အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် | ဘုရားသခင်၏ ပြောဆိုသံ | (လူသား၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း) ပထမပိုင်း
သိမ်းပိုက်အောင်နိုင်ခြင်းအမှုပြီးဆုံးသည်နှင့် လူသားသည် လှပသောကမ္ဘာသို့ ခေါ်ဆောင်ခြင်းခံရလိမ့်မည်။ ဤဘဝသည် ကမ္ဘာမြေကြီးပေါ်တွင် ရှိနေဆဲဖြစ်မည်မှာ အမှန်ပင်ဖြစ်သော်လည်း ယနေ့လူသား၏ဘဝနှင့် လုံးဝတူညီမည် မဟုတ်ပေ။ ဤသည်မှာ လူသားမျိုးနွယ် တစ်ရပ်လုံးအပေါ် သိမ်းပိုက်အောင်နိုင်ခဲ့ပြီးနောက် လူသားမျိုးနွယ်တွင်ရှိမည့် ဘဝဖြစ်သည်။ ကမ္ဘာမြေကြီးတွင် လူသားအတွက် အသစ်စတင်ခြင်းဖြစ်မည်။ ထို့အပြင် လူသားမျိုးနွယ်အနေဖြင့် ဤဘဝမျိုးရခြင်းမှာ လူသားမျိုးနွယ်သည် လောကဘုံအသစ်သို့ ဝင်ရောက်ခဲ့ပြီဖြစ်ကြောင်း သက်သေဖြစ်လိမ့်မည်။ ဤသည်မှာ လူသားနှင့် ဘုရားသခင်အတွက် ကမ္ဘာမြေကြီးပေါ်တွင် ဘဝသစ် စတင်ခြင်း ဖြစ်လိမ့်မည်။ ဤမျှလှပသောဘဝ၏ အကြောင်းရင်းမှာ လူသားသည် သန့်စင်ခံရ၍ သိမ်းပိုက်စိုးမိုး ခံရပြီးနောက် ဖန်ဆင်းရှင်ရှေ့မှောက်တွင် နာခံ၍ ဖြစ်ရမည်။ ထို့ကြောင့် သိမ်းပိုက်အောင်နိုင်ခြင်းသည် လူသားမျိုးနွယ်က အံ့သြဖွယ်ကောင်းသော ခရီးလမ်းဆုံးသို့ မဝင်ရောက်မီ ဘုရားသခင်အမှု၏ နောက်ဆုံးအဆင့် ဖြစ်သည်။ ဤသို့သော ဘဝအသက်တာသည် ကမ္ဘာမြေကြီးတွင် လူသား၏အနာဂတ် ဘဝအသက်တာဖြစ်၏။ ၎င်းသည် ကမ္ဘာပေါ်တွင် အလှပဆုံးသော ဘဝအသက်တာဖြစ်၏။ လူသားတောင့်တသော ဘဝအသက်တာဖြစ်၏။ ကမ္ဘာ့သမိုင်းတွင် လူသားအနေဖြင့် တစ်ခါမျှ မရရှိဖူးသော ဘဝအသက်တာဖြစ်၏။ ၎င်းသည် အနှစ် ၆၀ဝဝ စီမံခန့်ခွဲခြင်းအမှု၏ နောက်ဆုံးရလဒ်ဖြစ်၏။ လူသားမျိုးနွယ်အနေဖြင့် လိုချင်တောင့်တဆုံးဖြစ်၍ ဘုရားသခင်က လူသားကို ပေးခဲ့သော ဂတိလည်း ဖြစ်၏။
အကြံပြုစာမျာ:
Myanmar Subtitle movie | ကောင်းကင်နိုင်ငံတော်သားများ
No comments:
Post a Comment