菜單

မူလစာမျက်နှာ သတင်းအချက်အလက် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ လွတ်လပ်မှန်ကန်တဲ့လူ့အခွင့်အရေး ကယ်တင်ရှင်ပြန်ကြွလာပြီ ဧဝံဂေလိတရားတော် ကောင်းကင်နိုင်ငံတော်သီချင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ အမှန်တရားကို ဖေါ်ထုတ်ခြင်း နိုင်ငံတော် ချီးမွမ်းခြင်း တေးဂီတ

Tuesday, January 22, 2019

ဧဝံဂေလိရုပ်ရှင် (ပြန်လာခဲ့သူ ဘယ်သူပါလဲ)


Myanmar Gospel Movie Trailer (ပြန်လာခဲ့သူ ဘယ်သူပါလဲ) Christ of the Last Days Has Come

ကင်မ်ယောင်ရို့ခ်ဟာ ကိုရီးယားဘာသာရေးအသိုက်အ၀န်းထဲက ဘာသာရေးကိုင်းရှိုင်းတဲ့ သင်းအုပ်ဆရာတစ်ယောက်ပါ။ သမ္မာတရားကို ငတ်မွတ်သူတစ်ယောက်ဖြစ်တဲ့ သူဟာ သခင်ယေရှုရဲ့ဒုတိယအကြိမ်ကြွလာခြင်းကို မျှော်လင့်ခဲ့ပါတယ်။၂၀၁၃ ခုနှစ် တစ်ရက်မှာတော့၊ သူဟာ ချိုဆန်အီလ်ဘိုသတင်းစာမှာ အနန္တတန်ခိုးရှင်ဘုရားရဲ့နှုတ်ကပတ်တော်တွေကို အမှတ်မထင် ဖတ်လိုက်ရတယ်။ ဩဇာအာဏာနဲ့ တန်ခိုးတော်ပြည့်၀လွန်းနေတဲ့ အဲဒီနှုတ်ကပတ်တော်တွေဟာ သူ့အပေါ်ကို ချက်ချင်းသက်ရောက်မှုရှိခဲ့ပြီး၊ သူ့ရင်ကို ကိုင်လှုပ်ခဲ့ပါတယ်။ အနန္တတန်ခိုးရှင်ဘုရားဟာ ပြန်ကြွလာတဲ့ သခင်ယေရှုပဲလား၊ သူ အချိန်အကြာကြီး စောင့်မျှော်ခဲ့တဲ့ ကယ်တင်ရှင်ပဲလားဆိုတာ သေချာစေဖို့အတွက်၊ သူဟာ အနန္တတန်ခိုးရှင်ဘုရားရဲ့နှုတ်ကပတ်တော်တွေနဲ့ အမှုတော်ကို စတင်ရှာဖွေ ဆန်းစစ်ခဲ့ပါတယ်။ ဒီလိုနဲ့ သူ့ရင်ထဲက သံသယတွေ တစ်ခုပြီးတစ်ခု ပြေလည်သွားတဲ့အခါမှာတော့၊ ကင်မ်ယောင်ရို့ခ်ဟာ ၀မ်းမြောက် စိတ်လှုပ်ရှားလွန်းတာကြောင့်၊ မြေပေါ်မှာ ၀ပ်စင်းလုနီးနီး ဖြစ်ခဲ့ရတယ်။ အနန္တတန်ခိုးရှင်ဘုရားဟာ နောက်ဆုံးသောကာလအတွက် သခင်ယေရှုရဲ့ဒုတိယအကြိမ်ပြန်လာခြင်း ဖြစ်နေလို့ပါပဲ။ ကိုယ်တော်ဟာ လူတွေကြားကို တိတ်တဆိတ်ရောက်ရှိနေပြီဖြစ်ပြီး၊ တရားစီရင်ခြင်းအမှုတော်ကို ဘုရားသခင်ရဲ့အိမ်တော်ကနေ စတင်ဆောင်ရွက်နေတာလည်း ကြာခဲ့ပါပြီ။

အကြံပြုစာများဖတ်ရှုလေ့လာရန်: သမ္မာကျမ်းစာနှင့် ပတ်သက်ပြီး တင်ပြချက် (၄)

No comments:

Post a Comment