菜單

မူလစာမျက်နှာ သတင်းအချက်အလက် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ လွတ်လပ်မှန်ကန်တဲ့လူ့အခွင့်အရေး ကယ်တင်ရှင်ပြန်ကြွလာပြီ ဧဝံဂေလိတရားတော် ကောင်းကင်နိုင်ငံတော်သီချင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ အမှန်တရားကို ဖေါ်ထုတ်ခြင်း နိုင်ငံတော် ချီးမွမ်းခြင်း တေးဂီတ

Thursday, May 23, 2019

အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် | ဘုရားသခင်၏ ပြောဆိုသံ | အခန်း ၂၃

သမ္မာတရား, အသက်, ဘုရားသခင်၏ချစ်ခြင်း, ယုံကြည်ခြင်း,

အစအဦးတွင် ခရစ်တော်၏ သက်သေခံချက်များနှင့် ဖွင့်ဆိုချက်များ | အခန်း ၂၃


ါ့အသံကို ကြားကြပြီဖြစ်သော ညီအကိုမောင်နှမအပေါင်းတို့- သင်တို့သည် ငါ၏ တင်းကျပ်သော တရားစီရင်သံကို ကြားခဲ့ကြပြီး ကြီးစွာသော ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံပြီးဖြစ်သည်။ သို့ရာတွင် ငါ၏ တင်းမာသောအသံ နောက်ကွယ်တွင် ငါ၏ ရည်ရွယ်ချက်တို့ပါကြောင်း သင်တို့ သိသင့်၏။သင်တို့ ကယ်တင်ခြင်းရဖို့ရန်အလို့ငှာ သင်တို့ကို ငါဆုံးမပဲ့ပြင်၏။ ငါချစ်သောသားတို့အတွက်၊ သင်တို့ကို ငါဆုံးမပဲ့ပြင်ပြီး၊ သင်တို့ကို ပြုပြင်ကာမကြာမီ စုံလင်ခြင်းသို့ ရောက်စေမည်ဖြစ်ကြောင်း သင်တို့သိသင့်၏။ ငါ့စိတ်နှလုံးသည် အလွန်ထက်သန်သော်လည်း သင်တို့သည် ငါ့စိတ်နှလုံးကို နားမလည်ဘဲ ငါ့နှုတ်ကပတ်တော်စကား အတိုင်း လိုက်နာပြုမူခြင်း မရှိကြ။ ယနေ့ ငါ့နှုတ်ကပတ်တော်စကားတို့သည် သင်တို့အပေါ်သို့ သက်ရောက်လာပြီး ဘုရားသခင်သည် ချစ်ခြင်းမေတ္တာပြည့်ဝသော ဘုရားသခင်ဖြစ်ကြောင်း သင်တို့ကို အမှန်တကယ် သတိပြုမိစေကာ ဘုရားသခင်၏ စစ်မှန်သော မေတ္တာကို သင်တို့အားလုံး တွေ့ကြုံခဲ့ပြီးပြီ။ သို့သော် လူအနည်းငယ်သည် အယောင်ဆောင်နေကြပြီး အခြားလူများ၏ ဝမ်းနည်းမှုကို မြင်တွေ့ရချိန်တွင် သူတို့သည်လည်း မျက်ရည်ကျကြလိမ့်မည်။ အပေါ်ယံအားဖြင့် ဘုရားသခင်ကို အကြွေးတင်နေပုံရပြီး သူတို့သည် နောင်တရနေသည်ဟု ထင်ရသော်လည်း သူတို့အတွင်းတွင် ဘုရားသခင်ကို အမှန်တကယ် နားလည်ခြင်း မရှိသည့်အပြင် ဘုရားသခင်နှင့် စပ်လျဉ်း၍လည်း သေချာရေရာခြင်း မရှိကြသည့် အခြားသောသူများလည်း ရှိကြပေ၏။ ထို့ထက် ယင်းမှာ အပြင်ပန်းသာ ဖြစ်၏။ ဤလူတို့ကို ငါအရွံရှာအစက်ဆုပ်ဆုံးပင်။ ဤလူတို့သည် ငါ့မြို့မှ အနှေးနှင့်အမြန် ဖယ်ရှားခြင်းခံရလိမ့်မည်။ ငါ၏ရည်ရွယ်ချက်မှာ ငါ့အား ထက်သန်စွာ အလိုရှိသောသူများကို ငါအလိုရှိပြီး စစ်မှန်သော နှလုံးသားဖြင့် ငါ့နောက်သို့ လိုက်သူများသည်သာ ငါ့ကို ကျေနပ်စေနိုင်သည်- ထိုသူတို့အတွက် ငါ့လက်များဖြင့် အသေအချာ ထောက်ပံ့ပေးမည်ဖြစ်ပြီး သူတို့ ဘေးဒုက္ခနှင့် မတွေ့ကြုံကြောင်း သေချာစေမည်။ ဘုရားသခင်ကို အမှန်တကယ် အလိုရှိသောသူတို့သည် ဘုရားသခင်၏ စိတ်နှလုံးကို အလေးထားရန် လိုလားပြီး ငါ့အလိုအတိုင်း လုပ်ဆောင်ကြလိမ့်မည်။ ထို့ကြောင့် သင်တို့သည် မကြာမီ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်သင့်ပြီး သင်တို့၏ အသက်အဖြစ် ငါ့နှုတ်ကပတ်တော်စကားများကို လက်ခံသင့်ကြ၏။ ဤသည်မှာ ငါ့အတွက် အကြီးလေးဆုံးသောဝန် ဖြစ်၏။ အကယ်၍ အသင်းတော်များနှင့် သန့်ရှင်းသူများအားလုံးသည် လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ကြပြီး ငါနှင့် တိုက်ရိုက် မိတ်သဟာယဖွဲ့နိုင်ကာ ငါနှင့် မျက်နှာချင်းဆိုင်ပြီး သမ္မာတရားနှင့် ဖြောင့်မတ်မှုကို လက်တွေ့လုပ်ဆောင် ကြလျှင်သာ သူတို့သည် ငါ၏ ချစ်လှစွာသော သားများ၊ ငါ့ကို ကျေနပ်အားရစေနိုင်သောသူများ ဖြစ်ကြပြီး ကြီးစွာသော ကောင်းချီးကြီးမ င်္ဂလာ အလုံးစုံကို သူတို့အပေါ်သို့ ငါနှင်းအပ်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ

မိတ်ဆွေက သီချင်းနားထောင်ခြင်းကို နှစ်သက်တာ ဖြစ်နိုင်ပါတ

Myanmar Gospel Song ရိုးသားသူတစ်ဦး ဖြစ်ရန် ဤသို့ ဝမ်းမြောက်ခြင်း
သမ္မာတရား, အသက်, ဘုရားသခင်၏ချစ်ခြင်း, ရိုသေ ကိုင်းရှိုင်းခြင်း,


No comments:

Post a Comment