ငါနှစ်ပေါင်းထောင်နှင့်ချီ စီမံခန့်ခွဲ လုပ်ဆောင်လာခဲ့သော အလုပ်ကို နောက်ဆုံးသော နေ့ရက်ကာလ၌သာ လူကို အပြည့်အစုံ ဖော်ပြမည်။ ငါ့စီမံခန့်ခွဲမှု အစီအစဉ်၏ လျှို့ဝှက်နက်နဲမှု အစုံအလင်ကို ငါက လူအား ယခုမှ ဖွင့်ပြခြင်းဖြစ်သည်။ ငါလုပ်ဆောင်သည့် အလုပ်၏ ရည်ရွယ်ချက်ကို လူက သိပြီး၊ ငါ၏ လျှို့ဝှက်နက်နဲမှုများ အားလုံးကိုလည်း နားလည်ပြီးဖြစ်ပါသည်။ သူစိုးရိမ်နေသည့် သူ၏ ခရီးပန်းတိုင် အကြောင်းကိုလည်း ငါက လူကို အားလုံးပြောပြပြီး ဖြစ်သည်။ နှစ်ပေါင်း (၅၉၀၀) ကျော် ဖုံးကွယ်ထားသည့် ငါ၏လျှို့ဝှက်နက်နဲမှုများ အားလုံးကိုလည်း လူကို ဖော်ပြပြီးဖြစ်သည်။ ယေဟောဝါက မည်သူနည်း။ မေရှိယက မည်သူနည်း။ ယေရှုက မည်သူနည်း။ ဤမေးခွန်းအားလုံး၏ အဖြေကို သင်တို့ သိသင့်သည်။ ငါ၏အလုပ်သည် ဤအမည်များနှင့် ပတ်သက်သော အလုပ်ဖြစ်သည်။ ထိုအရာကို သင်တို့ နားလည်ပြီလော။ မြင့်မြတ်သန့်ရှင်းသော ငါ၏အမည်ကို မည်သို့မည်ပုံ ကြေငြာသင့်သနည်း။ ငါ၏ အမည်တစ်ခုခုအားဖြင့် ငါ့ကို ခေါ်သည့် တိုင်းနိုင်ငံများအကြား၌ ငါ၏ အမည်ကို မည်သို့မည်ပုံ ပျံ့နှံ့စေသင့်သနည်း။ ငါ၏အလုပ်ကို ချဲ့ထွင်နေပြီ ဖြစ်ပြီးသည့်အပြင် ငါလုပ်ဆောင်သည့် အလုပ်ကို ငါသည် တိုင်းနိုင်ငံများအားလုံး အကြား၌ အပြည့်အဝ ပျံ့နှံ့စေမည်ဖြစ်သည်။ သင်တို့၌ ငါ့အလုပ်ကို လုပ်ဆောင်ခဲ့ပြီး ဖြစ်သောကြောင့် ငါသည် သင်တို့ကို နိုင်ငံတိုင်း နိုင်ငံတိုင်းသို့ ပျံ့နှံ့စေရန်အတွက် ယေဟောဝါက ဣသရေလနိုင်ငံ၌ ဒါဝိဒ်၏ မိသားစုမှ သိုးထိန်းများကို ရိုက်သလို ငါသည် သင်တို့ကို ရိုက်မည်။ နောက်ဆုံးသော ကာလ၌ ငါသည် နိုင်ငံတိုင်း နိုင်ငံတိုင်းကို တစစီ ဖြစ်စေပြီး လူတို့ကို အသစ်တဖန် ပျံ့နှံ့စေမည်။ ငါပြန်လာသော အခါ၌ တိုင်းနိုင်ငံများသည် ငါ၏မီးတောက်များဖြင့် သတ်မှတ်ထားသည့် နယ်နိမိတ်များ ပိုင်းခြားထားပြီး ဖြစ်လိမ့်မည်။ ထိုအချိန်၌ လူသားများအား ငါသည် ခြစ်ခြစ်တောက်ပူသော နေအဖြစ် ကိုယ့်ကိုယ်ကို အသစ် တဖန် ဖော်ပြမည်၊ သူတို့ အရင်က တခါမျှ မမြင်ဖူးသည့် မြင့်မြတ်သန့်ရှင်းသော သူအဖြစ် ကိုယ့်ကိုယ်ကို ထင်ထင်ရှားရှား ဖော်ပြမည်၊ ငါ ယေဟောဝါက ယုဒမျိုးနွယ်များအကြား၌ တချိန်က လမ်းလျှောက်ခဲ့သလို လူအမျိုးမျိုး အစုစုတို့၏ တိုင်းနိုင်ငံများအကြား၌ ငါလျှောက်မည်။ ထိုအချိန်မှစ၍ ငါသည် ကမ္ဘာပေါ်၌ လူသားများ၏ အသက်တာကို ဦးဆောင်လမ်းပြမည်။ ထိုနေရာ၌ သူတို့သည် ငါ၏ ဘုန်းအသရေကို သေချာပေါက် မြင်လိမ့်မည်၊ သူတို့၏ အသက်တာ၌ လမ်းပြမည့် လေထုထဲမှ မိုးတိမ်တိုင်ကိုလည်း သေချာပေါက် မြင်လိမ့်မည်။ အကြောင်းမှာ မြင့်မြတ်သန့်ရှင်းသော နေရာများ၌ ငါသည် ကိုယ့်ကိုယ်ကို ဖော်ပြမည် ဖြစ်သောကြောင့် ဖြစ်သည်။ လူသည် ငါ၏ ဖြောင့်မတ်ခြင်း နေ့ရက်ကို မြင်တွေ့လိမ့်မည်။ ဘုန်းကြီးသော ငါ၏အသွင်သဏ္ဍာန်ကိုလည်း မြင်လိမ့်မည်။ တစ်လောကလုံးကို ငါအုပ်စိုးသောအချိန်၌၊ ငါ့သားများကို ငါ၏ ဘုန်းအသရေထဲသို့ ခေါ်ဆောင်လာသည့် အချိန်၌ ထိုသို့ ဖြစ်လိမ့်မည်။ ကမ္ဘာပေါ်ရှိ နေရာတိုင်း၌ လူတို့သည် ပျပ်ဝပ်ကြလိမ့်မည်။ ယနေ့ငါလုပ်ဆောင်နေသော အလုပ်၏ ကျောက်ပေါ်တွင် ငါ၏ တဲတော်ကို လူသားများအကြား၌ ခိုင်မြဲစွာ တည်ထားမည်။ လူတို့သည်လည်း ငါ့ကို ဗိမ္မာန်တော်၌ အစေခံ ကြလိမ့်မည်။ ညစ်ညမ်းပြီး စက်ဆုပ်ရွံရှာဖွယ် ကောင်းသည့် အရာများနှင့် ပြည့်နေသည့် ယဇ်ပလ္လင်ကိုလည်း ငါသည် တစစီဖြစ်အောင် ဖျက်ဆီးပြီး အသစ်ပြန်လည် တည်ဆောက်မည်။ သိုးသားပေါက်များ၊ နွားသားပေါက် များသည် မြင့်မြတ်သန့်ရှင်းသော ယဇ်ပလ္လင်ပေါ်၌ ပုံနေလိမ့်မည်။ ငါသည် ယနေ့ခေတ် ဗိမာန်တော်ကို ဖြိုချပြီး ဗိမာန်တော်သစ်ကို ဆောက်မည်။ စက်ဆုပ်ဖွယ်ကောင်သော လူများနှင့် ပြည့်နေသော ယနေ့တွေ့ရသည့် ဗိမာန်တော်သည် ပြိုလိမ့်မည်။ ငါတည်ဆောက်သော ဗိမာန်တော်သစ်သည် ငါ့အပေါ်သစ္စာရှိသော လူများနှင့် ပြည့်နေလိမ့်မည်။ ငါ၏ ဗိမာန်တော်၏ ဘုန်းအသရေအတွက် သူတို့သည် တဖန်ထပြီး ငါ့ကို အစေခံကြလိမ့်မည်။ ကြီးမားသော ဘုန်းအသရေကို ငါလက်ခံရရှိသော နေ့ကို သင်တို့ သေချာပေါက် မြင်လိမ့်မည်။ ဗိမာန်တော်ကို ဖြိုချပြီး အသစ်ပြန်လည် တည်ဆောက်သည့် နေ့ကိုလည်း သင်တို့ သေချာပေါက် မြင်လိမ့်မည်။ လူတို့၏ ကမ္ဘာသို့ ငါ၏တဲတော် ရောက်လာသည်ကိုလည်း သင်တို့ သေချာပေါက် မြင်တွေ့ကြလိမ့်မည်။ ငါသည် ဗိမာန်တော်ကို ဖြိုသောအချိန်၌ လူတို့၏ ကမ္ဘာသို့ ငါ၏ တဲတော်ကိုလည်း ယူဆောင်လာမည်။ ထိုမြင်ကွင်းသည် ငါကြွဆင်းလာသည်ကို လူတို့ မြင်သလို ဖြစ်လိမ့်မည်။ ငါသည် တိုင်းနိုင်ငံများကို ဖျက်ဆီးပြီးနောက် လူမျိုး အသီးသီးကို အသစ်တဖန် စုစည်းပြီးနောက် ငါ၏ဗိမာန်တော်ကို တည်ဆောက်မည်၊ ငါ၏ ယဇ်ပလ္လင်ကို တည်မည်။ လူသားများအားလုံး ပူဇော်သက္ကာများကို ငါ့ထံဆပ်ကပ်နိုင်ဖို့၊ ငါ၏ ဗိမာန်တော်၌ ငါ့ကို အစေခံနိုင်ဖို့၊ တစ်ပါးအမျိုးသား တိုင်းနိုင်ငံများ၌ ငါ၏အလုပ်အတွက် သူတို့ကိုယ်ကို လုံးလုံးလျားလျား သစ္စာရှိစွာ ပေးအပ် အစေခံနိုင်စေဖို့ ဖြစ်သည်။ သူတို့သည် ယနေ့ခေတ် ဣသရေလလူမျိုးများကဲ့သို့ ဖြစ်လိမ့်မည်၊ သူတို့သည် ယဇ်ပုရောဟိတ် ဝတ်ရုံကို ဝတ်ပြီး သရဖူကို ဆောင်းထားလိမ့်မည်၊ သူတို့အကြား၌ ငါ ယေဟောဝါ၏ ဘုန်းတန်ခိုးသည်လည်း ရှိနေလိမ့်မည်။ ငါ၏ ကြီးမြတ်သော ဘုန်းတန်ခိုးသည် သူတို့အပေါ်၌သာမက သူတို့ အကြား၌လည်း ရှိနေလိမ့်မည်။ တစ်ပါးအမျိုးသား တိုင်းနိုင်ငံများ၌လည်း ငါသည် ဤသို့ လုပ်ဆောင်မည် ဖြစ်သည်။ ဣသရေလနိုင်ငံအကြား၌ ငါလုပ်ဆောင်ခဲ့သလို၊ သူတို့အကြား၌လည်း ငါလုပ်ဆောင်မည် ဖြစ်သည်။ အကြောင်းမှာ ငါသည် ဣသရေလနိုင်ငံ၌ ငါ၏အလုပ်ကို ချဲ့ထွင် လုပ်ဆောင်မည့်အပြင် တစ်ပါးအမျိုးသား တိုင်းနိုင်ငံများ အကြား၌လည်း ငါသည် ငါ၏အလုပ်ကို ချဲ့ထွင် လုပ်ဆောင်မည် ဖြစ်သောကြောင့် ဖြစ်သည်။
ဤအချိန်သည် ကြီးမားသော အမှုများကို ငါ၏ဝိညာဉ်က လုပ်ဆောင်နေချိန် ဖြစ်သည်။ တစ်ပါး အမျိုးသား တိုင်းနိုင်ငံများအကြား၌ ငါ၏အလုပ်ကို စတင်လုပ်ဆောင်နေချိန် ဖြစ်သည်။ ထိုအပြင် ဤအချိန်သည် ငါဖန်ဆင်းထားသူများ အားလုံးကို တစ်ဦးချင်း သက်ဆိုင်ရာ အုပ်စုအလိုက် ခွဲခြားနေချိန် ဖြစ်သည်။ ငါ၏ အလုပ် လျှင်လျှင်မြန်မြန်နှင့် ထိထိရောက်ရောက် ရှေ့ဆက်နိုင်ရန်အတွက် ထိုသို့လုပ်ဆောင်ခြင်းဖြစ်သည်။ ငါသင်တို့ဆီမှ တောင်းဆိုနေသည်မှာ ငါ၏အလုပ်အားလုံးအတွက် သင်တို့ကိုယ်ကိုသာမက ရှိရှိသမျှကို ဆက်ကပ်ဖို့ ဖြစ်သည်။ ထို့အပြင် သင်၌ ငါလုပ်ဆောင်ခဲ့သမျှကို သင်သည် ရှင်းရှင်းလင်းလင်း ထိုးထွင်းနားလည်ကာ သေသေချာချာ သိသင့်သည်။ ငါ့အလုပ် ပိုမိုထိရောက်စေရန်အတွက် သင်သည် သင့်ခွန်အား အားလုံးကို အသုံးပြုသင့်သည်။ ဤအချက်ကို သင်နားလည်ရမည်။ အချင်းချင်း ခိုက်ရန်ဖြစ်ခြင်း၊ နောက်ကြောင်းပြန်လှည့်ဖို့ လမ်းကို ရှာဖွေခြင်း၊ ကာမဂုဏ်၌ ပျော်မွေ့ဖို့ ကြိုးစားခြင်းကို ရှောင်ကြလော့။ ငါ၏အလုပ်ကို နှောင့်နှေးစေသည့်အပြင် သင်၏ နှစ်သက်ပျော်ရွှင်ဖွယ် အနာဂါတ်ကို ပျက်စီးစေနိုင်သည့် အရာများဖြစ်သည်။ ထိုအရာများကို လုပ်ဆောင်ခြင်း သည် သင့်ကို အကာအကွယ် လုံးဝ မပေးနိုင်သည့်အပြင် သင့်ကို ပျက်စီးစေမည် ဖြစ်သည်။ ထိုအရာများကို လုပ်ဆောင်ခြင်းသည် မိုက်မဲခြင်းပင် ဖြစ်သည် မဟုတ်လော။ ယနေ့ သင်လောဘတကြီး မွေ့လျော်နေသော အရာများသည် အနာဂါတ်၌ သင့်ကို ဖျက်ဆီးမည့်အရာများ ဖြစ်ပြီး ယနေ့သင် ခံစားနေသည့် နာကျင်မှုသည် သင့်ကို အကာအကွယ်ပေးနေသည့် အရာပင် ဖြစ်သည်။ ဤအရာများကို သင် ရှင်းရှင်းလင်းလင်း သိဖို့ လိုပါသည်။ သို့မှသာ နေကို ကွယ်ထားသည့် ထူထပ်လှသော မြူများကြား၌ သွားနေရသလို ရုန်းထွက်ဖို့ ခက်သည့် စုံစမ်းသွေးဆောင်မှုများကို သင်တို့ ရှောင်ရှားနိုင်မည် ဖြစ်သည်။ မြူထူများ မရှိတော့သော အခါမှ တရားစီရင်သည့် အထူးနေ့၌ သင်တရားစီရင်ခြင်း ခံနေရသည်ကို သင်တွေ့မည် ဖြစ်သည်။ ထိုအချိန်သည် လူသားများ အတွက် ငါ၏ နေ့ရက် ရောက်နေပြီးဖြစ်သည့် အချိန် ဖြစ်လိမ့်မည်။ ငါ၏တရားစီရင်မှုမှ သင်မည်သို့ လွတ်မြောက်နိုင်မည်နည်း။ ခြစ်ခြစ်တောက်ပူသည့် နေ၏ဒဏ်ကို သင်မည်သို့ ခံနိုင်မည်နည်း။ ငါ၌ အလျှံပယ် ကြွယ်ဝခြင်းကို လူအား ပေးသောအခါ၌ သူသည် ငါပေးသည့်အရာများကို မြတ်မြတ်နိုးနိုး ရင်ဝယ်ပိုက်ထားခြင်း မရှိဘဲ၊ မည်သူမျှ သတိမထားမိမည့် နေရာ၌ ပစ်ထားခဲ့သည်။ ငါ၏ နေ့ရက် ရောက်သော အခါ၌ လူသည် ငါ၌ အလျှံပယ် ကြွယ်ဝခြင်းကို လည်းကောင်း၊ တစ်ချိန်က သူ့ကို ငါပြောခဲ့သည့် ခါးသီးဖွယ် သမ္မာတရား စကားကို လည်းကောင်း ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်။ လူသည် အလင်း၏ တောက်ပမှုကို ဆုံးရှုံပြီး အမှောင်ထဲသို့ ကျသောကြောင့် သူသည် ငိုကြွေးမြည်တမ်းမည်။ သင်တို့ ယနေ့တွေ့ရသော အရာများသည် ငါ၏နှုတ်မှ ထက်သော ဓားကိုသာ မြင်ခြင်းဖြစ်သည်။ ငါ၏လက်ထဲ၌ရှိသော တုတ်ကိုသော်လည်းကောင်း လူကို လောင်ကျွမ်းစေမည့် မီးကိုသော်လည်းကောင်း သင်တို့ မမြင်ရသေးပေ။ ထို့ကြောင့် သင်တို့သည် ငါ၏ ရှေ့မှောက်၌ မောက်မာနေဆဲ၊ ကာမဂုဏ်၌ လွန်ကျူးနေဆဲ ဖြစ်သည်။ ထို့ကြောင့် ငါ၏ အိမ်တော်၌ သင်တို့သည် ငါ့ကို တိုက်ခိုက်နေဆဲ ငါ့နှုတ်ဖြင့် ဖန်ဆင်းခဲ့သည့် လျှာကို သုံးပြီး ငါနှင့် အငြင်းပွားနေဆဲဖြစ်သည်။ လူသည် ငါ့ကို ကြောက်ရွံ့ခြင်းမရှိ၊ ယနေ့တိုင်ငါ့ကို ရန်တွေ့နေသော်လည်း ငါ့ကို လုံးဝ မကြောက်ရွံ့ပေ။ သင်တို့၏ နှုတ်များ၌ မဖြောင့်မတ်သော လျှာများ၊ သွားများသာ ရှိကြပြီး သင်တို့၏ စကားများနှင့် လုပ်ဆောင်သော အရာများ သည်လည်း ဧဝကို အပြစ်လုပ်အောင် သွေးဆောင်ခဲ့သည့် မြွေ၏ လုပ်ရပ်များကဲ့သို့ ဖြစ်သည်။ သင်တို့သည် အချင်းချင်း တစ်ယောက်ကို တစ်ယောက် သူ့မျက်စိကို ဖျက်လျှင် ကိုယ့်မျက်စိ ဖျက်ခြင်းကိုခံဖို့၊ သူ့သွားကို ချိုးလျှင် ကိုယ်သွားချိုးခြင်းကို ခံဖို့တောင်းဆို ကြသည်။ ငါ၏ မျက်မှောက်၌ နေရာရဖို့၊ ကျော်ကြားဖို့၊ အမြတ် ရဖို့အတွက် သင်တို့သည် တစ်ယောက်ထံမှ တစ်ယောက်က လုယူကြသည်။ သင်တို့ ပြောသောစကားများနှင့် သင်တို့၏ လုပ်ရပ်များကို ငါတိတ်တဆိတ် စောင့်ကြည့်နေကြောင်းကို သင်တို့ မသိကြ။ သင်တို့ ငါ့မျက်မှောက် သို့ မလာခင်၌ပင် ငါသည် သင်တို့နှလုံးသား အောက်ခြေအထိတိုင်အောင် တိုင်းထွာပြီး ဖြစ်သည်။ လူသည် အစဉ်သဖြင့် ငါ့လက်မှ ရုန်းထွက်လိုကြပြီး ငါ၏ မျက်စိအောက်မှလည်း ရှောင်ထွက်လိုကြသည်။ သို့သော် ငါမူကား သူပြောသောစကားများနှင့် သူလုပ်သော အရာများကို တကြိမ်တခါမျှ မရှောင်ခဲ့ပေ။ လူ၏ မဖြောင့်မတ်မှုကို ပြစ်တင်ဆုံးမပြီး ငါ့အား ပုန်ကန်ခြင်းကို တရားစီရင်ရန်အတွက် သူပြောသောစကားများနှင့် သူလုပ်သော အရာများကို ငါ့မျက်စိရှေ့၌ ရယ်ရွယ်ချက်ရှိရှိ ထားရှိစေခဲ့သည်။ ထို့ကြောင့် သူလျှို့ဝှက်စွာ ပြောဆိုခဲ့သည့် စကားနှင့် လျှို့ဝှက်စွာ လုပ်ခဲ့သည့် အရာများသည် ငါ၏ တရားစီရင်သည့် ပလ္လင်ရှေ့၌ အစဉ် ရှိနေသည်။ လူ၏ ပုန်ကန်မှုသည့် လွန်ကဲလှသောကြောင့် ငါ၏ တရားစီရင်သည့် ပလ္လင်သည် လူရှေ့၌ အမြဲ ရှိနေသည်။ ငါ၏ ဝိညာဉ်ရှေ့၌ လူသည် ပြောဆိုခဲ့သည့်စကားများ၊ လုပ်ဆောင်ခဲ့သည့် လုပ်ရပ်များကို လောင်ကျွမ်းစေပြီး သန့်ရှင်းစေဖို့သည် ငါ၏အလုပ်ဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့် လောကမှ ငါထွက်ခွာ သောအခါ လူတို့သည် ငါ့အပေါ် ဆက်လက် သစ္စာရှိနေမည် ဖြစ်သည်။ ငါ၏အလုပ်အတွက် မြင့်မြတ် သန့်ရှင်း သော ငါ၏အစေခံများ လုပ်ဆောင်သကဲ့သို့ ငါ့ကို ဆက်လက် အစေခံမည်ဖြစ်သည်။ လောက၌ လုပ်ဆောင် လျက်ရှိသော ငါ၏အလုပ် ပြီးသည့်နေ့ ရောက်သည်အထိ ငါ၏ အလုပ်ဆက်နေစေရန် ထိုသို့ လုပ်ဆောင်ကြမည် ဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ
မိတ်ဆွေက သီချင်းနားထောင်ခြင်းကို နှစ်သက်တာ ဖြစ်နိုင်ပါတ
Myanmar Gospel Song 2018 (ရိုးသားသူတစ်ဦး ဖြစ်ရန် ဤသို့ ဝမ်းမြောက်ခြင်း) A Cappella

No comments:
Post a Comment