ပြစ်တင်ဆုံးမခြင်းကာလ အစပျိုးချိန်တွင် လူတို့သည် ငါ့အား ထိခိုက်စော်ကားမှု မပြုလုပ်ကြရန်အတွက် "ကာလ"၏ နောက်ကွယ်ရှိ အဓိပ္ပါယ်အား လူတို့ကို ငါ ဦးစွာပထမ ပြောပြမည်။ အတိအကျပြောရသော် ငါ၏အလုပ်အတွက် မည်သူမျှပြောင်းလဲ၍မရသည့် စီစဉ်မှုကို ငါပြုလုပ်မည်ဖြစ်ပြီး ၎င်းအားပြောင်းလဲသည့် မည်သူ့ကိုမဆို ငါသည် လုံးဝ ခွင့်လွှတ်မည်မဟုတ်ဘဲ သူတို့အား ပြစ်တင်ရှုတ်ချမည်။ ဤအချက်ကို သင်မှတ်မိမည်လော။ ဤအရာအားလုံးသည် ကြိုတင်သတိပေးချက်ဖြစ်သည်။ နည်းလမ်းသစ်တွင် လူအားလုံးသည် ပထမဦးဆုံး ရယူရန်မှာ သူတို့၏ ကိုယ်ပိုင် အခြေအနေမှန်တို့ကို နားလည်မှုရှိရန်ဖြစ်ကြောင်း နားလည်ရမည်။ မိမိကိုယ်ကိုယ် နားလည်မှုအချို့မရရှိခင်တွင် အသင်းတော်တွင် မည်သူ့ကိုမျှ ဂရုမစိုက်စွာ စကားပြောဆိုခွင့် ပြုမည်မဟုတ်ဘဲ ဤအချက်ကို ဆန့်ကျင်သူအား ငါသည် အသေအချာ ပြစ်တင်ဆုံးမမည်။ ဤနေ့မှစ၍ အသင်းတော်တို့တွင် တမန်တော်အားလုံးကို စာရင်းပြုစုထားမည်ဖြစ်ပြီး နေရာတကာလျှောက်ပြေးနေခြင်းနှင့် အသီးနည်းငယ်သာ သီးသောတမန်တော်တို့ အား တားမြစ်မည််။ သူတို့အားလုံးသည် သူတို့၏တာဝန်တို့ကို ထမ်းဆောင်နေပုံဖြစ်ခဲ့သော်လည်း အမှန်တကယ်တွင် သူတို့သည် ငါ့အား လှည့်စားလျှက်ရှိခဲ့သည်။ အတိတ်ကာလတွင် မည်သို့ဖြစ်ပါစေ၊ ယနေ့တွင် အားလုံး ကွယ်ပျောက်သွားပြီး ပြန်လည်ပြောဆိုခြင်း မပြုလုပ်ရပေ။ ဤအချိန်မှစ၍ "တမန်တော်" ဆိုသည့် ဝေါဟာရကို ဖျက်သိမ်းပြီး မည်သည်အခါမျှ ပြန်လည်ပြောဆိုမည်မဟုတ်ပေ။ ဤသို့ဖြင့် လူအားလုံးတို့သည ၎င်းတို့၏ ရာထူးမှ ဆင်းလာပြီး ကိုယ့်ကိုယ်ကိုယ် သိနိုင်မည်။ ဤအချက်သည် အမှန်ပင် ၎င်းူတို့၏ ကယ်တင်ခြင်းအတွက် ဖြစ်သည်။ "ရာထူး"သည် သရဖူတစ်ခုမဟုတ်ပေ။ အမည်တပ်ခေါ််ခြင်းတစ်ခုသာဖြစ်သည်။ ငါဆိုလိုသည်ကို နားလည်ပါသလော။ အသင်းတော်တို့ကို ဦးဆောင်သောသူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်အသင်းတော်တို့အတွင်း အသင်းတော်အသက်တာကို ရှင်သန်နေထိုင်ဆဲဖြစ်လိမ့်မည်။ ဤအရာသည် တင်းကျပ်သော စည်းမျဉ်းမဟုတ်ပေ။ လိုအပ်သည့်အခါတွင် ထိုသူတို့သည် အသင်းတော်များသို့ အခြားတမန်တော်ဟောင်းများနှင့် ညှိနှိုင်း၍လာရောက်လည်ပတ်နိုင်သည်။ အရေးပါဆုံးသောအရာမှာ အသင်းသားူများတစ်ဦးမျှ အသင်းတော်အသက်တာဖြင့် အမှန်တကယ် အသက်ရှင်နေထိုင်ခြင်းမရှိလျှင် အသင်းတော်တို့၏ မိတ်သဟာယဖွဲ့မှုကို တိုးမြှင့်ရမည်။ မည်သို့ပင်ဖြစ်စေ သင်တို့အားလုံး မိမိကိုယ်ကိုယ်သိမြင်ကြရန် စည်းလုံးကြ၍ အဆင်းနီသော နဂါးကြီးအား ဆန့်ကျင်ရမည်ဟု ငါအလေးအနက် ပြောရပေမည်။ ဤအရာသည် ငါ၏ ရည်ရွယ်ချက်ဖြစ်သည်။ လူတို့သည် မည်မျှစကားပြောသည်ဆိုသည်မှာ အရေးမကြီးပေ။ သို့သော် ယင်းအစား ငါ၏ လူအားလုံးတို့သည် တစ်စုတစ်စည်းတည်း အတူတကွလာရောက်နိုင်ရန်မှာ အရေးပါပြီး ဤအရာသည် စစ်မှန်စွာသက်သေခံရန်အတွက် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။ အတိတ်ကာလတွင် လူတိုင်းက မိမိတို့ကိုယ်မိမိတို့ နားလည်သည်ဟု ဆိုကြသည်။ သို့သော် ငါသည် မရေမတွက်နိုင်သည့် စကားတို့ကို မိန့်မြွက်ခဲ့ပြီး သင်တို့သည် သင်တို့ကိုယ်သင်တို့ မည်မျှနားလည်ခဲ့ပါသနည်း။ လူတစ်ဦး၏ရာထူး မြင့်လေလေ၊ ၎င်းတို့ကိုယ်၎င်းတို့ ဘေးဖယ်ထားရန် သူတို့အတွက် ခက်ခဲလေလေဖြစ်သည်။ ထို့အပြင်လူတစ်ဦး၏ မျှော်လင့်ချက် ကြီးလေလေ၊ ပြစ်တင်ဆုံးမချိန်တွင် ထိုသူတို့သည် ပို၍ ဒုက္ခခံရလေလေဖြစ်သည်။ ဤသည်မှာ လူသားမျိုးနွယ်အတွက် ငါ၏ ကယ်တင်ခြင်းဖြစ်သည်။ သင်တို့နားလည်ပါသလော။ ဤအရာကို အပေါ်ယံသက်သက် မခံယူနှင့်။ ဤသို့ပြုလုပ်ခြင်းသည် အလွန်ပေါ့တန်ခြင်းဖြစ်ပြီး တန်ဖိုးမရှိပေ။ နောက်ကွယ်မှ အဓိပ္ပါယ်ကို သင် နားလည်ပါသလော။ အသင်းတော်မှ လူတို့သည် ၎င်းတို့ကိုယ်ကိုယ် အမှန်တကယ် နားလည်နိုင်စွမ်းရှိလျှင် ဤလူအမျိုးအစားသည် ငါ့အား အမှန်တကယ်ချစ်ကြောင်း ဖော်ပြသည်။ "သင်သည် လူများနှင့်အတူ ်မုန့်ကို မဖဲ့လျှင် ူ၎င်းတို့၏ ဒုက္ခဆင်းရဲ့ကို သင်တို့ နားလည်မည်မဟုတ်" ဆိုသည့် စကားအတိုင်းပင်ဖြစ်သည်။ ဤ စကားတို့ကို သင် မည်သို့နားလည်ပါသနည်း။ အဆုံးတွင် ငါသည် ပြစ်တင်ဆုံးမချိန်တွင် လူအားလုံးတို့သည် ၎င်းတို့ကိုယ်ကိုယ် နားလည်မှုု ရရှိစေရန် ပြုလုပ်မည်။ ထို့အပြင် ပြစ်တင်ဆုံးမချိန်တွင် ထိုသူတို့အား သီချင်းဆို၍ ရယ်မောစေမည်။ သင်တို့သည် ငါ့အား ကျေနပ်စေရန်အတွက် အမှန်တကယ် ယုံကြည်ခြင်းရှိပါသလော။ ဤသို့ဆိုလျှင် သင်တို့ လက်တွေ့လုပ်ဆောင်ရာတွင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ယခုအချိန်မှစ၍ အသင်းတော်တစ်ခုစီ၏ အမှုကိစ္စများအား ထိုအသင်းတော်တွင်ရှိသော သင့်လျော်သည့်လူမှ ကိုင်တွယ်လိမ့်မည်ဖြစ်ပြီး တမန်တော်များသည် အသင်းတော်၏ အသက်တာသာ နေထိုင်ရှင်သန်လိမ့်မည်။ ဤအရာအား "အသက်တာအား ကြုံတွေ့ခြင်း" ဟု ခေါ်ဆိုသည်။ သင်တို့ နားလည်ပါသလော။
ပြစ်တင်ဆုံးမခြင်းသည် လူသားမျိုးနွယ်အပေါ်သို့ တရားဝင် မကျရောက်မီတွင် လူအားလုံးတို့သည် အဆုံး၌ ငါ့အား ကျေနပ်စေရန်အတွက် ငါသည် လူတို့အပေါ်တွင် "နှုတ်ဆက်ခြင်းအမှု"ကို ပထမဦးဆုံး ပြုလုပ်မည်။ နောက်ဆုတ်မည့်သူများသည်ပင်လျှင် မထွက်ခွာမီတွင် ထိုသူတို့သည် ဒုက္ခခံရမည်ဖြစ်ပြီး ၎င်းတို့၏ သက်သေခံခြင်းကို ပြီးဆုံးအောင်ပြုလုပ်ရမည်။ ဤသို့မဟုတ်လျှင် ငါသည် ထိုသူတို့အား ခွင့်လွှတ်မည်မဟုတ်။ ဤအချက်သည် လူတို့၏ ထိခိုက်စော်ကားမှုအပေါ် ငါ၏ သည်းမခံသည့် စိတ်သဘောထားနှင့် ငါပြောသည့်အရာကို ပြီးမြောက်အောင်ပြုလုပ်သည့် ငါ၏ စိတ်သဘောထားကို ပြသသည်။ ဤသို့ဖြင့် "ငါပြောသည့်အရာကို ငါ အမှန်တကယ် ဆိုလိုပြီး ငါအမှန်တကယ် ဆိုလိုသည့်အရာသည် ပြီးမြောက်ရမည်။ ထို့အပြင် ငါပြီးမြောက်ခဲ့သည့်အရာသည် ထာဝရတည်ရှိရမည်။" ဟူသည့် ငါ၏ နှုတ်မှ စကားလုံးတို့ကို ပြည့်စုံစေသည်။ ဤစကားလုံးတို့သည် ငါ၏ နှုတ်မှ ထွက်သည့်အခါတွင် ငါ၏ ဝိညာဉ်တော်သည်လည်း သူ၏ အလုပ်ကို စတင်လုပ်ဆောင်သည်။ မိမိတို့၏လက်တွင်ကိုင်ထားသည့် "အရုပ်"နှင့် မည်သူသည် တမင်ကစား ၀ံ့ သနည်း။ လူတို့သည် ငါ၏ ပြစ်တင်ဆုံးမခြင်းအား လေးစားစွာ၊ နာခံခြင်းရှိစွာ လက်ခံရမည်ဖြစ်ပြီး မည်သူသည် လွတ်မြောက်နိုင်ပါသနည်း။ ငါ့အပြင် အခြားလမ်းရှိနိုင်ပါသလော။ ယနေ့ငါသည် သင့်အား ကမ္ဘာပေါ်တွင် နေခွင့်ပေးခဲ့ပြီး သင်သည် ရွှင်မြူးသည်။ မနက်ဖြန်တွင် ငါသည် သင့်အား ကောင်းကင်ဘုံသို့ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ပြီး သင်သည် ချီးမွမ်းလိမ့်မည်။ နောက်တစ်နေ့တွင် သင် ပြစ်တင်ဆုံးမခံရမည့်နေရာဖြစ်သည့် မြေပြင်အောက်သို့ သင့်အား ငါရောက်ရှိစေမည်။ ဤအရာအားလုံးတို့သည် ငါ့အလုပ်၏ လိုအပ်ချက်များ မဟုတ်ပေလော။ ငါ၏လိုအပ်ချက်များအတွက် မည်သူသည် ဆင်း ရဲခံရခြင်းကို ခံစားခြင်းမရှိဘဲ၊ မည်သူသည် ကောင်းချီး မရရှိသနည်း။ သင်သည် ခြွင်းချက် ဖြစ်နိုင်ပါသလော။ ကမ္ဘာမြေပေါ်တွင်ရှိသည့် ငါ၏ လူများအနေဖြင့် ငါ၏ လိုအပ်ချက်များအတွက်၊ ငါ၏ အလိုတော်အတွက် သင်တို့ ဘာလုပ်သင့်သနည်း။ သင်တို့သည် ငါ၏ သန့်ရှင်းသောနာမကို သင်၏ နှုတ်နှင့် ချီးမွမ်းသော်လည်း သင့်နှလုံးသားတွင် ငါ့အား မုန်းတီးစက်ဆုပ်ခြင်း ဖြစ်နိုင်ပါသလော။ ငါ့အတွက် အလုပ်လုပ်ခြင်း၊ ငါ၏ နှလုံးသားကို ကျေနပ်စေခြင်းအပြင် သင်တို့ကိုယ်သင်တို့ နားလည်ခြင်းနှင့် အဆင်းနီသောနဂါးကြီးအား ဆန့်ကျင်ပုန်ကန်ခြင်းတို့သည် လွယ်ကူသည့် တာဝန်များမဟုတ်ဘဲ ဤသို့ပြုလုပ်ရန် သင်ပေးဆပ်ရမည်။ "ပေးဆပ်ရမည်" ဟု ငါပြောသည့်အခါတွင် ဤအချက်ကို သင်တို့မည်သို့ နားလည်သနည်း။ ငါသည် လူတို့အား အဖြေတိုက်ရိုက်ပေးခြင်းမရှိသည့်အတွက် ဤအရာကို ငါ ယခု ဆွေးနွေးမည်မဟုတ်။ ဤသို့မပြုလုပ်ဘဲ ငါသည် သူတို့အားလုံးအား ဤအချက်ကို ူ၎င်းတို့ဘာသာ၎င်းတို့ စဉ်းစားတွေးတောရန် ခွင့်ပြုသည်။ ပြီးနောက်တွင် ငါ၏ မေးခွန်းတို့ကို အမှန်တကယ်ဖြေရန်အတွက် ထိုသူတို့၏ လုပ်ဆောင်မှုနှင့် အပြုအမူတို့ကို အသုံးပြုခွင့်ပြုသည်။ သင်တို့ ဤသို့ ပြုလုပ်နိုင်သလော။
၁၉၉၂ ခုနှစ်၊ ဧပြီလ ၂၇ ရက်
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ
မြင်ကွင်းများ Myanmar Gospel Song (ဘုရား၏စကားသည် ထာဝရအမှန်တရား) Myanmar Lyrics

No comments:
Post a Comment