ခေတ်သစ်ကာလတွင် ပညတ်တရားတော်၏ပြဋ္ဌာန်းချက်တို့သည် ဘုရားသခင်၏အသံတော် ကိုကြားသောသူများနှင့် ပညတ်တော်အောက်တွင်ရှိသောသူများ အားလုံးသည် ခေတ်သစ်ကာလသို့ ဝင်ရောက်ပြီဖြစ်ကြောင်း ပြသသည့်သက်သေတစ်ခုဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အမှုတော်အတွက် အသစ်သောစတင်ဆောင်ရွက်မှုဖြစ်ပြီး၊ နှစ်ပေါင်းခြောက်ထောင်ကျော်ကြာ ဘုရားသခင့်စီမံခန့်ခွဲမှုအစီအစဉ်တွင်းမှ နောက်ဆုံးသောအပိုင်းလည်းဖြစ်သည်။ ခေတ်သစ်ကာလ၏ ပညတ်ချက်သည် လူသားနှင့်ဘုရားသခင်တို့ ကောင်းကင်သစ်နှင့် မြေကြီးသစ်သို့ဝင်စားသည်ကို ပုံဆောင်ကာ၊ ဣသရေလလူမျိုးများကြား ယေယောဝါဘုရားသခင် လုပ်ဆောင်ခဲ့သကဲ့သို့၎င်း၊ ဂျူးလူမျိုးများကြား ယေရှုလုပ်ဆောင်သကဲ့သို့၎င်း ဘုရားသခင်သည် မြေကြီးပေါ်တွင် ပိုမိုကြီးမြတ်သောအရာ၊ ပိုမိုလက်တွေ့ကျသောအရာ၊ ပိုမိုများစွာ သောအရာတို့ကို လုပ်ဆောင်လိမ့်မည်။ ထိုအဖွဲ့ထဲက လူတို့သည် ဘုရားသခင်ထံတော်မှ ပိုမိုများပြား၊ ကြီးမြတ်သောစေခိုင်းချက်များ၊ လက်တွေ့အထောက်အပံ့၊ အစားအစာထောက်ပံ့ခြင်း၊ အခြားထောက် ပံ့ခြင်း၊ ဂရုစိုက်စောင့်ရှောက်မှုနှင့် ကာကွယ်စောင့်မခြင်းတို့ကို ရရှိလိမ့်မည်။ ထို့အပြင် သူတို့သည် ပိုမိုလက်တွေ့ကျသော လုပ်ဆောင်ချက်များ၊ ဘုရားနှုတ်ကပတ်တော်အားဖြင့် ဖြေရှင်းပေးခြင်း၊ ကျိုးကြေစေခြင်း၊ အပြစ်စစ်ကြောခြင်းတို့ကို ခံရကြလိမ့်မည်။ ခေတ်သစ်ကာလရှိ ပညတ်တော်၏ အနက်အဓိပ္ပါယ်သည် အတော်ထူးခြားလာသည်။ မြေကြီးပေါ်တွင် ဘုရားသခင်အမှန်တကယ် ပေါ် ထွန်းလာမည်၊ မြေကြီးတစ်ပြင်လုံးကို အစိုးရလိမ့်မည်၊ လူတို့ထဲ၌ ဘုန်းတော် ထင်ရှား စေလိမ့်မည်ဟု သူတို့ဆိုကြသည်။ လက်တွေ့ကျသောဘုရားသခင်သည် ဒီကမ္ဘာပေါ်၌ သူရွေး ချယ်ထားသည့်အရာအားလုံးကို ပြီးပြည့်စုံစေဖို့အလို့ငှာ ပိုမိုလက်တွေ့ကျသောအရာများကို ဆောင်ရွက် တော့မည်ဟုလည်း သူတို့ဆိုကြသေးသည်။ ထို့အပြင်၊ ဘုရားသခင်သည် နှုတ်ကပတ်တော်အားဖြင့် ကမ္ဘာပေါ်ရှိအရာခပ်သိမ်းကို ပြည့်စုံစေလိမ့် မည်။ “ကြီးမြတ်တော်မူသောသူကို လူမျိုးတကာဒူးထောက်ပြပ်ဝပ်ကိုးကွယ်လိမ့်မည်၊ လူသားခံယူသော ဘုရားသခင်သည် အမြင့်ဆုံးချီးမြှောက်ခြင်းခံပြီ” ဆိုသည်ကို ဖော်ပြလိမ့်မည်။ ခေတ်သစ်ကာလ၏ ပညတ်တော်သည် လူသားများ တာဝန်အရစောင့်ထိန်းရန်၊ သူ့ရဲ့တာဝန်ကိုပြည့်စုံစေရန်ဖြစ်သော် လည်း သူတို့ပုံဆောင်သည့်အနက်အဓိပ္ပါယ်သည် စကားလုံး တစ်လုံး (သို့) နှစ်လုံးဖြင့် ပြည့်စုံစွာ ဖော် ပြရန် အလွန်နက်ရှိုုင်းသည်။ ကာလသစ်၏ပညတ်တော်သည် ဓမ္မဟောင်းကျမ်းဥပဒေသနှင့် ဓမ္မသစ်ကျမ်း၏ စည်းမျဉ်းတို့ကို ယေရှုနှင့် ယေယောဝါဘုရားသခင် မိန့်တော်မူသည့်အတိုင်း အစားထိုးလာပြီ။ ထိုအရာသည် လူတို့ စိတ်ကူးထားသကဲ့သို့ ရိုးရှင်းသည့်အကြောင်းအရာမဟုတ်၊ ပိုမိုလေးနက်သော အဓိပ္ပါယ်ရှိသည်။ ခေတ်သစ်ကာလ၏ ပညတ်တော်တွင် လက်တွေ့အနက် အဓိပ္ပါယ်ရှိသည့်အပိုင်းပါဝင်သည်။ ထိုပညတ်တော်တို့သည် ဘုရားသခင်နိုင်ငံတော်နှင့် ကျေးဇူးတော် ကာလနှစ်ခုကို ဆက်သွယ်ပေးသည်။ ခေတ်သစ်ပညတ်တော်သည် ကာလဟောင်းထဲက ဥပဒေသ များ၊ လုပ်ထုံးလုပ်နည်းများကိုအဆုံးသတ်စေသည်၊ ယေရှုခေတ်ကာလရဲ့လုပ်ထုံးလုပ်နည်းများ၊ ခေတ် သစ်ကာလမတိုင်ခင်ရှိသည့် လုပ်ထုံးဓလေ့အားလုံးကို အဆုံးသတ်စေသည်။ သူတို့သည် လက်တွေ့ ကျသောဘုရားသခင်ထံ လူသားများကိုခေါ်ဆောင်လာပြီး၊ ပြီးပြည့်စုံခြင်းအလုံးစုံရဲ့ လမ်းစဖြစ်သည့် ဘုရားသခင်၏ပြည့်စုံခြင်းကို စတင်လက်ခံ ရရှိစေသည်။ ထို့ကြောင့် သင်တို့သည် ခေတ်သစ်ပညတ် တော်အပေါ် မှန်ကန်သည့်စိတ်နေသဘောထားရှိပြီး၊ အထင်အမြင်သေး (သို့) ပေါ့ပေါ့တန်တန်ဖြင့် နောက်မလိုက်သင့်ပေ။ ခေတ်သစ်ပညတ်တော် အလေးပေးသည့်ဖော်ပြချက်တစ်ခုမှာ- ယနေ့ လက်တွေ့ကျသော ဘုရားသခင်ကို လူသားများကိုးကွယ်ရမည်၊ ဆိုလိုသည်မှာ ဝိညာဉ်တော်အနှစ်သာရထံသို့ ပိုမိုလက် တွေ့ကျစွာ နာခံအပ်နှံရမည်ဖြစ်သည်။ ဖြောင့်မတ်ခြင်းနေဝန်းပမာ ဘုရားသခင်ပေါ်ထွက်လာပြီးနောက်တွင် အဘယ်သူသည်ဖြောင့်မတ်၍ အဘယ်သူသည်အပြစ် ရှိကြောင်း ဘုရားသခင်မှလူသားတို့ကို စီရင်မည့် ထိုပညတ်တော်ထုံးထမ်းတို့ကိုလည်း ခေတ်သစ်ပညတ်တော်တို့ကအလေးအနက်ထား ဖော်ပြထားသည်။ ပညတ်တော်သည် လက်တွေ့ကျင့်သုံးခြင်းထက် နားလည်ရန်ပိုမို လွယ်ကူ ပါသည်။ ထို့ကြောင့် ဘုရားသခင်သည် လူသားကိုပြည့်စုံစေလိုသော် လူသားသည်သူ့မွေးရာပါ ဉာဏ်ပညာတစ်ခုတည်းဖြင့် မပြည့်စုံနိုင်သည့်အတွက် ဘုရားသခင်သည် လမ်းညွှန်ချက်နှင့် နှုတ်က ပတ်တော်အားဖြင့် ပြည့်စုံစေမည်ဖြစ်သည်။ လူသားတစ်ယောက်အနေဖြင့် ပညတ်တော်သစ် ကို စောင့်ထိန်းနိုင်၊ မထိန်းနိုင်ခြင်းသည် လက်တွေ့ကျသောဘုရားသခင်အကြောင်း သိကျွမ်းမှုနှင့်ဆက်စပ် နေသည်။ ထို့ကြောင့် ပညတ်တော်သစ်ကိုစောင့်ထိန်းခြင်းမစောင့်ထိန်းခြင်းသည် နေ့ရက်အချိန်အခါကျ လာသောအခါဖြေရှင်းခြင်းခံရလိမ့်မည်ဖြစ်သည့်အတွက် မေးစရာပင်မလိုပါ။ ထိုအရာသည် အလွန်နက်ရှိုင်းသော သင်ခန်းစာ ဖြစ်သည်။
သမ္မာတရားအတိုင်းလိုက်လျှောက်ခြင်းသည် လူသားတစ်ယောက်အသက်တာကို ကြီးထွား စေနိုင်သည့် လမ်းကြောင်းဖြစ်သည်။ သမ္မာတရားအတိုင်းသာ မလိုက်လျှောက်ပါက စစ်မှန်သည့် အသက်တာမပိုင်ဆိုင်နိုင်ပဲ သဘောတရားများသာ ရှိနေလိမ့်မည်။ သမ္မာတရားသည် လူသား၏ တန်ဖိုးကိုပုံဆောင်ဖြစ်သည်။ သမ္မာတရားအတိုင်း ကျင့်မကျင့်သည် စစ်မှန်သည့်တန်ဖိုးကို ရရှိခြင်းနှင့် ဆက်နွယ်နေသည်။ သမ္မာတရားအတိုင်းမလိုက်လျှောက်၊ ဖြောင့်မတ်စွာမလုပ်ဆောင်၊ (သို့) အသွေး အသားကိုသာဂရုစို်က်၊ စိတ်ခံစားချက်၏ လွှမ်းမိုးထိန်းချုပ်ခြင်းခံလျှင်၊ ပညတ်တော်စောင့်ထိန်း ခြင်းမှ အလှမ်းဝေးသွားတော့သည်။ ထိုအရာသည် အလေးနက်ဆုံးသော သင်ခန်းစာဖြစ်သည်။ အချိန်ကာလအသီးသီး၌ လူသားများနားလည်ရန်နှင့် သမ္မာတရားအထဲသို့ဝင်စားရန် များစွာ ရှိသည်။ သို့သော် အချိန်ကာလအသီးသီးနှင့်အတူ မတူကွဲပြားသောပညတ်တော် များစွာလည်း ရှိသည်။ လူတွေလို်က်လျှောက်သည့် သမ္မာတရားနှင့် လူတွေစောင့်ထိန်းသည့် ပညတ်တရားတော် တို့သည် အချိန်ကာလနှင့်ဆက်စပ်နေသည်။ လူသားများလိုက်လျှောက်သည့် သမ္မာတရား သည် ကာလနှင့်ဆက်စပ်သကဲ့သို့ လူသားများစောင့်ထိန်းသည့် ပညတ်တော်သည်လည်း ကာလတစ်ခု နှင့်ဆက်စပ်နေသည်။ ထိုကာလအသီးသီးတွင် လိုက်လျှောက်ရမည့် သမ္မာတရားရှိသလို၊ စောင့်ထိန်း ရမည့် ပညတ်တရားတော်လည်း ရှိသည်။ သို့ဖြစ်စေကာမူ၊ မတူကွဲပြားသောကာလ၊ သမ္မာတရားကို လူတွေ လိုက်လျှောက်သည့် အကျိုးဆက်၊ ပန်းတိုင်တို့ပေါ်မှုတည်၍ ဘုရားသခင်မိန့်ကြားသည့် ပညတ်သည် သမ္မာတရားနှင့် အချိုးညီစွာ ခြားနားချက်များရှိသည်။ ပညတ်တော်သည် သမ္မာတရား ကိုဖြစ်စေပြီး၊ သမ္မာတရားကလည်း ပညတ်တရားတော်ကို ထိန်းသိမ်းရန်တည်ရှိသည်ဟု ပြောနိုင် ပေမည်။ သမ္မာတရားသာရှိခဲ့လျှင် ဘုရားလုပ်ဆောင်ချက်တွေ ပြောပြရန်လိုအပ်မည့် အပြောင်းအလဲရှိမည် မဟုတ်ပါ။ သို့သော်လည်း လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလွန်ကြီးမားသည့် လုပ်ဆောင် ချက်နှင့် ဘယ်ကာလတွင် ဘုရားသခင်ဘယ်လို အလုပ်လုပ်ကြောင်း သိနိုင်ကြသည်။ ဘာသာရေး နယ်ပယ််တွင် ပညတ်တော်ခေတ်ကာလက လူတွေကျင့်သုံးသကဲ့သို့ လိုက်နာကျင့်သုံးနိုင်သောသူလည်း များစွာရှိပါသည်။ သို့သော် သူတို့သည် ပညတ်တော်သစ်မရှိကြ၊ ခေတ်ကာလသစ်ရဲ့ ပညတ်တော် ကိုလည်း မစောင့်ထိန်းကြပါ။ သူတို့သည် စနစ်ဟောင်းအတိုင်း ပညတ်တော်ကိုလိုက်နာကြပြီး၊ ကနဦး ကလူသားများ ကဲ့သို့ ဆက်ရှိနေကြသည်။ လုပ်ဆောင်မှုစနစ်သစ်နှင့် လည်းအတူမနေဘဲ၊ ခေတ်သစ် ကာလ၏ ပညတ်တော်ကိုလည်း မမြင်နိုင်ကြပေ။ ယင်းနေရာတွင် ဘုရားသခင် အလုပ်မလုပ်ဆောင် ပါ။ သူတို့သည် ကြက်ဥအခွွံကိုသာ ကိုင်ဆောင်ထားသော သူကဲ့သို့ဖြစ်ကြပြီး၊ ကြက်သားပေါက်စ အခွွံ အတွင်းတွင် မရှိပါက အသက်ဝိညာဉ် လည်းမရှိပါ။ ပိုမိုပြတ်သားစွာ ပြောမည်ဆိုပါက၊ အသက်မရှိပါ။ ထိုကဲ့သို့သောသူတို့သည် ခေတ်သစ်ကိုမဝင်စား၊ ခြေလှမ်းပေါင်းများစွာ နောက်ကျကျန်ခဲ့လေပြီဖြစ် သည်။ ထို့ကြောင့် ခေတ်သစ်ကာလ၏ ပညတ်တရားတော်မရှိဘဲ၊ သမ္မာတရားဟောင်းတစ်ခုကိုသာ ရှိသောသူတို့သည် အသုံးမကျပေ။ သင်တို့အများစုသည် မျက်မှောက်ခေတ်ရဲ့ သမ္မာတရားအတိုင်း လိုက်လျှောက်သော်လည်း မျက်မှောက်ခေတ်ရဲ့ ပညတ်ချက်တို့ကို မစောင့်ထိန်းကြပေ။ သင်တို့ဘာမှ ရရှိကြ လိမ့်မည်မဟုတ်ပါ။ သင်တို့လိုက်လျှောက်သည့် သမ္မာတရားလည်း တန်ဖိုးမဲ့၊ အဓိပ္ပါယ်မဲ့ဖြစ် လာကာ ဘုရားသခင်ကလည်း ထိုအရာများကို ချီးမြောက်လိမ့်မည် မဟုတ်ပါ။ သမ္မာတရားကို ယနေ့ သန့်ရှင်းသော ဝိညာဉ်တော်လုပ်ဆောင်သည့်အတိုင်း လိုက်လျှောက်ရမည်၊ ယနေ့ လက်တွေ့ကျသော ဘုရားသခင်၏ အသံတော်နောက်လိုက်ကာ လုပ်ဆောင်ရမည်။ ထိုအရာမပါဘဲ အရာခပ်သိမ်းသည် အလဟဿဖြစ်သည်၊ ဝါးခြင်းတောင်းနှင့် ရေခတ်နေရဘိသကဲ့သို့ဖြစ်နေလိမ့်မည်။ ထိုအရာသည် လက်တွေ့ကျသော ခေတ်သစ်ပညတ်တော်မိန့်ကြားချက်ဖြစ်သည်။ မျက်မှောက်ခေတ်တွင် သန့်ရှင်း သောဝိညာဉ်တော် အလုပ်လုပ်ဆောင်ပုံကို ကောင်းစွာသိပြီး၊ ယနေ့လုပ်ဆောင်ပုံလုပ်ဆောင်နည်း ထဲသို့ဝင်ရောက်ပါက ပညတ်တော်စောင့်ထိန်းခြင်းရဲ့အနှစ်သာရကို ရှင်းရှင်းသိမြင်လာမည်ဖြစ်သည်။ ပညတ်တော်သစ်စောင့်ထိန်းခြင်းရဲ့ အနှစ်သာရကိုသိမြင်လာပြီး၊ ပညတ်တော်ကို စောင့် ထိန်းနိုင်သောတစ်နေ့၊ သင်တို့သည် ပြီးပြည့်စုံသောသူများဖြစ်လာကြလိမ့်မည်ဖြစ်သည်။ ထိုအရာ သည် ပညတ်တော်စောင့်ထိန်းခြင်းနှင့် သမ္မာတရားအတိုင်း လိုက်လျှောက်ခြင်း၏စစ်မှန်သည့် အဓိပ္ပါယ်ဖြစ်ပါသည်။ ပညတ်တော်သစ်ကို စောင့်ထိန်းနိုင်၊ မစောင့်ထိန်းနိုင်ခြင်းသည်၊ ခေတ်သစ်ကာလ၏ ပညတ်တရားတော်အနှစ်သာရကို ဘယ်လောက်သဘောပေါက်သည် ဆိုသည့်အရာပေါ်မူတည် သည်။
သန့်ရှင်းသောဝိညာဉ်တော်၏လုပ်ဆောင်ချက်များသည် လူသားများထံဆက်လက် ထင်ရှား မည်ဖြစ်ကာ ဘုရားသခင်ကလည်း လူသားများကို ထို့ထက်များပြားသောအရာများကို တောင်းဆိုနေ လိမ့်မည်။ ထို့ကြောင့် လူသားများအမှန်တကယ်လိုက်လျှောက်သည့် သမ္မာတရားများသည် ပိုမိုများ လာ၊ ပိုမိုကြီးမြတ်လာကာ ပညတ်တော်စောင့်ထိန်းခြင်းအကျိုးဆက်သည်လည်း ကြာရှည်နေလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် သင်တို့သည် ပညတ်တော်ကို စောင့်ထိန်းသည်နှင့်အမျှ၊ တစ်ချိန်တည်းမှာပဲ သမ္မာတရားအတိုင်းလိုက်လျှောက်ရလိမ့်မည်ဖြစ်သည်။ ထိုအရာကို အဘယ်သူမှလျစ်လျူရှု၍ မရပါ။ ယနေ့ ခေတ်သစ်ကာလတွင် သမ္မာတရားသစ်နှင့်ပညတ်တော်သစ်ကို တစ်ချိန်တည်းမှာ အစပြုစေပါ။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ
မြင်ကွင်းများ Myanmar Christian Music (အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ) Power of God [Documentary]

No comments:
Post a Comment