"ဖိလိပ္ပုကလည်း၊ သခင်၊ ခမည်းတော်ကို အကျွန်ုပ်တို့အားပြတော်မူပါ။ ထိုသို့ပြတော်မူလျှင် အကျွန်ုပ် တို့ အလိုပြည့်စုံပါမည်ဟုလျှောက်လျှင်၊ ယေရှုက၊ ဖိလိပ္ပု၊ ဤမျှကာလပတ်လုံး ငါသည်သင်တို့နှင့်အတူရှိပြီးမှ သင်သည် ငါ့ကို မသိသေး သလော။ ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏။ သို့ဖြစ်လျှင်၊ ခမည်းတော်ကို အကျွန်ုပ်တို့အား ပြ တော်မူပါဟု သင်သည်အဘယ်သို့ဆိုသနည်း။ ငါသည် ခမည်းတော်၌ ရှိသည်ကို၎င်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကို၎င်း မယုံသလော။ ငါဟောပြောသောစကားကို ကိုယ်အလိုအလျောက် ငါဟောပြောသည်မဟုတ်။ ငါပြုသောအမှုတို့ကား၊ ငါ၌ တည်နေတော်မူသော ခမည်းတော်သည် ပြုတော်မူ၏။ ငါသည် ခမည်းတော်၌ ရှိသည်ကို၎င်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကို၎င်း ယုံကြလော။ ငါ့ စကားကို မယုံလျှင်၊ ငါ့အမှုတို့ကိုထောက်၍ ယုံကြလော့။" (ရှင်ယောဟန်ခရစ်ဝင် ၁၄: ၈-၁၁)
"ငါသည် ငါ့ခမည်းတော်နှင့်တလုံးတဝတည်းဖြစ်သည်ဟု မိန့်တော်မူ၏။" (ရှင်ယောဟန် ၁၀:၃၀)
ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-
လူ့ဇာတိခံယူသော ဘုရားသခင်ကို ခရစ်တော်ဟုခေါ်ပြီး ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် ဖုံးလွှမ်းထားသည့် ဇာတိခန္ဓာပင်ဖြစ်သည်။ ယင်းဇာတိခန္ဓာမှာ အသွေးအသားတို့ဖြင့် တည်ဆောက်ထားသည့် မည်သည့် လူသားတစ်ဦးတစ်ယောက်နှင့်မျှ မတူညီပေ။ ဤသို့ ကွဲပြားခြားနားရခြင်းမှာ ခရစ်တော်သည် လူ့ခန္ဓာကိုယ်နှင့် အသွေးအသားဖြင့် မဟုတ်ဘဲ ဝိညာဉ်တော်အားဖြင့် လူ့ဇာတိခံယူခြင်းကြောင့် ဖြစ်သည်။ သူ၌ သာမန်လူ့သဘာဝနှင့် ပြီးပြည့်စုံသော ဘုရားသဘောသဘာဝ နှစ်မျိုးလုံးရှိသည်။ သူ၏ ဘုရားသဘောသဘာဝကို မည်သည့် လူသားမျှ ပိုင်ဆိုင်ထားခြင်းမရှိ။ ဘုရားသဘောသဘာဝအားဖြင့်လည်း ဘုရားသခင်ကိုယ်တော်တိုင်၏ အလုပ်ကို လုပ်ဆောင်နေသည့် အတောအတွင်း သာမန် လူ့သဘာဝအတိုင်း အသွေးအသားဖြင့် သာမန် လှုပ်ရှားမှု အားလုံးတို့ကို ဆက်လက် လုပ်ဆောင်နေသည်။ လူ့သဘာဝဖြစ်စေ သို့မဟုတ် ဘုရားသဘောသဘာဝဖြစ်စေ နှစ်မျိုးစလုံးသည် ကောင်းကင်ဘုံ၌ ရှိတော်မူသောအဖ၏ အလိုတော်အတိုင်း နာခံလုပ်ဆောင်သည်။ ခရစ်တော်၏ ဂုဏ်ဒြပ်မှာ ဝိညာဉ်တော်ဖြစ်သည်၊ ဆိုလိုသည်မှာ ဘုရားသဘောသဘာဝ ဖြစ်သည်။ ထို့ကြောင့်၊ သူ၏ ဂုဏ်ဒြပ်မှာ ဘုရားသခင် ကိုယ်တော်တိုင်ပင် ဖြစ်သည် … ဘုရားသခင်သည် လူ့ဇာတိခံယူသောကြောင့် သူသည် သူ၏ဇာတိခန္ဓာအတွင်း သူ၏အနှစ်သာရကို ရုပ်အကောင်အထည်ပေါ်စေ၏။… ဘုရားသခင်သည် အသွေးအသား ဇာတိခန္ဓာ ဖြစ်လာသည့်နောက် သူ၏ ဇာတိခန္ဓာ၏ ကိုယ်ပိုင်လက္ခဏာနှင့်အညီ အလုပ်လုပ်သည်၊ ဇာတိခန္ဓာဖြင့် ကြွလာခဲ့သည့်အတွက် သူလုပ်သင့် လုပ်ထိုက်သော အလုပ်ကို ဇာတိခန္ဓာဖြင့် လုပ်ဆောင်ပြီးစီးခဲ့သည်။ ဘုရားသခင်၏ ဝိညာဉ်တော်ဖြစ်စေ သို့မဟုတ် ခရစ်တော်ပင်ဖြစ်စေ၊ နှစ်မျိုးစလုံးမှာ ဘုရားသခင် ကိုယ်တော်တိုင်ပင်ဖြစ်ပြီး သူလုပ်သင့်လုပ်ထိုက်သော အလုပ်ကို လုပ်ဆောင်ပြီး သူဖော်ဆောင်သင့်သော အမှုတော် လုပ်ငန်းကိုလည်း ဖော်ဆောင်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "ခရစ်တော်၏ဂုဏ်ဒြပ်မှာ ကောင်းကင်ဘုံ၌ ရှိတော်မူသော အဖဘုရားသခင်၏ အလိုတော်ကိုဆောင်ခြင်း ဖြစ်သည်" မှ
လူ့ဇာတိခံယူသော ဇာတိပကတိမှာ ဝိညာဉ်တော်မှ အစပြုခြင်းဖြစ်သည်၊ သူသည် ဝိညာဉ်တော်၏လူ့ဇာတိခံယူခြင်းဖြစ်သည်၊ ဆိုလိုသည်မှာ နှုတ်ကပတ်တော်သည် လူ့ဇာတိခံယူခြင်းဖြစ်သည်။ တစ်နည်းဆိုပါက ဘုရားသခင်ကိုယ်တော်တိုင် လူ့ဇာတိအတွင်း အသက်ရှင်ခြင်းဖြစ်သည်။… ဤအကြောင်းရင်းကြောင့် သူ့ကို "လူသား" ဟုခေါ်သော်လည်း သူသည် လူသားမျိုးနွယ်ဝင်နှင့် မသက်ဆိုင်သည့်အပြင် လူသား၏ ပင်ကိုအရည်အချင်းများ မရှိပေ၊ ဤသည်မှာ ဘုရားသခင်ကိုယ်တိုင် ယူတင်ဝတ်ဆင်သော လူသားဖြစ်သည်၊ ဤသည်မှာ ဘုရားသခင် လက်ခံသောလူသားဖြစ်သည်။ နှုတ်ကပတ်တော်များအတွင်း ဘုရားသခင်၏ဝိညာဉ်တော်ကို သရုပ်ထင်စေပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လူ့ဇာတိ၌ တိုက်ရိုက်ထုတ်ဖော်ထားသည်။ ဘုရားသခင်သည် လူ့ဇာတိ၌ နေထိုင်ပြီး ပို၍လက်တွေ့ကျသော ဘုရားသခင်တစ်ဆူဖြစ်ကြောင်း ဤအရာက သာ၍ပင်ရှင်းလင်းစေ၍၊ ၎င်းမှ ဘုရားသခင် တည်ရှိကြောင်းကို သက်သေပြိသဖြင့် လူသားတို့ ဘုရားသခင်ကို ဆန့်ကျင်သည့် ခေတ်ကာလကို အဆုံးသတ်စေမည်ဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "အခန်း ၆" စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သော နက်နဲမှုများ၏ အနက်ဖွင့်ဆိုချက် မှ
လူ့ဇာတိခံယူထားတဲ့ လူသားရဲ့ သားဟာ သူ့ရဲ့ လူ့သဘောသဘာဝကနေတစ်ဆင့် ဘုရားသခင်ရဲ့ ဘုရားသဘောသဘာဝကို ဖော်ပြပြီး လူသားမျိုးနွယ်ဆီကို ဘုရားသခင်ရဲ့ အလိုတော်ကို သယ်ဆောင်ခဲ့ပါတယ်။ နောက်ပြီး ဘုရားသခင်ရဲ့ အလိုတော်နဲ့ စိတ်သဘောထားရဲ့ ဖော်ပြချက်ကနေတစ်ဆင့် ဝိညာဉ်နယ်ပယ်မှာ မြင်လို့ သို့မဟုတ် ထိတွေ့လို့မရတဲ့ ဘုရားသခင်ကိုလည်း လူတွေဆီကို ဖွင့်ပြခဲ့တယ်။ လူတွေ မြင်ခဲ့တဲ့အရာက အသွေးအသားနဲ့ အရိုးနဲ့ ထိတွေ့နိုင်တဲ့ ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်ပါတယ်။ ဒါကြောင့် လူသားရဲ့ လူ့ဇာတိခံယူတဲ့သားတော်ဟာ ဘုရားသခင်ရဲ့ ကိုယ်ပိုင် ဝိသေသလက္ခဏာ၊ အဆင့်အတန်း၊ ပုံသဏ္ဌာန်၊ စိတ်သဘောထားနဲ့ သူရဲ့ အရာအားလုံးနဲ့ဖြစ်ခြင်းတို့ကို ခိုင်မာပြီး လူသားဆန်စေခဲ့တယ်။ လူသားရဲ့ အပြင်ပန်း အသွင်အပြင်က ဘုရားသခင်ရဲ့ ပုံသဏ္ဌာန်နဲ့ပတ်သက်ပြီး အကန့်အသတ်တစ်ချို့ရှိခဲ့ပေမဲ့ သူ့ရဲ့အနှစ်သာရနဲ့ သူ့ရဲ့ အရာအားလုံးနဲ့ဖြစ်ခြင်းဟာ ဘုရားသခင်ရဲ့ ကိုယ်ပိုင် ဝိသေသလက္ခဏာနဲ့ အဆင့်အတန်းတို့ကို လုံးဝ ကိုယ်စားပြုနိုင်ပါတယ်။ ဖော်ပြခြင်းပုံစံမှာ ကွာခြားချက် နည်းနည်းလောက်သာ ရှိတယ်။ လူသားရဲ့ လူ့သဘာဝဖြစ်စေ၊ သူ့ရဲ့ ဘုရားသဘောသဘာဝဖြစ်စေ၊ သူဟာ ဘုရားသခင်ရဲ့ ကိုယ်ပိုင် ဝိသေသလက္ခဏာနဲ့ အဆင့်အတန်းကို ကိုယ်စားပြုတယ်ဆိုတာကို ငါတို့ မငြင်းနိုင်ဘူး။ ဒါပေမဲ့ ဒီအချိန်ကာလမှာ ဘုရားသခင်ဟာ လူ့ဇာတိကနေတစ်ဆင့် အလုပ်လုပ်ခဲ့တယ်။ လူ့ဇာတိရဲ့ ရှုထောင့်ကနေ ပြောဆိုခဲ့ပြီး လူသားရဲ့ သားရဲ့ ဝိသေသလက္ခဏာနဲ့ အဆင့်အတန်းတို့နဲ့ လူသားမျိုးနွယ်ရှေ့မှာ ရပ်ခဲ့တယ်။ ဒီအချက်က လူသားမျိုးနွယ်ကြားမှာ ဘုရားသခင်ရဲ့ စစ်မှန်တဲ့ နှုတ်ကပတ်တော်တွေနဲ့ လုပ်ဆောင်မှုကို ကြုံတွေ့ပြီး သိရှိခံစားဖို့ အခွင့်အလမ်းကို လူတွေကို ပေးခဲ့တယ်။ ဒီအချက်ဟာ နှိမ့်ချခြင်းတွေရဲ့အလယ်မှာ သူ့ရဲ့ ဘုရားသဘောသဘာဝနဲ့ သူ့ရဲ့ကြီးမြတ်ခြင်းကို လူတွေ ထိုးထွင်းသိမြင်စေပြီး ဘုရားသခင်ရဲ့ စစ်မှန်ခြင်းနဲ့ လက်တွေ့အရှိတရားအပေါ် ပဏာမနားလည်ခြင်းနဲ့ ပဏာမအဓိပ္ပာယ်ကို ရရှိစေပါတယ်။ သခင်ယေရှုပြီးမြောက်ခဲ့တဲ့ လုပ်ဆောင်ချက်၊ သူ့ရဲ့လုပ်ဆောင်တဲ့နည်းလမ်း၊ သူစကားပြောတဲ့ ရှုထောင့်တွေဟာ ဝိညာဉ်ရေးရာနယ်ပယ်မှာ ဘုရားသခင်ရဲ့ တကယ့်ပုဂ္ဂိုလ်နဲ့ ကွာခြားပေမဲ့ သူနဲ့ပတ်သက်တဲ့အရာရာတိုင်းက လူတွေ အရင်က တစ်ခါမှ မမြင်ဖူးတဲ့ ဘုရားသခင် ကိုယ်တော်တိုင်ကို အမှန်တကယ် ကိုယ်စားပြုခဲ့တယ်။ ဒါကို ငြင်းလို့မရပါဘူး။ ဆိုလိုတာက ဘုရားသခင်က ဘယ်ပုံသဏ္ဌာန်နဲ့ ပေါ်ထွန်းပါစေ၊ ဘယ်ရှုထောင့်ကနေ သူစကားပြောပါစေ၊ သို့မဟုတ် လူသားမျိုးနွယ်ကို ဘယ်ပုံသဏ္ဌာန်နဲ့ သူရင်ဆိုင်ပါစေ၊ ဘုရားသခင်ဟာ သူ့ကိုယ်သူကလွဲပြီး ဘယ်အရာကိုမှ ကိုယ်စားမပြုပါဘူး။ သူဟာ ဘယ်လူသားကိုမှ ကိုယ်စားမပြုနိုင်ဘူး။ သူဟာ ဖောက်ပြန်ပျက်စီးတဲ့ ဘယ်လူသားကိုမှ ကိုယ်စားမပြုနိုင်ဘူး။ ဘုရားသခင်ဟာ ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်တယ်။ ဒါကို ငြင်းပယ်လို့မရပါဘူး။"
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် ၃" မှ
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "သုံးပါးတစ်ဆူ တည်ရှိပါသလော" မှ
"ဘုရားသခင်သည် ယေရှုအား သူ၏ ချစ်သားဟုပင် ပွင့်လင်းစွာ ပြောခဲ့သည်မဟုတ်လော" ဟု ဆိုကြသော ထိုသူအချို့ ရှိကြသေးသည်။ "ယေရှုသည် ဘုရားသခင်နှစ်သက်မြတ်နိုးရာ သူ၏ချစ်သားပေတည်း" ဟူသည်အား ဘုရားသခင် ကိုယ်တိုင်မှ ပြောခဲ့သည်မှာ သေချာပါသည်။ ယင်းမှာ ဘုရားသခင်သည် သူ့ကိုယ်သူ သက်သေ ခံနေခြင်းပင်ဖြစ်သည်၊ သို့သော် ကောင်းကင်ဘုံမှ ဝိညာဥ်တော်သည် သူကိုယ်တိုင်၏ လူ့ဇာတိခံယူခြင်းကို သက်သေခံနေခြင်းဟူသည့် ကွဲပြားခြားနားသော ရှုထောင့်မှသာ ဖြစ်သည်။ ယေရှုသည် သူ၏ လူ့ဇာတိ ခံယူခြင်းပင် ဖြစ်ပြီး၊ ကောင်းကင်ဘုံမှ သူ၏ သားတော်မဟုတ်ပါ။ သင်နားလည် ပါ၏လော။ "ခမည်းတော် သည် ငါ၌ရှိတော်မူ၍ ငါသည်လည်း ခမည်းတော်၌ ရှိ၏" ဟူသော ယေရှု၏ စကားများသည် သူတို့မှာ ဝိညာဥ်တော် တစ်ပါးတည်းသာဖြစ်သည်ကို ညွှန်းဆိုနေခြင်းပင် မဟုတ်လော။ လူ့ဇာတိခံယူခြင်းကြောင့်သာ သူတို့သည် ကောင်းကင်နှင့် မြေကြီးကြားတွင် ကွဲပြားနေရခြင်းပင် မဟုတ်လော။ လက်တွေ့တွင်မူ သူတို့သည် တစ်ပါးတည်းသာ ဖြစ်သေးသည်၊ မည်သို့ပင်ဖြစ်စေကာမူ၊ ယင်းသည် ဘုရားသခင်မှ သူကိုယ်တိုင်အား ရိုးစင်းစွာ သက်သေခံနေခြင်းပင် ဖြစ်သည်။ ခေတ်ကာလများ၏ အပြောင်းအလဲအရ၊ အလုပ်၏ လိုအပ်ချက် များအရနှင့် သူ့စီမံခန့်ခွဲမှု အစီအစဥ်၏ ကွဲပြားခြားနားသော အဆင့်များအရ သူ့အား လူမှခေါ်ဆိုသော အမည်သည်လည်း ကွဲပြားခြားနားသွားရခြင်း ဖြစ်သည်။ အလုပ်၏ ပထမအဆင့်အား ဆောင်ရွက်ရန် သူကြွဆင်းလာခဲ့သော အခါတွင်၊ သူ့အား ယေဟောဝါ၊ ဣသရေလလူမျိုးများ၏ သိုးထိန်းဟူ၍သာ ခေါ်ဆို နိုင်သည်။ ဒုတိယအဆင့်တွင်မူ၊ လူ့ဇာတိခံယူသော ဘုရားသခင်အား သခင်နှင့် ခရစ်တော် ဟူ၍သာ ခေါ်ဆို နိုင်သည်။ သို့သော် ထိုအချိန်တွင်မူ၊ ကောင်းကင်ဘုံမှ ဝိညာဥ်တော်သည် ထိုသူမှာ ဘုရားသခင်၏ ချစ်သား ဟူ၍သာ ဖော်ပြခဲ့ပြီး၊ ဘုရားသခင်၏ တစ်ဦးတည်းသော သားတော်ဟူသည့် သူ့ဖြစ်ခြင်းနှင့် ပတ်သက်၍ မည်သည့် ဖော်ပြချက်မှ မပြုခဲ့ပါ။ ဤအရာသည် တကယ်ပင် ဖြစ်ပွားခြင်းမရှိခဲ့။ အဘယ်သို့နှင့် ဘုရားသခင် ထံတွင် ကလေးတစ်ဦးတည်းသာ ရှိနိုင်လိမ့်မည်နည်း။ ဤသို့ဆိုပါက ဘုရားသခင်သည် လူပင်ဖြစ်နေလိမ့်မည် မဟုတ်ပေလော။ သူသည် လူ့ဇာတိခံယူခြင်း ဖြစ်သည့်အတွက်၊ ဘုရားသခင်၏ ချစ်သောသားဟု ခေါ်ဆို ခံရခြင်းဖြစ်ပြီး၊ ဤအရာမှ ခမည်းတော်နှင့် သားတော်ကြားရှိ ဆက်နွှယ်မှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ယင်းမှာ ကောင်းကင်နှင့် မြေကြီးကြားရှိ ခြားနားခြင်းကြောင့်ပင် ဖြစ်သည်။ ယေရှုသည် ဇာတိပကတိ၏ ရှုထောင့်မှနေ၍ ဆုတောင်းခဲ့သည်။ သူသည် ထိုကဲ့သို့သော ပုံမှန်လူသားသဘာဝ၏ ဇာတိပကတိကို ယူတင် ဝတ်ဆင်ထားသည့် အတွက်၊ ဇာတိပကတိ၏ ရှုထောင့်မှနေ၍ "ငါ၏ အပြင်ပန်းအခွံသည် ဖန်ဆင်းခံ သတ္တဝါ တစ်ဦး၏ အရာသာ ဖြစ်သည်။ ဤမြေကြီးသို့ ကြွဆင်းလာရန် ငါသည် ဇာတိပကတိအား ယူတင်ဝတ်ဆင် သည့်အတွက် ယခုတွင် ငါသည် ကောင်းကင်ဘုံနှင့် အလွန့် အလွန် ဝေးကွာလျက်ရှိ၏" ဟုသူပြောခဲ့ခြင်း ဖြစ်သည်။ ဤအကြောင်းရင်းကြောင့်၊ သူသည် ခမည်းတော် ဘုရားသခင်အား ဇာတိပကတိ၏ ရှုထောင့်မှ နေ၍သာ ဆုတောင်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ဤအရာသည် သူ၏တာဝန်ပင် ဖြစ်ခဲ့ပြီး၊ ယင်းအား လူ့ဇာတိ ခံယူသော ဘုရားသခင်၏ ဝိညာဥ်တော်မှ ဖြည့်ဆည်းသင့်သည့် အရာလည်း ဖြစ်သည်။ ခမည်းတော်အား သူသည် ဇာတိပကတိ၏ ရှုထောင့်မှနေ၍ ဆုတောင်းသော အကြောင်းကြောင့် သူ့အား ဘုရားသခင် တကယ် မဟုတ်ဟု ပြော၍မရနိုင်ပါ။ သူသည် ဘုရားသခင်၏ ချစ်သားဟု ခေါ်ဆိုခံရသော်လည်း၊ သူသည် ဘုရားသခင် ကိုယ်တိုင်ပင် ဖြစ်နေသေးသည်၊ အကြောင်းမှာ သူသည် ဝိညာဥ်တော်၏ လူ့ဇာတိခံယူခြင်းသာ ဖြစ်ပြီး၊ သူ၏ အနှစ်သာရသည်လည်း ဝိညာဥ်တော်ပင် ဖြစ်နေသေးသောကြောင့် ဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "သုံးပါးတစ်ဆူ တည်ရှိပါသလော" မှ
အကယ်၍ သင်တို့အထဲတွင် သုံးပါးတစ်ဆူသည် အမှန်ပင် တည်ရှိသည်ဟု ပြောဆိုသူရှိပါက၊ ဘုရားသခင်တစ်ဆူထဲတွင် မည်ကဲ့သို့ ပုဂ္ဂိုလ်သုံးပါး ရှိနေသည်ကို အတိအကျ ရှင်းပြလော့။ သန့်ရှင်းသော ခမည်းတော် ဆိုသည်မှာ အဘယ်နည်း။ သားတော်ဆိုသည်မှာ အဘယ်နည်း။ သန့်ရှင်းသော ဝိညာဥ်တော် ဆိုသည်မှာ အဘယ်နည်း။ ယေဟောဝါသည် သန့်ရှင်းသော ခမည်းတော်လော။ ယေရှုသည် သားတော်လော။ ဤသို့ဆိုလျှင် သန့်ရှင်းသော ဝိညာဉ်တော်မှာ မည်သည်နည်း။ ခမည်းတော်သည် ဝိညာဥ်တော်ဖြစ်သည် မဟုတ်လော။ သားတော်၏ အနှစ်သာရသည်လည်း ဝိညာဥ်တော်ပင် ဖြစ်သည် မဟုတ်လော။ ယေရှု၏ အလုပ်သည် သန့်ရှင်းသော ဝိညာဥ်တော်၏ အလုပ်ပင် မဟုတ်လော။ ထိုအချိန်က ယေဟောဝါ၏ အလုပ်အား ဆောင်ရွက် ခဲ့သည့် ဝိညာဥ်တော်မှာ ယေရှုတုန်းကနှင့် အတူတူပင် မဟုတ်လော။ ဘုရားသခင်တွင် ဝိညာဥ်တော်များ မည်မျှရှိနိင်မည်နည်း။ သင်၏ ရှင်းပြချက်အရ ဆိုပါက၊ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဥ်တော် ပုဂ္ဂိုလ်သုံးပါးပေါင်း တစ်ဆူဟုဆိုသည်၊ ဤသို့ဆိုပါက၊ ဝိညာဥ်တော် သုံးပါးရှိပေမည်၊ သို့သော် ဝိညာဥ်တော် သုံးပါးရှိခြင်းသည် ဘုရားသခင်သုံးဆူ ရှိသည်ဟု ဆိုလိုသည်။ ဤအရာသည် စစ်မှန်သော ဘုရားသခင် တစ်ဆူတည်းမရှိဟု ဆိုလိုနေသည်၊ ဤကဲ့သို့သော ဘုရားသခင်မျိုးသည် အဘယ်နည်းနှင့် ဘုရားသခင်၏ ပင်ကိုယ်အနှစ်သာရ ဆက်ရှိနိုင်နေမည်နည်း။ ဘုရားသခင် တစ်ဆူတည်းသာ ရှိသည်ဟု သင်လက်ခံလျှင် သူ့မှာ အဘယ်နည်းနှင့် သားတော်တစ်ပါး ရှိကာ ခမည်းတော်ဖြစ် နေနိုင်မည်နည်း။ ဤအရာများ အားလုံးသည် သင်၏ အယူအဆများပင် မဟုတ်လော။ ဘုရားသခင် တစ်ဆူတည်းသာ ရှိသည်၊ ဤဘုရားသခင်တွင် ပုဂ္ဂိုလ်တစ်ပါးတည်းနှင့် ဘုရားသခင်၏ ဝိညာဥ်တော် တစ်ပါးတည်းသာ ရှိသည်၊ ထိုနည်းတူ သမ္မာကျမ်းစာထဲ၌လည်း "သန့်ရှင်းသော ဝိညာဉ်တော် တစ်ပါးတည်းသာရှိ၍ ဘုရားသခင် တစ်ဆူတည်းသာ ရှိတော်မူ၏" ဟူ၍ ရေးသားထားသည်။ သင်ပြောသည့် ခမည်းတော်ဖြစ်ဖြစ်၊ သားတော်ဖြစ်ဖြစ် တည်ရှိသည်ဖြစ်စေ၊ စင်စစ်မူကား ဘုရားသခင် တစ်ဆူတည်းသာ ရှိ၏၊ သင်တို့ယုံကြည်သော ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဥ်တော်၏ အနှစ်သာရသည် သန့်ရှင်းသော ဝိညာဥ်တော်၏ အနှစ်သာရပင် ဖြစ်သည်။ တစ်နည်းဆိုရလျှင်၊ ဘုရားသခင်သည် ဝိညာဥ်တော်ဖြစ်၏၊ သို့သော် သူသည် လူ့ဇာတိခံယူနိုင်၍ လူတို့အကြား နေထိုင်နိုင်ပြီး၊ အရာအားလုံး၏ အထက်၌လည်း ဖြစ်နေနိုင်သည်။ သူ၏ ဝိညာဉ်တော်သည် အလုံးစုံ ပြည့်ဝပြီး နေရာတိုင်းတွင် တစ်ပြိုင်နက် ရှိနေသည်။ သူသည် ဇာတိခန္ဓာထဲနှင့် စကြဝဠာတစ်လျှောက်လုံးတွင် တစ်ပြိုင်နက်တည်း ရှိနေနိုင်သည်။ လူအားလုံးသည် စစ်မှန်သောဘုရားသခင် တစ်ဆူတည်းသာ ရှိသည်ဟု ပြောကြသည် ဖြစ်၍၊ မည်သူမျှ စိတ်ထင်တိုင်း ပိုင်းစိတ်၍မရသော ဘုရားသခင်တစ်ဆူတည်း ရှိပေမည်။ ဘုရားသခင်သည် ဝိညာဥ်တော် တစ်ပါးတည်း၊ ပုဂ္ဂိုလ်တစ်ပါးတည်းသာ ဖြစ်၏၊ ယင်းသည်ပင် ဘုရားသခင်၏ ဝိညာဥ်တော် ဖြစ်သည်။ အကယ်၍ သင်တို့ ဆိုကြသည့်အတိုင်း၊ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဥ်တော် ဟူ၍ ဖြစ်သည်ဆိုပါက၊ ယင်းတို့သည် ဘုရားသခင် သုံးဆူဖြစ်နေသည် မဟုတ်လော။ သန့်ရှင်းသော ဝိညာဉ်တော်က တစ်ပါးဖြစ်ပြီး၊ သားတော်က အခြားတစ်ပါး၊ ခမည်းတော်ကလည်း နောက်အခြား တစ်ပါး ဖြစ်နေမည်။ သူတို့သည် မတူညီသော အနှစ်သာရများရှိသည့် ကွဲပြားသော ပုဂ္ဂိုလ်သုံးပါး ဖြစ်သည်၊ သို့ကြောင့် ထိုသူအသီးသီးတို့သည် အဘယ်နည်းနှင့် ဘုရားသခင် တစ်ဆူတည်း၏ အစိတ်အပိုင်းများ ဖြစ်နိုင် မည်နည်း။ သန့်ရှင်းသော ဝိညာဥ်တော်သည် ဝိညာဥ်တော်ပင်ဖြစ်သည်၊ ဤအချက်မှာမူ လူအတွက် နားလည်ရန် လွယ်ကူသည်။ ထိုသို့ဆိုလျှင်၊ ခမည်းတော်သည် ဝိညာဥ်တော် သာ၍ဖြစ်သေးသည်။ သူသည် ကမ္ဘာမြေသို့ မည်သည့်အခါမျှ မဆင်းကြွခဲ့သည်သာမက မည်သည့်အခါမျှ လူ့ဇာတိလည်း မခံယူခဲ့ပေ။ လူ၏ နှလုံးသားထဲတွင် သူသည် ယေဟောဝါ ဘုရားသခင်ဖြစ်ပြီး၊ သူသည်လည်း ဝိညာဥ်တော် အမှန်ပင်ဖြစ်၏။ ဤသို့ဆိုလျှင် သူနှင့် သန့်ရှင်းသော ဝိညာဉ်တော်ကြားရှိ ဆက်နွှယ်မှုသည် အဘယ်နည်း။ ယင်းမှာ ခမည်းတော်နှင့် သားတော်ကြားရှိ ဆက်နွှယ်မှုလော။ သို့တည်းမဟုတ် သန့်ရှင်းသော ဝိညာဥ်တော်နှင့် ခမည်းတော်၏ ဝိညာဉ်တော်ကြားရှိ ဆက်နွှယ်မှုလော။ ဝိညာဥ်တော် အသီးသီး၏ အနှစ်သာရသည် အတူ တူပင် ဖြစ်သလော။ သို့မဟုတ် သန့်ရှင်းသော ဝိညာဥ်တော်သည် ခမည်းတော်၏ အသုံးခံတန်ဆာပလာ တစ်ခုလော။ ဤအရာအား မည်ကဲ့သို့ ရှင်းပြ၍ ရနိုင်မည်နည်း။ ပြီးနောက်တွင် သားတော်နှင့် သန့်ရှင်းသော ဝိညာဥ်တော်အကြားရှိ ဆက်နွှယ်မှုသည် အဘယ်နည်း။ ယင်းသည် ဝိညာဉ်တော်နှစ်ပါးကြားရှိ ဆက်နွှယ်မှုလော၊ သို့မဟုတ် လူသားတစ်ဦးနှင့် ဝိညာဉ်တော် တစ်ပါးအကြားရှိ ဆက်နွှယ်မှုလော။ ဤအရာအားလုံးသည် ရှင်းပြချက် ဘာမျှမရှိသော အရာများပင်ဖြစ်သည်။ အကယ်၍ ထိုသူတို့ အားလုံးသည် ဝိညာဥ်တော် တစ်ပါး တည်း ဆိုပါက၊ ပုဂ္ဂိုလ်သုံးပါးအကြောင်း ပြောနေ၍မရနိုင်ပါ၊ အကြောင်းမှာ ထိုသူတို့သည် ဝိညာဥ်တော် တစ်ပါးတည်းကိုသာ ပိုင်ဆိုင်ထားကြ၍ ဖြစ်သည်။ အကယ်၍သာ သူတို့သည် ကွဲပြားသော ပုဂ္ဂိုလ်သုံးပါး ဆိုပါက သူတို့၏ ဝိညာဥ်တော်များသည် အစွမ်းခွန်အားအရ ကွဲပြားနေလိမ့်မည် ဖြစ်ပြီး၊ သူတို့သည် အမှန်ပင် ဝိညာဥ်တော် တစ်ပါးတည်း ဖြစ်၍မနေနိုင်ပါ။ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဥ်တော်ဟူသည့် ဤအယူအဆသည် လုံးဝအဓိပ္ပာယ်မရှိသော အရာပင်ဖြစ်သည်။ ယင်းသည် ဘုရားသခင်အား ပိုင်းစိတ်ကာ သူ့အား တစ်ဦးချင်းစီတွင် ဂုဏ်ပုဒ်နှင့် ဝိညာဥ်တော်ရှိသော ပုဂ္ဂိုလ်သုံးပါးအဖြစ်သို့ ခွဲခြမ်းပစ်သည်၊ ဤတွင် သူသည် အဘယ်နည်းနှင့် ဝိညာဥ်တော်တစ်ပါးနှင့် ဘုရားသခင်တစ်ဆူတည်းအဖြစ် ဆက်ရှိနေနိုင်မည်နည်း။ ငါ့ကိုပြောပါ၊ ကောင်းကင်၊ မြေကြီးနှင့် ထိုအထဲမှ အရာများအားလုံးကို ဖန်ဆင်းခဲ့သည်မှာ ခမည်းတော်လော၊ သားတော်လော၊ သို့မဟုတ် သန့်ရှင်းသော ဝိညာဥ်တော်ပင်လော။ ယင်းတို့ကို သူတို့အားလုံး အတူတကွ ဖန်ဆင်းခဲ့သည်ဟု အချို့က ပြောကြသည်။ ဤသို့ဆိုလျှင် လူသားမျိုးနွယ်အား မည်သူက ရွေးနှုတ်ခဲ့သနည်း။ ထိုသူမှာ သန့်ရှင်းသော ဝိညာဥ်တော်လော၊ သားတော်လော၊ သို့တည်းမဟုတ် ခမည်းတော်လော။ လူသား မျိုးနွယ်အား ရွေးနှုတ်ခဲ့သူမှာ သားတော်ပင်ဖြစ်သည်ဟု အချို့က ဆိုကြသည်။ ဤသို့ဆိုလျှင် အနှစ်သာရအရတွင်ကား သားတော်သည် အဘယ်သူဖြစ်သနည်း။ သူသည် ဘုရားသခင် ဝိညာဥ်တော်၏ လူ့ဇာတိခံယူခြင်းပင် မဟုတ်ပေလော။ ဖန်ဆင်းခံလူတစ်ဦး၏ ရှုမြင်ပုံအရ အဆိုပါလူ့ဇာတိခံယူသူသည် ကောင်းကင်ဘုံမှ ဘုရားသခင်ကို ခမည်းတော်ဟူသော အမည်ဖြင် ခေါ်ဆိုသည်။ ယေရှုသည် သန့်ရှင်းသော ဝိညာဥ်တော်အားဖြင့် ပဋိသန္ဓေ တည်၍ မွေးဖွားခဲ့သည်ကို သင်သတိမပြုမိသလော။ သူ၏အတွင်းတွင် သန့်ရှင်းသော ဝိညာဥ်တော်ပင် ဖြစ်သည်၊ သင်မည်သို့ပင် ဆိုသည်ဖြစ်စေ၊ သူသည် ကောင်းကင်ဘုံမှ ခမည်းတော်နှင့် တစ်လုံးတစ်ဝတည်းပင် ဖြစ်နေသေးသည်၊ အကြောင်းမှာသူသည် ဘုရားသခင်ဝိညာဥ်တော်၏ လူ့ဇာတိခံယူခြင်းပင် ဖြစ်သောကြောင့် ဖြစ်သည်။ ဤသားတော်ဟူသော စိတ်ကူးအကြံသည် တကယ်ပင် မမှန်ကန်ပါ။ ယင်းသည် အလုပ်အားလုံးကို ဆောင်ရွက်သော ဝိညာဥ်တော် တစ်ပါးတည်းသာ ဖြစ်သည်၊ ဘုရားသခင် ကိုယ်တိုင်သာလျှင်၊ ဆိုလိုသည်မှာ၊ ဘုရားသခင်၏ ဝိညာဥ်တော်သာလျှင် သူ၏အလုပ်အား ဆောင်ရွက်သူဖြစ်သည်။ ဘုရားသခင်၏ ဝိညာဥ်တော် ဆိုသည်မှာ မည်သူနည်း။ ယင်းမှာ သန့်ရှင်းသော ဝိညာဥ်တော်ပင် မဟုတ်လော။ ယေရှု၏ အထဲ၌ အလုပ်လုပ်သော သန့်ရှင်းသော ဝိညာဥ်တော်ပင် မဟုတ်လော။ အကယ်၍ အလုပ်အား သန့်ရှင်းသော ဝိညာဥ်တော်မှ (ဘုရားသခင်၏ ဝိညာဥ်တော်ဟု ဆိုလိုသည်) ဆောင်ရွက်ခဲ့ခြင်း မရှိလျှင်၊ သူ၏ အလုပ်သည် ဘုရားသခင်ကိုယ်တိုင်အား ကိုယ်စားပြုနိုင်ခဲ့မည်လော။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "သုံးပါးတစ်ဆူ တည်ရှိပါသလော" မှ
လူသည် အဦးဆုံးတွင် မြင်ခဲ့ရသော အရာမှာ သန့်ရှင်းသော ဝိညာဥ်တော်သည် ယေရှုအပေါ်သို့ ချိုးငှက်အဖြစ် ဆင်းသက်ခြင်းပင် ဖြစ်သည်၊ ယင်းမှာ ယေရှု၏ သီးသန့်ဝိညာဥ်တော် မဟုတ်သော်လည်း၊ တကယ်တမ်းတော့ သန့်ရှင်းသော ဝိညာဥ်တော်သာ ဖြစ်သည်။ သို့ဆိုလျှင် ယေရှု၏ ဝိညာဥ်တော်သည် သန့်ရှင်းသော ဝိညာဥ်တော်မှ ခွဲခွာ၍ ရနိုင်သလော။ အကယ်၍ ယေရှုသည် ယေရှု၊ သားတော် ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဥ်တော်သည် သန့်ရှင်းသော ဝိညာဥ်တော်သာ ဖြစ်မည်ဆိုပါက သူတို့သည် မည်ကဲ့သို့ တစ်ပါးတည်း ဖြစ်နိုင်မည်နည်း။ ဤကဲ့သို့သာ ဆိုပါက၊ အလုပ်သည် ပြီးမြောက်ခဲ့မည်ပင် မဟုတ်ပါ။ ယေရှု အထဲရှိ ဝိညာဥ်တော်၊ ကောင်းကင်ဘုံမှ ဝိညာဥ်တော်နှင့် ယေဟောဝါ၏ ဝိညာဥ်တော်တို့သည် တစ်ပါးတည်းသာ ဖြစ်သည်။ ယင်းကို သန့်ရှင်းသော ဝိညာဥ်တော်၊ ဘုရားသခင်၏ ဝိညာဥ်တော်၊ ခုနှစ်ဆပြင်းသော ဝိညာဥ်တော်၊ အလုံးစုံ ခြုံလွှမ်းသော ဝိညာဥ်တော်ဟူ၍ ခေါ်ဆိုနိုင်သည်။ ဘုရားသခင်၏ ဝိညာဥ်တော် တစ်ပါးတည်းပင်လျှင် အလုပ်များစွာ ဆောင်ရွက်နိုင်သည်။ သူသည် ကမ္ဘာကြီးအား ဖန်ဆင်းနိုင်ပြီး၊ ၎င်းအား ရေလွှမ်းမိုးခြင်းဖြင့် ဖျက်ဆီးနိုင်သည်၊ လူသားမျိုးနွယ် အားလုံးကိုလည်း ရွေးနှုတ်နိုင်သည်၊ ထို့ထက်အပြင် လူသားမျိုးနွယ် အားလုံးအားလည်း သိမ်းပိုက်နိုင်ပြီး ဖျက်လည်းဖျက်ဆီးနိုင်သည်။ ဤအလုပ်အားလုံးကို ဘုရားသခင် ကိုယ်တိုင်ကသာလျှင် ဆောင်ရွက်နိုင်ပြီး၊ ဘုရားသခင်၏ မည်သည့်ပုဂ္ဂိုလ် တစ်ပါးပါးကမျှ သူ့ကိုယ်စား လုပ်ဆာင်၍မရနိုင်ပါ။ သူ၏ဝိညာဥ်တော်အား ယေဟောဝါ၊ ယေရှုနှင့် အနန္တတန်ခိုးရှင် ဟူသည့်အမည်များဖြင့် ခေါ်ဆိုနိုင်သည်။ သူသည် သခင်ဖြစ်ပြီး၊ ခရစ်တော်ဖြစ်သည်။ သူသည် လူသား၏သားလည်း ဖြစ်လာနိုင်သည်။ သူသည် ကောင်းကင်ဘုံ၌ရှိပြီး မြေကြီးပေါ်၌လည်း ရှိသည်၊ သူသည် စကြဝဠာများအထက်နှင့် တိုင်းနိုင်ငံများ အထက်တွင် ရှိသည်။ သူသည် ကောင်းကင်နှင့် မြေကြီး၏ တစ်ဦးတည်းသော အရှင်သခင်ပင် ဖြစ်သည်။ ဖန်ဆင်းခြင်းအချိန်မှစ၍ ယခုအထိ၊ ဤအလုပ်ကို ဘုရားသခင်ကိုယ်တိုင်၏ ဝိညာဥ်တော်မှ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ကောင်းကင်ဘုံမှ အလုပ်ဖြစ်စေ၊ သို့မဟုတ် ဇာတိပကတိထဲမှ အလုပ်ဖြစ်စေ၊ အလုံးစုံအား သူ၏ ဝိညာဥ်တော် ကိုယ်တိုင်မှ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ကောင်းကင်ဘုံတွင် သော်လည်းကောင်း၊ မြေကြီး ပေါ်တွင် သော်လည်းကောင်း၊ ရှိသမျှသော ဖန်ဆင်းခံခပ်သိမ်းတို့သည် သူ၏ အနန္တလက်ဖဝါး ပေါ်တွင်သာ ရှိကြသည်၊ ဤအရာအားလုံးသည် ဘုရားသခင်ကိုယ်တိုင်၏ အလုပ်များ ဖြစ်ကြပြီး၊ သူ့အစား အခြား မည်သူကမျှ လုပ်ဆောင်နိုင်ခြင်းမရှိ။ ကောင်းကင်ဘုံတွင် သူသည် ဝိညာဥ်တော်ဖြစ်ပြီး ဘုရားသခင်ကိုယ်တိုင် လည်းဖြစ်သည်၊ လူတို့ကြားတွင်မူ သူသည် ဇာတိပကတိဖြစ်သော်လည်း ဘုရားသခင် ကိုယ်တိုင်အဖြစ် ဆက်လက်တည်ရှိနေသေးသည်။ သူ့အား ရာထောင်ချီသောအမည်များဖြင့် ခေါ်ဆိုကောင်း ခေါ်ဆိုနိုင်သော်လည်း၊ သူသည် သူကိုယ်တိုင်ပင် ဖြစ်နေသေးပြီး၊ အလုပ်[ခ] အားလုံးမှာလည်း သူ့ဝိညာဥ်တော်၏ တိုက်ရိုက် ဖော်ပြချက်များ ဖြစ်သည်။ သူ၏ ကားတိုင်ပေါ်တွင် အသေခံခြင်းအားဖြင့် လူသားမျိုးနွယ် အားလုံးအား ရွေးနှုတ်ခြင်းမှာလည်း သူ့ဝိညာဥ်တော်၏ တိုက်ရိုက် အလုပ်ပင် ဖြစ်ခဲ့ပြီး၊ နောက်ဆုံးသော ကာလတွင် လူမျိုးအားလုံးနှင့် တိုင်းနိုင်ငံ အားလုံးတို့အား ကြွေးကြော်ခြင်းမှာလည်း ထိုနည်းလည်းကောင်းပင် ဖြစ်သည်။ ခပ်သိမ်းသော အချိန်တို့တွင် ဘုရားသခင်အား အနန္တတန်ခိုးရှိသော စစ်မှန်သည့် တစ်ဆူတည်းသော ဘုရားသခင်၊ အလုံးစုံ လွှမ်းခြုံသော ဘုရားသခင်ဟုသာ ခေါ်ဆိုနိုင်သည်။ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဥ်တော်ဟူသည့် ဤစိတ်ကူးအကြံအား မဆိုထားနှင့်၊ ကွဲပြားသော ပုဂ္ဂိုလ်အပါးပါးသည်ပင် မတည်ရှိချေ။ ကောင်းကင်နှင့် မြေကြီးပေါ်တွင် ဘုရားသခင် တစ်ဆူတည်းသာ ရှိသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "သုံးပါးတစ်ဆူ တည်ရှိပါသလော" မှ


No comments:
Post a Comment