菜單

မူလစာမျက်နှာ သတင်းအချက်အလက် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ လွတ်လပ်မှန်ကန်တဲ့လူ့အခွင့်အရေး ကယ်တင်ရှင်ပြန်ကြွလာပြီ ဧဝံဂေလိတရားတော် ကောင်းကင်နိုင်ငံတော်သီချင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ အမှန်တရားကို ဖေါ်ထုတ်ခြင်း နိုင်ငံတော် ချီးမွမ်းခြင်း တေးဂီတ

Thursday, January 10, 2019

Myanmar Gospel Movie Trailer | (မှန်ကန်သော ကိုးကွယ်ခြင်း၏ နက်နဲသောအရာ - နောက်ဆက်တွဲဇာတ်လမ်း)

Feeling after watching: The elder Lin Bo’en learned that the Lord Jesus has become flesh to do the work of judgment, which made him confused, as he always thought the Lord should come with the cloud. After seeking for a period of time, could he put aside his imaginations and notions, and accept the truth that the Lord will become flesh when He comes again? The Mystery of Godliness: The Sequel, share with you, please watch!   

လင်ပိုအန်းဟာ သခင့်ကို ဆယ်စုနှစ်များစွာ ယုံကြည်လာခဲ့တဲ့ တရားဟောဆရာကြီး တစ်ယောက်ဖြစ်ပါတယ်။ သူဟာ နောက်ဆုံးသောကာလရဲ့ခရစ်တော်ဖြစ်တဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ကို လက်ခံပြီးကတည်းက၊ အန္တိခရစ်တွေဖြစ်ကြတဲ့ သင်းအုပ်တွေ၊ အကြီးအကဲတွေက သူ့ကို ဘာသာရေးအသိုင်းအဝိုင်းကနေ ဖယ်ကြဉ်၊ နှင်ထုတ်ခဲ့ကြတယ်။ လင်ပိုအန်းဟာ တိုက်ခိုက်တာတွေ၊ ပြစ်ဒဏ်ချခံရတာတွေ၊ အမှုဆင်ခံရတာတွေ ကြုံပေမယ့်၊ ကြောက်ရွံ့ပြီး နောက်မဆုတ်ခဲ့ပါဘူး။ သူ့ယုံကြည်စိတ်က ပိုပြီးခိုင်မာလာတဲ့အပြင်၊ ဘာသာရေးလောကရဲ့သင်းအုပ်တွေ၊ အကြီးအကဲတွေဟာ သူတော်ကောင်းယောင် ဆောင်နေကြတယ်ဆိုတာကို နောက်ဆုံးမှာ နားလည်လာခဲ့တယ်။ တစ်ချိန်တည်းမှာပဲ ခရစ်တော်ကသာ သမ္မာတရား၊ လမ်းခရီးနဲ့ အသက်ဖြစ်တယ်၊ ခရစ်တော်ကသာ လူတွေကို ကယ်တင်နိုင်၊ သန့်စင်နိုင်၊ စုံလင်စေနိုင်တယ်ဆိုတာတွေကို သိလာခဲ့တယ်။ ဒါတွေကြောင့် သူ့အနေနဲ့ ဘုရားသခင်အတွက် စစ်မှန်တဲ့သက်သေခံသူတစ်ယောက် ဖြစ်လာနိုင်ဖို့အတွက်၊ ခရစ်တော်နောက်လိုက်ဖို့၊ သက်သေခံဖို့၊ သမ္မာတရားကိုရှာရာမှာ အစွမ်းကုန်ကြိုးစားဖို့နဲ့ သူ့စိတ်သဘောထားကို ပြောင်းလဲအောင် ကြိုးစားဖို့အတွက်ပဲ စိတ်ပိုင်းဖြတ်လိုက်တယ်။ တရုတ်ကွန်မြူနစ်ပါတီအစိုးရက လင်ပိုအန်းဟာ ထောင်က လွတ်လာပြီး မပြောင်းလဲသေးတာတွေ၊ သူ့ယုံကြည်မှုကို နည်းနည်းမှ မစွန့်လွှတ်ထားတဲ့အပြင်၊ အရှေ့အရပ်မှလျှပ်ပြက်ခြင်းကိုတောင် ယုံကြည်လာတာတွေ၊ နေရာအနှံ့သွားပြီး သခင်ယေရှု ပြန်လာပြီဖြစ်ကြောင်း၊ သူဟာ အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်ကြောင်း သက်သေခံတာတွေကို တွေ့ရှိလာကြတယ်။ ဒါကြောင့် စီစီပီအစိုးရက သူ့ကို အလိုရှိသူအဖြစ် သတ်မှတ်ပြီး၊ နေရာအနှံ့ လိုက်ဖမ်းခဲ့ကြတယ်။ လင်ပိုအန်းဟာ သူ့မိသားစုကိုလည်း စွန့်ခွာခဲ့ရပါတယ်။ သူက ရောက်တဲ့နေရာတိုင်းမှာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ အမှုတော်ကို သက်သေခံခဲ့တာကြောင့်၊ စစ်မှန်ပြီး စိတ်နှလုံးကောင်းရှိတဲ့ ယုံကြည်သူတော်တော်များများကို ဘုရားသခင်ဆီ လမ်းပြနိုင်ခဲ့ပါတယ်။ ယခု ဗီဒီယိုဟာ လင်ပိုအန်းတစ်ယောက် ဧဝံဂေလိတရား ဖြန့်ဝေတာတွေ၊ ဘုရားသခင်အတွက် သက်သေခံတာတွေအကြောင်း ဖြစ်ရပ်မှန်ဇာတ်လမ်း ဖြစ်ပါတယ်။


No comments:

Post a Comment