လူသားအားလုံး၌ တည်ရှိနေသော ဘုံပြဿနာသည် သမ္မာတရားကို သဘောပေါက် နားလည်ပါလျက်နှင့် လက်တွေ့ပိုင်း အသက်တာတွင် မကျင့်သုံးနိုင်ခြင်း ဖြစ်သည်။ အကြောင်းရင်း တစ်ခုမှာ လူသည် အဖိုးအခပေးရန် ဆန္ဒမရှိခြင်းဖြစ်၍ အခြားအကြောင်းရင်းမှာ လူ၏ ထိုးထွင်းသိမြင်နိုင်စွမ်းသည် အလွန်ပင် မလုံမလောက် ဖြစ်နေသောကြောင့် ဖြစ်၏၊ လူသည် လက်တွေ့ဘဝတွင် ရှိနေသည့် အခက်အခဲများစွာကို ကျော်လွန်၍ မြင်နိုင်စွမ်းမရှိ ဆီလျော်အောင် အဘယ်သို့ ကျင့်သုံးအသက်ရှင်ရမည်ကိုလည်း မသိချေ။ လူတွင် အတွေ့အကြုံ အလွန်နည်းခြင်း၊ အစွမ်းအစနည်းခြင်းနှင့် သမ္မာတရားကို နားလည်နိုင်စွမ်း အကန့်အသတ်ရှိသဖြင့် ဘဝမှာ ရင်ဆိုင်ရသည့် အခက်အခဲများကို ဖြေရှင်းရန် မတတ်နိုင်ပေ။ ဘုရားသခင်ကို ယုံကြည်ခြင်းအရာမှာ နှုတ်ဖျား အပြောမျှသာဖြစ်ပြီး မိမိ၏ နေ့စဉ်အသက်တာတွင်မူ ဘုရားသခင်ကို ဖိတ်ခေါ်ခြင်း မပြုနိုင်ချေ။ တစ်နည်းဆိုရလျှင်၊ ဘုရားသခင်က ဘုရားသခင်ဖြစ်ပြီး၊ ဘဝက ဘဝဖြစ်ကာ၊ မိမိအသက်တာတွင် ဘုရားသခင်နှင့် ပတ်သက်ဆက်နွယ်မှုမရှိသော အရာမျိုးဖြစ်သည်။ ထိုအရာသည် လူသားအားလုံး ယုံကြည်နေကြသည့်အရာ ဖြစ်၏။ ဘုရားသခင်ကို ထိုသို့ ယုံကြည်ခြင်းမျိုးသည် လူကို လက်တွေ့ဘဝတွင် သူ့အားဖြင့် အဘယ်အကျိုးမျှ ရှိစေမည်မဟုတ်၊ စုံလင်စေမည်လည်း မဟုတ်ပေ။ အမှန်မှာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် မပြည့်စုံသောကြောင့် မဟုတ်ဘဲ၊ သူ၏နှုတ်ကပတ်တော်ကို ခံယူရန် လူ၏ စွမ်းဆောင်နိုင်မှုသည် သာမန်ရိုးရိုးအားဖြင့် မလုံလောက်သောကြောင့် ဖြစ်ပေသည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များအတိုင်း အဘယ်သူမျှနီးပါး မလုပ်နိုင်ဟုဆိုနိုင်၏။ တိတိကျကျဆိုရလျှင်၊ သူတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ မိမိတို့၏ ရည်ရွယ်ချက်များ၊ ဘာသာရေး ထင်မြင်ယူဆချက်များ၊ ဓလေ့ထုံးစံများနှင့်အညီ တည်ဆောက်သည်။ လူအနည်းငယ်ကသာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ခံယူခြင်းနှင့် သူ့အလိုနှင့်အညီ စတင်အသက်ရှင်ခြင်း တည်းဟူသော ပြောင်းလဲခြင်းသို့ လျှောက်လှမ်းသည်။ အမှန်ဆိုလျှင် သူတို့သည် မိမိတို့ ယုံကြည်ခြင်း အမှားများကို မရမနေစွဲကိုင်ကြ၏။ လူသည် ဘုရားသခင်ကို ယုံကြည်လာသည့် အချိန်တွင် ဘာသာရေးဓလေ့ ထုံးတမ်းစဉ်လာ စည်းမျဉ်း စည်းကမ်းများကို အခြေခံပြီး သူ၏ ကိုယ်ပိုင် ဘဝဒဿနများအပေါ် လုံးလုံးလျားလျား အခြေခံကာ အခြားသူများနှင့် အပြန်အလှန် ဆက်ဆံနေထိုင်သည်။ ဤသည်မှာ လူဆယ်ဦးတွင် ကိုးဦး၌ ဖြစ်လေ့ရှိသော အရာပင်ဖြစ်သည်။ လူအနည်းငယ်သာလျှင် ဘုရားသခင်ကို ယုံကြည်ပြီးခါစ နောက်ပိုင်းတွင် အခြားသော အကြံအစည်ကို ဖန်တီးပြီး ပုံစံအသစ်သို့ ကူးပြောင်းကြသည်။ မည်သူကမျှ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သမ္မာတရားအဖြစ် မထင်မမှတ်၊ လက်တွေ့ မကျင့်သုံးကြပါ။
ဘုရားသခင်ကို ယုံကြည်ခြင်းအရာ၌ လူ၏ အကြီးဆုံးသော အမှားအယွင်းမှာ စကားအားဖြင့်သာ ယုံကြည်ခြင်းဖြစ်ပြီး၊ တကယ့် လက်တွေ့အသက်တာတွင် ဘုရားသခင် လုံးဝမပါရှိခြင်း ဖြစ်သည်။ အကယ်စင်စစ်၊ ဘုရားသခင် တည်ရှိကြောင်းကို လူသားအားလုံးက ယုံကြည်သော်လည်း သူတို့၏ နေ့စဉ် အသက်တာတွင်မူ ဘုရားသခင်လုံးဝမရှိ။ ဘုရားသခင်ထံ တောင်းလျှောက်သည့် ဆုတောင်းချက် အမြောက်အမြားမှာ လူ့နှုတ်ဖျားက ထွက်လာခြင်း ဖြစ်သော်လည်း သူတို့စိတ်နှလုံးအထဲတွင် ဘုရားသခင်အတွက် နေရာအနည်းငယ်သာ ရှိသဖြင့် ဘုရားသခင်သည်လည်း လူကို ထပ်ခါထပ်ခါ စစ်ကြောနေရသည်။ လူသည် မစင်ကြယ်သည်နှင့်အမျှ၊ သူ့ကိုစစ်ကြောခြင်းမှလွဲ၍ အခြားနည်းလမ်း ဘုရားသခင်မှာမရှိ၊ သို့ဖြစ်မှသာ ဘုရားသခင်၏ စမ်းသပ်မှုအတွင်း လူသည် အရှက်ရပြီး၊ ကိုယ့်အကြောင်းကိုယ် သိလာမည်ဖြစ်သည်။ သို့မဟုတ်လျှင်၊ လူသည် ကောင်းကင်တမန်မင်း၏ သားသမီးများဖြစ်လာလျက် ပို၍ပို၍ အကျင့်ပျက်ဆီးယိုယွင်း လာပါလိမ့်မည်။ လူသည် ဘုရားသခင်ကို ယုံကြည်သည့်အချိန်တွင် အဆက် မပြတ် ဘုရားသခင်အားဖြင့် ဆေးကြောခြင်း ခံသည်နည်းတူ မိမိစိတ်ခံယူချက်များ၊ ရည်ရွယ်ချက်များကို အကုန် စွန့်ပစ်ထားရပါသည်။ သို့မဟုတ်လျှင် ဘုရားသခင် အသုံးပြုနိုင်သူ အဘယ်သူမျှမရှိဘဲ၊ လူ၌ ဘုရားသခင် ပြုသင့်သည့်အရာကို ဘုရားသခင်က မပြုနိုင်ဘဲ ဖြစ်သွားပါမည်။ ဘုရားသခင်က လူကို ရှေ့ဦးစွာ ဆေးကြောပေးသည်။ ဤဆေးကြောခြင်း လမ်းစဉ်တွင် လူသည်မိမိကိုယ်ကို အသိတရားရရှိလာပြီး သူ့ကို ဘုရားသခင်က ပြောင်းလဲပေးပါလိမ့်မည်။ ဤအမှုပြီးစီးမှ ဘုရားသခင်၏ အသက်တာကို လူအထဲတွင် လုပ်ဆောင်ခြင်း ပြုလာပြီး ထိုနည်းလမ်းအားဖြင့်သာလျှင် လူ၏နှလုံးသည်လည်း ဘုရားသခင်ထံသို့ လုံးလုံးလျားလျား ပြောင်းလဲသွားနိုင်သည်။ ထို့ကြောင့် ဘုရားသခင်ကို ယုံကြည်ခြင်း ဆိုသည်မှာ လူများ ပြောကြသလောက် ရိုးရှင်းပြီး လွယ်ကူသည် မဟုတ်ပါ။ ဘုရားသခင်၏ အမြင်အတိုင်းဆိုလျှင် သင်၌ ပညာအသိတရားသာရှိပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အသက်သဖွယ်မရရှိ၊ သမ္မာတရားကို လက်တွေ့မကျင့်သုံးဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်အတိုင်း အသက်မရှင်၊ မိမိအသိတရား အကန့်အသတ် ဘောင်ထဲ၌သာ နေပါက၊ ၎င်းသည် ဘုရားသခင်အတွက် ချစ်ခြင်းမေတ္တာနှလုံးသား သင်၌ မရှိသေးကြောင်းကို သက်သေပြနေဆဲဖြစ်ပြီး သင့်နှလုံးသားသည် ဘုရားသခင် မပိုင်ဆိုင်ကြောင်းကိုလည်း ထင်ရှားစေသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းအားဖြင့် သူ့ကိုသိကျွမ်းခြင်းသည် လူသား ရှာဖွေရမည့် နောက်ဆုံးပန်းတိုင်ဖြစ်သည်။ ဘုရားသခင်၏ စကားများအတိုင်း အသက်ရှင်ရေးအလို့ငှါ ဆက်ကပ် ကြိုးစားရမည်ဖြစ်ပြီး သို့မှသာလျှင် လက်တွေ့တွင် ဘုရားသခင်၏ စကားများ ထင်ရှားလာပါမည်။ သြဝါဒ အသိတရားမျှသာရှိလျှင် ဘုရားသခင်အပေါ် သင်၏ယုံကြည်ခြင်းသည် ဗလာနတ္တိ ဖြစ်သွားလိမ့်မည်။ သူ၏ စကားများကို လက်တွေ့ကျင့်သုံးပြီး အသက်ရှင်နေထိုင်မှသာ သင်၏ ယုံကြည်ခြင်းသည် စုံလင်၍ ဘုရားသခင်၏ အလိုနှင့်ညီသော ယုံကြည်ခြင်းအဖြစ် သတ်မှတ်နိုင်သည်။ ဤလမ်းစဉ်တွင် လူများစွာက အသိပညာ ဗဟုသုတဆိုင်ရာ စကားများစွာ ပြောနိုင်သည်။ သို့သော်လည်း ထိုသူတို့ သေသည့်အချိန် ရောက်သောအခါ အရွယ်အိုသည်ထိ အလဟာသ အချိန်ဖြုန်းခဲ့သည့် မိမိတို့၏ အသက်တာကြောင့် မျက်ရည်မျက်ခွက် အပြည့်နှင့် ယူကျုံးမရ၊ ကိုယ့်ကိုယ်ကိုယ် မုန်းနေစမြဲပင် ဖြစ်သည်။ သူတို့သည် သြဝါဒစကားကို သဘောပေါက်မှုသာရှိခဲ့ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်အတွက် သက်သေခံခြင်း မလုပ်နိုင်ပေ။ ယင်းအစား သူတို့သည် ပျားတစ်ကောင်ကဲ့သို့ အလုပ်များကာ ဟိုဟိုသည်သည် ပြေးလွှားနေကြသည်။ သို့သော် သူတို့ သေအံ့ဆဲဆဲအချိန်ရောက်လျှင် သူတို့၌ စစ်မှန်သော သက်သေခံချက် မရှိခဲ့ကြောင်းနှင့် ဘုရားသခင်ကို လုံးဝ မသိခဲ့ကြောင်းတို့ကို နောက်ဆုံးတွင် သိမြင်လာသည်။။ ၎င်းအချိန်သည် နောက်ကျလွန်းပြီ မဟုတ်ပါလား။ အချိန်ကောင်းကို လက်မလွှတ်တမ်း အသုံးမချဘဲ သင်ချစ်မြတ်နိုးသော သမ္မာတရားကို အဘယ်ကြောင့် မရှာဖွေဘဲနေသနည်း။ မနက်ဖြန်ကို အဘယ်ကြောင့် စောင့်ဆိုင်းသနည်း။ အသက်ရှင်သည့်အချိန်တွင် သမ္မာတရားအတွက် အနစ်နာမခံရလျှင် သို့မဟုတ် သမ္မာတရားကို ဆည်းပူးရယူရန် မရှာဖွေလျှင်၊ သေအံ့ဆဲဆဲအချိန်တွင်မှ နောင်တတရားကို သင်ခံစားလိုသည်မှာ ဖြစ်နိုင်ပါသလား။ သို့ဖြစ်လျှင်၊ အဘယ်ကြောင့် ဘုရားသခင်ကို သင်ယုံကြည်သနည်း။ အကယ်စင်စစ်၊ လူသည် အနည်းငယ် အားစိုက်၍ ဆက်ကပ်မှုရှိလျှင် ဘုရားသခင်ကို ကျေနပ်စေနိုင်သည့်အရာ၊ သမ္မာတရားကို လက်တွေ့ကျင့်သုံးနိုင်သည့် အရာများ ရှိပေ၏။ လူ့စိတ်နှလုံးသည် အစဉ်မပြတ် နတ်ဆိုးများ ဖိစီးနှိပ်စက်နေသောကြောင့် ဘုရားသခင်အတွက် လူသည် မလုပ်မဆောင်နိုင်ခြင်း ဖြစ်သည်။ နောက်ဆုံး အကျိုးအမြတ် ဘာမျှ မဖြစ်စေသော ဇာတိပကတိအတွက် မနားမနေ ခရီးနှင်တော့သည်။ ဤအကြောင်းများကြောင့် လူ၌ ဒုက္ခများ၊ ဝေဒနာများနှင့် အမြဲတွေ့ကြုံနေရခြင်း ဖြစ်၏။ ၎င်းသည် စာတန်၏ ညှဉ်းဆဲခြင်းပင် မဟုတ်ပေလော။ ဇာတိပကတိ၏ ယိုယွင်းပျက်စီးခြင်းလည်း မဟုတ်ပေလော။ ဘုရားသခင်ကို နှုတ်ခမ်း အပြောသက်သက်နှင့် အစေခံခြင်းဖြင့် အပြောင်အပြက် မလုပ်သင့်ပါ။ လက်ဆုပ်လက်ကိုင် ပြနိုင်သော လုပ်ဆောင်မှုကို သင်သည်လုပ်ရမည်။ မိမိကိုယ်ကို မလှည့်စားပါနှင့်၊ ထိုသို့ပြုလျှင် မည်သည့်အဓိပ္ပာယ် ရှိသနည်း။ သင်၏ ဇာတိပကတိအတွက် အသက်ရှင်ခြင်း၌လည်းကောင်း၊ ကျော်ကြားမှုနှင့် အခွင့်လမ်းကောင်းအတွက်လည်းကောင်း ပင်ပင်ပန်းပန်း ကြိုးစားလုပ်ဆောင်ခြင်းအားဖြင့် သင်သည် အဘယ်မည်သော အကျိုးအမြတ် ရရှိနိုင်သနည်း။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ
အကြံပြုစာများဖတ်ရှုလေ့လာရန်:
ခရစ်ယာန်ဘာသာနှင့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်တို့အကြား ကွာခြားချက်မှာ မည်သည့်အရာနည်း။

No comments:
Post a Comment