ဓမ္မသီချင်းသံစဥ်ကိုနားထောင်ခြင်း | ဘုရားသခင်ရဲ့ အမှုတော် အောင်မြင်မှုကိုချီးမွမ်းပါ

I
ဘုရားရဲ့ အမှုတော်မြတ်တွေ အရမ်းအပြောင်းအလဲမြန်တယ်။
ယုံရခက်တယ်၊ ယုတ္တိရှိတယ်။
ပတ်ဝန်းကျင်ကိုကြည့်လိုက်ပါ။ အရင်နဲ့မတူ
အားလုံး ဆန်းသစ်လှပနေပြီ
အရာရာပြန်လည်လန်းဆန်းလို့ ပြောင်းလဲနိုးကြွလာပြီ
ဘုရားရဲ့လူသားတွေ ချီးမွမ်းပြီ၊ ဝမ်းမြောက်ပြီ
ချီးမွမ်းတေးများ မိုးယံသို့လွင့်ပြန်ပြီ
ချီးမွမ်းကြ၊ ကြွေးကြော်ကြ၊ သီဆိုကြစို့
လူသားအားလုံး အားပါးတရ ဘုရားကိုချီးမွမ်းပြီ
ချီးမွမ်းကြ၊ ကြွေးကြော်ကြ၊ သီဆိုကြစို့
လူသားအားလုံး အားပါးတရ ဘုရားကိုချီးမွမ်းပြီ
ဘုရားရဲ့အံ့သြဖွယ် ဆောင်ရွက်ချက်ကို ချီးမွမ်းကြစို့
မကျရှုံးနိုင်တဲ့ ဉာဏ်ပညာကို ချီးမွမ်းကြစို့
ဘုရားရဲ့သမာဓိကို ချီးမွမ်းကြစို့
ဘုရားရဲ့သစ္စာစိတ်နှင့်ကြင်နာစိတ်ကို ချီးမွမ်းကြစို့
ဘုရားစကားကြောင့် တို့သန့်စင်ပြီး
အကျင့်ပျက် ပင်ကိုစရိုက်တွေ ပြောင်းလဲခဲ့ပြီ
ဘုရားရဲ့အမှုတော်တွေကို
သက်သေခံတဲ့ တာဝန်ကို ဂုဏ်ယူစွာလက်ခံခဲ့ပြီ။
ဘုရားသခင်ကို ချီးမွမ်းထောမနာပြုကြစို့
သူ့ကို ရင်ထဲကနေ ဝမ်းမြောက်ဝမ်းသာ ချီးမွမ်းကြစို့
ဘုရားသခင်ကို ချီးမွမ်းထောမနာပြုကြစို့
သူ့ကို ရင်ထဲကနေ ဝမ်းမြောက်ဝမ်းသာ ချီးမွမ်းကြစို့
II
ဘုရားကိုချစ်လို့၊ နာခံလို့၊
ဘုရားစကားကို လက်တွေ့လိုက်နာကျင့်သုံးရင်
အပြစ်အနာတွေစင်ကြယ်ပြီး သန့်စင်မည်
ဘုရားရဲ့ နာမတော်မြတ်ကို သက်သေခံလို့
သူ့ကို ကျေနပ်စေ
သမာဓိနှင့်မြင့်မြတ်မှုတွေကို ကမ္ဘာမှာပြန့်စေလို့
အရာရာအားလုံး လှပဆန်းသစ်နေသည်
ချီးမွမ်းကြ။ ဘုရားသခင်ကို ချီးမွမ်းထောမနာပြုကြစို့
သူ့ကို ရင်ထဲကနေ ဝမ်းမြောက်ဝမ်းသာ ချီးမွမ်းကြစို့
ချီးမွမ်းကြ။ ဘုရားသခင်ကို ချီးမွမ်းထောမနာပြုကြစို့
သူ့ကို ရင်ထဲကနေ ဝမ်းမြောက်ဝမ်းသာ ချီးမွမ်းကြစို့
ဘုရားရဲ့အောင်မြင်မှုကို ချီးမွမ်းပါ
ဘုရားကို ပြည့်ဝစွာ ဂုဏ်တင်ခဲ့ပြီ
ဘုရားရဲ့လူသားအားလုံး ဘုရားကို နာခံခဲ့ပြီ
လူတိုင်းကိုယ့်နေရာနဲ့ကိုယ် တာဝန်ထမ်းဆောင်
ဘုရားရဲ့ စကားတော်အတိုင်း နေထိုင်ရင်း
ဘုရားကို ကိုးကွယ်ချီးမွမ်းရင်း
ဘုရားနဲ့အတူ ဝမ်းမြောက် ချမ်းမြေ့နိုင်ကြပြီ
ချီးမွမ်းကြ၊ တို့အားလုံးအတူ ချီးမွမ်းကြမယ်
ချီးမွမ်းခြင်းတွေ မရပ်နိုင်ပါ ချီးမွမ်းကြမယ်
ချီးမွမ်းကြ၊ တို့အားလုံးအတူ ချီးမွမ်းကြမယ်
ချီးမွမ်းခြင်းတွေ မရပ်နိုင်ပါ (ချီးမွမ်းကြမယ်)၃
သိုးသူငယ်တော်နောက်လိုက်ပြီးသီချင်းအသစ်များသီဆိုပါ မှ
အကြံပြုစာမျာ:
အနန္တတန်ခိုးရှင် ဘုရားသခင်- ငြိမ်သက်ခြင်း အရှင်
No comments:
Post a Comment