လူတစ်ဦး၏စိတ်နှလုံးအား ဘုရားရှေ့တွင် ငြိမ်ဝပ်စေခြင်းသည် အရေးကြီးဆုံးအချက်များထဲက တစ်ခုဖြစ်ကြောင်း အတွေ့အကြုံအားဖြင့် မြင်တွေ့နိုင်ပါသည်။ ယင်းသည် လူတွေ၏ဝိညာဉ်ရေးအသက်တာနှင့် သူတို့၏အသက်တာ ကြီးထွားခြင်းနှင့်သက်ဆိုင်သည့် အချက်တစ်ခုဖြစ်သည်။ ဘုရားသခင်ရှေ့တော်၌ သင့်စိတ်နှလုံးငြိမ်သက်ခြင်းရှိမှသာလျှင်၊ သမ္မာတရားရရှိရန်နှင့် သင့်စိတ်သဘောထားပြောင်းလဲမှုများရရှိရန် သင်၏ရှာဖွေကြိုးပမ်းမှုသည် အသီးအပွင့်ရှိလာလိမ့်မည်။ အကြောင်းမှာ သင်သည် ဘုရားသခင်ရှေ့တွင် ဝန်လေးလျက် ရောက်ရှိလာပြီး၊ သင်သည်များစွာချို့တဲ့နေကြောင်း၊ သင်သိနားလည်သင့်သောသမ္မာတရားများ မြောက်မြားစွာနှင့် သင့်ကြုံတွေ့သင့်သော လက်တွေ့အရှိတရား မြောက်များစွာရှိကြောင်း၊ ဘုရားသခင်၏အလိုတော်အား အရေးစိုက်မှု ဟူသမျှ သင်ပေးအပ်သင့်ကြောင်းကို သင်အမြဲခံစားရသောကြောင့်ဖြစ်သည်၊ ဤအရာများသည် သင့်စိတ်ထဲတွင် အမြဲရှိနေလျက်၊ ယင်းတို့သည် သင်အသက်မရှူနိုင်လောက်အောင် သင့်ကို အလွန်ပြင်းထန်စွာ ဖိအားပေးနေသကဲ့သို့ဖြစ်သောကြောင့်၊ (အပျက်သဘောဆောင်သည့်အခြေအနေ၌ မဟုတ်သော်လည်း) သင်သည် စိတ်နှလုံးလေးလံမှုကို ခံစားရခြင်းဖြစ်သည်။ ဤသို့သောလူတွေသာလျှင် ဘုရားသခင်၏နှုတ်ကပတ်တော်ဉာဏ်အလင်းပေးခြင်းကို လက်ခံရရှိရန်နှင့် ဘုရားသခင့်၀ိညာဉ်တော်၏ ထိတွေ့လှုပ်ရှားခြင်းခံရရန် အရည်အချင်းပြည့်မီကြသည်။ ထိုသို့ဖြစ်ရခြင်းမှာ မိမိတို့၏ဝန်လေးမှုကြောင့် လည်းကောင်း၊ သူတို့သည် စိတ်လေးလံသောသူများ ဖြစ်ကြသောကြောင့်လည်းကောင်းဖြစ်သည်၊ ထို့ပြင် သူတို့ပေးဆပ်ခဲ့သည့်အဖိုးအခနှင့် ဘုရားသခင်ရှေ့တွင် သူတို့ခံခဲ့ကြရသည့် ညှဉ်းဆဲခြင်းကြောင့် ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းနှင့် ဖွင့်ပြခြင်းတို့ကို သူတို့ရရှိကြသည်ဟု ဆိုနိုင်ပါသည်၊ အကြောင်းမှာ ဘုရားသခင်က မည်သူ့ကိုမျှ အထူးတလည်ဆက်ဆံပြုမူခြင်းမရှိသောကြောင့်ဖြစ်၏။ ဘုရားသခင်သည် လူတွေကိုဆက်ဆံပြုမူရာတွင် အစဉ်အမြဲမျှတ၏၊ ဘုရားသခင်သည် လူတွေကို ထောက်ပံ့ခြင်း၌ အာဏာရှင်ဆန်ဆန် မပြုသလို သူတို့ကို ခြွင်းချက်မရှိလည်း မပေးချေ။ ဤသည်မှာ သူ၏ဖြောင့်မတ်သော စိတ်နေသဘောထား အသွင်တစ်ခုဖြစ်ပေသည်။ လက်တွေ့အသက်တာတွင် လူအများစုက ဤနယ်ပယ်ထဲရောက်ဖို့ လိုအပ်ပါသေးသည်။ အနည်းဆုံး သူတို့စိတ်နှလုံးသည် ဘုရားသခင်အား လုံးလုံးလျားလျား အားထားဖို့ လိုသေးသည်၊ ဤအကြောင်းကြောင့် သူတို့၏ အသက်တာစိတ်သဘောထားတွင် ကြီးမားသောအပြောင်းအလဲ ဘာတစ်ခုမျှ မရှိသေးပေ။ ဤသည်မှာ သူတို့သည် ဘုရားကျေးဇူးတော်အထဲ၌သာ အသက်ရှင်ကြပြီး သန့်ရှင်းသောဝိညာဉ်တော်၏အလုပ်ကို ရရှိဖို့ လိုအပ်နေသေးသောကြောင့်ဖြစ်သည်။ လူတွေကို ဘုရားသခင်အသုံးပြုခြင်းအတွက် စံချိန်စံညွှန်းမှာ အောက်ပါအတိုင်းဖြစ်သည်- သူတို့၏စိတ်နှလုံးသည် ဘုရားသခင်ကို အားထားကြ၏၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် ဝန်တာစိတ်ရှိကြ၏၊ သူတို့တွင် တမ်းတတတ်သောစိတ်ဆန္ဒနှလုံးသားရှိကြပြီး၊ သမ္မာတရားကို ရှာဖွေရန် စိတ်ပိုင်းဖြတ်ချက်ရှိကြသည်၊ ဤကဲ့သို့သော လူတွေမှသာ သန့်ရှင်းသောဝိညာဉ်တော်၏အလုပ်ကို ရရှိနိုင်ကြကာ၊ ဉာဏ်အလင်းနှင့်ဖွင့်ပြခြင်းကို မကြာခဏရကြသည်။ ဘုရားသခင်အသုံးပြုသောလူတို့သည် သင့်တင့်လျောက်ပတ်မှုနှင့် စကားပြောကာ၊ မဆင်မခြင်စကားမပြောဘဲ၊ ဘုရားသခင်၏မျက်မှောက်တော်၌ မိမိတို့စိတ်နှလုံးကို ငြိမ်ဝပ်စွာအစဥ်ထားနိုင်ကြသော်လည်း သူတို့သည် အပြင်ပန်းသဏ္ဌာန်အားဖြင့် ဆင်ခြင်တုံတရား မရှိကြသကဲ့သို့မြင်ရပြီး၊ အခြားသူတွေနှင့် မှန်ကန်သောဆက်ဆံမှုများ မရှိကြဟန်တူသည်။ သို့သော် ဤသို့သောသူတို့သည် သန့်ရှင်းသော၀ိညာဉ်တော်၏ အသုံးပြုခြင်းခံရရန် လုံလောက်သောသူတို့ပင် ဖြစ်ကြသည်။ ဘုရားသခင်မိန့်မြွက်သည့် ဤ "ဆင်ခြင်တုံတရားမရှိသော" ပုဂ္ဂိုလ်သည် အခြားသူများနှင့် မှန်ကန်သောဆက်ဆံမှုများ မရှိသည့်ဟန်တူသည်၊ သူတို့တွင် အပြင်ပန်းမေတ္တာပြခြင်း သို့မဟုတ် အပေါ်ယံလုပ်ဆောင်ခြင်းများ မရှိကြပါ၊ သို့သော် သူတို့သည် ၀ိညာဉ်ရေးများကိုပြောပြနေကြသောအခါတွင် သူတို့၏နှလုံးသားကိုဖွင့်ဟပြီး၊ ဘုရားသခင်၏မျက်မှောက်တော်ရှေ့ရှိ သူတို့၏ တကယ့် အတွေ့အကြုံမှ သူတို့ဆည်းပူးခဲ့သည့် ဖွင့်ပြခြင်းနှင့်ဉာဏ်အလင်းကို သူတပါးတို့အား ကိုယ်ကျိုးမငဲ့ဘဲ ဖြည့်ဆည်းပေးနိုင်ကြသည်။ ဤနည်းဖြင့် သူတို့သည် ဘုရားသခင်အား ချစ်ကြောင်းကို ဖော်ပြကြပြီး ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်းကြ၏။ အခြားသူများအားလုံးက သူတို့ကိုအသရေပျက်အောင်ပြောနေပြီး လှောင်ပြောင်သောအခါ ပြင်ပလူများ၊ ဖြစ်ရပ်များနှင့် အခြေအနေများ၏ ထိန်းချုပ်မှုကို မခံဘဲနေနိုင်ကြကာ၊ ဘုရားသခင်ရှေ့တွင် ငြိမ်ဝပ်စွာနေနိုင်ကြသေးသည်။ ထိုကဲ့သို့သောပုဂ္ဂိုလ်မျိုး၌ သူတို့၏ကိုယ်ပိုင် ထူးခြားသောထိုးထွင်းအမြင်များ ရှိ ဟန်တူသည်။ အခြားသူများကို ပဓာနမထားဘဲ၊ သူတို့၏စိတ်နှလုံးသည် ဘုရားသခင်ကို မည်သည့်အခါမျှ မစွန့်ခွာပါ။ အခြားသူများ က ပျော်ရွှင်စရာနှင့်ရယ်စရာများ ပြောဆိုနေကြစဉ်တွင် သူတို့၏စိတ်နှလုံးသည် ဘုရားသခင်၏မျက်မှောက်တော်၌ တည်ရှိနေဆဲဖြစ်ကာ၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဆင်ခြင်အာရုံပြုခြင်း သို့မဟုတ် မိမိတို့စိတ်နှလုံးထဲကဘုရားသခင်အား တိတ်တဆိတ်ဆုတောင်းခြင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကိုရှာဖွေခြင်း ပြုကြ၏။ သူတို့သည် အခြားလူတွေနှင့် သူတို့၏ မှန်ကန်သောဆက်ဆံရေးများအား ထိန်းသိမ်းထားခြင်းကို အဓိကအာရုံစိုက်မှုအဖြစ် မည်သည့်အခါမျှ မထားပါ။ ထိုကဲ့သို့သောပုဂ္ဂိုလ်တွင် ဘဝဒဿနိကရှိဟန် မတူပါ။ အပြင်ပန်း၌ သူသည်သွက်လက်ပြီး ချစ်ခင်စုံမက်စရာဖြစ်ကာ၊ အပြစ်ကင်းစင်ရုံမက၊ တည်ငြိမ်သောစိတ်သဘောကိုလည်း ပိုင်ဆိုင်သည်။ ဤသည်မှာ ဘုရားသခင်အသုံးပြုသောသူတစ်ဦး၏ ပုံသဏ္ဌာန်ဖြစ်သည်။ ဘဝဒဿနိက သို့မဟုတ် "သာမန်အသိစိတ်" ကဲ့သို့သောအရာများက ဤပုဂ္ဂိုလ်မျိုးထဲသို့မရောက်ရှိနိုင်၊ ဤပုဂ္ဂိုလ်မျိုးသည် မိမိစိတ်နှလုံးတစ်ခုလုံးကို ဘုရားသခင်၏နှုတ်ကပတ်တော်၌ ဆက်ကပ်ထားပြီး သူ့စိတ်နှလုံးထဲတွင် ဘုရားသခင်သာလျှင် ရှိဟန်တူသည်။ ဤပုဂ္ဂိုလ်မျိုးသည် ဘုရားသခင်ညွှန်းဆိုသည့် "ဆင်ခြင်တုံတရားမရှိသော"သူ ဖြစ်ကာ၊ ဘုရားသခင်အသုံးပြုခြင်းခံရသည့် ပုဂ္ဂိုလ်ပင်လျှင်ဖြစ်ပေ၏။ ဘုရားသခင်အသုံးပြုခြင်းခံနေရသောသူတစ်ဦး၏ လက္ခဏာမှာ၊ မည်သည့်အချိန်၊ မည်သည့်နေရာမဆို၊ သူ့စိတ်နှလုံးက ဘုရားရှေ့တွင် အမြဲရှိ၏၊ အခြားသူတွေ သောက်စားပျော်ပါးခြင်း၌ မည်မျှ မွေ့လျော်ပါစေ၊ တဏှာစိတ်၏အလိုသို့ မည်မျှလိုက်ပါစေ၊ ဇာတိပကတိအလိုသို့ မည်မျှလိုက်ပါစေ သူ၏စိတ်နှလုံးသည် ဘုရားသခင်ကို မည်သည့်အခါမျှ မစွန့်ခွာဘဲ၊ အများသူငါနောက်သို့လည်း လိုက်မသွားပါ။ ဤပုံစံပုဂ္ဂိုလ်သာလျှင် ဘုရားသခင်အသုံးပြုရန်သင့်တော်သောသူဖြစ်ပြီး သန့်ရှင်းသောဝိညာဉ်တော်၏ စုံလင်အောင်ပြုပြင်ခြင်းခံရသောသူ တစ်ဦး အသေအချာပင်ဖြစ်သည်။ အကယ်၍ သင်သည် ဤအဆင့်သို့မရောက်နိုင်သေးလျှင်မူ ဘုရားသခင်၏ရယူခြင်းကို ခံရရန်နှင့် သန့်ရှင်းသောဝိညာဉ်တော်၏ စုံလင်အောင်ပြုပြင်ခြင်းခံရရန် အရည်အချင်းမပြည့်မီသေးပါ။
အကယ်၍ သင်သည် ဘုရားသခင်နှင့် မှန်ကန်သောဆက်ဆံရေးကို ရရှိလိုလျှင် သင့်စိတ်နှလုံးသည် ဘုရားသခင်ကို အားထားရမည်၊ ဤအခြေခံအုတ်မြစ်ပေါ်မှနေ၍ သင်သည် တခြားလူတွေနှင့် မှန်ကန်သောဆက်ဆံရေးတစ်ခုလည်း ရရှိလိမ့်မည်။ ဘုရားသခင်နှင့် မှန်ကန်သောဆက်ဆံရေး မရှိလျှင်၊ အခြားသူတွေနှင့် သင်၏ဆက်ဆံရေးများကိုထိန်းသိမ်းဖို့ သင်ဘာပဲလုပ်သည်ဖြစ်စေ၊၊ မည်မျှကြိုးစားပြီး လုပ်ဆောင်သည်ဖြစ်စေ၊ သို့မဟုတ် သင် အားအင် မည်မျှ အသုံးပြုသည်ဖြစ်စေ၊၊ လုပ်ဆောင်သမျှသည် လူ့ဘဝဒဿနိကနှင့်သာ သက်ဆိုင်နေဆဲဖြစ်လိမ့်မည်။ လူတွေက သင့်ကို ချီးမွမ်းရန်အလို့ငှာ သင်သည် လူ့အမြင်၊ လူ့ခံယူချက်အတိုင်း လူတွေကြားတွင် သင့်ရပ်တည်ချက်နေရာကို ထိန်းသိမ်းစောင့်ရှောက်နေခြင်းဖြစ်သည်။ သင်သည် ဘုရားသခင်၏နှုတ်ကပတ်တော်နှင့် အညီ လူတွေနှင့်မှန်ကန်သောဆက်ဆံရေးများ မတည်ဆောက်ပေ၊ အကယ်၍ သင်သည် လူတွေနှင့်ဆက်ဆံရေးများကို အဓိကမထားဘဲ၊ ဘုရားသခင်နှင့်မှန်ကန်သောဆက်ဆံရေးကိုသာထိန်းသိမ်း၍သော်လည်းကောင်း၊ သင့်စိတ်နှလုံးကို ဘုရားသခင်အား ပုံအပ်ရန်ဆန္ဒရှိနေပြီး ကိုယ်တော်အားနာခံတတ်ရန်သင်ယူလျှင်၊ လူအပေါင်းတို့နှင့် သင်၏ဆက်ဆံရေးများမှာ အလိုအလျောက် မှန်ကန်လာလိမ့်မည်။ ဤနည်းအားဖြင့် ယင်းဆက်ဆံရေးများသည် ဇာတိပကတိ ပေါ်တွင်မဟုတ်ဘဲ၊ ဘုရားသခင်၏ချစ်ခြင်းမေတ္တာ၏ အခြေခံအုတ်မြစ်ပေါ်တွင်သာ တည်ဆောက်ထားသည်။ ဇာတိပကတိအပေါ်အခြေခံ၍ အပြန်အလှန်အကျိုးပြုမှုများ မရှိသလောက်ဖြစ်သော်လည်း၊ ၀ိညာဉ်၌မူကား မိတ်သဟာယဖွဲ့ခြင်းသာမက၊ ချစ်ခြင်းမေတ္တာ၊ နှစ်သိမ့်ခြင်းနှင့် အချင်းချင်းပံ့ပိုးခြင်းရှိ၏။ ဤအမှုအားလုံးသည် ဘုရားသခင်အား ကျေနပ်အားရစေသည့်နှလုံးသားတစ်ခု အပေါ်အခြေခံပြီး ပြုလုပ်ခြင်းဖြစ်သည်။ ဤဆက်ဆံရေးများသည် လူ့ဘဝဒဿနိကကိုအမှီပြုကာ ထိန်းသိမ်းပြုစုသည်မဟုတ်၊ ၎င်းတို့သည် ဘုရားအတွက်ဝန်တာစိတ်သဘောထားကြောင့်သာ အလိုအလျောက်ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ၎င်းတို့သည် လူ့ကြိုးစားအားထုတ်မှု မလိုအပ်ပါ၊ ၎င်းတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်၏ အခြေခံသဘောတရားများအားဖြင့် ကျင့်ကြံပြုမူခြင်းဖြစ်သည်။ ဘုရားသခင်၏အလိုတော်အား ထောက်ထားဖို့အလို့ငှါ သင်အလိုဆန္ဒရှိသလော။ ဘုရားသခင်ရှေ့တွင် "ဆင်ခြင်တုံတရားမရှိသော" ပုဂ္ဂိုလ်တစ်ဦးဖြစ်ရန် သင်ဆန္ဒရှိသလော။ သင့်စိတ်နှလုံးကို ဘုရားသခင်အား အကြွင်းမဲ့ပေးအပ်ရန်နှင့် လူတွေအလယ်တွင် သင့်ရာထူးကို မထည့်တွက်ဘဲနေဖို့ရန် သင်ဆန္ဒရှိသလော။ သင်ပေါင်းသင်းခဲ့သည့် လူအပေါင်းတို့အနက်မှ မည်သူနှင့် အကောင်းဆုံးဆက်ဆံရေးများ သင်ရှိသနည်း။ ထိုသူအပေါင်းတို့အနက် မည်သူနှင့် အဆိုးဆုံးဆက်ဆံရေးများ သင်ရှိသနည်း။ လူတွေနှင့် သင်၏ဆက်ဆံရေးများ မှန်ကန်ပါသလော။ သင် လူတိုင်းအား ညီတူညီမျှဆက်ဆံသလော။ အခြားသူတွေနှင့် သင်၏ဆက်ဆံရေးများကို သင်၏ဘ၀ဒဿနိကနှင့်အညီ ထိန်းသိမ်းသလော သို့မဟုတ် ဘုရားသခင်၏ချစ်ခြင်းမေတ္တာအပေါ် အခြေခံ၍ တည်ဆောက်ထားပါသလော။ လူတစ်ဦးက မိမိစိတ်နှလုံးကို ဘုရားသခင်အား မပေးသည့်အခါ သူ့ဝိညာဉ်သည် တုံးလာသည်၊ ၎င်းသည် ထုံထိုင်းလာပြီး သတိမမူ ဖြစ်လာသည်။ ယင်းပုံစံပုဂ္ဂိုလ်က ဘုရားသခင်၏နှုတ်ကပတ်တော်များကို မည်သည့်အခါမျှ နားလည်လိမ့်မည်မဟုတ်သလို ဘုရားနှင့် မှန်ကန်သောဆက်ဆံရေးကို မည်သည့်အခါမျှ ရလိမ့်မည်မဟုတ်ပေ၊ ယင်းပုဂ္ဂိုလ်မျိုးက မိမိတို့စိတ်နေသဘောထားကို မည်သည့်အခါမျှ ပြောင်းလဲလိမ့်မည် မဟုတ်ချေ။ လူတစ်ဦး၏ စိတ်နေသဘောထားပြောင်းလဲခြင်းဆိုသည်မှာ သူ၏စိတ်နှလုံးကို ဘုရားသခင်အား အကြွင်းမဲ့ပေးအပ်ခြင်းနှင့် ဘုရားသခင်၏နှုတ်ကပတ်တော်များမှ အလင်းပေးခြင်းနှင့်ဖွင့်ပြခြင်းကို ရရှိခြင်းဖြစ်စဉ်ပေတည်း။ ဘုရားသခင်၏အလုပ်က လူတစ်ဦးကို နိုးကြားတက်ကြွစွာ ဝင်ရောက်စေနိုင်သကဲ့သို့၊ အသိပညာရရှိပြီးနောက်တွင် သူ၏ အပျက်သဘောဆောင်သောလက္ခဏာများကို ရှင်းလင်းဖယ်ရှားစေနိုင်ပါသည်။ သင်သည်စိတ်နှလုံးကို ဘုရားသခင်အား ပေးအပ်နိုင်သည့်အချိန်တွင် သင့်ဝိညာဉ်အထဲ၌ သိမ်မွေ့သောလှုပ်ရှားနေခြင်းဟူသမျှကို သင် သတိမူနိုင်လိမ့်ဖြစ်ပြီး၊ ဘုရားသခင်မှရရှိသော အလင်းပေးခြင်းနှင့်ဖွင့်ပြခြင်းဟူသမျှကို သင်သိလိမ့်မည်။ ဤအရာကိုလက်စွဲကိုင်ထားလျှင် သင်သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် စုံလင်စေခြင်းတည်းဟူသော လမ်းကြောင်း၌ တဖြည်းဖြည်းဝင်ရောက်လာလိမ့်မည်။ ဘုရားသခင်၏မျက်မှောက်တော်၌ သင့်စိတ်နှလုံးငြိမ်ဝပ်စွာရှိနိုင်လေလေ၊ သင့်ဝိညာဉ်၏တုံ့ပြန်နိုင်မှု နိုးကြားထက်မြက်လေလေနှင့် နူးညံ့သိမ်မွေ့လေလေဖြစ်ကာ၊ သင့်ဝိညာဉ်က သန့်ရှင်းသောဝိညာဉ်တော်၏ လှုပ်ရှားမှုကို ပိုမိုသတိမူသိမြင်နိုင်လေလေ ဖြစ်သဖြင့် သင်နှင့်ဘုရားသခင်၏ ဆက်ဆံရေးသည် တိုး၍ မှန်ကန်လာလိမ့်မည်။ လူတွေအကြား မှန်ကန်သောဆက်ဆံရေး ဟူသည် မိမိတို့စိတ်နှလုံးကို ဘုရားသခင်အား ပေးအပ်ခြင်းအပေါ်တွင် အခြေခံ၍တည်ဆောက်ထားသည်၊ ၎င်းကို လူ၏ ကြိုးစားအားထုတ်မှုအားဖြင့်မရနိုင်။ မိမိတို့နှလုံသားများထဲတွင် ဘုရားသခင်မရှိလျှင် လူတွေကြားထဲက အချင်းချင်း ဆက်ဆံရေးများသည် ဇာတိပကတိ၏ဆက်ဆံရေးများ သက်သက်သာဖြစ်ကြသည်။ ယင်းတို့သည် မမှန်ကန်ဘဲ တပ်မက်ခြင်းတဏှာ၏အလိုသို့လိုက်ခြင်းဖြစ်သဖြင့် ဘုရားသခင် မုန်တီး၍ရွံရှာသောဆက်ဆံရေးများဖြစ်ကြ၏။ အကယ်၍ သင့်ဝိညာဉ်သည် တို့ထိခြင်းခံရပြီဟု သင်ဆိုပါလျက်နှင့် သင်သည် သင်နှစ်သက်သောလူများ၊ သင်အထင်ကြီးသောသူ မည်သူမဆိုနှင့် မိတ်သဟာယအမြဲဖွဲ့လိုပြီးသကာလ၊ သင်မနှစ်သက်သောသူရှာဖွေသူ နောက်တစ်ဦး ရှိနေသော်လည်း သူ့အပေါ်သင်ဘက်လိုက်မှုအစွဲထားကာ ထိတွေ့ဆက်ဆံမှုမပြုလျှင်ကား- ဤအရာက သင်သည် စိတ်ခံစားမှုဦးစားပေးသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး၊ ဘုရားသခင်နှင့်မှန်ကန်သောဆက်ဆံရေး သင်၌လုံးဝမရှိသည့် နောက်ထပ်သက်သေပင်ဖြစ်သည်။ သင်သည် ဘုရားသခင်ကိုလိမ်လည်လှည့်ဖြားရန်နှင့် မိမိ၏အကျည်းတန်ခြင်းကို ဖုံးကွယ်ရန် ကြိုးစားနေသည်။ အကယ်၍ သင်နားလည်သည့်အရာအချို့ကို သင်ဝေငှနိုင်သည့်တိုင် ရည်ရွယ်ချက်အမှားများ သင့်မှာရှိလျှင်၊ သင်လုပ်ဆောင်သော အရာတိုင်းသည် လူ့စံချိန်များအားဖြင့်သာလျှင် အကောင်းဖြစ်၏။ ဘုရားသခင်သည် သင့်ကိုချီးမွမ်းမည်မဟုတ်၊ သင်သည် ဇာတိအားဖြင့်လုပ်ဆောင်နေပြီး ဘုရားသခင်၏ဝန်တာစိတ်အတိုင်း လုပ်ဆောင်နေသည်မဟုတ်ပါ။ ဘုရားသခင်ရှေ့တွင် သင့်စိတ်နှလုံးကို တည်ငြိမ်စွာထားရှိနိုင်ပြီး၊ ဘုရားသခင်ကိုချစ်သောသူအပေါင်းတို့နှင့် မှန်ကန်သောအပြန်အလှန်အကျိုးပြုမှုများ ရှိမှသာလျှင် သင်သည်ဘုရားသခင်အသုံးပြုရန် သင့်လျော်ပေသည်။ ဤနည်းအားဖြင့် အခြားသူတွေနှင့် သင်ဘယ်လိုပေါင်းသင်းပါလေစေ၊ ဘဝဒဿနိကအတိုင်းမဟုတ်တော့ဘဲ၊ ဘုရားသခင်၏ဝန်တာစိတ်ကိုထောက်ထားပြီး သူ၏ရှေ့၌အသက်ရှင်ခြင်း ဖြစ်ပါလိမ့်မည်။၊ သင်တို့အထဲတွင် ဤကဲ့သို့သောလူများ ဘယ်နှစ်ယောက်ရှိသနည်း။ အခြားလူတွေနှင့် သင်၏ဆက်ဆံရေးများမှာ တကယ်မှန်ကန်ပါ၏လော။ ယင်းတို့သည် ဘယ်အရာပေါ်တွင် အခြေခံထားပါသနည်း။ သင့်အထဲ၌ ဘဝဒဿနိကများ မည်မျှရှိသနည်း။ ထိုအရာများကို လွှင့်ပစ်ထားပြီးပြီလော။ သင့်စိတ်နှလုံးသည် ဘုရားသခင်အား အကြွင်းမဲ့အားထားခြင်းမရှိလျှင် သင်သည် ဘုရားသခင်နှင့် မသက်ဆိုင်ဘဲ စာတန်ဆီမှလာသောသူဖြစ်ကာ၊ နောက်ဆုံးတွင် စာတန်ဆီသို့ ပြန်ပို့ခြင်းခံရလိမ့်မည်။ ဘုရားသခင်၏လူများထဲကတစ်ယောက်ဖြစ်ရန် သင်မထိုက်တန်ပါ။ ဤအရာအားလုံးက သင်၏ ဂရုတစိုက်ဆင်ခြင်သုံသပ်ခြင်းကို တောင်းဆိုနေသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ
ဆောင်းပါး မူလရင်းမြစ်နေရာ ဘုရားသခင်နဲ့ဆက်နွယ်မှုစစ်စစ်တစ်ခုတည်ဆောက်ခြင်းသည် အလွန်အရေးကြီးသည်

No comments:
Post a Comment