လွန်ခဲ့သည့် နှစ်နှစ်ထောင်က သခင်ယေရှုသည် သူ၏ အမှုတော်ကို လုပ်ဆောင်ရန် ကြွရောက်သောအခါတွင် တစ်ချိန်က ယေဟောဝါဘုရားသခင်၏ ဘုန်းကျက်သရေထွန်းတောက်ခဲ့သည့် သန့်ရှင်းသည့် ဗိမာန်တော်သည် အစာငတ်မွတ်ခေါင်းပါးခြင်းကို ခံစားရပြီး သူခိုးများခိုအောင်းရာနေရာတစ်ခုဖြစ်ခဲ့သည်။ ယခုအချိန်အခါတွင် ဘာသာရေးလောကသည် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုကိုဆုံးရှုံးပြီဖြစ်ပြီး ခြောက်သွေ့လျှက်ရှိဒုစရိုက်များ ပိုပို၍ မြင်တွေ့ရသည်။ ဘာသာရေးခေါင်းဆောင်များသည် သခင်၏ ပညတ်တော်အား လိုက်နာခြင်းမရှိဘဲ သခင်၏လမ်းကြောင်းမှ လုံးဝ လွဲချော်သွားခဲ့သည်။ ဤသည်မှာ သခင်ပြန်လည်ကြွလာပြီး အမှုအသစ်တစ်ခုလုပ်ဆောင်သည်ကို ဖော်ထုတ်ပြသနေသည် မဟုတ်ပါလား။
"စပါးရိတ်ရာကာလမရောက်မှီ သုံးလအထက်က၊ မိုဃ်းမရွာစေခြင်းငှါ မိုဃ်းကိုငါဆီးတားပြီ။ မြို့တမြို့ပေါ်မှာ ရွာစေခြင်းငှါ၎င်း၊ တမြို့ပေါ်မှာမရွာစေခြင်းငှါ၎င်းပြုလျက်၊ မြေတကွက်သည် မိုဃ်းရေကိုခံရ၍ တကွက်သည် မခံရ၊ သွေ့ခြောက်လျက် နေရ၏။ ထိုသို့မြို့နှစ်မြို့သုံးမြို့သားတို့သည် ရေသောက်ခြင်းငှါ မြို့တမြို့သို့သွားရ၍ မဝရကြ။ သို့သော်လည်း၊ သင်တို့သည် ငါ့ထံသို့ ပြန်၍မလာကြဟု။" (အာမုတ်အနာဂတ္တိကျမ်း ၄:၇-၈)
ခရစ်တော်၏ဂုဏ်ဒြပ်မှာ ကောင်းကင်ဘုံ၌ ရှိတော်မူသော အဖဘုရားသခင်၏ အလိုတော်ကိုဆောင်ခြင်း ဖြစ်သည်

No comments:
Post a Comment