菜單

မူလစာမျက်နှာ သတင်းအချက်အလက် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ လွတ်လပ်မှန်ကန်တဲ့လူ့အခွင့်အရေး ကယ်တင်ရှင်ပြန်ကြွလာပြီ ဧဝံဂေလိတရားတော် ကောင်းကင်နိုင်ငံတော်သီချင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ အမှန်တရားကို ဖေါ်ထုတ်ခြင်း နိုင်ငံတော် ချီးမွမ်းခြင်း တေးဂီတ

Monday, February 4, 2019

နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ "ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ရန် လွန်စွာအရေးကြီး၏"

အနန္တတန်ခိုးရှင်ဘုရားက ပြောသည် "သင်သည် ဘုရားသခင်၏ စိတ်နေသဘောထားကို နားမလည်ပါက သူ့အတွက် သင်လုပ်ဆောင်သင့်သည့်အမှုကို သင်လုပ်ဆောင်ရန် မဖြစ်နိုင်ဘဲ ရှိလိမ့်မည်။ သင်သည် ဘုရားသခင်၏ အနှစ်သာရကို မသိပါက သင်က သူ့အပေါ် ရိုသေလေးမြတ်ခြင်းနှင့် ကြောက်ရွံ့ခြင်းတို့ကို ပြသရန် မဖြစ်နိုင်ဘဲ ရှိလိမ့်မည် ဖြစ်သော်လည်း ဂရုမပြုသော ဝတ်ကျေတမ်းကျေပြုမူမှုနှင့် လှိမ့်လုံးများအပြင် ပြုပြင်၍မရသော အကျင့်ဖြစ်နေသည့် ပုတ်ခတ်ပြောဆိုမှုတို့ကိုသာ ပြသနိုင်လိမ့်မည်။ ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ခြင်းသည် အရေးကြီးသည်မှာ အမှန်ပင်ဖြစ်၍ ဘုရားသခင်၏ အနှစ်သာရကို သိခြင်းအား ပေါ့ပေါ့တန်တန် သဘောထား၍မရသော်လည်း ဤကိစ္စများကို မည်သူကမျှ တစ်ခါမျှ သေချာစွာ စစ်ဆေးခြင်း သို့မဟုတ် နှိုက်နှိုက်ချွတ်ချွတ် လေ့လာခြင်းများ မပြုခဲ့ဖူးပေ။ သင်တို့အားလုံးသည် ငါပြဋ္ဌာန်းခဲ့သည့် စီမံခန့်ခွဲရေးအမိန့် အားလုံးကို ထုတ်ဖယ်ပစ်ခဲ့ပြီးဖြစ်သည်ကို ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။ ဘုရားသခင်၏ စိတ်နေသဘောထားကို သင်တို့ နားမလည်ပါက သင်တို့သည် သူ၏စိတ်နေသဘောထားကို အလွယ်တကူ စော်ကားလိမ့်မည်။ ထိုကဲ့သို့သော စော်ကားမှုတစ်ရပ်သည် ဘုရားသခင်ကိုယ်တိုင်ကို ဒေါသထွက်စေခြင်းနှင့် တူညီကာ သင့်လုပ်ဆောင်ချက်၏ နောက်ဆုံး အသီးအပွင့်သည် စီမံခန့်ခွဲရေးအမိန့်များကို ဖောက်ဖျက်ခြင်း တစ်ရပ် ဖြစ်သွား၏။ ထို့ကြောင့် ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ခြင်းတွင် သူ၏ အနှစ်သာရကို သိခြင်းလည်း ပါဝင်သည်ဟူသည်နှင့် ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ခြင်းတွင် စီမံခန့်ခွဲရေးအမိန့်များကို နားလည်ခြင်းလည်း ပါဝင်သည်ဟူသည်ကို သင်သိသင့်သည်။ စီမံခန့်ခွဲရေး အမိန့်များစွာသည် ဘုရားသခင်၏ စိတ်နေသဘောထားအကြောင်းနှင့် သက်ဆိုင်သော်လည်း ၎င်းတို့အထဲတွင် သူ၏စိတ်နေသဘောထား တစ်ရပ်လုံးကို ထုတ်ဖော်ထားခဲ့ခြင်း မရှိပေ။ ထို့ကြောင့် သင်တို့သည် ဘုရားသခင်၏ စိတ်နေသဘောထားကို ပိုမိုနားလည်ရေး ဆောင်ရွက်ရာတွင် ဤသည်ထက် တစ်ဆင့်ပို၍ ဆောင်ရွက်သင့်သည်။"

ဆောင်ရွက်မှုများ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် - နိုင်ငံတော်၏ ဧဝံဂေလိသတင်း

No comments:

Post a Comment