ဘုရားသခင်၏ရှေ့တော်တွင် သန့်ရှင်းမြင့်မြတ်သူ တစ်ယောက်အဖြစ် သို့မဟုတ် ဖြောင့်မတ်သော သူတစ်ယောက် အဖြစ်သို့ ပြီးပြည့်စုံစွာ ပြုပြင်ပြောင်းလဲခံဖို့ရန်မှာ ဤမျှလွယ်ကူပါ၏လော။ “မြေကြီးပေါ်တွင် ဖြောင့်မတ်သောသူမရှိ၊ ဖြောင့်မတ်သူများမှာ ဤလောကထဲတွင်မရှိ” ဆိုသည့်အချက်မှာ သိသာထင်ရှားလွန်းသည့် အမှန်တရားပင်ဖြစ်သည်။ သင်တို့သည် ဘုရားသခင်၏ ရှေ့မှောက်သို့ ဝင်ရောက်လာသည့်အခါ သင်တို့ ဝတ်ဆင်ထားသောအရာ၊ သင်တို့၏ စကားနှင့် အပြုအမူအားလုံး၊ သင်တို့၏ အတွေးအခေါ်များနှင့် အကြံဉာဏ်များအားလုံး၊ သင်တို့နေ့တိုင်းမက်သော အိမ်မက်များကိုပင်လျှင် တွေးတော ဆင်ခြင်ကြည့်ပါ၊ ဤအရာအားလုံးသည် သင်တို့တစ်ကိုယ်ဘို့ အတွက်သာဖြစ်သည်။ ဤအရာများသည် လက်ရှိအမှန်ဖြစ်ပျက်နေသော အရာများပင် မဟုတ်လော။ “ဖြောင့်မတ်ခြင်း” ဆိုသည်မှာ အလှူအတန်း ပေးခြင်းကိုမဆိုလို၊ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်ခြင်းကိုလည်းမဆိုလို၊ ခိုက်ရန်မပြုခြင်း၊ မငြင်းခုန်ခြင်း၊ မလုယက်ခြင်း၊ မခိုးခြင်းကိုလည်း မဆိုလို။ ဖြောင့်မတ်ခြင်းဆိုသည်မှာ သခင်ယေရှုပြုမူဆောင်ရွက်ခဲ့သည့် အရာများအတိုင်း အချိန်၊ သို့မဟုတ် နေရာကို ပဓာနမထားဘဲ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို မိမိ၏တာဝန်ဟုမှတ်ယူကာ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို မိမိ၏ခါတော်မီအလုပ်တာဝန်အဖြစ် လိုက်နာခြင်းကို ဆိုလိုသည်။ ဤသည်မှာ ဘုရားသခင်က မြွက်ကြားခဲ့သော ဖြောင့်မတ်ခြင်းတရားပင် ဖြစ်သည်။ ဖြောင့်မတ်သောသူဟု ခေါ်ဆိုခြင်းခံရသော ထိုလောတမှာလည်း ဘုရားသခင်က စေလွှတ်လိုက်သော ကောင်းကင်တမန် နှစ်ယောက်ကို မိမိကိုယ်ကျိုးအတွက် ငဲ့ညာခြင်းမရှိပဲ ကယ်တင်ခဲ့သည့်အတွက်ကြောင့်ပင် ဖြစ်သည်။ ထိုအချိန်က သူပြုခဲ့သည့်အရာကို ဖြောင့်မတ်သည်ဟု ခေါ်ဆိုနိုင်ရုံသာရှိပြီး သူကိုယ်၌ကိုမူ ဖြောင့်မတ်သောလူဟူ၍ ခေါ်ဆို၍ မရနိုင်ပါ။ လောတမှ သူ၏ သမီးနှစ်ယောက်ကို ကောင်းကင်တမန် နှစ်ယောက်အတွက် အလဲအလှယ်အနေနှင့် ပေးခဲ့ခြင်းမှာ ဘုရားသခင်ကို ဖူးမြင်ဖူး၍သာဖြစ်သည်။ သူ၏ အတိတ်က အပြုအမူအားလုံးမှာလည်း ဖြောင့်မတ်ခြင်းကို ကိုယ်စားမပြုပါ။ ထို့ကြောင့်ပင် “မြေကြီးပေါ်တွင် ဖြောင့်မတ်သောသူမရှိ” ဟု ငါပြောသည်။ တိုးတက်ပြုပြင်မှု ရေစီးကြောင်းထဲတွင်ရှိသော သူများထဲမှာပင်လျှင် မည်သူတစ်ဦးတစ်ယောက်ကမျှ ဖြောင့်မတ်သောသူဟု အခေါ်မခံနိုင်ပါ။ သင်၏လုပ်ဆောင်ချက်များ မည်မျှပင်ကောင်းနေပါစေ၊ ဘုရားသခင်၏နာမတော် ကြီးမြတ်ခြင်းရှိစေရန် သင်မည်မျှပင် ပြုပြင်နေပါစေ၊ တစ်ပါးသူများအား ရိုက်နှက်ခြင်း၊ ကျိန်ဆဲခြင်းလည်း မရှိ၊ သူတို့ထံမှ ခိုးယူခြင်း၊ လုယက်ခြင်းလည်း မရှိငြားစေကာမူ သင့်အား ဖြောင့်မတ်သောသူဟု ခေါ်၍ မရနိုင်သေးပါ။ အကြောင်းမှာ ဤအရာများကို သာမန်လူတစ်ယောက်ကပင် လုပ်ဆောင်နိုင်၍ဖြစ်သည်။ ယခုလောလောဆယ်၌ အဓိကကျသည့်အချက်မှာ ဘုရားသခင်ကို သင်မသိကျွမ်းခြင်းပင် ဖြစ်သည်။ သင့်တွင် လက်ရှိ၌ ပုံမှန်လူ့သဘောသဘာဝ အနည်းငယ်ရှိသည်ဟုသာ ပြောနိုင်ပြီး ဘုရားသခင်မြွက်ကြားခဲ့သော ဖြောင့်မတ်ခြင်း၏ အခြေခံသဘောတရားများ သင်၌ မရှိသည့်အတွက် သင်လုပ်ဆောင်သည့် မည်သည့်အရာကမျှ ဘုရားသခင်အား သင်သိကျွမ်းသည်ဆိုခြင်းကို သက်သေမပြနိုင်ပါ။
ဘုရားသခင် ကောင်းကင်ပေါ်တွင် ကျိန်းဝပ်နေခဲ့စဉ်က လူတို့သည် သူ၏ လုပ်ဆောင်ချက်များနှင့် ဘုရားသခင်အား လှည့်စားရန် ကြိုးစားခဲ့သည်။ ယနေ့ခတ် လူတို့အလယ် ဘုရားသခင် ကျိန်းဝပ်နေစဉ်မှာပင်လျှင် (မည်သည့်အချိန်ထိ ကျိန်းဝပ်နေမည်မှန်း မည်သူမျှမသိနိုင်) ထိုလူတို့သည် ဘုရားသခင်အတွက် စိတ်မပါဘဲ ဖြစ်နေကြတုန်းဖြစ်ပြီး ဘုရားသခင်ကို လှည့်စားရန် ကြိုးစားတုန်းပင် ဖြစ်သည်။ လူတို့၏တွေးတောမှုမှာ အစွန်းရောက်သည်အထိပင် ဖောက်ပြန်နေသည် မဟုတ်လော။ ယင်းသည် ယုဒနှင့် အတူတူပင် ဖြစ်သည်။ ယေရှုမကြွလာခင်တွင် ယုဒမှာ သူ၏ညီအစ်ကို မောင်နှမများကို အလိမ်အညာများ ပြောတတ်ပြီး သခင်ယေရှုကြွလာပြီး နောက်ပိုင်းတွင်လည်း ပြောင်းလဲမသွားပါ။ သူ့တွင် ယေရှုအား သိကျွမ်းခြင်း အနည်းငယ်ပင် မရှိသောကြောင့် အဆုံးမှာတော့ ယေရှုကို သစ္စာဖောက်သွားခဲ့ခြင်းပင် ဖြစ်သည်။ ဤကဲ့သို့ဖြစ်ခဲ့ရခြင်းမှာ သူဘုရားသခင်အား မသိကျွမ်းခဲ့၍ပင် မဟုတ်ပါလော။ သင်တို့သည် ယနေ့ခေတ်တွင် ဘုရားသခင်ကို သိကျွမ်းခြင်း မရှိသေးပါက ယုဒကဲ့သို့သူမျိုး ဖြစ်လာနိုင်ဖွယ်ရာရှိပြီး ထို့နောက်တွင် လွန်ခဲ့သော နှစ်ပေါင်းထောင်ချီက ဖြစ်ပျက်ခဲ့သော ကျေးဇူးတော်ခေတ်၌ ယေရှုကားစင်တင်ခံရသည့် အဖြစ်ဆိုးသည် ပြန်လည်တစ်ဖန် ဖြစ်နေရဦးမည်ဖြစ်သည်။ ဤအကြောင်းများကို သင်တို့ မယုံကြည်ကြသလော။ ဤအရာသည် အမှန်တရားပင်ဖြစ်၏။ ယနေ့ခေတ်တွင် လူအများစုမှာ ထိုကဲ့သို့သော အခြေအနေတွင် ရှိနေကြပြီး (ငါ၏ ပြောကြားခြင်းမှာ အနည်းငယ် စောကောင်းစောနိုင်ပါသည်) ထိုသူများသည် ယုဒဇာတ်ကောင်အဖြစ် ဘဝဇာတ်ကကြမည်ပင် ဖြစ်သည်။ ငါဖြီးဖျန်းပြောနေခြင်းမဟုတ်၊ အဖြစ်မှန်ကိုပြောနေခြင်း ဖြစ်သည့်အတွက် သင်တို့ယုံရမည်။ လူများစွာမှာ နှိမ့်ချဟန် ယောင်ဆောင်ကြသော်လည်း သူတို့၏ နှလုံးသားထဲတွင်တော့ စီးဆင်းခြင်းမရှိသည့် နံဟောင်နေသော ရေမှလွဲ၍ မည်သည့်အရာမှမရှိ။ ယခုတွင် အသင်းတော်ထဲမှ လူများစွာလည်း ဤကဲ့သို့ပင် ဖြစ်သည်။ ငါသည် ဘာမျှမသိဟု သင်တို့ထင်ကြသည်မဟုတ်လော။ ယနေ့ပင် ငါ၏ဝိညာဉ်တော်သည် ငါ့အတွက် အဆုံးအဖြတ်ပေးပြီး ငါ့အဖို့ သက်သေခံလေပြီ။ ငါဘာမျှမသိဟု သင်မှတ်ယူသလော။ သင့်နှလုံးထဲရှိ စဉ်းလဲသော အတွေးများနှင့် သင့်နှလုံးထဲ သိမ်းထားသောအရာများကို တစ်ခုမျှ ငါနားမလည်နိုင်ဟု သင်ထင်သလော။ ဘုရားသခင်မှာ အလွယ်တကူ လှည့်စား၍ရသူလော။ သင်ဆက်ဆံချင်သည့်အတိုင်း ဘုရားသခင်ကို ဆက်ဆံ၍ ရမည်ဟု ထင်သလော။ အတိတ်တွင် သင်တို့မှာ ချုပ်နှောင်ခြင်း ခံနေရသည်ကို ငါစိတ်ပူပန်ကာ သင်တို့၏ ဇက်ကြိုးများကို ငါလွှတ်ဖြည်ပေးလျက် ရှိသော်လည်း မည်သူတစ်ဦးတစ်ယောက်ကမျှ ငါ၏သူတို့အပေါ် ကောင်းမြတ်ခြင်းကို နားမလည်ကြပါ။ ငါသည်သူတို့အား တစ်လက်မပေးသည်ကို တစ်မိုင်မျှ ယူသွားကြလေပြီ။ အချင်းချင်းမေးကြည့်ကြပါ၊ ငါသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ရိုက်နှက်ဆုံးမခြင်း မရှိလုနီးပါးပင်ဖြစ်ပြီး၊ မည်သူ့ကိုမျှလည်း မည်သည့်အခါကမျှ ပေါ့ပေါ့တန်တန်ပင် အပြစ်ဖော်မဆုံးမခဲ့သော်ငြားလည်း လူ၏အယူအဆများနှင့် လှုံ့ဆော်မှုများကို ငါရှင်းလင်းစွာ သိ၏။ ဘုရားသခင် ကိုယ်တော်တိုင်ပင်လျှင် သက်သေခံတော်မူသော ကိုယ်တော်အား မိုက်မဲသူအဖြစ် သင်ထင်သလော။ ဟုတ်ခဲ့သည်ရှိသော် သင်သည် အလွန်ကန်းသော သူတစ်ယောက်ဟု ငါပြောမည်။ ငါသင့်ကို မဆုံးမဘဲနေမည်။ သင်မည်မျှ ဖောက်ပြားယုတ်မာလာမည်နည်း ဆိုသည်ကို စောင့်ကြည့်ကြစို့။ သင်၏ လှည့်ကွက်များ၊ ဘုရားသခင်ကိုချစ်နိုင်ရန် သင်၏အကောင်းဆုံး ကြိုးစားမှုများသည် သင့်ကို ကယ်တင်နိုင်မည်လား ဆိုသည်ကို စောင့်ကြည့်ကြစို့။ ယနေ့တွင် သင့်ကို ငါမစီရင်။ ဘုရားသခင်က သင့်ကို မည်ကဲ့သို့ ပြစ်ဒဏ်ပေးမည်ဆိုသည်ကို ကိုယ်တော်၏ အချိန်ရောက်သည်အထိ စောင့်ကြည့်ကြစို့။ ငါ့တွင် ယခုသင်နှင့် ဟိုဟိုသည်သည် ပြောနေဖို့ရန် အချိန်မရှိသကဲ့သို့ သင့်အတွက်နှင့် ငါ၏ကြီးမြတ်သောအလုပ်ကို နှောင့်နှေးကြန့်ကြာဖို့ရန်လည်း အလိုမရှိ။ ဘုရားသခင်အတွက် သူ၏အချိန်ကို အပဲ့ခံကာ တီကောင်ပိုးရွကဲ့သို့သော သင်နှင့်ဆက်ဆံဖို့ရန် သင်မထိုက်တန်၊ သို့ကြောင့် သင့်ကိုယ်သင် မည်မျှ ရှောင်တိမ်းနိုင်မည် ဆိုသည်ကိုပင် စောင့်ကြည့်ကြစို့။ ဤကဲ့သို့သောသူများသည် ဘုရားသခင်ကို အနည်းငယ်လေးမျှ သိကျွမ်းရန်ပင် အားထုတ်ခြင်းမရှိ၊ ဘုရားသခင်ကို ချစ်ခင်ခြင်း မရှိသော်ငြားလည်းပဲ ဘုရားသခင်၏ ဖြောင့်မတ်သောသူဟု ခေါ်ဆိုခြင်းခံရရန် လိုချင်ကြသည်မှာ ဟာသဖြစ်လို့နေသည်ပင် မဟုတ်လော။ ရိုးသားသောသူ အနည်းငယ် အမှန်တကယ် ရှိနေသေးသည့်အတွက် အသက်တစ်ခုပင် ထောက်ပံ့ပေးရန် ငါ့ကိုယ်ငါဆင်ခြင်မည်။ ယနေ့ပြီးစီးသင့်သည့်အရာကိုသာ ပြီးမြောက်အောင် ငါလုပ်ဆောင်မည်။ ထို့နောက် အယောက်စီတိုင်းတို့အပေါ်တွင် သူတို့၏ အမူအကျင့်များအရ အပြစ်ဒဏ် စီရင်ခြင်းများ ချမှတ်ပေးမည်။ ငါပြောသင့်သည့် အရာကိုသာ ငါမြွက်ကြားခဲ့ခြင်းဖြစ်ပြီး ဤအရာမှာ ငါ၏ အလုပ်ပင်ဖြစ်သည်။ ငါလုပ်သင့်သည့်အရာကိုသာ ငါလုပ်တော်မူပြီး ငါမလုပ်သင့်သည့်အရာကို ငါလုပ်တော်မမူ။ သင်တို့၏ ဘုရားသခင်ကို သိကျွမ်းခြင်းသည် မည်မျှစစ်မှန်သည်ကို သင်တို့ စဉ်းစားဆင်ခြင်ရင်း အချိန်ကိုအသုံးချဖို့ ငါမျှော်လင့်နေတုန်းပင်ဖြစ်သည်။ ဘုရားသခင်ကို ကားတိုင်တော်ပေါ်တွင် နောက်တစ်ဖန်သံမှိုဆွဲနှက်ကြသော သူများထဲတွင် သင်ပါဝင်နေသလော။ အဆုံးသတ်အနေဖြင့် ငါပြောကြားမည်၊ “ဘုရားသခင်ကို ကားတိုင်တင်ကြသော သူတို့၌ အမင်္ဂလာ ရှိစေသတည်း။”
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ
အကြံပြုစာများဖတ်ရှုလေ့လာရန်: သမ္မာကျမ်းစာနှင့် ပတ်သက်ပြီး တင်ပြချက် (၄)

No comments:
Post a Comment