ပထမဆုံး အမိန့်တာဝန်မှာ သင့်ကိုယ်သင် စင်ကြယ်စေရန်ဖြစ်ပြီး ပြောင်းလဲသော လူတစ်ဦးဖြစ်လာကာ ဖြစ်လာကာ တည်ငြိမ်သော ပင်ကိုစရိုက်ရှိရန် ဖြစ်သည်။ ပတ်ဝန်းကျင်အခြေအနေ အဆိုး၊ အကောင်း နှစ်ခုလုံး၌ ငါ့အားဖြင့် သင်အသက်ရှင်ရမည်။ ထို့ပြင် အိမ်တွင်ရှိသည်ဖြစ်စေ၊ အခြားပတ်ဝန်းကျင်တွင် ရှိသည်ဖြစ်စေ အခြားသူတစ်ဦးဦးကြောင့် သို့မဟုတ် အချို့ဖြစ်ရပ်များ သို့မဟုတ် အမှုအရာများကြောင့် တုံ့ဆိုင်းယိမ်းယိုင်ခြင်း မရှိစေရ။ ထို့ပြင် သင်သည် မြဲမြံစွာရပ်တည်ရမည်ဖြစ်ပြီး ထုံးစံအတိုင်းပင် ခရစ်တော်ကို ထုတ်ဖော်အသက်ရှင်ရမည်ဖြစ်ကာ ဘုရားသခင် ကိုယ်တော်တိုင်ကို ပေါ်လွင်စေရမည်။ သင့်လုပ်ငန်းဆောင်တာကို လုပ်ဆောင်ရမည်ဖြစ်ပြီး ပုံမှန်အတိုင်း သင့်တာဝန်များကို ကျေပြွန်ရမည်။ ယင်းကို တစ်ကြိမ်သာ လုပ်ဆောင်ရမည်မဟုတ်ဘဲ အမြဲတည်တံ့နေစေရမည်။ ငါ့စိတ်နှလုံးကို သင့်စိတ်နှလုံးကဲ့သို့ မှတ်ယူရမည်၊ ငါ့ရည်ရွယ်ချက်တို့သည် သင်၏ အတွေးများ ဖြစ်လာရမည်၊ အခြေအနေတစ်ရပ်လုံးကို ဆင်ခြင်သုံးသပ်ရမည်၊ သင့်အထဲမှ ခရစ်တော်ပေါ်ထွက်လာစေပြီး အခြားသူများနှင့် ညှိနှိုင်းလျက် အစေခံရမည်။ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုကို အမီလိုက်ရမည်ဖြစ်ပြီး သန့်ရှင်းသောဝိညာဉ်တော်၏ ကယ်တင်ခြင်း နည်းလမ်းထဲသို့ သင့်ကိုယ်သင် ခြေစုံပစ်ဝင်ရောက်ရမည်။ သင့်ကိုယ်သင် ရှင်းလင်းအောင်လုပ်ပြီးနောက် အပြစ်ကင်းစင်ပြီး ပွင့်လင်းသောသူ ဖြစ်စေပါ။ အမှုအရာများကို စိတ်နှလုံးဖြင့် လုပ်ဆောင်နိုင်ရန်အတွက် သင်၏ ညီအစ်ကိုမောင်နှမများနှင့် ပုံမှန် မိတ်သဟာယဖွဲ့ရမည်၊ သူတို့ကို ချစ်ရမည်၊ သူတို့၏ အားသာချက်များက သင်၏ အားနည်းချက်များကို ထိန်းညှိစေပါ၊ အသင်းတော်၌ တည်ဆောက်ပြီးစီးစေရန် ကြိုးပမ်းပါ။ ယင်းနောက်မှသာ နိုင်ငံတော်တွင် နေရာတစ်ခုကို အမှန်တကယ် ရလိမ့်မည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ
ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏
No comments:
Post a Comment