Myanmar Gospel Movie (ခြေချင်းများကိုချိုးဖျက်၍ ပြေးပါ) | The Lord Jesus Is My Strength
လီချွမ်မင်ဟာ တောင်ကိုရီးယား၊ ဆိုးလ်မြို့မှာရှိတဲ့အသင်းတော်တစ်ပါးက အကြီးအကဲတစ်ယောက်ဖြစ်ပါတယ်။ နှစ်ပေါင်းနှစ်ဆယ်ကျော်ကာလအထိ၊ သူဟာစိတ်အားထက်သန်စွာ သခင်ကိုအစေခံခဲ့ပြီး၊ သမ္မာကျမ်းစာကို သေသေချာချာပြည့်ပြည့်ဝဝ လေ့လာနေသူတစ်ဦးလည်းဖြစ်ပါတယ်။ သူ့ရဲ့ ဘာသာရေးခေါင်းဆောင်များရဲ့ပုံသက်သေကို သူဟာလိုက်နာနေသူတစ်ဦးဖြစ်ပြီး၊ သခင်ကိုယုံကြည်ခြင်းဆိုတာဟာ သမ္မာကျမ်းစာကိုယုံကြည်ခြင်းပဲ၊ သမ္မာကျမ်းစာကိုယုံကြည်ခြင်းဟာလည်း သခင်ကိုယုံကြည်ခြင်းနဲ့အတူတူပဲလို့ တွေးထားခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ သမ္မာကျမ်းစာကိုလက်ကိုင်ထားသရွေ့ ကောင်းကင်နိုင်ငံတော်ကို ချီဆောင်သွားခြင်းခံရလိမ့်မယ်လို့သူယုံကြည်နေခဲ့တယ်။ ဒီအတွေးအခေါ်တွေဟာ သူ့ကို ခြေချင်းတစ်စုံလိုထိန်းချုပ်ထားခဲ့ပြီး၊ ဘုရားသခင်ရဲ့ ခြေရာကို လိုက်ဖို့နဲ့ ဘုရားသခင်ကိုယုံကြည်ဖို့ကို အဟန့်အတားဖြစ်စေတယ်။ အဲ့ဒီအကျိုးဆက်အနေနဲ့၊ လီချွမ်မင်တစ်ယောက် အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလက အမှုတော်တွေကို စုံစမ်းလေ့လာဖို့တစ်ခါမှမတွေးခဲ့ဘူး။
No comments:
Post a Comment