သင်သည် အမှန်တကယ် လေ့ကျင့်မှသာ၊ အမှန်တကယ် ရှာဖွေမှသာ၊ အမှန်တကယ် ဆုတောင်းမှသာနှင့် သမ္မာတရားကို ရှာဖွေခြင်းအတွက်ဒုက္ခခံရန် လိုလိုလားလားရှိမှသာလျှင် သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အတွင်း၌ အလုပ်လုပ်နိုင်သည်။ သမ္မာတရားကို မရှာဖွေသူတို့တွင် စာလုံးများနှင့် အယူဝါဒများ၊ အနှစ်သာရကင်းမဲ့သော သဘောတရားများမှလွဲ၍ မည်သည့်အရာမျှ ရှိမည်မဟုတ်ဘဲ သမ္မာတရားကင်းမဲ့သူတို့သည် ဘုရားသခင်နှင့် ပတ်သက်သည့် စိတ်ကူးများ အမြောက်အမြား ရှိကြသည်။ ထိုသို့သောလူများသည် တတိယကောင်းကင်ဘုံသို့ တက်နိုင်ရန်အတွက် ၎င်းတို့၏ ဇာတိခန္ဓာကိုယ်ကို ဘုရားသခင်မှ ဝိညာဉ်ကိုယ်ခန္ဓာသို့ ပြောင်းလဲစေရန်အတွက်သာ တောင့်တကြသည်။ ထိုလူတို့ ရူးမိုက်ကြလေတကား။ ယင်းသို့ ပြောသောသူတို့အားလုံးသည် ဘုရားသခင်နှင့် ပတ်သက်၍ သို့မဟုတ် လက်တွေ့ကျခြင်းနှင့် ပတ်သက်၍ အသိဉာဏ် မရှိကြပေ။ ထိုသို့သော လူတို့သည် ဘုရားသခင်နှင့် ပူးပေါင်းနိုင်ရန် အကြောင်းမရှိဘဲ မလှုပ်မယှက်သာ စောင့်မျှော်နိုင်ကြသည်။ လူတို့သည် သမ္မာတရားကို သိရှိပြီး သမ္မာတရားကို ရှင်းလင်းစွာ မြင်ရန်ဆိုပါက၊ ထိုမှတဖန် ထိုသူတို့သည် သမ္မာတရားအတွင်း ၀င်ရောက်ပြီး လက်တွေ့ ကျင့်သုံးရန်ဆိုပါက၊ ထိုသူတို့သည် အမှန်တကယ် လေ့ကျင့်ကြရမည်၊ အမှန်တကယ် ရှာဖွေကြရမည်ဖြစ်ပြီး အမှန်တကယ် ဆာလောင်မွတ်သိပ် ကြရမည်။ သင်သည် ဆာလောင်မွတ်သိပ်သောအခါနှင့် ဘုရားသခင်နှင့် အမှန်တကယ် ပူးပေါင်း လုပ်ဆောင်သည့်အခါ ဘုရားသခင်၏ ဝိညာဉ်တော်သည် သေချာပေါက် သင့်ကို ထိတွေ့လိမ့်မည်ဖြစ်ပြီး၊ သင်၏အတွင်းတွင် လုပ်ဆောင်လိမ့်မည်၊ ယင်းသည် သင့်အား ဉာဏ်အလင်းကို ပိုမိုရရှိစေပြီး လက်တွေ့ကျခြင်းကို ပိုမိုသိရှိစေကာ သင့်ဘဝအသက်တာကို ကြီးစွာ ထောက်ကူလိမ့်မည်။
လူများသည် ဘုရားသခင်ကို သိရှိရန်ဆိုပါက၊ ထိုသူတို့အနေဖြင့် ဘုရားသခင်သည် လက်တွေ့ကျသော ဘုရားသခင်ဖြစ်ကြောင်း ပထမဦးစွာသိရမည်ဖြစ်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သိရှိရမည်၊ ဘုရားသခင်၏ လက်တွေ့ကျသော လူ့ဇာတိ၌ပေါ်လာခြင်းနှင့် ဘုရားသခင်၏ လက်တွေ့ကျသော အမှုတော်များကို သိရှိရမည်။ ဘုရားသခင်၏ အမှုတော်တို့သည် လက်တွေ့ကျသည်ကို သိရှိပြီးမှသာလျှင် သင်သည် ဘုရားသခင်နှင့် အမှန်တကယ် ပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်ပြီး၊ ဤလမ်းကြောင်းအားဖြင့်သာလျှင် သင်သည် သင်၏ ဘဝအသက်တာ တိုးတက်မှုကို ရရှိနိုင်သည်။ လက်တွေ့ကျခြင်းကို မသိသော သူအားလုံးတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တွေ့ကြုံရန် နည်းလမ်းများ မရှိပေ၊ ထိုသူတို့သည် ၎င်းတို့၏အယူအဆများတွင် ပိတ်မိနေသည်၊ ထိုသူတို့သည် ၎င်းတို့၏ စိတ်ကူးစိတ်သန်းများတွင် နေထိုင်ကြသည်၊ သို့ဖြစ်ရာ ထိုသူတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို မသိရှိကြပေ။ လက်တွေ့ကျခြင်းကို သိနားလည်မှုများလေလေ၊ သင်သည် ဘုရားသခင်နှင့် နီးစပ်လေလေဖြစ်ပြီး သင်သည် ဘုရားသခင်နှင့်နီးစပ်လေလေ၊ ကိုယ်တော်နှင့် ရင်းနှီးလေလေ ဖြစ်သည်၊ သင်သည် ဝေဝါးမှုများ၊ စိတ်ကူးစိတ်သန်းများနှင့် အယူဝါဒများကို ရှာဖွေလေလေ၊ ဘုရားသခင်နှင့် ဝေးကွာလေလေ ဖြစ်မည် ဖြစ်သောကြောင့် ဘုရားသခင်၏နှုတ်ကပတ်တော်များကို တွေ့ကြုံခံစားရသည်မှာ ပင်ပန်း၍ ခက်ခဲသည်ဟု ခံစားရလေလေ ဖြစ်ပြီး၊ သင်သည် ဝင်ရောက်နိုင်ခြင်း မရှိဟု ခံစားရလေလေ ဖြစ်မည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ လက်တွေ့ကျခြင်းသို့ ဝင်ရောက်လိုပြီး သင်၏ဝိညာဉ်ရေးအသက်တာအတွက် လမ်းကြောင်းမှန်ပေါ်သို့ ဝင်ရောက်လိုသောဆန္ဒ ရှိပါက၊ သင်သည် ရှေးဦးစွာ လက်တွေ့ကျခြင်းကို သိရှိရမည်ဖြစ်ပြီး သင့်ကိုယ်သင် ဝေ၀ါးခြင်းနှင့် သဘာဝလွန် အရာများမှ သီးခြားရှိစေရမည်—ဆိုလိုသည်မှာ သင်၏အတွင်းတွင် သန့်ရှင်းသော ဝိညာဉ်တော်သည် အမှန်တကယ် မည်သို့ အသိဉာဏ်ပွင့်လင်းစေပြီး လမ်းညွှန်ပေးသည်ကို နားလည်ရမည်။ ဤနည်းလမ်းအားဖြင့် သင့်အတွင်း သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော်ကို အမှန်တကယ် နားလည်သဘောပေါက်နိုင်လျှင် သင်သည် ဘုရားသခင်အားဖြင့် စုံလင်စေခြင်း အမှုတော်၏ လမ်းကြောင်းမှန်သို့ ဝင်ရောက်နိုင်ခဲ့ပြီးပေလိမ့်မည်။
ယနေ့ခပ်သိမ်းသောအရာတို့သည် လက်တွေ့ကျခြင်းမှ အစပြုကြသည်။ ဘုရားသခင်၏အမှုတော်သည် လက်တွေ့အကျဆုံးဖြစ်ပြီး၊ လူတို့ထိတွေ့ နိုင်သည်၊ ၎င်းကို လူတို့ ကြုံတွေ့နိုင်ပြီး ရရှိနိုင်သည်။ လူတို့၏အတွင်းတွင် ဝေဝါးမှုနှင့် သဘာဝလွန်ဖြစ်ရပ်များစွာရှိပြီး၊ ယင်းတို့က ဘုရားသခင်၏ လက်ရှိအမှုတော်အား သိခြင်းကို တားမြစ်ထားသည်။ ထို့ကြောင့် ၎င်းတို့၏ အတွေ့အကြုံများတွင် ၎င်းတို့သည် အမြဲ လမ်းလွဲသွားပြီး အမြဲခက်ခဲသည်ဟု ခံစားရသည်၊ ဤအရာအားလုံးသည် ထိုသူတို့၏ စိတ်ကူးများအားဖြင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ လူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော်၏ အခြေခံသဘောတရားများကို နားလည်သဘောပေါက်နိုင်ခြင်း မရှိပေ၊ ထိုသူတို့သည် လက်တွေ့ကျခြင်းကို မသိကြပေ၊ ထို့ကြောင့် ထိုသူတို့သည် ၎င်းတို့၏ဝင်ရောက်ခြင်းလမ်းကြောင်း၌ အမြဲအပျက်သဘော ဆောင်ကြသည်။ ထိုသူတို့သည် ဘုရားသခင်၏ သတ်မှတ်ချက်များကို အဝေးမှ ကြည့်မျှော်ကြပြီး၊ ၎င်းတို့ကို ရရှိနိုင်ခြင်း မရှိကြပေ၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ အမှန်တကယ် ကောင်းမွန်သည်ကို မြင်ရုံပင်မြင်ပါသော်လည်း ဝင်ရောက်ရန် လမ်းကြောင်းကို ရှာမတွေ့ကြပေ။ သန့်ရှင်းသောဝိညာဉ်တော်သည် ဤအခြေခံသဘောတရားအားဖြင့် အမှုတော်များကို ဆောင်ရွက်သည်- လူတို့၏ ပူးပေါင်းဆောင်ရွက်မှုအားဖြင့်၊ ၎င်းတို့ တက်ကြွစွာ ဆုတောင်းခြင်း၊ ဘုရားသခင်ကိုရှာဖွေခြင်းနှင့် ဘုရားသခင်နှင့် နီးရာသို့လာခြင်းတို့အားဖြင့် ရလဒ်များ ရရှိနိုင်ပြီး သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် အသိဉာဏ်ပွင့်လင်း၍ ဉာဏ်အလင်းရစေနိုင်သည်။ ဤအကြောင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်က တစ်ဖက်သတ်လုပ်ဆောင်ခြင်း သို့မဟုတ် လူသားက တစ်ဖက်သတ် လုပ်ဆောင်ခြင်း မဟုတ်ပေ။ နှစ်ဖက်လုံးက မရှိမဖြစ်ဖြစ်ပြီး၊ လူတို့က ပူးပေါင်းဆောင်ရွက်လေလေ၊ ၎င်းတို့သည် ဘုရားသခင်သတ်မှတ်သည့် စံချိန်စံနှုန်းများကို ပိုမိုရရှိရန် ကြိုစားအားထုတ်ကြလေလေ၊ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော်က ပိုကြီးမြတ်လေလေ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်မြတ်၌ ထပ်ပေါင်းထားသော လူတို့၏ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုသည်သာ၊ လက်တွေ့ကျသော အတွေ့အကြုံများနှင့် ဘုရားသခင်နှုတ်ကပတ်တော်များအား ထိရောက်စွာသိကျွမ်းမှုကို ရရှိနိုင်မည် ဖြစ်သည်။ တဖြည်းဖြည်းနှင့်၊ ဤနည်းလမ်းနှင့် အတွေ့အကြုံအားဖြင့်၊ နောက်ဆုံးတွင် စုံလင်သည့်လူ ဖြစ်လာသည်။ ဘုရားသခင်သည် သဘာဝထက် လွန်ကဲသည့်အရာများကို မပြုလုပ်ပေ၊ လူတို့၏စိတ်ကူးများထဲတွင် ဘုရားသခင်သည် အနန္တတန်ခိုးရှင်ဖြစ်ပြီး၊ အရာအားလုံးကို ဘုရားသခင်ပြုလုပ်သည်—ရလဒ်အနေဖြင့် လူတို့က မလှုပ်မယှက်ဘဲ စောင့်မျှော်ကြသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ခြင်း သို့မဟုတ် ဆုတောင်းခြင်းမရှိကြဘဲ၊ သန့်ရှင်းသောဝိညာဉ်တော်၏ထိတွေ့မှုကို စောင့်နေရုံမျှသာ စောင့်နေကြသည်။ သို့သော် မှန်ကန်သောနားလည်မှုရှိသည့် သူများက- ဘုရားသခင်၏ လုပ်ဆောင်မှုများသည် ကျွန်ုပ်ပူးပေါင်းဆောင်ရွက်သလောက်အထိသာ ကန့်သတ်ထားပြီး ဘုရားသခင် အမှုတော်၏ သက်ရောက်မှုသည် ကျွန်ုပ်မည်သို့ပူးပေါင်းဆောင်ရွက်သည် ဆိုသည့်အပေါ် တည်မှီသည်။ ဘုရားသခင်က ပြောဆိုသည့်အခါ ဘုရား၏နှုတ်ကပတ်တော်ကို ကျွန်ုပ်သည်တတ်နိုင်သမျှ ရှာဖွေရန် နှင့် ကြိုးပမ်းရန် ဆောင်ရွက်ရမည်၊ ဤသည်ကား ကျွန်ုပ်ရရှိအောင်မြင်သင့်သည့်အရာဖြစ်သည်ဟု ယုံကြည်ကြသည်။
ပေတရုနှင့် ပေါလုတို့တွင် လက်တွေ့ကျခြင်းကို အလေးအထားဆုံးသူမှာ ပေတရု ဖြစ်သည်ကို ရှင်းလင်းစွာ သင်တို့မြင်နိုင်သည်။ ပေတရု၏ ဖြတ်သန်းမှုကို ကြည့်လျှင် သူ၏အတွေ့အကြုံများသည် ယခင်ကရှုံးနိမ့်ခဲ့သူများ၏ သင်ခန်းစာများကို ပေါင်းရုံးဖော်ပြထားပြီး၊ သူသည် ယခင်က သန့်ရှင်းသူတို့၏ ခွန်အားများကို လေ့ကျက်မှတ်သားခဲ့သည်ကို တွေ့မြင်နိုင်ပြီး—ယင်းမှ ပေတရု၏ အတွေ့အကြုံများမှာ မည်မျှ လက်တွေ့ကျခဲ့သည်ကို တွေ့မြင်နိုင်ပြီး၊ ယင်းတို့သည် လူတို့ တွေ့ထိနိုင်လောက်အောင် လုံလောက်ပြီး အစွမ်းရှိကာ၊ လူတို့က ရယူနိုင်ခဲ့ကြသည်ကို တွေ့မြင်နိုင်၏။ သို့သော်လည်း ပေါလုကမူ ကွဲပြားခြားနားခဲ့၏- တတိယကောင်းကင်သို့ သွားခြင်း၊ ပလ္လင်ထက်သို့ သွားခြင်းနှင့် ဖြောင့်မတ်သောသရဖူ စသည့်အရာများကဲ့သို့ သူပြောဆိုခဲ့သည်များအားလုံးက ဝေဝါးပြီးမမြင်တွေ့ရပေ။ သူကအပြင်ပန်းအရာကို အလေးပေးခဲ့သည်- ရာထူးဂုဏ်အခြေအနေအပေါ်နှင့် လူများကို အပြစ်ဖော်ဆုံးမခြင်း၊ သူ၏ရာထူးသက်ကြီးမြင့်ခြင်းကို ကြွားဝါခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်၏ ထိတွေ့မှုကိုခံရခြင်း စသည်တို့ဖြစ်ကြသည်။ သူရရှိအောင် အားထုတ်ခဲ့သည့် အရာကား လက်တွေ့ကျခြင်း မရှိဘဲ အများအားဖြင့် စိတ်ကူးသက်သက် ဖြစ်သည်၊ ထို့ကြောင့် သန့်ရှင်းသောဝိညာဉ်တော်က လူအများကို မည်မျှထိတွေ့သည်၊ လူအများမွေ့လျော်သော ကြီးမားသည့် ဝမ်းမြောက်မှု၊ တတိယကောင်းကင်သို့သွားခြင်း၊ သို့မဟုတ် ပုံမှန်လေ့ကျင့်သင်ယူပြီး အတိုင်းအတာတစ်ခုအထိ မွေ့လျော်ခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီး အတိုင်းအတာတစ်ခုအထိ သဘောကျ နှစ်ခြိုက်ခြင်း စသဖြင့် သဘာဝလွန်ဖြစ်သည့် အရာအားလုံးမှာ တစ်ခုမှ လက်တွေ့ကျမှုမရှိ သည်ကို မြင်နိုင်သည်။ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော်အားလုံးမှာ သာမန်သာဖြစ်ပြီး လက်တွေ့ကျသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်ဖတ်ပြီး ဆုတောင်းသည့်အခါ၊ အတွင်း၌ သင်သည် တောက်ပပြီး ခိုင်မာမှုရှိသည်၊ ပြင်ပကမ္ဘာက သင့်ကိုမနှောင့်ယှက်နိုင်ပေ၊ အတွင်း၌ သင်သည် ဘုရားသခင်ကိုချစ်ရန် လိုလိုလားလား ရှိသည်၊ အပြုသဘောဆောင်သော အရာများဆောင်ရွက်ရန် လိုလိုလားလားရှိပြီး၊ ဆိုးယုတ်သည့်ကမ္ဘာကို သင်စက်ဆုပ်သည်၊ ဤသည်ကား ဘုရားသခင်အတွင်း အသက်ရှင်ခြင်းဖြစ်၍ လူအများပြောဆိုသကဲ့သို့ အလွန် မွေ့လျော်နေခြင်း မဟုတ်ပေ။ ထိုသို့သော အပြောမျိုးမှာ လက်တွေ့မကျပေ။ ယနေ့ ခပ်သိမ်းသောအရာတိုင်းသည် လက်တွေ့ကျခြင်းမှ စတင်သည်။ ဘုရားသခင်ပြုသော ခပ်သိမ်းသော အရာတိုင်းသည် လက်တွေ့ကျပြီး၊ သင်၏အတွေ့အကြုံထဲတွင် ဘုရားသခင်ကို အမှန်တကယ်သိရန် အထူးဂရုပြုပြီး၊ ဘုရားသခင် အမှုတော်၏ ခြေရာများနှင့် လူအများအား သန့်ရှင်းသောဝိညာဉ်တော် ထိတွေ့သည့်နည်းလမ်းနှင့် အလင်းပေးသည့် နည်းလမ်းတို့ကို ရှာဖွေခြင်းကို အထူးဂရုပြုရမည်။ သင်သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို စားသောက်ပြီး၊ ဆုတောင်းပြီး၊ ပိုမိုလက်တွေ့ကျသည့်နည်းလမ်းဖြင့် ပူးပေါင်းဆောင်ရွက်ပါက၊ အတိတ်က ကောင်းမွန်ခဲ့သည့်အရာကို လက်ခံပြီး၊ ပေတရုကဲ့သို့မကောင်းသည်များကိုပယ်ပါက၊ နားများဖြင့် နားထောင်ပြီး မျက်လုံးများဖြင့် လေ့လာပြီး၊ မကြာခဏ ဆုတောင်းပြီး သင်၏စိတ်နှလုံးထဲတွင် တွေးဆပြီး၊ ဘုရားသခင်၏ အမှုတော်နှင့် တတ်နိုင်သလောက် ပူးပေါင်းဆောင်ရွက်ပါက၊ ဘုရားသခင်သည် သင့်ကို အမှန်တကယ် လမ်းပြလိမ့်မည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏မှ

No comments:
Post a Comment