ဘုရားသခင်၏နှုတ်ကပတ်တော်များသည် နိုင်ငံတော်၏လှပမှုအကြောင်း ကြိမ်ဖန်များစွာ ကြိုတင် ပြောကြားခဲ့သော်လည်း၊ ၎င်း၏ လက္ခဏာအမျိုးမျိုးအကြောင်း ပြောကြားခဲ့၍ ရှုထောင့် အမျိုးမျိုးမှ ဖော်ပြခဲ့သော်လည်း ထိုသူတို့သည် နိုင်ငံတော်ခေတ်၏ အခြေအနေတိုင်းကို စုံလင်စွာ ဖော်ပြနိုင်ခြင်း မရှိသေးပေ။ အဘယ်ကြောင့်ဆိုသော် လူတို့၏လက်ခံနိုင်မှုစွမ်းရည်မှာ နည်းပါးလွန်း၍ဖြစ်သည်။ သူ၏မိန့်မြွက်ချက်အားလုံး၏ နှုတ်ကပတ်တော်များကို ပြောဆိုခဲ့ပြီး ဖြစ်သော်လည်း လူတို့သည် ၎င်းတို့ကို မှန်ဘီလူးမှတဆင့် မကြည့်ရသေးပေ။ ဤသည်ကြောင့် လူတို့သည် မရှင်းလင်းသေးခြင်းနှင့် နားမလည်သေးခြင်းများ ဖြစ်နေသေးကာ၊ မရေရာခြင်းနှင့် ဇဝေဇဝါဖြစ်ခြင်းများပင် ဖြစ်နေကြ၏။ ဤသည်မှာ ဇာတိပကတိ၏ အကြီးမားဆုံးသော ချို့ယွင်းချက်ဖြစ်၏။ လူတို့သည် ၎င်းတို့၏ နှလုံးသားများတွင် ဘုရားသခင်ကို ချစ်လိုသော်လည်း စာတန်၏နှောင့်ယှက်မှုကြောင့် ၎င်းတို့သည် သူ့အား ခုခံကြ၏။ ထို့ကြောင့် ဘုရားသခင်သည် လူသားတို့ ပြန်လည်ရှင်သန်လာနိုင်ရန် ၎င်းတို့၏ ထုံ၍နုံအသော နှလုံးသားများကို အကြိမ်ကြိမ် တို့ထိခဲ့ခြင်းဖြစ်၏။ ဘုရားသခင်မှ ဖော်ထုတ်သောအရာအားလုံးမှာ စာတန်၏ အကျည်းတန်မှုဖြစ်၏။ ထို့ကြောင့် သူ၏နှုတ်ကပတ်တော်များ ကြမ်းလေလေ၊ စာတန် အရှက်ရလေလေဖြစ်ကာ၊ လူတို့၏နှလုံးသားများ ချည်နှောင်ထားခြင်းမရှိမှုကို ခံနိုင်စွမ်းရှိလေလေ၊ လူတို့၏ချစ်ခြင်းမေတ္တာကို နှိုးဆွနိုင်လေလေ ဖြစ်၏။ ဤသည်မှာ ဘုရားသခင်၏ လုပ်ဆောင်ပုံဖြစ်၏။ စာတန်သည် ထုတ်ဖော်ခြင်းခံရခဲ့၍ ၎င်းကို ထိုးထွင်းမြင်ခဲ့ခြင်း ခံရခဲ့သဖြင့် ၎င်းသည် လူတို့၏နှလုံးသားများတွင် နေရာမယူဝံ့တော့သည့်အတွက် ကောင်းကင်တမန်တို့သည် နှောင့်ယှက်ခြင်း မခံရတော့ပေ။ ဤနည်းအားဖြင့် ၎င်းတို့သည် ဘုရားသခင်အား ၎င်းတို့၏ စိတ်နှလုံးအကြွင်းမဲ့ ချစ်ကြခြင်းဖြစ်၏။ ၎င်းတို့၏စစ်မှန်သော အရည်အသွေးများသည် ဘုရားသခင်နှင့်သက်ဆိုင်၍ ဘုရားသခင်ကို ချစ်ခြင်းနှင့် သက်ဆိုင်ကြောင်းကို ထိုအခါမှသာ ၎င်းတို့ပြကြ၏။ ဤလမ်းကြောင်းအားဖြင့်သာ ၎င်းတို့သည် ဘုရားသခင်၏ အလိုဆန္ဒကို ရယူနိုင်၏။ "၎င်းတို့၏နှလုံးသားများအတွင်း၌ ငါ့အတွက် တစ်နေရာ ထူထောင်ထားပြီး ဖြစ်သည်။ လူသားတို့အကြား ငါသည် မနှစ်မြို့ခြင်း သို့မဟုတ် စွန့်လွှတ်ခြင်းနှင့် ရင်ဆိုင်ရတော့မည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ငါ၏ကြီးမြတ်သောအမှု အထမြောက်ခဲ့ပြီးဖြစ်၍ နှောင့်ယှက်ခံရတော့မည် မဟုတ်သောကြောင့်ဖြစ်သည်။" ဤသည်မှာ အထက်ဖော်ပြပါအချက်၏ ဂယက်အနက်ဖြစ်သည်။ စာတန်၏ နှောင့်ယှက်မှုကြောင့် လူတို့သည် ဘုရားသခင်အား ချစ်ရန်အချိန် ရှာမရကြပေ၊ ၎င်းတို့သည် လောက၏အရာများနှင့် အစဉ် ရစ်ပတ်နေလျက်၊ ၎င်းတို့သည် စိတ်ရှုပ်ထွေးမှုအရ လုပ်ကိုင်နေရန် စာတန်၏ လှည့်ဖြားခြင်းကို ခံရ၏။ ထိုကြောင့် လူသားမျိုးနွယ်သည် "ဘဝ၏အခက်အခဲများစွာ၊ လောက၏မတရားမှုများစွာ၊ လောက၏ အတက်အကျ များစွာတို့နှင့် ကြုံခဲ့ရသော်လည်း ၎င်းတို့သည် ယခု ငါ၏အလင်း၌ နေထိုင်ကြ၏။ မနေ့က မတရားမှုများအပေါ် မငိုသူ မည်သူရှိသနည်း" ဟု ဘုရားသခင်ဆိုခဲ့ခြင်းဖြစ်၏။ ဤနှုတ်ကပတ်တော်တို့ကို လူတို့ကြားပြီးသောအခါ၊ ဘုရားသခင်သည် ၎င်းတို့၏ ဒုက္ခခံဖော် ဒုက္ခခံဖက်အလား၊ ၎င်းတို့နှင့် စာနာစကားပြောနေသည့်အလားနှင့် ထိုအချိန်တွင် သူ၏ဒုက္ခများကို လူသားနှင့် အိတ်သွန်ဖာမှောက်ပြောနေသည့်အလား ၎င်းတို့ခံစားရ၏။ ၎င်းတို့သည် လူ့လောက၏နာကျင်မှုကို ရုတ်တရက်ခံစားရကာ- "ဤသည်မှာ မမှန်ပေဘူးလော—ငါသည် မည်သည့်အခါကမျှ လောကရှိ မည်သည့် အရာအပေါ်မျှ မွေ့လျော်ခဲ့ဖူးခြင်း မရှိပေ။ ငါ့မိခင်၏ သားအိမ်မှ ထွက်လာစဉ်ကတည်းက ယခုအထိ ငါသည် လူ့ဘဝကို တွေ့ကြုံခံစားခဲ့ပြီး ငါသည် မည်သည့်အရာကိုမျှ ရရှိခဲ့ခြင်းမရှိသော်လည်း ကြီးမားစွာ ဒုက္ခခံခဲ့ရ၏။ ဤသည်မှာ အကယ်စင်စစ်ပင် အနှစ်သာရကင်းမဲ့၏။ ထို့နောက် ယခုတွင် ငါသည် စာတန်၏ဖျက်ဆီးခြင်းကို လွန်စွာခံရ၏။ အို။ ဘုရားသခင်၏ ကယ်တင်ခြင်းကြောင့်သာမဟုတ်လျှင်၊ ငါသေဆုံးသည့်အချိန် ရောက်သည့်အခါ ငါသည် ဘဝတစ်သက်တာလုံး အချည်းနှီးနေထိုင်ခဲ့ခြင်းဖြစ်လိမ့်မည် မဟုတ်သလော။ လူ့ဘဝတွင် အဓိပ္ပာယ် တစ်စုံတစ်ရာ ရှိသလော။ နေအောက်အရာခပ်သိမ်းသည် အနှစ်သာရကင်းမဲ့၏ဟု ဘုရားသခင်ပြောသည်မှာ အံ့သြဖွယ်မဟုတ်ပေ။ ဘုရားသခင်သည် ငါ့ကို ယနေ့ဉာဏ်အလင်းမပေးလျှင် ငါသည် အမှောင်ထဲတွင် ရှိနေဦးမည်ဖြစ်သည်။ လွန်စွာ သနားဖွယ်ကောင်းလေခြင်း" ဟု စဉ်းစားကြ၏။ ဤသည်ကို ၎င်းတို့စဉ်းစားသည့်အခါ ၎င်းတို့၏နှလုံးသားတွင်- "ငါသည် ဘုရားသခင်၏ကတိကို မရနိုင်လျှင် အသက်တာကို မည်သို့ဆက်လက် ခံစားနိုင်မည်နည်း" ဟူသော စဉ်းစားဆင်ခြင်မှု အချို့ရှိကြ၏။ ဤနှုတ်ကပတ်တော်တို့ကို ဖတ်သူအားလုံးသည် ၎င်းတို့၏ဆုတောင်းချက်တွင် ကောင်းမွန်စွာ ငိုကြွေးကြလိမ့်မည်။ ဤသည်မှာ လူ့စိတ်ပင်ဖြစ်၏။ တစ်စုံတစ်ဦးသည် ဤသည်ကိုဖတ်၍ မည်သည့်တုံ့ပြန်ချက်မျှ မရှိဘဲနေနိုင်၏ဟု သင်ပြောလျှင်၊ ၎င်းတို့တွင် စိတ်ရောဂါတစ်ရပ် မရှိပါက ဤသည်မှာ လုံးဝမဖြစ်နိုင်ပေ။ ဘုရားသခင်သည် လူအမျိုးမျိုး၏ အနေအထားများကို နေ့စဉ်ဖော်ထုတ်၏။ တစ်ခါတစ်ရံ သူသည် ၎င်းတို့ကိုယ်စား မကျေနပ်မှုများကို ရင်ဖွင့်၏။ တစ်ခါတစ်ရံ သူသည် လူတို့ အချို့သောပတ်ဝန်းကျင်ကို ကျော်လွှား၍ ဖြတ်သန်းရန် ကူညီ၏။ တစ်ခါတစ်ရံ သူသည် လူတို့အတွက် ၎င်းတို့၏ ပြောင်းလဲမှုများကို ထောက်ပြ၏။ သို့မဟုတ်ပါက လူတို့သည် ၎င်းတို့၏ဘဝများ မည်မျှ ကြီးမားသည်ကို သိမည်မဟုတ်ပေ။ တစ်ခါတစ်ရံ ဘုရားသခင်သည် အမှန်တရားရှိလူတို့၏အတွေ့အကြုံများကို ထောက်ပြကာ၊ တစ်ခါတစ်ရံ သူသည် ၎င်းတို့၏ အားနည်းချက်များနှင့် အပြစ်အနာအဆာများကို ထောက်ပြ၏။ တစ်ခါတစ်ရံ သူသည် ၎င်းတို့အပေါ် သတ်မှတ်ချက် အသစ်များ ပြုလုပ်ကာ၊ တစ်ခါတစ်ရံ သူသည် ၎င်းတို့သူ့အပေါ်နားလည်ခြင်း၏အတိုင်းအတာကို ထောက်ပြ၏။ သို့ရာတွင် ဘုရားသခင်သည်- "များစွာသောလူတို့၏ နှလုံးသားမှ ပြောဆိုသော စကားများ၊ များစွာသောလူတို့ ပြောပြသည့် ဒုက္ခခံရမှုအကြားရှိ နာကျင်ဖွယ်ရာ အတွေ့အကြုံများအကြောင်း အဖြစ်အပျက်များကို ငါကြားခဲ့ပြီးဖြစ်သည်။ အဆိုးရွားဆုံး အခြေအနေများတွင် များစွာတို့သည် ငါ့အပေါ် ၎င်းတို့၏သစ္စာကို မပျက်မကွက် ဆက်ကပ်သည်ကို ငါတွေ့ခဲ့ဖူးပြီး၊ များစွာတို့သည် ခက်ခဲသော လမ်းကြောင်းတွင် လျှောက်လှမ်းရင်း ထွက်ပေါက်ရှာရန် ရုန်းကန်သည်ကိုလည်း ငါကြည့်ခဲ့ဖူးပြီး ဖြစ်သည်" ဟုလည်း ပြောခဲ့၏။ ဤသည်မှာ အပြုသဘောဆောင်သော ဇာတ်ကောင်တို့၏ ဖော်ပြချက်ဖြစ်၏။ "သမိုင်းအခြေခံ ပြဇာတ်" ၏ အခန်းတစ်ခုစီတွင် အပြုသဘောဆောင်သော ဇာတ်ကောင်များရော အဖျက်သဘောဆောင်သော ဇာတ်ကောင်များပါ ရှိခဲ့သဖြင့် ဤနောက်ပိုင်းတွင် အဖျက်သဘောဆောင်သော ဇာတ်ကောင်တို့၏ အကျည်းတန်မှုကိုလည်း ဘုရားသခင် ဖော်ထုတ်၏။ ဤနည်းအားဖြင့် "သစ္စာဖောက်များ" ၏ ကွဲပြားခြားနားမှုအားဖြင့်သာ "ဖြောင့်မတ်သောလူများ" ၏ အလျှော့မပေးသော သစ္စာရှိမှုနှင့် ကြောက်ရွံ့ခြင်းကင်းသော သတ္တိတို့သည် ဖော်ထုတ်ခြင်း ခံရ၏။ လူတို့အားလုံး၏အသက်တာများတွင် အဖျက်သဘောဆောင်သော အချက်များ ရှိကာ၊ အပြုသဘောဆောင်သော အချက်များသည်လည်း ခြွင်းချက်မရှိ ရှိကြ၏။ သစ္စာဖောက်များသည် ၎င်းတို့၏ ဦးခေါင်းများ ငုံ့လျက် ၎င်းတို့၏အပြစ်များကို ဝန်ခံစေရန်နှင့် ဖြောင့်မတ်သော လူများသည် အားပေးမှုအောက်တွင် ဆက်လက်၍သစ္စာရှိစေရန်၊ ဘုရားသခင်သည် လူတို့အားလုံးအကြောင်း သမ္မာတရားကို ၎င်းရှုထောင့်နှစ်မျိုးမှ ဖော်ထုတ်၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ သွယ်ဝိုက်သော အဓိပ္ပာယ်သည် လွန်စွာနက်ရှိုင်း၏။ ရံဖန်ရံခါ လူတို့သည် ၎င်းတို့ကိုဖတ်ပြီးနောက် ကိုယ်ကိုကိုင်း၍ ရယ်မောကြကာ၊ ရံဖန်ရံခါ တိတ်ဆိတ်စွာဖြင့် ဦးခေါင်း ငိုက်စိုက်ချကြ၏။ ရံဖန်ရံခါ ၎င်းတို့သည် ပြန်လည်တွေးတောကြ၍၊ ရံဖန်ရံခါ ၎င်းတို့သည် ခါးသီးစွာငိုကြွေးကာ ၎င်းတို့၏အပြစ်များကို ဝန်ခံကြ၏၊ ရံဖန်ရံခါ ၎င်းတို့သည် စမ်းတဝါးဝါး လုပ်ကာ၊ ရံဖန်ရံခါ ၎င်းတို့သည် ရှာဖွေကြ၏။ ခြုံငုံကြည့်လျှင် ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့် ကွဲပြားသော နောက်ခံများကြောင့် လူတို့၏တုံ့ပြန်မှုများတွင် ပြောင်းလဲမှုများရှိကြ၏။ လူတစ်ဦးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်သည့်အခါ၊ တစ်ခါတစ်ရံတွင် ဘေးမှရပ်ကြည့်သူများက ထိုသူသည် စိတ်ရောဂါဝေဒနာရှင်ဟုပင် မှားယွင်းစွာ ထင်မြင်ယူဆနိုင်ကြ၏။ သင်သည် "ထို့ကြောင့် အငြင်းပွားဖွယ်ရာ ငြင်းခုံမှုများ မဖြစ်တော့သည့်အပြင်၊ ငါမှထုတ်ပြန်သော နှုတ်ကပတ်တော်တို့ကို လိုက်နာလျက် ခေတ်သစ်၏ အမျိုးမျိုးသော 'လက်နက်များ' သည်လည်း ရုပ်သိမ်းခြင်း ခံရ၏" ကိုလည်း ကြည့်နိုင်၏။ "လက်နက်များ" ဟူသော စကားသည် တစ်နေ့တာလုံးအတွက် သင့်အတွက် ဟာသတစ်ခု ဖြစ်လောက်၏။ ထို့အပြင် လူတို့သည် သတိမမူမိဘဲ "လက်နက်များ" အကြောင်း စဉ်းစားမိသောအခါ ၎င်းတို့သည် တိတ်တခိုး ရယ်မောကြလိမ့်မည်။ ဟုတ်သည် မဟုတ်လော။ ဤသည်ကြောင့် သင်မရယ်မောခြင်းများ ဖြစ်နိုင်သလော။
သင်ရယ်မောသည့်အခါ လူသားအပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များကို နားလည်ရန် မမေ့လေနှင့်။ ထို့အပြင် အသင်းတော်၏ စစ်မှန်သောအခြေအနေများကို မြင်ရန်လည်း မမေ့လေနှင့်- "လူသားမျိုးနွယ် အားလုံးသည် ပုံမှန်အနေအထားသို့ ပြန်ရောက်ကာ အသစ်သော အသက်တာတစ်ရပ် စတင်ခဲ့ပြီဖြစ်သည်။ ပတ်ဝန်းကျင် အသစ်များတွင် တည်ရှိရင်း၊ လောက အသစ်စက်စက်အတွင်း ဝင်ရောက်ခဲ့သည့်အလား ခံစားကြလျက်၊ လူဦးရေ အများအပြားသည် ၎င်းတို့အနီးအနားကို ကြည့်ကြ၏။ ထို့အပြင် ဤသည်အတွက်ကြောင့် ၎င်းတို့သည် ၎င်းတို့၏လက်ရှိ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိရန် ချက်ချင်း မပြောင်းလဲနိုင်ပေ၊ သို့မဟုတ် လမ်းကြောင်းမှန်ပေါ်သို့ ချက်ချင်း မရောက်နိုင်ပေ။" ဤသည်တို့မှာ အသင်းတော်၏ လက်ရှိအမှန်တကယ် အခြေအနေများဖြစ်ကြ၏။ လူတို့အားလုံးအား လမ်းကြောင်းမှန်အတွင်း ချက်ချင်းဝင်ရောက်စေရန် စိုးရိမ်မှုလွန်ကဲခြင်းမရှိနှင့်။ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုသည် အချို့သောအဆင့်သို့ တိုးတက်ပြီးသည်နှင့် လူတို့အားလုံးသည် သတိမူမိခြင်းမရှိဘဲ ၎င်းအတွင်းသို့ ဝင်ရောက်ကြလိမ့်မည်။ ဘုရားသခင်၏နှုတ်ကပတ်တော်တို့၏ အနှစ်သာရကို သင်နားလည်သည့်အခါ သူ၏ဝိညာဉ်သည် မည်သည့်အဆင့်ကို လုပ်ဆောင်ခဲ့ပြီးကြောင်း သင်သိလိမ့်မည်။ ဘုရားသခင်၏ အလိုဆန္ဒမှာ- "လူတိုင်း လမ်းကြောင်းမှန်ပေါ်သို့ ရောက်စေရေးအတွက် ပိုမိုကောင်းမွန်စွာ ထောက်ကူပေးရန် သင့်တော်သည့် 'ပညာပေး' လုပ်ဆောင်ချက်တစ်ရပ်ဖြစ်သည့် တရားစီရင်ခြင်းကိုသာ သူ၏ ဖြောင့်မတ်ခြင်းမရှိသော လုပ်ဆောင်ချက်များအပေါ် မူတည်၍ ငါ ပြုလုပ်" ရန်ဖြစ်၏။ ဤသည်မှာ ဘုရားသခင်၏ ပြောဆိုခြင်းနှင့် လုပ်ကိုင်ခြင်း နည်းနာဖြစ်ကာ၊ လူသားမျိုးနွယ်၏ လက်တွေ့ကျင့်သုံးသော တိကျသည့်လမ်းကြောင်းလည်းဖြစ်၏။ ဤနောက်ပိုင်းတွင် လူတို့အတွက် လူသားမျိုးနွယ်၏အနေအထားနောက်တစ်ခုကို သူညွှန်ပြ၏- "ငါ၌ရှိသော ပီတိကို ခံစားရန် လူသားတို့ လိုလိုလားလား မရှိပါက၊ ငါသည် ၎င်းတို့၏အလိုဆန္ဒများကို လိုက်လျောလျက် ၎င်းတို့အား အနက်ဆုံးတွင်းထဲသို့ ပို့ရုံသာရှိ၏။" ဘုရားသခင်သည် အပြည့်အဝပြောဆိုခဲ့ကာ လူတို့ညည်းညူရန် အခွင့်အရေး တစ်စိုးတစ်စဉ်မျှပင် မပေးဘဲထားခဲ့၏။ ဤသည်မှာ ဘုရားသခင်နှင့် လူသားအကြား ကွဲပြားမှုအတိအကျဖြစ်၏။ ဘုရားသခင်သည် လူသားအား အစဉ်ပွင့်လင်းစွာနှင့် လွတ်လပ်စွာ ပြောဆို၏။ ဘုရားသခင်သည် လူတို့အား သူ့နေရာတွင် နေစေခဲ့ကာ၊ ဘုရားသခင်မှ သက်တံ၏ မည်သည့်အရောင်မှန်းသိရန် "၎င်းတို့၏ခံစားချက်ကို ပွင့်လင်းစွာဖော်ပြ" နိုင်စေခဲ့ပြီးနောက်၊ သူ၏ရိုးသားမှန်ကန်မှုကို သူ၏နှုတ်ကပတ်တော်တစ်ခုစီတွင် တွေ့နိုင်၏။ ဘုရားသခင်သည် မည်သူ တစ်ဦးတစ်ယောက်၏ ယုံကြည်ခြင်း သို့မဟုတ် ချစ်ခြင်းကို မည်သည့်အခါကမျှ ချီးကျူးခဲ့ခြင်း မရှိသော်လည်း သူသည် လူတို့အပေါ် သတ်မှတ်ချက်များ အစဉ်ပြုလုပ်ကာ ၎င်းတို့၏အကျည်းတန်မှုကို ထုတ်ဖော်ခဲ့၏။ လူတို့၏ "ဝိညာဉ်အသက်တာ" မည်မျှသေးငယ်ကြောင်းနှင့် ၎င်းတို့၏ "ကြံ့ခိုင်မှု" မည်မျှချို့တဲ့နေကြောင်းကို ဤသည်ကပြ၏။ ၎င်းအတွကဖြည့်ဆည်းရန် ၎င်းတို့သည် "ကိုယ်လက်လေ့ကျင့်ခန်း" သာ၍လုပ်ရန်လို၏။ ထို့ကြောင့် ဘုရားသခင်သည် လူတို့အပေါ် အစဉ်ဒေါသထွက်နေခြင်းဖြစ်သည်။ လူသားမျိုးနွယ်အကြောင်း သမ္မာတရားတစ်ရပ်လုံးကို ဘုရားသခင်မှ ထုတ်ဖော်ပြီးသည့်တစ်နေ့တွင် လူတို့သည် စုံလင်ခြင်းခံရမည်ဖြစ်ကာ၊ ဘုရားသခင်သည် အေးငြိမ်းသက်သာလိမ့်မည်။ လူတို့သည် ဘုရားသခင်အား လှည့်ဖြားတော့မည် မဟုတ်ဘဲ၊ သူသည် ၎င်းတို့အား "ပညာပေး" တော့မည် မဟုတ်ပေ။ ထိုအချိန်မှစ၍ လူတို့သည် "၎င်းတို့ဘာသာ" နေနိုင်လိမ့်မည်ဖြစ်သော်လည်း ဤသည်မှာ အချိန်မကျသေးပေ။ လူတို့တွင် "အတုအပ" များစွာရှိသေးသဖြင့် ၎င်းတို့သည် အကြိမ်ရေအချို့ စမ်းသပ်စစ်ဆေးမှု ခံယူရန် ရှိပြီး၊ စစ်ဆေးရေး စခန်းများ တစ်ခုစီတွင် လူသားမျိုးနွယ်၏ "အခွန်များ" ပေးနိုင်ရေးအတွက် ပိုမိုများပြားသော "စစ်ဆေးရေး စခန်းများ" သတ်မှတ်ရန် လိုသေး၏။ ကုန်ပစ္စည်းအတုအပများ ရှိနေသေးပါက ၎င်းတို့ကို သိမ်းယူမည်ဖြစ်၍ ရောင်းချခြင်း မပြုနိုင်တော့ဘဲ ခိုးသွင်းလာသော ထိုကုန်ပစ္စည်း တစ်သုတ်ကို ဖျက်ဆီးလိုက်မည်ဖြစ်သည်။ ဤသည်မှာ ပြုလုပ်ဖွယ်ကောင်းသော အရာတစ်ခု မဟုတ်သလော။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ
မိတ်ဆွေက သီချင်းနားထောင်ခြင်းကို နှစ်သက်တာ ဖြစ်နိုင်ပါတ
Myanmar Gospel Song (ဘုရား၏စကားသည် ထာဝရအမှန်တရား) Myanmar Lyrics

No comments:
Post a Comment