Myanmar Gospel song 2019|ဘုရားအတွက် သစ္စာရှိသော နှလုံးသား
Ⅰ
အိုး ဘုရား၊ ကျွန်ုပ်ဘဝသည် သခင့်အဖို့ သိပ်အရေးမပါသော်လည်း
သခင့်ကိုသာ ကျွန်ုပ်ဘဝ ပုံအပ်ထားချင်သည်
လူသားသည် သခင့်ကိုချစ်ရန် မထိုက်တန်သော်လည်း
သူတို့ချစ်ခြင်းနှင့်နှလုံးသားများ မှာ အဆုံးစွန်ထိ တန်ဖိုးမဲ့သော်လည်း
သူတ့ိုရည်ရွယ်ချက်ကောင်းကို သခင် မြင်နိုင်သည်
လူ၏အသွေးအသားဇာတိစိတ်ကို သခင်လက်မခံနိုင်သော်လည်း
ကျွန်ုပ်နှလုံးသားကို သခင်လက်ခံရန် ဆန္ဒရှိသည်
ကျွန်ုပ်သည် မြေမှုန်ထက်ပို၍ပို၍ နိမ့်ပါးသောကြောင့်
သခင့်အား ဒီသစ္စာရှိသော နှလုံးသားကို
ဆပ်ကပ်ထားရန်မှအပ အခြားမရှိပါ…
အိုး ဘုရား…သခင့်ထံသာ
Ⅱ
အိုး ဘုရား၊ ကျွန်ုပ်ဘဝသည် သခင့်အတွက်
သိပ်အရေးမပါသော်လည်း
သခင့်ကိုသာ ကျွန်ုပ်နှလုံးသားတစ်ခုလုံးကို ပုံအပ်ထားချင်ပါသည်
သခင့်အတွက် ဘာတစ်ခုမှ မလုပ်ဆောင်နိုင်သော်လည်း
သခင်ကျေနပ်စေရန် ကိုယ့်ကိုကိုယ်
သခင့်ထံသစ္စာရှိစွာ ပုံအပ်ထားပါမည်
သခင် ကျွန်ုပ်နှလုံးသားကို ကြည့်မှာကို ကျွန်ုပ် သိပါသည်
ကျွန်ုပ်၏နှလုံးသားထဲရှိ ဆန္ဒနှင့် သခင့်အပေါ်
ချစ်ခြင်း စိတ်သဘောကိုသာ လက်ခံဖို့ တောင်းဆိုပါသည်
ကျွန်ုပ်သည် မြေမှုန်ထက်ပို၍ပို၍ နိမ့်ပါးသော ကြောင့်
သခင့်အား ဒီသစ္စာရှိသော နှလုံးသားကို
ဆပ်ကပ်ထားရန်မှအပ အခြားမရှိပါ…
အိုး ဘုရား…သခင့်ထံသာ
Ⅲ
အိုး ဘုရား၊ ကျွန်ုပ်ဘဝသည် သခင့်အတွက်
သိပ်အရေးမပါသော်လည်း
သခင့်ကိုသာ ကျွန်ုပ်ဘဝတစ်ခုလုံးကို ပုံအပ်ထားချင်ပါသည်
သခင်နှင့်အတူရှိတာကြာခဲ့သော်လည်း သခင့်ကို မသိခဲ့ပါ
သခင့်အား ကျွန်ုပ် မချစ်ခဲ့တာဟာ
ကျွန်ုပ်၏အကြီးမားဆုံး အကြွေးတစ်ခုဖြစ်ပါသည်
သခင့်ရဲ့နောက်ကွယ်မှာတောင် တစ်ခုခုပြောခဲ့သည်
အိုး ဘုရား၊ ဘယ်တော့မှ မပြောသင့်တဲ့စကားများပါ
ဒီလိုအရာများက ကျွန်ုပ်အား သခင့်အပေါ်
ထာဝရအကြွေးတင်စေသည်…
ကျွန်ုပ်သည် မြေမှုန်ထက်ပို၍ပို၍ နိမ့်ပါးသော ကြောင့်
သခင့်အား ဒီသစ္စာရှိသော နှလုံးသားကို
ဆပ်ကပ်ထားရန်မှအပ အခြားမရှိပါ…
အိုး ဘုရား…သခင့်ထံသာ
သာယာငြိမ့်ညောင်းသော ခရစ်ယာန်တေးဂီတများကို နာဆင်လျက် ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို ထိတွေ့ခံစားကြပါစို့။
Myanmar Video Music | “ကောင်းကင်နိုင်ငံတော်သီချင်း- ဘုရားသခင်ရဲ့နိုင်ငံတော် မြေကြီးပေါ် ရောက်လာ”
Myanmar Song Collection | အကောင်းဆုံးတေးများ ၂၀၁၉ ချီးမွမ်းခြင်းနှင့် ဝတ်ပြုကိုးကွယ်ခြင်း

No comments:
Post a Comment