သင်သည် အမှန်တကယ် လေ့ကျင့်မှသာ၊ အမှန်တကယ် ရှာဖွေမှသာ၊ အမှန်တကယ် ဆုတောင်းမှသာ၊ နှင့် အမှန်တရားကို ရှာဖွေခြင်းအတွက် ခံစားရန် ဆန္ဒရှိမှသာလျှင် သန့်ရှင်းသော ၀ိညာဉ်တော်သည် သင့်အား လုပ်ဆောင်နိုင်သည်။ အမှန်တရားကို မရှာဖွေသူတို့တွင် စာလုံးများနှင့် ဒေသနာများ၊ ဗလာအတွေးအခေါ်များသာရှိပြီး ဘာမှရှိမည်မဟုတ်ပဲ အမှန်တရားကင်းမဲ့သူတို့သည် ဘုရားသခင်နှင့် ပတ်သက်သည့် အတွေးအခေါ် အမြောက်အများ ရှိကြသည်။ ထိုသို့သောလူများသည် တတိယကောင်းကင်ဘုံသို့ ပြန်နိုင်စေရန်အတွက် သူတို့၏ အသွေးအသားခန္ဓာကိုယ်ကို ၀ိညာဉ်ကိုယ်ခန္ဓာသို့ ပြောင်းလဲစေရန်အတွက်သာ ဘုရားသခင်ကို တောင့်တကြသည်။ ထိုလူတို့ အဘယ်မျှ ရူးမိုက်ကြသနည်း။ ယင်းသို့ ပြောသော သူတို့သည် ဘုရားသခင်နှင့် ပတ်သက်၍ သို့မဟုတ် စစ်မှန်ခြင်းနင့် ပတ်သက်၍ အသိဉာဏ်ဗဟုသုတ မရှိကြပေ။ ထိုသို့သော လူတို့သည် ဘုရားသခင်နှင့် ပူးပေါင်းနိုင်ရန် အကြောင်းမရှိပဲ မလှုပ်မယှက်သာ စောင့်မျှော်နေကြသည်။ အမှန်တရားကိုသာ လူအများသိရှိပြီး အမှန်တရားကို ရှင်းလင်းစွာ မြင်နိုင်လျှင်၊ ထိုမှတဖန် သူတို့သည် အမှန်တရားကို ရှာဖွေပြီး လက်တွေ့ကျင့်သုံးလျှင် သူတို့သည် အမှန်တကယ် လေ့ကျင့်ကြရမည်၊ အမှန်တကယ် ရှာဖွေကြရမည်၊ အမှန်တကယ် ဆာလောင်မွတ်သိပ်မှု ရှိကြရမည်။ သင်သည် ဆာလောင်မွတ်သိပ်သောအခါ နှင့် ဘုရားသခင်နှင့် အမှန်တကယ် ပူးပေါင်း လုပ်ဆောင်သည့်အခါ ဘုရားသခင်၏ ၀ိညာဉ်တော်သည် သေချာပေါက် သင့်ကို ထိတွေ့လိမ့်မည်၊ သင့်ခန္ဓာအတွင်းတွင် လုပ်ဆောင်လိမ့်မည်၊ ယင်းသည် သင့်အား ဉာဏ်အလင်းကို ပိုမိုရရှိစေပြီး စစ်မှန်ခြင်း အကြောင်းအရာကို ပိုမိုသိရှိစေကာ သင့်ဘဝအသက်တာကို ကြီးစွာ ထောက်ကူလိမ့်မည်။
လူများသည် ဘုရားသခင်ကိုသိရှိလိုလျှင် သူတို့အနေဖြင့် ဘုရားသခင်သည် လက်တွေ့ကျသောဘုရားဖြစ်ကြောင်း ပထမဦးစွာသိရမည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သိရှိရမည်၊ ဘုရားသခင်၏ လက်တွေ့ လူ့ဇာတိ၌ပေါ်လာခြင်း နှင့် ဘုရားသခင်၏ လက်တွေ့ အမှုတော်များကို သိရှိရမည်။ ဘုရားသခင်၏ အမှုတော် တို့သည် လက်တွေ့ကျသည်ကို သိရှိပြီးမှ သာလျှင် သင်သည် ဘုရားသခင်နှင့် အမှန်တကယ် ပူးပေါင်းဆောင်ရွက်နိုင်မည်၊ ဤလမ်းကြောင်းအားဖြင့်သာလျှင် သင်သည် သင်၏ ဘဝအသက်တာ တိုးတက်မှုကို ရရှိနိုင်သည်။ စစ်မှန်ခြင်း အသိပညာ ဗဟုသုတ မရှိသော သူအားလုံးတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မည်သို့မျှမလေ့ကျင့်နိုင်ပေ။ သူတို့သည် သူတို့၏အယူအဆများတွင်ပိတ်မိနေမည်၊ သူတို့သည် သူတို့၏ထင်ယောင်ထင်မှား ဖြစ်မှုများတွင်နေထိုင်ကြရမည်၊ သို့ဖြစ်ရာ သူတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကိုမသိရှိကြပေ။ စစ်မှန်ခြင်းကို သိနားလည်မှု ရှိလေလေ၊ သင်သည်ဘုရားသခင်နှင့်နီးစပ်လေဖြစ်ပြီး သင်သည်ဘုရားသခင်နှင့်နီးစပ်လေလေ၊ ကိုယ်တော်နှင့် တသွေးတသားတည်း ဖြစ်လေဖြစ်မည်။ သင်သည် ဝေ၀ါးမှုများ၊ စိတ်ကူးယဉ်မှုများနှင့် အယူဝါဒများကို ရှာဖွေလေလေ ဘုရားသခင်နှင့်ဝေးကွာလေဖြစ်မည်။ သို့ဖြစ်လျှင် ဘုရားသခင်၏နှုတ်ကပတ်တော်များသည်နက်နဲခက်ခဲသည်ဟု တွေ့ကြုံခံစားရလေလေ သင်သည် အဝင်လမ်းကို မရောက်နိုင်လေဖြစ်မည်။ သင်သည် ဘုရားသခင်၏ စစ်မှန်သော နှုတ်ကပတ်တော်နှင့် သင်၏ဝိညာဉ်ရေးအသက်တာအတွက် လမ်းကြောင်းမှန်ပေါ်သို့ ဝင်ရောက်လိုသောဆန္ဒရှိပါက ရှေးဦးစွာ စစ်မှန်ခြင်းကိုသိရှိရမည်ဖြစ်ပြီး ကိုယ့်ကိုယ်ကို ဝေ၀ါးခြင်းနှင့် သဘာဝလွန် အရာများနှင့် သီးခြားရှိစေရမည် - ဆိုလိုသည်မှာ သင်၏ကိုယ်အတွင်းတွင် သန့်ရှင်းသော ၀ိညာဉ်တော်သည် အမှန်တကယ် မည်သို့အသိဉာဏ်ပွင့်လင်းစေပြီး လမ်းညွှန်ပေးသည်ကိုနားလည်ရမည်။ ဤနည်းလမ်းအားဖြင့် သင့်ကိုယ်အတွင်း သန့်ရှင်းသောဝိညာဉ်တော်၏အမှုတော်ကို အမှန်တကယ်ဆုပ်ကိုင်နိုင်လျှင် သင်သည် ဘုရားသခင်အားဖြင့် ပြည့်စုံခြင်းအမှုတော်၏ လမ်းကြောင်းမှန်သို့ ဝင်ရောက်နိုင်ပေလိမ့်မည်။
ယနေ့ခပ်သိမ်းသောအရာတို့သည် စစ်မှန်ခြင်းဖြင့်အစပြုကြသည်။ ဘုရားသခင်၏အမှုတော်သည် အစစ်မှန်ဆုံးဖြစ်ပြီး၊ လူများထိတွေ့ နိုင်ကြသည်၊ ၄င်းကို လူများကြုံတွေ့နိုင်ပြီး ရရှိအောင်မြင်နိုင်သည်။ လူများ၏အတွင်းတွင် ဝေ၀ါးမှုနှင့် သဘာဝလွန်ဖြစ်ရပ်များရှိပြီး၊ ယင်းတို့က ဘုရားသခင်၏ လက်ရှိအမှုတော်အားသိခြင်းကိုရပ်တန့်စေသည်။ ထို့ကြောင့် သူတို့တွေ့ကြုံရသည်များက အမြဲ လမ်းလွဲသွားပြီး အမြဲခက်ခဲသည်ဟုခံစားရသည်၊ ဤအရာအားလုံးသည် သူတို့ခံယူချက်များအားဖြင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ လူတို့သည် သန့်ရှင်းသောဝိညာဉ်တော် အမှုတော်နည်းဥပဒေသများကို မဆုပ်ကိုင်နိုင်ကြပါ၊ သူတို့သည် စစ်မှန်ခြင်းကိုမသိကြပါ၊ ထို့ကြောင့် သူတို့၏အဝင်လမ်းကြောင်းကို အမြဲအပျက်သဘောမြင်ကြသည်။ သူတို့သည် ဘုရားသခင်လိုအပ်ချက်များကို အဝေးမှ ကြည့်မျှော်ကြပြီး၊ ယင်းလိုအပ်သည်များကို ရရှိအောင်မြင်နိုင်ခြင်း မရှိကြပါ။ သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ အမှန်တကယ်ကောင်းမွန်သည်ကို မြင်ရုံပင်မြင်ပါသော်လည်း ဝင်နိုင်ရန်လမ်းကြောင်းကိုရှာမတွေ့ကြပါ။ သန့်ရှင်းသောဝိညာဉ်တော်သည် ဤနည်းဥပဒေသဖြင့် အမှုတော်များကိုဆောင်ရွက်သည် - လူတို့၏ ပူးပေါင်းဆောင်ရွက်မှုအားဖြင့်၊ အစဉ်မပြတ် ဆုတောင်းခြင်းအားဖြင့်၊ ဘုရားသခင်ကိုရှာဖွေခြင်း သို့မဟုတ် ဘုရားသခင်နှင့် နီးရာသို့လာခြင်းအားဖြင့် ရလဒ်များရရှိနိုင်ပြီး သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် အသိဉာဏ်ပွင့်လင်း၍ ဉာဏ်အလင်းရစေနိုင်သည်။ ဤအကြောင်းမှာ သန့်ရှင်းသော ၀ိညာဉ်တော်က တစ်ဖက်သတ်လုပ်ဆောင်ခြင်း သို့မဟုတ် လူသားက တစ်ဖက်သတ်လုပ်ဆောင်ခြင်းမဟုတ်ပါ။ နှစ်ဖက်လုံးက မရှိမဖြစ်ဖြစ်ပြီး၊ လူအများက ပူးပေါင်းဆောင်ရွက်လေ၊ သူတို့သည် ဘုရားသခင်လိုအပ်သည့် စံနမူနာများကို ပိုမိုရရှိရန် ကြိုစားအားထုတ်ကြလေ၊ သန့်ရှင်းသောဝိညာဉ်တော်၏အမှုတော်က ပိုကြီးမြတ်လေ ဖြစ်သည်။ လူတို့၏ စစ်မှန်သောပူးပေါင်းဆောင်ရွက်မှုအားဖြင့်သာ၊ သန့်ရှင်းသောအမှုတော်မြတ်ကို ထပ်ပေါင်းနိုင်ပြီး၊ စစ်မှန်သောအတွေ့အကြုံနှင့် ဘုရားသခင်နှုတ်ကပတ်တော်များအား ထိရောက်စွာသိကျွမ်းမှုကို ရရှိနိုင်မည်ဖြစ်သည်။ တဖြည်းဖြည်းနှင့်၊ ဤနည်းလမ်းနှင့် အတွေ့အကြုံအားဖြင့်၊ နောက်ဆုံးတွင် ပြည့်စုံသည့်လူဖြစ်လာသည်။ ဘုရားသခင်သည် သဘာဝထက် လွန်ကဲသည့်အရာများကိုမပြုလုပ်ပါ၊ လူတို့၏စိတ်ကူးထင်မြင်မှုများထဲတွင်၊ ဘုရားသခင်သည် ဘုန်းတန်ခိုးကြီးမြတ်ပြီး၊ အရာအားလုံးကို ဘုရားသခင်ပြုလုပ်သည် - ရလဒ်အနေဖြင့် လူတို့က မလှုပ်မယှက်ဘဲစောင့်မျှော်ကြသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုဖတ်ခြင်း သို့မဟုတ် ဆုတောင်းခြင်းမရှိကြဘဲ၊ သန့်ရှင်းသောဝိညာဉ်တော်၏ထိတွေ့မှုကို စောင့်နေရုံမျှသာစောင့်နေကြသည်။ သို့သော်၊ မှန်ကန်သောနားလည်မှုရှိသည့်သူများက- ဘုရားသခင်၏ လုပ်ဆောင်မှုများသည် ကျွန်ုပ်တို့ပူးပေါင်းဆောင်ရွက်သလောက်သာ သွားနိုင်ပြီး ဘုရားသခင် အမှုတော်၏ သက်ရောက်မှုသည် ကျွန်ုပ်တို့မည်သို့ပူးပေါင်းဆောင်ရွက်သည်ဆိုသည့်အပေါ် တည်မှီသည်ဟု ယုံကြည်ကြသည်။ ဘုရားသခင်က မြွက်ဆိုသည့်အခါ ဘုရား၏နှုတ်ကပတ်တော်ကို ကျွန်ုပ်သည်တတ်နိုင်သမျှ ရှာဖွေကြိုးပမ်း ဆောင်ရွက်ရမည်၊ ဤကားကျွန်ုပ်ရရှိအောင်မြင်သင့်သည့်အရာဖြစ်သည်။
ရှင်ပေတရုနှင့် ရှင်ပေါလုတို့တွင် ရှင်ပေတရုသည် စစ်မှန်ခြင်းကို အလေးအထားဆုံးဖြစ်သည်ကို ရှင်းလင်းစွာ သင်မြင်နိုင်သည်။ ရှင်ပေတရု၏ ဖြတ်သန်းမှုကို ကြည့်လျှင် ယခင်ကရှုံးနိမ့်ခဲ့သူများ၏ သင်ခန်းစာများကို အတွေ့အကြုံများအဖြစ် ဆွဲယူပြီး၊ ယခင်က သူတော်စင်တို့၏ခွန်အားများကို လေ့ကျက်မှတ်သားခဲ့သည် - ယင်းကိုကြည့်ခြင်းအားဖြင့်၊ ရှင်ပေတရု၏ အတွေ့အကြုံများမှာ ဘယ်လိုစစ်မှန်ခဲ့သည်ကို တွေ့မြင်နိုင်ပြီး ယင်းတို့သည် လူအများ တွေ့ထိနိုင်လောက်အောင် လုံလောက်ပြီး အစွမ်းရှိကာ လူအများက ရယူနိုင်ခဲ့ကြသည်။ သို့သော်၊ ရှင်ပေါလုက ကွဲပြားခြားနားခဲ့သည် - သူပြောဆိုခဲ့သည်များအားလုံးက ဝေ၀ါးပြီးမမြင်တွေ့ရပါ၊ တတိယကောင်းကင်သို့သွားခြင်း၊ ပလ္လင်ထက်သို့သွားခြင်းနှင့် ဖြောင့်မတ်သောသရဖူစသည့်အရာများဖြစ်သည်။ သူကအပြင်ဖက်ပိုင်းကို အလေးပေးအာရုံထားခဲ့သည်- ရာထူးဂုဏ်အခြေအနေအပေါ်နှင့် လူများ၏အပြစ်ကို ဖော်ကျူးဆုံးမခြင်း၊ သူ၏ရာထူးကြီးမြင့်ခြင်းကို ဖော်ပြခြင်း၊ သန့်ရှင်းသော ၀ိညာဉ်တော်၏ ထိတွေ့မှုကိုခံရခြင်း စသည်တို့ဖြစ်ကြသည်။ သူရရှိအောင်အားထုတ်ခဲ့သည့် အရာကား အမှန်တကယ်မဟုတ်ဘဲ အများအားဖြင့်စိတ်ကူးယဉ်ဆန်သည်၊ ထို့ကြောင့် ယင်းတို့အားလုံးမှာ သဘာဝလွန်ဖြစ်နေပြီး၊ သန့်ရှင်းသောဝိညာဉ်တော်က လူအများကိုဘယ်လောက်ထိတွေ့သည်၊ လူအများကကြီးမြတ်သည့် ဝမ်းမြောက်မှုကိုရရှိသည်၊ တတိယကောင်းကင်သို့သွားသည်၊ သို့မဟုတ် ပုံမှန်လေ့ကျင့်သင်ယူပြီး အတိုင်းအတာတစ်ခုအထိ ပျော်ရွှင်ကြသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုဖတ်ရှုပြီး အတိုင်းအတာတစ်ခုအထိ သဘောကျနှစ်ခြိုက်ကြသည်-စသဖြင့် တစ်ခုမှစစ်မှန်မှုမရှိပါ။ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော်အားလုံးမှာ သာမန်သာဖြစ်ပြီး စစ်မှန်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုဖတ်ပြီး ဆုတောင်းသည့်အခါ၊ သင်၏အတွင်းစိတ်၌ တောက်ပပြီးခိုင်မာမှုရှိသည်၊ ပြင်ပကမ္ဘာက သင့်ကိုမနှောင့်ယှက်နိုင်ပါ၊ သင်၏အတွင်းစိတ်မှ ဘုရားသခင်ကိုချစ်ရန်ဆန္ဒရှိသည်၊ ကောင်းမြတ်သောအရာများဆောင်ရွက်ရန် ဆန္ဒရှိသည်၊ ဆိုးယုတ်သည့်ကမ္ဘာကို သင်စက်ဆုပ်သည် - ဤကားဘုရားသခင်အတွင်း ကိန်းဝပ်ခြင်းဖြစ်သည်၊ လူအများပြောဆိုသကဲ့သို့ အလွန်ပျော်မွေ့ဖွယ်ဖြစ်နေခြင်း မဟုတ်ပါ။ ထိုသို့သော အပြောမျိုးမှာမစစ်မှန်ပါ။ ယနေ့ ခပ်သိမ်းသောအရာတိုင်းသည် စစ်မှန်ခြင်းမှစတင်သည်။ ဘုရားသခင်ပြုသော ခပ်သိမ်းသည့် အရာတိုင်းသည်စစ်မှန်သည်၊ သင်၏အတွေ့အကြုံထဲတွင် ဘုရားသခင်ကိုအမှန်တကယ်သိရန် အထူးဂရုပြုပြီး၊ ဘုရားသခင် နှုတ်ကပတ်တော်၏ သွားရာလမ်းများနှင့် သန့်ရှင်းသောဝိညာဉ်တော်၏ ထိတွေ့မှုနှင့် လူအများအား အလင်းပေးမှုတို့ကို ရှာဖွေရမည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို သုံးဆောင်ပါ၊ ဆုတောင်းပါ၊ ပိုမိုစစ်မှန်သည့်လမ်းကြောင်းဖြင့် ပူးပေါင်းဆောင်ရွက်ပါ၊ အချိန်ကုန်သည်နှင့်အမျှ ကောင်းမွန်ခဲ့သည့်အရာကိုလက်ခံစွဲမှတ်ပါ၊ ပေတရုကဲ့သို့မကောင်းသည်များကိုပယ်ပါ၊ နားများဖြင့် နားထောင်ပြီး မျက်လုံးများဖြင့် လေ့လာပါ၊ မကြာခဏ ဆုတောင်းပြီး စိတ်နှလုံးထဲတွင် တွေးဆပါ၊ ဘုရားသခင်၏ အမှုတော်ကို တတ်နိုင်သလောက် ပူးပေါင်းဆောင်ရွက်ပါ၊ ဤကဲ့သို့သင်ပြုလုပ်ပါက ဘုရားသခင်က သင့်ကို အမှန်တကယ်လမ်းပြပါလိမ့်မည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ
မြင်ကွင်းများ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်- နိုင်ငံတော်၏ ကယ်တင်ခြင်း


No comments:
Post a Comment