菜單

မူလစာမျက်နှာ သတင်းအချက်အလက် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ လွတ်လပ်မှန်ကန်တဲ့လူ့အခွင့်အရေး ကယ်တင်ရှင်ပြန်ကြွလာပြီ ဧဝံဂေလိတရားတော် ကောင်းကင်နိုင်ငံတော်သီချင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ အမှန်တရားကို ဖေါ်ထုတ်ခြင်း နိုင်ငံတော် ချီးမွမ်းခြင်း တေးဂီတ

Thursday, December 5, 2019

Myanmar movie (မြို့တော် ကျဆုံးလိမ့်မည်) ရုပ်ရှင်ဇာတ်လမ်းတို (၂) သူတော်ကြောင်ဖာရိရှဲတို့သည် အဘယ်ကြောင့် အမင်္ဂလာ ရှိကြသနည်း။


Myanmar movie (မြို့တော် ကျဆုံးလိမ့်မည်) ရုပ်ရှင်ဇာတ်လမ်းတို (၂) သူတော်ကြောင်ဖာရိရှဲတို့သည် အဘယ်ကြောင့် အမင်္ဂလာ ရှိကြသနည်း။

သမ္မာကျမ်းစာထဲတွင် မှတ်တမ်းသွင်းထားသည်မှာ သခင်ယေရှုသည် ဖာရိရှဲတို့ကို အမင်္ဂလာ ၇ ပါးနှင့် ရှုတ်ချခဲ့လေသည်။ ယနေ့ခေတ်တွင် ဘာသာရေးလောကမှ သင်းအုပ်ဆရာများနှင့် အကြီးအကဲတို့ လျှောက်လှမ်းသည့် လမ်းကြောင်းမှာ ဖာရိရှဲတို့၏ လမ်းစဉ်ဖြစ်နေပြီး၊ သူတို့လည်း ဘုရားသခင်၏ မုန်းတီးခြင်းနှင့် ပစ်ပယ်ခြင်းတို့ကို အလားတူခံစားကြရသည်။ အဘယ်ကြောင့် သခင်ယေရှုသည် ဖာရိရှဲတို့ကို ရှုတ်ချပြစ်တင်ပြီး အမင်္ဂလာ သင့်စေခဲ့သလဲ။ အဓိကအားဖြင့် သူတို့သည် ဘုရားသခင်ကို ဘောင်ခတ်ခဲ့သော သူတော်ယောင်အနှစ်သာရရှိကြသောကြောင့်လည်းကောင်း၊ ဘာသာရေးထုံးတမ်းများနှင့် နည်းဥပဒေသတို့ကိုသာ လုပ်ဆောင်ကြရန် စိတ်နှစ်ထားပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို လက်တွေ့လုပ်ဆောင်ခြင်း သို့မဟုတ် ဘုရားသခင်၏ ပညတ်တော်တို့ကို မည်သို့မျှမလိုက်နာခြင်းကြောင့်လည်းကောင်း၊ ဘုရားသခင်၏ ပညတ်တော်တို့ကို ပစ်ပယ်ခြင်းကြောင့်လည်းကောင်း ဖြစ်လေသည်။ သူတို့လုပ်ဆောင်ခဲ့သမျှသည် ဘုရားသခင်၏အလိုတော်နှင့် လိုအပ်ချက်များကို လုံးဝဆန့်ကျင်နေခဲ့သည်။ ယင်းတို့သည် ဖာရိရှဲတို့၏ သီလကြောင်အနှစ်သာရဖြစ်ပြီး၊ သူတို့ကို သခင်ယေရှုက မုန်းတီးကာ အမင်္ဂလာသင့်စေခြင်းရဲ့ အဓိကအကြောင်းရင်းဖြစ်ခဲ့သည်။

ဆက်သွယ်မှုများ

Myanmar Subtitle Movies 2019ကောင်းကင်နိုင်ငံတော်သားများ


No comments:

Post a Comment