菜單

မူလစာမျက်နှာ သတင်းအချက်အလက် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ လွတ်လပ်မှန်ကန်တဲ့လူ့အခွင့်အရေး ကယ်တင်ရှင်ပြန်ကြွလာပြီ ဧဝံဂေလိတရားတော် ကောင်းကင်နိုင်ငံတော်သီချင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ အမှန်တရားကို ဖေါ်ထုတ်ခြင်း နိုင်ငံတော် ချီးမွမ်းခြင်း တေးဂီတ

Friday, November 8, 2019

ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည် - အပိုင်း နှစ်



အနန္တတန်ခိုးရှင် ဘုရားသခင်ကပြောသည်- "အနားယူခြင်းထဲသို့ ဝင်ရောက်မှုဆိုသည်မှာ အလုံးစုံသော အရာတို့ ရပ်တန့်သွားခြင်း သို့မဟုတ် အလုံးစုံသော အရာတို့ ဖွံ့ဖြိုးမှု မရှိတော့ခြင်းကို မဆိုလိုသကဲ့သို့ ဘုရားသခင်က အလုပ်လုပ်မှု ရပ်တန့်သွားခြင်း သို့မဟုတ် လူသားများ အသက်ရှင်မှု မရှိတော့ခြင်းကိုလည်း မဆိုလိုပေ။ အနားယူခြင်းထဲသို့ ဝင်ရောက်သည့် လက္ခဏာမှာ ဤသို့ဖြစ်သည်၊ စာတန်သည် ဖျက်ဆီးခြင်းခံခဲ့ရသည်၊ စာတန်၏ မကောင်းမှုပြုခြင်းတွင် ၎င်းနှင့် ပါဝင်ကြသော ထိုကောက်ကျစ်စဉ်းလဲသူများသည် အပြစ်ဒဏ်ပေးခြင်းခံရကာ ဖယ်ရှားခံခဲ့ရသည်၊ ဘုရားသခင်ကို ရန်လိုသည့် အင်အားစုအားလုံးသည် တည်ရှိခြင်း မရှိကြတော့။ အနားယူခြင်းထဲသို့ ဘုရားသခင်ဝင်ရောက်ခြင်း ဆိုသည်မှာ လူသားများအား ကယ်တင်ခြင်းအမှုကို သူမလုပ်ဆောင်တော့ခြင်းကို ဆိုလိုသည်။ အနားယူခြင်းထဲသို့ လူသားတို့ ဝင်ရောက်ခြင်းဆိုသည်မှာ လူသားအားလုံးတို့သည် ဘုရားသခင်၏အလင်းအတွင်းနှင့် သူ၏ကောင်းချီးမင်္ဂလာအောက်တွင် နေထိုင်ခြင်းကို ဆိုလိုသည်။ စာတန်၏ ဖျက်ဆီးခြင်းတို့ ရှိတော့မည်မဟုတ်သကဲ့သို့ မဖြောင့်မတ်သော အရာများလည်း ဖြစ်ပေါ်တော့မည်မဟုတ်ချေ။ လူသားတို့သည် ကမ္ဘာမြေကြီးပေါ်တွင် ပုံမှန်နေထိုင်ကြလိမ့်မည်ဖြစ်ပြီး၊ သူတို့သည် ဘုရားသခင်၏ စောင့်ရှောက်မှုအောက်တွင် နေထိုင်ကြလိမ့်မည်။ ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်သည့်အခါ လူသားတို့သည် ကယ်တင်ခြင်းခံရပြီးဖြစ်ပြီး စာတန်သည်လည်း ဖျက်ဆီးခြင်းခံရပြီး ဖြစ်ကာ လူသားတို့အကြား ဘုရားသခင်၏အမှု လုံးဝဥဿုံပြီးဆုံးသွားပြီဟု အဓိပ္ပာယ်ရလိမ့်မည်။ ဘုရားသခင်သည် လူတို့အကြားတွင် အလုပ်ဆက်လုပ်တော့မည် မဟုတ်ဘဲ၊ လူသားတို့သည်လည်း စာတန်၏ အုပ်စိုးမှုအောက်တွင် နေထိုင်ကြတော့မည်မဟုတ်ပေ။ သို့ဖြစ်ရာ ဘုရားသခင်သည် ဆက်လက်အလုပ်မများတော့ဘဲ လူသားသည်လည်း ဟိုဟိုသည်သည် ပြေးလွှားလှုပ်ရှားတော့မည် မဟုတ်ပေ။ ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ တစ်ပြိုင်နက် ဝင်ရောက်ကြလိမ့်မည်။"

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ

များပြားသောအကြံပြုချက်များ

Myanmar Subtitle Movies 2019ကောင်းကင်နိုင်ငံတော်သားများ


No comments:

Post a Comment