆိုခြင်းကို လူတို့ သိရှိခြင်း မရှိကြဟု ဤအရာက သက်သေပြနေ၏၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိမိတို့၏ အယူအဆများ အတွင်းမှသာ ဖတ်ရှုကြသည်။ လက်တွေ့အရှိတရားမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဧကန်အမှန် ချစ်မြတ်နိုးသူ တစ်ဦးတစ်လေမျှ မရှိခြင်းပင် ဖြစ်သည်၊ “လူတို့သည် ငါ့ကို လိမ်လည် လှည့်ဖြားရာ၌ ထူးချွန်သူများ ဖြစ်ကြသည်”ကို ပြောရခြင်း၏ အရင်းအမြစ်မှာ ဤနေရာ၌ပင် ရှိသည်။ လူတို့သည် ကောင်းမှုကုသိုလ် ကင်းမဲ့သည်၊ သို့မဟုတ် ၎င်းတို့သည် အကြွင်းမဲ့ ကမောက်ကမ ဖြစ်နေသည်ဟု ဘုရားသခင်က ပြောဆိုခြင်း မဟုတ်သည်မှာ သေချာပါသည်။ ယင်းမှာ လူသားမျိုးနွယ်၏ အခြေအနေ အမှန်ပင် ဖြစ်သည်။ လူတို့ကိုယ်တိုင်ပင် မိမိတို့၏ နှလုံးသားများထဲ၌ ဘုရားသခင်သည် အကယ်စင်စစ် မည်မျှ နေရာ ယူ ်သည်နှင့် ပတ်သက်၍ သိပ်ရှင်းလင်းခြင်း မရှိကြ၊ ဘုရားသခင် ကိုယ်တော်တိုင်သာလျှင် သိပေသည်။ ထို့ကြောင့် ယခုလောလောဆယ်တွင် လူတို့သည် နို့စို့သူငယ်များကဲ့သို့ ဖြစ်ကြသည်၊ ၎င်းတို့သည် အဘယ်ကြောင့် နို့ရည်ကို သောက်သုံးရသနည်းနှင့် အဘယ်အတွက်ကြောင့် အသက်ဆက်နေရသနည်း ဆိုခြင်းနှင့် ပတ်သက်၍ လုံးလုံးလျားလျား မသိဘဲလျက်နှင့် ရှိသည်။ ၎င်းတို့၏ မိခင်သာ ၎င်းတို့၏ လိုအပ်ချက်များကို နားလည်သည်၊ ၎င်းတို့၏ မိခင်သည် ၎င်းတို့ကို အစာငတ်ပြီး သေဆုံးစေမည်မဟုတ်၊ သေစေသည်တိုင်အောင် လွန်ကျူးစွာ စားသုံးစေမည်လည်း မဟုတ်ချေ။ ဘုရားသခင် သည် လူတို့၏ လိုအပ်ချက်များကို အကောင်းဆုံး သိသည်၊ ထို့ကြောင့် တစ်ခါတစ်ရံ သူ၏ ချစ်ခြင်း မေတ္တာသည် သူ၏ နှုတ်ကပတ်တော်များထဲတွင် သရုပ်ထင်သည်၊ တစ်ခါတစ်ရံ သူ၏ တရားစီရင်ခြင်းသည် ထိုနှုတ်ကပတ်တော်များထဲ၌ ထုတ်ဖော်ခြင်းခံရသည်၊ တစ်ခါတစ်ရံတွင် သူ၏ နှုတ်ကတ်တော်များသည် လူတို့၏ အတွင်းကျဆုံးသော နှလုံးသားများကို ထိခိုက်စေပြီး ရံဖန်ရံခါတွင် သူ၏ နှုတ်ကပတ်တော်များသည် အလွန် စိတ်ရင်းမှန်၍ အလွန်စိတ်ထက်သန်လေသည်။ ထိုအရာသည် လူတို့ကို ဘုရားသခင်၏ သနားကရုဏာနှင့် နားလည်ရန်လွယ်ကူခြင်းတို့ကို ခံစားစေသည်၊ သူသည် စိတ်ကူးထားသော ထိတွေ့၍ မရသည့်“ခံညားထည်ဝါသော ပုဂ္ဂိုလ်”မဟုတ်သကဲ့သို့ သူသည် မျက်နှာတော်ကို တိုက်ရိုက် ဖူးမြော်၍ မရသော လူတို့၏ စိတ်များအထဲရှိ “ကောင်းကင်၏သားတော်” မဟုတ်သည်ကို ခံစားစေပြီး သူသည် လူတို့ စိတ်ကူးသည့် အပြစ်မဲ့သော သူများကို သတ်ဖြတ်သော “ပါးကွက်သား” အထူးသဖြင့် မဟုတ်သည်ကို ခံစားစေသည်။ ဘုရားသခင်၏ စိတ်သဘောထား တစ်ရပ်လုံးသည် သူ၏ အလုပ်တွင် ထုတ်ဖော်ခြင်းခံရသည်၊ ယနေ့ကာလ လူ့ဇာတိရှိ ဘုရားသခင်၏ စိတ်သဘောထားသည် သူ၏ အလုပ်မှတစ်ဆင့် သရုပ်ထင်လျက်ရှိဆဲ ဖြစ်သည်၊ ထို့ကြောင့် ဘုရားသခင် ဆောင်ရွက်သည့် အမှုသည် နှုတ်ကပတ်တော်များ၏ အမှု်ဖြစ်သည်၊ ထိုအမှုသည် သူလုပ်ဆောင်သော အရာ သို့မဟုတ် အပြင်ပန်းတွင် သူသည် မည်ကဲ့သို့ သဏ္ဌာန်ပေါ်ပုံ မဟုတ်ပေ။ အဆုံးတွင် လူအားလုံးသည် ဘုရားသခင် နှုတ်ကပတ်တော်မှ တည်ဆောက်ခြင်းကို ရရှိကြလိမ့်မည် ဖြစ်ပြီး ထိုနှုတ်ကပတ်တော်များအားဖြင့် စုံလင်အောင် ပြုခြင်းခံရမည်ဖြစ်သည်။ ၎င်းတို့၏ အတွေ့အကြုံများ၌ ဘုရားသခင် နှုတ်ကပတ်တော်များ၏ လမ်းညွှန်မှုကြောင့် ၎င်းတို့သည် လက်တွေ့ကျင့်ဆောင်ခြင်းအတွက် လမ်းကြောင်းတစ်ခုကို ရရှိလိမ့်မည် ဖြစ်ပြီး ဘုရားသခင်၏ နှုတ်တော်မှလာသော နှုတ်ကပတ်တော်များ မှတစ်ဆင့် လူတို့သည် သူ၏စိတ်သဘောထားတစ်ရပ်လုံးကို သိလာကြလိမ့်မည်။ နှုတ်ကပတ်တော်များကြောင့် ဘုရားသခင်၏ အလုပ်ခပ်သိမ်းသည် ပြည့်စုံလိမ့်မည် ဖြစ်ပြီး လူတို့သည် အသက်ရှင်လာကြကာ ရန်သူများ အားလုံးတို့သည် အနိုင်ယူခြင်းကို ခံရကြလိမ့်မည်။ ဤသည်မှာ ပဓာနအလုပ် ဖြစ်ပြီး မည်သူမျှ လျစ် လျူ ရှု၍ မရပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြည့် လျှင် သာ၍ကောင်းမည် - “ငါ၏ အသံသည် မိုးချုန်းသံကဲ့သို့ ကမ္ဘာမြေ တစ်ခွင်လုံးနှင့် အရပ်လေးမျက်နှာလုံးကို ထွန်းလင်းစေလျက် မြည်ဟီးသည်၊ မိုးချုန်းသံနှင့် လျှပ်ပြက်ခြင်း အလယ်တွင် လူသားမျိုးနွယ်သည် ထိုးနှက်ခြင်းခံရ၏။ မိုးချုန်းသံနှင့် လျှပ်ပြက်ခြင်းအလယ်တွင် မည်သည့် လူသားကမျှ ခိုင်ခံ့စွာ ရပ်တည်နိုင်ခြင်း မရှိခဲ့၊ လူသားအများစုသည် ငါ့အလင်း၏ ကြွလာခြင်း၌ ၎င်းတို့၏ အသိစိတ်များ လွတ်သွားသည်အထိ ကြောက်လန့်တကြား ဖြစ်ကြပြီး အဘယ်အရာ လုပ်ဆောင်ရမည်ကို မသိကြ။” ဘုရားသခင်သည် သူ၏နှုတ်ကို ဖွင့်လေသောအခါ နှုတ်ကပတ်တော်များသည် ထွက်လာ၏။ သူသည် အရာခပ်သိမ်းကို နှုတ်ကပတ်တော်များမှတစ်ဆင့် အထမြောက်စေပြီး၊ အရာအားလုံးသည် သူ၏ နှုတ်ကပတ်တော်များအားဖြင့် ပုံသဏ္ဌာန်ပြောင်းလဲခြင်းသို့ ရောက်ကြကာ သူ၏ နှုတ်ကပတ်တော်များ မှတစ်ဆင့် လူအားလုံးသည် အသစ်ပြုပြင်ခြင်း ခံရ၏။ “မိုးချုန်းသံနှင့် လျှပ်ပြက်ခြင်း”သည် အဘယ်အရာကို ရည်ညွှန်းသနည်း။ ပြီးလျှင် “အလင်း”သည် အဘယ်အရာကို ရည်ညွှန်းသနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ လွတ်မြောက်နိုင်သောအရာ တစ်ခုတစ်လေမျှပင် မရှိချေ။ လူတို့၏ စိတ်များကို ဖော်ထုတ်ရန်အလို့ငှာနှင့် ၎င်းတို့၏ အကျည်းတန်မှုကို သရုပ်ဖော်ပြစိမ့်သောငှာ သူသည် မိမိ၏ နှုတ်ကပတ်တော်များကို အသုံးပြုသည်။ သူသည် လူတို့၏သဘာဝအဟောင်းကို ကိုင်တွယ်ရန်နှင့် သူ၏လူအားလုံးကို စုံလင်စေရန် နှုတ်ကပတ်တော်များကို အသုံးပြု၏။ ဤသည်မှာ ဘုရားသခင် နှုတ်ကပတ်တော်များ၏ အရေးပါမှုပင် မဟုတ်လော။ စကြဝဠာတစ်ခွင်လုံးတွင် ဘုရားသခင် နှုတ်ကပတ်တော်များ၏ ထောက်မခြင်းနှင့် ခိုင်ခံ့စေခြင်း မရှိပါက လူသားမျိုးနွယ် အားလုံးသည် မတည်ရှိတော့သည့် အတိုင်းအတာထိ ဖျက်ဆီးခြင်းခံရလိမ့်မည် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် လုပ်ဆောင်သော အရာများ၏ နိယာမဖြစ်ပြီး သူ၏ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်အတွက် လုပ်ကိုင်ပုံ နည်းလမ်းဖြစ်သည်။ သူ့နှုတ်ကပတ်တော်များ၏ အရေးပါမှုကို ထိုအရာမှတစ်ဆင့် ရှင်းလင်စွာ တွေ့မြင်နိုင်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူသားမျိုးနွယ်၏ စိတ်ဝိညာဉ်များ၏ နက်ရှိုင်းရာများအတွင်းသို့ တိုက်ရိုက် ထိုးဖောက်သည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မြင်သည်နှင့်တစ်ပြိုင်နက် အံ့သြမှင်တက်ကြ၍ ကြောက်ဒူးတုန်ကာ အလောတကြီးပင် ထွက်ပြေးကြသည်။ ၎င်းတို့သည် သူ့နှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရား မှ လွတ်မြောက်လိုကြသည်။ ယင်းကြောင့်ပင် ဤ“ဒုက္ခသည်များ”ကို နေရာအနှံ့ တွေ့နေရခြင်း ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ မြွက်ဆိုပြီးသည်နှင့် ချက်ချင်းပင် လူတို့သည် ဖနောင့်နှင့် တင်ပါး တစ်သားတည်းကျအောင် ပြေးလေတော့သည်။ ဤသည်မှာ ဘုရားသခင်က သရုပ်ဖော်ပြသော လူသားမျိုးနွယ် အကျည်းတန်မှု၏ လက္ခဏာသွင်ပြင်တစ်ခု ဖြစ်သည်။ ယခုတွင် လူအားလုံးတို့သည် ၎င်းတို့၏ မိန်းမောနေခြင်းမှ တဖြည်းဖြည်းနှင့် နိုးထလာနေပြီဖြစ်သည်။ ၎င်းမှာ ယခင်က လူအားလုံးတို့သည် စိတ်ဖောက်ပြန်မှု အဖြစ်မျိုး ဖြစ်ခဲ့သည့်အလားဖြစ်ပြီး ယခုတွင်မူ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မြင်ကြကာ အနာရောဂါပြီးနောက် သက်ရောက်မှုများ စွဲကျန်ရစ်လေသည့်အလား ဖြစ်၍ ၎င်းတို့၏ ယခင်အခြေအနေကို ပြန်လည်ရယူရန် မတတ်နိုင်ကြချေ။ ဤသည်မှာ လူအားလုံးတို့၏ အခြေအနေ အမှန်ပင် ဖြစ်ပြီး အောက်ပါဝါကျ၏ စစ်မှန်သော သရုပ်ဖော်ချက်လည်း ဖြစ်သည်၊ “များစွာသော လူတို့သည် အလွန်သေးမျှင်သော ဤထွန်းတောက်မှုအားဖြင့် တို့ထိခံရကာ တစ်ပြိုင်နက်ပင် ၎င်းတို့၏ အစွဲမှားများမှ နိုးထလာကြသည်။ သို့သော်လည်း ငါ၏အလင်းသည် ကမ္ဘာမြေကြီးပေါ်သို့ သက်ဆင်းလာသော အချိန်ဖြစ်သည့် နေ့ရက်သည် ရောက်လာခဲ့ပြီဆိုခြင်းကို မည်သူကမျှ သဘောပေါက်ခြင်း မရှိခဲ့ကြ။” ထို့ကြောင့်ပင် ဘုရားသခင်သည် “အများစုသော လူသားများသည် အလင်း၏ ရုတ်ခြည်းပေါ်ထွန်းမှုကြောင့် အံ့အားသင့်လွန်း၍ မှက်တက်ကြလေသည်”ဟူ၍ ပြောခဲ့ခြင်း ဖြစ်သည်။ ၎င်းကို ဤကဲ့သို့ ပြောဆိုခြင်းသည် လုံးဝပင် ဆီလျော်သည်။ ဘုရားသခင်၏ လူသားမျိုးနွယ်အား သရုပ်ဖော်ချက်သည် အပ်ထိပ်အတွက်ပင် နေရာမရှိအောင် စေ့စပ်လွန်းလှသည်၊ သူသည် ဤအရာကို တိကျမှန်ကန်စွာနှင့် အမှားအယွင်းမရှိဘဲ လုပ်ဆောင်ခဲ့သည် မှာ စစ်မှန်၏ ။ ယင်းကြောင့်ပင် လူအားလုံးတို့သည် လုံးလုံးလျားလျား လက်ခံယုံကြည်ကြပြီး မသိလိုက်ပါဘဲနှင့် ဘုရားသခင်အတွက် ၎င်းတို့၏ ချစ်ခြင်းမေတ္တာသည် ၎င်းတို့၏ နှလုံးသားများအတွင်းရှိ နက်ရှိုင်းရာမှ စတင်၍ ကြီးထွားလာလေသည်။ ဤနည်းအားဖြင့်သာလျှင် လူတို့၏ နှလုံးသားများထဲ၌ ဘုရားသခင်၏ နေရာသည် သာ၍ သာ၍ပင် စစ်မှန်လာမည် ဖြစ်ကာ ဤသည်မှာပင် ဘုရားသခင် အလုပ်လုပ်သော နည်းလမ်းတစ်ခု လည်း ဖြစ်ပေသည်။
Monday, August 27, 2018
ဝတ်ပြုကိုးကွယ်ခြင်း ဓမ္မသီချင်း | ဘုရား၏စကားသည် ထာဝရအမှန်တရား
1 ဘုရား၏စကားသည် ထာဝရအမှန်တရား
အသက်ပေးသွင်းသူ လူသားတို့ရဲ့လမ်းပြရှင်
သူ့စကား၏ တန်ဖိုးအနက်အဓိပ္ပာယ်များ အနှစ်သာရနဲ့ ဆုံးဖြတ်
လူသားများ အသိအမှတ်ပြုသည်မပြုသည်ဖြစ်စေ
လောကသားများ သူ၏စကား လက်မခံသော်လည်း
တန်ဖိုးနဲ့ လူသားများဖေးကူးမှု တိုင်းတာမရ
ဘုရား၏စကားသည် ထာဝရအမှန်တရား
အသက်ပေးသွင်းသူ လူသားတို့ရဲ့လမ်းပြရှင်
Thursday, August 23, 2018
ဘုရားသခင်ကို ချီးမွမ်းခြင်း | အချစ်ဆုံးအဖြစ်လူကို ဘုရားမှတ်ယူ
လူတွေသွေဖယ်ပျက်စီးသည်ဖြစ်စေ၊
သူ့နောက်သို့ လိုက်သည်ဖြစ်စေ
ချစ်ရသူများအဖြစ် လူကို ဘုရားမှတ်ယူ
သူ၏အချစ်ဆုံးမိသားစုဟုလည်း ဆိုနိုင်
လူဟာ သူ့အတွက် အရုပ်လေးမဟုတ်
သူသည် ဖန်ဆင်းရှင်၊ လူသည် သူ့ဖန်ဆင်းခြင်းလက်ရာတော်
အဆင့်အတန်းကွဲပြားသည် ထင်ရ
သို့သော် လူတွေအဖို့ ဘုရားပြုမူသမျှ @လူနှင့်ဘုရားဆက်ဆံရေးထက်ကျော်လွန်
ဘုရား လူကိုချစ်ခင်စောင့်ရှောက်ကာ စိုးရိမ်ကြောင့်ကြပေးနေ
မမောမပန်း လူတွေကို သူပေးနေ
အပိုအလုပ်ဟူ၍ လုံးဝမမြင်
ချီးကျူးဂုဏ်ပြုမှုလည်း သူမလိုလား
Sunday, August 19, 2018
အသင်းတော် ဓမ္မသီချင်း | ဘုရားသခင် သင့်စိတ်နှလုံးသားနှင့်ဝိညာဉ်ကိုရှာဖွေနေ
အနန္တတန်ခိုးရှင်ထံမှ အသက်ပေးသွင်းမှုစွန့်လွတ်သည့်လူသား
သေခြင်အားကြောက်လန့်လျက် အဘယ််သို့အသက်ရှင်ရမယ်မသိ
ပံ့ပိုးမှုတို့မရှိ ကူညီမှုတို့မရှိ
သို့သော်လူတို့ သေချင်းအားတွန့်ဆုတ်ဆဲ
ရဲဝ့ံစွာရင်ဆိုင်လိုက်ပါ ဤလောကရဲ့စက်ဆုပ်ဖွယ်ရာများ
ဝိညာဉ်ရေးအသိကင်းမဲ့သော ခန္ဓာများဖြင့်ရပ်တည်ခဲ့
မျှော်လင့်ချက်မဲ့ သင်အသက်ရှင်
ရည်မှန်းချက်မဲ့ သူရှင်သန်
ဒဏ်ဏ္ဍာရီထဲမှသန့်ရှင်းသောဘုရားတစ်ပါးတည်းသာရှိ
ဒဏ်ဏ္ဍာရီထဲမှသန့်ရှင်းသောဘုရားတစ်ပါးတည်းသာရှိ
သူကြွလာခြင်းအတွက်တောင့်တသူ၊ ဒုက္ခ၌ငြီးတွားသူ၊
လာရောက်ကယ်တင်မယ့်သူ၊ အစဉ်အမြဲကြည့်ရှုသူ
အသိမနိုးကြားသေးသောလောကီလူအပေါင်း
ထိုယုံကြည်ချက်အားသဘောမပေါက်နိုင် ယနေ့တိုင်
လူသားတို့ ထိုအရာများအားတမ်းတဆဲ၊ တမ်းတနေဆဲ
သေခြင်အားကြောက်လန့်လျက် အဘယ််သို့အသက်ရှင်ရမယ်မသိ
ပံ့ပိုးမှုတို့မရှိ ကူညီမှုတို့မရှိ
သို့သော်လူတို့ သေချင်းအားတွန့်ဆုတ်ဆဲ
ရဲဝ့ံစွာရင်ဆိုင်လိုက်ပါ ဤလောကရဲ့စက်ဆုပ်ဖွယ်ရာများ
ဝိညာဉ်ရေးအသိကင်းမဲ့သော ခန္ဓာများဖြင့်ရပ်တည်ခဲ့
မျှော်လင့်ချက်မဲ့ သင်အသက်ရှင်
ရည်မှန်းချက်မဲ့ သူရှင်သန်
ဒဏ်ဏ္ဍာရီထဲမှသန့်ရှင်းသောဘုရားတစ်ပါးတည်းသာရှိ
ဒဏ်ဏ္ဍာရီထဲမှသန့်ရှင်းသောဘုရားတစ်ပါးတည်းသာရှိ
သူကြွလာခြင်းအတွက်တောင့်တသူ၊ ဒုက္ခ၌ငြီးတွားသူ၊
လာရောက်ကယ်တင်မယ့်သူ၊ အစဉ်အမြဲကြည့်ရှုသူ
အသိမနိုးကြားသေးသောလောကီလူအပေါင်း
ထိုယုံကြည်ချက်အားသဘောမပေါက်နိုင် ယနေ့တိုင်
လူသားတို့ ထိုအရာများအားတမ်းတဆဲ၊ တမ်းတနေဆဲ
Thursday, August 16, 2018
ဘုရားသခင်သည် လူ့အသက်တာ၏ အရင်းအမြစ်ဖြစ်သည်
Subscribe to:
Posts (Atom)






