菜單

မူလစာမျက်နှာ သတင်းအချက်အလက် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ လွတ်လပ်မှန်ကန်တဲ့လူ့အခွင့်အရေး ကယ်တင်ရှင်ပြန်ကြွလာပြီ ဧဝံဂေလိတရားတော် ကောင်းကင်နိုင်ငံတော်သီချင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ အမှန်တရားကို ဖေါ်ထုတ်ခြင်း နိုင်ငံတော် ချီးမွမ်းခြင်း တေးဂီတ

Tuesday, January 1, 2019

ခရစ်ယာန်ဓမ္မသီချင်း (ဘုရားသခင်၏အမှုတော် ဆက်လက်တိုးပွား)

Myanmar Gospel Song  (ဘုရားသခင်၏အမှုတော် ဆက်လက်တိုးပွား)



ဘုရားသခင်၏အမှုတော် ဆက်လက်တိုးပွားလို့နေ

ရည်ရွယ်ချက် မပြောင်းမလဲမရှိလည်း

ဘုရားသခင်၏ စီမံလုပ်ကိုင်မှုပုံစံ အစဉ်မပြတ် ပြောင်းလဲ

ဘုရားသခင် နောက်လိုက်သူများလည်း ထိုသို့ပင်

ဘုရားသခင်လုပ်ဆောင်သောအမှု များပြားလာလေ

လူတွေ သူ့အကြောင်း ပိုမိုသိမြင်လာကာ

ဘုရား၏အမှုတော်နှင့်တကွ

လူ့စိတ်သဘောထား ပိုမိုပြောင်းလဲလာလေ

အမှုတစ်ခုတည်းကို ထပ်ခါတလဲ ဘုရားမလုပ်

အမှုတေ်ာသည် အစဉ်ပြောင်းလဲ၍ အမြဲဆန်းသစ်

အသစ်သောစကားများ မိန့်ဆိုပြီး

သင့်အပေါ်နေ့စဉ် အမှုတော်သစ် လုပ်ဆောင်သကဲ့သို့ဖြစ်သည်

ထိုသည် ဘုရားသခင် ဆောင်ရွက်သော အမှုဖြစ်သည်

ထိုအမှုသည် အံ့သြဖွယ်အသစ်အဆန်းဖြစ်သည်

ဘုရားသခင်သည် ပြောင်းလဲခြင်းမရှိ၊

ထာဝစဉ်ဘုရားသခင်ဖြစ်မူမည်

ဒါဟာ ဧကန်အမှန်ဖြစ်သော အဆိုပေတည်း

ဘုရားသခင်၏အမှုတော် ဆက်လက်တိုးပွားလို့နေ

ဘုရားသခင်၏အမှုတော် ဘယ်တော့မှ

မဟောင်းနွမ်း၊ အမြဲဆန်းသစ်

အမှုဟောင်းများကို သူဘယ်တော့မှ ထပ်မလုပ်ဆောင်

ယခင်က မပြုဖူးသည့်အမှုများသာ သူလုပ်ဆောင်မူမည်



ဘုရားသခင်၏အမှု အစဉ်ပြောင်းလဲနေသလို

သန့်ရှင်းသောဝိဉာဉ်တော်၏အမှုကို မသိသူများနှင့်

သမ္မာတရားကို မသိသူများ

နောက်ဆုံးတွင် ဘုရား၏ရန်ဘက်များ ဖြစ်သွားကြသည်

ဘုရားသခင်၏ပင်ကိုသဘာဝ ဘယ်တော့မှ မပြောင်းလဲပါ

ဘုရားသည် ဘုရားအစဉ်ဖြစ်၏ သူသည် စာတန်အဖြစ် မပြောင်းနိုင်

ဘုရား၏အမှုသည် သူ့ပင်ကိုသဘာဝကဲ့သို့ မပြောင်းလဲဟု မဆိုလို

ဘုရားသခင် ဘယ်တော့မှ မပြောင်းလဲဘူး ဆိုပေမယ့်လည်း

ဘယ်တော့မှ မဟောင်းနွမ်း အမြဲဆန်းသစ်ကြောင်း

သင်ဘယ်လိုရှင်းပြမလဲ

ဘုရားသခင်၏အမှုသည် ကြီးမားကျယ်ပြန့်ကာ

ပြောင်းလဲလျက်ရှိသည်

သူသည် မိမိအလိုတော်ကိုအဖေါ်ပြုပြီး ထိုအလိုတော်ကို

လူသားများအား သိစေသည်

ဘုရားသခင်၏အမှုတော် ဆက်လက်တိုးပွားလို့နေ

ဘုရားသခင်၏အမှုတော် ဘယ်တော့မှ

မဟောင်းနွမ်း၊ အမြဲဆန်းသစ်

အမှုဟောင်းများကို သူ ဘယ်တော့မှ ထပ်မလုပ်ဆောင်

ယခင်က မပြုဖူးသည့် အမှုများသာ သူလုပ်ဆောင်မူမည်



နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ



ဆောင်ရွက်မှုများ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် - နောက်ဆုံးသော သဘော

No comments:

Post a Comment