အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် | ဘုရားသခင်၏ ပြောဆိုသံ | လူသားတို့၏ ပင်ကို ကိုယ်ပိုင်လက္ခဏာနှင့် ၎င်းတို့၏ တန်ဖိုးမှာ အဘယ်နည်း
သင်တို့သည် ရွှံ့မြေထဲမှ ဖယ်ထုတ်ခြင်းကို ခံခဲ့ရပြီး မည်သို့ပင်ဖြစ်ပါစေ သင်တို့သည် အနည်ထဲမှ ရွေးချယ်ခြင်းကို ခံခဲ့ရသည့် ဘုရားသခင် မုန်းသောသူများနှင့် ညစ်ညမ်းသောသူများ ဖြစ်ကြသည်။ သင်တို့သည် စာတန်[က]နှင့် သက်ဆိုင်ခဲ့ကြပြီး ၎င်း၏ နင်းခြေခြင်းနှင့် စွန်းထင်းစေခြင်းကို တစ်ချိန်က ခံခဲ့ကြရသည်။ ထို့ကြောင့် သင်တို့သည် ရွှံ့မြေထဲမှ ဖယ်ထုတ်ခြင်းကို ခံခဲ့ရသည့် မသန့်ရှင်းသူများ ဖြစ်ကြပြီး ထိုအစား အချိန်ကြာမြင့်စွာ စာတန်၏ အရူးလုပ်ခြင်းကို ခံခဲ့ရသည့် လူသား မဟုတ်သည့် အရာဝတ္တုများ ဖြစ်ကြသည်ဟု ဆိုရခြင်းဖြစ်သည်။ ဤသည်မှာ သင်တို့အတွက် အသင့်လျော်ဆုံး သရုပ်ဖော်ချက် ဖြစ်သည်။ သင်တို့ထံမှ ပျော်မွေ့ဖွယ်ရာ တစ်ခုမှ မရရှိနိုင်သည့်အတွက် သင်တို့သည် ငါးနှင့် ပုစွန်များကဲ့သို့ လိုချင်စဖွယ် ဖြစ်သော ဖမ်းမိသည့်အရာများနှင့် တခြားစီဖြစ်၍ ပုပ်သိုးနေသော ရေသေနှင့် ရွှံ့မြေထဲတွင် တွေ့ရသော အညစ်အကြေးများ ဖြစ်ကြောင်းကို သင်တို့ သဘောပေါက်ရမည်။ တဲ့တိုးပြောပါက သင်တို့သည် အနိမ့်ကျဆုံး လူမှုရေး အတန်းစားထဲမှ အဖွဲ့ဝင်များ ဖြစ်သည်၊ ဝက်များနှင့် ခွေးများထက် ပို၍ ဆိုးဝါးသော တိရစ္ဆာန်များ ဖြစ်ကြသည်။ ပွင့်ပွင့်လင်းလင်း ပြောပါက သင်တို့အား ထိုကဲ့သို့ ဝေါဟာရများဖြင့် ခေါ်ဝေါ်ခြင်းမှာ ပုံကြီးချဲ့ခြင်း သို့မဟုတ် ချဲ့ကားပြောဆိုခြင်း မဟုတ်ဘဲ ၎င်းမှာ ပြဿနာကို ရိုးရှင်းလွယ်ကူစေသည့် နည်းလမ်းတစ်ခု ဖြစ်သည်။ သင်တို့အား ထိုကဲ့သို့ ဝေါဟာရများဖြင့် ခေါ်ဝေါ်ခြင်းမှာ အမှန်အားဖြင့် သင်တို့အား အရိုအသေပေးသည့် နည်းလမ်းတစ်ခု ဖြစ်သည်။ လူသားများ ဖြစ်ကြသော သင်တို့၏ အတွင်းသဘော၊ စကား၊ အပြုအမူနှင့် ရွှံ့မြေထဲမှ သင်တို့၏ ရာထူးဂုဏ်ဒြပ် အပါအဝင် သင်တို့၏ အသက်တာထဲမှ အရာအားလုံးတို့မှာ သင်တို့၏ ကိုယ်ပိုင်လက္ခဏာသည် “သာမန်ထက် ထူးခြားကြောင်း” သက်သေပြရန် လုံလောက်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ
အောက်ခြေမှတ်စုများ -
(က) မူရင်း စာသားတွင် “၎င်း” ဟု ရေးသားဖော်ပြထားသည်။
အကြံပြုစာများဖတ်ရှုလေ့လာရန်: ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏

No comments:
Post a Comment