နောက်တစ်ခုမှာ သင်၏ ကြောက်ရွံ့မှုကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဘေးဖယ်မထားရပေ။ ဘုရားသခင်ထံတွင် တောင်းဆိုမှုအသစ်များ ရှိမရှိ ကြည့်ပါ။ သင်သည် “ဤအချိန်မှစ၍ အရာရာရာ၌ လေ့ကျင့်မှု လက်တွေ့ဘဝထဲသို့ သင်ဝင်ရောက်ရမည်။ သင်လုပ်နေကျဖြစ်သော ရောက်တတ်ရာရာ ပြောနေရုံမျှနှင့် သင်မလုံလောက်တော့ပါ။” ကဲ့သို့သော တောင်းဆိုမှုကို တွေ့ရှိမည်မှာ သေချာသည်။ ဤနေရာတွင်လည်း ဘုရားသခင်၏ ဉာဏ်ပညာသည် ပေါ်လွင်လျက်ရှိသည်။ ဘုရားသခင်သည် သူ၏ သက်သေကို အမြဲအကာအကွယ်ပေးပြီး အတိတ်ကနှုတ်ကပတ်တော်များ၏ လက်တွေ့ဘဝသည် နိဂုံးပိုင်းသို့ ရောက်သောအခါ မည်သူမျှ “လေ့ကျင့်မှု လက်တွေ့ဘဝ” အကြောင်း နားလည်သဘောပေါက်လာနိုင်မည် မဟုတ်ပေ။ ယင်းက ဘုရားသခင်ပြောခဲ့သော “အမှုကို ငါကိုယ်တိုင် လုပ်ဆောင်သည်” ဟူသောစကား မှန်ကန်ကြောင်း သက်သေပင် ဖြစ်ပေသည်။ ယင်းသည် ဘုရားသခင့်အမှု၏ စစ်မှန်သောအဓိပ္ပါယ်နှင့် သက်ဆိုင်ပြီး အသစ်သော အစမှတ်သို့ ရောက်ရှိပြီးစေကာမူ လူသားမျိုးနွယ်သည် ဘုရားသခင့်နှုတ်ကပတ်တော်များ၏ စစ်မှန်သော အဓိပ္ပါယ်ကို အဘယ်ကြောင့် နားလည်သဘောပေါက်နိုင်စွမ်း မရှိကြသည့် အကြောင်းရင်းနှင့်လည်း သက်ဆိုင်သည်။ ထိုသို့ဖြစ်ရခြင်းမှာ အတိတ်ကာလမှ လူအားလုံးနီးပါးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲမှ လက်တွေ့ကျမှုကို ကိုင်စွဲထား သော်လည်း ယနေ့ခေတ်မှာမူ လေ့ကျင့်မှု လက်တွေ့ဘဝအကြောင်း တစ်စွန်းတစ်စမျှပင် မသိပေ။ ဤနှုတ်ကပတ်တော်များ၏ အနှစ်သာရကို နားလည်သဘောပေါက်ခြင်းမရှိဘဲ အပေါ်ယံအကြောင်းအရာများကိုသာ နားလည်ကြသည်။ သာ၍အရေးကြီးသည်မှာ ယနေ့ နိုင်ငံတော်တည်ထာင်မှုတွင် မည်သူတစ်ဦးတစ်ယောက်မျှ ဝင်ရောက်စွက်ဖက်ခွင့် မရှိဘဲ စက်ရုပ်လူသားများကဲ့သို့ ဘုရားသခင်၏ အမိန့်ကို နာခံရန်သာဖြစ်သောကြောင့် ဖြစ်သည်။ ယင်းကို သေချာစွာ အမှတ်ရပါ။ ဘုရားသခင်က အတိတ်က အကြောင်းအရာများကို ပြောဆိုသည့်အခါတိုင်း သူသည် ယနေ့ ဖြစ်နေသော အခြေအနေမှန်ကို စတင်ပြောဆိုလေ့ရှိသည်။ ယင်းသည် အရင်ဖြစ်သည့်အရာနှင့် နောက်ဖြစ်သည့်အရာကြား သိသာထင်ရှားသော ခြားနားချက်ကို ဖြစ်စေသည့် ပြောဆိုပုံဖြစ်ပြီး ယင်းအကြောင်းရင်းကြောင့်် ပို၍ကောင်းမွန်သော အသီးများကို ရရှိနိုင်သည့်အတွက် လူတို့အား အတိတ်နှင့် ပစ္စုပ္ပန်ကို ဘေးချင်းယှဉ်ထားနိုင်စေသည့်အပြင် ဤနည်းအားဖြင့် ဤနှစ်ခုအကြား ကွဲပြားမှုကို ရှုပ်ထွေးစေခြင်းမှ ရှောင်ရှားနိုင်သည်။ ဤသည်မှာ ဘုရားသခင်၏ဉာဏ်ပညာ် ရှုထောင့်တစ်ခုဖြစ်ပြီး ရည်ရွယ်ချက်မှာ အလုပ်၏အသီးများကို အောင်မြင်စွာ ရယူနိုင်ရန်ဖြစ်သည်။ ယင်းနောက် ဘုရားသခင်သည် လူသား၏ အကျည်းတန်မှုကို ထပ်မံ ဖော်ပြလေသည်။ လူသားများအနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နေ့စဉ်စားသုံးရန် ဘယ်သောအခါမျှ မမေ့လျော့စေရန် ဖြစ်ပြီး နေ့စဉ်နေ့တိုင်း ၎င်းတို့သင်ယူရမည့် သင်ခန်းစာအဖြစ် မှတ်ယူစေရန်ဖြစ်သည်။
ဤစကားများကိုပြောပြီးနောက် ဘုရားသခင်သည် သူမူလက ရည်ရွယ်ထားသော အကျိုးဆက်များကို ရရှိခဲ့သည်။ ထို့ကြောင့် လူသားတို့ သူ့အား နားလည်မှု ရှိခြင်း၊ မရှိခြင်းကို နောက်ထပ် အလေးဂရုမပြုဘဲ သူသည် ၎င်းကို စကားအနည်းငယ်ဖြင့် ဖြတ်လိုက်သည်။ အကြောင်းမှာ စာတန်၏အလုပ်သည် လူသားနှင့် မသက်ဆိုင်၊ ဤသည်ကို လူသားမျိုးသည် ဘာမျှမသိ။ ယခုမှာ ဝိညာဉ်လောကကို ကျောခိုင်းပြီးနောက် ဘုရားသခင်သည် လူသားတို့အား သူ၏တောင်းဆိုမှုများကို မည်သို့ လုပ်ဆောင်သည်ကို ပိုမိုကြည့်ရှုပါ။ “ငါ့ဘုံဗိမာန်ထဲတွင် အနားယူရင်း ငါ အနီးကပ်လေ့လာကြည့်၏- ကမ္ဘာမြေပေါ်ရှိ လူများအားလုံးသည် သူတို့၏ပန်းတိုင်နှင့် သူတို့၏အနာဂတ် အဖို့အလို့ငှာ ‘ကမ္ဘာလှည့် ခရီးသွားခြင်း’ နှင့် ပြေးပြေးလွှားလွှား သွားသွားလာလာဖြင့် ပျားပန်းခပ်မျှ လှုပ်ရှားနေကြသည်။ သို့သော် မည်သည့် တစ်စုံတစ်ဦးကမျှ ငါ့နိုင်ငံတော် တည်ထောင်ရန်အတွက် စွမ်းအားအပို မရှိပေ။ အသက်ရှူရာတွင် အသုံးပြုသည့် အင်အားမျှပင် မရှိပေ။” ဤအစဉ်အလာများကို လူသားတို့နှင့် အပြန်အလှန်ပြုပြီးနောက် ဘုရားသခင်သည် ထိုသူတို့အား အလေးဂရုမပြုဘဲနေသေး၍ ဝိညာဉ်ရှုထောင့်မှ ဆက်လက်စကားပြောကာ ယင်းစကားများအားဖြင့် လူသားမျိုးနွယ်တစ်ခုလုံးရှိ ယေဘုယျအခြေအနေများကို ဖော်ထုတ်ပြသလေသည်။ “ကမ္ဘာလှည့် ခရီးသွားခြင်း” နှင့် “ပြေးပြေးလွှားလွှား သွားသွားလာလာ” ဆိုသည်မှ ရှင်းရှင်းလင်းလင်း မြင်ရသည်မှာ လူ့ဘဝသည် အနှစ်သာရ ကင်းမဲ့သည့် အကြောင်းပင် ဖြစ်သည်။ ဘုရားသခင်၏ အနန္တတန်ခိုးတော်နှင့်ပြည့်စုံသည့် ကယ်တင်ခြင်းအတွက်သာ မဟုတ်ပါက၊ တရုတ်ပြည်၏အင်ပါယာအမျိုးအနွယ်သည် အသက်တာတစ်ခုလုံး အချည်းနှီး သာ၍နေထိုင်ကြမည်ဖြစ်ကာ ၎င်းတို့သည် မရဏနိုင်ငံအတွင်းနှင့် ငရဲအတွင်းသို့ကျခြင်းက လောကအတွင်းသို့ လာရောက်ခြင်းထက် သာ၍ကောင်းပေလိမ့်မည်။ အဆင်းနီသော နဂါးကြီး၏ လွှမ်းမိုးမှုအောက်တွင် ထိုသူတို့သည် မိမိကိုယ်မိမိ သတိမထားမိဘဲ ဘုရားသခင်အပေါ် အပြစ်ကျူးလွန်မိကြ သဖြင့် သဘာဝအလျောက်နှင့် အမှုမဲ့အမှတ်မဲ့ ဤအတိုင်း နောက်ထပ်တစ်ခါ ဘုရားသခင်၏ ဆုံးမမှုထဲသို့ ကျရောက်ခဲ့ကြသည်။ ဤအကြောင်းကြောင့် ဘုရားသခင်သည် “အတိဒုက္ခမှကယ်မခြင်း” နှင့် “ကျေးဇူးကန်းသူများ”ကို ကွဲပြားသောသဘောပြရန် အတူထားသည်။ ဤသည်မှာ သူ၏ကယ်တင်ခြင်းဆုကျေးဇူးအတွက် အသုံးတော်ခံတစ်ခုကို ဖန်တီးလျက် လူသားများသည် မိမိကိုယ်ကိုယ် ပိုမို ရှင်းရှင်းလင်းလင်း သိနားလည်စေရန်ဖြစ်သည်။ ယင်းသည် ပို၍ထိရောက်သော ရလဒ်တစ်ခုကို မဖြစ်စေဘူးလား။ လူတို့သည် ဘုရားသခင်၏ပြောဆိုမှုအကြောင်းအရာမှ အပြစ်တင်စရာအချက်အပြင် တဖန်၊ ကယ်တင်ခြင်းနှင့် အသနားခံခြင်းအချက်နှင့် နောက်တဖန်၊ ဝမ်းနည်းခြင်း အရိပ်အမြွက် အနည်းငယ်တို့ကို ကောက်ချချနိုင်သည်ကို ငါမှ အလွန်အတိအလင်း ပြောစရာမလိုသည်မှာ မှန်ပေ၏။ ဤနှုတ်ကပတ်တော်တို့ကို ဖတ်၍ လူတို့သည် သူတို့၏ စိတ်နှလုံးထဲတွင် မရည်ရွယ်ဘဲ ချီတုံချတုံ စိတ်မလုံမလဲ စတင်ခံစားမိပြီး မျက်ရည်မဆည်နိုင်ဖြစ်ပေသည်။ သို့သော် ဝမ်းနည်းဖွယ် ခံစားချက်အချို့ကြောင့်ဖြစ်စေ၊ လူသားမျိုးနွယ် တစ်ရပ်လုံး၏ အကျင့်ပျက်မှုကြောင့်ဖြစ်စေ၊ ဘုရားသခင်သည် အကန့်သတ်ခံလိမ့်မည် မဟုတ်ဘဲ သူ၏လူများကို စည်းကမ်းပေးခြင်းနှင့် ထိုသူတို့အား တောင်းဆိုမှုများ ပြုလုပ်ခြင်း အမှုတို့ကို စွန့်ပယ်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် သူ့အကြောင်းအရာသည် ယနေ့အခြေအနေများအကြောင်းကို ချက်ချင်းပြောသည့်အပြင်၊ သူ၏အစီအစဉ်သည် ရှေ့သို့ဆက်လက် တက်လှမ်းနေရေးအတွက် သူ၏စီမံခန့်ခွဲမှုအမိန့်များ၏ ဘုန်းတန်ခိုးကို လူတို့အား ကြေညာ၏။ ဤသည်ကို ထိုက်တန်သည့် အမြန်နှုန်းဖြင့် ဆက်လက်ဆောင်ရွက်သည့်အနေဖြင့်နှင့် မိုးရွာတုန်းရေခံသကဲ့သို့ ဘုရားသခင်သည် ဤအရေးပါသောအဆင့်တွင် ဖွဲ့စည်းပုံစည်းမျဉ်းတစ်ခုကို ပြဋ္ဌာန်းသည်။ ဤဖွဲ့စည်းပုံအခြေခံဥပဒေမှာ လူသားတို့အနေဖြင့် ဘုရားသခင်၏အလိုကို နားလည်နိုင်ရေးအတွက် အပိုဒ်ငယ်တိုင်းကို သေချာစွာဂရုပြုလျက် ဖတ်ရမည့် ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်၏။ ယခု ထို့ထက် ပိုဆွေးနွေးစရာမလိုပါ၊ ထိုသူတို့သည် ပိုမိုအာရုံစိုက်ပြီးသာ ဖတ်ရမည်ဖြစ်သည်။
ယနေ့တွင် သင်တို့- ဤနေရာတွင် ရှိသော လူအုပ်- သည်သာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အမှန်တကယ် မြင်နိုင်သောသူများ ဖြစ်ကြ၏။ သို့တိုင် ဘုရားသခင်ကို သိခြင်းအရာ၌ ယနေ့ခေတ်လူတို့သည် ရှေးခေတ်များက ရှိခဲ့သော မည်သူမဆို၏ နောက်တွင် အတော်ဝေးဝေး ကျန်နေခဲ့သည်။ ဤနှစ်ထောင်ပေါင်းများစွာ အတောအတွင်း လူများအပေါ် စာတန်၏ ရင်းနှီးမြှုပ်နှံမှု ပမာဏနှင့် လူသားတို့အား မည်မျှ အကျင့်ပျက်စေခဲ့ကြောင်းကို ဤအခြင်းအရာမှ ရှင်းရှင်းလင်းလင်း သိနိုင်သည်။ အကျင့်ပျက်မှု ကြီးမားလှသည်မှာ ဘုရားသခင်သည် နှုတ်ကပတ်တော်များစွာ ပြောခဲ့ပြီးဖြစ်သော်လည်း လူသားတို့သည် ဘုရားသခင်အားလည်း နားမလည်၊ သိလည်း မသိသေးပေ။ ယင်းအစား ထကြွပြီး ဘုရားသခင်အား ပေါ်ပေါ်ထင်ထင် ဆန့်ကျင်ရဲလေသည်။ ထို့ကြောင့် ဘုရားသခင်သည် ဆင်ခြင်တုံတရားကင်းမဲ့ပြီး ရူးမိုက်သော ယနေ့ခေတ်လူတို့အတွက် ကိုးကားစရာ လက်တွေ့ကျသည့် အချက်တစ်ခုကို ပေးရန် နှိုင်းယှဉ်သည့်အနေဖြင့် ရှေးခေတ်ကလူတို့အား မကြာခဏ စံနမူနာပေးတတ်သည်။ လူသားတို့သည် ဘုရားသခင်အကြောင်း မသိသည့်အပြင် သူ့ကို စစ်မှန်စွာ ယုံကြည်ခြင်း မရှိကြသည့်အတွက် ဘုရားသခင်သည် လူသားတို့အား အရည်အချင်းနှင့် ဆင်ခြင်တုံတရား ကင်းမဲ့သည်ဟု စီရင်ခဲ့၏။ ထို့ကြောင့် သူသည် လူတို့အား သည်းခံကာ ကယ်တင်ခြင်းကို ကြိမ်ဖန်တလဲလဲပေးခဲ့သည်။ ဝိညာဉ်နိုင်ငံတော်တွင် ဤအတိုင်းစစ်ပွဲ ဖြစ်ပွားနေသည်။ ၎င်းသည် လူသားတို့အား အတိုင်းအတာတစ်ခုအထိ အကျင့်ပျက်သွားစေရန် စာတန်၏ အချည်းနှီးသော မျှော်လင့်ချက် ဖြစ်လေသည်။ လောကကြီးအား ဆိုးယုတ်အောင်လုပ်ဆောင်ပြီး လူတို့အား ရွှံ့နွံထဲဆို ဆွဲနှစ်ကာ ဘုရားသခင်၏ အကြံအစည််ကို ဖျက်ဆီးရန် ဖြစ်သည်။ သို့သော် ဘုရားသခင်၏ အကြံအစည်သည် လူသားအားလုံးအား ဘုရားသခင်ကို သိသောသူများအဖြစ်သို့ လုပ်ဆောင်ရန်မဟုတ်ဘဲ အားလုံးကို ကိုယ်စားပြုရန် တစ်စိတ်တစ်ပိုင်းကိုသာ ရွေးချယ်ပြီး ကျန်အားလုံးအား စွန့်ပစ်ပစ္စည်းများ၊ ချွတ်ယွင်းပစ္စည်းများအဖြစ် အမှိုက်ပုံသို့ ပစ်လိုက်ရန် ဖြစ်သည်။ ထို့ကြောင့် စာတန်၏ အမြင်တွင် လူနည်းစုအား ပိုင်ဆိုင်ခြင်းသည် ဘုရားသခင်၏ အကြံအစည်တော်ကို ဖျက်ဆီးရန် အကောင်းဆုံး အခွင့်အရေးဟု ယူဆပုံရသော်လည်း ထိုသို့သော ထုံထိုင်းသူတစ်ဦးက ဘုရားသခင်၏ ရည်ရွယ်ချက်အကြောင်း မည်သို့ သိနိုင်မည်နည်း။ သည့်အတွက်ကြောင့် ရှေးယခင်က ဘုရားသခင်သည် “ဤကမ္ဘာလောကကို မကြည့်မိစေရန် ငါ့မျက်နှာကို ကာထားခဲ့ပြီ” ဟု ပြောခဲ့ခြင်း ဖြစ်ပေသည်။ ဤအကြောင်းကို ကျွန်ုပ်တို့ အနည်းငယ်သာ သိပါသည်။ ဘုရားသခင်သည် လူသားတို့အား မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်စွမ်း ရှိရန် မတောင်းဆိုပါ။ သို့သော် ခက်ခဲနက်နဲပြီး အံ့ချီးဖွယ်ဖြစ်သော သူ၏အမှုကို အသိအမှတ်ပြုပြီး သူ့အား လေးစားစွာ နှလုံးသွင်းစေလိုသည်။ လူသားတွေးထင်သည့်အတိုင်း ဘုရားသခင်သည် အခြေအနေများကို ထည့်သွင်းမစဉ်းစားဘဲ သူ့အား ဆုံးမရန် ဖြစ်ပါက ရှေးယခင်ကပင် ကမ္ဘာကြီးတစ်ခုလုံးကို ဖျက်ဆီးပြီး ဖြစ်ပေလိမ့်မည်။ ယင်းသည် စာတန်၏ ထောင်ချောက်ထဲသို့ တည့်တည့်ကျဆင်းသည့် အဓိပ္ပါယ် ဖြစ်မည်မဟုတ်လော။ ထို့ကြောင့် ဘုရားသခင်သည် သူ့စိတ်နှလုံးထဲတွင်ရှိသော အသီးများကို အောင်မြင်စွာရယူနိုင်ရန်သာ သူ၏ နှုတ်ကပတ်တော်များကို အသုံးပြုပြီး အချက်အလက်များ ပေါ်ထွန်းခဲပါသည်။ ဤသည်မှာ “သင်တို့၏ အရည်အချင်းများ၊ ဆင်ခြင်တုံတရားနှင့် ထိုးထွင်းအမြင်များ ကင်းမဲ့မှုကို ငါမသနားလျှင် ငါ့ဆုံးမမှုထဲ၌ သင်တို့အားလုံးသည် ဖြစ်တည်မှုမှ ဖယ်ရှားခံရကာ သေဆုံးကုန်လိမ့်မည်။ သို့သော် ကမ္ဘာမြေကြီးပေါ်တွင် ငါ့အလုပ် ပြီးသည်အထိ လူသားများအပေါ် ငါ သက်ညှာဦးမည်။” ဟု ကိုယ်တော်ပြောခဲ့သော ဖြစ်ရပ် တစ်ခု မဟုတ်ပါလား။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ
မိတ်ဆွေက သီချင်းနားထောင်ခြင်းကို နှစ်သက်တာ ဖြစ်နိုင်ပါတ ချီးမွမ်းခြင်း ဓမ္မသီချင်းများ


No comments:
Post a Comment