菜單

မူလစာမျက်နှာ သတင်းအချက်အလက် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ လွတ်လပ်မှန်ကန်တဲ့လူ့အခွင့်အရေး ကယ်တင်ရှင်ပြန်ကြွလာပြီ ဧဝံဂေလိတရားတော် ကောင်းကင်နိုင်ငံတော်သီချင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ အမှန်တရားကို ဖေါ်ထုတ်ခြင်း နိုင်ငံတော် ချီးမွမ်းခြင်း တေးဂီတ

Monday, October 15, 2018

အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် | ဘုရားသခင်၏ စကားတော် | တစ်ရာ့တစ်ခုမြောက်သောဖွင့်ဆိုချက်



ငါ၏စီမံခန့်ခွဲမှုကိုနှောင့်ယှက်သောသူသို့မဟုတ်ငါ၏အကြံအစည်များကိုဖျက်ဆီးရန်ကြိုးစားသောသူတစ်စုံတစ်ဦးကိုမျှငါသက်ညှာမည်မဟုတ်။ငါပြောသောနှုတ်ကပတ်တော်များမှမည်သည့်အရာကိုငါဆိုလိုကြောင်းကိုအယောက်တိုင်းနားလည်သင့်ပြီးငါမည်သည့်အကြောင်းအရာကိုပြောနေကြောင်းရှင်းလင်းစွာသိသင့်သည်။လက်ရှိအခြေအနေကိုအကြောင်းပြု၍အယောက်တိုင်းသည်မိမိတို့ကိုယ်ကိုဆန်းစစ်သင့်သည်၊သင်တို့မည်သည့်အခန်းကဏ္ဍတွင်လုပ်ဆောင်နေသနည်း။သင်တို့ငါ့အတွက်အသက်ရှင်နေခြင်းဖြစ်သလောသို့မဟုတ်စာတန်အတွက်သင်တို့အစေခံနေခြင်းဖြစ်သလော။သင်တို့တစ်ဦးချင်းစီနှင့်အယောက်တိုင်း၏အပြုအမှုများသည်ငါ့ထံမှလာသလော၊သို့မဟုတ်မာရ်နတ်ထံမှလာသလော။ငါ၏စီမံခန့်ခွဲရေးပညတ်များကိုဖောက်ဖျက်မိခြင်းကြောင့်ငါ၏ပြင်းထန်သောအမျက်သင့်ခြင်းကိုရှောင်ရှားရန်ဤအချက်အားလုံးကိုရှင်းလင်းစွာသိသင့်သည်။အတိတ်ကိုပြန်ကြည့်ပါကလူတို့သည်ငါ့အပေါ်အမြဲသစ္စာမဲ့ခဲ့ကြပြီးသားသမီးဝတ်မကျေပွန်ခဲ့ကြပေ၊၎င်းတို့သည်ငါ့အားမရိုသေကြဘဲ၊ထိုမျှမကငါ့အားသစ္စာဖောက်ခဲ့ကြသည်။ဤအကြောင်းရင်းများကြောင့်လူတို့သည်ငါ၏တရားစီရင်ခြင်းကိုယနေ့ရင်ဆိုင်ရခြင်းဖြစ်သည်။ငါသည်လူသားတစ်ဦးအဖြစ်သာပေါ်ထွန်းသော်လည်းငါလက်မခံသောသူအားလုံးသည်ငါ၏သုတ်သင်ဖယ်ရှင်းခြင်း၏ပစ်မှတ်များဖြစ်ကြလိမ့်မည်။(ဤအရာအားဖြင့်ငါ၏အဓိပ္ပါယ်ကိုသင်နားလည်သင့်သည်၊သင်မည်မျှရုပ်ချောသည့်အကြောင်းသို့မဟုတ်သင်မည်မျှချစ်စဖွယ်ကောင်းသည့်အကြောင်းမဟုတ်ဘဲသင့်အားငါကြိုတင်ခွဲခန့်ထားခြင်းနှင့်ရွေးချယ်ခဲ့ခြင်းအကြောင်းဖြစ်သည်။) ဤသည်မှာအကြွင်းမဲ့မှန်ပါသည်။အဘယ်ကြောင့်ဆိုသော်ငါသည်လူသားအဖြစ်ပေါ်ထွန်းကောင်းပေါ်ထွန်းနိုင်သော်လည်းသင်သည်ငါ၏ဘုရားဖြစ်ခြင်းကိုသတိမူမိရန်ငါ၏လူသားသဘာဝကိုကျော်၍မြင်ရန်လိုသောကြောင့်ဖြစ်သည်။“သာမန်လူသားသဘာဝနှင့်အကြွင်းမဲ့ဘုရားဖြစ်ခြင်းမှာပြီးပြည့်စုံသောဘုရားသခင်ကိုယ်တိုင်၏ခွဲခြား၍မရသောအပိုင်းနှစ်ပိုင်းဖြစ်သည်” ဟုငါကြိမ်ဖန်များစွာဆိုခဲ့ပြီးဖြစ်သည်။မည်သို့ပင်ဆိုပါစေသင်တို့သည်ငါ့ကိုနားမလည်သေးဘဲသင်တို့၏မသဲကွဲသောထိုဘုရားသခင်ကိုသာအရေးပေးတွယ်ကပ်နေကြသည်။သင်တို့သည်ဝိညာဉ်ရေးရာအကြောင်းအရာများကိုနားမလည်ကြသောလူများဖြစ်ကြသည်။သို့ရာတွင်ယင်းကဲ့သို့သောလူတို့သည်ငါ၏သားဦးများဖြစ်လိုကြသေးသည်။အရှက်မရှိလိုက်လေ။၎င်းတို့သည်၎င်းတို့၏ဝိညာဉ်အသက်တာအမှန်တကယ်မှာမည်သည့်အရာဖြစ်ကြောင်းကိုမမြင်ကြပေ။၎င်းတို့သည်ငါ၏လူမျိုးဖြစ်ရန်ပင်လျှင်အဆင့်မရှိကြပေ၊၎င်းတို့သည်ငါနှင့်အတူရှင်ဘုရင်များဖြစ်ကြမည့်ငါ၏သားဦးများအဘယ်သို့ဖြစ်နိုင်ကြမည်နည်း။ယင်းကဲ့သို့သောလူများသည်၎င်းတို့ကိုယ်ကို၎င်းတို့မသိကြပေ၊၎င်းတို့သည်စာတန်၏အမျိုးဖြစ်ကြသည်၊၎င်းတို့သည်ငါ၏အိမ်ထောင်စုတွင်အိမ်တိုင်တစ်တိုင်ဖြစ်ရန်ပင်မထိုက်တန်ဘဲငါ့ရှေ့မှောက်တွင်အစေခံရန်သာ၍ပင်မထိုက်တန်ကြပေ။ထို့ကြောင့်ငါသည်၎င်းတို့အားတစ်ယောက်ပြီးတစ်ယောက်သုတ်သင်ဖယ်ရှင်းပြီးတစ်ယောက်ပြီးတစ်ယောက်၎င်းတို့၏သရုပ်အစစ်အမှန်တို့ကိုငါထုတ်ဖော်မည်။


ငါသည်အောင်မြင်မှုရခဲ့ပြီးစကြဝဠာတစ်ခုလုံးတွင်ရှင်ဘုရင်အဖြစ်စိုးစံနေခဲ့ပြီဖြစ်သောကြောင့်ငါ၏အမှုသည်အတားအဆီးနှင့်မည်သည့်အဟန့်အတားတစ်စုံတစ်ခုမျှမရှိဘဲတစ်ဆင့်ပြီးတစ်ဆင့်ရှေ့ဆက်သွားသည်။ (ငါဆိုလိုနေသောအရာမှာစာတန်မာရ်နတ်ကိုအနိုင်ယူပြီးနောက်တွင်ငါသည်ငါ၏တန်ခိုးကိုတစ်ဖန်ပြန်ရရှိခဲ့ပြီးဖြစ်ကြောင်းဆိုလိုခြင်းဖြစ်သည်။) ငါသည်သားဦးတို့အားအလုံးစုံရခြင်းကြောင့်အောင်မြင်ခြင်းအလံသည်ဇိအုန်တောင်ပေါ်တွင်လွှင့်ထူမည်ဖြစ်သည်။ဆိုလိုသည်မှာငါ၏သားဦးတို့သည်ငါ၏အောင်မြင်ခြင်းအလံ၊ငါ၏ဘုန်းအသရေ၊ငါ၏ဝါကြွားစရာဖြစ်သည်၊၎င်းတို့သည်စာတန်အားငါအရှက်ရစေခဲ့ပြီးကြောင်းသင်္ကေတဖြစ်ပြီး၎င်းတို့သည်ငါအမှုပြုသည့်နည်းဖြစ်၏။(ငါ၏ကြိုတင်ခွဲခန့်ထားခြင်းကိုခံရပြီးနောက်စာတန်၏ဖျက်ဆီးခြင်းကိုခံခဲ့ရသော်လည်းငါ့ဘက်သို့အသစ်တစ်ဖန်ပြန်လာကြသောလူတစ်စုအားဖြင့်ငါသည်အဆင်းနီသောနဂါးကြီးကိုအရှက်ရစေကာပုန်ကန်ခြင်း၏သားအားလုံးကိုငါကိုင်တွယ်မည်။) ငါ၏သားဦးများသည်ငါ၏အနန္တတန်ခိုးတည်သောနေရာဖြစ်ကြသည်၊၎င်းတို့သည်ပြောင်းလဲ၍မရနိုင်ဘဲမငြင်းနိုင်သောငါ၏ကြီးမြတ်သောအောင်မြင်မှုဖြစ်သည်။ငါ၏သားဦးများအားဖြင့်ငါ၏စီမံခန့်ခွဲမှုအစီအစဉ်ကိုငါပြီးမြောက်စေမည်၊ဤသည်မှာ “သင်တို့အားဖြင့်တိုင်းနိုင်ငံအားလုံးနှင့်လူမျိုးအပေါင်းတို့အားငါ၏ပလ္လင်ရှေ့သို့ငါပြန်လာစေမည်” ဟုငါအတိတ်ကဆိုခဲ့စဉ်ကဆိုလိုခဲ့ခြင်းဖြစ်သည်။ထိုမျှမက၎င်းမှာ “သင်တို့၏ပုခုံးများပေါ်မှလေးလံသောဝန်” ကိုငါဆိုလိုခဲ့ခြင်းဖြစ်သည်။ရှင်းသလော။နားလည်သလော။သားဦးများသည်ငါ၏စီမံခန့်ခွဲမှုအစီအစဉ်တစ်ခုလုံးကိုပုံဆောင်ခြင်းဖြစ်သည်။ထို့ကြောင့်ငါသည်ဤလူစုအားမည်သည့်အခါကမျှမသက်ညှာဘဲ၎င်းတို့အားငါပြင်းထန်စွာအမြဲဆုံးမခဲ့ခြင်းဖြစ်သည်။ (လောကထဲတွင်ခံစားရခဲ့သောနာကျင်မှုဝေဒနာများ၊မိသားစုများ၏အဖြစ်ဆိုးများ၊မိဘများ၊ခင်ပွန်းသည်များ၊ဇနီးသည်များနှင့်သားသမီးများ၏စွန့်ပစ်ခြင်း။အကျဉ်းချုပ်အားဖြင့်လောကကြီး၏စွန့်ပစ်ခြင်းနှင့်ခေတ်ကာလ၏ပစ်ပယ်ခြင်း။) ထို့ကြောင့်ယနေ့ငါ့ရှေ့သို့လာရန်သင်၌ကောင်းသောအခွင့်အလမ်းရှိသည်။ဤသည်မှာသင်တို့မကြာခဏစဉ်းစားခဲ့ကြသည့် “ဤနာမကိုအခြားလူများအဘယ်ကြောင့်လက်မခံသော်လည်းငါလက်ခံခဲ့သနည်း” ဟူသောမေးခွန်း၏အဖြေပင်ဖြစ်သည်။သင်ယခုသိရလေပြီ။

ယနေ့တွင်မည်သည့်အရာမျှအတိတ်ကနှင့်မတူညီပါ။ငါ၏စီမံခန့်ခွဲမှုအစီအစဉ်သည်နည်းလမ်းအသစ်များကိုကျင့်သုံးခဲ့သည်၊ငါ၏အမှုသည်ယခင်ကထက်ပို၍မတူညီတော့ဘဲငါ၏ဖွင့်ဆိုချက်များသည်ယခုအခါပို၍ပင်မဆိုခဲ့စဖူးဖြစ်ကြသည်။ထို့ကြောင့်သင်တို့သည်ငါ့အားသင့်တင့်လျောက်ပတ်စွာအစေခံသင့်ကြောင်းကိုငါထပ်ခါတလဲအလေးပေးပြောဆိုခဲ့ခြင်းဖြစ်သည် (ဤသည်မှာအစေခံသူများအားပြောခြင်းဖြစ်သည်)။သင်တို့ကိုယ်သင်တို့အဖျက်သဘောဆန်စွာမဆက်ဆံကြဘဲအလေးအနက်ထားကာဆက်၍လိုက်လျှောက်ကြလော့။ကျေးဇူးတော်အနည်းငယ်ကိုရသည်မှာဝမ်းမြောက်ဖွယ်ဖြစ်သည်မဟုတ်သလော။၎င်းသည်လောကထဲတွင်ဒုက္ခဆင်းရဲခံရခြင်းထက်သာ၍ပိုကောင်းသည်။သင်တို့အားငါဆိုလေပြီ။အကယ်၍သင်သည်ငါ့အားစိတ်နှလုံးအကြွင်းမဲ့အစေခံမည့်အစားငါသည်မဖြောင့်မတ်ဟုငါ့အပေါ်မကျေမချမ်းဖြစ်ပါကသင်သည်မနက်ဖြန်မရဏာနိုင်ငံနှင့်ငရဲထဲသို့ဆင်းရလိမ့်မည်။မည်သူမျှစောစီးစွာမသေလိုကြပေ၊ဤသို့ပင်မဟုတ်သလော။တစ်ရက်မျှပင်ပိုသည်ဆိုလျှင်လည်းထိုတစ်ရက်သည်အရေးပါသဖြင့်သင်သည်ငါ၏စီမံခန့်ခွဲမှုအစီအစဉ်တွင်သင့်ကိုယ်သင်လုံးလုံးလျားလျားဆက်ကပ််ပြီးထို့နောက်တွင်သင့်အတွက်ငါ၏တရားစီရင်ခြင်းနှင့်သင့်အပေါ်ကျရောက်မည့်ငါ၏ဖြောင့်မတ်သောပြစ်တင်ဆုံးမခြင်းကိုစောင့်ရမည်ဖြစ်သည်။ငါဆိုနေသောအရာမှာအဓိပ္ပါယ်မရှိဟုမထင်နှင့်၊ငါ၏ဖြောင့်မတ်ခြင်းနှင့်ငါ၏စိတ်သဘောထားအားဖြင့်ငါဆိုခြင်းဖြစ်သည်၊ထိုမျှမကငါ၏ဘုန်းအာနုဘော်နှင့်ဖြောင့်မတ်ခြင်းဖြင့်ငါအမှုပြုခြင်းဖြစ်သည်။ငါသည်မဖြောင့်မတ်ဟုလူတို့ကဆိုကြသည်။ဤသည်မှာ၎င်းတို့ငါ့အားမသိသောကြောင့်ဖြစ်၏။၎င်းမှာ၎င်းတို့၏ဆန့်ကျင်ပုန်ကန်တတ်သောစိတ်သဘောထားကိုရှင်းလင်းစွာဖော်ပြခြင်းဖြစ်သည်။ငါ့အတွက်မူကားစိတ်ခံစားမှုမရှိဘဲဖြောင့်မတ်ခြင်း၊ဘုန်းအာနုဘော်၊တရားစီရင်ခြင်းနှင့်အမျက်သာလျှင်ရှိသည်။အချိန်ပို၍ကြာလာလေငါ၏စိတ်သဘောထားကိုသင်ပို၍မြင်လာလေဖြစ်မည်။လက်ရှိအချိန်အခါသည်အကူးအပြောင်းအဆင့်တစ်ခုဖြစ်ပြီးသင်တို့သည်ဤအရာ၏သေးငယ်သောအစိတ်အပိုင်းတစ်ခုကိုသာမြင်နိုင်ကြသည်၊ပြင်ပမှအရာအချို့တို့ကိုကြည့်နိုင်ကြသည်၊ငါ၏သားဦးများပေါ်ထွန်းသောအခါငါသည်သင်တို့အားအရာခပ်သိမ်းကိုမြင်စေပြီးအရာခပ်သိမ်းကိုနားလည်စေမည်။လူအယောက်တိုင်းသည်၎င်းတို့၏စိတ်နှလုံးများနှင့်နှုတ်ဖြင့်ဝန်ခံကာလက်ခံယုံကြည်ကြလိမ့်မည်။ငါ့အတွက်သက်သေခံရန်သင်တို့အားငါပွင့်လင်းစွာာပြောဆိုစေမည်၊ငါ့အားအစဉ်အမြဲချီးမွမ်းစေကာအစဉ်အမြဲထောမနာပြုစေမည်။ဤသည်မှာဧကန်မုချ်ဖြစ်ပြီးမည်သူမျှပြောင်းလဲ၍မရနိုင်သောအရာဖြစ်သည်။လူတို့သည်၎င်းကိုယုံကြည်ရန်မဆိုထားနှင့်အနည်းငယ်မျှစိတ်ကူး၍ပင်မရနိုင်ကြပေ။

သားဦးဖြစ်ကြသောသူများသည်ရူပါရုံများအကြောင်းတိုး၍ရှင်းလင်းလာကြသည်၊ငါ့အပေါ်၎င်းတို့၏ချစ်ခြင်းသည်ပို၍ပင်ကြီးမားလာသည်။ (ဤသည်မှာငါ့အားစာတန်၏စုံစမ်းနှောင့်ယှက်မှုဖြစ်သောစိတ်ကူးယဉ်ချစ်ခြင်းမဟုတ်ဘဲ၊ရှင်းလင်းစွာမြင်ရမည့်အရာတစ်စုံတစ်ခုဖြစ်သည်။ထို့ကြောင့်ငါ့ရှေ့တွင်မိမိတို့၏နှစ်လိုဖွယ်ဆွဲဆောင်မှုများကိုထုတ်ကြွားသောသူများရှိကြောင်းအတိတ်ကငါဆိုခဲ့ခြင်းဖြစ်သည်။ယင်းကဲ့သို့သောလူတို့သည်၎င်းတို့၏ပုံပန်းသွင်ပြင်များကိုငါစွဲမက်မည်ဟုယုံကြည်ကြသောစာတန်၏လက်ပါးစေများဖြစ်ကြသည်။အရှက်မရှိလိုက်လေ။ကံဆိုးမိုးမှောင်ကျသူများထဲတွင်အနိမ့်ကျဆုံးသောသူများဖြစ်လေတကား။) သို့သော်လည်းဤကာလတစ်လျှောက်ငါ၏ဤနှုတ်ကပတ်တော်များကြောင့်သားဦးများကိုယ်တိုင်မဟုတ်ကြသောလူများသည်ရူပါရုံများနှင့်ပတ်သက်ပြီးတိုး၍ရှင်းလင်းစွာမသိလာကြတော့ဘဲငါ့အပေါ်ယုံကြည်မှုဆုံးရှုံးလာကြသည်။ထို့နောက်တွင်၎င်းတို့သည်အဆုံးတွင်လဲကျသည့်အထိတဖြည်းဖြည်းစိတ်ဝင်စားမှု လျော့ပါးလာလေသည်။ထိုလူတို့သည်၎င်းတို့ကိုယ်ကို၎င်းတို့ထိန်းချုပ်နိုင်ခြင်းမရှိပေ။၎င်းမှာဤကာလအတောအတွင်းငါပြောနေသောအရာ၏ရည်မှန်းချက်ပန်းတိုင်ဖြစ်သည်၊အယောက်တိုင်းသည် (သားဦးများအားပြောနေခြင်း) ဤအရာကိုမြင်သင့်ပြီးငါ၏ဖွင့်ဆိုချက်များနှင့်လုပ်ဆောင်မှုများအားဖြင့်ငါ၏အံ့သြဆန်းကြယ်မှုကိုမြင်သင့်ပါသည်။ငါသည်ငြိမ်သက်ခြင်းအရှင်၊ထာဝရခမည်းတော်ဖြစ်သည်၊ငါသည်အံ့သြဖွယ်ဖြစ်သည်၊ငါသည်အတိုင်ပင်ခံဖြစ်သည်ဟုအဘယ်ကြောင့်အဆိုရှိသနည်း။ငါ၏မည်သူမည်ဝါဖြစ်ခြင်း၊ငါ၏ဖွင့်ဆိုချက်များသို့မဟုတ်ငါပြုသည့်အရာအားဖြင့်ဤအရာကိုရှင်းပြရန်မှာအလွန်အပေါ်ယံဆန်သည်၊၎င်းမှာဖော်ပြပြောဆိုရန်ပင်မထိုက်တန်ပေ။ငါ့အားငြိမ်သက်ခြင်းအရှင်ဖြစ်သည်ဟုခေါ်ရခြင်းအကြောင်းမှာသားဦးတို့အားပြည့်စုံခြင်းသို့ရောက်စေနိုင်သောငါ၏တန်ခိုး၊စာတန်အားငါ၏တရားစီရင်ခြင်းနှင့်သားဦးတို့အပေါ်ငါပေးအပ်ချီးမြှင့်သောအကန့်အသတ်မဲ့သည့်ကောင်းကြီးမင်္ဂလာများကြောင့်ဖြစ်သည်။ဆိုလိုသည်မှာသားဦးများသာလျှင်ငါ့အားငြိမ်သက်ခြင်းအရှင်ဟုခေါ်ရန်အရည်အချင်းရှိသည်၊အဘယ်ကြောင့်ဆိုသော်ငါသည်ငါ၏သားဦးများအားချစ်သောကြောင့်ဖြစ်ပြီးငြိမ်သက်ခြင်းအရှင်ဟူသောဂုဏ်ပုဒ်သည်သားဦးများ၏နှုတ်များမှလာသင့်သည်။ငါ၏သားဦးများအတွက်ငါသည်ငြိမ်သက်ခြင်းအရှင်ဖြစ်သည်။ငါ၏သားများနှင့်ငါ၏လူမျိုးအတွက်ငါ့သည်ထာဝရခမည်းတော်ဟုအမည်ရသည်။ငါ၏သားဦးများတည်ရှိခြင်းကြောင့်လည်းကောင်း၊ငါ၏သားဦးများသည်ငါနှင့်အတူရှင်ဘုရင်ဖြစ်ခြင်း၏တန်ခိုးကိုကိုင်စွဲထားနိုင်ပြီးတိုင်းနိုင်ငံအားလုံးနှင့်လူမျိုးအပေါင်း (သားများနှင့်လူမျိုးတို့) ကိုအုပ်စိုးနိုင်ကြသောကြောင့်လည်းကောင်း၊သားများနှင့်လူမျိုးတို့သည်ငါ့အား၊သားဦးများ၏အထက်၌ရှိသောဘုရားသခင်ကိုယ်တော်တိုင်ဟုအဓိပ္ပါယ်ရသည့်၊ ထာဝရခမည်းတော်ဟု ခေါ်သင့်သည်။ငါသည်သားများ၊လူမျိုးတို့နှင့်သားဦးများမဟုတ်သောသူများအတွက်အံ့သြဖွယ်ဖြစ်သည်။ငါ့အမှု၏အံ့သြဖွယ်ဖြစ်ခြင်းကြောင့်မယုံကြည်သူများသည် (၎င်းတို့၏မျက်လုံးများအားငါဖုံးကာထားခြင်းကြောင့်) ငါ့အားလုံးဝမမြင်နိုင်ကြဘဲငါ၏အမှုကိုရှင်းလင်းစွာလုံးဝမမြင်နိုင်ကြသဖြင့်၎င်းတို့အတွက်ငါသည်အံ့သြဖွယ်ဖြစ်သည်။နတ်ဆိုးများအားလုံးနှင့်စာတန်အတွက်ငါသည်အတိုင်ပင်ခံဖြစ်သည်၊အဘယ်ကြောင့်ဆိုသော်ငါပြုသောအရာမှန်သမျှမှာ၎င်းတို့အားအရှက်ရစေပြီး၊ငါပြုသောအရာမှန်သမျှမှာငါ၏သားဦးများအတွက်ဖြစ်သောကြောင့်ဖြစ်သည်။ငါ၏ခြေလှမ်းတိုင်းီသည်အဆင်ပြေချောမွတ်လျက်နေပြီးငါသည်တစ်ဆင့်ချင်းစီတွင်အောင်မြင်မှုရသည်။ထိုမျှမကငါသည်စာတန်၏အကြံအစည်အားလုံးကိုရှင်းလင်းစွာမြင်နိုင်ပြီး၎င်း၏အကြံအစည်များကိုငါ့အားအစေခံစေရန်အသုံးပြုပြီးငါ၏ရည်ရွယ်ချက်များကိုအသုံးတော်ခံရန်၎င်းအားမကောင်းသည့်ဘက်မှအရာတစ်ခုဖြစ်စေသည်။ဤသည်မှာငါသည်အတိုင်ပင်ခံဖြစ်သည်ဟူခြင်း၏အဓိပ္ပါယ်ဖြစ်ပြီး၊၎င်းအားမည်သူကမျှမပြောင်းလဲနိုင်ဘဲမည်သူကမျှလုံးလုံးလျားလျားနားလည်နိုင်ခြင်းမရှိပေ။သို့သော်လည်းငါ၏ပုဂ္ဂိုလ်ဖြစ်ခြင်းအရဆိုပါက၊ငါသည်ငြိမ်သက်ခြင်းအရှင်ဖြစ်၍၊ထာဝရခမည်းတော်ဖြစ်သည်သာမကအတိုင်ပင်ခံနှင့်အံ့သြဖွယ်လည်းဖြစ်သည်။ဤအရာထဲတွင်မမှန်သောအရာတစ်စုံတစ်ခုမျှမရှိ။၎င်းမှာမငြင်းနိုင်ဘဲထာဝရတည်သောသမ္မာတရားပင်ဖြစ်သည်။

ငါ၌ပြောစရာမြောက်မြားစွာရှိသည်၊၎င်းမှာအမှန်တကယ်ပင်နှိုင်းဆ၍မရပေ။ထို့ကြောင့်သင်တို့စိတ်ရှည်ရန်နှင့်စောင့်ရန်လိုအပ်သည်။သင်ပြုသည့်အရာမှန်သမျှတွင်စိတ်စေ့ဆော်မှုအချို့အပေါ်၌မလုပ်ဆောင်နှင့်။အဘယ်ကြောင့်ဆိုသော်သင်တို့အတိတ်ကနားလည်ခဲ့သည့်အရာများမှာယနေ့တွင်ခေတ်ကုန်သွားပြီဖြစ်သည်၊၎င်းသည်သက်ဆိုင်ခြင်း မရှိတော့ဘဲလက်ရှိအချိန်သည်မင်းဆက်တစ်ဆက်နှင့်တစ်ဆက်အကြားအကူးအပြောင်းကာလတစ်ခုကဲ့သို့အပြောင်းအလဲကာလတစ်ခုဖြစ်သောကြောင့်သင်တို့၏အတွေးအခေါ်နှင့်သင်တို့၏အယူအဆအဟောင်းများကိုသင်တို့ပြောင်းလဲရန်လိုအပ်သည်။ဤသည်မှာဖြောင့်မတ်သန့်ရှင်းခြင်းဝတ်ရုံကိုဝတ်ဆင်ခြင်း၏စစ်မှန်သောရည်ရွယ်ချက်ဖြစ်သည်။ငါကိုယ်တိုင် ၏နှုတ်ကပတ်တော်များကိုငါသာရှင်းပြနိုင်ပြီးငါလုပ်ဆောင်ရန်အတွက်ငါတာဝန်ယူထားသောအရာကိုငါသာသိသည်။ထို့ကြောင့်ငါ၏နှုတ်ကပတ်တော်များသာလျှင်မစင်ကြယ်ခြင်းကင်း၍ ငါရည်ရွယ်သောအရာအပြည့်အဝဖြစ်သဖြင့်၎င်းမှာဖြောင့်မတ်သန့်ရှင်းခြင်းဝတ်ရုံကိုဝတ်ဆင်ခြင်းဖြစ်သည်။လူသားတို့စိတ်၏သိနားလည်မှုမှာစိတ်အထင်မျှသာဖြစ်သည်၊၎င်းတို့၏နားလည်နိုင်မှုမှာမသန့်ရှင်းဘဲငါ၏ရည်ရွယ်ချက်များနှင့်ပြည့်မီနိုင်ခြင်းမရှိပေ။ထို့ကြောင့်ငါကိုယ်တိုင်စကားပြောပြီးငါကိုယ်တိုင်ရှင်းပြခြင်းဖြစ်၍ဤသည်မှာ “ငါကိုယ်တိုင်အမှုပြုသည်” ဟူခြင်း၏ရည်ရွယ်ထားသောနောက်ခံအဓိပ္ပါယ်ဖြစ်သည်။၎င်းမှာငါ၏စီမံခန့်ခွဲမှုအစီအစဉ်၏မရှိမဖြစ်သောအစိတ်အပိုင်းတစ်ခုဖြစ်ပြီးလူအားလုံးသည်ငါ့အားထောမနာပြုပြီးချီးမွမ်းရမည်။ငါ၏နှုတ်ကပတ်တော်များကိုနားလည်မှုအတွက်မူကားယင်းအစွမ်းတန်ခိုးကိုလူတို့အားငါမည်သည့်အခါကမျှမပေးခဲ့ခြင်းကြောင့်၎င်းတို့၌ထိုအရာအတွက်အစွမ်းအစလုံးဝမရှိကြခြင်းဖြစ်သည်။ဤသည်မှာမာရ်နတ်အားအရှက်ရစေရန်အတွက်ငါ၏နည်းလမ်းများထဲမှနည်းလမ်းတစ်ခုဖြစ်သည်။ (အကယ်၍လူတို့သည်ငါ၏ဖွင့်ဆိုချက်များကိုနားလည်ခဲ့ပြီး၎င်းတို့သည်တစ်ဆင့်ချင်းစီမှငါ၏ရည်ရွယ်ချက်များကိုစူးစမ်းနိုင်ကြပါက၊စာတန်သည်လူတို့အားအချိန်မရွေးပိုင်ဆိုင်နိုင်ကာအကျိုးဆက်အနေဖြင့်လူတို့သည်ငါ့အားကျောခိုင်းစွန့်ခွာကြမည်ဖြစ်သဖြင့်သားဦးများကိုရွေးချယ်မည့်ငါ၏ရည်မှန်းချက်ပန်းတိုင်ပြည့်မီရန်ဖြစ်နိုင်တော့မည်မဟုတ်ပေ။အကယ်၍ငါသည်နက်နဲမှုအားလုံးကိုနားလည်ပြီးမည်သူမျှဉာဏ်မမီနိုင်သောဖွင့်ဆိုချက်များကိုငါကိုယ်တိုင်ပြောနိုင်ခဲ့သည်ဆိုပါကငါသည်လည်းစာတန်၏ပိုင်ဆိုင်ခြင်းကိုခံရနိုင်မည်ဖြစ်သည်။ဤသည်မှာငါသည်လူ့ဇာတိအဖြစ်ရှိစဉ်ငါသည်သဘာဝလွန်အဖြစ်လုံးလုံးလျားလျားမဖြစ်ခြင်း၏အကြောင်းရင်းဖြစ်သည်။) အယောက်တိုင်းသည်ဤနှုတ်ကပတ်တော်များ၏အရေးပါမှုကိုရှင်းလင်းစွာနားလည်ရန်နှင့်ငါ၏ဦးဆောင်မှုနောက်သို့လိုက်ကာအမှုများကိုပြုကြရန်မဖြစ်မနေလိုအပ်ပါသည်။သင်တို့ကိုယ်တိုင်အတွက်အလွန်လေးနက်သောနှုတ်ကပတ်တော်များနှင့်သြဝါဒများကိုနားလည်ရန်မကြိုးစားကြနှင့်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ

အကြံပြုစာများဖတ်ရှုလေ့လာရန်: သမ္မာကျမ်းစာနှင့် ပတ်သက်ပြီး တင်ပြချက် (၄)


No comments:

Post a Comment