လူသား၏ စိတ်နေသဘောထားကို ဘုရားသခင်က ချမှတ်သည်ဟု ဆိုခြင်းမှာ မေးခွန်းထုတ်စရာ မလိုသော အရာဖြစ်ပြီး အပြုသဘောဆောင်သည်ဟု ယူဆနိုင်ပါသည်။ ထိုစိတ်နေသဘောထားကို စာတန်က ပြောင်းလဲပြီးပြီ ဖြစ်သည်။ ထို့ကြောင့် လူသား၏ စိတ်နေသဘောထား တစ်ရပ်လုံးသည် စာတန်၏ စိတ်နေသဘောထား ဖြစ်သည်။ ဘုရားသခင်သည် စိတ်နေသဘောထားအရ အမှုအရာများကို ဆောင်ရွက်ရာတွင် ရိုးစင်းသဖြင့် လူသားသည်လည်း ဤသို့ပြုမူ၍ ဤသို့ အကျင့်စာရိတ္တ ရှိသောကြောင့် ၎င်း၏ ဤစိတ်နေသဘောထားသည် ဘုရားသခင်ကို ကိုယ်စားပြုသည်ဟု တစ်စုံတစ်ဦးက ဆိုကောင်းဆိုနိုင်သည်။ ထိုသူသည် မည်သို့သောသူနည်း။ အကျင့်ပျက်သည့် စာတန်ဆန်သော စိတ်နေသဘောထားသည် ဘုရားသခင်ကို ကိုယ်စားပြုနိုင်သလော။ ၎င်း၏ စိတ်နေသဘောထားသည် ဘုရားသခင်ကို ကိုယ်စားပြုသည်ဟုဆိုသူ မည်သူမဆိုသည် ဘုရားသခင်အား ပြစ်မှား၍ သန့်ရှင်းသော ဝိညာဉ်တော်အား စော်ကားခြင်း ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ ဆောင်ရွက်ခြင်း ရှုထောင့်မှဆိုလျှင် ဘုရားသခင် မြေကြီးပေါ်တွင် ဆောင်ရွက်သည့် အမှုသည် သိမ်းပိုက်စိုးမိုး အောင်နိုင်ရန်အတွက်သာ ဖြစ်၏။ ထို့ကြောင့် လူသား၏ စာတန်ဆန်သော ပျက်စီးသည့် စိတ်နေသဘောထား အများအပြားမှာ သန့်ရှင်းစင်ကြယ်ခြင်း မရှိသေးပါ။ ၎င်းအပြင် လူသား၏ အသက်ရှင်မှုသည် ထိုအတွက်ကြောင့် စာတန်၏ရုပ်သွင်သာ ရှိနေသေးခြင်းဖြစ်သည်။ လူ၏ ကောင်းမွန်ခြင်းသာဖြစ်ပြီး လူသား၏ ဇာတိပကတိ လုပ်ရပ်များကို ကိုယ်စားပြုသည်။ သို့မဟုတ် ပို၍တိကျစွာ ပြောရလျှင် ဤသည်မှာ စာတန်ကို ကိုယ်စားပြုပြီး ဘုရားသခင်ကို လုံးဝ ကိုယ်စားမပြုနိုင်ပါ။ လူသားသည် မြေကြီးပေါ်တွင် ကောင်းကင်ဘုံဘဝကဲ့သို့ နေထိုင်နိုင်သည့် အတိုင်းအတာအထိ ဘုရားသခင်အပေါ် ချစ်ခြင်းမေတ္တာ ရှိနေခဲ့ပြီး၊ "အို ဘုရားသခင်၊ ကိုယ်တော့်အပေါ် ကျွန်ုပ်၏ ချစ်ခြင်းမေတ္တာမှာ မလုံလောက်ပါ" ဟူသော ပြောဆိုမှုများ ပြုလုပ်နိုင်ကာ အမြင့်ဆုံးဘုံတွင် ရောက်နေသော်လည်း ထိုသူသည် ဘုရားသခင်၏ အသက်တာအတိုင်း အသက်ရှင်သည်၊ သို့မဟုတ် ဘုရားသခင်ကို ကိုယ်စားပြုသည်ဟု သင်မဆိုနိုင်သေးပါ။ အကြောင်းမှာ လူသား၏ အနှစ်သာရသည် ဘုရားသခင်၏ အနှစ်သာရနှင့် မတူသောကြောင့် ဖြစ်သည်။ လူသားသည် ဘုရားဖြစ်ရန် မဆိုနှင့် ဘုရားသခင်၏ အသက်တာအတိုင်း မည်သည့်အခါမျှ နေနိုင်မည် မဟုတ်။ သန့်ရှင်းသော ဝိညာဉ်တော်က လူသား၏ အသက်တာကို လမ်းပြခဲ့သည်မှာ ဘုရားသခင်က လူသားကို တောင်းဆိုသည်နှင့် အညီသာ ဖြစ်သည်။
စာတန်၏ ပြုမူဆောင်ရွက်ချက်အားလုံးသည် လူသားတွင်ထင်ရှားနေ၏။ ထို့ကြောင့် လူသား၏ ပြုမူ ဆောင်ရွက်ချက် အားလုံးသည် စာတန်၏ ဖော်ပြချက်သာဖြစ်၍ ဘုရားသခင်ကို ကိုယ်စားမပြုနိုင်။ လူသားသည် စာတန်၏ ပြယုဂ်ဖြစ်ပြီး လူသား၏ စိတ်နေသဘောထားသည် ဘုရားသခင်၏ စိတ်နေ သဘောထားကို ကိုယ်စားမပြုနိုင်ပါ။ လူအချို့သည် အကျင့်ကောင်းကြ၏။ ထိုသူတို့၏ အကျင့်စာရိတ္တမှ တစ်ဆင့် ဘုရားသခင်သည် အမှုအချို့ ဆောင်ရွက်ကောင်း ဆောင်ရွက်နိုင်ပြီး၊ ထိုသူတို့ ပြုသောအမှုကို သန့်ရှင်းသော ဝိညာဉ်တော်က လမ်းပြခြင်းဖြစ်သည်။ သို့သော် ထိုသူတို့၏ စိတ်နေသဘောထားသည် ဘုရားသခင်ကို ကိုယ်စားမပြုနိုင်ပါ။ ထိုသူတို့အပေါ် ဘုရားသခင်၏ အမှုသည် အတွင်းတွင် ရှိပြီးသား အရာနှင့်သာ လုပ်ကိုင်၍ ချဲ့ထွင်ခြင်းဖြစ်သည်။ ပရောဖက်များဖြစ်စေ၊ အတိတ်ကာလများက ဘုရားသခင် အသုံးပြုခဲ့သော လူသားများဖြစ်စေ၊ မည်သူမျှ သူ့ကို တိုက်ရိုက်ကိုယ်စားမပြုနိုင်။ အခြေအနေအရ အကျပ်ကိုင်ခံရသည့် အခါမှသာ လူသားအားလုံးသည် ဘုရားသခင်ကို ချစ်လာကြပြီး တစ်ဦးမျှ မိမိဆန္ဒအလျောက် ပူးပေါင်းလုပ်ကိုင်ရန် ကြိုးပမ်းခြင်းမရှိပါ။ မည်သည့်အရာတို့က ကောင်းသောအရာ များနည်း။ ဘုရားသခင်ထံမှ တိုက်ရိုက်လာသည့် အရာအားလုံးသည် ကောင်း၏။ သို့ရာတွင် လူသား၏ စိတ်နေသဘောထားကို စာတန်က ပြောင်းလဲခဲ့ပြီဖြစ်၍ ဘုရားသခင်ကို ကိုယ်စားမပြုနိုင်။ လူ့ဇာတိ ခံယူသော ဘုရားသခင် သူ၏မေတ္တာ၊ သူ၏ ဒုက္ခခံလိုခြင်း၊ သူ၏ ဖြောင့်မတ်ခြင်း၊ နာခံခြင်း၊ နှိမ့်ချခြင်းနှင့် သိုဝှက်ခြင်းတို့အားလုံးသာလျှင် ဘုရားသခင်ကို တိုက်ရိုက် ကိုယ်စားပြု၏။ ဤသည်မှာ သူကြွလာစဉ်က သူသည် အပြစ်ကင်းစင်ပြီး ဘုရားသခင်ထံမှ တိုက်ရိုက်ကြွလာကာ စာတန်၏ ပြောင်းလဲမှု ခံခဲ့ရခြင်း မရှိ၍ဖြစ်သည်။ ယေရှုသည် အပြစ်ရှိသည့် ဇာတိပကတိ သဏ္ဌာန်သာလျှင် ရှိပြီး အပြစ်ကို ကိုယ်စားမပြုပါ။ ထို့ကြောင့် ကားစင်တင်ခြင်းအားဖြင့် သူ၏အမှု အောင်မြင်စွာ မပြီးဆုံးမီ အချိန်အထိ (သူ့ကို ကားစင်တင်သည့်အချိန် အပါအဝင်) သူ၏ ပြုမူဆောင်ရွက်ချက်များ၊ စကားများ အားလုံးသည် ဘုရားသခင်ကို တိုက်ရိုက် ကိုယ်စားပြုသည်။ အပြစ်သဘောရှိသော လူသားသည် ဘုရားသခင်ကို ကိုယ်စား မပြုနိုင်ကြောင်းနှင့် လူသား၏အပြစ်သည် စာတန်ကို ကိုယ်စားပြုကြောင်း သက်သေပြရန် ယေရှု၏ နမူနာမှာ လုံလောက် ပါသည်။ အပြစ်သည် ဘုရားသခင်ကို ကိုယ်စားပြုခြင်းမရှိ၊ ဘုရားသခင်သည် အပြစ်မဲ့သည်ဟု ဆိုလိုသည်။ သန့်ရှင်းသော ဝိညာဉ်တော်က လူသား၌ ဆောင်ရွက်ခဲ့သည့် အမှုပင်လျှင် သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြမှုကြောင့်ဟုသာ ယူဆနိုင်ပြီး လူသားက ဘုရားသခင်ကိုယ်စား ဆောင်ရွက်ခဲ့ခြင်းဟု မဆိုနိုင်ပါ။ သို့သော် လူသားနှင့်ပတ်သက်၍ ၎င်း၏အပြစ်သော်လည်းကောင်း၊ ၎င်း၏ စိတ်နေသဘောထားသော် လည်းကောင်း၊ ဘုရားသခင်ကို ကိုယ်စားပြုခြင်းမရှိ။ ယနေ့နှင့် အတိတ်ကာလ တစ်လျှောက်လုံး သန့်ရှင်းသော ဝိညာဉ်တော်က လူသားအပေါ် ဆောင်ရွက်ချက်၏ ရှုထောင့်မှနေ၍၊ လူသားအပေါ် သန့်ရှင်းသော ဝိညာဉ်တော်က ဆောင်ရွက်ချက်အများစု ပြုလုပ်ခဲ့ခြင်းဖြစ်၏။ ဤသည်ကြောင့် လူသားသည် ၎င်းနေထိုင်သော အသက်တာ ရှိနေခြင်းဖြစ်သည်။ သို့ရာတွင် ဤသည်မှာ တစ်ဘက်သတ်သာဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်က ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်း ခံရပြီးနောက် လူသားအနည်းငယ်သာလျှင် သမ္မာတရားအတိုင်း အသက်ရှင်နိုင်၏။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရာသာလျှင် ရှိပြီး လူသား၏ ပါဝင်မှု ကင်းမဲ့နေသည်ဟု ဆိုလိုသည်။ ယခု ရှင်းလင်းစွာ မြင်တွေ့နိုင်ပြီလား။ သို့ဖြစ်လျှင် သန့်ရှင်းသော ဝိညာဉ်တော် အမှုဆောင်နေစဉ် သူနှင့်အတူ သင်အတတ်နိုင်ဆုံး အမှုဆောင်ပြီး သင်၏တာဝန် ကျေပွန်ရန် သင်ဘာလုပ်သင့်သနည်း။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ
အကြံပြုစာများဖတ်ရှုလေ့လာရန်: ခရစ်ယာန်ဘာသာနှင့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်တို့အကြား ကွာခြားချက်မှာ မည်သည့်အရာနည်း။

No comments:
Post a Comment